← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း(၁၇၂)

နောက်ဆုံးအနေဖြင့် ဤထိုင်ချလိုက်သည့် အကွက်သည် အမှန်တွင် သူ့ ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားအားလုံးကို တစ်နေရာတည်းတွင် စုစည်းကာ ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်စေသည့် အတုမရှိသော ကာယတိုက်ကွက် တစ်ခု ဖြစ်ရပေမည်။

ဤမျှ ကျွမ်းကျင်ပြောင်မြောက်သော တိုက်ကွက်သည် ရိုးရှင်းကာ သဘာဝတရား၏ အနှစ်သာရများဖြင့် ပြည့်နှက်နေသည်။

ဤကဲ့သို့ အန္တရာယ်များသော သတ်ဖြတ်ခြင်းအကွက်ကို ရယ်စရာကောင်းသော အရာတစ်ခုအဖြစ် ဖုံးကွယ်ထားနိုင်ခြင်းသည် မည်မျှ ထိတ်လန့်စရာကောင်းသော ကျင့်ကြံအဆင့်နှင့် စိတ်နေသဘောထား ရှိရမည်နည်း။

ချန်ချင်းသည် ရှောင်ရှန်းကို ကြည့်လိုက်သည်။ သူ၏ ဖြောင့်မတ်သော မျက်လုံးများထဲတွင် မူလက ရှိနေခဲ့သော 'ထူးဆန်းသော လေးစားမှု' များသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ၊ ထိုနေရာတွင် နှလုံးသားထဲမှ ထွက်ပေါ်လာသော နက်ရှိုင်းသည့် ရိုသေလေးစားမှုများ အစားထိုး ဝင်ရောက်လာတော့သည်။

ဤကောင်လေးသည်... မဟုတ်ဘူး... ဤအိမ်ရှေ့စံမင်းသားသည် အလွန်ပင် ကြောက်စရာကောင်းလွန်းသည်။

"ဘာတွေ ကြောင်ကြည့်နေတာလဲ… ဖမ်းဆီးကြလေ..."

အေးစက်သော မိန်းကလေး တစ်ယောက်၏ အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

စူးဝမ်ချင်သည် မည်သည့်အချိန်က အမှောင်ထဲမှ ထွက်လာသည်မသိ ၊ သူမသည် တုံ့ဆိုင်းခြင်းမရှိ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ကြောင်အမ်းနေသော မိစ္ဆာကျင့်ကြံသူများ၏ ရှေ့တွင် ပေါ်ထွက်လာလေ၏။

ထို့နောက် ငွေရောင် အလင်းတန်းအချို့ တောက်ပသွားပြီးနောက် ၊ ကျန်ရှိနေသော မိစ္ဆာကျင့်ကြံသူများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ တစ်ယောက်ပြီး တစ်ယောက် ညည်းတွားကာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားသည်။

သူမသည် ထိုအမှိုက်များကို တစ်ချက်ကလေးမှပင် မကြည့်ဘဲ ရှောင်ရှန်း၏ ဖင်အောက်တွင် မေ့မြောနေသော အဆင့်မြင့် ကျင့်ကြံသူ၏ ရှေ့သို့ တည့်တည့် လျှောက်သွားလိုက်သည်။ ထို့နောက် သူမသည် ထိုလူ၏ ခန္ဓာကိုယ်ရှိ အရေးကြီးသော သွေးကြောအချို့ကို လျင်မြန်စွာ ပိတ်ဆို့လိုက်သည်။

ဆက်လက်၍ သူမ၏ ရင်ဘတ်ထဲမှ နွားအမွှေးကဲ့သို့ ပါးလွှာသော ငွေအပ်တစ်ချောင်းကို ထုတ်ယူကာ တုံ့ဆိုင်းခြင်းမရှိ ထိုလူ၏ ဦးခေါင်းထိပ်သို့ ထိုးစိုက်လိုက်သည်။

မေ့မြောနေသော မိစ္ဆာကျင့်ကြံသူမှာ ပြင်းထန်စွာ တုန်ခါသွားပြီး နာကျင်စွာဖြင့် ညည်းတွားလိုက်ရင်း ဖြည်းညင်းစွာ နိုးထလာခဲ့သည်။

သူ မျက်လုံးဖွင့်လိုက်သည့် အခိုက်အတန့်မှာပင် ၊ စူးဝမ်းချင်း၏ ရေခဲတမျှ အေးစက်သော မျက်လုံးများနှင့် ဆုံတွေ့လိုက်ရတော့၏။

"ပြောစမ်း..."

စူးဝမ်ချင်က တစ်ခွန်းတည်းသာ ပြောဆိုလိုက်သည်။

ထိုမိစ္ဆာကျင့်ကြံသူ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး၊ သွားထဲတွင် ဝှက်ထားသော အဆိပ်လုံးကို ကိုက်ခွဲရန် ပြင်ဆင်လိုက်သော်လည်း မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထုံကျင်နေပြီး လျှာကို လှုပ်ရှားရန်ပင် ခွန်အားမရှိကြောင်း သိလိုက်ရ၏။

စူးဝမ်ချင်းသည် သူမ၏လက်ချောင်းများဖြင့် ထိုငွေအပ်ကို ဖြည်းညင်းစွာ ထိုးလှည့်လိုက်သည်။

"အား…”

လူသားတစ်ယောက်၏ အသံနှင့်မတူသော စူးရှသော အော်ဟစ်သံသည် ညကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်လာလေ၏။ ဤသည်က ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ဆင်းသက်လာသော ပြင်းထန်သည့် နာကျင်မှုတစ်ခု ဖြစ်ပေရာ ၊ အကြံ့ခိုင်ဆုံးသော ယောက်ျားသားတစ်ယောက်ကိုပင် လုံးလုံးလျားလျား ပြိုလဲသွားစေနိုင်၏။

“ ငါ ပြောမယ်၊ ပြောပါ့မယ်…မလုပ်ပါနဲ့တော့.”

