← Chapters

အခန်း ၁၀၈

Vol. 10 Ch. 108

အခန်း ၁၀၈

Vol. 10 Ch. 108

အခန်း (၁၀၈) - အရှိန်ပြင်းဝင်တိုက်စွမ်းရည်

အက်စစ်မိုးရွာပြီးနောက် ဇွန်ဘီများ၏ ခွန်အားမှာ တိုးပွားလာခဲ့သော်လည်း ၎င်းတို့၏ အရှိန်မှာမူ သိသိသာသာ နှေးကွေးသွားခဲ့၏။

ကော်မတီက ထိုသတင်းကို ထုတ်ပြန်ကြေညာလိုက်သောအခါ လူအများအပြားမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ နှေးကွေးသွားသော ဇွန်ဘီများကို မတိုက်ခိုက်နိုင်လျှင်ပင် ၎င်းတို့ထက် မြန်အောင် ပြေးနိုင်သည်မဟုတ်လား။

လူအများစုအတွက်မူ သူတို့သည် ဇွန်ဘီများကို တကူးတကအမဲမလိုက်သရွေ့၊ ဆူညံသံများသိသိသာသာ မပြုလုပ်သရွေ့နှင့် အထူးဇွန်ဘီများနှင့် မတွေ့သရွေ့ လက်ရှိအခြေအနေမှာ ယခင်ကထက်ပင် အန္တရာယ် နည်းသွားသည်ဟုပင် ဆိုနိုင်သည်။

ထို့အပြင် အထူးဇွန်ဘီများအကြောင်း သရုပ်ဖော်လမ်းညွှန်စာအုပ်ငယ်များကိုလည်း အခြေစိုက်စခန်းတွင် ဖြန့်ချိထားပြီး ဖြစ်၏။ ထို့ကြောင့် မျက်စိကို အမြဲဖွင့်ထားပြီး သတိနှင့်သွားလျှင် ကံမဆိုးနေသရွေ့ ရိက္ခာပစ္စည်းများ ရှာဖွေရန် အပြင်သို့ ထွက်နိုင်ကြလေသည်။

ရွှေကျဲခရိုင်သည် ကျယ်ဝန်းပြီး လူဦးရေ ထူထပ်လှ၏။ လူအများစုမှာ ဇွန်ဘီများအဖြစ်သို့ ပြောင်းလဲသွားကြသဖြင့် ကျန်ရစ်ခဲ့သော ရိက္ခာပစ္စည်းများမှာ သဘာဝအတိုင်းပင် အလွန် ပေါကြွယ်ဝလှသည်။

အသက်ရှင်ကျန်ရစ်သူများသည် အခြေစိုက်စခန်း၌ တစ်လကျော်ခန့် အေးချမ်းစွာ နေထိုင်ခဲ့ပြီးနောက် အချို့မှာ ထိုသို့အေးအေးချမ်းချမ်း ဆက်လက်နေထိုင်လိုကြသော်လည်း အချို့မှာမူ စွန့်စားရန် ပြင်ဆင်နေကြပြီ ဖြစ်၏။

ထို့ကြောင့် လွန်ခဲ့သော နှစ်ရက်အတွင်း အခြေစိုက်စခန်း၌ မှတ်ပုံတင်ထားသော အမဲလိုက်သမား အရေအတွက်မှာ သိသိသာသာ တိုးပွားလာခဲ့သည်။

အခြေစိုက်စခန်းက ထိုအမဲလိုက်သမားများကို ညဘက်တွင် အပြင်၌ မအိပ်ကြရန် တောင်းဆိုထား၏။ အကယ်၍ မလွှဲမရှောင်သာ အပြင်၌ အိပ်ရမည်ဆိုပါက အခြေစိုက်စခန်းသို့ အကြောင်းကြားရန် အကောင်းဆုံး ဖြစ်သည်။ သို့မဟုတ်ပါက အန္တရာယ်နှင့် ကြုံတွေ့ရလျှင် အခြေစိုက်စခန်းက ကူညီပေးနိုင်မည်မဟုတ်ချေ။

မနေ့က လူသစ်များဖြင့် ဖွဲ့စည်းထားသော အမဲလိုက်အဖွဲ့နှစ်ဖွဲ့သည် သူတို့ ဇွန်ဘီများ ဝိုင်းရံခြင်း ခံထားရကြောင်း အခြေစိုက်စခန်းသို့ အကြောင်းကြားခဲ့သည်။ သူတို့သည် ချက်ချင်း အန္တရာယ်ရှိမည့် အခြေအနေတွင် မရှိသဖြင့် ညဘက်၌ အပြင်တွင်ပင် နေထိုင်ကာ နောက်နေ့ မနက်ခင်း၌ ပြန်လာရန် စီစဉ်ထားကြ၏။

သို့သော် ယနေ့မနက်တွင် ရွှေကျဲအခြေစိုက်စခန်းဝန်ထမ်းများက ၎င်းတို့၏ အခြေအနေကို လှမ်း၍ မေးမြန်းသောအခါ တစ်ဖက်မှ ထွက်ပေါ်လာသော အသံမှာ သူစိမ်းတစ်ယောက်၏ အသံ ဖြစ်နေခဲ့သည်။

ထိုသူက ထိုအဖွဲ့နှစ်ဖွဲ့မှ လူ ၁၄ ယောက်စလုံးကို ၎င်းတို့ ဖမ်းဆီးထားကြောင်း ပြောကြားခဲ့၏။ အကယ်၍ အခြေစိုက်စခန်းက ၎င်းတို့ကို ရွေးလိုပါက ဇွန်ဘီအမြုတေ ၁၄ ခုဖြင့် လဲလှယ်ရမည် ဖြစ်သည်။

အကယ်၍ အခြေစိုက်စခန်းက လူများကို မရွေးပါက လူတိုင်း သေဆုံးသွားသည်အထိ တစ်ရက်ခြား တစ်ယောက်နှုန်းဖြင့် သတ်ပစ်မည်ဟု ဆိုသည်။

ဝန်ထမ်းများသည် ထိုအဖွဲ့နှစ်ဖွဲ့၏ အသံကို ကြားလိုသော်လည်း တစ်ဖက်လူက ဝေါ်ကီတော်ကီကို ချက်ချင်း ပိတ်ပစ်ခဲ့၏။ ထို့အပြင် ၎င်းတို့က ရွေးရမည့်အကြောင်းကိုသာ ပြောပြီး အရောင်းအဝယ်ပြုလုပ်မည့်နေရာကိုပင် မပြောခဲ့ချေ။ ဝန်ထမ်းများသည် ၎င်းတို့က အမဲလိုက်အဖွဲ့များ၏ ပစ္စည်းများကို ကောက်ရရုံသာ ရခဲ့ခြင်းလား သို့မဟုတ် အမဲလိုက်အဖွဲ့များအားလုံး သေဆုံးသွားပြီလားဟု သံသယဝင်လာကြတော့သည်။

"မင်းတို့ အားလုံး ဘာပြောချင်လဲ"

ဝမ်ထောင်သည် အခြား ကော်မတီဝင်များကို ကြည့်ကာ မေးလိုက်၏။

လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။

ကမ္ဘာပျက်ကပ်ထဲတွင် လူသားများသည် ရှားပါးလှသော်လည်း လူ့အသက်မှာမူ တန်ဖိုးမရှိသလောက်ပင် ဖြစ်၏။

