← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း(၁၇၅)

ရှောင်ကျင်း၏ မျက်လုံးများသည် ရက်စက်ခက်ထန်လွန်းကာ ၊ သူ့အသံသည် လွန်စွာ ‌အေးစက်နေခဲ့သည်။

"သူတို့က သတိပြုမိသွားပြီ ဆိုမှတော့ အစီအစဉ်ကို အမြန် စတင်ရမယ်... ဘယ်လို တန်ကြေးမျိုး ပေးဆပ်ရပေးဆပ်ရ ..."

……

နောက်တစ်နေ့ မနက်ခင်းတွင် ၊

ရှောင်ရှန်းသည် တစ်ညလုံး ကောင်းကောင်း မအိပ်စက်ခဲ့ရသဖြင့် ပန်ဒါမျက်လုံးများနှင့်အတူ ၊ မယ်တော်ကြီးထံသို့ စိတ်မပါလက်မပါဖြင့် သွားရောက် ဂါရဝပြုရန် နန်းတွင်းလမ်းတစ်လျှောက် လျှောက်လှမ်းလာ၏။

မနေ့ညက မြင်ကွင်းသည် အလွန်ပင် ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းသည်။ သူ မျက်လုံးမှိတ်လိုက်သည့် အချိန်တိုင်း ၊ ရန်သူမှ ပစ်လွှတ်လိုက်သော ထိုနက်မှောင်သော စွမ်းအင်လုံးနှင့် ချန်ချင်း၏ တောက်ပလာသော မျက်လုံးများကိုသာ မြင်ယောင်နေမိသဖြင့် သူ့ကို အလွန်အမင်း မောပန်းနွမ်းနယ်စေခဲ့သည်။

စင်္ကြံလမ်းတစ်ခုကို ချိုးကွေ့လိုက်သည့် အချိန်မှာပင် ၊ သူသည် လူအုပ်စုတစ်စုနှင့် ထိပ်တိုက် ဆုံတွေ့လိုက်ရတော့၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာမူ ယခုအချိန်တွင် သူ မတွေ့ချင်ဆုံးသောသူ ဖြစ်သည့် မင်းသား(၃) ရှောင်ကျင်းပင် ဖြစ်သည်။

ရှောင်ကျင်းသည်လည်း သူ့ကို မြင်လိုက်ရသဖြင့် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ၊ ချက်ချင်းဆိုသလို မျက်နှာပေါ်၌ နွေးထွေးပြီး ဂရုစိုက်မှုများဖြင့် ပြည့်နှက်နေသော အပြုံးများကို ဖော်ထုတ်ကာ မြန်မြန် ရှေ့သို့ တိုးကပ်လာ၏။

“ ညီတော်(၇)... ဒါက မယ်တော်ကြီးဆီ ဂါရဝပြုဖို့ သွားမလို့လား... မင်းရဲ့ မျက်နှာက သိပ်မကောင်းဘူးပဲ.. မနေ့ညက ကောင်းကောင်း မအိပ်စက်ခဲ့ရလို့လား..."

သူသည် စကားကို ခေတ္တရပ်လိုက်ပြီး မရည်ရွယ်ဟန်ဖြင့် အသံကို နှိမ့်ချလိုက်သည်။

"ငါ ကြားမိတာတော့ မနေ့ညက မြို့တော်အနောက်ဘက် အမဲလိုက်ကွင်းမှာ မတည်ငြိမ်မှုအချို့ ဖြစ်ပွားခဲ့ပြီး လူသတ်သမားတွေက မင်းရဲ့ လေ့ကျင့်မှုကို နှောင့်ယှက်ခဲ့တယ်ဆိုပဲ... ညီတော်(၇)... မင်း ထိတ်လန့်မသွားဘူးမလား... ဒဏ်ရာရော ရခဲ့သေးလား..."