ထိုမိစ္ဆာကျင့်ကြံသူမှာ မျက်ရည်များပင် စီးကျဆင်းလာပြီး ချက်ချင်းပင် ခုခံမှုအားလုံးကို လက်လျှော့လိုက်ရတော့သည်။

အတိုချုံး နှိပ်စက်မေးမြန်းပြီးနောက် စူးဝမ်ချင်းသည် ငွေအပ်ကို နှုတ်ယူကာ မတ်တတ်ရပ်လိုက်သည်။

သူမသည် ရှောင်ရှန်းနှင့် ချန်ချင်း၏ ရှေ့သို့ လျှောက်သွားကာ လေးနက်သော မျက်နှာအမူအရာဖြင့် ဆိုလိုက်သည်။

"သူတို့က အပြင်ပန်းက 'သန့်ရှင်းရေးသမား' တွေတင်ပဲ... သဲလွန်စတွေကို ဖျောက်ဖျက်ဖို့နဲ့ မတော်တဆမှုတွေကို ဖြေရှင်းဖို့ တာဝန်ယူထားကြတာ…”

“ ခုနှစ်ကြယ် ဝိညာဉ်ချုပ်နှောင်ခြင်း အစီအရင်ကို ထိန်းချုပ်ထားတဲ့ တကယ့်လူက 'သရဲမျက်နှာ' လို့ အမည်ဝှက်ရတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ... ဒီလူရဲ့ သရုပ်မှန်က လျှို့ဝှက်ဆန်းကြယ်ပြီး ခွန်အားကလည်း တိုင်းတာလို့မရနိုင်ဘူး..."

သူမသည် စကားကို ခေတ္တရပ်လိုက်ပြီး မြို့တော်ရှိရာ အရပ်မျက်နှာသို့ အကြည့်လွှဲပြောင်းလိုက်ရာ ၊ သူမ၏ အသံထဲတွင် အေးစက်မှုများ ပါဝင်နေခဲ့သည်။

"ပြီးတော့ သူတို့အတွက် လမ်းကြောင်းတွေ ဖွင့်ပေးတာ၊ စစ်လက်နက် ပစ္စည်းတွေကို ထောက်ပံ့ပေးတာနဲ့ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ဖုံးကွယ်ပေးထားတာကတော့... မင်းသား(၃) ရှောင်ကျင်းပဲ..."

ချန်ချင်းသည် ထိုစကားကို ကြားလိုက်ရသည်နှင့် မျက်နှာမှာ ချက်ချင်းပင် မည်းကျသွားပြီး ၊ သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"တကယ်ကို သူ ဖြစ်နေတာပဲ..."

ရှောင်ရှန်းတစ်ယောက် နောက်ဆုံးတွင် မြေကြီးပေါ်မှ ထလာကာ သူ၏ ဖင်ပေါ်ရှိ ဖုန်များကို ခါထုတ်လိုက်သည်။ သူသည် ယခုထိတိုင် လန့်ဖျပ်နေရဆဲ ဖြစ်ပြီး နှလုံးသားကလည်း တဒိတ်ဒိတ် တုန်လှုပ်နေဆဲပင်။

စောစောက မြင်ကွင်းသည် အတော်လေး အန္တရာယ်များလွန်းခဲ့သည်။ သူသည် သက်ပြင်း တစ်ချက် ချလိုက်ပြီး " ငါ့လခွီး ၊ အတော်လေး အန္တရာယ်များလိုက်တာ" ဟု ပြောရန် ဟန်ပြင်ကာ ခေါင်းမော့လိုက်သည့် အချိန်တွင် ၊ ချန်ချင်း၏ 'ရိုသေခြင်း' ၊ 'ကြည်ညိုခြင်း' များဖြင့် ပြည့်နှက်နေသော ပူပြင်းသော အကြည့်များနှင့် တည့်တည့် ဆုံတွေ့လိုက်ရတော့သည်။

ရှောင်ရှန်း၏ ပြောထွက်လုဆဲဆဲ စကားလုံးများသည် လည်ချောင်းထဲတွင် ဆို့နင့်သွားလေတော့သည်။

သံမဏိစိတ်ဓာတ် ရှိသော စစ်သူကြီးသည် နောက်သို့ တစ်လှမ်းဆုတ်ကာ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သူ၏ ရှေ့တွင် လက်ဝါးချင်းယှက်ကာ စစ်တပ်၏ စံပြအဖြစ်ဆုံး စစ်ရေးပြအလေးပြုခြင်းဖြင့် ဦးညွှတ်လိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"အရှင့်သားရဲ့ သိုင်းပညာက ကမ္ဘာပေါ်မှာ အနှိုင်းမဲ့ပါပဲ... ကျွန်တော် ငယ်သား အကြွင်းမဲ့ ကြည်ညိုလေးစားမိပါတယ်... အရှင့်သား... မင်းသား(၃)တို့ အုပ်စုကို ဘယ်လို စီရင်ရမလဲဆိုတာ မိန့်တော်မူပါ.."

ရှောင်ရှန်း - "ဟမ်…”

ရှောင်ရှန်း တစ်ယောက် "ဟမ်..." ဟု တစ်ခွန်းသာ ရေရွတ်လိုက်ရင်း ၊ လုံးလုံးလျားလျား ဆွံ့အသွားရတော့၏။

All Chapters