အခန်း ၁၁၂
Vol. 10 Ch. 112
အခန်း (၁၁၂) - ငါ အကူအညီတစ်ခု တောင်းချင်လို့ပါ
"ငါ... ဘယ်ရောက်နေတာလဲ"
ဝမ်ထောင်သည် အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့ပြီး အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားရသော အပေါ်ရှိ မျက်နှာကျက်ကို လှမ်းကြည့်လိုက်၏။
"ရှင် နောက်ဆုံးတော့ နိုးလာပြီပဲ"
သူ့ဘေးမှ ဟန်ရွှေ၏ အသံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ထောင် ခေါင်းလှည့်ကြည့်လိုက်ရာ ဟန်ရွှေအပြင် အခြား ရင်းနှီးသော ပုံစံရှိသည့် မိန်းမတစ်ယောက်ကိုပါ မြင်တွေ့လိုက်ရ၏။
"လီချို့ယွီ"
"မင်္ဂလာနေလည်ခင်းပါ... မစ္စတာဝမ်..."
လီချို့ယွီက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
ထိုအခါမှ ဝမ်ထောင်သည် ဟန်ရွှေက သူ့အား လီချို့ယွီ၏အိမ်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သတိပြုမိသွားတော့၏။ သူက ယဉ်ကျေးစွာဖြင့် စကားဆိုလိုက်သည်။
"ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်... မစ္စလီ"
"ဒုက္ခမများပါဘူး။ ဟန်ရွှေက ပတ်ဝန်းကျင်ဧရိယာမှာရှိတဲ့ ဇွန်ဘီတွေကိုတောင် ရှင်းလင်းပေးခဲ့သေးတာပဲ"
လီချို့ယွီသည် ဆံပင်တစ်နွယ်ကို သူမ၏ နားနောက်သို့ သပ်တင်လိုက်၏။
လီချို့ယွီသည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ဝန်းကျင် ရှိနေပြီ ဖြစ်သော်လည်း သူမ၏ ဆွဲဆောင်မှုမှာ အသက်အရွယ်ကြောင့် လျော့ကျသွားခြင်း မရှိဘဲ ပိုမို၍ပင် စွဲမက်ဖွယ်ကောင်းလာသည်ဟု ပြောရမည် ဖြစ်သည်။ သာမန် လှုပ်ရှားမှုတစ်ခုပင်လျှင် မိန်းမဆန်သောဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ အထူးသဖြင့် ယခုအခါ အဖြူရောင်ပိုးထည်ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားရာ ဤဝေဝေဝါးဝါး မျှားခေါ်မှုက လူတစ်ယောက်အား ပိုမိုနီးကပ်စွာ ကြည့်ရှုလိုစိတ် ဖြစ်ပေါ်စေပေသည်။
ဝမ်ထောင်သည် ဟန်ရွှေက သူ့အား တိတ်တဆိတ် ဆိတ်မဆွဲမီအထိ မသိစိတ်ဖြင့် ခဏမျှ စိုက်ကြည့်နေခဲ့မိ၏။သူမ၏ ကြိတ်လက်သည်းချက်ရောက်လာမှသာ သူက ခေါင်းကို ပြန်လှည့်လိုက်လေသည်။
"ငါ ဘယ်လောက်ကြာကြာ သတိမေ့သွားတာလဲ"
"သုံးနာရီလောက်ပဲ... အခု ညရှစ်နာရီ ရှိပြီ"
ဟန်ရွှေက သူမ၏ လက်ပတ်နာရီကို ကြည့်ရင်း ပြောလိုက်သည်။
ဝမ်ထောင် ခေါင်းညိတ်လိုက်၏။ သူ သွေးပမာဏ တစ်ထောင် တိုးပွားလာတိုင်း သုံးနာရီခန့် အိပ်စက်ရမည်လား။
၄င်းက တော်တော်လေး ဒုက္ခများလှသော စနစ်ဖွဲ့စည်းပုံ ဖြစ်ပေသည်။ အကယ်၍ သူသာ တောရိုင်းထဲတွင် အသင်းဖော်များ မရှိဘဲ ရောက်ရှိနေပါက အလွန် အန္တရာယ်များလှပေလိမ့်မည်...။
"မစ္စတာဝမ် နိုးလာပြီဆိုတော့... ငါလည်း သွားအိပ်တော့မယ်နော်..."
လီချို့ယွီက သူတို့နှစ်ဦးအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ခွာသွားခဲ့၏။
သူမ ထွက်ခွာသွားပြီးနောက် ဟန်ရွှေသည် ဝမ်ထောင်ကို စောင်းငဲ့ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောခဲ့ချေ။
ဝမ်ထောင်သည် ဟန်ရွှေ၏ သွယ်လျသော ခါးလေးကို ဆွဲဖက်လိုက်ပြီး သက်ပြင်းတိုးတိုးချကာ စကားဆိုလိုက်သည်။
"မင်း သိပါတယ်... ခွန်အားတွေ တိုးလာတိုင်း ငါ့ရဲ့ စွမ်းအင်ပမာဏက တအား မြင့်မားလာတတ်တာကို"
"အခု..မင်းကူညီပေးရမဲ့အလှည့်ပဲ"
"..."
ထို့နောက်တွင်မူ..
အချိန်များစွာ ကုန်ပြီးနောက်...