အကယ်၍ ၎င်းတို့က လူများကို ရွေးနုတ်ရန် အစားအစာကဲ့သို့သော အခြားအရာများကို တောင်းဆိုပါက ညှိနှိုင်း၍ မရသည်တော့ မဟုတ်ပါ။ သို့သော် ဇွန်ဘီအမြုတေများကို တောင်းဆိုခြင်းမှာမူ သိသိသာသာ လွန်လွန်းလှသည်။ အခြေစိုက်စခန်းတွင် လက်ရှိ၌ စွမ်းရည်ရှင် မည်မျှရှိနေသနည်း။ သူတို့တွင် ကိုယ်တိုင်သုံးရန်ပင် အမြုတေများ လုံလောက်အောင် မရှိကြချေ။

ကမ္ဘာပျက်ကပ်တွင် လူ့အသက်တစ်ချောင်းသည် ဇွန်ဘီအမြုတေတစ်ခုထက် ပို၍ တန်ဖိုးရှိသည်ဟု မဆိုနိုင်ပေ။

"ငါတို့ အလျှော့ပေးလို့ မရဘူး။ တောက်... သူတို့က ငါတို့ကို ခြိမ်းခြောက်နေတာ။ တိုက်ရုံပဲ ရှိတာပေါ့"

ရှန့်ဟုန်ပင်းက ဒေါသတကြီးဖြင့် စကားဆိုလိုက်၏။

"ငါလည်း အလျှော့မပေးသင့်ဘူးလို့ ထင်တယ်။ မဟုတ်ရင် ပထမဆုံးအကြိမ် ရှိလာရင် ဒုတိယအကြိမ် ရှိလာလိမ့်မယ်။ ငါတို့က အကြိမ်တိုင်း အလျှော့ပေးနေလို့ မရဘူးမဟုတ်လား။ နောက်မှ ခံရမယ့် ဒဏ်ရာတွေကို ရှောင်ရှားဖို့အတွက် တစ်ချက်တည်းနဲ့ လမ်းဖွင့်ရမယ်"

လူကန်းကလည်း အံကြိတ်ကာ ပြောလိုက်သည်။

စစ်တပ်မှ လူနှစ်ယောက်သာမက ဖုန်းမင်အန်၊ ရန်ကျဲနှင့် နည်းပညာသမား လျိုဟဲတို့ကပင် တိုက်ခိုက်ရန် သဘောတူခဲ့ကြ၏။

ဝေကျန့်ကော်က ထိုအချိန်တွင် စကားပြောလာသည်။

"ငါလည်း အလျှော့မပေးဖို့ သဘောတူပါတယ်။ ဒါပေမဲ့ ပြဿနာက သူတို့က ဘယ်သူတွေလဲ၊ ဘယ်မှာလဲဆိုတာ မင်းတို့ သိလို့လား"

"..."

လူတိုင်း ချက်ချင်းပင် စကားဆွံ့အသွားကြ၏။

"ငါ ထင်မမှားဘူးဆိုရင် အဲဒီလူတွေက ရှောက်ယုံရဲ့ လူတွေ ဖြစ်ရမယ်"

ဝမ်ထောင်က တွေးတွေးဆဆပြောလိုက်သည်။

"ရန်ငြှိုးအကြောင်း ပြောရရင် ငါတို့နဲ့ ရန်ငြိုးရှိတာ သူတို့ပဲ ရှိတယ်။ သာမန်အားဖြင့် ငါတို့လူတွေက အခြားအသက်ရှင်ကျန်ရစ်သူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရရင် သူတို့ ဘယ်သူဘယ်ဝါဆိုတာ သေချာပေါက် ပြောပြလိမ့်မယ်။ အဲဒီ သာမန်အသက်ရှင်ကျန်ရစ်သူအဖွဲ့အစည်းတွေက ငါတို့ရဲ့ နာမည်ကို ကြားရင် နှုတ်ပိတ်ဖို့ သတ်ပစ်တာ ဒါမှမဟုတ် ပြန်လွှတ်ပေးတာပဲ လုပ်လိမ့်မယ်။ အားလုံးခြုံကြည့်ရင် ငါတို့ရဲ့ သေနတ်တွေက အလကားမှ မဟုတ်တာ။ ဒါပေမဲ့ သူတို့က တိုက်ရိုက် ပြန်ပေးဆွဲရဲတယ်လေ။ ဒါကြောင့် ငါကတော့ ရှောက်ယုံရဲ့ လူတွေလို့ သံသယဝင်နေတယ်"

သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားရသောအခါ လူတိုင်း မသိမသာခေါင်းညိတ်လိုက်ကြ၏။

သို့သော် ရှောက်ယုံသာ ဖြစ်ပါက အနည်းငယ် အခက်အခဲ ရှိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရှောက်ယုံသည် ၎င်း၏ လက်အောက်ငယ်သားဟောင်း ကောရှင်းအတွက် လက်စားချေရန် ကြိုးစားနေခြင်း ဖြစ်သောကြောင့်ပင်။ မလိုအပ်ဘဲနှင့် မည်သူမျှ ယခုအချိန်တွင် အခြားအသက်ရှင်ကျန်ရစ်သူများနှင့်ပဋိပက္ခ မဖြစ်ပွားလိုကြချေ။

သို့သော် တကယ်ကို မလွှဲမရှောင်သာပါက မည်သူမျှ နောက်ဆုတ်မည်မဟုတ်ပါ။

"ဒါပေမဲ့ သူက အရောင်းအဝယ်ပြုလုပ်မဲ့နေရာကို တိတိကျကျ မပြောခဲ့ဘူး။ ငါတို့က လူတွေကို ရွေးဖို့ ဇွန်ဘီအမြုတေတွေ တကယ် ယူသွားမယ်ဆိုရင်တောင် နေရာတစ်ခုတော့ လိုအပ်တယ်လေ..."

ဖုန်းမင်အန်က မျက်မှောင်ကြုတ်လိုက်၏။

"ဖြစ်နိုင်ခြေ နှစ်ခု ရှိမယ် ထင်တယ်..." ယယ

ဝေကျန့်ကော်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"တစ်ခုက ငါတို့လူတွေ အများကြီး သေနေလောက်ပြီ။ သူတို့က ရက်အနည်းငယ် ဆွဲထားချင်တာ။ နောက်တစ်ခုကတော့... ငါတို့ကို သတိပေးချင်တာ ဖြစ်လိမ့်မယ်။ သူတို့က လူတွေကို အရင် သတ်ပစ်ချင်တာ"

ထိုစကားကို ကြားသောအခါ လူတိုင်း ပို၍ပင် ဒေါသထွက်သွားကြတော့သည်။

ဘယ်အချက်ပဲ ဖြစ်ဖြစ်၊ ထိုအမဲလိုက်အဖွဲ့နှစ်ဖွဲ့မှာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီ ဖြစ်ကြောင်း ပြသနေ၏။

"အရေးကြီးဆုံးက သူတို့ဆီက သတင်းကို စောင့်နေရင်းနဲ့ သူတို့ တကယ် ဘယ်မှာရှိလဲဆိုတာ သေချာ ထောက်လှမ်းဖို့ပဲ..."

