← Chapters

အခန်း ၁၁၀

Vol. 10 Ch. 110

အခန်း ၁၁၀

Vol. 10 Ch. 110

အခန်း (၁၁၀) - သွေးပမာဏ ၂၀၀၀ သို့ ရောက်ရှိခြင်း

ဝမ်ထောင်သည် ထိုနေရာကို ခဏမျှ စောင့်ကြည့်နေခဲ့ရာ မျှော်လင့်ထားသည့်အတိုင်းပင် အသက်ရှင်ကျန်ရစ်သူများ ထွက်ပေါ်လာကာ ကုန်တိုက်၏ အတွင်းပိုင်းသို့ သတိကြီးစွာဖြင့် ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

သံသယဖြစ်စရာမလိုတော့ပါ ။ ၄င်းမှာ အသက်ရှင်ကျန်ရစ်သူများအခြေစိုက်စခန်းတစ်ခု ဖြစ်၏။ ရှောက်ယုံ၏ လူများပိုင်ဆိုင်သည့် စခန်း ဟုတ်မဟုတ် ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

"မင်း ဘာပြောချင်လဲ"

ဝမ်ထောင် ခေါင်းလှည့်ကာ မေးလိုက်၏။

"ငါ အရင်ဆုံး ဒီနေရာကို နှစ်ရက်လောက် စောင့်ကြည့်ဖို့ စီစဉ်ထားတယ်။ ပြီးရင် တိတ်တဆိတ်ဝင်ရောက်ဖို့ ဟာကွက် ရှိမရှိ သိရအောင် ပတ်ဝန်းကျင်ကို ကင်းထောက်မယ်..."

ရွှေကျဲအခြေစိုက်စခန်းက သန်မာသော်လည်း ထို "သန်မာမှု" က သေနတ်များအပေါ်တွင် တည်မှီနေခြင်း ဖြစ်၏။ သေနတ်များ မပါဘဲ ဤစခန်းထဲသို့ အတင်းဝင်တိုက်ခြင်း ပြုလုပ်ရန်မှာ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။

အားလုံးခြုံကြည့်လျှင် ၎င်းတို့က စခန်းထဲမှခုခံကာကွယ်နေပြီး သူတို့ကမူ အပြင်မှတိုးဝင်တိုက်ခိုက်ရမည်ဖြစ်ကာ အတွင်း၌ ထောင်ချောက်များ သို့မဟုတ် စက်ကွင်းများ ရှိနေနိုင်ပေသည်။ မျက်ကန်းတစ္ဆေမကြောက် အတင်းဝင်တိုက်ခြင်းက သေချာပေါက် အလုပ်ဖြစ်မည် မဟုတ်ချေ။

"တိတ်တဆိတ်ဝင်ရောက်တာက... အန္တရာယ် မများဘူးလား"

ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟားဟားဟားဟား... ဒါကို စိတ်မပူပါနဲ့။ ငါတို့က ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတွေပါ၊ ဒါပေမဲ့ ဒါက အသုံးချလို့ရမယ့် ဟာကွက် ရှိမှ ဖြစ်မှာပါ။ ပြိုင်ဘက်က မြေအောက်မှာ ရှိနေတာဆိုတော့ သူတို့က အဝင်ဝတွေ အားလုံးကို ပိတ်ဆို့ထားရင်တော့ ဝင်ဖို့ နည်းနည်းခက်ခဲလိမ့်မယ်..."

ရှန့်ဟုန်ပင်းသည် လုံးဝဥဿုံ သေချာသည့် ကတိမျိုး မပေးခဲ့ချေ။

"ဒါဆိုရင်တော့ သတိထားမှရမယ်"

"ဒါပေါ့"

သူတို့လူစုသည် ခဏမျှ ဆွေးနွေးခဲ့ကြသော်လည်း လောလောဆယ်တွင် ပိုမိုကောင်းမွန်သော မဟာဗျူဟာ မရှိသဖြင့် မနက်ဖြန် နေ့ခင်းဘက်တွင် ရှန့်ဟုန်ပင်းကို လူလွှတ်၍ ကင်းထောက်ခိုင်းရန်သာ တတ်နိုင်ခဲ့ကြသည်။

တိတ်တဆိတ်ဝင်ရောက်ခြင်းအကြောင်း ပြောရင်း ဝမ်ထောင်သည် သူ အသုံးမပြုရသေးသော အရာတစ်ခု ရှိနေသည်ကို ရုတ်တရက် သတိရသွားခဲ့၏။

"ဒါကို ယူထားလိုက်"

ဝမ်ထောင်က ဆေးထိုးပြွန်နှစ်ခုကို ကမ်းပေးလိုက်သည်။

"ဒါက ဘာလဲ"

ရှန့်ဟုန်ပင်း စူးစမ်းလိုစိတ်ဖြင့် ၎င်းတို့ကို လှမ်းယူလိုက်၏။

"ဒါကို... ကိုယ်ယောင်ဖျောက်ဆေးရည်လို့ ခေါ်လို့ရတယ်။ ဒါက လူတွေရဲ့ အာရုံခံမိတာကနေ ရှောင်ရှားနိုင်အောင် ကိုယ့်ရဲ့ တည်ရှိမှုကို ဖျောက်ကွယ်ပေးနိုင်တယ်။ အာနိသင်တစ်နာရီကြာပြီး ညဘက်မှာ သုံးတာ အကောင်းဆုံးပဲ... ဒါပေမဲ့ ငါကိုယ်တိုင်လည်း မသုံးဖူးသေးတော့ တိတိကျကျတော့ မသေချာဘူး"

ဝမ်ထောင်က ရှင်းပြလိုက်၏။

သူ ပေးလိုက်သောအရာမှာ "ကိုယ်ယောင်ဖျောက်ဆေးရည် (အသေး)" ဖြစ်သည်။

ဤပစ္စည်းသည် သူ့အတွက် အသုံးမဝင်ချေ။ သူ လိုအပ်သောအရာမှာ လူများကို ရှောင်ရှားနိုင်မည့် ဆေးရည်မျိုး မဟုတ်ဘဲ ဇွန်ဘီများကို ရှောင်ရှားနိုင်မည့် ဆေးရည်မျိုး ဖြစ်၏။

ထို့ကြောင့် ဤပစ္စည်းသည် ဝမ်ထောင်၏ ကျောပိုးအိတ်ထဲတွင် ဖုန်တက်နေခဲ့သည်။

ရှန့်ဟုန်ပင်းက ယခုလေးတင် တိတ်တဆိတ်ဝင်ရောက်ခြင်းအကြောင်း ပြောသောအခါမှ ဝမ်ထောင် ၎င်းကို ရုတ်တရက် သတိရသွားခဲ့ခြင်းပင်။