ဟန်ရွှေသည် ဝမ်ထောင်၏ ရင်ခွင်ပေါ်တွင် မှီလျက် သူ၏ နှလုံးခုန်သံကို တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။ ဝမ်ထောင်က ဟန်ရွှေ၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးနေခဲ့သော်လည်း သူ၏ စိတ်ကမူ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မရှိတော့ဘဲ မိမိကိုယ်ကိုယ်၌သာ အာရုံရောက်နေခဲ့သည်။
ယခုအကြိမ်တွင် သွေးပမာဏ နှစ်ထောင်သို့ ရောက်ရှိပြီးနောက် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရ၏။ ၂၀ ရာခိုင်နှုန်းခန့် တိုးတက်လာခြင်း ဖြစ်နိုင်မလား။ ဝမ်ထောင် သိပ်မသေချာသော်လည်း တိုးတက်လာပြီးနောက် အာရုံခံစားမှုက အလွန် ကောင်းမွန်လှသဖြင့် သူ သဘောကျမိသည်။
ယခုအခါ သူသည် စတုတ္ထမြောက် အမြုတေအမျိုးအစားကို ပေါင်းစပ်နိုင်မလား ဆိုသည်ကိုမူ... ဝမ်ထောင်က ဖြစ်နိုင်လိမ့်မည်ဟု ခံစားနေရ၏။
သို့သော် သူသည် ကိုယ့်ကိုယ်ကိုပြန်ကုသခြင်းအမြုတေများ လုံလောက်စွာ မစုဆောင်းရသေးသဖြင့် စောင့်ဆိုင်းရန်သာ ရှိသည်။
ဝမ်ထောင်သည် အရှိန်ပြင်းတိုးဝှေ့အမြုတေများ အနည်းငယ် ထပ်မံ စုဆောင်းမိခဲ့ပြီး အခြား လိမ္မော်ရောင် မော်ကွန်းဝင်အဆင့် အရှိန်ပြင်းတိုးဝှေ့အမြုတေတစ်ခုကို ပေါင်းစပ်ခဲ့သော်လည်း လောလောဆယ်တွင် ၎င်းကို အသုံးပြုရန် အစီအစဉ် မရှိချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ သွေးပမာဏ ၂၀၀၀ သို့ တိုးပွားလာပြီးနောက် ဝမ်ထောင်သည် မိမိ၏ ခန္ဓာကိုယ် အခြေအနေအပေါ် အာရုံခံနိုင်စွမ်း ပိုမို ထက်မြက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ သူသည် လက်ရှိအချိန်တွင် အမြုတေ လေးမျိုးကိုသာ ပေါင်းစပ်နိုင်သည်ဟု ခံစားနေရ၏။
ဤကန့်သတ်ချက်က အနာဂတ်တွင် တိုးပွားလာဦးမလား သူ မသိသော်လည်း လောလောဆယ်တွင် လေးမျိုးသာ ဖြစ်သည်။
သူသည် အမြုတေ သုံးမျိုးကို ပေါင်းစပ်ပြီး ဖြစ်သဖြင့် စတုတ္ထမြောက် တစ်ခုအတွက် ပိုမို သတိထားရမည် ဖြစ်၏။
ဝမ်ထောင်သည် ပထမဆုံး အမြုတေ သုံးခုအပေါ် အတော်လေး ကျေနပ်မိသည် ။ ဧရိယာလွှမ်းခြုံတိုက်ခိုက်မှု ရိုက်ခတ်လှိုင်း၊ အလွန်မြင့်မားသောခုခံမှု ကြေးနီအရေပြားသံမဏိအရိုး နှင့် အဝေးပစ်လက်ဖြောင့်မှုကို မြှင့်တင်ပေးသည့် တိကျစွာပစ်ခတ်ခြင်း စွမ်းရည်။
တိုက်ခိုက်ရေးစွမ်းရည်များ နှစ်ခုနှင့် အသက်ကယ်စွမ်းရည်တစ်ခု။
အကယ်၍ သူသာ အရှိန်ပြင်းတိုးဝှေ့စွမ်းရည်ကို ထည့်သွင်းလိုက်ပါက သူ၏ တိုက်ခိုက်ရေးစွမ်းအား သေချာပေါက် တိုးပွားလာမည် ဖြစ်သော်လည်း ကိုယ်ပိုင်ဘေးကင်းလုံခြုံမှုအပိုင်းတွင် အနည်းငယ် လိုအပ်ချက် ရှိသွားပေလိမ့်မည်။
သို့သော် အကယ်၍ သူကစာ ကိုယ်တိုင်ကုသရေးအမြုတေတစ်ခု ရရှိခဲ့ပါက အများကြီး ပိုမို ဘေးကင်းလုံခြုံလှပေလိမ့်မည်။ ကမ္ဘာပျက်ကပ် ကာလအတွင်း အသက်ရှင်သန်ရခြင်းမှာ ကစားပွဲတစ်ခု မဟုတ်ချေ။
သင့်တွင်အသက်တစ်ချောင်းပဲ ရှိသည်အတွက် ဘေးကင်းခြင်းက ပိုကောင်းလေ၏။
ဝမ်ထောင်သည် လိမ္မော်ရောင် အရှိန်ပြင်းဝင်တိုက်အမြုတေတစ်ခုကို ထုတ်ယူကာ ပင်ပန်းနွမ်းနယ်နေသောဟန်ရွှေ၏ နှုတ်ခမ်းဝသို့ ကမ်းပေးလိုက်သည်။သူမမှာ ဝမ်ထောင်၏ နှစ်ညဆက်တိုက် တိုကိခိုက်မှုကို အလူးအလဲခံခဲ့ရသဖြင့် သိပ်မလန်းနိုင်ဖြစ်နေရှာ၏။
"ဟင်"
ဟန်ရွှေ ခဏမျှ မှင်တက်သွားခဲ့ပြီးနောက် ဝမ်ထောင်ကို လျင်မြန်စွာ လှမ်းကြည့်လိုက်၏။
"ပါးစပ်ဖွင့်"
"အွန်း—"
ဝမ်ထောင်သည် အမြုတေကို ဟန်ရွှေ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ဟန်ရွှေ မျက်ဝန်းများ ပြူးကျယ်သွားခဲ့၏။
"လိမ္မော်ရောင် အရှိန်ပြင်းဝင်တိုက်အမြုတေလား... ရှင်... ရှင့်မှာ ဘယ်လိုလုပ်ပြီး အပို ရှိနေသေးတာလဲ။ ပြီးတော့ ဒါကို ကျွန်မကို ဘာလို့ ပြန်ပေးတာလဲ။ နကိုယ်တိုင် မသုံးဘူးလား..."
ဟန်ရွှေသည် လွန်ခဲ့သော နှစ်ရက်လုံးလုံး ဝမ်ထောင်နှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်ပြီး သူ လိမ္မော်ရောင် အမြုတေတစ်ခုကို ရရှိခဲ့သည်ကို မမြင်မိခဲ့ပါ။
ပြီးတော့ ဝမ်ထောင်က အရှိန်ပြင်းဝင်တိုက်အမြုတေကို မိမိကိုယ်တိုင် အသုံးပြုရန်အတွက် သိမ်းဆည်းထားမည်ဟု ပြောခဲ့သည်မဟုတ်လား။
ဘာကြောင့် ငါ့ကို ပေးရတာလဲ။
ဟန်ရွှေ၏ စိတ်လှုပ်ရှားပြီး ရှုပ်ထွေးနေသော အကြည့်ကို မြင်သောအခါ ဝမ်ထောင်သည် သူမ၏ တင်ပါးလေးကို ပုတ်ပေးလိုက်၏။
"ဒါကိုလည်း ကောင်းကောင်း စုပ်ယူလိုက်စမ်းပါ"
"တော်တော့..စကားကဖောက်လာပြီ"
ဟန်ရွှေက ဝမ်ထောင်အား မျက်စောင်းထိုးလိုက်၏။
မကြာမီဟန်ရွှေ၏ ပေါင်းစပ်ခြင်း ပြီးဆုံးခဲ့ပြီး သူမ၏ စွမ်းအင်ပမာဏမှာ "၃၀၀" သို့ ရောက်ရှိသွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်..."
ဟန်ရွှေ မျက်လုံးများ ဖွင့်ကာ ဝမ်ထောင်ကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေခဲ့၏။
သူမ၏ တစ်သက်တာလုံးတွင် မိဘများနှင့် ဆွေမျိုးများမှလွဲ၍ သူမအပေါ် ဤမျှလောက် ကောင်းမွန်စွာ ဆက်ဆံသောလူကို ပထမဆုံး မြင်ဖူးခြင်းပင်။၄င်းက လိမ္မော်ရောင် အမြုတေတစ်ခု ဖြစ်ပြီး သူက သူမအား ရက်ျရာစွာပေးခဲ့သည့်အပြင် သူမကို နှစ်ခုတောင် ပေးခဲ့ပြီး ဖြစ်သည်။
"ကျွန်မ ရှင့်ကို ဘယ်လို ပြန်ပေးဆပ်ရမလဲတောင် မသိတော့ဘူး..."