ရှောင်ရှန်းသည် သူ၏ မျက်နှာပေါ်ရှိ "ညီအစ်ကိုချင်း ချစ်ခင်ကြင်နာမှု" များဖြင့် ပြည့်နှက်နေသော အပြုံး၊ ထိုဂရုစိုက်လှသော မျက်လုံးများနှင့် စိုးရိမ်ပူပန်နေသော လေသံများ ကြည့်ရင်း ၊ ဤသည်က တကယ်ကို ပြီးပြည့်စုံလွန်းလှသဖြင့် မည်သည့် အပြစ်အနာအဆာမျှ ရှာမတွေ့နိုင်ချေ။

အကယ်၍ မနေ့ညက စူးဝမ်ချင်း၏ နှုတ်မှ အမှန်တရားကို မသိခဲ့ရပါက၊ သူသည် တစ်ဖက်လူကို လုံးဝ ယုံကြည်မိကာ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များပင် ကျမိနိုင်သည်။

‘ဆရာကြီးပဲ... ဒါကမှ တကယ့် ဆရာကြီးပဲ’

ရှောင်ရှန်း၏ စိတ်ထဲတွင် အတော်လေး ချီးကျူးနေမိသည်။ သူသည် မနေ့ညက ‘ပညာရှင်'တစ်ဦးအဖြစ် ညံ့ဖျင်းစွာ ဟန်ဆောင်ခဲ့သော မိမိ၏ သရုပ်ဆောင်ချက်အပေါ် အတော်လေး အားမရဖြစ်သွားမိသည်။

ဤလူနှင့် နှိုင်းယှဉ်လိုက်ပါက ၊ မိမိသည် အပျော်တမ်း သရုပ်ဆောင်ဝါသနာရှင်မျှသာ ဖြစ်ပြီး ၊ ရှေ့ကလူကမူ ဇာတ်မင်းသားကြီး ဖြစ်ကြောင်း သိလိုက်ရလေ၏။

သူသည် ရှောင်ကျင်းကို ကြည့်ရင်း နှလုံးသားထဲမှ လာသော ခံစားချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"အစ်ကိုတော်(၃)... မင်းရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ဆိုရင် ကဇာတ်ရုံထဲကို သွားပြီး 'မျက်နှာဖုံးစွပ် သစ္စာရှိအမတ်' ဆိုတဲ့ ပြဇာတ်ကို မကပြရတာ တကယ်ကို နှမြောစရာကောင်းတာပဲ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထုသည် ရုတ်ချည်း အေးခဲသွားတော့သည်။

ရှောင်ကျင်း၏ မျက်နှာပေါ်ရှိ အပြုံးသည် ရေခဲပြင်အလား အက်ကွဲကြောင်းတစ်ခု ဖြစ်သွားလေ၏။

‘သူ... သူ ဘာတွေ ပြောနေတာလဲ…’

‘မျက်နှာဖုံးစွပ် သစ္စာရှိအမတ် ဟုတ်လား…’

‘သူ ငါ့ကို စကားနာထိုးနေတာလား... သူ သိသွားပြီလား... သူ အားလုံးကို သိသွားပြီလား…’

ခဏလေးအတွင်းမှာပင် ၊ ရှောင်ကျင်းသည် ‌ခြေဖဝါးမှ ခေါင်းထိပ်အထိ အေးစက်မှုကို ခံစားလိုက်ရသည်။ သူ၏ကျောပြင်ရှိ အဝတ်အစားများသည်လည်း ချွေးစေးများဖြင့် ချက်ချင်း စိုစွတ်သွားတော့၏။

သူသည် ရှောင်ရှန်း၏ အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများကို ကြည့်လိုက်ရာ ယခုအချိန်တွင် ထိုမျက်လုံးများသည် အဆုံးမရှိ နက်ရှိုင်းပြီး မိမိ၏ လျှို့ဝှက်ချက်များနှင့် ဟန်ဆောင်မှုအားလုံးကို ထိုးဖောက်မြင်နေသကဲ့သို့ ခံစားလိုက်ရသည်။

