← Chapters

အခန်း ၁၀၄

Vol. 10 Ch. 104

အခန်း ၁၀၄

Vol. 10 Ch. 104

အခန်း (၁၀၄) - စွဲလမ်းစိတ်

လမ်းကြားထဲ၌ ဝမ်ထောင်သည် မီးသတ်ပုဆိန်ကို ကိုင်ကာ မြေပြင်ပေါ်ရှိ သွေးကွက်များနောက်သို့ လိုက်လာခဲ့၏။

လမ်းတစ်လျှောက်တွင် သွေးများကို လျက်နေသော ဇွန်ဘီအနည်းငယ်နှင့် တိုးသော်လည်း ဝမ်ထောင်က ပုဆိန်တစ်ချက်စီ ဝှေ့ယမ်းကာ အားလုံးကို ရှင်းလင်းခဲ့သည်။

မိနစ်အနည်းငယ် လျှောက်ပြီးနောက် သူသည် မူကြိုကျောင်းတစ်ခုကို မြင်လိုက်ရ၏။

အက်ဆစ်မိုးကြောင့် တိုက်စားနေသော်လည်း ဆိုင်းဘုတ်ကို ကြည့်လိုက်ရာ "နေရောင်ခြည်မူကြိုကျောင်း" ဟူသော စာသားကို အထင်အသား မြင်ရသည်။

မူကြိုကျောင်း၏ ပတ်လည်တံတိုင်းသည် အတော်မြင့်သော်လည်း ယခုအခါ တစ်စုံတစ်ယောက်က ပိုမိုမြင့်အောင် လုပ်ပြီး ဆူးကြိုးများ တပ်ဆင်ထား၏။ ဆူးကြိုးများကြားတွင် မီးလောင်ကျွမ်းထားသော မီးတုတ်များကိုလည်း စိုက်ထူထားသည်။

မူကြိုကျောင်းတံခါးကို သော့ခတ်ထားပြီး

ခိုင်မာစွာထိုးပိတ်ထားပုံရ၏။

မူကြိုကျောင်းအဝင်ဝတွင်လည်း သစ်သားတိုင်အချို့ စိုက်ထူထားသည်။ ၎င်းတို့အားလုံးမှာ ထိပ်ချွန်များဖြစ်ပြီး သွေးမည်းများ ပေကျံနေ၏။

ထိုသစ်သားတိုင်များကြားတွင် အနည်းငယ်ဟနေသဖြင့် လူများကို မတားဆီးနိုင်သော်လည်း ဇွန်ဘီများကို ပိတ်ဆို့ရန် ရည်ရွယ်ပုံရသည်။ ဇွန်ဘီများသည် ၎င်းတို့ကို ရှောင်ကွင်းမည်မဟုတ်ဘဲ ထိုထိပ်ချွန်များနှင့် ငြိမိပါက လှုပ်ရှားမှု ကန့်သတ်ခံရမည် ဖြစ်၏။

ထိပ်ချွန်များအပြင် မူကြိုကျောင်းတံတိုင်း အောက်ခြေတစ်လျှောက်တွင်လည်း ဆူးချွန်များရှိနေသေးသဖြင့်... ထိုမူကြိုကျောင်းသည် ဖြူတစ်ကောင်နှင့်ပင် တူနေ၏။

၎င်းသည် အလွန်သေးငယ်သော အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ မူကြိုကျောင်း၏ ဧရိယာသည် သူ အရင်က နေခဲ့သော ဟက်ပီးနက်စ်လူနေရပ်ကွက် တိုက်ခန်းတွဲလောက်ပင် မကျယ်ဝန်းဘဲ အဆောက်အဦးတစ်ခုစာခန့်သာ ရှိ၏။ အခြေစိုက်စခန်းဟု ခေါ်ရန်မပြည့်စုံဘဲ စခန်းငယ်တစ်ခုဟုသာ ခေါ်သင့်လေသည်။

ဝမ်ထောင်သည် စိတ်ဝင်စားသွားပြီး မည်သူက ဤစခန်းကို တည်ထောင်ခဲ့သည်ကို သိချင်သွား၏။

"အဲဒီ ရှောင်ယုံလား။ မဖြစ်နိုင်ဘူး။ အဲဒီ ရှောင်ယုံက ရည်မှန်းချက်ကြီးတဲ့လူဆိုတော့ ဒီလို စခန်းအသေးလေးကို တည်ထောင်မှာ မဟုတ်ဘူး။ အထဲမှာ လူတစ်ဆယ်တောင် ရှိပါ့မလား မသိဘူး..."

ခဏမျှ စဉ်းစားပြီးနောက် ဝမ်ထောင်သည် အနီးနားရှိ သုံးထပ်တိုက်ငယ်တစ်ခုကို ရှာတွေ့ကာ အပေါ်သို့ တက်ခဲ့၏။ဤနေရာမှဆိုလျှင် မူကြိုကျောင်းအတွင်းရှိ အခြေအနေကို အတိုင်းသား မြင်နိုင်သည်၊၊

မူကြိုကျောင်းအတွင်း၌ ပိန်လှီနေသော အသက်ရှင်ကျန်ရစ်အချို့သည် အမှိုက်ပုံကဲ့သို့သော နေရာတစ်ခုတွင် တစ်ခုခုကို မွှေနှောက်ရှာဖွေနေကြ၏။

၎င်းတို့သည် တစ်ခုခုကို ရှာတွေ့သည့်အခါတိုင်း အခြားလူတစ်ဦးထံသို့ ခွဲခြားရန် ပေးကြသည်။

သေချာကြည့်မှ ၎င်းသည် အမှိုက်ပုံမဟုတ်ဘဲ အသက်ရှင်ကျန်ရစ်သူများ အပြင်မှ ရှာဖွေလာသော ရိက္ခာပစ္စည်းများ ဖြစ်နေသည်ကို တွေ့ရ၏။ အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အားလုံးကို သယ်ဆောင်လာပုံရသည်။

အလုပ်လုပ်နေသော သူများအပြင် သန်မာပုံရသောသူအချို့သည်လည်း သံမဏိပိုက်နှင့် ပုဆိန်ကဲ့သို့သော လက်နက်များကို ကိုင်ဆောင်ကာ မူကြိုကျောင်းအတွင်း ကင်းလှည့်နေကြ၏။