ဟန်ရွှေ စိတ်ရင်းမှန်စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။
သူမသည် ဝမ်ထောင်ကို ကောင်းမွန်စွာ ပြန်လည်ပေးဆပ်ချင်သည်ဟု ယခင်က ပြောခဲ့ဖူးသော်လည်း သူမ မပြုလုပ်နိုင်မီမှာပင် ဝမ်ထောင်က သူမအား ပိုမိုများပြားသော အကျိုးကျေးဇူးများ ပေးအပ်ခဲ့ပြန်ပြီ ဖြစ်သည်။
ဝမ်ထောင်နှင့်အတူ အိပ်စက်ခြင်းကိုမူ ဟန်ရွှေအနေဖြင့် ပေးဆပ်ခြင်းဟု မသတ်မှတ်ချေ။ မဟုတ်ပါက ၎င်းက အရောင်းအဝယ်တစ်ခုခုနှင့် တူသွားပေလိမ့်မည်။ ထိုအရာက ပေးဆပ်ခြင်းမဟုတ်ဘဲ သူမ၏မာနနှင့်မခံချင်စိတ်ကြောင့် ကိုယ်ပိုင် ရွေးချယ်မှုသာ ဖြစ်ပြီး နှစ်ဦးစလုံး လိုအပ်ချက်ချင်း တူညီနေကြခြင်း လည်း ဖြစ်သည်ဟု ခံစားရ၏။
ဟန်ရွှေ၏ မျက်ဝန်းများထဲမှ သံယောဇဉ်ကို မြင်သောအခါ ဝမ်ထောင် ရုတ်တရက် ပြုံးလိုက်မိသည်။
"ဒါတို ငါ့ကို 'ယောကျာ်း' လို့ ဘာလို့ မခေါ်တာလဲ"
ဟန်ရွှေ၏ မျက်နှာ ချက်ချင်းပင် နီရဲသွားခဲ့၏။
"မခေါ်ဘူး"
သူမ၏ ယောကျာ်းမှာ အသုံးမဝင်သော လူတစ်ယောက် ဖြစ်သော်လည်း သူသည် အခြေစိုက်စခန်းထဲတွင် ရှိနေဆဲ ဖြစ်သည်။ အကယ်၍ သူမသာ အခြားလူတစ်ယောက်ကို "ယောကျာ်း" ဟု ခေါ်ဆိုပါက ဘယ်လိုပုံစံ ဖြစ်သွားမလဲ...
ဝမ်ထောင် သူမကို အတင်းအကျပ် မတောင်းဆိုခဲ့သော်လည်း ထပ်ပြောလိုက်၏။
"ဒါဆိုရင် "ဒယ်ဒီ"လို့ ခေါ်ရင်လည်း ရတာပဲ"
"..."
ဟန်ရွှေသည် ဒေါသတကြီးဖြင့် ဝမ်ထောင်၏ ပုခုံးကို ကိုက်လိုက်သော်လည်း ခွန်အား အများကြီးတော့ မသုံးခဲ့ချေ။
ဝမ်ထောင်က သူမအားတွန်းမဖယ်ဘဲ ခါးလေးမှပွေ့ထားကာ ပြုံးနေခဲ့၏။
ဟန်ရွှေအပေါ် သူ၏ ခံစားချက်မှာ... အမှန်အတိုင်း ပြောရလျှင် ၎င်းကို အချစ်ဟု ခေါ်ဆိုပါက လွန်ကဲလွန်းလှပေလိမ့်မည်။ ၎င်းတို့သည် ရက်အနည်းငယ်ခန့်သာ ထိတွေ့မှု ရှိခဲ့ကြခြင်း ဖြစ်ပြီး သူ၏ အဓိက အာရုံစိုက်မှုမှာ မိမိ၏ ခွန်အားကို မြှင့်တင်ရန်အတွက်သာ ဖြစ်၏... သူသည် ဟန်ရွှေ၏ ခန္ဓာကိုယ်ကို ရိုးရှင်းစွာပင် တပ်မက်နေခြင်းသာ ဖြစ်သည်။
အမှန်တကယ်တွင် သူသည် တင်ယွီချင်အပေါ်၌လည်း အလွန် နက်ရှိုင်းသော ခံစားချက်မျိုး မရှိချေ။ အားလုံးခြုံကြည့်လျှင် ၎သူတို့သည် ကမ္ဘာပျက်ကပ် မတိုင်မီက လက်ချိုးရေတွက်နိုင်ရုံမျှသာ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်ပြီး ကမ္ဘာပျက်ကပ် ဖြစ်ပွားပြီးနောက်တွင်မူ ၎င်းတို့သည် တစ်ဦးချင်းစီ၏ အထီးကျန်မှုများကိုသာ ဖြေဖျောက်ပေးနေကြခြင်း ဖြစ်၏ ။ တင်ယွီချင်ဘက်ကလည်း ထို့အတူပင် ခံစားရမလား သူ မသိသော်လည်း သူကမူ ထိုကဲ့သို့သာ ခံစားရခြင်း ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ ဤမိန်းကလေးနှစ်ဦးစလုံးသည် သူ့နောက်သို့ လိုက်ပါနေကြသဖြင့် ဝမ်ထောင်သည် ကောင်းမွန်သောအရာများ ရှိလာတိုင်း ၎င်းတို့အား သဘာဝအတိုင်းပင် ဦးစားပေးလိမ့်မည် ဖြစ်သည်။ သူ က ၎င်းတို့ကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ ထိန်းသိမ်းထားခြင်း ဖြစ်လင့်ကစား သံယောဇဉ် အချို့တော့ ရှိနေဆဲ ဖြစ်ပေသည်။
ဥပမာအားဖြင့် ဤအရှိန်ပြင်းဝင်တိုက်အမြုတေမှာ အလွန် အဖိုးတန်လှသော်လည်း ဝမ်ထောင်ကိုယ်တိုင်လည်း မသုံးသဖြင့် သိမ်းဆည်းထားခြင်းက ဖြုန်းတီးမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းကို ဟန်ရွှေ၏ ခွန်အား တိုးပွားလာစေရန် ပေးအပ်ခြင်းက ပိုမို ကောင်းမွန်လှပြီး ၎င်းက မိမိကိုယ်ကိုယ် ကူညီရာလည်း ရောက်ပေသည်။
သို့သော် ထိုည ညဉ့်နက်ပိုင်းတွင် ဟန်ရွှေသည် ခွန်အားအချို့ ပြန်လည်ရရှိလာခဲ့ပြီး အထူးပင် တက်ကြွသောကြောင့် ဝမ်ထောင်ပင်လျှင် မကိုင်တွယ်နိုင်လုနီးပါး ဖြစ်ခဲ့ရ၏။
သူ့မှာသု ကြေးနီအရေပြားသံမဏိအရိုးစွမ်းရည်မရှိပါက မိုးမလင်းခင် အမောဖောက်သွားနိုင်လေသည်။
နောက်နေ့ မနက်ခင်း။
ဝမ်ထောင်နှင့် ဟန်ရွှေတို့အိပ်ယာ ထပြီးနောက် အာဟာရဖျော်ရည်ဖြင့် ရိုးရှင်းသော အစားအစာတစ်ခု သုံးဆောင်ခဲ့ကြသည်။ ဝမ်ထောင်သည် လီချို့ယွီကိုလည်း နှစ်ပုလင်း ပေးခဲ့သေး၏။