၎င်းက လူသားများ၏ အာရုံစိုက်မှုကို ရှောင်ရှားနိုင်သည်ဟု ဆိုထားသဖြင့် အာနိသင် ရှိသင့်ပြီး တိတ်တဆိတ်ဝင်ရောက်ခြင်းအတွက် လိုအပ်သော အကူအညီ ဖြစ်လာနိုင်ပေသည်။

ဝမ်ထောင်၏ ရှင်းပြချက်ကို ကြားရသောအခါ ရှန့်ဟုန်ပင်း၏ မျက်ဝန်းများ ချက်ချင်းပင် တောက်ပသွားခဲ့၏။

၄င်းက တိတ်တဆိတ်ဝင်ရောက်ခြင်းအတွက် အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခုပင် မဟုတ်ပါလား။

"တည်ရှိမှု"ဟူသော သဘောတရားကတော့ အနည်းငယ် ဆန်းကြယ်ပြီး ဝမ်ထောင်က ဤအရာကို ဘယ်ကနေ ရလာသည်ကို မသိသော်လည်း ၎င်းက အရေးမကြီးပါ။

ယခုက ကမ္ဘာပျက်ကပ် ကာလ ဖြစ်၏။ ဤအရာက ဓာတ်ခွဲခန်းတစ်ခုခုမှ ထွက်ပေါ်လာသော ထုတ်ကုန်တစ်ခုနှင့် တူနေပြီး ဝမ်ထောင်အနေဖြင့် ထိုကဲ့သို့သောအရာမျိုးကို သူ့အား လိမ်ညာပြောဆိုရန် အကြောင်းပြချက် မရှိချေ။

"ကျေးဇူးပဲ...အော်... ဒါနဲ့ ငါ ဒီနေ့ ဇွန်ဘီအမြုတေ နည်းနွး ရထားတယ်။ မင်း လိုအပ်တဲ့အရာ ရှိမရှိ ကြည့်လိုက်ဦး"

ရှန့်ဟုန်ပင်းသည် ဇွန်ဘီအမြုတေများ ပြည့်နှက်နေသော အိတ်တစ်အိတ်ကို ထုတ်ယူလိုက်၏။

"အိုး...မင်းတို့ရထားတာက တော်တော်များတာပဲ"

ဝမ်ထောင် အနည်းငယ် အံ့ဩသွားခဲ့သည်။ စုစုပေါင်း အမြုတေ ၅ ခု ရှိနေပြီး ဝမ်ထောင်ရရှိသည်ထက် နှစ်ခု ပိုများနေခဲ့၏။

"ဟီးဟီး... ဒါက ငါတို့ ဒီနေ့ လော်ဖုန်းနဲ့ ခဏလောက် အတူတူ လှုပ်ရှားခဲ့လို့လေ။ သူ့ရဲ့ အကျိအချွဲအန်စွမ်းရည်က တကယ်ကို ကောင်းတယ်လို့ ပြောရမယ်။ အဲဒါက ပေါက်ကွဲဇွန်ဘီကိုတောင် တစ်နေရာတည်းမှာ ကပ်ထားနိုင်တာ။ သူ ကပ်ထားတဲ့ ဘယ်ဇွန်ဘီမဆို သတ်ရတာ လွယ်ကူသွားတာပဲ"

ရှန့်ဟုန်ပင်း အနည်းငယ် ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်၏။

သို့သော် သူသည် မကြာမီမှာပင် ပြန်၍ ခေါင်းခါလိုက်ပြန်သည်။

"ဒါပေမဲ့ လော်ဖုန်းက ကြံ့ခိုင်မှု အားနည်းတယ်..အန်ဖတ်ထွေးထုတ်ပြီးရင် သူ တော်တော်ကြာကြာ နားရတယ်။ မဟုတ်ရင် ငါတို့ အထူးဇွန်ဘီတွေ ပိုပြီး သတ်နိုင်မှာ..."

ဝမ်ထောင် ပြုံးလျက် ခေါင်းခါလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် မျက်ခုံးပင့်လိုက်၏။

"မင်း ပြောချင်တာက... မင်းတို့ ဒီနေ့ လမ်းမှာ အထူးဇွန်ဘီတွေနဲ့ ကြုံခဲ့ရပေမဲ့ မသတ်နိုင်ခဲ့ဘူးပေါ့"

"ဟုတ်တယ်။ အန္တရာယ်များလွန်းတယ်လို့ ခံစားရတဲ့ ပစ်မှတ်အချို့ကိုတော့ ငါ လက်လျှော့လိုက်ရတယ်"

ရှန့်ဟုန်ပင်း အနည်းငယ် နောင်တရစွာဖြင့် ခေါင်းခါလိုက်၏။ဝမ်ထောင် ချက်ချင်းဆက်မေးလိုက်သည်။

"အဲဒီဇွန်ဘီတွေရဲ့ တည်နေရာတွေကို ငါ့ကို ပြောပြပါ။ ငါ မနက်ဖြန် သွားပြီး ကိုင်တွယ်လိုက်မယ်"

"အာ... ရတာပေါ့ ၊ မင်းရဲ့ ခွန်အားနဲ့ဆိုရင် ဒါက သေချာပေါက် ပြဿနာ ရှိမှာ မဟုတ်ဘူး"

ရှန့်ဟုန်ပင်း မြေပုံတစ်ခုကို ယူလာပြီး ၎င်းပေါ်ရှိ တည်နေရာအချို့ကို ညွှန်ပြလိုက်၏။ ဘေးတွင် တိတ်ဆိတ်စွာ ရှိနေခဲ့သော ဟန်ရွှေသည် ထိုတည်နေရာများကို မှတ်တမ်းတင်ရန် ဘောပင်နှင့် စာရွက်ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။

ဟန်ရွှေ မှတ်တမ်းတင်နေသည်ကို မြင်ပြီးနောက် ဝမ်ထောင်သည် ရှန့်ဟုန်ပင်း ထုတ်ယူထားသော ဇွန်ဘီအမြုတေများဆီသို့ အကြည့်ကို ပြောင်းလဲလိုက်၏။

၎င်းတို့ထဲတွင် ပေါက်ကွဲဇွန်ဘီအမြုတေများ သုံးခု ပါဝင်ပြီး ကျန်ရှိသောအရာများမှာ ရွံ့နွံအမြုတေတစ်ခုနှင့် ကြေးနီအရေပြားသံမဏိအရိုးအမြုတေတစ်ခု ဖြစ်သည်။

ဝမ်ထောင်သည် ရွံ့နွံအမြုတေကို အသုံးမလိုသော်လည်း ကြေးနီအရေပြားသံမဏိအရိုးအမြုတေကိုမူ ယူလိုက်၏။

