← Chapters

အခန်း ၁၀၉

Vol. 10 Ch. 109

အခန်း ၁၀၉

Vol. 10 Ch. 109

အခန်း (၁၀၉)- ဇွန်ဘီများကို အမဲလိုက်ခြင်းနှင့် စခန်းတစ်ခုကို ရှာတွေ့ခြင်း

"ကျွန်မ.."

ဟန်ရွှေသည် သူမ၏ လက်များကို ကြည့်ရင်း မျက်ဝန်းများထဲတွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ပြည့်နှက်နေ၏။

သူမသည် ထိုဘာဆာကာသွေးဆာဇွန်ဘီကို တစ်ချက်တည်းဖြင့်အပြတ်ရှင်းနိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။အတင်းဝင်တိုက်ခြင်း တစ်ချက်နှင့် ပုဆိန်ခုတ်ချက် တစ်ချက်တည်းသာ ပြုလုပ်ခဲ့သည်မဟုတ်ပါလား။

ဝမ်ထောင်သည် သာမန်ဇွန်ဘီအနည်းငယ်ကို အပြတ်ရှင်းပြီးနောက် ဟန်ရွှေ၏ အနီးသို့ လျှောက်လာကာ သူမကို တစ်ပတ်ပတ်၍ ကြည့်လိုက်သည်။

ဟန်ရွှေသည် ဒဏ်ရာ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိဘဲ သွေးတစ်စက်မျှပင် မကျခဲ့ချေ။ သို့သော် သူမ၏ စွမ်းအင်ကုန်ဆုံးမှုမှာမူ အလွန် မြင့်မားလှ၏။ အရှိန်ပြင်းအတင်းဝင်တိုက်ခြင်း တစ်ကြိမ်လျှင် ဟန်ရွှေ၏ စွမ်းအင်ပမာဏ ၃၀ ခန့် ကုန်ဆုံးစေသည်။ သူမ၏ လက်ရှိ စွမ်းအင်ပမာဏဖြင့်ဆိုလျှင် ၎င်းကို ခြောက်ကြိမ်သာ အသုံးပြုနိုင်ပေလိမ့်သည်။

သို့သော် စွမ်းအင်ပမာဏနှင့် သွေးပမာဏမှာ မတူညီကြချေ။ သွေးပြန်လည်ဖြည့်တင်းခြင်းမှာ အလွန် နှေးကွေးလှပြီး အကယ်၍ တစ်ဦးတစ်ယောက်သည် ဒဏ်ရာရရှိထားလျှင် သို့မဟုတ် ဆာလောင်နေလျှင် ပြန်လည်ပြည့်တင်းလာမည်ပင် မဟုတ်ချေ။

အခြားတစ်ဖက်တွင်မူ စွမ်းအင်ပမာဏသည် နှေးကွေးစွာဖြင့် အဆက်မပြတ် ပြန်ပြည့်လာတတ်သည်။ ပြန်လည်ပြည့်တင်းမှုအရှိန်မှာ စွမ်းရည်ရှင် တစ်ယောက်နှင့် တစ်ယောက် မတူညီကြဘဲ ကွဲပြားပုံရ၏။ ဝမ်ထောင်ကဲ့သို့ လူမျိုးအတွက်မူ လုံးဝ ပြန်လည်ပြည့်တင်းရန် ခြောက်နာရီခန့် ကြာမြင့်တတ်သည်။ ဟန်ရွှေသည်လည်း ၎င်းနှင့် အတူတူပင် ဖြစ်၏။

"မင်း ဒဏ်ရာမရဘူးမှတ်လား"

ဝမ်ထောင်သည် ဟန်ရွှေ၏ သွေးဘားတန်း လျော့ကျသွားခြင်းကို မမြင်ရသော်လည်း သူမ၏ အခြေအနေကို မေးလိုက်မိသည်။

"မရပါဘူး..."

ဟန်ရွှေက ချက်ချင်းခေါင်းခါပြလိုက်၏။

"လန်းတယ်"

ဝမ်ထောင်က သူမကို လက်မထောင်ပြလိုက်သည်။

"..."

ဟန်ရွှေမှာ အနည်းငယ် ကြောင်အနေဆဲပင် ။

ဟန်ရွှေ အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် ဇွန်ဘီခေါင်းထဲမှ ခရမ်းရောင် အမြုတေတစ်ခုကို သွားရောက် ထုတ်ယူလိုက်သည်။

【အဆင့် ၁ အမြုတေ · ရိုက်ခတ်လှိုင်း】

【အရည်အသွေး - ထူးချွန် (၆၀ ရာခိုင်နှုန်း)】

【သန့်စင်မှု - ၅၀ ရာခိုင်နှုန်း (ဘေးထွက်ဆိုးကျိုး - အလင်းကြောက်ရောဂါ)】

ဝမ်ထောင်၏ လက်ထဲတွင် တုန်ခါလှိုင်းအမြုတေများအနက် အဖြူရောင် (၂၀ ရာခိုင်နှုန်း) တစ်ခုနှင့် အပြာရောင် (၄၀ ရာခိုင်နှုန်း) တစ်ခု ရှိနေပြီး ဖြစ်၏။ ထိုအမြုတေသည် သူ နောက်ထပ် မော်ကွန်းဝင်အဆင့်အမြုတေတစ်ခု ပေါင်းစပ်ရန်အတွက် အတိအကျ လိုအပ်နေသောအရာ ဖြစ်ပေသည်။

ဝမ်ထောင်သည် ထိုအမြုတေကို အားမနာတမ်း သိမ်းဆည်းလိုက်၏။

"သွားကြစို့"

ကားဆီသို့ ပြန်ရောက်သောအခါ ဝမ်ထောင်က စတီယာရင်ကို ကိုင်လိုက်သည်။

ဟန်ရွှေသည် သူမ၏ လက်အိတ်များကို ချွတ်လိုက်ပြီး ဖြူစင်နုနယ်သော လက်များကို ကြည့်ကာ ရုတ်တရက်ပ ပျော်ရွှင်စွာ ပြုံး၏။

သူမသည် ယခုအခါ အထူးဇွန်ဘီတစ်ကောင်ကို တစ်ချက်တည်းဖြင့်အပြတ်ရှင်းနိုင်သူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

"အခု ဘယ်လိုခံစားရလဲ"

ဝမ်ထောင်က ပြုံးလျက် မေးလိုက်၏။

"ကောင်းတယ်... ကျွန်မ ဒီလိုမျိုး တစ်ခါမှ မခံစားဖူးဘူး။ ပြီးတော့ ဒဏ်ရာလည်းမရခဲ့ဘူး။ ဒါက တကယ် အံ့ဩဖို့ကောင်းတယ်"

ဟန်ရွှေသည် သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်နှာလေးတစ်ခုလုံးတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

ဝမ်ထောင်ကတော့ ၎င်းမှာ မိမိ၏ တုန်ခါလှိုင်းစွမ်းရည်က မိမိကို ထိခိုက်မှု မရှိစေစေသကဲ့သို့ဖြစ်ပြီး စွမ်းရည်များ၏ အထူးအာနိသင်တစ်ခု ဖြစ်နိုင်သည်ဟု တွေးမိသည်။ ဟန်ရွှေ၏ အရှိန်ပြင်းဝင်တိုက်ခြင်းစွမ်းရည်သည်လည်း သူမကို ထိခိုက်စေမည်မဟုတ်ပါ။

ခဏတာမျှ ပျော်ရွှင်ပြီးနောက် ဟန်ရွှေက ဝမ်ထောင်ကို ကြည့်ကာ စကားဆို၏။

"ကျွန်မထင်တာတော့... ရှင်သာ ဒီအရှိန်ပြင်းဝင်တိုက်ခြင်းစွမ်းရည်ကို သုံးမယ်ဆိုရင် ပိုပြီး စွမ်းအားကြီးမှာ သေချာတယ်..."