"ကျေးဇူးတင်ပါတယ်။ အော်... ဒါနဲ့ မနေ့က တိုက်ခန်းဝင်းရဲ့ အပြင်ဘက်ကို လူတစ်စု ရောက်လာပြီး အဆောက်အအုံ ၂ က အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်သွားကြတယ်"
လီချို့ယွီက ပထမဆုံး ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် လျင်မြန်စွာ စကားဆိုလာခဲ့၏။
"အဲဒါတွေက ငါတို့လူတွေပါ"
ဝမ်ထောင်က ရှင်းပြလိုက်သည်။ မနေ့က သူ အခြေစိုက်စခန်းသို့ ဆက်သွယ်စဉ်က ထိုနေရာမှ လူများက ကောဟွာ၏ အဖွဲ့ကို သွားရောက်ခေါ်ဆောင်ရန် လူလွှတ်ထားပြီး ဖြစ်ကြောင်း ပြောခဲ့ကြခြင်းကြောင့် ဖြစ်၏။
"အော်... အဲလိုလား"
လီချို့ယွီ ခေါင်းညိတ်လိုက်၏။
ထို့နောက် ဟန်ရွှေက စကားဆိုလာခဲ့သည်။
"အစ်မချို့ယွီ... ကျွန်မတို့နဲ့အတူ အခြေစိုက်စခန်းကို ဘာလို့ လိုက်မလာတာလဲ။ အစ်မတစ်ယောက်တည်း ဒီမှာ နေနေတာက မသင့်တော်ဘူးလေ"
လီချို့ယွီသည် အကြိမ်ကြိမ် ငြင်းပယ်ခဲ့သော်လည်း ဟန်ရွှေသည် လီချို့ယွီ တစ်ယောက်တည်း ဤနေရာတွင် ရှိနေသည်ကို မြင်ရတိုင်း စိုးရိမ်မိသည်။ သူမသည် လီချို့ယွီအား မိမိနှင့်အတူ အခြေစိုက်စခန်းသို့ ပြန်စေချင်နေခဲ့၏။
"ကျေးဇူးတင်ပါတယ်... ဒါပေမဲ့..."
လီချို့ယွီသည် စကားအများကြီး မပြောဘဲ ခေါင်းကိုသာ ပြန်၍ ခါလိုက်ပြန်သည်။
ဟန်ရွှေ စိတ်ထဲတွင် သက်ပြင်းချလိုက်မိပြီးနောက် စကားဆိုလိုက်၏။
"ဒါဆိုရင် ကျွန်မတို့ နောက်ထပ် ရက်အနည်းငယ်လောက် အစ်မကို ဒုက္ခပေးရဦးမယ်။ စိတ်ရှည်ပေးပါဦးနော်"
မနေ့ညက ဟန်ရွှေနှင့် ဝမ်ထောင်တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် လီချို့ယွီ၏အိမ်တွင် ယာယီ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဟန်ရွှေ ဝမ်ထောင်ကို ကားမောင်း၍ ခေါ်လာစဉ်က အနီးအနားတွင် အထူးဇွန်ဘီအချို့ကို သတိပြုမိခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အထူးဇွန်ဘီများကို အမဲလိုက်ရန် စီစဉ်နေကြခြင်း ဖြစ်ရာ ဤနေရာတွင် နေထိုင်ခြင်းက ပိုမို အဆင်ပြေလှပေသည်။
"ပြဿနာ မရှိပါဘူး"
လီချို့ယွီ ချက်ချင်းပင် သဘောတူလိုက်၏။ အားလုံးခြုံကြည့်လျှင် သူမသည် ဝမ်ထောင်နှင့် ဟန်ရွှေတို့၏ စရိုက်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်ရာ အတော်အတန် စိတ်အေးလက်အေး ရှိနေခဲ့ခြင်း ဖြစ်သည်။
မနက်စာ စားပြီးနောက် ဝမ်ထောင်သည် ပြန်ပေးဆွဲသူများနှင့် ပတ်သက်၍ သတင်းတစ်စုံတစ်ရာ ရှိမရှိ သိနိုင်ရန် အခြေစိုက်စခန်းသို့ ဆက်သွယ်လိုက်၏။ သို့သော် မည်သည့်သတင်းမျှ ရှိမနေခဲ့ချေ။
သူသည် ရှန့်ဟုန်ပင်းကိုလည်း ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ယခုတည်နေရာမှာ ရှန့်ဟုန်ပင်း၏ ယာယီဘေးကင်းရာဇုန်နှင့် အနည်းငယ် ကွာဝေးလှသဖြင့် သူ ဆက်သွယ်၍ မရခဲ့ချေ။
ဝမ်ထောင်သည် အခြေစိုက်စခန်းသို့ မေးမြန်းခဲ့ရာ ၎င်းတို့က ရှန့်ဟုန်ပင်းသည် တိတ်တဆိတ်ဝင်ရောက်ရန် လူများကို စတင် စေလွှတ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ သို့သော် တိကျသော အခြေအနေက်ုတော့ လောလောဆယ်တွင် ရှင်းလင်းစွာ မသိရသေးချေ။
ဝမ်ထောင် ခေါင်းခါလိုက်ပြီး ယနေ့တွင်လည်း ဇွန်ဘီများကို ဆက်လက် အမဲလိုက်ခဲ့သည်။
ဟန်ရွှေသည် မနေ့က သူမ မြင်တွေ့ခဲ့ရသော အထူးဇွန်ဘီ တည်နေရာအားလုံးကို မှတ်မိနေခဲ့သဖြင့် ၎င်းတို့သည် ယနေ့ ထိုနေရာများသို့ သွားရောက်ခဲ့ကြ၏။
လွန်ခဲ့သော နှစ်ရက်လုံးလုံး ဝမ်ထောင်သည် မိမိ၏ ကံတရားက သိပ်မကောင်းဘူးဟု ခံစားနေရသည်။ သူသည် အထူးဇွန်ဘီများကို ရှာမတွေ့ခြင်း သို့မဟုတ် ရှာတွေ့ခဲ့လျှင်ပင် ၎င်းတို့မှာ သူ့အတွက် အသုံးမဝင်သောအရာများ ဖြစ်နေတတ်ခြင်းကြောင့် ဖြစ်၏။
သို့သော် ယနေ့တွင်မူ ဝမ်ထောင်သည် မိမိ၏ ကံတရားက ကောင်းကင်သို့ မြင့်တက်နေသည်ကို တွေ့ရှိလိုက်ရသည်။
ပထမဆုံး ကြိုးစားမှုမှာတင် ၎င်းတို့သည် ဘာဆာကာသွေးဆာဇွန်ဘီနှစ်ကောင်ကို အတူတူတွေ့ခဲ့ရခြင်း ဖြစ်၏။