ရန်ကျဲက မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။လက်ရှိတွင် သူတို့က အလင်းထဲမှာ ရှိနေပြီး ရန်သူက အမှောင်ထဲမှာ ရှိနေသည်။ ၄င်းက သိသိသာသာ တစ်ပန်းရှုံးနေ၏။

"ဟုတ်တယ်၊ ငါတို့ သေချာ ထောက်လှမ်းဖို့ လိုတယ်။ ငါ အမိန့်ထုတ်လိုက်မယ်။ နောက်လာမယ့် ရိက္ခာရှာဖွေရေးတာဝန်များကို ရပ်ဆိုင်းထားပြီး ထောက်လှမ်းရေးကိုပဲ အာရုံစိုက်မယ်"

အဖွဲ့သည် ချက်ချင်းပင် သဘောတူညီချက် ရရှိသွားကြ၏။ အလျှော့မပေးသလို လူလဲရန် အမြုတေများလည်း မပေးသော်လည်း ကယ်ဆယ်ရေးကိုမူ ကြိုးစားနိုင်ပေသည်။

ဝေကျန့်ကော်က အမဲလိုက်အဖွဲ့များ ပြန်ပေးဆွဲခံရသည့် သတင်းကို ကြေညာလိုက်သော်လည်း ဇွန်ဘီအမြုတေများအကြောင်းကိုတော့ ထည့်မပြောခဲ့ချေ။

အခြေစိုက်စခန်းရှိ အခြားအမဲလိုက်သမားများ ထိုသတင်းကို ကြားသောအခါ လန့်ဖျတ်သွားကြပြီး အပြင်သို့ ထွက်ရန် အနည်းငယ် ကြောက်ရွံ့သွားကြ၏။

ထိုအခြေအနေကို မြင်သောအခါ ဝေကျန့်ကော်မှာ အနည်းငယ် ကူရာမဲ့သွားရသည်။ အမဲလိုက်သမားအရေအတွက် ပိုမိုရရှိလာခဲ့သော်လည်း နှစ်ရက်မျှပင် မပြည့်သေးမီ အပြင်ထွက်ရန် ထပ်မံ ကြောက်ရွံ့သွားကြပြန်ပြီ မဟုတ်ပါလား။

ထိုပြန်ပေးဆွဲသူများသည် တကယ်ကို သေထိုက်လှပေသည်။

ထိုနေ့ ညနေခင်းတွင် ဝမ်ထောင်သည် ဟန်ရွှေ၏ အိမ်သို့ ရောက်ရှိလာခဲ့၏။

ရေချိုးပြီးကာစ ဖြစ်သော ဟန်ရွှေသည် ဝမ်ထောင် ရောက်လာသည်ကို မြင်သောအခါ သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အနည်းငယ်ပျက်ယွင်းသွားသည်။

"ရှင်... ရှင် ဒီကို ဘာလာလုပ်တာလဲ..."

"ကိစ္စရှိလို့ပေါ့"

ဝမ်ထောင်က တိုတိုတုတ်တုတ် ပြောလိုက်၏။

ဟန်ရွှေသည် အနည်းငယ် ကြောင်အသွားပြီးနောက် သူမ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

"ရှင်...ကျွန်မတို့ အခြေစိုက်စခန်းကို ပြန်ရောက်ရင် ကိုယ့်ဘဝနဲ့ကိုယ် နေကြမယ်၊ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြေးလို့ သဘောတူထားတယ်လေ။ ဘာလို့ ကတိဖျက်တာလဲ"

"ဟင်... ငါ ဘယ်တုန်းက အဲဒီလို ပြောလို့လဲ"

ဝမ်ထောင်က ဆိုဖာပေါ်တွင် အေးအေးလူလူ ထိုင်လိုက်ရင်း ဇဝေဇဝါပုံစံဖြင့် သူမအားကြည့်လိုက်၏။

"ကုတင်ပေါ်မှာ—"

ဟန်ရွှေက လွှတ်ခနဲပြောပြီးမှ သူမ၏ နှုတ်ခမ်းများကို ချက်ချင်းပင် ပိတ်လိုက်သည်။

သူမသည် ရေချိုးပြီးကာစ ဖြစ်သဖြင့် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များမှာလည်း အနည်းငယ် စိုစွတ်နေသေးသလို လှပသောကောက်ကြောင်းများကလည်း သိသာနေ၏။ သူမကို ထိုသို့ မြင်လိုက်ရသောအခါ ဝမ်ထောင်၏ စိတ်ရိုင်းများ ထကြွလာပြီး ရေဆာသလိုလိုဖြစ်လာသည်။

သို့သော် သူသည် အရေးကြီးသောအလုပ်ကို ပြောရန် လာခြင်း ဖြစ်သည်။ ဟန်ရွှေကို စနောက်ခြင်းမှာ အပျော်သပ်သပ်မျှသာ ဖြစ်၏။

ဟန်ရွှေက ဝမ်ထောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ရှင် မဆင်မခြင် ဘာမှမလုပ်နဲ့။ ဆန်းဝေကွမ်းက ခဏနေရင် ပြန်လာတော့မှာ"

ထိုစကားကို ကြားသောအခါ ဝမ်ထောင်၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွား၏။

"ဒါက ပိုတောင် စိတ်လှုပ်ရှားဖို့ ကောင်းသေးတယ်"

"ရှင်က တကယ့်ကို တဏှာရူးပဲ"

ဟန်ရွှေ အနည်းငယ် စိတ်ပူးသွားရသည်။

အားလုံးခြုံကြည့်လျှင် သူမသည် ရှေးရိုးဆန်သော အမျိုးသမီးတစ်ယောက် ဖြစ်၏။ ယခုနေရာက သူမ၏ အိမ်ဖြစ်ပြီး ၎င်းတို့ကြားတွင် သံယောဇဉ် မရှိတော့သော်လည်း နာမည်အရ ခင်ပွန်းဖြစ်နေဆဲ ဖြစ်သော အမျိုးသားကလည်း မကြာမီ ပြန်လာတော့မည် ဖြစ်သည်။ ထို့အပြင် တိုက်ခန်းပတ်ဝန်းကျင်သို့ အိမ်နီးနားချင်းအသစ်အချို့ ပြောင်းရွှေ့လာကြပြီး ၎င်းတို့အားလုံးက ဟန်ရွှေနှင့် ဆန်းဝေကွမ်းတို့ကို ဇနီးမောင်နှံအဖြစ် သိကြပေသည်။

အကယ်၍ သူမနှင့် ဝမ်ထောင်တို့ကသာ အိမ်တွင် တစ်ခုခု ဖြစ်ပွားခဲ့ပါက နောက်နောင်တွင် လူအများအရှေ့၌ မည်သို့ မျက်နှာပြရမည်နည်း။

ဝမ်ထောင်သည် သူကိုယ်တိုင် တကယ်ပင် တဏှာရူးတစ်ယောက် ဖြစ်သည်ဟု ခံစားလိုက်ရသော်လည်း သူ့ထက် တဏှာရူးသူများစွာ ရှိနေသေး၏။

ထိုအခိုက်မှာပင် ဆန်းဝေကွမ်းသည် ရုတ်တရက် ပြန်ရောက်လာခဲ့သည်။

သူ ပြန်လာသည်နှင့် တပြိုင်နက် ဝမ်ထောင်က ဆိုဖာပေါ်တွင် ထိုင်နေသည်ကိုလည်းကောင်း၊ ဇနီးဖြစ်သူ ဟန်ရွှေက ရေချိုးပြီးကာစ မျက်နှာနီမြန်းလျက် သူနှင့် စကားပြောနေသည်ကိုလည်းကောင်း မြင်လိုက်ရ၏။

၄င်းက ဆန်းဝေကွမ်းကို မသိစိတ်ကနေ တစ်ခုခုအား ပြောပြလိုက်သလိုပင်။

"ငါ... အဲ၊ မင်းတို့ ဆက်လုပ်ကြပါ။ ငါ ရုတ်တရက် အလုပ်တစ်ခု ရှိတာ သတိရလို့ အပြင်ကို ပြန်ထွက်ရမယ်..."

