← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း(၁၇၁)

လူသတ်သမား၏ ပစ်မှတ်ဖြစ်သော ရှောင်ရှန်းတစ်ယောက် ကြောင်အမ်းစွာဖြင့် ရပ်နေမိသည်။ သူသည် မိမိဆီသို့ တိုးဝှေ့ဝင်ရောက်လာသော သေမင်းတမန် စွမ်းအင်လုံးကြီးကို ကြည့်ရင်း တစ်ကိုယ်လုံးရှိ သွေးများပင် ခဲမတတ် ဖြစ်သွားရသည်။

ထွက်ပြေးဖို့လား...

သူ၏ ခြေထောက်များက ခေါက်ဆွဲဖတ်များလိုပင် ပျော့ခွေနေပြီ ဖြစ်သည်။

ခုခံဖို့လား... ဘာနဲ့ ခုခံရမှာတုန်း …

သူ၏ ထက်မြက်လှသော လျှာနှင့် ခုခံရမည်လော။

အသက်ရှင်လိုသော ဗီဇသည် အလွန်အရေးကြီးသော အခိုက်အတန့်တွင် ရှုပ်ထွေးသော အတွေးအားလုံးကို ဖိနှိပ်လိုက်ပြီး ၊ သူ၏ ဘဝဒဿနနှင့် အကိုက်ညီဆုံးဖြစ်သော ရိုးရှင်းသည့် လှုပ်ရှားမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

၎င်းမှာ အောက်သို့ လှဲချလိုက်ခြင်းပင်။

မတိုက်ခိုက်နိုင်ပါက လှဲအိပ်လိုက်ရုံသာ။ အနည်းဆုံးတော့ သက်တောင့်သက်သာနှင့် သေရပေမည်။

သူသည် မျက်လုံးများကို မှိတ်ချလိုက်ပြီး တောင့်တောင့်ကြီး နောက်သို့ လှဲချလိုက်သည်။ ဤရလဒ်ကို မိမိ၏ အငြိမ်းချမ်းဆုံး ပုံစံဖြင့် ရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။

သို့ရာတွင် သူ လှဲချရန် ရွေးချယ်လိုက်သော မြေပြင်သည် လွန်ခဲ့သော ရက်အနည်းငယ်က မိုးရွာသွန်းခဲ့မှုကြောင့် မြေဆီလွှာများက ထူးထူးခြားခြား ပျော့ပျောင်းနေပုံရပေသည်။

သူ၏ ကျောပြင်သည် မြေကြီးပေါ်သို့ ကျရောက်တော့မည့်အချိန် ခြေချော်ထွက်သွားပြီး၊ ခန္ဓာကိုယ်သည် သစ်မြစ်များနှင့် မြက်ပင်များ ဖုံးလွှမ်းနေသော မတ်စောက်သည့် မြေစောင်းအတိုင်း ထိန်းမနိုင်သိမ်းမရ လိမ့်ဆင်းသွားတော့သည်။

"ဘုန်း—— !"

တစ်ချိန်တည်းမှာပင် ရန်သူမှ ပစ်လွှတ်လိုက်သော နက်မှောင်သော စွမ်းအင်လုံးကြီးသည် သူ အစောပိုင်းက ရပ်နေခဲ့သော နေရာ၌ ပြင်းထန်စွာ ပေါက်ကွဲသွား၏။

ပြင်းထန်လှသော ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုသည် သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ အရပ်ရှစ်မျက်နှာတစ်ခွင် လွှမ်းခြုံသွားပြီး မြေစိုင်ခဲများ ၊ မြက်ပင်များနှင့် ကျောက်ခဲများကို အပိုင်းပိုင်းအစစ လွှင့်ထွက်သွားစေသည်။ ပေါက်ကွဲမှု၏ ဗဟိုချက်တွင်မူ မီးခိုးငွေ့များ ထွက်နေသည့် မည်းနက်နေသော ကျင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့ပေ၏။

မြေစောင်းအတိုင်း လိမ့်ဆင်းသွားသော ရှောင်ရှန်းသည် အပြင်းထန်ဆုံး နှင့် သေစေနိုင်သည့် တိုက်ကွက်ကို အံကိုက်ပင် ပြီးပြည့်စုံစွာ ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့နောက် ပြင်းထန်လှသော ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုသည် မမြင်ရသော လက်ဝါးကြီးတစ်ဖက်ကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရှေ့ဘက်သို့ အရှိန်ပြင်းစွာ တွန်းလွှတ်လိုက်သည်။