သူမ၏ ခွန်အားဖြင့်ပင် သွေးပမာဏ ၁၅၀၀ ရှိသော အထူးဇွန်ဘီကို တစ်ချက်တည်းဖြင့်အပြတ်နိုင်ခဲ့ရာ ဝမ်ထောင်သည် ပို၍ သန်မာသဖြင့် သူဖြစ်ပေါ်စေမည့် ထိခိုက်မှုမှာ ပို၍ မြင့်မားမည်မှာ သေချာသည်။

"ဘာမှမဖြစ်ပါဘူး။လိုအပ်ရင် ငါ အရှိန်ပြင်းအမြုတေ နောက်ထပ် နှစ်ခုလောက် ထပ်ရှာတာပေါ့"

ဝမ်ထောင်က လက်ကို ဝှေ့ယမ်းရင်း အေးအေးဆေးဆေး ပြောလိုက်၏။

ဟန်ရွှေ စိတ်လှုပ်ရှားသွားသော်လည်း ဘာမှ ထပ်မပြောတော့ပါ။ အားလုံးခြုံကြည့်လျှင် ဝမ်ထောင်က သူမကို လိမ္မော်ရောင်အမြုတေတစ်ခု ပေးခဲ့သောကြောင့်သာ ယခုလိုစွမ်းရည်ကို ရရှိခဲ့ခြင်းပင်။

သူမသည် ဝမ်ထောင်အတွက် ဇွန်ဘီအမြုတေများ ပိုမိုရရှိအောင် ကူညီပေးမည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်မိသည်။

လောလောဆယ်မှာတော့ သူတို့သည် အထူးဇွန်ဘီများကို အမဲလိုက်နေခြင်း ဖြစ်သဖြင့် ဇွန်ဘီများ ပိုမိုများပြားသော နေရာများသို့ ဦးတည်သွားရမည် ဖြစ်၏။ သို့သော် ဇွန်ဘီများအလွန်းများပြားခြင်းမှာ အန္တရာယ် ပို၍ကြီးမားသည်ဟု ဆိုလိုသဖြင့် ၎င်းတို့နှစ်ဦးသည် ဖြည်းဖြည်းချင်းသာ လှုပ်ရှားခဲ့ကြသည်။

ဝမ်ထောင်သည် လမ်းပေါ်ရှိ သာမန်ဇွန်ဘီများကိုတွေ့တိုင်း ဟန်ရွှေကိုသာ တတ်နိုင်သမျှ ကိုင်တွယ်ဖြေရှင်းခိုင်းခဲ့၏။ ဟန်ရွှေသည် သာမန်ဇွန်ဘီများကို ရှင်းလင်းလျှင်ပင် သွေးပမာဏ တိုးပွားလာမည် ဖြစ်ပြီး ဝမ်ထောင်ကတော့ သွေးပမာဏ ထပ်မံ မရရှိတော့သဖြင့် သူရှင်းလင်းပါက အနည်းငယ် ဖြုန်းတီးရာကျပေလိမ့်မည်။

မကြာမီ ဟန်ရွှေ၏ သွေးပမာဏမှာ 【၇၀၀/၇၀၀】 သို့ ရောက်ရှိသွားခဲ့၏။

မိမိ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု သိသိသာသာ တိုးတက်လာသည်ကို ခံစားမိသောအခါ ဟန်ရွှေသည် ဝမ်ထောင်ကို ကြည့်သော အကြည့်များတွင် ကျေးဇူးတင်မှုနှင့် အနည်းငယ်ခံစားချက်များပါသော အရိပ်အယောင်များ ပါဝင်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဝမ်ထောင်သည် ထိုအရာအားလုံးကို သူမအား ရည်ရွယ်ချက်ရှိရှိ ပေးအပ်ခဲ့ခြင်းကြောင်း သူမသဘောပေါက်သောကြောင့်ဖြစ်သည်။

"ဝိုး... အထူးဇွန်ဘီ နောက်တစ်ကောင်နဲ့ တွေ့ပြန်ပြီ"

ရှေ့ရှိ လမ်းကြားထဲမှ အခြေအနေကို မြင်သောအခါ ဝမ်ထောင် ပြုံးလိုက်မိသည်။

တိုက်စားတတ်သောအက်စစ်မိုး ရွာသွန်းပြီးကတည်းက အပြင်ဘက်ရှိ အရာအတော်များများမှာ တိုက်စားခြင်း ခံခဲ့ရပြီး အပင်များမှာ များစွာ ကြီးထွားလာခဲ့ကာ ဇွန်ဘီများ၏ သွေးပမာဏမှာလည်း ယေဘုယျအားဖြင့် တိုးပွားလာခဲ့၏။ ထို့အတူပင် အထူးဇွန်ဘီ အရေအတွက်မှာလည်း တိုးပွားလာနေခဲ့သည်။

ယခင်က အထူးဇွန်ဘီများနှင့် ကြုံတွေ့ရမည့် ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးခဲ့သော်လည်း ယခုအခါတွင်မူ အနည်းငယ် ပိုမိုလှုပ်ရှားရုံမျှဖြင့် ရှာတွေ့နိုင်ပေသည်။

ထိုလမ်းကြားထဲတွင် အထူးဇွန်ဘီနှစ်ကောင် ရှိနေ၏။ တစ်ကောင်မှာ ပေါက်ကွဲတတ်သောဇွန်ဘီ ဖြစ်ပြီး အခြားတစ်ကောင်မှာမူ ဗိုက်ပူဇွန်ဘီ ဖြစ်သည်။

【၃၀၀၀/၃၀၀၀】【၂၅၀၀/၂၅၀၀】

ထိုဇွန်ဘီနှစ်ကောင်စလုံးတွင် သွေးပမာဏ တော်တော်များများ ရှိနေကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ပိုမို ဆွေးမြည့်နေခဲ့၏။

ဝမ်ထောင်၏အတွေးဖြစ်သော တိုက်စားအက်စစ်မိုးမိထားသည့် ဇွန်ဘီများ၏ သွေးပမာဏမှာ တိုးပွားလာမည်ဖြစ်ပြီး မိုးမမိထားသော ဇွန်ဘီများမှာမူ အပြောင်းအလဲ သိပ်မရှိနိုင်ဟုသော အချက်က မှန်နေပုံရ၏။

ထိုဇွန်ဘီနှစ်ကောင်မှာ မိုးမိထားသည်မှာ သေချာလေသည်။ ကောဟွာ၏တိုက်ခန်းဝင်း စင်္ကြံလမ်းတွင် ကြုံတွေ့ခဲ့ရသော ဘာဆာကာသွေးဆာဇွန်ဘီမှာ သွေးပမာဏ ၁၀၀၀ သာ ရှိခဲ့ရာ ၎င်းမှာ မိုး လုံးဝမမိခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

"ဒါတွေကို ဘယ်လို သတ်ကြမလဲ..."