အသေခံဇွန်ဘီများ မရှိသဖြင့် ၎င်းတို့နှစ်ကောင်ကို ကိုင်တွယ်ရသည်မှာ မျာစွာပိုမို ရိုးရှင်းလှပေသည်။ ဝမ်ထောင်သည် သူ၏ လက်ပစ်ဒူးလေးကို ထုတ်ယူကာ ဟန်ရွှေ၏ စနိုက်ပါဒူးလေးနှင့် ပူးပေါင်း၍ ပစ်ချက်အနည်းငယ်ဖြင့် ထိုဘာဆာကာဇွန်ဘီများကို သတ်ဖြတ်လိုက်တော့သည်။ သေဆုံးသွားသည့်အချိန်အထိ ထိုဇွန်ဘီနှစ်ကောင်မှာ ဝမ်ထောင်၏ အနားသို့ပင် မချဉ်းကပ်နိုင်ခဲ့ကြချေ။
"ဆက်သွားရအောင်"
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဝမ်ထောင်သည် ဟန်ရွှေနှင့်အတူ နောက်ထပ် တစ်နေရာသို့ ကားမောင်း ထွက်ခွာခဲ့ကြသည်။
နေ့ရက်တစ်ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ဝမ်ထောင်တို့သည် လီချို့ယွီ၏ဗီလာသို့ ပြန်ရောက်လာချိန်တွင် ဝမ်ထောင်၏ အပြုံးမှာ နားရွက်ချိတ်မတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"ဘာဖြစ်လို့လဲ... ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ"
လီချို့ယွီသည် သူ့ကို မြင်သောအခါ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ငါ လိုအပ်နေတဲ့ ဇွန်ဘီအမြုတေတချို့ ရခဲ့လို့ပါ"
ဝမ်ထောင်က ပြုံးလျက် ရှင်းပြလိုက်သည်။
"ဒါဆိုရင်လည်း ဂုဏ်ယူပါတယ်နော်"
လီချို့ယွီသည် ဇွန်ဘီအမြုတေများမှာ သာမန်လူများကို စွမ်းရည်ရှင်များအဖြစ် ပြောင်းလဲပေးနိုင်ပြီး ရှိပြီးသား စွမ်းရည်ရှင်များ၏ ခွန်အားကိုလည်း တိုးပွားစေနိုင်သော ပစ္စည်းများ ဖြစ်ကြောင်း သိရှိထားခဲ့၏။ သူမ က စိတ်ရင်းမှန်ဖြင့် ဂုဏ်ယူပေးလိုက်သည်။
သို့သော် သူမသည် ထိုကဲ့သို့သောအရာများအပေါ် မည်သည့် ရည်ရွယ်ချက်မျှ မရှိသဖြင့် ထပ်မံ၍ စူးစမ်းခြင်းတော့ မပြုခဲ့ချေ။
ရေချိုးသန့်စင်ပြီးနောက် ဝမ်ထောင်သည် ရေချိုးခန်းထဲမှ ချက်ချင်း ထွက်မလာခဲ့ချေ။ ထို့အစား သူသည် ပုံကြမ်းတစ်ခုကို ထုတ်ယူလိုက်၏။
【အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ဘယ်ဘက်လက်မောင်းကာပြုလုပ်နည်းပုံကြမ်း (ပြုလုပ်နိုင်သည်)】
ဒါက သူ အစောပိုင်းက သတ်ဖြတ်ခဲ့သော အရှိန်ပြင်းအတင်းဝင်တိုက်ဇွန်ဘီများ နှစ်ကောင်ထဲမှ တစ်ကောင်ထံမှ ကျဆင်းလာခဲ့ခြင်း ဖြစ်၏။ ဝမ်ထောင်တွင် ညာဘက်လက်မောင်းကာ ရှိနှင့်ပြီး ဖြစ်ရာ ဘယ်ဘက်တစ်ခုသာ လိုအပ်နေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ပစ္စည်းများ စုံလင်သွားပြီ ဖြစ်သဖြင့် ဝမ်ထောင် ၎င်းကို ချက်ချင်း ပြုလုပ်လိုက်တော့သည်။
အလင်းတန်းတစ်ခု ဖြာထွက်သွားပြီးနောက် အရှိန်ပြင်းဝင်တိုက်ဇွန်ဘီ၏ဘယ်ဘက်လက်မောင်းကာ ပြီးဆုံးသွားခဲ့၏။ ဝမ်ထောင် ၎င်းကို ဝတ်ဆင်ကာ စမ်းသပ်ကြည့်ရာ ညာဘက်လက်မောင်းကာနှင့် ဆင်တူသည်ဟု ခံစားလိုက်ရသည်။ ၎င်းသည် သူ၏ လက်မောင်းကို ကာကွယ်ပေးနိုင်ရုံသာမက တိုက်ခိုက်ရေးစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပေသည်။ ၄င်းက ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်၏။
၎င်းကို ခဏမျှ စမ်းသပ်ပြီးနောက် ဝမ်ထောင်သည် လက်မောင်းကာကို သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် လိမ္မော်ရောင် အမြုတေနှစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းတို့မှာ မော်ကွန်းဝင်အဆင့် ရိုက်ခတ်လှိုင်းအမြုတေများ နှစ်ခု ဖြစ်ကြ၏။
ယနေ့ အပြင်သို့ ထွက်ခွာစဉ် ဝမ်ထောင်သည် စုစုပေါင်း ဘာဆာကာဇွန်ဘီများ ခြောက်ကောင်ကို သတ်ဖြတ်ခဲ့သည်။ ယနေ့ သူ၏ ကံတရားက အလွန် ကောင်းမွန်လှပေသည်။
သို့သော် ကျဆင်းလာသော အမြုတေများ၏ အရည်အသွေးမှာမူ သိပ်မကောင်းလှချေ။အဖြူရောင် နှစ်ခု၊ အပြာရောင် နှစ်ခုနှင့် ခရမ်းရောင် နှစ်ခု။
အပြာရောင် နှစ်ခုနှင့် ခရမ်းရောင် နှစ်ခုကိုမူ မော်ကွန်းဝင်အဆင့်အမြုတေများ နှစ်ခုအဖြစ် ပေါင်းစပ်လိုက်၏။
ဘေးကင်းစေရန်အတွက် ဝမ်ထောင် ပထမဆုံး တစ်ခုကို မျိုချလိုက်သည်။
ဂလု...