ပြောပြီးနောက် ဆန်းဝေကွမ်းသည် ချက်ချင်းထွက်ခွာသွားပြီး တံခါးကို အလွန် အလိုက်သိစွာ ပိတ်ပေးခဲ့လေ၏။

ဝမ်ထောင် ဘာမှ မပြောရသေးမီမှာပင် ဟန်ရွှေ၏ မျက်နှာမှာ နီမြန်းရာမှ ဖြူလျော်သွားသည်ကို မြင်လိုက်ရသည်။

"သူ... သူ တံခါးဝမှာ ရှိနေတယ်"

"..."

သောက်ကျိုးနည်း... ဒီဆန်းဝေကွမ်းကမှ တကယ့် တဏှာရူးပဲ။

ဝမ်ထောင်သည် ထိုအချက်တွင်တော့ မိမိသည် ဆန်းဝေကွမ်းထက်အားနည်းသည်ဟု ခံစားလိုက်ရ၏။

ဟန်ရွှေသည် ဝမ်ထောင်ကို အနည်းငယ် ခုခံနေခဲ့သော်လည်း ဆန်းဝေကွမ်းကို ထိုသို့ မြင်လိုက်ရသောအခါ ဒေါသ အလွန် ထွက်သွားရသည်။ ဆန်းဝေကွမ်းကို သဘောကျခဲ့မိသည်မှာ သူမ တကယ်ပင် မျက်စိကန်းခဲ့ခြင်းပင်။

ဟန်ရွှေသည် ဝမ်ထောင်၏ ဘေးနားသို့ တည့်တည့် လျှောက်သွားပြီး ဆိုဖာပေါ်သို့ ဆောင့်ထိုင်ချလိုက်၏။

၄င်းကို မြင်သောအခါ ဝမ်ထောင်က အံ့ဩဟန်ဆောင်လိုက်သည်။

"အိုး... မင်း ဘာလုပ်နေတာလဲ"

"ဘာလုပ်လုပ်ပေါ့ ပါးစပ်ပိတ်နေ "

"..."

ဝမ်ထောင်ဆွံ့အသွားလေ၏။

ဟန်ရွှေက နှုတ်ကဟိန်းဟောက်ရုံတင် မဟုတ်ဘဲ ဝမ်ထောင်၏ ပေါင်ပေါ်သို့ တည့်တည့် ခွထိုင်လိုက်သည်။

သူမ၏မျက်နှာလေးက သုန်မှုန်နေပြီး ဒေါသထွက်နေမှန်းသိသာ၏။

ဝမ်ထောင်က သူမအား သတိပေးလိုက်သည်။

"မင်း စိတ်ဆိုးနေလို့ အခုလို..."

"ပါးစပ်ပိတ်ထား.."

ဟန်ရွှေက သူ့အားစကားပြောခွင့် မပေးခဲ့ပါ။

ဒေါသအဟုန်နှင့်အတူ စိုစွတ်နေသော ဆံနွယ်များကြားမှ သူမသည် ဝမ်ထောင်၏ နှုတ်ခမ်းများကို ပြင်းထန်စွာ လာရောက်တိုက်ခိုက်တော့သည်။ သူမ၏ အနမ်းများသည် နူးညံ့မှုထက် ရင်ထဲကမကျေနပ်ချက်များကို ပေါက်ကွဲပစ်နေသလိုမျိုး လောင်မြိုက်နေခဲ့၏။

ဝမ်ထောင် ဘာတတ်နိုင်တော့မည်နည်း။

သို့သော် သူကလည်း ဒါမျိုးဆို အရှုံးပေးတတ်သူမဟုတ်ပါ ။ အလိုက်သင့် ခေါင်းကိုမော့လျက် သူမ၏ ခါးသိမ်သိမ်လေးကို သူ၏သံမဏိလက်မောင်းကြီးများဖြင့် ကြမ်းတမ်းစွာဆွဲဖက်လိုက်ရာ ရေချိုးပြီးစဝတ်စုံပါးလေးအောက်မှ နွေးထွေးအိစက်သော အထိအတွေ့က နှစ်ဦးစလုံး၏ အသိစိတ်ကို ချက်ချင်းပင် ဝါးမြိုသွားခဲ့တော့သည်။

ဆိုဖာထက်တွင် သူတို့နှစ်ဦး၏ အသက်ရှူသံများမှာ ဆူညံခက်ထန်လာပြီး အခန်းတွင်းမှ လေထုသည် တဖြည်းဖြည်းပူလောင်လာ၏။ ဟန်ရွှေသည် ဝမ်ထောင်၏ ပုခုံးသားများကို လက်သည်းများဖြင့် တင်းတင်းဆုပ်ကိုင်ရင်း သူမ၏ စိတ်အာရုံများ တစ်စစီ ပြိုကွဲလွင့်စင်မတတ် ခံစားနေရသည်။ ဝမ်ထောင်၏ စူးရှသော အကြည့်များနှင့် ကြမ်းတမ်းသော အထိအတွေ့များသည် သူမ၏ ဒေါသကိုတင်မကဘဲ တစ်ကိုယ်လုံးရှိ သွေးကြောများကိုပါ မရိုးမရွဖြစ်အောင် နှိုးဆွနေသကဲ့သို့ ရှိသည်။

အပြင်တွင် လူတစ်ယောက် ရှိနေသည်ဟူသော စိုးရွံ့စိတ်ကပင် သူတို့နှစ်ဦး၏မသိစိတ်ကို ကို ပိုမိုပြင်းထန်လေးလံစေခဲ့သည်လားတော့ မပြောတတ်ပါ။

အချိန်များ မည်မျှကုန်ဆုံးသွားသည်ကို မသိရဘဲ မီးရောင်မှိန်မှိန်အောက်တွင် သူတို့၏ လှုပ်ရှားမှုများသည် ကမ္ဘာပျက်ကပ်၏ အမှောင်ထုကို မေ့လျော့စေလောက်အောင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။ ဟန်ရွှေ၏ တိုးညှင်းအက်ရှသော ညည်းတွားသံသဲ့သဲ့လေးများမှာ ဝမ်ထောင်၏ ရင်ဘတ်ကျယ်ကြီးထဲ တိုးဝင်ပျောက်ကွယ်သွား၏။

တစ်နာရီခွဲခန့် ကြာပြီးနောက်။

ဝမ်ထောင် သူ၏ ဘောင်းဘီကို ပြန်ဝတ်ပြီးနောက် တည်ငြိမ်သော မျက်နှာဖြင့် ပြောလိုက်၏။

"မိန်းမတွေက တကယ်ကို အလုပ်ရှုပ်စေတာပဲ"

"..."