ရှောင်ရှန်းတစ်ယောက် မိမိကိုယ်ကိုယ် ပစ်ပေါက်ခံလိုက်ရသော အာလူးအိတ် တစ်လုံးကဲ့သို့ ခံစားလိုက်ရပြီး၊ လေထဲတွင် တစ်ပတ်လည်ပြီးနောက် နောက်ဆုံးတွင် "ဝုန်း" ခနဲ့ ဟူသော အသံနှင့်အတူ တစ်စုံတစ်ခုကို ဝင်ရောက်တိုက်မိခဲ့သည်။

၎င်းသည် မာကျောခြင်းမရှိဘဲ ပျော့ပျောင်းကာ အနည်းငယ်ပင် နွေးထွေးနေသလိုပင်။

တောင်ကြားထဲတွင် ပြင်းထန်သော တိုက်ပွဲသံများက ရုတ်ချည်းဆိုသလို ရပ်တန့်သွားသည်။

လူတိုင်းသည် သူတို့မျက်စိရှေ့က မယုံနိုင်စရာကောင်းသော မြင်ကွင်းကို မှင်သက်စွာဖြင့် ငေးကြည့်ရင် နေရာမှတင် ကြောင်အမ်းစွာဖြင့် ရပ်နေမိသည်။

ပေါက်ကွဲမှု မဖြစ်ပွားမီ ခဏလေးအတွင်းမှာပင် အမှောင်ထဲ၌ ပုန်းကွယ်နေသော ဝတ်ရုံနက် မိစ္ဆာကျင့်ကြံသူ တစ်ဦးသည် ချန်ချင်း၏ နောက်ကွယ်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

ထိုလူ၏ အရှိန်အဝါသည် အေးစက်ပြီး သန်မာလှပေရာ ၊ ဤလူသတ်သမားအုပ်စုထဲတွင် စစ်မှန်သော လုပ်ကြံသတ်ဖြတ်သူပင်။

ချန်ချင်းသည် ရန်သူများ၏ ဝိုင်းရံခြင်းကို ခံထားရပြီး အိမ်ရှေ့စံမင်းသား၏ အန္တရာယ်ရှိသော အခြေအနေကြောင့် စိတ်အာရုံ ပျံ့လွင့်နေကာ အကာအကွယ်မဲ့သော အခြေအနေတွင် ရှ်ိနေကြောင်း မြင်လိုက်ရသည်။

ထိုသူသည် မိမိ၏ တစ်ဘဝစာလုံး ကျင့်ကြံထားသော စွမ်းအားများကို လက်ညှိုးထိပ်တွင် စုစည်းလိုက်သည်။ စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခုသည် တောက်ပစွာ ထွက်ပေါ်လာပြီး ချန်ချင်းကို သေစေနိုင်သော တိုက်ကွက်ဖြင့် ထိုးနှက်ရန် အသင့်ဖြစ်နေပြီပင်။

သို့သော် သူ အပြည့်အဝအာရုံစိုက်ပြီး တိုက်ခိုက်တော့မည့် ထိုအခိုက်အတန့်မှာပင်။

နက်မှောင်သော ပုံရိပ်တစ်ခုသည် ကောင်းကင်ယံမှ ပြုတ်ကျလာဟန်ရသည်။

မည်သည့် အတိမ်းအစောင်းမျှ မရှိဘဲ တိကျစွာဖြင့် ပြုတ်ကျလာခဲ့ခြင်း ဖြစ်သည်။

ထိုမိစ္ဆာကျင့်ကြံသူမှာ မိမိ၏ ဦးခေါင်းနောက်ဘက်တွင် လေးလံသော အရာတစ်ခုဖြင့် အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ လက်ညှိုးထိပ်တွင် စုစည်းထားသော ဝိညာဉ်စွမ်းအားများသည်လည်း ဇက်ကြိုးပြတ်သွားသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ သူ၏ ထိန်းချုပ်မှုမှ ချက်ချင်း လွတ်မြောက်သွားပြီး သူ၏ ကိုယ်ပိုင် သွေးကြောများထဲသို့ နောက်ပြန်စီးဆင်းကာ တိုက်ခိုက်လေတော့၏။

"အာ.."