ဝမ်ထောင်၏ အကြည့်သည် ၎င်းတို့ကို ကျော်ဖြတ်ကာ ကတုံးကေညှပ်ထားသော လူတစ်ယောက်ထံသို့ ကျရောက်သွားသည်။ သူသည် မိမိကျောပိုးအိတ်ကို အခြားလူတစ်ဦးထံ ပစ်ပေးလိုက်ပြီး လက်မောင်းမှ သွေးထွက်နေသည်ကို တားရန် ပတ်တီးတစ်ခု ထုတ်လိုက်၏။

ဝမ်ထောင်က သူ့ကို ကြည့်နေစဉ် ထိုလူသည် ဝမ်ထောင်၏ အကြည့်ကို အာရုံရသွားပုံရပြီး ရုတ်တရက် ခေါင်းလှည့်ကြည့်သည်။ သူသည် တိုက်ငယ်၏ အမိုးပေါ်တွင် ရပ်နေသော ဝမ်ထောင်ကို လှမ်းမြင်သွား၏။

ထိုလူသည် သတိကြီးစွာထားပြီး အခြားလူများကို အသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်သော်လည်း တစ်ခုခုကို သတိပြုမိသွားပုံရကာ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

အခြားလူအချို့နှင့် ငြင်းခုံပြီးနောက် ထိုလူသည် မူကြိုကျောင်းတံတိုင်းဆီသို့ ချက်ချင်း ပြေးသွားပြီး တံတိုင်းတစ်ခုကို တိုက်ရိုက် ခုန်ကျော်လိုက်၏။

ထိုလူ ခုန်ကျော်သွားသော နေရာတွင် ဆူးကြိုးများမရှိဘဲ လူတစ်ယောက်စာ ဖြတ်သန်းနိုင်သော အကျယ်အဝန်းတစ်ခုရှိသည်ကို ဝမ်ထောင် သတိပြုမိလိုက်သည် ။ သူတို့သည် ထိုနေရာကို အဝင်အထွက်တံခါးအဖြစ် ပြုပြင်ထားခြင်း ဖြစ်၏။

ထိုအရာသည် ဝမ်ထောင်၏ ယခင်အတွေးအခေါ်နှင့် ဆင်တူနေလေသည်။

ဝမ်ထောင်သည် ယခင်က ဟက်ပီးနက်စ်လူနေရပ်ကွက်ရှိ အဆောက်အဦး (၄) ၏ တံခါးကို အတွင်းမှ အသေပိတ်ထားခဲ့ဖူးသည်။ ဒုတိယထပ် ပြတင်းပေါက်မှသာ ဝင်ရောက်နိုင်၏။

၎င်းသည် ဇွန်ဘီအများစုကို ပိတ်ဆို့နိုင်ပြီး အသက်ရှစ်ကျန်ရစ်သူအချို့ကိုလည်း တားဆီးနိုင်သည်။ယခု မူကြိုကျောင်းသည်လည်း ထိုအတွေးအတိုင်း လုပ်ဆောင်ထားခြင်း ဖြစ်၏။

ထိုလူသည် အပြင်သို့ ခုန်ထွက်ပြီးနောက် ဝမ်ထောင်ရှိရာသို့ ချက်ချင်း ပြေးလာခဲ့သည်။ အခြားသူများမှာ အပြင်သို့ ထွက်မလာကြသော်လည်း ဝမ်ထောင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြ၏။

ဝမ်ထောင်သည် ခဏမျှ စောင့်ဆိုင်းနေစဉ် နောက်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။သူ လှည့်ကြည့်လိုက်ရာ ရောက်လာသောလူကို မြင်လိုက်ရ၏။ သူသည် ယခင်ကသူ ဆေးကုသပေးခဲ့ဖူးသော ဆံပင်ဝါရောင်နှင့် ဝူဖေး ဖြစ်သည်။

"အစ်ကိုကြီး။ တကယ်ကြီး အစ်ကိုကြီးပဲ"

ဆံပင်အဝါရောင်နှင့်ဝူဖေးသည် ဝမ်ထောင်ကို မြင်သောအခါ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ချက်ချင်း ပြည့်နှက်သွား၏။

"မင်း အသက်ရှင်သေးတယ်လို့ မထင်ထားဘူး။ တကယ် ဝမ်းသာပါတယ်"

ဝမ်ထောင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

ယခု ဝူဖေးသည် ယခင်က မြင်ခဲ့ရသော ပုံစံနှင့် လုံးဝ ကွဲပြားနေ၏။ သူသည် အတော်ပင် ပိန်သွားပြီး မျက်နှာတွင် အမာရွတ်အချို့ ရှိနေသည်... အထူးသဖြင့် သူ၏ သင်္ကေတဖြစ်သော ဆံပင်အဝါရောင်များ မရှိတော့ပေ။ ယခုအခါ အနက်ရောင် ကတုံးကေ ဖြစ်နေပြီ။

ဝူဖေး၏ ယခုပုံစံသည် အတော်ပင် ကြောက်စရာကောင်းပြီး ဝမ်ထောင် အရင်က မျက်နှာပျက်စီးသွားစဉ်က ပုံစံနှင့် အနည်းငယ် ဆင်တူနေ၏။

"မင်း ရွှေကျဲတက္ကသိုလ် အခြေစိုက်စခန်းကို သွားမလို့ မဟုတ်ဘူးလား။ မသွားဖြစ်ဘူးပေါ့"

ဝမ်ထောင်က သိချင်လာသဖြင့် မေးလိုက်သည်။

"လမ်းမှာ အန္တရာယ်တချို့နဲ့ တွေ့လို့ မသွားနိုင်ခဲ့ဘူး။ ပြီးတော့ မတော်တဆ ဒီကို ရောက်လာပြီး ကတည်းက နေဖြစ်သွားတာ..."

ဝူဖေးက သက်ပြင်းချကာ မတတ်နိုင်သလို ​ ဆက်ပြော၏။

"အစ်ကိုကြီးကော။ အခု ဘယ်မှာလဲ..."