ဟန်ရွှေသည် စမ်းသပ်ချင်စိတ်များ ပြင်းပြနေ၏။

သူမ၏ ခွန်အား တိုးပွားလာပြီးနောက် သူမသည် အနည်းငယ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲလာခဲ့သည်။ ယခင်က သူမသည် အသေခံဇွန်ဘီနှင့် တတ်နိုင်သမျှ ဝေးဝေးနေလေ့ရှိသော်လည်း ယခုအခါတွင်မူ ၎င်းတို့ကို မည်သို့ ကိုင်တွယ်ရမည်ကို တွေးတောနေပြီ ဖြစ်၏။

"ဒါကို စမ်းကြည့်..."

ဝမ်ထောင်သည် ရုတ်တရက် ဝါစိမ်းရောင် အကျိအချွဲအတုံးတစ်ခုကို ထုတ်ယူလိုက်သည်။

"အယ်... ဒါက ဘာလဲ"

ဟန်ရွှေ စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။

"အကျွိအချွဲလက်ပစ်ဗုံးပဲ"

ထိုပစ္စည်းမှာ သူ ကောရှင်းကို သတ်စဉ်က ရရှိခဲ့သော ပစ္စည်းများ ဖြစ်သော်လည်း ဝမ်ထောင် အသုံးပြုရန် အခွင့်အရေး မရသေးချေ။

ယခုတစ်ကြိမ် အခြေစိုက်စခန်းသို့ ပြန်ရောက်ပြီးနောက် သူသည် ဖုန်းမင်အန်နှင့် စကားပြောခဲ့ဖူး၏။

ဖုန်းမင်အန်က ပေါက်ကွဲတတ်သောဇွန်ဘီများကို သတ်ဖြတ်နိုင်မည့် နည်းလမ်းတစ်ခုကို ပြောပြခဲ့သည်။ ဖုန်းမင်အန်သည် ပေါက်ကွဲတတ်သောဇွန်ဘီထံသို့ တိတ်တဆိတ် ချဉ်းကပ်ပြီးနောက် ရုတ်တရက် အကျိအချွဲများဖြင့် တစ်ကိုယ်လုံးကို အန်ချကာ ၎င်းကို အတင်းအကျပ် ဖိနှိပ်ထားလေ့ရှိ၏။

ထိုအခြေအနေမျိုးတွင် ပေါက်ကွဲတတ်သောဇွန်ဘီသည် ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း လုံးဝ မပြုလုပ်နိုင်တော့ချေ။

သို့သော် ကပ်နေသည့်အချိန်မှာ မကြာလှပါ။ ဖုန်းမင်အန်က ၎င်းတို့ကို တစ်မိနစ်ခန့်သာ ဖိနှိပ်ထားနိုင်သည်ဟု ပြောခဲ့၏။ သို့သော် ထိုတစ်မိနစ်မှာ ၎င်းတို့ ပေါက်ကွဲတတ်သောဇွန်ဘီကို သတ်ဖြတ်ပြီး ထွက်ပြေးရန်အတွက် လုံလောက်ပေသည်။

ဝမ်ထောင်သည် အကျွိအချွဲလက်ပစ်ဗုံး၏ အာနိသင်မှာ ဖုန်းမင်အန်၏ စွမ်းရည်နှင့် တူညီလိမ့်မည်ဟု ခံစားရသဖြင့် စမ်းသပ်ရန် ပြင်ဆင်လိုက်ခြင်းပင်။

သို့သော် ဝမ်ထောင်သည် ယခုတစ်ကြိမ်တွင် ၎င်းမှာ အလုပ်ဖြစ်မဖြစ် မသေချာသေးသဖြင့် ဟန်ရွှေကို​တိုက်ခိုက်ရန် ခွင့်မပြုခဲ့ပါ။

အကယ်၍ အာနိသင် ပျက်ပြယ်သွားပြီး အသေခံဇွန်ဘီအား ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း ဖြစ်စေခဲ့ပါက သူသည် ဟန်ရွှေကို ကားမောင်းပြီး ခေါ်ထုတ်သွားရန် အားကိုးရမည် ဖြစ်၏။

"ကားထဲမှာပဲ နေပြီး ငါ့ကို အချိန်မရွေး လာခေါ်ဖို့ အဆင်သင့်ပြင်ထားပါ"

ဝမ်ထောင် ကားပေါ်မှ ဆင်းလိုက်သည်။

"ကောင်းပြီ"

ဟန်ရွှေ ချက်ချင်းပင် ကားမောင်းသူနေရာသို့ပြောင်းထိုင်လိုက်၏။

အခြေအနေကို အကဲဖြတ်ပြီးနောက် ဝမ်ထောင်သည် လမ်းကြားအပြင်ဘက်ရှိ သာမန်ဇွန်ဘီလှိုင်းကို ရှင်းလင်းရန် ၎င်း၏ လက်ပစ်ဒူးလေးကို အရင်ဆုံး အသုံးပြုလိုက်သည်။

လက်ပစ်ဒူးလေးကို အသုံးပြုရသည်မှာ တကယ်ကို ကောင်းမွန်လှ၏။ တစ်ချက်တည်းသတ်ပစ်ရုံသာဖြစ်ပြီး ထိုဇွန်ဘီများမှာ လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိကြချေ။

ဇွန်ဘီများကို ရှင်းလင်းပြီးနောက် ဝမ်ထောင်သည် မြှားတံအားလုံးကို ပြန်လည် သိမ်းဆည်းရန် လျင်မြန်စွာ သွားရောက်ခဲ့၏။ သူသည် မိမိ၏ အရင်းအမြစ်များကို သေချာစွာ စီမံခန့်ခွဲတတ်သော လူတစ်ယောက် ဖြစ်သည်။

ထို့နောက် ဝမ်ထောင်သည် အိမ်တစ်အိမ်၏ အမိုးပေါ်သို့ တက်ခဲ့၏။ အသေခံဇွန်ဘီ၏ တည်နေရာကို စစ်ဆေးပြီးနောက် သူသည် အလွန်အမင်း နီးကပ်စွာ မသွားရဲချေ။ အကွာအဝေး အဆင်ပြေပြီဟု ခံစားရသောအခါ သူသည် အကျွိအချွဲလက်ပစ်ဗုံးကို ထုတ်ယူလိုက်သည်။

ခန့်မှန်းတည်နေရာသို့ ချိန်ရွယ်ပြီးနောက် ဝမ်ထောင်သည် ၎င်းကို အောက်သို့ တည့်တည့် ပစ်ချလိုက်၏။

ဗွက်....