၎င်းသည် အဖြူရောင် အမြုတေတစ်ခုသာ ဖြစ်သော်လည်း သူ အထင်မသေးချေ။

ဝမ်ထောင်သည် သူ ယနေ့ ရရှိခဲ့သော ခရမ်းရောင် အကျိအချွဲအန်အမြုတေကို ထုတ်ယူလိုက်ပြီး ရှန့်ဟုန်ပင်းကို လိုချင်သလားဟု မေးလိုက်သည်။

ခရမ်းရောင် အမြုတေတစ်ခုသည် ပေါင်းစပ်မှုအောင်မြင်နှုန်း ၆၀ ရာခိုင်နှုန်း ရှိသဖြင့် ရှန့်ဟုန်ပင်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့၏။

သို့သော် စွမ်းရည်ကို အသုံးပြုစဉ် ဖုန်းမင်အန်၏ နာကျင်လှသော ပုံစံကို တွေးမိကာ သူ ခေါင်းခါလိုက်ပြန်သည်။

"ထားလိုက်ပါ... ထားလိုက်ပါ။ ဒီလိုမျိုး အမြုတေက လော်ဖုန်းဆီပဲ ရောက်သင့်တာပါ"

"ဟာဟာ... ကောင်းပါပြီ။ ဒါဆိုရင် ဒီအမြုတေကို လော်ဖုန်းဆီ လက်ဆင့်ကမ်းပေးဖို့ မင်းကိုပဲ ပေးလိုက်မယ်"

"ကောင်းပြီ"

ဝမ်ထောင်သည် အကျိအချွဲအန်အမြုတေကို ရှန့်ဟုန်ပင်းထံသို့ ကမ်းပေးလိုက်ပြီးနောက် ဟန်ရွှေနှင့်အတူ ထိုနေရာတွင်ပင် တစ်ညတာ အနားယူခဲ့ကြ၏။

နောက်နေ့မနက်စောစောတွင် ထိုနှစ်ဦးသည် ထပ်မံ ထွက်ခွာခဲ့ကြသည်။

၎င်းတို့၏ ပစ်မှတ်မှာ သဘာဝအတိုင်းပင် မနေ့က ရှန့်ဟုန်ပင်း ပြောပြခဲ့သော ထူးကဲဇွန်ဘီ တည်နေရာများ ဖြစ်လေသည်။

၎င်းမှာ ပန်းခြံတစ်ခုအတွင်းရှိ လူလုပ်ရေကန်တစ်ခု ဖြစ်၏။

"ကံကောင်းတာပဲ"

ပထမဆုံး တည်နေရာသို့ ရောက်ရှိသောအခါ ဝမ်ထောင်သည် ထူးကဲဇွန်ဘီများကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့သည် မနေ့ညကတည်းက ထွက်ခွာသွားခြင်း မရှိကြချေ။ ထို့အပြင် ၎င်းတို့ သုံးကောင်စလုံးမှာ အတူတူ ရှိနေကြရာ ရှန့်ဟုန်ပင်းနှင့် အဖွဲ့ ဘာကြောင့် မလှုပ်ရှားရဲခဲ့သလဲဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

"ဘာဆာကာဇွန်ဘီ တစ်ကောင်၊ ရွှံ့နွံဇွန်ဘီ တစ်ကောင်နဲ့ ပေါက်ကွဲဇွန်ဘီ တစ်ကောင်..."

【၂၀၀၀/၂၀၀၀】【၂၂၀၀/၂၂၀၀】【၁၆၀၀/၁၆၀၀】

ရွှံ့နွံဇွန်ဘီသည် ရေထဲတွင် ရှိနေပြီး ရေကန် တစ်ခုလုံးမှာ ရွှံ့နွံများ ဖြစ်နေခဲ့၏။ ဘာဆာကာဇွန်ဘီနှင့် ပေါက်ကွဲဇွန်ဘီတို့သည်လည်း ရွှံ့နွံထဲတွင် ရှိနေကြပြီး ၎င်းတို့၏ လှုပ်ရှားမှုများမှာ အနည်းငယ် ခက်ခဲနေသော်လည်း ပိတ်မိနေခြင်းမျိုးတော့ မဟုတ်ချေ။

သို့သော် အကယ်၍ ဝမ်ထောင်သာ သွားခဲ့ပါက သူသည် ညွန့်ထဲသို့ နစ်မြုပ်သွားနိုင်သည်ဟု ခံစားလိုက်ရသည်။

"ဒီရွှံ့နွံဇွန်ဘီက တော်တော်လေး စွမ်းဆောင်နိုင်ပုံရတယ်..."

ဝမ်ထောင်သည် ဤစွမ်းရည်ကို အသုံးမဝင်ဟု တွေးခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ရေရှိသော နေရာတွင် နေထိုင်ခြင်းအားဖြင့် ရေကန်တစ်ခုလုံးနီးပါးကို ညွန့်များအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့ရာ အနည်းငယ် လွန်ကဲလှပေသည်။

ဝမ်ထောင်နှင့် ဟန်ရွှေတို့ ဆွေးနွေးလိုက်ကြပြီး ၎င်းတို့ကို အကွာအဝေးတစ်ခုမှ သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြ၏။

သို့သော် ထိုသို့ မပြုလုပ်မီ ၎င်းတို့ကို အကျွိအချွဲလက်ပစ်ဗုံးအချို့ ကျွေးရမည် ဖြစ်သည်။

အားလုံးခြုံကြည့်လျှင် ဤနေရာတွင် ပေါက်ကွဲဇွန်ဘီတစ်ကောင် ရှိနေသဖြင့် အကယ်၍ ပေါက်ကွဲသံက အခြားဇွန်ဘီများကို ဆွဲဆောင်ပါက အလွန် အန္တရာယ်များလှပေလိမ့်မည်။

ဆွေးနွေးပြီးနောက် ဝမ်ထောင်သည် အကျွဲအချွဲလက်ပစ်ဗုံးတစ်လုံးကို တိုက်ရိုက် ပစ်ချလိုက်၏။

ဗွက်...