"ငါက ရွှေကျဲတက္ကသိုလ် အခြေစိုက်စခန်းမှာ "

ဝမ်ထောင်က ဖုံးကွယ်မထားပေ။

"ထင်တဲ့အတိုင်းပဲ။ အစ်ကိုကြီးရဲ့ စွမ်းရည်နဲ့ဆိုရင် ရောက်အောင် သွားနိုင်မယ်လို့ ကျွန်တော် သိနေတယ်"

ဝူဖေးသည် ဝမ်ထောင်အနေဖြင့် အခြေစိုက်စခန်းသို့ အောင်မြင်စွာ ရောက်ရှိသွားသည့်အတွက် အလွန်ဝမ်းသာနေ၏။

၎င်းတို့နှစ်ဦးသည် အမှန်တကယ်တွင် အလွန် ရင်းနှီးကြသည်မဟုတ်ဘဲ ရေပေးဝေရေးစက်ရုံတွင် တစ်ကြိမ်သာ ဆုံဖူးခြင်း ဖြစ်သော်လည်း ဝမ်ထောင်သည် ဝူဖေး၏ ကျေးဇူးရှင် ဖြစ်သဖြင့် ဝမ်ထောင် အဆင်ပြေရန် သူ သေချာပေါက် ဆုတောင်းပေးခဲ့သည်။

"အစ်ကိုကြီး။ အထဲကို ဝင်ပြီး ခဏလောက် မထိုင်ဘူးလား။ အစ်ကိုကြီး အသက်ရှင်နေတာကို တွေ့ရတာ တကယ် ဝမ်းသာတယ်ဗျာ"

ဝူဖေး၏ မျက်နှာအမူအရာက လုပ်ယူထားခြင်းမဟုတ်ဘဲ အမှန်တကယ် ဝမ်းသာနေခြင်း ဖြစ်၏။

"မဝင်တော့ဘူး။ ငါ့အဖော်တွေ အပြင်မှာ စောင့်နေလို့။ ငါ မင်းကို မြင်လိုက်လို့ ဟုတ်၊ မဟုတ် သေချာအောင် လာကြည့်တာ"

ထိုသို့ပြောရင် ဝမ်ထောင်၏ အမူအရာက ရုတ်တရက် ထူးဆန်းသွားသည်။ အပြင်တွင် စောင့်နေသော သူ၏ အဖော်သည် ယခင်က ဝူဖေး၏ အဖော်များ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။.

"ခုနကတင်.. ငါ လေကြောင်းကချပေးပစ္စည်းတွေကို လုဖို့ တိုက်ခိုက်နေတာ။ မလွယ်ပါဘူး..."

ထိုအကြောင်းကို ပြောလိုက်သောအခါ ဝူဖေး၏ မျက်နှာက ရုတ်တရက် ပျက်သွားသည်။ သူသည် ဘာမျှ ဖုံးကွယ်မထားဘဲ အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြ၏။

အသက်ရှင်ကျန်ရစ်သူ အဖွဲ့ငယ်သုံးဖွဲ့သည် ထိုလေထီးပစ္စည်းကို မျက်စိကျနေကြသည်။ မည်သူကမျှ အရှုံးမပေးလိုသဖြင့် ကမ္ဘာပျက်ကပ်၏ စည်းမျဉ်းအတိုင်း အင်အားသုံး၍ ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ကြလေသည်။

တိုက်ခိုက်နေစဉ်အတွင်း ခုန်ပေါက်တတ်သော အထူးဇွန်ဘီတစ်ကောင် ရုတ်တရက် ရောက်လာ၏။ ၎င်းက အဆောက်အဦးပေါ်သို့ တိုက်ရိုက် ခုန်တက်ကာ အသက်ရှစ်ကျန်ရစ်သူနှစ်ဦးကို သတ်ဖြတ်ခဲ့သည်။

အားလုံးသည် ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရပြီး နောက်ဆုံး ဗိုင်းရပ်စ်တားဆီးဆေးသေတ္တာကိုပင် ယူရန် အချိန်မရခဲ့ကြပေ။

ထိုဇွန်ဘီသည် လူသားများကို သတ်ပြီးနောက် အခြားလူများကို လိုက်မဖမ်းဘဲ အလောင်းများကို ဆွဲယူကာ စားသောက်နေခဲ့သည်။ သို့မဟုတ်ပါက ဝူဖေးလည်း ပြန်ရောက်လာနိုင်မည် မဟုတ်ပေ။

"အမြင့်ကြီး ခုန်နိုင်တဲ့ ဇွန်ဘီလား..."

အမျိုးအစားသစ်တစ်ခု ဖြစ်၏။ ဝမ်ထောင်သည် စိတ်ထဲက မှတ်သားထားလိုက်သည်။

"နောက်ဆုံး ဗိုင်းရပ်စ်တားဆီးဆေးသေတ္တာအတွက် နှမြောဖို့ကောင်းလိုက်တာ... ဟူး"

ဝူဖေး၏ မျက်နှာက အတော်ပင် ဆိုးဝါးနေ၏။ဝမ်ထောင်သည် ထိုဗိုင်းရပ်စ်တားဆီးဆေးသေတ္တာကို သူ ရရှိခဲ့ကြောင်း မပြောခဲ့ပေ။ သူက ဝူဖေးကို ကြည့်လိုက်ပြီး ပို၍ တိကျစွာပြောရလျှင် ဝူဖေး၏ သွေးဘားတန်းကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ရေပေးဝေရေးစက်ရုံကနေ ထွက်လာကတည်းက မင်းဆီမှာ... ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလား"

ဝမ်ထောင် ကားပေါ်မှဆင်းကာ ဝူဖေးကို ရှာရသည့် အကြောင်းရင်းမှာ လူဟောင်းဖြစ်၍သာမက အရေးကြီးသော အကြောင်းရင်းတစ်ခု ရှိနေသောကြောင့် ဖြစ်၏။ ဝူဖေး၏ အချက်အလက်များသည် အခြားလူများနှင့် ကွဲပြားနေသည်။

【၂၂၀/၂၆၀】

【၁၀၀/၁၀၀】

【ခန္ဓာကိုယ်တွင်းအညစ်အကြေးများ - ၂၈%】

ဝူဖေး၏ သွေးဘားတန်း တိုးလာခြင်းက ပုံမှန်ပင် ဖြစ်၏။ ကမ္ဘာပျက်ကပ်ထဲတွင် ဇွန်ဘီများကို မသတ်ဘဲ ဤမျှကြာအောင် အသက်ရှင်နိုင်မည်မဟုတ်ပေ။

သို့သော် စွမ်းရည်ဘားတန်းကမူ ဝမ်ထောင်၏ ထင်မှတ်ချက်ထက် ကျော်လွန်နေသည်။ ဝူဖေးသည် အမှန်တကယ်ပင် စွမ်းရည်ရှင်တစ်ဦး ဖြစ်နေ၏။

စွမ်းရည်ရှင်တစ်ဦး ဖြစ်လာခြင်းက ထူးဆန်းလှသည်တော့ မဟုတ်ပေ။ အကယ်၍ ကံကောင်းပြီး သာမန်ဇွန်ဘီအမြုတေတစ်ခုကို ရရှိလျှင်ပင် အောင်မြင်နိုင်သည်၊၊