သူ၏ ခန္ဓာကိုယ် နွေးထွေးသွားခဲ့ပြီး အလွန် နေလို့ကောင်းသွားခဲ့၏။
ခဏမျှ စောင့်ဆိုင်းပြီးနောက် မိမိ၏ စွမ်းအင်ပမာဏ ၁၀၀ တိုးပွားလာသည်ကို မြင်တွေ့လိုက်ရပြီး ခန္ဓာကိုယ်၌ ပြဿနာ မရှိကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် နောက်ထပ် ရိုက်ခတ်လှိုင်းအမြုတေတစ်ခုကို ထပ်မံ မျိုချလိုက်ပြန်သည်။
မကြာမီ ဝမ်ထောင်၏ စွမ်းအင်ပမာဏမှာ ၈၀၀ သို့ ရောက်ရှိသွားခဲ့လေ၏။
ဤနှစ်ခု အပါအဝင် ဝမ်ထောင်သည် ရိုက်ခတ်လှိုင်းအမြုတေများ ၆ ခုကို ပေါင်းစပ်ပြီး ဖြစ်သည်။ သူ၏ ရိုက်ခတ်လှိုင်းစွမ်းရည်မှာ ယခုအခါ မည်မျှအထိ သန်မာနေပြီလဲ သူကိုယ်တိုင်ပင် မသိချေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ထောင်သည် လက်ပစ်ဒူးလေးဖြင့် ဖြေရှင်းနိုင်သည့် မည်သည့်အရာကိုမဆို အနီးကပ်တိုက်ခိုက်မှု ပြုလုပ်ခြင်းမှ ရှောင်ရှားလေ့ရှိခြင်းကြောင့် ဖြစ်၏။ အားလုံးခြုံကြည့်လျှင် အဝေးမှနေ၍ ချောင်းမြောင်းပစ်ခတ်ခြင်း ခံစားချက်က အတော်လေး ကျေနပ်ဖွယ်ကောင်းလှပေသည်။
နောက်နေ့တွင်လည်း အခြေစိုက်စခန်းထံမှ အသုံးဝင်သော သတင်း ထွက်ပေါ်မလာသေးသဖြင့် သူသည် ဇွန်ဘီများကို ဆက်လက် အမဲလိုက်ခဲ့သည်။
ယနေ့ သူ၏ ကံတရားမှာ မနေ့ကကဲ့သို့ မကောင်းလှချေ။ သူသည် ဘာဆာကာဇွန်ဘီများ ၂ ကောင်သာ အမဲလိုက်နိုင်ခဲ့သော်လည်း ပေါက်ကွဲဇွန်ဘီ ၄ ကောင်နှင့် အကျိအချွဲအန်ဇွန်ဘီ ၁ ကောင်ကို ကြုံတွေ့ခဲ့ရသည်။
ပေါက်ကွဲဇွန်ဘီများ ရှိနေသည့် အချိန်တိုင်းတွင် သူသည် အခြေခံအားဖြင့် အကျိအချွဲလက်ပစ်ဗုံးများကို အသုံးပြုရလေ့ရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် အကျိအချွဲအန်ဇွန်ဘီတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရသဖြင့် လက်ပစ်ဗုံးများ ထောက်ပံ့မှုကို ပြန်လည် ဖြည့်တင်းနိုင်ခဲ့၏။
ညနေပိုင်းတွင် လီချို့ယွီ၏ဗီလာသို့ ပြန်ရောက်လာသောအခါ ဝမ်ထောင်သည် အနားပတ်ဝန်းကျင်၌ အထူးဇွန်ဘီများ နှစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြန်သည်။
အော်ဟစ်ဇွန်ဘီ တစ်ကောင်နှင့် ခေါင်းမာဇွန်ဘီ တစ်ကောင်...
ခေါင်းမာဇွန်ဘီကို မြင်သောအခါ ဝမ်ထောင်၏ မျက်ဝန်းများ တောက်ပသွားခဲ့၏။
သူသည် ခေါင်းမာဇွန်ဘီနှင့် ယခင်က တစ်ကြိမ်သာ ကြုံတွေ့ဖူးခြင်း ဖြစ်ပြီး ဤဇွန်ဘီအမျိုးအစားမှာ အလွန် ရှားပါးလှပုံ ရပေသည်။
အော်ဟစ်ဇွန်ဘီသည် သွေးပမာဏ ၁၀၀၀ သာ ရှိပြီး ၎င်း၏ သွေးမှာ ယခင်အတိုင်း နိမ့်ကျနေဆဲ ဖြစ်၏။ သို့သော် ဘေးကင်းစေရန်အတွက် ဝမ်ထောင်ကိုယ်တိုင် မလှုပ်ရှားဘဲ ဟန်ရွှေကိုသာ အဝေးမှပစ်ခတ်ခြင်း ပြုလုပ်ခိုင်းလိုက်သည်။
ဝှစ်....
မြှားတစ်စင်း ပစ်လွှတ်လိုက်၏။
အော်ဟစ်ဇွန်ဘီ၏ ခေါင်းအားထုတ်ချင်းခတ်သွားပြီး ချက်ချင်းသေဆုံးသွားခဲ့သည်။
ဝမ်ထောင်သည် ဟန်ရွှေကို အော်ဟစ်ဇွန်ဘီ၏ အမြုတေ သွားရောက်ယူခိုင်းလိုက်ပြီး သူကမူ ခေါင်းမာဇွန်ဘီထံသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့တော့သည်။
ခေါင်းမာဇွန်ဘီသည် သေချာပေါက် အန္တရာယ်အနည်းဆုံးသော ဇွန်ဘီများထဲမှ တစ်ခု ဖြစ်၏။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ အားနည်းပြီး တိုက်ခိုက်မှုအရှိန်မှာလည်း နှေးကွေးလှသည်။ လူတစ်ယောက်အနေဖြင့် ၎င်း၏ ခုခံမှုကို ချိုးဖျက်နိုင်သရွေ့ ၎င်းကို နောက်ဆုံးတွင် အသေကြိတ်နိုင်ပေသည်။ သို့သော်. ၄င်းက ပတ်ဝန်းကျင်တွင် အခြားဇွန်ဘီများ မရှိမှသာ ဖြစ်၏။
ဤခေါင်းမာဇွန်ဘီသည် သာမန်ဇွန်ဘီများ အုပ်စုတစ်ခု၏ ဝန်းရံခြင်းကို ခံထားရသည်။ အကယ်၍ ထိုသာမန်ဇွန်ဘီများကို အရင် မရှင်းလင်းပါက ခေါင်းမာဇွန်ဘီကို ကိုင်တွယ်ရန် နည်းလမ်း မရှိချေ။
ပြေးဝင်သွားပြီးနောက် ဝမ်ထောင်သည် သာမန်ဇွန်ဘီများထဲမှ တစ်ကောင်ထံသို့ သူ၏ ပုဆိန်ကို တိုက်ရိုက် လွှဲခုတ်ထည့်လိုက်သည်။
ဒုတ်..
【-၁၀၀၀】
【-၁၀၀၀】
【-၁၀၀၀】
【...】
သာမန်ဇွန်ဘီအုပ်စုမှာ ရိုက်ခတ်လှိုင်းကြောင့် ချက်ချင်းပင် သေဆုံးသွားခဲ့ကြ၏။
ဝမ်ထောင်သည် ၎င်းတို့ကို လှည့်ပင်မကြည့်တော့ဘဲ ခေါင်းမာဇွန်ဘီထံသို့ ချက်ချင်း ပြေးဝင်သွားခဲ့သည်။
ဒိုင်း....