သိသိသာသာ ပင်ပန်းနွမ်းနယ်နေသော ဟန်ရွှေက ဝမ်ထောင်၏ လည်ပင်းကို ဖက်ထားရင်း သူ့အပေါ် မှီနေပြီး သူ၏စကားများကို ဂရုမစိုက်ချင်တော့ချေ။

ထိုအချိန်တွင် တံခါးပွင့်လာခဲ့သည်။ ဆန်းဝေကွမ်းသည် ဟန်ရွှေက ဝမ်ထောင်၏ ပေါင်ပေါ်တွင် အဝတ်အစားများ ဖရိုဖရဲဖြင့် ထိုင်နေသည်ကို မြင်လိုက်ရ၏။ သူ၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားပြီး ခေါင်းငုံ့ကာ မိမိ၏ အခန်းထဲသို့ ဝင်သွားတော့သည်။

"..."

ဝမ်ထောင်သည် ဆန်းဝေကွမ်း တံခါးဝတွင် ဤမျှလောက် ကြာအောင် ရှိနေလိမ့်မည်ဟု တကယ်ကို မျှော်လင့်မထားခဲ့ချေ။

ဟန်ရွှေကမူ ဆန်းဝေကွမ်းကို လှည့်၍ပင် မကြည့်ခဲ့ပါ။

ဒါပေမဲ့... သူမသည် ဆန်းဝေကွမ်း ခံစားချက်ကို အနည်းငယ် သိလိုက်ရသကဲ့သို့ ဖြစ်ပြီး တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှ၏။

"ကဲ... အသေးအဖွဲကိစ္စတွေ ပြီးပြီဆိုတော့ အရေးကြီးတဲ့အလုပ်ကို သွားရအောင်"

ဝမ်ထောင်သည် ဟန်ရွှေ၏ ခန္ဓာကိုယ်ကောက်ကြောင်းနုနုလေးကို ပွတ်သပ်လိုက်ပြီးနောက် လိမ္မော်ရောင်အမြုတေတစ်ခုကို ထုတ်ယူလိုက်၏။

"ဒါက..."

ဟန်ရွှေ၏ ပင်ပန်းနေသော စိတ်ဓာတ်မှာ ချက်ချင်းပင် လန်းဆန်းသွားခဲ့သည်။ သူမ ဤမျှ လှပသော အမြုတေကို တစ်ခါမျှ မမြင်ဖူးချေ။

"ဒါက အရှိန်ပြင်းဝင်တိုက်အမြုတေပဲ။ နင် သုံးချင်လား"

(အရှိန်ပြင်းတိုးဝှေ့အမြုတေကို အဓိပ္ပါယ်ပေါ်လွင်စေရန် အရှိန်ပြင်းဝင်တိုက်အမြုတေဟု ပြောင်းလဲထားပါသည်)

ဝမ်ထောင်က ပြုံးလျက် ပြောလိုက်၏။

သူ တစ်နေ့လုံး စောင့်ခဲ့သော်လည်း ပြန်ပေးဆွဲသူများထံမှ မည်သည့် သတင်းမျှ ရောက်မလာခဲ့ချေ။

သို့သော်လည်း သူတို့အနေဖြင့် အခြေစိုက်စခန်းတွင် ထာဝရ စောင့်ဆိုင်းနေ၍ မရသဖြင့် ဆွေးနွေးပြီးနောက် ကော်မတီဝင်များသည် အထူးဇွန်ဘီများကို အမဲလိုက်ရန်နှင့် အချိန်မရွေး ဖြစ်ပွားလာနိုင်သော တိုက်ပွဲအတွက် ပြင်ဆင်ရန် လာမည့် ရက်အနည်းငယ်အတွင်း အပြင်သို့ ထွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဟန်ရွှေ၏ အာရုံခံစွမ်းရည်မှာ ဝမ်ထောင်အတွက် အလွန် အသုံးဝင်လှသဖြင့် သူသည် သူမ၏ ခွန်အားကို မြှင့်တင်ပေးချင်၏။

မူလက သူသည် အရှိန်ပြင်းဝင်တိုက်အမြုတေကို မော်ကွန်းဝင်အဆင့်အမြုတေအဖြစ် ပေါင်းစပ်ကာ မိမိအတွက် အရန်အဖြစ် ထားရှိရန် စီစဉ်ခဲ့သည်။ အကယ်၍ သူ ကသာ ပြန်လည်ကုသခြင်းအမြုတေကို ရှာမတွေ့ပါက အရှိန်ပြင်းဝင်တိုက်အမြုတေကို အစားထိုး အသုံးပြုမည် ဖြစ်၏။

သို့သော် ပြန်လည် စဉ်းစားကြည့်သောအခါ ဝမ်ထောင်က ၎င်းမှာ မလိုအပ်ဟု ခံစားလိုက်ရသည်။

လက်ရှိ အခြေအနေအရ အရှိန်ပြင်းဝင်တိုက်ဇွန်ဘီများသည် အလွန် ရှားပါးလှသည်မဟုတ်ချေ။ အနည်းဆုံးတော့ ရှန့်ဟုန်ပင်းနှင့် အခြားလူများ ၎င်းတို့ကို အကြိမ်အနည်းငယ် မြင်ဖူးကြသည်။ ဝမ်ထောင်သည် နောင်တွင် ပိုမို တွေ့ရှိရဦးမည် ဖြစ်ရာ မော်ကွန်းဝင်အဆင့်အမြုတေ နောက်တစ်ခု ရရှိရန် ဖြစ်နိုင်ခြေ အလွန် မြင့်မားလှ၏။

ထို့အပြင် ဝမ်ထောင်သည် လက်ရှိတွင် စတုတ္ထမြောက် အမြုတေအမျိုးအစားကို ပေါင်းစပ်ရန် မဝံ့ရဲသေးချေ။ အရှိန်ပြင်းအမြုတေကို ၎င်း၏ ကျောပိုးအိတ်ထဲတွင် ထားရှိခြင်းမှာ ဖြုန်းတီးရာကျပြီး အခြားစွမ်းရည်ရှင်များနှင့် စစ်ပွဲမှာ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့်... အရှိန်ပြင်းအမြုတေကို အခြားသူတစ်ဦးအား ပေးအပ်ကာ ခွန်အား မြှင့်တင်ပေးခြင်းက ပို၍ ကောင်းမွန်ပေသည်။

ဟန်ရွှေသည် အလွန်ဝမ်းသာသွားသော်လည်း အနည်းငယ် မယုံကြည်နိုင် ဖြစ်နေ၏။

ဝမ်ထောင်က သူမကို အမြုတေများ၏ အရည်အသွေးအကြောင်း သင်ကြားပေးဖူးသည်။ ထိုလိမ္မော်ရောင်အမြုတေမှာ ပေါင်းစပ်ခြင်း အောင်မြင်မှုနှုန်း ၁၀၀ ရာခိုင်နှုန်း ရှိသောအရာ ဖြစ်၏။

ဝမ်ထောင် ကိုယ်တိုင် မလိုအပ်လို့လား။

ဟန်ရွှေသည် ၎င်းတို့ အသေခံဇွန်ဘီနှင့် ကြုံတွေ့ခဲ့ရစဉ်က ဝမ်ထောင် သူမကို သူ၏ ရင်ခွင်ထဲတွင် ကာကွယ်ဖက်ထားခဲ့သည်ကို ရုတ်တရက် ပြန်လည် သတိရလိုက်မိသည်။

'သူ ငါ့ကို တကယ် သဘောကျနေတာလား။ ငါ့ခန္ဓာကိုယ်ကိုပဲ မက်မောနေတာ မဟုတ်ဘူးလား...'