ဝမ်ထောင် ပို၍ သိချင်သည်မှာ ဝူဖေး၏ ခန္ဓာကိုယ်တွင်း အညစ်အကြေးများက ၂၈% အထိ ရှိနေခြင်း ဖြစ်၏။

သူ ယခင်က မြင်ဖူးသော ခန္ဓာကိုယ်တွင်း အညစ်အကြေး ရှိသူများသည် ၀% တွင်သာ ရှိကြသည်။ ၎င်းသည် အညစ်အကြေး အလွန်နည်းပါးသောကြောင့် ဖြစ်ပုံရသည်။

သို့သော် ဝူဖေး၏ ခန္ဓာကိုယ်တွင်း အညစ်အကြေးများကမူ ကြောက်စရာကောင်းလှ၏။

သူသည် ဇွန်ဘီအမြုတေ မည်မျှကို ပေါင်းစပ်ခဲ့သနည်း။

ဝူဖေးက ထိုမျှ ချမ်းသာပါသလား။ ကြည့်ရသည်မှာ ထိုသို့မဟန်ပေ။ သူ၏ စွမ်းရည်က ၁၀၀ သာ ရှိသဖြင့် ကံမကောင်း၍ အမြုတေ ပေါင်းစပ်ခြင်း မကြာခဏ ကျရှုံးခဲ့ခြင်းလည်း မဖြစ်နိုင်ပေ။

ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်တွင် အညစ်အကြေးများ ဤမျှအထိ မည်သို့ ရှိနေရသည်ကို သိအောင်လုပ်ရမည် ဖြစ်သည်။ အညစ်အကြေးများလွန်းပါက ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်၏။

"ထူးခြားတဲ့ ပြောင်းလဲမှုလား... ကျွန်တော့်ဆီမှာ ထူးခြားတဲ့ ပြောင်းလဲမှု မရှိပါဘူး"

ဝူဖေးက မျက်မှောင်ကုတ်လိုက်သည်။

"ဒါပေမဲ့ ခန္ဓာကိုယ်ထဲက ဇွန်ဘီဗိုင်းရပ်စ်က အကြိမ်နည်းနည်းလောက် ပြင်းထန်လာခဲ့ဖူးတယ်..."

ဇွန်ဘီဗိုင်းရပ်စ်အကြောင်း ပြောလိုက်သောအခါ ဝူဖေး၏ မျက်ဝန်းတွင် ကြောက်ရွံ့ရိပ်အချို့ ဖြတ်ပြေးသွား၏။

"ဟင်။ အဲဒီတုန်းက မင်းဆီမှာ ဗိုင်းရပ်စ်တားဆီးဆေး ရှိလို့လား"

ဝမ်ထောင်က အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော် ဝူဖေးက ခေါင်းခါလိုက်၏။

"မရှိပါဘူး။ ကျွန်တော် အောင့်ခံလိုက်တာ"

"..."

အံ့ဩစရာပဲ၊ ဗိုင်းရပ်စ် ကူးစက်မှု ပြင်းထန်လာတာကိုတောင် အောင့်ခံနိုင်တာလား။

ဝမ်ထောင်၏ မျက်လုံးထဲမှ အံ့ဩမှုကို မြင်သောအခါ ဝူဖေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်သည်။

"ကျွန်တော်လည်း ဘယ်လို ရှင်းပြရမလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီး ပေးခဲ့တဲ့ ဗိုင်းရပ်စ်တားဆီးဆေးကို သောက်ပြီးကတည်းက ဇွန်ဘီဗိုင်းရပ်စ် ကူးစက်မှုကို အောင့်ခံနိုင်လာသလိုပဲ... ပြီးတော့ ယုံချင်ယုံ မယုံချင်နေ၊ အဲဒီလို ကျော်ဖြတ်နိုင်တိုင်း ကျွန်တော့်ရဲ့ ခွန်အားတွေ တိုးလာသလို ခံစားရတယ်"

ဝူဖေးက သူ၏ လက်မောင်းကြွက်သားကို ပြသလိုက်သော်လည်း သူသည် အလွန်ပိန်သဖြင့် လက်မောင်းတွင် ကြွက်သား များများစားစား မရှိပေ။

"မင်းပြောချင်တာက အောင့်ခံနိုင်တိုင်း ခွန်အားတွေ တိုးလာတယ်ပေါ့"

"ဟုတ်တယ်။ ဇွန်ဘီတွေကို သတ်လို့ သန်မာလာတဲ့ ခံစားချက်နဲ့ ဆင်တူတယ်။ ခွန်အားတွေ တိုးအောင် နောက်ထပ် အကြိမ်အနည်းငယ်လောက်တောင် အောင့်ခံဖို့ စဉ်းစားမိသေးတယ်..."

ဤနေရာသို့ ရောက်သောအခါ ဝူဖေးက ခေါင်းကို ပြန်ခါလိုက်ပြီး မျက်နှာတွင် ကြောက်ရွံ့မှုများ ထပ်မံ ပေါ်လာ၏။

"ဒါပေမဲ့... အဲဒီခံစားချက်က တကယ်ကို နာကျင်လွန်းတယ်။ ဗိုင်းရပ်စ်တားဆီးဆေး သောက်ရတာထက် ဆယ်ဆလောက် ပိုနာကျင်တယ်။ အကြိမ်တိုင်း ကျွန်တော် သေတော့မလို ခံစားရတာ... ကျွန်တော့်မှာ သေလို့မဖြစ်သေးတဲ့ အကြောင်းပြချက်တစ်ခု မရှိရင် ကျွန်တော် တကယ်ပဲ ဇွန်ဘီဖြစ်သွားလောက်ပြီ။ နေရောင်ခြည်မူကြိုကျောင်းကို ရောက်လာတော့ ဒီမှာ ဗိုင်းရပ်စ်တားဆီးဆေးတွေ ရှိတာ တွေ့ရတယ်၊ ပြီးတော့ ကျောင်းအုပ်ကြီးက သဘောကောင်းလို့ ဆေးအနည်းငယ် ပေးတယ်၊ အဲဒါကြောင့် ကျွန်တော် အောင့်မခံတော့တာ..."