လက်ပစ်ဗုံးသည် ပေါက်ကွဲဇွန်ဘီ၏ ခေါင်းသို့ တိကျစွာ ထိမှန်သွားခဲ့သည်။ ပေါက်ကွဲဇွန်ဘီ ခန္ဓာကိုယ် ကြီးထွားမလာနိုင်မီမှာပင် ၎င်းသည် အကျိအချွဲအစုအပုံအဖြစ်သို့ ချက်ချင်း ပေါက်ကွဲသွားခဲ့ပြီး ပေါက်ကွဲဇွန်ဘီနှင့် အနီးရှိ ရွှံ့နွံဇွန်ဘီတို့ကိုပါ တစ်နေရာတည်းတွင် ကပ်ထားလိုက်တော့သည်။

ဝမ်ထောင်သည် ဘာဆာကာဇွန်ဘီထံသို့လည်း အကျွဲအချွဲလက်ပစ်ဗုံး နောက်တစ်လုံး ပစ်လိုက်ပြန်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထူးကဲဇွန်ဘီ သုံးကောင်စလုံးမှာ ကပ်နေခဲ့ပြီး မလှုပ်ရှားနိုင်ကြတော့ချေ။

"သတ်"

ဝမ်ထောင်သည် သူ၏ လက်ပစ်ဒူးလေးကို ထုတ်ယူကာ "တိကျစွာပစ်ခတ်ခြင်း" စွမ်းရည်ကို အသက်သွင်းပြီး ဇွန်ဘီသုံးကောင်ထံသို့ မောင်းတံကို ဆွဲလိုက်၏။

ဟန်ရွှေသည်လည်း စတင် ပစ်ခတ်ခဲ့သည်။ သူမ၏ စနိုက်ပါဒူးလေးသည် ပစ်ခတ်မှုနှုန်း နှေးကွေးသော်လည်း ထိခိုက်မှု မြင့်မားလှ၏။ ပစ်ခတ်လိုက်သော မြှားတိုင်းသည် ခုခံမှု မြင့်မားသော ဘာဆာကာဇွန်ဘီအပေါ် ထိခိုက်မှု တစ်ထောင်ကျော် ဖြစ်ပေါ်စေခဲ့ပြီး ရွှံ့နွံဇွန်ဘီအပေါ်တွင်မူ၂၀၀၀တိတိ ထိမှန်ခဲ့ရာ ရွှံ့နွံဇွန်ဘီ၏ ခုခံမှုမှာလည်း သိပ်မကောင်းလှပုံ ရသည်။

ပေါက်ကွဲဇွန်ဘီအတွက်မူ ဟန်ရွှေ မလှုပ်ရှားရသေးမီမှာပင် ဝမ်ထောင်က ခေါင်းကိုတည့်တည့်ပစ်ခဲ့ပြီး ဖြစ်၏။

【၀/၁၆၀၀】

ဘာဆာကာဇွန်ဘီနှင့် ရွှံ့နွံဇွန်ဘီတို့သည်လည်း သွေးပမာဏ နိမ့်ကျနေပြီ ဖြစ်ကြောင်း မြင်သဖြင့် ဝမ်ထောင်သည် ၎င်းတို့ကို အပြတ်ရှင်းရန် မြှားများကို ပြတ်ပြတ်သားသား ပစ်ခတ်လိုက်တော့သည်။

【၀/၂၀၀၀】

【၀/၂၂၀၀】

ခဏချင်းအတွင်းမှာပင် ထူးကဲဇွန်ဘီ သုံးကောင်စလုံးမှာ ဝမ်ထောင်၏ လေးမြှားများအောက်တွင် သေဆုံးသွားခဲ့ရ၏။

သူသည် ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ လုယူခဲ့ခြင်း လုံးဝ မဟုတ်ဘဲ ကံကောင်းခြင်းကြောင့်သာ ဖြစ်ပေသည်။

မိမိ၏ သွေးဘားတန်းမှာ ၁၄၀ ခန့် တိုးပွားလာပြီး 【၁၆၀၀/၁၆၀၀】 သို့ ရောက်ရှိသွားသည်ကို ကြည့်ရင်း ဝမ်ထောင် ပြုံးလိုက်မိ၏။ သူ၏ သွေးဘားတန်းမှာ အချို့သော ထူးကဲဇွန်ဘီများထက်ပင် မြင့်မားနေခဲ့ပြီ ဖြစ်သည်။

မလှမ်းမကမ်းတွင်ရပ်နေသော ဟန်ရွှေ အနည်းငယ် တုန်လှုပ်သွားခဲ့၏။ ဝမ်ထောင်က သူ၏ အဝေးပစ်စကေးများက မကောင်းဘူးဟု ပြောခဲ့သည်မဟုတ်လား။ ဤမျှ မြန်ဆန်သော ပစ်ခတ်မှုနှုန်းနှင့် မြှားတိုင်းက ခေါင်းကိုထိမှန်ခြင်းကို မကောင်းဘူးဟု ဆိုသည်လား။ ၄င်းက ဟန်ဆောင်နှိမ့်ချပြောဆိုခြင်း သက်သက်သာ ဖြစ်၏...

ထူးကဲဇွန်ဘီ သုံးကောင် သေဆုံးသွားသော်လည်း ပေါက်ကွဲဇွန်ဘီ၏ အလောင်းမှာ ပေါက်ကွဲဦးမည် ဖြစ်သဖြင့် သူတို့ နှောင့်နှေးနေ၍ မရချေ။ ဝမ်ထောင်သည် အကျိအချွဲလက်ပစ်ဗုံးများ နောက်ထပ် နှစ်လုံး ပစ်လိုက်ပြန်သည်။ လက်ပစ်ဗုံးများ ပေါက်ကွဲပြီးနောက် ဖြစ်ပေါ်လာသော အကျိအချွဲများသည် လျင်မြန်စွာ ခဲသွားခဲ့ပြီး ညွန့်များအပေါ်တွင် ခဲသွားသောအကျိအချွဲလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့၏။

အကျိအချွဲလက်ပစ်ဗုံးများ၏ အာနိသင်ကို ကြည့်ရင်း ဝမ်ထောင် အလွန် ကျေနပ်သွားမိသည်။ သူသည် အသန့်ကြိုက်လွန်းသူ ဖြစ်နေ၍ မဟုတ်ဘဲ ညွန့်ထဲတွင် ပိတ်မိပြီး ပြန်မထွက်နိုင်မည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်၏။

ခဲသွားသောအကျိအချွဲလမ်းကြောင်းပေါ်မှ အပြေးအလွှား သွားရောက်ကာ ဇွန်ဘီသုံးကောင်ထံမှ ပစ္စည်းများအားလုံးကို သိမ်းဆည်းလိုက်သည်။

"မောင်း... မောင်း... မောင်း..."