အကျွိအချွဲလက်ပစ်ဗုံးသည် အထူးဇွန်ဘီနှစ်ကောင်၏ ကြားသို့ ကျရောက်သွားပြီး ချက်ချင်းပင် ပေါက်ကွဲသွားခဲ့သည်။

ဗွက်—

ဗုံးထဲမှ အဖြူရောင် အကျိအချွဲအမြောက်အမြားမှာ ပေါက်ကွဲထွက်လာခဲ့ပြီး လေးမီတာမှ ငါးမီတာခန့် အချင်းရှိသော နေရာတစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့၏။

အထူးဇွန်ဘီနှစ်ကောင်နှင့် ပတ်ဝန်းကျင်ရှိ သာမန်ဇွန်ဘီ တစ်ဆယ်ကျော်စလုံးမှာ အဖြူရောင် အကျိအချွဲများဖြင့် ဖုံးလွှမ်းသွားပြီး မလှုပ်ရှားနိုင်ကြတော့ချေ။ ပေါက်ကွဲတတ်သောဇွန်ဘီသည် ၎င်း၏ ခန္ဓာကိုယ်ကိုပင် ကြီးထွားအောင် မလုပ်နိုင်တော့ပါ။

"အကျွိအချွဲလက်ပစ်ဗုံး ပေါက်ကွဲတာက ဆူညံသံ မရှိဘဲ အားလုံးကို ဖိနှိပ်ထားနိုင်တယ်။ အလုပ်ဖြစ်တယ်"

၄င်းကို မြင်သောအခါ ဝမ်ထောင် အလွန်ဝမ်းသာသွားခဲ့၏။

သူသည် ဆယ်စက္ကန့်ခန့် စောင့်ဆိုင်းပြီးနောက် ပုဆိန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အမိုးပေါ်မှ ခုန်ချလိုက်သည်။

အကျိအချွဲ၏ စေးကပ်မှုမှာ ပထမဆုံး ငါးစက္ကန့်အတွင်း အပြင်းထန်ဆုံး ဖြစ်၏။ ငါးစက္ကန့် ကြာပြီးနောက် လေထုနှင့် ထိတွေ့နေသော အကျိအချွဲများသည် ဖြည်းညှင်းစွာ စတင်ခဲလာပြီး အစိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းကပ်နေသောအရာများသည် မလှုပ်ရှားနိုင်သော်လည်း အကျိအချွဲ၏ မျက်နှာပြင်မှာမူ စေးကပ်ခြင်း မရှိတော့ချေ။ ဝမ်ထောင်သည် ယခုအခါ အောက်သို့ ဆင်းသည့်အခါ သူ့အားကပ်နေမည်ကို စိတ်ပူရန် မလိုတော့ပေ။

ဘုန်း။

ဝမ်ထောင်သည် အဝလွန်ဇွန်ဘီ၏ ပုခုံးပေါ်သို့ တည့်တည့် ကျရောက်သွားပြီး ၎င်း၏ ဦးခေါင်းသို့ အရှိန်ပြင်းပုဆိန်ခုတ်ချက်တစ်ခု ပေးလိုက်၏။

ဒုတ်..

【-၂၁၄၃】

【၃၅၇/၂၅၀၀】

ထိုပုဆိန်ခုတ်ချက်တစ်ချက်တည်းကပင် ၎င်းကို သေလုနီးပါး ဖြစ်သွားစေခဲ့သည်။

၎င်းသည် မသေသေးသော်လည်း သွေးအနည်းငယ်သာ ကျန်ရှိတော့၏။

"သူ့ရဲ့ ခုခံမှုက ဒီလောက်တောင် နိမ့်တာလား"

ဝမ်ထောင်သည် ပုဆိန်ကို ထပ်မံ လွှဲခုတ်လိုက်ရာ သွေးဘားတန်းမှာ ချက်ချင်းပင် ကုန်ဆုံးသွားခဲ့သည်။

【-၃၅၇】

【၀/၂၅၀၀】

အထူးဇွန်ဘီကို သတ်ပြီးနောက် ဝမ်ထောင်သည် သေချာကြည့်ရန်ပင် အချိန်မရဘဲ ပေါက်ကွဲတတ်သောဇွန်ဘီ၏ ဘေးသို့ ချက်ချင်း ခုန်ကူးလိုက်၏။

သူ၏ ပုဆိန်ကို လွှဲခုတ်လိုက်စဉ် ဝမ်ထောင်၏ ပုဆိန်ကို ဗဟိုပြု၍ ရိုက်ခတ်လှိုင်းတစ်ခုမှာ အပြင်ဘက်သို့ ဖြာထွက်သွားခဲ့သည်။

【-၂၃၂၉】

【-၁၀၀၀】

【-၁၀၀၀】

【-၁၀၀၀】

【...】

ပေါက်ကွဲတတ်သောဇွန်ဘီ၏ ခုခံမှုမှာ အမှန်ပင် နိမ့်လှ၏။ ဝမ်ထောင်သည် ပုဆိန်တစ်ချက် လွှဲခုတ်ရုံမျှဖြင့် ထိခိုက်မှု ၂၃၀၀ အထိ ဖြစ်ပေါ်စေခဲ့သည်။

သူသည် တုံ့ဆိုင်းမနေဘဲ ပုဆိန်ဖြင့် ထပ်မံ ခုတ်လိုက်၏။

ဒုတ်..

【-၆၇၄】

【၀/၃၀၀၀】

အသေခံဇွန်ဘီကို အပြတ်ရှင်းပြီးနောက် အခြား သာမန်ဇွန်ဘီများကိုလည်း ရိုက်ခတ်လှိုင်းဖြင့် ရှင်းလင်းပြီးသား ဖြစ်သွားသည်။ ဝမ်ထောင်သည် ပစ္စည်းများအားလုံးကို သိမ်းဆည်းပြီး ချက်ချင်း ထွက်ပြေးခဲ့၏။

ဟန်ရွှေကလည်း ကားကို အနီးအနားသို့ မောင်းလာခဲ့ပြီး တံခါးကို ကြိုဖွင့်ပေးထားခဲ့သည်။

ဝမ်ထောင် လျင်မြန်စွာ ဝင်ထိုင်လိုက်၏။

"မောင်း... မောင်း... မောင်း..."

ဝူး ဝူး...

ဟန်ရွှေက လီဗာကို နင်းလိုက်ရာ ကားမှာ အရှိန်ပြင်းစွာဖြင့် ထွက်ခွာသွားခဲ့သည်။

သုံးမိနစ်ခန့် မောင်းနှင်ပြီးနောက် ၎င်းတို့သည် အဝေးမှ ပြင်းထန်သော "ဘုန်း" ဟူသည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။

"အသေခံဇွန်ဘီ ပေါက်ကွဲသွားပြီ"

ဝမ်ထောင် ခေါင်းညိတ်လိုက်သည်။ သူသည် အကျွိအချွဲလက်ပစ်ဗုံး၏ အာနိသင်ကို တော်တော်လေး ကျေနပ်မိ၏။ အသေခံဇွန်ဘီကို သုံးမိနစ်ခန့် ပိတ်လှောင်ထားနိုင်ခြင်းမှာ အဝေးသို့ ထွက်ပြေးရန်အတွက် အချိန်အလုံအလောက် ရလေသည်။

"ရှင့်ရဲ့ အကျွိအချွဲလက်ပစ်ဗုံးက တကယ်ကို စွမ်းတာပဲ"