ဝမ်ထောင်သည် ဝူဖေးကို သနားဂရုဏာသက်သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

အကယ်၍ ဝမ်ထောင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဝူဖေး ခွန်အားတိုးလာသည်ဟု ခံစားရသည့် အကြောင်းရင်းမှာ သူသည် ဇွန်ဘီဖြစ်ရန် တစ်လှမ်းပိုနီးစပ်သွားသောကြောင့် ဖြစ်၏။

ဇွန်ဘီများ၏ ခွန်အားက သေချာပေါက် သန်မာသည် မဟုတ်ပါလား။

ဗိုင်းရပ်စ်က ဤမျှ ကြောက်စရာကောင်းလှသဖြင့် ရင်းနှီးမှုမရှိဘဲ တားဆီးရန် မဖြစ်နိုင်ပေ။ ဝူဖေး ပေးဆပ်လိုက်ရသော ရင်းနှီးမှုမှာ သူ၏ ခန္ဓာကိုယ်သည် ဇွန်ဘီအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်၊၊

လောလောဆယ်တွင် ဝူဖေး၏ အသွင်အပြင်၌ ပြောင်းလဲမှုများကို မမြင်ရသေးသော်လည်း သူ၏ အတွင်းပိုင်းသည် စတင်ပြောင်းလဲနေပြီ ဖြစ်၏။ ခန္ဓာကိုယ်တွင်း အညစ်အကြေးများ အချက်အလက်က လိမ်ညာ၍ မရပေ။

"ဇွန်ဘီဗိုင်းရပ်စ်ကို ကျော်ဖြတ်ပြီးရင် ဘာလို့ ခွန်အားတွေ တိုးလာလဲဆိုတာ မင်း သိလား"

ဝမ်ထောင်က ရုတ်တရက် မေးလိုက်သည်။

ဝူဖေး ဤအရာကို စဉ်းစားမိလိမ့်မည်မဟုတ်ဟု သူ ထင်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် ဝူဖေးက ခေါင်းညိတ်ကာ တည်ငြိမ်သော မျက်နှာဖြင့် ပြော၏။

"ကျွန်တော် သိပါတယ်။ ကျွန်တော်က ဇွန်ဘီဖြစ်ဖို့ တစ်လှမ်းပဲ လိုတော့တာ..."

"..."

"တကယ်တော့ ကျွန်တော် ကြောက်တာက ဇွန်ဘီဖြစ်သွားမယ့် ဖြစ်စဉ်ကိုပဲ ၊ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ် ပြင်းထန်လာတဲ့အချိန်က အရမ်းနာကျင်လို့။ ဒါပေမဲ့ ဇွန်ဘီဖြစ်သွားမယ့် ရလဒ်ကိုတော့ ကျွန်တော် မကြောက်ဘူး၊ ဒါပေမဲ့... ကျွန်တော့်မှာ အကောင်အထည်ဖော်ရမယ့် ဆန္ဒတွေ ရှိသေးတယ်။ ဒီအတိုင်းကြီးတော့ ဇွန်ဘီမဖြစ်ချင်ဘူး"

ဝူဖေးသည် အောက်ရှိ နေရောင်ခြည်မူကြိုကျောင်းကို ကြည့်ကာ မျက်နှာတွင် နွမ်းနယ်ရိပ်များ ယှက်သန်းနေ၏။

ဝမ်ထောင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"မင်းရဲ့ ဆန္ဒက... ကလဲ့စားချေဖို့လား"

ဝူဖေးက ခေါင်းညိတ်၏။

"ဟုတ်တယ်။ ကလဲ့စားချေဖို့။ အိုရင်းရင်းက ကျွန်တော့်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာ၊ ကျွန်တော် သူ့အပေါ် အဲဒီလောက် ကောင်းခဲ့တာတောင်မှ... "

ဝူဖေး၏ မေးကြောများထောင်လာ၏။

"ကျွန်တော် သေချာပေါက် ကလဲ့စားချေရမယ်"

သူ၏ မျက်လုံးများထဲတွင်လည်း မုန်းတီးမှုများ ပြည့်နှက်နေသည်။

"ငါမင်းကို ကူညီနိုင်မလား မသိဘူး"

ဝမ်ထောင်က ဆက်ပြောလိုက်သည်။

သူ့အတွက်မူ ဝူဖေးနှင့် အိုရင်းရင်း နှစ်ဦးစလုံးသည် လူစိမ်းများ ဖြစ်ကြ၏။ သူသည် ၎င်းတို့နှစ်ဦးစလုံးနှင့် ပုဂ္ဂိုလ်ရေးအရ ပတ်သက်မှုမရှိပေ။ သို့သော် သူသည် အိုရင်းရင်း၏ အပြုအမူကို သဘောမကျဘဲ ဝူဖေးကို သနားမိသဖြင့် ကူညီရန် လိုလားခြင်း ဖြစ်သည်။

သို့သော် ဝူဖေးက ငြင်းပယ်ခဲ့၏။

"အစ်ကိုကြီးက ကျွန်တော့်ကို ကူညီမလို့လား။ ဒါဆိုရင် အဲဒီမိန်းမယုတ်က ရွှေကျဲအခြေစိုက်စခန်းမှာ ရှိနေတာပေါ့။ ဒါက ကျွန်

တော့်အတွက် အရေးကြီးတဲ့ သတင်းပဲ။ ဒါပေမဲ့ ကျွန်တော့်ကို ကူညီဖို့ မလိုပါဘူး။ အဲဒီတုန်းက ကျွန်တော့်ကို တွန်းချခဲ့တာ သူမို့လို့ ကျွန်တော့်လက်နဲ့ပဲ ကလဲ့စားချေရမယ်"

"တကယ်ကြီး ငါ့အကူအညီ မလိုဘူးလား။ ငါ့အတွက်ကတော့ တကယ် ရိုးရှင်းပြီး ဘာပြဿနာမှ မရှိဘူး"

ဝမ်ထောင်က မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။

" အစ်ကိုကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ တကယ် မလိုပါဘူ။

ကျွန်တော့်အခြေအနေကို ကျွန်တော် သိပါတယ် ၊ အသက်ရှင်ဖို့ အချိန်အများကြီး မရှိတော့ဘူး။ အခု ဗိုင်းရပ်စ်တားဆီးဆေး ရှိနေပေမဲ့ သောက်ပြီးရင် ခွန်အားတွေ တိုးလာတာကို ခံစားနေရတုန်းပဲ။ အဲဒါက ဘာကို ဆိုလိုလဲဆိုတာ အစ်ကိုကြီး သိမှာပါ... ကျွန်

တော်အခု အသက်ရှင်နေရတဲ့ တစ်ခုတည်းသော စွဲလမ်းစိတ်က ကလဲ့စားချေဖို့ပဲ"

ဝမ်ထောင် ပြန်လည် တိတ်ဆိတ်သွား၏။

"အစ်ကိုကြီး။ ကျွန်တော်ရဲ့ ခွန်အားကို စမ်းကြည့်မလား။ မူကြိုကျောင်းထဲမှာ လက်ဝှေ့ထိုးရင် ကျွန်တော့်ကို ဘယ်သူမှ မနိုင်ဘူး"

ဝူဖေးက ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီလေ"

ဝမ်ထောင်သည်လည်း ဝူဖေး၏ ခွန်အားကို အနည်းငယ် သိချင်နေခဲ့သည်။

"စလိုက်ကြတာပေါ့.."