သူသည် အော်ဟစ်သံပင် မပြုနိုင်တော့ဘဲ လည်ချောင်းထဲမှ ထူးဆန်းသော အသံအနည်းငယ်သာ ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများမှာလည်း မျက်ဖြူစိုက်ကာ ပါးစပ်မှ အမြှုပ်များ ထွက်လာပြီးနောက် ခန္ဓာကိုယ်သည် ရှေ့သို့ ပျော့ခွေလဲကျကာ နေရာ၌ပင် သတိလစ် မေ့မြောသွားတော့သည်။

သူ၏ လဲကျသွားသော ခန္ဓာကိုယ်ပေါ်တွင် သာရှမင်းဆက်၏ အိမ်ရှေ့စံမင်းသားကြိီး ရှောင်ရှန်းသည် ထိုလူ၏ ဦးခေါင်းပေါ်တွင် ဖင်ထိုင်လျက်သား အနေအထားဖြင့် ရှိနေလေ၏။

သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြညိ့လိုက်ပြီး မျက်နှာမှာလည်း ဝေခွဲမရ ဖြစ်နေဟန်ရသည်။

"...ငါ မသေဘူးလား..."

သူသည် ခေါင်းယမ်းလိုက်ရင်း ၊ မိမိ၏ ဖင်အောက်တွင် ပျော့ပျောင်းပြီး အတော်လေး သက်တောင့်သက်သာရှိသည့် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ၊ ထိုမှသာလျှင် မိမိသည် လူတစ်ယောက်ပေါ်တွင် ထိုင်နေမိသည်ကို သိလိုက်ရသည်။

တစ်ကွင်းလုံး သေလောက်အောင် တိတ်ဆိတ်နေ၏။

လေညင်းများသည်ပင် သစ်ကိုင်းလေးများကို တိုက်ခတ်သွားလေရာ ၊ ဤထူးဆန်းသော မြင်ကွင်းအတွက် ရှက်ရွံ့နေသကဲ့သို့ပင်။

ကျန်ရှိနေသော ဝတ်ရုံနက် မိစ္ဆာကျင့်ကြံသူများမှာလည်း ‘သတိလစ်’နေသော မိမိတို့၏ အဖော်ကို ကြည့်လိုက် ၊ တစ်ဖန် ၎င်း၏ခေါင်းပေါ်တွင် ဖင်ထိုင်ထားသည့် အပြစ်ကင်းစင်သော မျက်နှာနှင့် အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ကြပြန်သည်။ ဤအခိုက်အတန့်တွင် သူတို့၏ လောကအမြင်သည် တစ်ခါမျှ မကြုံဖူးသော ရိုက်ခတ်မှုကို ခံလိုက်ရသည်။

ဤသည်က မည်ကဲ့သို့သော မိစ္ဆာအတတ်နည်း။

ကြားပင်မကြားဖူးချေ။

ချန်ချင်း၏ လက်ထဲရှိ ဓားသည် တိုက်ခိုက်လျက်သား အနေအထားဖြင့် တောင့်တောင့်ကြီး ရှိနေဆဲ ဖြစ်သော်လည်း၊ သူ၏ မေးရိုးမှာ မြေကြီးပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။ သူသည် ရှင်းလင်းစွာ မြင်လိုက်ရသည်။

အစောပိုင်းက အိမ်ရှေ့စံမင်းသား၏ 'ဖင်ထိုင်ချခြင်း' ခံလိုက်ရသော မိစ္ဆာကျင့်ကြံသူတွင် အားကောင်းသော အရှိန်အဝါ နှင့် မခန့်မှန်းနိုင်သော လှည့်ကွက်များ ရှိသည်။ ၎င်း၏ ခွန်အားသည် သူ့ထက် အားမနည်းပေ။

သူသည် တစ်ဖက်လူ၏ သတ်ဖြတ်လိုသော အငွေ့အသက်ကို သတိပြုမိခဲ့သော်လည်း အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။ ယခုတစ်ကြိမ်တွင် သူသည် မလွဲမသွေ သေရတော့မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် အိမ်ရှေ့စံမင်းသားကြီးမှာမူ…

သူသည် စောစောက မြင်ကွင်းကို ပြန်လည် တွေးတောနေမိသည်။

ထိုကဲ့သို့ သေဘေးနှင့် ရင်ဆိုင်နေရသော အခြေအနေမျိုးတွင် အိမ်ရှေ့စံမင်းသားသည် ပေါ့ပေါ့ပါးပါး လှိမ့်ဆင်းလိုက်ရုံဖြင့် ပေါက်ကွဲမှု၏ ဗဟိုချက်ကို လွဲချော်ကာ ရှောင်တိမ်းနိုင်ခဲ့သည်။

ထို့နောက် ပေါက်ကွဲမှု၏ နောက်ဆက်တွဲ လှိုင်းဂယက်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို တစ္ဆေတစ်ကောင်အလား ရွှေ့လျားစေပြီး ၊ သူ လုံးဝ နားမလည်နိုင်သော နည်းလမ်းဖြင့် လူသတ်သမား၏ နောက်ကွယ်တွင် ထွက်ပေါ်လာခဲ့လေသည်။

All Chapters