【-၄၂】
【၃၀၀၀/၃၀၀၀】
ပုဆိန်တစ်ချက် ခုတ်လိုက်သော်လည်း ခေါင်းမာဇွန်ဘီသည် သွေးပမာဏ လေးဆယ်ကျော်သာ လျော့ကျသွားခဲ့၏။
"တိုးတက်မှု ရှိလာပြီ"
ဝမ်ထောင် မိမိကိုယ်ကိုယ် ဤနည်းဖြင့်သာ နှစ်သိမ့်နိုင်တော့သည်။
အားလုံးခြုံကြည့်လျှင် သူ ယခင်က ခေါင်းမာဇွန်ဘီတစ်ကောင်ကို တိုက်ခိုက်စဉ်က ပုဆိန်တစ်ချက် ခုတ်လျှင် ထိခိုက်မှု နှစ်ဆယ်ကျော်သာ ရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လေးဆယ်ကျော် ဖြစ်နေခဲ့ပြီ ဖြစ်ရာ ထိခိုက်မှုမှာ နှစ်ဆ ဖြစ်လာခဲ့သည်။ ဒါက တော်တော်လေးကို ကြီးမားတဲ့ တိုးတက်မှု ဖြစ်၏။
အခြားဇွန်ဘီများ၏ နှောင့်ယှက်မှု မရှိသဖြင့် ဝမ်ထောင်သည် မိမိ၏ ခွန်အားအားလုံးကို အပြည့်အဝ ထုတ်သုံးနိုင်ပေသည်။
သူက ခုတ်ပိုင်းခြင်းများစွာကို အဆက်မပြတ် ပြုလုပ်ပြီးနောက်...
ခေါင်းမာဇွန်ဘီသည် နောက်ဆုံးတွင် ဝမ်ထောင်၏ ခေါင်းဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
【-၆၃】
【၀/၃၀၀၀】
ဇွန်ဘီအမြုတေကို တူးဆွယူနေစဉ် ဝမ်ထောင်သည် ပစ္စည်းများကိုလည်း သိမ်းဆည်းလိုက်၏။
【ရရှိသည် - ခေါင်းမာဇွန်ဘီ၏ရင်ဘတ်ကာပြုလုပ်နည်းပုံကြမ်း * ၁】
【ရရှိသည် - ခုခံမှုဆေးရည် * ၂】
ပစ္စည်းများကို ကြည့်ရင်း ဝမ်ထောင် အနည်းငယ် အံ့ဩသွားခဲ့ရသည်။ သူသည် နောက်ထပ် ခေါင်းမာဇွန်ဘီ၏ရင်ဘတ်ကာ တစ်ခု ကျဆင်းလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူ့တွင် တစ်ခု ရှိနှင့်ပြီး ဖြစ်ရာ ၎င်းကို ဟန်ရွှေအား ပေးနိုင်သည်။ အားလုံးခြုံကြည့်လျှင် သူမသည်လည်း ဇွန်ဘီများကို အမြဲတမ်း အမဲလိုက်နေရသူ ဖြစ်သဖြင့် အနည်းငယ်တော့ အန္တရာယ် ရှိနေဆဲ ဖြစ်၏။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဝမ်ထောင်သည် ခေါင်းမာဇွန်ဘီ ချပေးခဲ့သော အမြုတေကို ကြည့်လိုက်၏။
【အဆင့် ၁ အမြုတေ · ကြေးနီအရေပြားသံမဏိအရိုး】
【အရည်အသွေး - ထူးချွန် (၈၀%)】
【သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - အရေပြားမည်းလာခြင်း၊ ခန္ဓာကိုယ်တောင့်တင်းလာခြင်း)】
၄င်းက အနီရောင် အမြုတေတစ်ခု ဖြစ်ပြီး ဝမ်ထောင်၏ လက်ထဲတွင် အဖြူရောင် ကြေးနီအရေပြားသံမဏိအရိုး တစ်ခု ရှိနေခဲ့ပြီး ဖြစ်သည်။
သူသည် လိမ္မော်ရောင် မော်ကွန်းဝင်အဆင့် ကြေးနီအရေပြားသံမဏိအရိုး တစ်ခုကို ပေါင်းစပ်နိုင်ပေသည်။
ဝမ်ထောင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရ၏။ သူသည် သူ၏ ရိုက်ခတ်လှိုင်းအမြုတေများကို အကြိမ်ကြိမ် ပေါင်းစပ်ခဲ့ပြီး ဖြစ်သော်လည်း ကြေးနီအရေပြားသံမဏိအရိုးနှင့် တိကျစွာပစ်ခတ်ခြင်းတို့ကိုမူ တစ်ကြိမ်စီသာ ပေါင်းစပ်ခဲ့ရသေးခြင်း ဖြစ်သည်။ သူ နောက်ဆုံးတွင် နောက်ထပ်တစ်ခုကို ထပ်မံ ပေါင်းစပ်နိုင်ခဲ့လေပြီ။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ဗီလာ၏ ပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အခြားဇွန်ဘီများ မရှိကြောင်း သေချာသွားသောအခါမှသာ ၎င်းတို့သည် ဗီလာအတွင်းသို့ နောက်ဆုံးတွင် ပြန်လည် ဝင်ရောက်ခဲ့ကြတော့၏။
လီချို့ယွီသည် ဝရန်တာမှနေ၍ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်ဦး ချဉ်းကပ်လာသည်ကို မြင်သောအခါ သူမ လျင်မြန်စွာ တံခါးကို ဖွင့်ပေးလိုက်၏။
"ကျေးဇူးတင်ပါတယ်"
ဝမ်ထောင်က ပတ်ဝန်းကျင်က ဇွန်ဘီများကို ရှင်းလင်းပေးခြင်းမှာ သူမကို ကူညီရာလည်း ရောက်ပေသည်။
"ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ နောက်ထပ် ရက်အနည်းငယ်လောက် ဒုက္ခပေးရဦးမှာပါ"
ဟန်ရွှေက ပြုံးလျက် စကားဆိုလိုက်၏။
"ဒါပေါ့... ပြဿနာ မရှိပါဘူး"
လီချို့ယွီက ပထမဆုံး ခေါင်းညိတ်လိုက်ပြီးနောက် ဝမ်ထောင်ကို ကြည့်လိုက်ပြီး စကားပြောရန် အနည်းငယ် တုံ့ဆိုင်းနေဟန် ရပေသည်။
"ဘာဖြစ်လို့လဲ"
ဝမ်ထောင် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ဟို... ရှင်တို့နှစ်ယောက် ဘယ်လောက်သန်မာလဲဆိုတာ ငါ မြင်ခဲ့ရတယ်... ငါ အကူအညီတစ်ခု တောင်းချင်လို့ပါ..."