ဟန်ရွှေ၏ နှလုံးသားမှာ အနည်းငယ် လှုပ်ခတ်သွားရ၏။

"မင်း မလိုချင်ဘူးလား"

ဟန်ရွှေ ငေးမောနေသည်ကို မြင်သောအခါ ဝမ်ထောင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူမကို ပေးရသည့် အကြောင်းရင်းမှာ သူမက သူ၏ အသင်းဖော် ဖြစ်ခဲ့သောကြောင့် ဖြစ်ပြီး ဟန်ရွှေ၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးခြင်းမှာ မိမိ၏ စွမ်းအားကို မြှင့်တင်ပေးခြင်းနှင့် အတူတူပင် ဖြစ်၏။

သို့သော် အကယ်၍ ဟန်ရွှေ မလိုချင်ပါက သူ က အခြားသူကို ပေးမည် ဖြစ်သည်။ ရှန့်ဟုန်ပင်းနှင့် ဝေကျန့်ကော်တို့လည်း တော်တော် သင့်တော်သည်ဟု သူ ခံစားရလေသည်။

"လိုချင်တယ်"

ဟန်ရွှေက ချက်ချင်း ပြောလိုက်၏။

"ဒါဆို ပါးစပ်ဟ"

"..."

ဟန်ရွှေသည် မသိစိတ်ကနေ ပါးစပ်ဟလိုက်သော်လည်း ထိုအနေအထားမှာ အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ဆေးတိုက်သကဲ့သို့ပင် ဝမ်ထောင်သည် အမြုတေကို ဟန်ရွှေ၏ လည်ချောင်းထဲသို့ တည့်တည့် ထည့်ပေးလိုက်ရာ သူမကို ဆက်တိုက် ချောင်းဆိုးသွားစေ၏။

ဟန်ရွှေက ဝမ်ထောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် အမြုတေ၏ စွမ်းအားကို သေချာ ခံစားရန် မျက်လုံးများကို ချက်ချင်း ပိတ်လိုက်တော့သည်။

ခဏအကြာတွင်။

"အိပ်ချင်လိုက်တာ~"

ဟန်ရွှေသည် မျက်လုံးပင် မဖွင့်နိုင်တော့သကဲ့သို့ ခံစားလိုက်ရပြီးနောက် ဝမ်ထောင်၏ ရင်ခွင်ကို မှီကာ အိပ်ပျော်သွားခဲ့၏။

ဝမ်ထောင်သည် သူမကို ကုတင်ပေါ်သို့ ပြန်လည် ပွေ့ချီသွားခဲ့သည်။

နောက်တစ်နေ့ မနက်ခင်းတွင်။

နီမြန်းသော မျက်နှာဖြင့် ဟန်ရွှေသည် ဝမ်ထောင်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး သူမ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ကုတ်လိုက်၏။

"ဟို... ကျွန်မ မနေ့ညက ဘာမှ မလုပ်မိဘူးမလား"

သူမသည် မနေ့ညက လုံးဝ သတိမေ့မြောကာ အိပ်ပျော်သွားခဲ့သဖြင့် မည်သည့်အရာကိုမျှ မမှတ်မိချေ။

ဝမ်ထောင်က ခေါင်းခါလိုက်သည်။

"မင်းက ဝက်သေလို အိပ်ပျော်နေတာ၊ ဘာလုပ်နိုင်မှာလဲ"

ဝမ်ထောင် ထိုနေရာတွင် နေခဲ့ရခြင်းမှာ ဟန်ရွှေသည် ဒုတိယမြောက် အမြုတေအမျိုးအစားကို ပေါင်းစပ်ပြီးနောက် မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်နည်း၊ ထိုလုပ်ငန်းစဉ်အတွင်း ပြဿနာတစ်စုံတစ်ရာ ရှိမရှိကို စောင့်ကြည့်လိုသောကြောင့် ဖြစ်၏။

လက်ရှိအချိန်အထိ အဆင်ပြေပုံရသည်။ သူမသည် တစ်ညလုံး အိပ်ပျော်နေခဲ့ပြီး ခန္ဓာကိုယ်အပူချိန်မှာလည်း အလွန်အမင်း တက်မလာခဲ့ချေ။ ၄င်းက ဝမ်ထောင်၏ အတွေ့အကြုံနှင့် ကွာခြားလှသည်။

".ရှင်ပဲ ဝက်"

ဟန်ရွှေက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် အနည်းငယ် မျှော်လင့်ချက်ဖြင့် မေးလိုက်၏။

"စွမ်းရည်သစ်ကို အတူတူ သွားစမ်းကြည့်ချင်လား"

"သေချာတာပေါ့"

ဝမ်ထောင်က ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။

"ဒါနဲ့ နင် အခု တခြားအမြုတေအမျိုးအစားတွေကို ထပ်ပြီး ပေါင်းစပ်နိုင်သေးတယ်လို့ ခံစားရလား"

ဟန်ရွှေသည် သေချာ ခံစားရန် မျက်လုံးများကို ပိတ်လိုက်ပြီးနောက် အံ့ဩသော မျက်နှာဖြင့် ပြန်ဖွင့်လိုက်၏။

"ကျွန်မထင်တာတော့... အခြားအမြုတေအမျိုးအစားတွေကို ဆက်ပြီး ပေါင်းစပ်နိုင်သေးတယ် ထင်တယ်"

" မဆိုးဘူးပဲ"

ဝမ်ထောင် အနည်းငယ် အံ့ဩသွားရသည်။ ကြည့်ရသည်မှာ ဟန်ရွှေသည် အနည်းဆုံး ကွဲပြားသော အမြုတေအမျိုးအစား သုံးခုကို ပေါင်းစပ်နိုင်ပုံရ၏။

"အဆင်သင့်ပြင်ပြီး ဘက်စုံသုံးအဆောက်အအုံမှာ လာတွေ့ပါ။ ငါတို့ စွမ်းရည်ကို သွားစမ်းကြမယ်"

"ကောင်းပြီ"

ဟန်ရွှေ အလွန်ထက်သန်သောမျှော်လင့်ချက်များဖြင့် ခေါင်းညိတ်လိုက်၏။

ဝမ်ထောင်သည် အသုံးဆောင်ပစ္စည်းအချို့ ယူရန် အိမ်သို့ အရင်ပြန်ခဲ့ပြီး တင်ယွီချင်ကို လာမည့် ရက်အနည်းငယ်အတွင်း အခြေစိုက်စခန်းသို့ ပြန်လာနိုင်မည်မဟုတ်ကြောင်း ပြောပြလိုက်သည်။

တင်ယွီချင်က ဝမ်ထောင်ကို မကျေနပ်သောအရိပ်အယောင်အချို့ဖြင့် စိုက်ကြည့်လိုက်၏။ ဝမ်ထောင်သည် မနေ့ညက အခြေစိုက်စခန်းတွင် ရှိနေခဲ့သော်လည်း အိမ်တွင် မအိပ်ခဲ့ချေ။ သို့သော် သူမသည် မေးခွန်းများများ မမေးခဲ့ပါ။

"ဝမ်ထောင်... နင် အပြင်မှာ သတိထားရမယ်နော်"

"အင်း... စိတ်မပူပါနဲ့၊ မရီး"