ဟန်ရွှေသည် ကားထဲတွင် အဆင်သင့် စောင့်ဆိုင်းနေခဲ့ပြီး ဖြစ်ရာ ဝမ်ထောင် ကားပေါ်သို့ လှမ်းတက်လိုက်သည်နှင့် သူမ ချက်ချင်းပင် လီဗာကို အရှိန်ပြင်းစွာ နင်းလိုက်တော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ပန်းခြံအတွင်းမှ ပေါက်ကွဲဇွန်ဘီ ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွားခဲ့၏။ ခဏအကြာတွင် ရူးသွပ်ဇွန်ဘီအုပ်ကြီးတစ်ခုက ထိုနေရာသို့ အုံခဲလာခဲ့ကြသည်။ သို့သော် ဝမ်ထောင်နှင့် သူ၏ အဖော်မှာမူ လမ်းအနည်းငယ်ကို ဖြတ်ကျော် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ကားအတွင်း၌ ဝမ်ထောင်သည် ဟန်ရွှေကို နောက်ထပ် ထူးကဲဇွန်ဘီ တည်နေရာသို့ မောင်းနှင်စေပြီး သူကမူ ရရှိခဲ့သော ပစ္စည်းများကို ကြည့်လိုက်၏။

အဖြူရောင် ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း အမြုတေတစ်ခု၊ အပြာရောင် ရွံ့နွံအမြုတေတစ်ခုနှင့် အနီရောင် တုန်ခါလှိုင်းအမြုတေတစ်ခု။

သူသည် ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်းနှင့် ရွံ့နွံအမြုတေများကို ကျော်လိုက်၏။ အရေးကြီးသောအရာမှာ အနီရောင် တုန်ခါလှိုင်းအမြုတေပင်။ သူ၏ ကျောပိုးအိတ်ထဲတွင် အဖြူရောင် တုန်ခါလှိုင်းအမြုတေတစ်ခု ရှိနေခဲ့ပြီးသား ဖြစ်သည်။ နောက်ထပ် မော်ကွန်းဝင်အဆင့်အမြုတေ ·တစ်ခုကို ပေါင်းစပ်နိုင်ပေသည်။

ဝမ်ထောင်သည် ၎င်းကို ကျောပိုးအိတ်ထဲတွင် ချက်ချင်း ပေါင်းစပ်လိုက်ပြီး စိတ်ကူးလိုက်သည်နှင့် မော်ကွန်းဝင်အဆင့်အမြုတေမှာ သူ၏ ပါးစပ်ထဲတွင် ထွက်ပေါ်လာခဲ့၏။

"ဂလု..."

နွေးထွေးသောခံစားမှုတစ်ခု ခန္ဓာကိုယ်အနှံ့ ထပ်မံ ပျံ့နှံ့သွားခဲ့ပြီး သူ၏ စိတ်ဓာတ်မှာလည်း မအီမသာဖြစ်မှု တစ်စုံတစ်ရာ မရှိဘဲ လန်းဆန်းသွားခဲ့သည်။

မိမိ၏ စွမ်းအင်ပမာဏမှာ ၁၀၀ ခန့် ထပ်မံ တိုးပွားလာပြီး ၆၀၀ သို့ ရောက်ရှိသွားသည်ကို ကြည့်ရင်း ဝမ်ထောင် ကျေနပ်စွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

ယခုအချိန်အထိ သူသည် ဇွန်ဘီအမြုတေ ခြောက်ခုကို ပေါင်းစပ်ခဲ့ပြီး ဖြစ်သည်။ "တိကျစွာပစ်ခတ်ခြင်း" တစ်ခုနှင့် "ကြေးနီအရေပြားသံမဏိအရိုး" တစ်ခုမှလွဲ၍ ကျန်ရှိသော လေးခုစလုံးမှာ "ရိုက်ခတ်လှိုင်း" များ ဖြစ်ကြ၏။

သို့သော် သူ ပေါင်းစပ်ခဲ့သော အမြုတေများမှာ အားလုံး ပေါင်းစပ်ထားသောအရာများ ဖြစ်သဖြင့် သူသည် အမှန်တကယ်တွင် အမြုတေ ဆယ့်နှစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

"အခုအချိန်မှာ ငါ့ထက် အမြုတေတွေ ပိုပြီး ပေါင်းစပ်နိုင်တဲ့လူ ရှိမလားတော့ မသိဘူး..."

ဝမ်ထောင် စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်မိသည်။

မကြာမီ ဟန်ရွှေသည် ထူးကဲဇွန်ဘီများ ရှိနေသည့် ဒုတိယမြောက် တည်နေရာသို့ ကားကို မောင်းနှင်လာခဲ့၏။

သူတို့သည် အဝေးမှပင် ထူးကဲဇွန်ဘီ သုံးကောင်ကို လှမ်းမြင်နိုင်လေသည်။

အကျိအချွဲအန်ဇွန်ဘီ တစ်ကောင်နှင့် ပေါက်ကွဲဇွန်ဘီ နှစ်ကောင်။

ဝမ်ထောင်သည် အကျိအချွဲအန်ဇွန်ဘီများကို အမှန်တကယ်ပင် တော်တော်လေး သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ချပေးသော အကျိအချွဲလက်ပစ်ဗုံးများသည် ပေါက်ကွဲဇွန်ဘီများကို ကိုင်တွယ်ရန်အတွက် သော့ချက် ဖြစ်ခြင်းကြောင့် ဖြစ်၏။

ထိုအရာများဖြင့် သူသည် ထူးကဲဇွန်ဘီများကို ထိခိုက်မှု လုံးဝမရှိသလောက်ဖြင့် သတ်ဖြတ်နိုင်ပြီး ပေါက်ကွဲဇွန်ဘီများ ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း ပြုလုပ်မည်ကိုလည်း စိတ်ပူရန် မလိုတော့ချေ။

အချိန်အနည်းငယ် ပေးပြီးနောက် အကျိအချွဲလက်ပစ်ဗုံး သုံးလုံးကို အသုံးပြုကာ ဝမ်ထောင်သည် ထူးကဲဇွန်ဘီ သုံးကောင်ကို သတ်ဖြတ်လိုက်တော့သည်။

ဝမ်ထောင်က ပစ်မှတ်အားလုံးကို ယူခဲ့ပြီး ဟန်ရွှေကို တစ်ခုမျှ ပေးမသတ်ခဲ့ချေ။

အားလုံးခြုံကြည့်လျှင် ဟန်ရွှေသည် သာမန်ဇွန်ဘီများကို သတ်ခြင်းဖြင့် သွေးပမာဏ တိုးပွားလာနိုင်သော်လည်း ဝမ်ထောင်ကမူ ထူးကဲဇွန်ဘီများကို သတ်ခြင်းဖြင့်သာ တိုးပွားနိုင်သဖြင့် သူက ပစ်မှတ်များကို ယူခြင်းမှာ သင့်တော်ပါသည်။

နေဝင်ချိန်တွင် ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ဟိုတယ်အသေးစားတစ်ခု၏ ရှေ့တွင် ကားကို ရပ်တန့်လိုက်ကြ၏။

ဟန်ရွှေသည် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီး အတွင်းရှိ ဇွန်ဘီများ၏ တည်နေရာကို အတည်ပြုပြီးနောက် သူမ၏ မီးသတ်ပုဆိန်ကို ကိုင်ဆောင်ကာ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

"နောက်ထပ် နည်းနွးပဲလိုတော့တယ်"