ဟန်ရွှေသည် ဝမ်ထောင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သဖြင့် အကျွိအချွဲလက်ပစ်ဗုံး၏ အာနိသင်ကို အလွန်အံ့ဩနေခဲ့၏။

ဝမ်ထောင်က ထိုအထူးဇွန်ဘီနှစ်ကောင်ကို သေလုနီးပါး ဖြစ်အောင် သတ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍မူ ဟန်ရွှေ အံ့ဩခြင်း မရှိချေ။ အားလုံးခြုံကြည့်လျှင် သူမကိုယ်တိုင်ပင် အထူးဇွန်ဘီကို တစ်ချက်တည်းဖြင့်အပြတ်ရှင်းခြင်း ပြုလုပ်နိုင်ခဲ့ရာ ဝမ်ထောင်လည်း ပြုလုပ်နိုင်သည်မှာ သဘာဝကျလှပေသည်။

သူမသည် သွေးဘားတန်းများကို မမြင်ရသဖြင့် ဝမ်ထောင် ယခုလေးတင် သတ်လိုက်သော ဇွန်ဘီနှစ်ကောင်တွင် သွေးပမာဏ မည်မျှရှိသည်ကိုတော့ မသိရှိချေ။

သို့သော် ပြန်တွေးကြည့်လျှင် ဝမ်ထောင်သည် ထိုအထူးဇွန်ဘီနှစ်ကောင်၏ ခုခံမှုမှာ အလွန် နိမ့်လှသည်ဟု ခံစားရသည်။

သူသည် ယခင်က ဘာဆာကာသွေးဆာဇွန်ဘီကို ပုဆိန်ဖြင့် ခုတ်ခဲ့စဉ်က ထိခိုက်မှု လေးငါးရာခန့်သာ ဖြစ်ပေါ်စေခဲ့၏။ ယခုအခါ သူ၏ ခွန်အား တိုးတက်လာသဖြင့် ပို၍ မြင့်မားသင့်သော်လည်း ဤမျှလောက်ထိတော့ မများပြားသင့်ချေ။

သို့သော် ထိုဇွန်ဘီနှစ်ကောင်မှာမူ သူ၏ ပုဆိန်လွှဲခုတ်ချက်တိုင်း၌ သွေးပမာဏ နှစ်ထောင်ကျော်အထိ လျော့ကျခဲ့သည်။

အမြင့်မှ ခုန်ချခြင်းအတွက် အပိုဆောင်းအကျိုးခံစားခွင့် ရှိသော်လည်း ထိခိုက်မှုမှာ ဤမျှ မမြင့်မားသင့်ချေ။ ထိုဇွန်ဘီနှစ်ကောင်၏ ခုခံမှုမှာ သိသိသာသာ ပို၍ နိမ့်ပါးနေခြင်း ဖြစ်၏။

ဝမ်ထောင်သည် ဟန်ရွှေကို ဇွန်ဘီများ ရှာဖွေရန် ဆက်လက် မောင်းနှင်စေပြီး သူကမူ ယခုတစ်ကြိမ် ရရှိခဲ့သော ပစ္စည်းများကို ကြည့်လိုက်သည်။

ထိုဇွန်ဘီနှစ်ကောင်စလုံးသည် ဝမ်ထောင်ကို သွေးပမာဏ ၆၀ စီ တိုးပွားစေခဲ့ရာ စုစုပေါင်း ၁၂၀ ဖြစ်၏။ ဝမ်ထောင်၏ သွေးပမာဏမှာ ယခုအခါ 【၁၄၆၀/၁၄၆၀】 သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အခြား ပစ္စည်းများလည်း ရခဲ့သေး၏။

【အဆင့် ၁ အမြုတေ · ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း】

【အရည်အသွေး - သာမန် (၂၀ ရာခိုင်နှုန်း)】

【သန့်စင်မှု - ၅၀ ရာခိုင်နှုန်း (ဘေးထွက်ဆိုးကျိုး - မရှိ)】

အသေခံဇွန်ဘီထံမှ ကျဆင်းလာသော အမြုတေမှာ သာမန်အရည်အသွေး ဖြစ်သဖြင့် သူ၏ ကံမှာ သိပ်မကောင်းလှချေ။

သို့သော် အသေခံဇွန်ဘီ၏ အမြုတေမှာ အဓိက မဟုတ်ဘဲ ၎င်းချပေးခဲ့သော အထုပ်မှာ အဓိက ဖြစ်၏။

ဝမ်ထောင်သည် ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း အမြုတေများကို အမြောက်အမြား ရရှိဖူးသော်လည်း အသေခံဇွန်ဘီကို သူ့လက်ဖြင့်သတ်ဖူးခြင်းမှာ ယခုက ပထမဆုံးအကြိမ် ဖြစ်သဖြင့် ၎င်းက ဘာပစ္စည်းများ ချပေးမည်ကို စူးစမ်းလိုနေခဲ့သည်။

【ရရှိသည် - အသေခံဗုံးပုံကြမ်း *၁】

【ရရှိသည် - အသေခံနှလုံးသား *၁】

【ရရှိသည် - အသေခံဗုံး *၅】

အသေခံဇွန်ဘီသည် ပစ္စည်းသုံးမျိုး ချပေးခဲ့ပြီး ၎င်းတို့အားလုံးမှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှ၏။

ဝမ်ထောင်သည် တိကျသော ဖော်ပြချက်များကို ကြည့်လိုက်သည်။

【အသေခံဗုံးပုံကြမ်း - အသေခံဗုံး ၁၀ လုံး ပြုလုပ်နိုင်သည်။ လိုအပ်သော ကုန်ကြမ်းများ - အသေခံနှလုံးသား *၁၊ အမြုတေ *၁၊ အသား ၁၀ ကီလိုဂရမ်၊ သတ္တု ၅ ကီလိုဂရမ်】

【အသေခံနှလုံးသား - ပြုလုပ်ရန် ကုန်ကြမ်း】

【အသေခံဗုံး - တည်ငြိမ်မှု အလွန် ဆိုးဝါးသော ဇီဝဗုံးတစ်မျိုး ဖြစ်သည်။ အစပျိုးပြီး တစ်နာရီအတွင်း ဆူညံသံ၊ တုန်ခါမှု သို့မဟုတ် ထိတွေ့မှုများ ရှိပါက ပေါက်ကွဲသွားလိမ့်မည်။ အကယ်၍ မပေါက်ကွဲပါက တစ်နာရီ ကြာပြီးနောက် အလိုအလျောက် ပေါက်ကွဲစေခြင်း ဖြစ်လိမ့်မည်။】

ထိုအသေခံဗုံး၏ အရည်အသွေးများကို မြင်သောအခါ ဝမ်ထောင် မအံ့ဩဘဲ မနေနိုင်တော့ချေ။

ဒီအရာက ရန်သူနှင့် မိတ်ဆွေကို ခွဲခြားနိုင်ပုံမရချေ။

၎င်းသည် အနည်းငယ် နှောင့်ယှက်မှု ရှိရုံမျှဖြင့် ပေါက်ကွဲသွားတတ်ရာ အသေခံဇွန်ဘီနှင့် အတူတူပင် မဟုတ်ပါလား။ အားလုံးခြုံကြည့်လျှင် အသေခံဇွန်ဘီသည် လန့်သွားသည်နှင့် တပြိုင်နက် အလွန် လျင်မြန်စွာ ပေါက်ကွဲသွားတတ်သည်။

