← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း(၁၇၃) - အစ်ကို(၃)…မင်းရဲ့ သရုပ်ဆောင်မှုက ပြောင်မြောက်လှချည်လား

သူသည် မိမိရှေ့က ဤသာရှစစ်နတ်ဘုရားကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေပြီး ၊ "ကျွန်တော်မျိုး အားလုံးကို နားလည်ပါပြီ... အရှင့်သား ဆက်ပြီး ဟန်ဆောင်မနေပါနဲ့တော့..." ဟု ပြောနေသကဲ့သို့ ထိုလူ၏ မျက်လုံးများကို ကြည့်ရင်း ၊ ဤအခြေအနေကို မည်သို့ အဆုံးသတ်ရမည်ကိုပင် မသိတော့ချေ။

‘သိုင်းပညာက ကမ္ဘာပေါ်မှာ အနှိုင်းမဲ့တဲ့လား…’

သူသည် စောစောက ပြင်းပြသော အသက်ရှင်လိုစိတ်ကြောင့် မျက်လုံးများကို မှိတ်ကာ လှဲချလိုက်ခြင်းသာ ဖြစ်ပြီး ၊ ကံကောင်းထောက်မစွာဖြင့် မြေစောင်းအတိုင်း ချော်လဲခဲ့ရုံသာ ဖြစ်သည်။

အဘယ့်ကြောင့် အတုမရှိသော သိုင်းပညာ ဖြစ်သွားလေသနည်း။

ထိုအရာသည် "ငါးဆားနယ်‌တစ်ကောင် လိမ့်ဆင်းခြင်း" နှင့် "မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သား လဲကျခြင်း" တို့၏ အဆင့်မြင့်ဗားရှင်းတစ်ခုမျှသာ ဖြစ်သည် မဟုတ်လော။

( T/N - ငါးဆားနယ် - ဘဝအတွက် ရည်မှန်းချက်မရှိ၊ လူမှုဘဝမှ “နုတ်ထွက်” ထားသော လူအား နောက်ပြောင်သည့် ဗန်းစကား)

သို့သော် သူ့အနေဖြင့် ဤသို့ ပြောဆို၍ ရနိုင်မည်လော။

အကယ်၍ မိမိသည် စောစောက ကြက်ကန်းဆန်အိုးတိုးသည့် ကံကောင်းမှုကြောင့်သာ ဖြစ်သည်ဟု ပြောလိုက်ပါက ၊ ဤကဲ့သို့ ဖြောင့်မတ်တည်ကြည်လွန်းပြီး ဦးနှောက်က မြို့ရိုးထက်ပင် ပိုမိုဖြောင့်စင်းနေသော စစ်သူကြီးသည် ကိုယ့်စကားကို ရှက်ရွံ့သွားပြီး နေရာ၌ပင် ဓားဆွဲထုတ်၍ "စစ်နတ်ဘုရားကို လှည့်စားသော" အိမ်ရှေ့စံမင်းသားကို သတ်ပစ်နိုင်သည် မဟုတ်လော။

ရှောင်ရှန်း၏ ဦးနှောက်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး ၊ အသက်ရှင်လိုသော ဗီဇသည် အတွေးအားလုံးကို တစ်ဖန် ဖိနှိပ်လိုက်ပြန်၏။

သူသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပုံပြင်စာအုပ်များထဲမှ ပညာရှင်ကြီးများ၏ ဟန်ပန်အတိုင်း အတုယူလိုက်သည်။

လက်နှစ်ဖက်ကို နောက်ပစ်လျက် ခေါင်းကို လေးဆယ့်ငါးဒီဂရီ စောင်းကာ မော့ကြည့်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသော လေသံလေး ထည့်နှော၍ ပြောဆိုလိုက်သည်။

"ဒါက ဘာမှမဟုတ်တဲ့ အရာလေးပါပဲ... ပြောပလောက်စရာ မရှိပါဘူး... ချန်ချင်း စစ်သူကြီး... ကျွန်တော့်ကို အထင်ကြီးလွန်းနေတာပါ”

ချန်ချင်းသည် ထိုစကားကို ကြားလိုက်ရသည်နှင့် ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်သွားပြီး မျက်လုံးထဲရှိ နက်ရှိုင်းသော ရိုသေလေးစားမှု အရိပ်အယောင်များက ပို၍ပင် လေးနက်လာတော့၏။

‘ ကြည့်စမ်း... ကြည့်စမ်း... ဒါက ဘယ်လောက်တောင် ခန့်ညားထည်ဝါလိုက်တဲ့ စိတ်နှလုံးသားလဲ…ဘယ်လောက်တောင် ကြီးမြတ်လိုက်တဲ့ အရှိန်အဝါလဲ…’

ဤကဲ့သို့သော ကြီးမားလှသည့် အောင်မြင်မှုကြီးကို ရယူနိုင်ခဲ့သော်လည်း၊ ဤပုဂ္ဂိုလ်သည် အရေးမပါသကဲ့သို့ သဘောထားနိုင်ပေသည်။

ဤအရာသည် ရိုးရိုးတန်းတန်း "အရည်အချင်းကို ဖုံးကွယ်ထားခြင်း" မျိုး မဟုတ်တော့ချေ။ ဤသည်က "သဘာဝတရားအတိုင်း ပြန်လည် ရောက်ရှိသွားခြင်း" ၏ အမြင့်ဆုံး ဖြစ်တည်မှုပင် ဖြစ်သည်။

ချင်ချန်းတစ်ယောက် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ပိုမို ယုံကြည်သွားပြီး၊ လက်ဝါးချင်းယှက် အလေးပြုခြင်းကို သုံးဆခန့် ပိုမို နှိမ့်ချလိုက်လေ၏။

