အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း(၁၇၈)
“ ရှောင်ကျင်းက မကြာသေးခင်က ဆောက်လုပ်ရေး ဝန်ကြီးဌာနက လူတွေနဲ့ အလွန် နီးနီးကပ်ကပ်ရှိနေပြီး ၊ 'မီးနဂါးဆီ' အမြောက်အမြားကို တိတ်တဆိတ် စုဆောင်းနေတယ်…”
“ပြီးတော့ မြို့တော်တောင်ဘက်က နတ်ဘုရားယဇ်ပုလ္လင် ပြုပြင်မွမ်းမံရေး လုပ်ငန်းကိုလည်း သူ့ရဲ့ လူတွေကပဲ ကိုင်တွယ်နေတယ်..."
ထိုသို့ပြောဆိုပြီးနောက် သူမသည် ဆက်လက် မနှောင့်နှေးတော့ဘဲ တံခါးကို ဖွင့်ကာ ထွက်ခွာသွားတော့၏။
ရှောင်ရှန်းသည် ကုတင်ပေါ်တွင် ထိုင်ရင်း စောစောက ရရှိခဲ့သော သတင်းအချက်အလက်များကို စဉ်းစားနေမိသည်။
"မီးနဂါးဆီဟုတ်လား... နတ်ဘုရားယဇ်ပုလ္လင်တဲ့လား..."
သူသည် တိုးတိုးလေး ရေရွတ်ရင်း၊ ဤနှစ်ခုကြားတွင် မည်သည့်ပတ်သတ်မှု ရှိသည်ကို နားမလည်နိုင်ဖြစ်နေမိသည်။
ထိုအချိန်တွင် အပြာရောင်ပုံရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်ကဲ့သို့ ပြတင်းပေါက်ပြင်ပမှ ဝင်ရောက်လာသည်။ ထိုသူမှာ သူ၏ ဘေးကင်းရေးကို စိုးရိမ်သဖြင့် တိတ်တဆိတ် လာရောက် စုံစမ်းနေသော စူးဝမ်ချင်းပင် ဖြစ်သည်။
"မင်းသမီးကြီးက ရှင့်ကို ဘာတွေ ပြောသွားလဲ..."
စူးဝမ်ချင်းသည် ရှောင်ရှန်းတစ်ယောက် ဘာမှမဖြစ်သည်ကို မြင်ပြီးမှသာ သက်ပြင်းချနိုင်တော့၏။
"ဘာမှမရှိပါဘူး... ငါ့အစ်မက ငါနဲ့ စီးပွားရေးလုပ်မယ်လို့ ပြောတာ..."
ရှောင်ရှန်းသည် သမ်းဝေလိုက်ပြီး စောစောက ကြားခဲ့ရသော သတင်းများကို သူမအား ပြန်လည် ပြောပြလိုက်သည်။
"ဘာ မီးနဂါးဆီ ဆိုလား... ဘာ နတ်ဘုရားယဇ်ပုလ္လင်ဆိုလား... ငါ့ကို ပြဿနာ လာပေးသွားတာပဲ..."
သို့သော် သူ၏ စကားသံမဆုံးသေးခင်မှာပင် ၊ စူးဝမ်ချင်း၏ မျက်နှာသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားတော့၏။
"မီးနဂါးဆီ ဟုတ်လား... နတ်ဘုရားယဇ်ပုလ္လင်တဲ့လား..."
သူမသည် တစ်ဖန် ပြန်လည် ရေရွတ်လိုက်ရာ အသံများပင် တုန်ယင်နေ၏။
"ဒုက္ခပါပဲ..."
"ဘာဖြစ်လို့လဲ..."
ရှောင်ရှန်းသည် သူမ၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် သူကိုယ်တိုင်လည်း ထိတ်လန့်သွားမိသည်။
စူးဝမ်ချင်း၏ မျက်လုံးများသည် လေးနက်မှု အပြည့် ရှိနေပြီး ၊ သူမသည် မြန်မြန်ဆန်ဆန်ပင် ရှင်းပြလိုက်သည်။
"မီးနဂါးဆီ ဆိုတာက စစ်တပ်မှာ အပြင်းထန်ဆုံး စစ်လက်နက် ပစ္စည်းတစ်ခုပဲ... ပေါက်ကွဲတတ်တဲ့ ခဲယမ်းတွေနဲ့ ဆာလဖာတွေကို အခြေခံထားတာမို့ ပေါက်ကွဲအားက အလွန် ပြင်းထန်ပြီး ဆီတစ်စက်တည်းနဲ့တင် ကြီးမားတဲ့ ကျောက်ဆောင်ကြီးတွေကို ဖြိုခွဲပစ်နိုင်တယ်…”
“ပြီးတော့ နတ်ဘုရားယဇ်ပလ္လင်ကလည်း မြို့တော်ရဲ့ နဂါးသွေးကြော အဓိက ဗဟိုချက် သုံးခုထဲက တစ်ခုပဲ... တော်ဝင်မျိုးနွယ်ရဲ့ ကံကြမ္မာ အရှိန်အဝါတွေနဲ့ ပြုစုပျိုးထောင်ထားတာ ဖြစ်လို့ အဲ့နေရာက အုတ်မြစ်ကျတဲ့ နေရာတစ်ခုပဲ”
သူမသည် ထိတ်လန့်မှုများနှင့် အလျင်စလိုဖြစ်နေသော အရိပ်အယောင်များဖြင့် ရှောင်ရှန်းကို လှည့်ကြည့်လိုက်သည်။
"သူတို့က ဘယ်သူ့ကိုမှ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတာ မဟုတ်ဘူး... ပုန်ကန်ဖို့ ကြံစည်နေတာလည်း မဟုတ်ဘူး..."
"သူတို့က မီးနဂါးဆီရဲ့ အပြင်းထန်ဆုံး ပေါက်ကွဲအားကို အသုံးပြုပြီး နဂါးသွေးကြောရဲ့ ဗဟိုချက်ကို ဖြိုခွဲပစ်ဖို့ ကြံစည်နေကြတာပဲ…”
“ ပြီးရင် ညစ်ပတ်တဲ့ အရာတွေနဲ့ သွေးပူဇော်ခြင်းကို ပြုလုပ်ကြလိမ့်မယ်... ဒါက ငါတို့ သာရှမင်းဆက်ရဲ့ တိုင်းပြည်ကံကြမ္မာကို အမြစ်ကနေ... လုံးလုံးလျားလျား ဖျက်ဆီးပစ်ဖို့ ကြံစည်နေကြတာပဲ..."