ခဏမျှ စမ်းသပ်ပြီးနောက် နှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်သွားကြ၏။

"အစ်ကိုကြီးရဲ့ ခွန်အားက တကယ်ကြီးမားတာပဲ"

ဝူဖေး အံ့ဩသွားသည်။ သူတို့သည် ငါးကြိမ်တိုင်တိုင် စမ်းသပ်ခဲ့သော်လည်း သူ တစ်ကြိမ်မျှ မနိုင်ခဲ့ပေ။

ဝမ်ထောင်သည် သန်မာထွားကျိုင်းပြီး အားကောင်းသည်မှာ ထင်ရှားသော်လည်း ဝူဖေးက သူမည်မျှ သန်မာသည်ကို သူသာ သိ၏။သ်ု့သော်လည်း ဝမ်ထောင်ကို မယှဉ်နိုင်ခဲ့ပေ။

"မင်းရဲ့ ခွန်အားကလည်း မသေးဘူးပဲ"

ဝမ်ထောင်သည်လည်း ဝူဖေး၏ ခွန်အားကြောင့် အံ့ဩသွားရသည်။ သူသည် အခြေစိုက်စခန်းရှိ အခြားလူများနှင့် လက်ဝှေ့စမ်းဖူးသော်လည်း ရှန့်ဟုန်ပင်းနှင့် လူကန်း နှစ်ဦးစလုံးသည် ဝူဖေးလောက် မသန်မာကြပေ။

၎င်းတို့နှစ်ဦးစလုံးသည် ဝူဖေးထက် သွေးဘားတန်း အများကြီး ပိုမြင့်ကြ၏။

သို့သော် ဝူဖေးသည် ဝမ်ထောင် ကြုံတွေ့ဖူးသမျှ လူသားများထဲတွင် အသန်မာဆုံး ဖြစ်နိုင်သည်၊၊

ဝမ်ထောင်သည် ဝူဖေး အမှန်တကယ် ဇွန်ဘီဖြစ်သွားလျှင်ပင် အနည်းဆုံး အထူးဇွန်ဘီတစ်ကောင် ဖြစ်လာလိမ့်မည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

ဝမ်ထောင်က ဝူဖေး၏ ပုခုံးကို ပုတ်လိုက်သည်။

"ကဲ..မင်း အကူအညီမလိုဘူးဆိုရင် ငါလည်း အများကြီး မပြောတော့ဘူး။ ဒါပေမဲ့ ငါက အမြဲတမ်း ရွှေကျဲအခြေစိုက်စခန်းမှာ ရှိနေမှာပါ။ တစ်ခုခု လိုအပ်ရင် ငါ့ကို လာရှာနိုင်တယ်"

"ဟားဟားဟား.. ကျေးဇူးပါ အစ်ကိုကြီး။

ကျွန်တော် သေချာပေါက် ရွှေကျဲအခြေစိုက်စခန်းကို ကလဲ့စားချေဖို့ လာခဲ့မယ်။ ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်သေးဘူး..."

ဝူဖေးက အောက်ရှိ နေရောင်ခြည်မူကြိုကျောင်းကို ကြည့်လိုက်သည်။

"ကျောင်းအုပ်ကြီးက ကျွန်တော့်အသက်ကို ကယ်ခဲ့ပြီး စားစရာ၊ နေစရာနဲ့ ဗိုင်းရပ်စ်တားဆီးဆေးတွေ ပေးခဲ့တယ်။ ကျွန်တော် သူ့အပေါ် အကြွေးအများကြီး တင်နေတာ။ ရွှေကျဲအခြေစိုက်စခန်းကို မသွားခင် သူ့ကျေးဇူးကို အရင်ဆပ်ရမယ်"

ဝူဖေးက ဝမ်ထောင်ကို လေးနက်စွာ ထပ်မံ ကြည့်လိုက်၏။

"ဒါပေမဲ့ အစ်ကိုကြီးက ကျွန်တော့်အသက်ကို ကယ်ခဲ့တာကိုလည်း မမေ့ပါဘူး။ အခုလောလောဆယ် ကျွန်တော့်မှာ ဘာမှ မရှိသေးပေမဲ့ စိတ်ချပါ၊ သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်။ ကျွန်တော် ဝူဖေးက ပြောရင် ပြောတဲ့အတိုင်းပဲ"

"ဟားဟားဟား ကောင်းပါပြီကွာ ၊ ငါ စောင့်နေပါ့မယ်"

ဝမ်ထောင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။သူသည် ကျေးဇူးဆပ်ခံရရန် သိပ်ဂရုမစိုက်ပေ။ သူ လူကယ်ခြင်း မကယ်ခြင်းမှာ သူ၏ လိုအပ်ချက်နှင့် စိတ်အခြေအနေပေါ်တွင်သာ မူတည်သည်။ လူများက ကျေးဇူးမကန်းလျှင်ပဲ တော်လှပြီ ဖြစ်သဖြင့် ဆုလာဘ်များကို သူ ဂရုမစိုက်ပေ။

ဝမ်ထောင်သည် ဗိုင်းရပ်စ် ပြင်းထန်လာချိန်တွင် ဖြစ်ပျက်တတ်သည်များနှင့် ဗိုင်းရပ်စ်တားဆီးဆေး အသုံးပြုပုံတို့အကြောင်းကို ဝူဖေးနှင့် အနည်းငယ် ထပ်မံ စကားပြောခဲ့သည်၊၊ ၎င်းသည် ရှားပါးသော လက်တွေ့သာဓကတစ်ခု ဖြစ်သောကြောင့် သေချာမှတ်သားထားရန် ဖြစ်၏။