"အရှင့်သားက တကယ်ကို နှိမ့်ချလွန်းပါတယ်... အခု သစ္စာဖောက်တွေက သူတို့ရဲ့ အစွယ်တွေကို ပြသလာခဲ့ပြီ၊ မင်းသား(၃) ရှောင်ကျင်းကလည်း သူ့ရဲ့ လောဘရမ္မက်ကို မဖုံးကွယ်နိုင်တော့ဘဲ မိစ္ဆာကျင့်ကြံသူ‌တွေနဲ့ ပူးပေါင်းပြီး ကျွန်တော်မျိုးတို့ သာရှမင်းဆက်ရဲ့ ရာဇပလ္လင်ကို မှောက်လှန်ပစ်ဖို့ ကြံစည်နေကြပြီ…”

“ ကျွန်တော် ငယ်သား …အရှင့်သားရဲ့ အမိန့်တော်ကို ခံယူကာ ချက်ချင်းပဲ စစ်သည်တွေကို စုစည်းပြီး တိုင်းပြည်ရဲ့ ဘေးဒုက္ခများကို ဖယ်ရှာပေးဖို့ ဆန္ဒရှိပါတယ်..."

"မလုပ်နဲ့..."

ရှောင်ရှန်းတစ်ယောက် ထိတ်လန့်သွားသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ခနဲ တုန်သွားကာ၊ သူ၏ တည်ငြိမ်ပြနေသော ဟန်ပန်ပင် ပျက်လုနီးပါး ဖြစ်သွားရ၏။

‘ စစ်သည်တွေကို စုစည်းမယ် ဟုတ်လား... အစ်ကိုကြီး... ခင်ဗျားက မြို့တော်ထဲမှာ လမ်းပေါ်ထွက် စစ်ပွဲဆင်နွှဲဖို့ ကြံစည်နေတာပဲ…’

ထိုသို့ဖြစ်လာပါက ၊ မြို့တစ်ခုလုံး

သွေးချောင်းစီးသွားလိမ့်မည် ဖြစ်ရာ မိမိအနေဖြင့် မည်သို့ လှဲအိပ်နိုင်တော့မည်နည်း။ ခေါင်းတလားထဲ ဝင်အိပ်လျှင်ပင် အေးအေးချမ်းချမ်း နေရမည် မဟုတ်ချေ။

“ အဟမ်း..."

ရှောင်ရှန်းသည် ဟန်ချက်ပျက်သွားသော သူ၏အမူအရာကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ၊ မိမိကိုယ်ကိုယ် ပညာရှင်တစ်ယောက်၏ ဟန်ပန်ကို ပြန်လည် ဖော်ထုတ်ကာ ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်။

"ချန်ချင်း စစ်သူကြီး... ဒီကိစ္စက အလွန်ကို ကြီးမားကျယ်ပြန့်ပြီး ပတ်သက်ဆက်နွှယ်မှုကလည်း များပြားလှပေတယ်”

“ အစ်ကို(၃)က ဘာပဲဖြစ်ဖြစ် မင်းသားတစ်ပါး ဖြစ်နေဆဲမို့ ခိုင်လုံတဲ့ သက်သေမရှိဘဲ ဇွတ်တရွတ် လှုပ်ရှားလိုက်ရင် နန်းတော်ကို မတည်မငြိမ်ဖြစ်စေပြီး လူထုကို တုန်လှုပ်သွားစေလိမ့်မယ်... ဒါဟာ အမှောင်ထဲက နောက်ကွယ်က လက်မည်းကြီးရဲ့ အကြံအစည်ထဲကို သက်ဆင်းသွားတာနဲ့ တူတူပဲ..."

သူသည် ထိုသို့ပြောဆိုရင်း တစ်ဖက်မှလည်း မိမိကိုယ်ကိုယ် စိတ်ထဲတွင် ချီးကျူးနေမိ၏။

မှန်၏။ သူသည် အချိန်ဆွဲနေခြင်းသာ။ ထိုမှသာလျှင် မိမိအနေဖြင့်လည်း အရှေ့နန်းတော်သို့ ပြန်ကာ ဆက်လက် အိပ်စက်နိုင်မည် မဟုတ်လော။

စူးဝမ်ချင်းသည် ဘေးနားမှ တိတ်ဆိတ်စွာ ကြည့်နေပြီး ၊ သူမ၏ အေးစက်လှသော မျက်လုံးများထဲတွင် သတိထားမိရန် ခက်ခဲသော ပြုံးရိပ်တစ်ခု ဖြတ်ပြေးသွာလေ၏။

သူမသည် ရှောင်ရှန်းတစ်ယောက် အဓိပ္ပါယ်မရှိသောစကားများ ပြောနေသည်ကို သဘာဝကျစွာ မြင်နိုင်သော်လည်း ၊ သို့သော်လည်း သူ၏ စကားများသည် မတော်တဆပင် အံဝင်ခွင်ကျ ဖြစ်သွားပြီး လက်ရှိ အခြေအနေတွင် အလုံခြုံဆုံး လုပ်ဆောင်ချက်ဖြစ်ကြောင်း ဝန်ခံရပေမည်။

ချန်ချင်းသည် ထိုစကားကို ကြားပြီးနောက် တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက်ပင် သဘောပေါက်သွားတော့၏။

မှန်၏။ သူသည် အဘယ်ကြောင့် ဤအဆင့်ကို မတွေးမိရသနည်း။

အိမ်ရှေ့စံမင်းသားသည် နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မားသော ကျင့်ကြံမှု ရှိရုံသာမက ၊ စိတ်ကူးစိတ်သန်းများကလည်း ဤမျှလောက် သိမ်မွေ့နက်နဲလှပေသည်။

All Chapters