အကယ်၍ ကောင်းစွာ အသုံးပြုနိုင်ပါက ၄င်းက အစုလိုက်အပြုံလိုက်သေကြေစေသောလက်နက်တစ်ခု ဖြစ်လာနိုင်ပေသည်။ သို့သော် ကောင်းစွာ မသုံးနိုင်ပါက အသုံးပြုသူကို အရင် ထိခိုက်စေနိုင်၏... အသေခံဗုံးပုံကြမ်းအတွက် လိုအပ်သော အဓိကကုန်ကြမ်းမှာ အသေခံနှလုံးသား ဖြစ်ပြီး အသေခံဇွန်ဘီက တစ်ခုကို ကံကောင်းထောက်မစွာ ချပေးခဲ့သည်။ တစ်နည်းအားဖြင့် အခြား ကုန်ကြမ်းများ အဆင်သင့်ဖြစ်ပါက ဝမ်ထောင် ပြုလုပ်နိုင်ပေသည်။

သို့သော် လိုအပ်သော အသား ၁၀ ကီလိုဂရမ်ကို မြင်သောအခါ ဝမ်ထောင်သည် ဇွန်ဘီအသားကို သုံး၍ ရမရ တွေးတောမိသည်။ အားလုံးခြုံကြည့်လျှင် သာမန်တိရစ္ဆာန်အသားမှာ အစားအစာ ဖြစ်ပြီး သူကိုယ်တိုင်ပင် လုံလောက်အောင် မရှိသဖြင့် ထိုသို့ မဖြုန်းတီးနိုင်ချေ... ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဝမ်ထောင်သည် အခြား အထူးဇွန်ဘီချပေးသော ပစ္စည်းများကို ကြည့်လိုက်၏။

ပထမဆုံးမှာ ခရမ်းရောင် အမြုတေတစ်ခု ဖြစ်သည်။

【အဆင့် ၁ အမြုတေ · အကျိအချွဲအန်ခြင်း】

【အရည်အသွေး - ထူးချွန် (၆၀ ရာခိုင်နှုန်း)】

【သန့်စင်မှု - ၅၀ ရာခိုင်နှုန်း (ဘေးထွက်ဆိုးကျိုး - ဗိုက် ကြီးထွားလာမည်၊ ခုခံမှု လျော့ကျမည်)】

"ဟင်..."

ထိုဇွန်ဘီထံမှ ရရှိသောအရာကို မြင်သောအခါ ဝမ်ထောင် အနည်းငယ် အံ့ဩသွားရ၏။

၎င်းမှာ အကျိအချွဲအန်သောဇွန်ဘီ ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သူသည် ထိုကဲ့သို့သော ဇွန်ဘီမျိုးကို တစ်ခါမျှ မမြင်ဖူးသလို စစ်တပ်၏ ပုံပြလမ်းညွှန်တွင်လည်း ထည့်သွင်းဖော်ပြထားခြင်း မရှိသဖြင့် ဝမ်ထောင် တွေးမိခြင်း မရှိခဲ့ချေ။

သို့သော် ပြန်တွေးကြည့်လျှင် အကျိအချွဲအန်ခြင်း၏ ဘေးထွက်ဆိုးကျိုးမှာ ခုခံမှု လျော့ကျခြင်း ဖြစ်သဖြင့် သူ၏ ပုဆိန်က အကျိအချွဲအန်သောဇွန်ဘီအပေါ် ထိခိုက်မှု နှစ်ထောင်ကျော် ဖြစ်ပေါ်စေခဲ့ခြင်းမှာ သဘာဝကျလှပေသည်။

ထိုအကျိအချွဲအန်ခြင်း အမြုတေမှာ သူ့အတွက် အသုံးမဝင်သော်လည်း ဖုန်းမင်အန်အတွက်မူ အသုံးဝင်လိမ့်မည် ဖြစ်၏။ သူက ၎င်းကို သိမ်းဆည်းပေးထားလိုက်သည်။

ထို့နောက် ထိုအကျိအချွဲအန်ဇွန်ဘီ ချပေးသည့် အထုပ်လည်း ရှိသေး၏။

【ရရှိသည် - အကျိအချွဲလက်ပစ်ဗုံးပုံကြမ်း *၁】

【ရရှိသည် - အကျိအချွဲလက်ပစ်ဗုံး *၅】

【ရရှိသည် - အကျိအချွဲအိတ်】

အကျိအချွဲလက်ပစ်ဗုံး ငါးလုံးနှင့် ပုံကြမ်းလား...ကောင်းတဲ့အရာပဲ။

ဝမ်ထောင် ဝမ်းသာသွားခဲ့၏။ သူ ယခုလေးတင် တိုက်ပွဲတွင် စမ်းသပ်ခဲ့ပြီး ဖြစ်ရာ အကျိအချွဲလက်ပစ်ဗုံးများသည် အထူးဇွန်ဘီများကို အမဲလိုက်ရန်အတွက် အလွန်အကျိုးသက်ရောက်မှု ရှိကြောင်း သိရလေပြီ။

ထို့အပြင် အကျိအချွဲလက်ပစ်ဗုံးပုံကြမ်းအတွက် အဓိကကုန်ကြမ်းမှာ အကျိအချွဲအိတ် ဖြစ်သဖြင့် ၎င်းမှာ အသေခံဗုံးများကဲ့သို့ပင် သူကိုယ်တိုင် ပြုလုပ်နိုင်သောအရာ ဖြစ်ကြောင်း ဆိုလို၏။

【အကျိအချွဲလက်ပစ်ဗုံးပုံကြမ်း - အကျိအချွဲလက်ပစ်ဗုံး ၁၀ လုံး ပြုလုပ်နိုင်သည်။ လိုအပ်သော ကုန်ကြမ်းများ - အကျိအချွဲအိတ် *၁၊ အမြုတေ *၁၊ အသား ၁၀ ကီလိုဂရမ်၊ သတ္တု ၅ ကီလိုဂရမ်】

ပြုလုပ်ရန် ကုန်ကြမ်းများသည် အသေခံဇွန်ဘီ၏ ကုန်ကြမ်းများနှင့် အတူတူပင် ဖြစ်သည်။ သူ၏ လက်ထဲတွင် အဓိကကုန်ကြမ်းများ ရှိနေပြီး အခြားအရာများကို ရှာဖွေရန် လွယ်ကူလှ၏။ ဇွန်ဘီအသားကို အသုံးပြုနိုင်ကြောင်း အတည်ပြုနိုင်သရွဲ့ ဝမ်ထောင် မကြာမီ စတင် ပြုလုပ်နိုင်ပေလိမ့်မည်။

မွန်းတည့်ချိန်။

တောင်တက်ကားသည် ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ရပ်တန့်လိုက်၏။