ဝူဖေးသည် ဘာမျှ ဖုံးကွယ်မထားဘဲ သူဖြစ်ပျက်ခဲ့သမျှကို အားလုံး ပြောပြခဲ့သည်။

သူက သူ ပေါင်းစပ်ခဲ့သော ဇွန်ဘီအမြုတေမှာ ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေ ဖြစ်ကြောင်းကိုလည်း ဝမ်ထောင်အား ပြောပြခဲ့၏။

သို့သော် သူက တမင်တကာ ပေါင်းစပ်ခဲ့ခြင်းမဟုတ်ဘဲ အဖြူရောင်ဇွန်ဘီအမြုတေတစ်ခုကို မတော်တဆ တွေ့ရှိခဲ့ပြီး စိတ်မထိန်းနိုင်ဘဲ စားသုံးမိခဲ့ခြင်း ဖြစ်သည်။ အံ့ဩစရာကောင်းစွာပင် အောင်မြင်ခဲ့သဖြင့်... သူလည်း တော်တော်လေး မတတ်နိုင်သလို ခံစားခဲ့ရသည်။ ယခုအခါ သူသည် စွမ်းရည်ရှင်တစ်ဦး ဖြစ်လာသော်လည်း တစ်ကြိမ်သာ သုံးနိုင်သော စွမ်းရည်ရှင် ဖြစ်နေ၏.။

၎င်းသည် ကမ္ဘာပေါ်တွင် အားအနည်းဆုံး စွမ်းရည်ရှင်အမျိုးအစားပင် ဖြစ်နိုင်သည်။

ဝမ်ထောင်သည် သူ၏စကားကို

ကြားသောအခါ အံ့အားသင့်သွားရသည်။

ကိုယ့်ကိုယ်ကိုဖေါက်ခွဲအမြုတေကို ပေါင်းစပ်ရင်လည်း စွမ်းအင်ဘားတန်းတိုးလာနိုင်တာလား။

ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေများသည် ဘေးထွက်ဆိုးကျိုးမရှိဘဲ လောလောဆယ်တွင် ရရှိရန် အလွယ်ကူဆုံး ဖြစ်၏။ ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီ အရေအတွက်သည်လည်း အထူးဇွန်ဘီများထဲတွင် အများဆုံး ဖြစ်သည်။

ဒါဆိုရင် စွမ်းရည်ရှင်တွေက စွမ်းအင်တိုးဖို့အတွက် ကိုယ့်ကိုယ်ကိုဖျက်ဆီးခြင်းအမြုတေတွေကို ကိရိယာတစ်ခုအနေနဲ့ သုံးလို့ရနိုင်တယ် မဟုတ်ဘူးလား။

ဝမ်ထောင်ကိုပဲ ကြည့်လျှင် သူ၏ လက်ရှိစွမ်းအင်ဘားတန်းက ၃၀၀ သာ ရှိသည်။ အကယ်၍ သူက ကိုယ့်ကိုယ်ကို

ဖောက်ခွဲအမြုတေ ၁၀ ခုကို ပေါင်းစပ်ပြီး အားလုံး အောင်မြင်ခဲ့ပါက သူ၏ စွမ်းအင်ဘားတန်းက ၁၃၀၀ ဖြစ်မလာပေဘူးလား။

သူ့မှာ ထိုမျှ စွမ်းအင်များ ရှိနေပါက သူ၏ စွမ်းရည်ကို သုံးရန် ဘယ်သောအခါမှ တွန့်တိုနေစရာ မလိုတော့ပေ။ သူသည် ခြွေတာနေစရာမလိုဘဲ အကြိမ်တိုင်းတွင် စွမ်းရည်လှိုင်းဖြင့် စတင်တိုက်ခိုက်နိုင်မည် ဖြစ်၏။

၎င်းသည် အလွန်ကောင်းမွန်သော လမ်းညွှန်ချက်တစ်ခု ဖြစ်နိုင်သည်၊၊

သူသည် နောက်ပိုင်းတွင် ဝေကျန့်ကော်တို့နှင့်အတူ ဤအကြောင်းကို လေ့လာကြည့်ရမည်။

သူ လိုချင်သော သတင်းအချက်အလက်များကို ရရှိပြီးနောက် ဝမ်ထောင်က ဝူဖေးကို ပြောလိုက်သည်။

"ဒါဆို ငါ သွားတော့မယ်။ ငါ့အဖော်တွေကို အကြာကြီး စောင့်ခိုင်းလို့ မကောင်းဘူး။ ငါတို့ ပြန်ဆုံကြဦးမယ်လို့ မျှော်လင့်ပါတယ်"

"ကောင်းပါပြီ အစ်ကိုကြီး။ လမ်းမှာ သတိထားသွားပါ။ ကျွန်တော်တို့ သေချာပေါက် ပြန်ဆုံမှာပါ"

."ဝမ်ထောင်..ရှင် ဘယ်တွေသွားနေတာလဲ။ အကြာကြီးပဲ..."

ကားထဲ၌ ဟန်ရွှေက ဝမ်ထောင်ကို စူးစမ်းသလို ကြည့်လိုက်၏။

"အသိတစ်ယောက်နဲ့ တွေ့လို့ စကားပြောနေတာနဲ့ အချိန်နည်းနည်း ကြာသွားတယ်။ သွားကြစို့"

ဝမ်ထောင်က အများကြီး မပြောချင်သည်ကို မြင်သောအခါ ဟန်ရွှေက ထပ်မမေးတော့ပေ။

သူမသည် အခြေစိုက်စခန်းဆီသို့

တိုက်ရိုက်မောင်းနှင်ခဲ့သည်။ လမ်းတွင် တတိယမြောက် လေထီးရိက္ခာထုပ်ကိုတော့ သေချာပေါက် စစ်ဆေးရမည် ဖြစ်၏။

"ဟင်။ အဲဒီ အထူးဇွန်ဘီနှစ်ကောင် မရှိတော့ဘူးလား"

တတိယမြောက် လေထီးရိက္ခာထုပ်မှာ ရှိနေဆဲဖြစ်ပြီး ဖွင့်ဖောက်ထားသော အရိပ်အယောင် မရှိပေ။ ပတ်ဝန်းကျင်တွင် သာမန်ဇွန်ဘီအုပ်စုတစ်စု ရှိနေသော်လည်း လက်နက်ငယ် ကိုင်ထားသော ရဲဇွန်ဘီနှင့် ပေါက်ကွဲဇွန်ဘီတို့ကိုမူ မတွေ့ရတော့ပေ။

ဟန်ရွှေသည် သူမ၏ အာရုံခံနိုင်စွမ်းကို ဂရုတစိုက် အသုံးပြုလိုက်သည်။ အထူးဇွန်ဘီများ မရှိသည်ကို အတည်ပြုပြီးနောက် ဝမ်ထောင်သည် ပုဆိန်ကို ကိုင်ကာ တိုက်ရိုက် ဝင်ရောက်သွားခဲ့၏။

ဒုတ်..