ဟန်ရွှေ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။

ယခုအချိန်တွင် သူမ၏ သွေးပမာဏမှာ 【၉၇၀/၉၇၀】 သို့ ရောက်ရှိနေပြီ ဖြစ်ရာ သွေးပမာဏ ၁၀၀၀ သို့ ရောက်ရှိရန် ဇွန်ဘီ သုံးကောင်သာ လိုတော့သည်။

သူမကိုယ်တိုင်ကမူ သွေးဘားတန်းကို မမြင်ရပါ။ သူမက ဝမ်ထောင်၏ အရိပ်အမြွက်များအပေါ် အခြေခံထားခြင်း ဖြစ်ပြီး သူက သူမအား နောက်ထပ် ဇွန်ဘီ သုံးလေးကောင်ခန့် သတ်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် ဘက်စုံအဆင့်မြှင့်တင်မှုတစ်ခု ရရှိလိမ့်မည်ဟု ပြောပြထားခဲ့သည်။

သူမကိုယ်တိုင်လည်း ထိုအရာကို မသဲမကွဲ ခံစားမိသော်လည်း သိပ်ပြီးတော့ မထင်ရှားချေ။ ဝမ်ထောင်၏ အရိပ်အမြွက် စကားကို ကြားရပြီးနောက်တွင်မူ သူမသည် ထိုစကား မှန်ကန်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

ဟန်ရွှေသည် အပေါ်ထပ်သို့ ဦးဆောင်ကာတတ်လာခဲ့ပြီး ဝမ်ထောင်ကတော့ ဝင်ရောက်စွက်ဖက်ရန် အစီအစဉ်မရှိဘဲ သူမ၏ နောက်မှ အေးအေးလူလူ လိုက်လာခဲ့၏။

ဟန်ရွှေ၏ ခွန်အားမှာ မနည်းလှချေ။ သူမ၏ စွမ်းအားမှာ ဝမ်ထောင်ကဲ့သို့ မသန်မာသော်လည်း သူမသည် သွေးပမာဏ တစ်ထောင်နီးပါး ရှိသော လူတစ်ယောက် ဖြစ်နေသဖြင့် သာမန်ဇွန်ဘီများကို ကိုင်တွယ်ရသည်မှာ ခက်ခဲမှု မရှိချေ။

မကြာမီ ဟန်ရွှေသည် သာမန်ဇွန်ဘီ သုံးကောင်ကို ခုတ်လှဲလိုက်သည်နှင့် သူမ၏ သွေးပမာဏမှာ ၁၀၀၀ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် သူမသည် ရုတ်တရက် အိပ်ငိုက်ခြင်းကို ခံစားလိုက်ရသည်။

"ဘာဖြစ်တာလဲ... ငါ... ငါ အိပ်ချင်လာတယ်..."

ဟန်ရွှေ ချက်ချင်းပင် ခေါင်းလှည့်ကာ ဝမ်ထောင်ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်ခြင်း အရိပ်အယောင်များ ပါဝင်နေခဲ့၏။

"မစိုးရိမ်ပါနဲ့... ဒါက သာမန်ဖြစ်စဉ်တစ်ခုပဲ"

ဝမ်ထောင် လျင်မြန်စွာ လျှောက်လာပြီး ဟန်ရွှေ၏ ခါးလေးတွဲပေးလိုက်သည်။

ယခုအခြေအနေအရ သွေးပမာဏ ၁၀၀၀ သို့ ရောက်ရှိချိန်တွင် မိမိကိုယ်တိုင်သာ အိပ်ချင်လာခဲ့ခြင်း မဟုတ်ဘဲ အခြားလူများလည်း ထို့အတူပင် ဖြစ်ပုံရသည်ဟု စိတ်ထဲတွင် တွေးမိလိုက်၏။

ဝမ်ထောင်သည် ၄င်းက သာမန်ဖြစ်စဉ်တစ်ခုဟု ပြောသည်ကို ကြားရသောအခါ ဟန်ရွှေ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိပြီးနောက် သူ၏ ရင်ခွင်ထဲသို့ တည့်တည့် လဲကျကာ နှစ်ခြိုက်စွာအိပ်ပျော်ခြင်း သို့ ရောက်ရှိသွားခဲ့တော့သည်။

ဝမ်ထောင်သည် သူမကို ကုတင်ပေါ်တွင် လှဲလျောင်းပေးလိုက်ပြီးနောက် တံခါးများနှင့် ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ဆို့လိုက်၏။ သုံးနာရီခန့် စောင့်ဆိုင်းပြီးနောက် ဟန်ရွှေသည် ညဘက်တွင် နိုးလာခဲ့သည်။

"ရေ..."

ဟန်ရွှေ၏အသံကြောင့် ဝမ်ထောင်က သူမအား ရေအချို့ ကမ်းပေးလိုက်၏။

"ဂလု ဂလု ဂလု ဂလု "

ရေအမြောက်အမြား သောက်သုံးပြီးနောက် ဟန်ရွှေ တော်တော်လေး နေလို့ကောင်းသွားခဲ့သည်။ သူမသည် မိမိ၏ ဘေးရှိ ဝမ်ထောင်ကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် စကားဆို၏။

"ကျွန်မ အများကြီး ပိုပြီး သန်မာလာတယ်လို့ ခံစားရတယ်။ အခုချိန် ထူးကဲဇွန်ဘီတစ်ကောင်ကို တစ်ယောက်တည်း သွားပြီး ရင်ဆိုင်နိုင်တယ်လို့တောင် ခံစားနေရတယ်..."

ဟန်ရွှေ၏ မျက်ဝန်းများထဲမှ စိတ်လှုပ်ရှားမှုများကို မြင်သော်လည်း ဝမ်ထောင် ခေါင်းခါလိုက်မိပြီး အနည်းငယ် စကားမဲ့သွားရ၏။

"ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲတာမျိုး မလုပ်ပါနဲ့။ ငါကိုယ်တိုင်တောင် ထူးကဲဇွန်ဘီတိုင်းကို သေချာပေါက် အနိုင်ရလိမ့်မယ်လို့ မပြောရဲဘူး"

"အဟမ်း... ငါ သိပါတယ်။ ဒါပေမဲ့ ကျွန်မတကယ်ပဲ ကျွန်မရဲ့ ခွန်အားကို စမ်းသပ်ချင်လို့ပါ..."