ဝမ်ထောင်သည် မူလက ထိုနေရာကို အနားယူရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း ထိုဆိုင်သို့ မည်သူမျှ မလာဖူးသေးသည်ကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်။ အတွင်း၌ သန့်ရှင်းသော မုန့်ပဲသရေစာအချို့ သိုလှောင်ထားသဖြင့် နေလည်စာအဖြစ် သုံးဆောင်ရန် အကောင်းဆုံးပင် ဖြစ်၏။

အသင့်စားခေါက်ဆွဲခြောက် အနည်းငယ် စားသုံးကာ ရေတစ်ပုလင်း သောက်ပြီးနောက် ဝမ်ထောင်က ဟန်ရွှေကို ပြောလိုက်သည်။

"နင် လောလောဆယ် ဒီမှာပဲ နေခဲ့ပါ။ ငါ အပြင်ကို ခဏ သွားလိုက်ဦးမယ်"

"ကောင်းပြီ"

ဝမ်ထောင်သည် သူ ယခုလေးတင် သတ်ထားသော ဇွန်ဘီအလောင်းအချို့ ရှိသည့် လမ်းထောင့်သို့ လျှောက်သွားခဲ့၏။

သူက အသေခံဗုံးများနှင့် အကျိအချွဲလက်ပစ်ဗုံးများ၏ ပုံကြမ်းများကို ထုတ်ယူလိုက်ရာ "ပြုလုပ်နိုင်သည်" ဟူသော အချက်ပေးစာတန်းကို မြင်လိုက်ရသည်။ သူသည် စွန့်ပစ်ထားသော ကားများမှ သတ္တုများကို ဖြုတ်ယူကာ လိုအပ်သော သတ္တုများကို ပြင်ဆင်ထားပြီး ဖြစ်၏။

သူသည် ချက်ချင်းပင် ပြုလုပ်မည်ဟူသော စာတန်းကို ရွေးချယ်လိုက်သည်။ အလင်းတစ်ချက်လက်သွားပြီး ဝမ်ထောင်၏ လက်ထဲတွင် အကျိအချွဲလက်ပစ်ဗုံး ၁၀ လုံး ထွက်ပေါ်လာခဲ့၏။ အသေခံဗုံး ၁၀ လုံးမှာမူ မြေပြင်ပေါ်တွင် ရှိနေသည်။

ပုံကြမ်းမှ ပြုလုပ်ထားသော အကျိအချွဲလက်ပစ်ဗုံးများသည် သူ ရရှိခဲ့သော ပစ္စည်းများကဲ့သို့ပင် ဖြစ်ပြီး စေးကပ်ကာ ကြည့်ရသည်မှာ အနည်းငယ် ရွံရှာဖွေကောင်းလှ၏။

အသေခံဗုံးများမှာမူ ဘတ်စကက်ဘောလုံးတစ်လုံး ခန့် အရွယ်အစား ရှိပြီး နှလုံးသားပုံစံ ရှိကာ အချိန်မရွေး ပေါက်ကွဲတော့မည့်အလား တုန်ခါနေခဲ့သည်။

ဝမ်ထောင်သည် ထိုဗုံးများကို သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်၏။ ၎င်းတို့မှာ အန္တရာယ်ရှိသော ပစ္စည်းများ ဖြစ်သဖြင့် အနည်းငယ် မတော်တဆမှု ဖြစ်ပါက သူ့ကိုပါ ပေါက်ကွဲသွားစေနိုင်လေသည်။

ဆိုင်သို့ ပြန်ရောက်သောအခါ ဝမ်ထောင်သည် အခန်းတစ်ခုထဲသို့ တစ်ယောက်တည်း ဝင်သွားပြီး သူ၏ ကျောပိုးအိတ်ထဲမှ တုန်ခါလှိုင်းအမြုတေနှစ်ခုကို ပေါက်စပ်လိုက်၏။ ယခု ဝမ်ထောင်၏ လက်ထဲတွင် တုန်ခါလှိုင်းအမြုတေ သုံးခု ရှိနေပြီး ၎င်းတို့အနက် နှစ်ခုကို မော်ကွန်းဝင်အဆင့် အရည်အသွေးရှိသော အမြုတေတစ်ခုအဖြစ် ပေါင်းစပ်နိုင်ပေသည်။

【အဆင့် ၁ အမြုတေ · ရိုက်ခတ်လှိုင်း】

【အရည်အသွေး - မော်ကွန်းဝင်အဆင့် (၁၀၀ ရာခိုင်နှုန်း)】

【သန့်စင်မှု - ၁၀၀ ရာခိုင်နှုန်း (ဘေးထွက်ဆိုးကျိုး မရှိ)】

ရှိနှင့်ပြီးသား စွမ်းရည်အတွက် အမြုတေကို ပေါင်းစပ်ရာတွင် စိုးရိမ်စရာ မရှိသဖြင့် သူ တိုက်ရိုက် မျိုချလိုက်ရုံရုံမျှသာ ဖြစ်၏။

မျိုချပြီးနောက် ဝမ်ထောင်သည် ခန္ဓာကိုယ်အနှံ့ နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားပြီး ခွန်အားများ ပြည့်ဝလာကာ သူ၏ ပင်ပန်းနွမ်းနယ်မှုများကို လုံးဝ ပျောက်ကွယ်သွားစေသည်ဟု ခံစားလိုက်ရသည်။

သူ၏ စွမ်းအင်ပမာဏမှာ ၁၀၀ ခန့် ထပ်မံ တိုးပွားလာပြီး ၅၀၀ သို့ ရောက်ရှိသွားခဲ့ရာ ၎င်းမှာ လူအများအပြား၏ သွေးပမာဏထက်ပင် ပိုမိုများပြားနေပြီ ဖြစ်၏။

သူ အပြင်သို့ ထွက်လာသောအခါ ဟန်ရွှေက သူ့ကို လှမ်းကြည့်လိုက်သည်။ သူမသည် ဝမ်ထောင်က ပိုမို လန်းဆန်းတက်ကြွလာသည်ဟု ခံစားရသဖြင့် အခန်းထဲတွင် တိတ်တဆိတ် ဘာလုပ်နေသနည်းဟု ပင် စဥ်းစားမိ၏။

ဟန်ရွှေက နေလည်စာ စားပြီးနောက် ဝမ်ထောင်က ခရီးဆက်ရန် အချက်ပြလိုက်သည်။

သူတို့၏ ယနေ့မနက်ခင်း ကံတရားမှာ သိပ်မကောင်းလှချေ။ ထိုအထူးဇွန်ဘီသုံးကောင်နှင့် ကြုံတွေ့ပြီးနောက် အခြား မည်သည့်အထူးဇွန်ဘီနှင့်မျှ မတွေ့ရတော့ဘဲ ပေါက်ကွဲတတ်သောဇွန်ဘီနှင့်ပင် မတွေ့ရတော့ချေ။

"နေလည်ခင်းမှာ ပိုပြီး ရလဒ်ကောင်းဖို့ မျှော်လင့်ရတာပဲ..."