ဝမ်ထောင်က တင်ယွီချင်၏ နဖူးကို အနမ်းတစ်ခု ပေးလိုက်ပြီးနောက် ကားကို မောင်းနှင်ကာ ဘက်စုံသုံးအဆောက်အအုံသို့ ထွက်ခွာလာခဲ့၏။

ဟန်ရွှေသည် သူ့ကို စောင့်ဆိုင်းနေပြီး ဖြစ်သည်။

ဝမ်ထောင်သည် အခြေစိုက်စခန်းက ပြန်ပေးဆွဲသူများအကြောင်း မည်သည့်သတင်းမျှ ရရှိခြင်း ရှိမရှိ မေးမြန်းရန် အပေါ်ထပ်သို့ အရင်တက်ခဲ့သော်လည်း ရလဒ်က ထူးခြားမှု မရှိချေ။

တစ်ရက်နှင့် တစ်ည လုံးလုံး ကုန်ဆုံးသွားခဲ့သော်လည်း တစ်ဖက်မှ မည်သည့် စကားမျှ ရှိမလာခဲ့ဘဲ ထိုအဖွဲ့နှစ်ဖွဲ့မှ မည်သူမျှလည်း ပြန်မလာခဲ့ကြချေ။

သိသာထင်ရှားသည်မှာ ထိုအမဲလိုက်အဖွဲ့များသည် တကယ်ပဲ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီ ဖြစ်၏။

အကယ်၍ ၎င်းတို့ ဇွန်ဘီများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ပါက ထားလိုက်ပါတော့။ သို့သော် ၎င်းတို့က အခြားအသက်ရှင်ကျန်ရစ်သူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ပါက ထိုရန်ငြိုးကို ရွှေကျဲအခြေစိုက်စခန်းက သေချာပေါက် လက်စားချေလိမ့်မည်။

"အားလုံး... ဇွန်ဘီအမြုတေတွေ ပိုရအောင် ကြိုးစားကြပါ။ ငါ စွမ်းရည်ရှင် ဖြစ်လာမလားဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ်"

ဝေကျန့်ကော်က လူတိုင်းကို အားပေးစကား ဆိုလိုက်သည်။ သူ၏ ဒဏ်ရာများမှာ မသက်သာသေးသဖြင့် သဘာဝအတိုင်း အခြေစိုက်စခန်းတွင်ပင် နေခဲ့ရမည် ဖြစ်၏။

အပြင်သို့ ထွက်မည့် ကော်မတီဝင် အနည်းငယ်သည် အဖွဲ့သုံးဖွဲ့ ခွဲလိုက်ကြသည်။

ရှန့်ဟုန်ပင်းနှင့် လူကန်းတို့က စစ်သည်တစ်စုကို ခေါ်ဆောင်သွားခဲ့၏။ ဖုန်းမင်အန်က ရဲအရာရှိများအဖွဲ့ကို ဦးဆောင်ကာ အခြားအဖွဲ့တစ်ခုအဖြစ် သွားသည်။ ထို့နောက် ဝမ်ထောင် ရှိနေပြီး သူက ဟန်ရွှေကို ခေါ်ကာ နှစ်ယောက်တွဲအဖွဲ့အဖြစ် သွား၏။

ဝမ်ထောင် ၎င်းတို့နှင့် ပူးပေါင်းခြင်း မရှိရသည့် အကြောင်းရင်းမှာ သူသည် ၎င်းတို့၏ တိုက်ခိုက်ရေးပုံစံများကို မကျွမ်းကျင်သောကြောင့် ဖြစ်သည်။

ရှန့်ဟုန်ပင်းနှင့် အခြားလူများသည် စစ်တပ်၏ စည်းစနစ်အတိုင်း လှုပ်ရှားကြပြီး ဖုန်းမင်အန်၏ အဖွဲ့တွင်လည်း ကိုယ်ပိုင် တိုက်ခိုက်ရေးနည်းလမ်းများ ရှိကြ၏။ ဝမ်ထောင် ၎င်းတို့နှင့် ပူးပေါင်းပါက အလွန် စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မည်။

ရိုးရှင်းသော ဥပမာတစ်ခု ပြောရလျှင် ရှန့်ဟုန်ပင်း၏ လက်ဟန်ခြေဟန် တစ်ချက်ဖြင့် အခြားအသင်းဖော်များသည် ဘာလုပ်ရမည်ကို တိတိကျကျ သိကြပေသည်။ သို့သော် ဝမ်ထောင်မှာမူ ဇဝေဇဝါ ဖြစ်နေရုံသာ ရှိလိမ့်မည်။ ၎င်းတို့၏ အမျိုးမျိုးသော နည်းဗျူဟာများနှင့် ကျွမ်းကျင်မှုများကိုမူ ပြောနေရန်ပင် မလိုတော့ချေ။

ဒါကလည်း ၎င်းတို့က စစ်သားများ သို့မဟုတ် ရဲအရာရှိများကိုသာ ခေါ်ဆောင်သွားရသည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့က အခြားသူများကို မခေါ်ချင်၍ မဟုတ်ဘဲ သာမန်အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ စည်းချက်ကို တကယ် မလိုက်နိုင်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာနိုင်သောကြောင့် ဖြစ်၏။

ဝမ်ထောင်၏ခွန်အားအရ သူသည် စည်းမျဥ်းများကို နားမလည်လျှင်ပင် သူတို့ထက်ပိုစွမ်းဆောင်နိုင်မည်မှာ သေချာသော်လည်း သူကိုယ်တိုင် စိတ်အနှောင့်အယှက် ဖြစ်ရသဖြင့် မပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သို့သော် အခြေစိုက်စခန်းတွင် ရှိနေစဉ် ဝမ်ထောင်သည် ဝေကျန့်ကော်ထံမှ စစ်ရေးဗဟုသုတများကို မကြာခဏ တိုင်ပင်ဆွေးနွေးလေ့ ရှိ၏။ နောင်တွင် သူ ရင်းနှီးကျွမ်းဝင်သွားပါက ၎င်းတို့နှင့်အတူ လှုပ်ရှားနိုင်ပေသည်။

"ဘယ်သူမဆို မင်းတို့ မသေချာတဲ့ ဒါမှမဟုတ် မကိုင်တွယ်နိုင်တဲ့ အထူးဇွန်ဘီနဲ့ ကြုံတွေ့ရရင် ငါ့ကို ဆက်သွယ်နိုင်တယ်။ ငါ့မှာ အချိန်ရှိသရွေ့ သေချာပေါက် သွားကူညီမှာပါ"

ဝမ်ထောင်က အခြားလူများကို ပြောလိုက်၏။

"ဒါကတော့ သေချာတာပေါ့။ မင်းက ငါတို့ အခြေစိုက်စခန်းရဲ့ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားပဲ။ ပြဿနာရှိရင် မင်းကို သေချာပေါက် ရှာရမှာပေါ့"

ရှန့်ဟုန်ပင်းက ဝမ်ထောင်၏ ပုခုံးကို ပြင်းထန်စွာ ပုတ်လိုက်ပြီး အခြားလူများအားလုံးလည်း ခေါင်းညိတ်လိုက်ကြသည်။

ဝမ်ထောင်သည် ထိုအဖွဲ့ကို လက်ဝါးချင်းရိုက် နှုတ်ဆက်လိုက်ပြီးနောက် လျိုဟဲထံမှ ကိုယ်တိုင်လုပ် ပိုက်ဗုံးငါးလုံးကို ယူလိုက်၏။