【-၁၀၀၀】

【-၁၀၀၀】

【-၁၀၀၀】

【...】

တုန်ခါလှိုင်းကိုပါအသုံးချကာ သာမန်ဇွန်ဘီ ဆယ်ဂဏန်းကျော်ကို အလွယ်တကူ ချက်ချင်း သတ်ဖြတ်ပြီးနောက် ဝမ်ထောင်သည် လေထီးသေတ္တာကို အမြန်ဖွင့်ကာ အတွင်းရှိ ဗိုင်းရပ်စ်တားဆီးဆေး သေတ္တာ

ငါးလုံးကို ယူ၍ ထွက်ခွာခဲ့သည်။

"ကောင်းလိုက်တာ"

ဟန်ရွှေသည် ဗိုင်းရပ်စ်တားဆီးဆေး အများအပြားကို မြင်သောအခါ အလွန်ဝမ်းသာသွား၏။

"သွားကြစို့။ ဒီတစ်ခေါက် လေထီးပစ္စည်း လိုက်ရှာတာ တကယ် အောင်မြင်တယ်"

ဝမ်ထောင်က ပြုံးလိုက်သည်။

"အင်း"

၎င်းတို့ ထွက်ခွာလာပြီး သိပ်မကြာခင်မှာပင် လမ်းကွေ့တစ်ခုအရောက်၌ ဟန်ရွှေက ဘရိတ်ကို ရုတ်တရက် အရှိန်ပြင်းစွာ နင်းလိုက်ရ၏။

"ပေါက်ကွဲဇွန်ဘီ"

လမ်းကွေ့တွင် ပေါက်ကွဲဇွန်ဘီတစ်ကောင် ရှိနေသည်။ ၎င်း၏ ဘေးတွင် ရဲဇွန်ဘီတစ်ကောင် ရှိနေ၏ ။ ၄င်းတို့သည် အစောပိုင်းက လေထီးပစ္စည်းဘေးတွင် ရှိနေသော ဇွန်ဘီနှစ်ကောင် မဟုတ်ပါလား။

ဟန်ရွှေသည် သူမ၏ စွမ်းရည်ကို အမြဲတမ်း ဖွင့်မထားနိုင်ပေ။ သို့မဟုတ်ပါက စွမ်း

အင်ကုန်ဆုံးမှု များပြားသဖြင့် သူမ နွမ်းနယ်သွားမည် ဖြစ်သောကြောင့် အရေးကြီးသော အချိန်များတွင်သာ အသုံးပြုခြင်း ဖြစ်၏။ သူမသည် လမ်းကွေ့တွင် ၎င်းတို့နှင့် တိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဆုတ်"

ဟန်ရွှေက ကားကို အမြန် နောက်ဆုတ်လိုက်သော်လည်း ဖောက်ခွဲဇွန်ဘီနှင့် ရဲဇွန်ဘီတို့က ကားကို သတိပြုမိသွားကြပြီ ဖြစ်သည်။ ရဲဇွန်ဘီသည် ပစ္စတို ကိုင်ထားသော သူ၏ ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေဇွန်ဘီ၏ ခန္ဓာကိုယ်ကလည်းဖောင်းကားလာ၏။

ပြီးနောက်—

ဖုန်း...

ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီ ပေါက်ကွဲသွားလေသည်။

ပေါက်ကွဲသည်နှင့် ဝမ်ထောင်သည်ကိုယ်ကိုဝပ်ချရုံလိုက်သာမက ဟန်ရွှေကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုပါ ကာကွယ်ပေးလိုက်၏။

ကား၏ ရှေ့ပိုင်းတွင် သွေးနှင့် အသားစများ ပေကျံသွားပြီး မှန်ပေါ်တွင် သွေးစ

အသားစများ ညစ်ပတ်သွားသော်လည်း များပြားလှသည်တော့ မဟုတ်ပေ။ ကံကောင်းစွာပင် ဟန်ရွှေက အချိန်မီ နောက်ဆုတ်ခဲ့သဖြင့် ကားသည် ပေါက်ကွဲမှုဒဏ်ကြောင့် ပျက်စီးခြင်း မရှိခဲ့ပေ။

ပေါက်ကွဲမှုပြီးနောက် ဝမ်ထောင် ထထိုင်လိုက်သည်။ သူသည် ဟန်ရွှေကို ရင်ခွင်ထဲမှ လွှတ်ပေးလိုက်ပြီးနောက် မှင်သက်စွာ ကြည့်နေမိ၏။

သူ ဘာကို မြင်လိုက်ရသနည်း။

ရဲဇွန်ဘီ၏ ခန္ဓာကိုယ် အများစုသည် ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီ၏ ပေါက်ကွဲမှုကြောင့် လွင့်စင်သွားပြီး ခေါင်း၊ ပုခုံးတစ်ခြမ်းနှင့် လက်ဝဲဘက်လက်တစ်ဖက်သာ ဆက်နေတော့သည်။

ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီက ရဲဇွန်ဘီကို သေလုနီးပါး ပေါက်ကွဲပစ်လိုက်ခြင်း ဖြစ်၏။

ဒီလိုလည်း ရတာလား။

ရဲဇွန်ဘီ၏ ခေါင်းတစ်ခြမ်းတွင် ကျန်ရှိနေသော သွေးဘားတန်း အနည်းငယ်ကို မြင်လိုက်ရသဖြင့် ဝမ်ထောင် မတွန့်ဆုတ်တော့ပေ။ သူသည် တံခါးကို ချက်ချင်းဖွင့်ကာ အပြင်သို့ ပြေးထွက်ပြီး ပုဆိန်ဖြင့် အပြတ်ရှင်းပေးလိုက်သည်။

"လာထား.."

"ဒုတ်.."

【-၂၁၉】

【၀/၂၀၀၀】

ထို့နောက် ဝမ်ထောင်သည် ဇွန်ဘီနှစ်ကောင်ထံမှ ရရှိသော ပစ္စည်းများကို သိမ်းဆည်းကာ ပြန်ပြေးလာခဲ့၏။

"မောင်း။ အမြန်မောင်းတော့"

...........

All Chapters