အခြားလူများသည် အထူးဇွန်ဘီများနှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့ကြသော်လည်း ဝမ်ထောင်ကမူ ၎င်းတို့ကို မျှော်လင့်နေခဲ့၏... ကံမကောင်းစွာပင် သူ၏ နေလည်ခင်း ကံတရားမှာ မနက်ခင်းထက်ပင် ပိုမို ဆိုးဝါးနေခဲ့သည်။ အနည်းဆုံးတော့ မနက်ခင်းတွင် အထူးဇွန်ဘီ သုံးကောင်နှင့် တွေ့ခဲ့သော်လည်း နေလည်ခင်းတွင်မူ တစ်ကောင်မျှပင် မမြင်ခဲ့ရချေ။

သို့သော် ရှန့်ဟုန်ပင်းသည် ဝမ်ထောင်ကို ရုတ်တရက် ဆက်သွယ်လာခဲ့သည်။

သူက ဝမ်ထောင်ကို ၎င်းတို့ ရှောက်ယုံ၏ စခန်းကို ရှာဖွေတွေ့ရှိခဲ့ပုံရကြောင်း ပြောပြခဲ့၏။

ဝမ်ထောင်သည် ရှန့်ဟုန်ပင်းနှင့် သွားရောက်တွေ့ဆုံရန် ကားကို ချက်ချင်း မောင်းနှင်ခဲ့သည်။

နေ မဝင်မီမှာပင် ဝမ်ထောင်သည် ရှန့်ဟုန်ပင်း ရှိနေသည့် ယာယီဘေးကင်းဇုန်သို့ ရောက်ရှိလာခဲ့၏။

၎င်းမှာ ပျက်စီးယိုယွင်းနေသော ငါးထပ်ဟိုတယ်တစ်ခု ဖြစ်ပြီး အတွင်းပိုင်းမှာလည်း အပြင်ဘက်ကဲ့သို့ပင် စွန့်ပစ်ထားပုံ ရလေသည်။

ရှန့်ဟုန်ပင်းနှင့် အခြားလူများသည် အပေါ်ဆုံးထပ်တွင် ရှိနေကြ၏။ အပြင်ဘက်မှကြည့်လျှင် ဘာမှ မသိသာသော်လည်း အတွင်းပိုင်းတွင်မူ ဇွန်ဘီများ အတင်းဝင်မလာစေရန် သံမဏိပြားများ၊ ဆူးကြိုးများ၊ မီးတုတ်များနှင့် ထိုကဲ့သို့သောအရာများဖြင့် အားဖြည့်ထားသည်ကို မြင်တွေ့နိုင်ပေသည်။

ရှန့်ဟုန်ပင်းကို မြင်သောအခါ ဝမ်ထောင်က သူ့ကို လက်ဝါးချင်းရိုက် နှုတ်ဆက်လိုက်၏။ သူသည် ရှန့်ဟုန်ပင်း၏ သွေးဘားတန်းမှာ သိသိသာသာ တိုးပွားလာပြီး တစ်ထောင်နီးပါးသို့ ရောက်ရှိနေသည်ကို သတိပြုမိသည်။

အပြင်မထွက်မီ ဝမ်ထောင်သည် ၎င်းတို့ အထူးဇွန်ဘီများကို အမဲလိုက်နေစဉ် သာမန်ဇွန်ဘီများကို သတ်ရန် မမေ့လျော့ကြရန် အကြံပြုခဲ့ဖူး၏။ သာမန်ဇွန်ဘီများကို သတ်ဖြတ်ရသည်မှာ ယခုအခါ အနည်းငယ် ပိုမို ခက်ခဲလာသော်လည်း ရရှိမည့် ဆုလာဘ်များမှာလည်း ပိုမို ကြီးမားလှပေသည်။

အထူးသဖြင့် လတ်တလောတွင် အထူးဇွန်ဘီများကို အမဲလိုက်ရန် အလုပ်ရှုပ်နေခဲ့သော ရှန့်ဟုန်ပင်းအတွက်မူ သူ၏ သွေးဘားတန်းမှာ သိပ်ပြီး တိုးပွားလာခြင်း မရှိခဲ့ချေ။

ရှန့်ဟုန်ပင်းသည် ဝမ်ထောင်၏ အကြံဉာဏ်ကို သေချာပေါက် လိုက်နာခဲ့ပုံရပြီး ယခုအခါ သွေးပမာဏ 【၉၄၀/၉၄၀】 ရှိနေပြီ ဖြစ်၏။

ဝမ်ထောင်က ရှန့်ဟုန်ပင်းကို နောက်ထပ် ဇွန်ဘီ ခြောက်ကောင် သို့မဟုတ် ခုနစ်ကောင်ခန့် သတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သိသိသာသာ တိုးတက်လာလိမ့်မည် ဖြစ်ကြောင်း သတိပေးလိုက်သည်။

ထိုစကားကို ကြားရသောအခါ ရှန့်ဟုန်ပင်း အလွန် ဝမ်းသာသွားခဲ့၏။ သူသည် ဝမ်ထောင်၏ စကားကို သံသယမရှိဘဲ မနက်ဖြန်မနက်တွင် နောက်ထပ် အနည်းငယ် သတ်ရန် အပြင်သို့ ထွက်မည်ဟု ဆိုသည်။

သို့သော် ဝမ်ထောင်က ထိုခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်ခြင်းမှာ ခံစားချက် ကွာခြားနိုင်ပြီး အိပ်ငိုက်ခြင်းကဲ့သို့သောအရာများ ပါဝင်လာနိုင်သဖြင့် သတိထားရန်လည်း သတိပေးခဲ့၏။

"နားလည်ပြီ။ မနက်ဖြန် ငါ အောက်ထပ်မှာပဲ ဇွန်ဘီတွေကို သတ်မယ်။ အကယ်၍ အန္တရာယ် တစ်စုံတစ်ရာ ရှိလာရင် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာလို့ရတာပေါ့"

သူ နားလည်သွားသည်ကို မြင်သောအခါ ဝမ်ထောင် ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်၏။

"မင်းတို့ ရှာတွေ့ခဲ့တဲ့ အခြေစိုက်စခန်းက ဘယ်မှာလဲ"

"ဟိုမှာ"

ရှန့်ဟုန်ပင်းက ဝမ်ထောင်ကို ပြတင်းပေါက်တစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး လက်ညှိုးထိုးပြလိုက်၏။

"အောက်တည့်တည့်မှာပဲ"

"ဟင်... ဒါက... မြေအောက်ကုန်တိုက်လား"

ဝမ်ထောင်သည် ၎င်း၏ မှန်ပြောင်းဖြင့် လှမ်းကြည့်လိုက်ရာ "ဟုန်ဖာမြေအောက်ကုန်တိုက်" ဟု ရေးသားထားသော ဟောင်းနွမ်းနေသည့် ဆိုင်းဘုတ်တစ်ခုကို မြင်လိုက်ရသည်။

"ဟုတ်တယ်။ အထဲမှာ အသက်ရှင်ကျန်ရစ်သူများအခြေစိုက်စခန်းတစ်ခု ရှိတယ်။ ငါ ဒီနေ့ အဲဒီထဲကနေ လူတစ်စု ထွက်လာတာကို မြင်ခဲ့ရတယ်။ သူတို့က ကားတောင် မောင်းနေကြတာ။ သူတို့ပဲ ဖြစ်ရမယ်"

All Chapters