ဝမ်ထောင် ပုဆိန်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဇွန်ဘီအုပ်ကြီးကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းမှာ သူမ၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။ သူမသည် စွမ်းရည်ရှင်များက သန်မာကြောင်း အမြဲတမ်း သိရှိထားခဲ့သော်လည်း စွမ်းရည်ရှင်တစ်ယောက်၏ ခွန်အားကို ကိုယ်တိုင်မြင်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။
ထို့ကြောင့် သူမသည် ဝမ်ထောင်ထံမှ အကူအညီတစ်ခု တောင်းခံချင်လာမိသည်။
"ဘာအကူအညီလဲ"
သူမသည် အလှပဂေးတစ်ဦး ဖြစ်လင့်ကစား ဝမ်ထောင်အနေဖြင့် မျက်ကန်းတစ္ဆေမကြောက် သဘောမတူခဲ့ချေ။ သူသည် ကတိများကို အလွန် အလေးအနက်ထားသူ ဖြစ်သဖြင့် လွယ်လွယ်ကူကူ ကတိပေးရသည်ကို လည်း သဘောမကျပါ။
လီချို့ယွီ၏ မျက်နှာပေါ်တွင် ဝမ်းနည်းသောအရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့၏။
"ငါ ဘယ်လောက်ကြာကြာ ဆက်ပြီး တောင့်ခံနိုင်ဦးမလဲ မသိဘူး... ငါ..."
သူမ စကားပြောရင်း လီချို့ယွီသည် သူမ၏ လည်ပင်းမှ ဆွဲကြိုးကို ချွတ်လိုက်ပြီး ဝမ်ထောင်ထံသို့ ကမ်းပေးလိုက်သည်။
၎င်းမှာ လက်ရာမြောက်လှသော နှလုံးသားပုံစံဆွဲကြိုးလေးတစ်ခု ဖြစ်၏။
"ဒါက ငါ့ရဲ့ သမီးလေးက ငါ့ရဲ့မွေးနေ့တုန်းက ပေးခဲ့တဲ့အရာလေးပါ... ငါ့သမီးလေးကို တွေ့ဖို့ အခွင့်အရေး ရှိခဲ့ရင် ဒီဆွဲကြိုးလေးကို သူမကို ပေးပေးပါလို့ ရှင်တို့ကို တောင်းဆိုချင်ပါတယ်။ ပြီးတော့ ငါ သူ့ကို အရမ်းချစ်တယ်လို့လည်း ပြောပေးပါ..."
လီချို့ယွီသည် အိမ်တွင် သမီးဖြစ်သူကို စောင့်ဆိုင်းရန် အခိုင်အမာ ဆုံးဖြတ်ထားခဲ့သော်လည်း သူမသည် ကမ္ဘာပျက်ကပ်၏ အန္တရာယ်များကိုလည်း သိရှိထားခဲ့၏။ သူမ ဘယ်လောက်ကြာကြာ ဆက်ပြီး တောင့်ခံနိုင်မလဲ သူမ မသိပါ။
ထို့အပြင် သူမသည် သမီးဖြစ်သူက အသက်ရှင်နေဦးမည်ဆိုလျှင်ပင် သူမအနေဖြင့် နောက်ထပ် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မည် မဟုတ်ဘူးဟု ခံစားနေရသည်...
"ကောင်းပါပြီ။ အကယ်၍ သူမသာ အသက်ရှင်နေသေးပြီး ငါနဲ့ လမ်းဆုံခဲ့မယ်ဆိုရင်ပေါ့..."
ဝမ်ထောင် ဆွဲကြိုးကို လှမ်းယူလိုက်ရာ ၎င်းတွင် နွေးထွေးသောအရိပ်အယောင်တစ်ခု ရှိနေဆဲ ဖြစ်သည်။
သူသည် လီချို့ယွီ၏ သမီး ဖြစ်သူ အသက်ရှင်နေနိုင်ခြေမှာ အလွန် နည်းပါးလှသည်ဟု ခံစားမိ၏။ အားလုံးခြုံကြည့်လျှင် သူမ၏ သမီးမှာ တောင်ပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်းက မြို့ပြထက်ပင် ပိုမို အန္တရာယ်များလှပေလိမ့်မည်... သို့သော် ဝမ်ထောင် စကားအများကြီး မပြောခဲ့ချေ။
၄င်းက လီချို့ယွီကို ဆက်လက် ရှင်သန်စေသည့် စိတ်ဓာတ်ခွန်အား ဖြစ်ရာ သူမ၏ မျှော်လင့်ချက်ကို သူ ဖျက်ဆီးမပစ်ရက်ပါ။
"တကယ် ကျေးဇူးတင်ပါတယ်"
ဝမ်ထောင် သဘောတူသည်ကို မြင်သောအခါ လီချို့ယွီအကြည့်များက ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
"ပြောဖို့မလိုပါဘူး"
သူမ၏ သမီးကို သူ အတင်းအကျပ် လိုက်လံရှာဖွေရမည် မဟုတ်ဘဲ အခွင့်အရေး ကြုံကြိုက်ခဲ့လျှင် ဤကဲ့သို့သော အကူအညီအသေးစားလေးတစ်ခု ပြုလုပ်ပေးခြင်းမှာ ပြဿနာ မရှိချေ။
"ဒါနဲ့... ငါ့သမီးရဲ့ နာမည်က ကျန့်ရှောင်ရွှယ်ပါ။ ဒါက သူရဲ့ ဓာတ်ပုံ..."
တစ်ခုခုကို သတိရသွားဟန်ဖြင့် လီချို့ယွီသည် အခန်းထဲသို့ လျင်မြန်စွာ ဝင်သွားပြီး ဓာတ်ပုံတစ်ပုံကို ယူဆောင်လာခဲ့၏။
ဓာတ်ပုံထဲတွင် ဂျေကေကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော နုပျိုပြီး တက်ကြွလှုပ်ရှားဖွယ်ကောင်းသည့် မိန်းကလေးတစ်ဦးကို မြင်တွေ့ရသည်။ သူမ၏ မျက်ဝန်းများနှင့် မျက်ခုံးများမှာ လီချို့ယွီနှင့်ဆင်ပြီး လှပလေသည်။
"ကောင်းပြီ"
လီချို့ယွီ၏အိမ်တွင် နောက်ထပ် တစ်ညတာ အနားယူပြီးနောက် နောက်နေ့ မနက်စောစောတွင် ဝမ်ထောင်သည် ဇွန်ဘီများကို ဆက်လက် အမဲလိုက်ရန် အပြင်သို့ ထွက်ခွာခဲ့ပြန်သည်။.
ထိုနေ့တွင် အပြင်၌ ဇွန်ဘီများကို အမဲလိုက်နေစဉ် ဝမ်ထောင်သည် အခြေစိုက်စခန်းထံမှ အမှာစကားတစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့၏။
"ကော်မတီဝင်ဝမ်..ကော်မတီဝင်ဝေက ရှာနေပါတယ်။ ဒီသတင်းစကားကို ရရချင်း အခြေစိုက်စခန်းကို အမြန်ဆုံး ပြန်လာပေးပါ!"
"အင်း.."
အခြေစိုက်စခန်းမှာ သတင်းရလာပြီ။
ဝမ်ထောင်သည် ကားကို အခြေစိုက်စခန်းရှိရာဘက်သို့ ချက်ချင်းပြန်မောင်းနှင်လိုက်တော့သည်။
"ပြန်ပေးဆွဲခံရသူတွေရဲ့ သတင်းရလို့လား"
------------