ဟန်ရွှေ သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူမသည် မိမိ၏ စွမ်းအင်များ တိုးလျှံလာနေပြီး ထွက်ပေါက်တစ်ခု လိုအပ်နေသည်ဟု ခံစားနေရသည်။

၄င်းကို မြင်သောအခါမှ ဝမ်ထောင် ချက်ချင်း နားလည်သွားခဲ့၏။

စွမ်းအင် တိုးလျှံလာခြင်းမှာ အမြုတေ ပေါင်းစပ်စဉ်နှင့် သွေးပမာဏ တိုးပွားလာစဉ် နှစ်ခုစလုံးတွင် ဖြစ်ပေါ်တတ်သည်။

ဟန်ရွှေ၏ ဤကဲ့သို့သော ပုံစံကို မြင်သောအခါ ဝမ်ထောင် ပြုံးလိုက်မိ၏။

"မင်းရဲ့ ခွန်အားကို စမ်းသပ်ချင်တာလား။ ကောင်းပြီ... ငါမင်းနဲ့အတူ စမ်းသပ်ပေးမယ်"

"အာ... ကောင်းတားပေါ့ ၊ ကျွန်မ ရှင် ဘယ်လောက်တောင် သန်မာလဲဆိုတာ တိတိကျကျမသိသေးဘူး။ ကျွန်မ အခုဆို ရှင့်ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ အရည်အချင်း ပြည့်မီသင့်ပြီ...အား..... ရှင်ဘာလုပ်မလို့လဲ— အွန်း..အွတ်.."

"ကျွန်မပြောတာ အဲလိုမဟုတ်.."

သို့သော် ဟန်ရွှေကရုန်းကန်း မရသည့်အဆုံး

ဒေါသသံလေးဖြင့် တုန့်ပြန်လာတော့သည်။

"ရှင်က ဒီလောက်စမ်းချင်နေမှတော့...လာစမ်း.."

“...”

အချိန်အနည်းငယ်ကြာသောအခါ သူမ၏ရင်ခွင်ထဲမှ ဟန်ရွှေအားကြည့်ကာ ဝမ်ထောင် ခေါင်းခါလိုက်မိ၏။သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တိုးတက်လာသော်လည်း ၎င်းက မလုံလောက်သေးချေ။

ဝမ်ထောင်သည် "ကြေးနီအရေပြားသံမဏိအရိုး" ကိုပင် အသုံးမပြုဘဲ သူမကို အလွယ်တကူ ကိုင်တွယ်နိုင်ပေသည်။ သူက ၎င်းကို အသုံးပြုလိုက်သည်နှင့် ဟန်ရွှေ မှာ ချက်ချင်းပင် လက်နက်ချလိုက်ရတော့သည်။

ဟန်ရွှေသည် တင်ယွီချင်နှင့် မတူညီသောအချက်များစွာရှိ၏။ နှစ်ဦးစလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အားသာချက်များ ရှိကြပြီး ဝမ်ထောင်သည် သူတို့နှစ်ဦးစလုံးကို သဘောကျမိသည်။

နောက်နေ့ မနက်ခင်း....

ဟန်ရွှေသည် ကုတင်ပေါ်တွင် ဇိမ်ခံနေဆဲ ဖြစ်သဖြင့် သူက သူမကို အတင်းအကျပ် နှိုးခဲ့ရ၏။

နှစ်ဦးစလုံးသည် အာဟာရဖျော်ရည်ဖြင့် ရိုးရှင်းသော မနက်စာကိုစားပြီးနောက် ဟိုတယ်အသေးစားမှ ထွက်ခွာခဲ့ကြပြီး အခြား ထူးကဲဇွန်ဘီ တည်နေရာသို့ ဦးတည်ရန် ကားပေါ်သို့ တက်ခဲ့ကြသည်။

ဝမ်ထောင်သည် ဝေါ်ကီတော်ကီကို ဖွင့်လိုက်ပြီး အခြေစိုက်စခန်းသို့ ဆက်သွယ်လိုက်၏။ အခြေစိုက်စခန်းသည် ပြန်ပေးဆွဲသူများထံမှ မည်သည့်သတင်းမျှ မရရှိသေးချေ။

ထို့နောက် ဝမ်ထောင်သည် ရှန့်ဟုန်ပင်းကို ဆက်သွယ်လိုက်ရာ သူက ဝမ်ထောင်ကို ပထမဆုံးအနေဖြင့် သတင်းကောင်းအချို့ ပြောပြခဲ့သည် ၊ ဇွန်ဘီအနည်းငယ် သတ်ပြီးနောက် ရှန့်ဟုန်ပင်းသည် တစ်ရေးအိပ်ခဲ့ပြီး နိုးလာသောအခါ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာခဲ့၏။

သူသည် မိမိကိုယ်ကိုယ် ဤမျှလောက် စွမ်းအားကြီးသည်ဟု တစ်ခါမျှ မခံစားဖူးကြောင်း ပြောဆိုခဲ့သည်။ သို့သော် သူသည် သတိကြီးစွာ ထိန်းထားဆဲ ဖြစ်ပြီး ဟန်ရွှေကဲ့သို့ ထူးကဲဇွန်ဘီများကို တစ်ယောက်တည်း ရင်ဆိုင်မည့်အကြောင်းမျိုး တစ်လုံးမျှ မဟခဲ့ချေ။

ရှန့်ဟုန်ပင်းသည် လောလောဆယ်တွင် သူ၏ လူများကို ဦးဆောင်၍ ဇွန်ဘီများကို အမဲလိုက်နေပြီး ထိုအသက်ရှင်ကျန်ရစ်သူများအခြေစိုက်စခန်းကို စောင့်ကြည့်ရန် အချို့ကို ချန်ထားခဲ့၏။ ၎င်းတို့သည် တိတ်တဆိတ်ဝင်ရောက်ရန် အခွင့်အရေး မတွေ့ရှိသေးချေ။

သို့သော် ၄င်းက ရှောက်ယုံ၏ စခန်း ဖြစ်ကြောင်းကိုမူ သူ အခြေခံအားဖြင့် သေချာနေခဲ့ပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် အပြင်သို့ ထွက်လာကြသော အသက်ရှင်ကျန်ရစ်သူများက စခန်းခေါင်းဆောင်ကို 'ဘော့စ်ရှောက်' ဟု ခေါ်ဝေါ်ကြသည်ကို ကြားခဲ့ရခြင်းကြောင့် ဖြစ်၏။

ရှန့်ဟုန်ပင်းသည် သူတို့၏အမဲလိုက်အဖွဲ့များမှ အဖွဲ့ဝင်များ အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက် သိပ်မထားတော့ချေ။ ယခုအခါ ၎င်းတို့သည် ထိုအမဲလိုက်သမား ၁၄ ယောက် ထိုနေရာတွင် ရှိမရှိကိုသာ သက်သေပြရန် လိုအပ်တော့သည်။

အကယ်၍ ၎င်းတို့ ထိုနေရာတွင် မရှိဘဲ ၄င်းတို့အားလုံး အထင်လွဲမှားမှုသာ ဖြစ်နေပါက ရန်သူများ ဖြစ်နေရန် မလိုအပ်ချေ။