၎င်းတို့မှာ ယခင်မော်ဒယ်ထက် ပိုမို တည်ငြိမ်သော စွမ်းဆောင်ရည်ရှိသည့် မွမ်းမံထားသော ဗားရှင်း ဖြစ်သည်။ လျိုဟဲက ယခင်ကကဲ့သို့ ပြဿနာများ သေချာပေါက် ရှိလာမည်မဟုတ်ကြောင်း အာမခံခဲ့၏။

ဝမ်ထောင်သည် ထိုဗုံးများပေါ်ရှိ အချိန်ကိုက်စနစ်ကို သဘောကျလေသည်။ ၎င်းတို့က လက်ပစ်ဗုံးများထက် ပိုမို အသုံးဝင်လှ၏။ လက်ပစ်ဗုံးများသည် စက္ကန့်အနည်းငယ်သာ အချိန်ပေးသဖြင့် ထွက်ပြေးရန် အချိန်မရှိချေ။

အချိန်ကိုက်ဗုံးများဖြင့်မူ အချိန်အလုံအလောက် ရှိလေသည်။ အချိန်မှတ်စနစ်ကို သတ်မှတ်ပြီးသည်နှင့် သူသည် အဝေးသို့ ထွက်ပြေးနိုင်ပြီး ပေါက်ကွဲမှုကြောင့် မိမိထံသို့ ဇွန်ဘီများ ဆွဲဆောင်လာမည်ကို စိတ်ပူရန် မလိုတော့ချေ။

"သွားကြစို့"

အောက်ထပ်သို့ ရောက်သောအခါ ဝမ်ထောင်က ဟန်ရွှေကို ကားပေါ်သို့ တက်ရန် လက်ဟန်ပြလိုက်၏။

သို့သော် ဟန်ရွှေ၏ ဝတ်စုံကို မြင်လိုက်ရသောအခါ ဝမ်ထောင် ခဏမျှ ကြောင်အသွားရသည်။

ယနေ့တွင် ဟန်ရွှေသည် အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ်တွင် တိုက်ပွဲဝင်အင်္ကျီကိုလည်းကောင်း၊ ခေါင်းတွင်လည်း တိုက်ပွဲဝင်ဦးထုပ်နှင့် နေကာမျက်မှန်ကိုလည်းကောင်း ဝတ်ဆင်ထားကာ မျက်နှာကိုမူ အနက်ရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်ထား၏။ သူမသည် ကျောပေါ်တွင် စနိုက်ပါဒူးလေးတစ်လက်ကို လွယ်ထားပြီး ခါးတွင် ပစ္စတိုသေနတ်၊ ဓားမြှောင်နှင့် မီးသတ်ပုဆိန်တို့ကို ထိုးထည့်ထားကာ ကျော၌ ဒိုင်းငယ်တစ်ခုကို ချည်နှောင်ထားပြန်သည်။

သွေးပမာဏ တိုးပွားလာခြင်းက သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို များစွာ မြှင့်တင်ပေးခဲ့သဖြင့် ထိုအလေးချိန်မှာ သူမအတွက် ဘာမှ ပြဿနာမရှိချေ။

"ဒီဝတ်စုံက တော်တော် မိုက်တာပဲ"

ဝမ်ထောင်က ချီးကျူးလိုက်၏။

ဟန်ရွှေ အနည်းငယ် ဂုဏ်ယူသွားသည်။ ၄င်းသည် မနေ့ကမှ အခြားအသက်ရှင်ကျန်ရစ်သူတစ်ဦးထံမှ ဈေးကြီးပေး၍ ဝယ်ယူခဲ့သော အထူးရဲ အသုံးဆောင်ပစ္စည်းများ ဖြစ်လေသည်။

"ငါ ပြောရဦးမယ်၊ အတူတူ ရပ်နေရင် ငါတို့က တကယ့် စုံတွဲတစ်တွဲနဲ့ တူတယ်"

ဝမ်ထောင်သည်လည်း လက်နက်အပြည့်အစုံ ဆင်ယင်ထားသော်လည်း သူက ဦးခေါင်းခွံပုံစံမျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် လူဆိုးတစ်ယောက်နှင့် ပို၍ တူနေ၏။

ဟန်ရွှေက သူ့ကို မျက်စောင်းထိုးလိုက်ပြီးနောက် ၎င်းတို့နှစ်ဦးစလုံး ကားပေါ်သို့ တက်ကာ အခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့ကြသည်။

ဆယ်မိနစ် ကြာပြီးနောက်။

"အို... ဒီနေ့ ကံကောင်းတာပဲ"

ဝမ်ထောင်သည် လမ်းပေါ်တွင် တူတစ်လက်ကို ကိုင်ဆောင်ထားသော ဘာဆာကာသွေးဆာဇွန်ဘီတစ်ကောင်ကို မြင်လိုက်ရ၏။

【၁၅၀၀/၁၅၀၀】

၎င်း၏ သွေးပမာဏမှာလည်း မမြင့်မားသဖြင့် ဟန်ရွှေအတွက် သူမ၏ စွမ်းရည်သစ်ကို စမ်းသပ်ရန် အကောင်းဆုံးပင် ဖြစ်သည်။

ဟန်ရွှေက ဒူးလေးကို ဝမ်ထောင်ထံသို့ ကမ်းပေးလိုက်ပြီးနောက် ကားပေါ်မှ ဆင်းကာ ကျောပေါ်မှ ဒိုင်းကို ယူ၍ လက်တစ်ဖက်တွင် ဒိုင်းကိုလည်းကောင်း၊ အခြားလက်တစ်ဖက်တွင် မီးသတ်ပုဆိန်ကိုလည်းကောင်း ကိုင်ဆောင်လိုက်၏။

ထို့နောက် သူမသည် အသက်ပြင်းပြင်းရှုကာ သူမ၏ အရှိန်ပြင်းဝင်တိုက်စွမ်းရည်ကို အစပျိုးလိုက်ပြီး အဝေးရှိ ဘာဆာကာသွေးဆာဇွန်ဘီထံသို့ အတင်းဝင်တိုက်ခြင်း ပြုလုပ်လိုက်တော့သည်။

"ယား...ယိစ်..."

ဟန်ရွှေသည် ခြေကန်အားကိုသုံးကာ ဘာဆာကာသွေးဆာဇွန်ဘီထံသို့ အရှိန်အလွန်မြင့်မားစွာဖြင့် ပြေးဝင်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် အဖြူရောင်ကြည်လင်နေသောအလင်းဒိုင်းတစ်ခုမှာ ဟန်ရွှေ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင်မူ။

ဘုန်း....

ဟန်ရွှေသည် ဘာဆာကာသွေးဆာဇွန်ဘီကို အားပြင်းစွာဖြင့် တိုက်မိသွားခဲ့၏။

【-၁၂၀၀】

ဘာဆာကာသွေးဆာဇွန်ဘီမှာ လွင့်ထွက်သွားခဲ့ပြီး ဟန်ရွှေက ရပ်တန့်မနေဘဲ ပုဆိန်လွှဲခုတ်ချက်တစ်ခုဖြင့် ထပ်မံ ပြေးခုတ်လိုက်သည်။

ဒုတ်..

【-၃၀၀】

【၀/၁၅၀၀】

"အိုးမိုင်ဂေါ့... တစ်ချက်တည်းအပြတ်ရှင်းပစ်တာပဲ"

-------

All Chapters