‘မဖြစ်နိုင်ဘူး... အစီအစဉ်က ဒီလောက်ထိ လျို့ဝှက်တာ သူ ဘယ်လိုလုပ် သိနိုင်မှာလဲ’

‘ဒါမှမဟုတ်... ဖမ်းဆီးခံလိုက်ရတဲ့သူက အားလုံးကို ဝန်ခံလိုက်ပြီလား... ဒီလောက်တောင် မြန်သလား…’

ရှောင်ကျင်း၏ နှလုံးသားထဲတွင် ဂယောက်ဂယက် ဖြစ်သွားပြီး ၊ သူသည် ငိုသည်ထက် ကြည့်ရဆိုးသော အပြုံးတစ်ခုကို အတင်းအကြပ် ပြုံးထားရင်း ပြန်ပြောလိုက်သည်။

"ညီတော်(၇)က တကယ်ကို နောက်ပြောင်တတ်တာပဲ... အစ်ကိုတော်က မင်းကို စိုးရိမ်လို့ပါ..."

"အော်..."

ရှောင်ရှန်းသည် ခေါင်းညိတ်လိုက်ပြီး "ငါ မင်းကို ယုံတယ်" ဟူသော မျက်နှာအမူအရာဖြင့် သမ်းဝေလိုက်ကာ သူ့ကို ကျော်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။

"ဒါဆိုရင် ဘာမှမရှိတော့ရင် ငါ အရင်သွားတော့မယ်... အိပ်ချင်နေပြီ..."

ရှောင်ရှန်း၏ ပျင်းရိပျင်းတွဲဖြင့် ထွက်ခွာသွားသော နောက်ကျောကို ကြည့်ရင်း ရှောင်ကျင်းသည် ဤလူသားကို အသုံးမကျသော အမှိုက်အဖြစ် မမြင်နိုင်တော့ချေ။

ထိုနောက်ကျောသည် သူ၏ မျက်လုံးထဲတွင် "အရာအားလုံးကို ငါ့လက်ထဲမှာ ထိန်းချုပ်ထားတယ်" ဆိုသည့် သရော်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် နေရာ၌ပင် တောင့်တောင့်ကြီး ကျန်ရစ်ခဲ့ပြီး ၊ ရှောင်ရှန်း၏ ပုံရိပ်သည် နန်းတော်လမ်း အဆုံး၌ ပျောက်ကွယ်သွားပြီးမှ ပြန်သတိကပ်လာခဲ့သည်။

‘ ဆက်ပြီး စောင့်ဆိုင်းနေလို့ မဖြစ်တော့ဘူး...ရှောင်ရှန်းက ဖဲချပ်တွေကို လှန်ပြလိုက်ပြီ …’

သူ၏ မျက်နှာသည် ဖြူဖျော့သွားပြီး၊ ဆက်ပြီး သရုပ်ဆောင်မနေတော့ဘဲ နောက်ကွယ်ရှိ ယုံကြည်ရသော လက်အောက်ငယ်သားများဘက်သို့ လှည့်ကာ ပြတ်သားသော လေသံဖြင့် အမိန့်ပေးလိုက်တော့သည်။

"ငါ့ရဲ့ အမိန့်ကို အမြန်ဆုံး ထုတ်ပြန်လိုက်... အစီအစဉ်(၂) ကို အသက်သွင်းမယ်... ပစ်မှတ်က... မြို့တော်တောင်ဘက်၊ နတ်ဘုရားယဇ်ပလ္လင်ပဲ”

မင်းသား(၃)၏ စံအိမ်တော်မှ ထုတ်ပြန်လိုက်သော အမိန့်သည် အမှောင်ထဲတွင် စီးဆင်းနေသော ရေစီးကြောင်းထဲကို ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ မြို့တော်၏ အခြားတစ်နေရာတွင် လှိုင်းလုံးကြီးများ မြန်မြန်ဆန်ဆန် ထကြွလာလေသည်။

All Chapters