အကယ်၍ ၎င်းတို့ ထိုနေရာတွင် ရှိနေပါက အခြားတစ်ဖက်သည် တရားမျှတမှုသံမဏိလက်သီး၏ အရသာကို မြည်းစမ်းရမည် ဖြစ်ပေလိမ့်မည်။

တိကျသော သတင်း ထွက်ပေါ်မလာသေးသည်ကို မြင်သဖြင့် ဝမ်ထောင်သည် ဇွန်ဘီများကို အမဲလိုက်ရန် ဟန်ရွှေကို ဆက်လက် ခေါ်ဆောင်သွားခဲ့၏။

ယနေ့ ကံတရားမှာတော့ တော်တော်လေး ကောင်းမွန်လှသည်။

ရှန့်ဟုန်ပင်း ချန်ထားခဲ့သော နောက်ဆုံး တည်နေရာနှစ်ခုတွင် ထူးကဲဇွန်ဘီများကို ရှာဖွေတွေ့ရှိခဲ့ရုံသာမက ဝမ်ထောင်ကိုယ်တိုင်လည်း ထူးကဲဇွန်ဘီ အနည်းငယ်နှင့် ထပ်မံ ကြုံတွေ့ခဲ့ရသေး၏။

သို့သော် ယနေ့ တိုက်ပွဲများမှာမူ များစွာအန္တရာယ်များလှသည်။

အထူးသဖြင့် နောက်ဆုံးတိုက်ပွဲတွင် သွေးပမာဏ ၃၀၀၀ ရှိသော အရှိန်ပြင်းဝင်တိုက်ဇွန်ဘီများ နှစ်ကောင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

ထိုအချိန်က ဝမ်ထောင်သည် ပေါက်ကွဲဇွန်ဘီ တစ်ကောင်နှင့် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ တစ်ကောင်သာ ရှိသည်ဟု တွေးခဲ့ခြင်း ဖြစ်သည်။ အကျွဲအချွဲလက်ပစ်ဗုံးတစ်လုံး၏ အကူအညီဖြင့် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီကို နောက်ဆုံးတွင် သတ်ဖြတ်ပြီးနောက် အဝေးမှနေ၍ အခြား အရှိန်ပြင်းဝင်တိုက်ဇွန်ဘီတစ်ကောင် ရုတ်တရက် ပြေးထွက်လာခဲ့ပြန်သည်။

ဟန်ရွှေ၏ အာရုံခံစွမ်းရည်မှာ အကွာအဝေး ကန့်သတ်ချက် ရှိပြီး အရှိန်ပြင်းဝင်တိုက်ဇွန်ဘီတစ်ကောင်၏ အတင်းဝင်တိုက်နိုင်သောအကွာအဝေးမှာ မီတာသုံးဆယ်ကျော်အထိ ရောက်ရှိနိုင်လေသည်။ ဟန်ရွှေသည် ထိုအကွာအဝေးတွင် ၎င်းကို အာရုံမခံနိုင်ခဲ့ပါ။ ဇွန်ဘီက သူတို့ထံသို့ ပြေးဝင်လာသည်ကို သတိပြုမိချိန်တွင်မူ နောက်ကျသွားခဲ့ပြီ ဖြစ်၏။ အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ အရှိန်ကလည်း အလွန် မြန်ဆန်လှပေသည်။

ကံကောင်းထောက်မစွာဖြင့် ဝမ်ထောင်၏ တုံ့ပြန်မှုများမှာ လျင်မြန်လှ၏။ သူသည် ရှောင်တိမ်းခြင်း မပြုလုပ်နိုင်သော်လည်း အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏အင်အားအပြည့်ဖြင့်တိုက်ခိုက်မှုကို တောင့်ခံရန် သူ၏ "ကြေးနီအရေပြားသံမဏိအရိုး" စွမ်းရည်ကို အချိန်မီ အသက်သွင်းလိုက်နိုင်သည်။

"ကြေးနီအရေပြားသံမဏိအရိုး" ၏ ခုခံမှုမှာ အမှန်ပင် သန်မာလှ၏။ သွေးပမာဏ ၃၀၀၀ ရှိသော အရှိန်ပြင်းဝင်တိုက်ဇွန်ဘီတစ်ကောင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း သူသည် သွေးပမာဏ ၁၀၀ ကျော်သာ လျော့ကျခဲ့သည်။ ပြင်းထန်သော နာကျင်မှုကို ခံစားရသော်လည်း ကြီးမားသော ဒဏ်ရာတော့ ရရှိခဲ့ခြင်း မရှိချေ။

အရှိန်ပြင်းဝင်တိုက်ဇွန်ဘီမှာ တစ်ကြိမ်တိုက်ပြီးနောက် ရပ်တန့်သွားခဲ့၏။ ၎င်းသည် အချိန်တိုအတွင်း ဒုတိယအကြိမ် အတင်းဝင်တိုက်ခြင်းကို မပြုလုပ်နိုင်သဖြင့် သန်မာသော ဝမ်ထောင်၏ ပစ်မှတ် ဖြစ်လာခဲ့တော့သည်။

အရှိန်ပြင်းဝင်တိုက်ဇွန်ဘီကို သတ်ပြီးနောက် ဝမ်ထောင်သည် နောက်ထပ် အရှိန်ပြင်းဝင်တိုက်အမြုတေတစ်ခုကို ပေါင်းစပ်နိုင်ပေလိမ့်မည်။

သို့သော် သူ မအောင်ပွဲခံနိုင်မီမှာပင် ဝမ်ထောင်သည် သူ၏ သွေးပမာဏမှာ ၂၀၀၀ သို့ ဖြတ်ကျော်သွားသည်ကို ရုတ်တရက် မြင်လိုက်ရ၏။

သူသည် ယနေ့တွင် ထူးကဲဇွန်ဘီ စုစုပေါင်း ရှစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။ ယခု အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ အပါအဝင် သူ၏ သွေးပမာဏမှာ အတိအကျ ၄၀၀ ခန့် တိုးပွားလာခဲ့ပြီး ၂၀၀၀ သို့ ရောက်ရှိသွားခဲ့လေပြီ ။

"မြန်မြန်လေး... အနားယူဖို့ ဘေးကင်းရာနေရာတစ်ခု ရှာရအောင်"

ဝမ်ထောင် အိပ်ငိုက်ခြင်းလှိုင်းတစ်ခု ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသဖြင့် အပြေးအလွှား ကားထဲသို့ ဝင်ထိုင်လိုက်သည်။

ဟန်ရွှေမှာ နှောင့်နှေးခြင်း မပြုရဲချေ။ ဦးတည်ရာလမ်းကြောင်းကို အတည်ပြုပြီးနောက် သူမသည် ရွေးချယ်ထားသော ဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်သွားခဲ့တော့သည်။

"ရှင်..ရှင် အဆင်ပြေရဲ့လား"

--------

All Chapters