အခန်း ၂၁၆၁
Vol. 217 Ch. 2161
အခန်း (၂၁၆၁) တိန့်ဆွေ့နတ်ဘုရားရောင်ခြည်
“ဒီကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေရဲ့ တားမြစ်နယ်မြေထဲမှာ အန္တရာယ်ကြီးမားတဲ့ အခြေအနေ နှစ်မျိုးရှိတယ်၊ ပထမတစ်ခုကတော့ အချိန်စီးဆင်းမှုနှုန်း အရှိန်အဟုန်နဲ့ မြန်ဆန်သွားတာပဲ၊ အဲဒီလို အန္တရာယ်ရှိတဲ့ အလွှာရဲ့ အတွင်းထဲမှာမှ နောက်ထပ် အန္တရာယ်တစ်ခု ရှိနေသေးတယ်၊ အဲဒါကတော့ အချိန်စီးဆင်းမှုနှုန်း နှေးကွေးတုံ့ဆိုင်းသွားတာပဲ ”
ရှူရှန့်က ခပ်ဖွဖွ ပြုံးလျက် ရှင်းပြလာခဲ့သည်။
“အဆိုးဆုံးက ဘာလဲဆိုရင်၊ မင်းကသာ အချိန်စီးဆင်းမှုနှုန်း နှေးကွေးတုံ့ဆိုင်းတဲ့ အန္တရာယ်ကို အရင်ဆုံး ကြုံတွေ့လိုက်ရပြီးမှ၊ အချိန်စီးဆင်းမှုနှုန်း မြန်ဆန်တဲ့ အန္တရာယ်နဲ့ ထပ်ပြီး တိုးမိတယ်ဆိုရင်၊ နောက်ကလိုက်လာတဲ့ အန္တရာယ်ရဲ့ အကျိုးသက်ရောက်မှုက အရင်ရှိနေတဲ့ ဆန်းကြယ်တဲ့ စွမ်းအားကို လုံးဝ လျစ်လျူရှု ကျော်လွန်သွားပြီးတော့၊ ဒီအန္တရာယ်နဲ့ တိုးမိတဲ့ သူတော်စင်ရဲ့ သက်တမ်းကို အလျင်အမြန်ပဲ ခမ်းခြောက် ကုန်ဆုံးသွားစေလိမ့်မယ်။
ဒါဟာ မင်းအနေနဲ့ နှေးကွေးတုံ့ဆိုင်းနေတဲ့ ကမ္ဘာကြီးထဲမှာ မိမိရဲ့ သက်တမ်းက တစ်စက်ချင်းစီ ခမ်းခြောက်ကုန်ဆုံးသွားတာကို ကိုယ်တိုင် မြင်တွေ့နေရတာနဲ့ အတူတူပဲ၊ ဒီဖြစ်စဉ်က မင်းရဲ့ အမြင်မှာတော့ အလွန်အမင်း ရှည်လျားလွန်းလှတယ်လို့ ထင်မှတ်ရလိမ့်မယ်။
ဒါပေမဲ့ ပြင်ပက လူတွေရဲ့ အမြင်မှာတော့၊ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အချိန်လေးအတွင်းမှာပဲ ဖြစ်ပျက်သွားတာမျိုး ဖြစ်နေလိမ့်မယ် ”
“ဒီလိုနည်းလမ်းမျိုးနဲ့ သေဆုံးသွားရတဲ့ သူတော်စင်တွေဟာ၊ ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်အမင်း တာရှည်လှတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရတာနဲ့ အတူတူပဲလို့ ဆိုရမယ် ”
ကျန်းတောက်ယွဲ့နှင့် အခြားသူများက ချက်ချင်းပင် ထိုက်ဟောက်ဝေကို ပြိုင်တူ တွေးမိသွားကြတော့သည်။
ရှူရှန့်က ယခုအချိန်၌ ‘သံသရာ’ ဟု အမည်ရသည့် ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေရဲ့ တားမြစ်နယ်မြေအကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ပြီ ဖြစ်သည်။
ဒါဆိုလျှင် ထိုက်ဟောက်ဝေသည် ဤတားမြစ်နယ်မြေထဲမှာပဲ တစ်စုံတစ်ခုသော နတ်ဘုရားစွမ်းရည်ကို လေ့လာဆင်ခြင်နိုင်ခဲ့ခြင်း ဖြစ်ပါသလော။
“ဒါပေမဲ့လည်း ကံကောင်းထောက်မတဲ့သူ အချို့လည်း ရှိကြပါတယ်၊ သူတို့က ဒီတားမြစ်နယ်မြေထဲမှာ အန္တရာယ်နှစ်ထပ်ကွမ်းထဲကို သက်ဆင်းမသွားခဲ့ရဘဲ၊ အဲဒီအခြေအနေကို အသုံးချပြီးတော့ ကြီးမြတ်လှတဲ့ နတ်ဘုရားစွမ်းရည် နှစ်ခုထဲက တစ်ခုကို လေ့လာဆင်ခြင်နိုင်ခဲ့ကြတယ် ”
“တိန့်ဆွေ့နတ်ဘုရားရောင်ခြည် နဲ့ ချွီဆွေ့နတ်ဘုရားအလင်း ပဲ၊ ဒါတွေက သံသရာတားမြစ်နယ်မြေထဲမှာ နားလည်သဘောပေါက်နိုင်တဲ့ နတ်ဘုရားစွမ်းရည် နှစ်မျိုးပဲ ဖြစ်တယ် ”
“ဒီနှစ်တွေအတွင်းမှာ၊ အဲဒီနတ်ဘုရားစွမ်းရည် နှစ်ခုကို ရရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စတေးပြီး ရင်းနှီးလိုက်ရတဲ့ သူတော်စင်တွေ မနည်းမနော ရှိခဲ့တယ် ”
“ထိုက်ဟောက်ဝေ လေ့လာဆင်ခြင်ထားတာကတော့ တိန့်ဆွေ့နတ်ဘုရားရောင်ခြည် ပဲ ”
ရှူရှန့်က မျက်ဝန်းကို အနည်းငယ် မှေးစိုက်လိုက်ရင်း။
“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ပြိုင်ဘက်ရဲ့ အဆင့်က ကွာခြားချက် အလွန်အမင်း မကြီးမားသရွေ့၊ တိန့်ဆွေ့နတ်ဘုရားရောင်ခြည်က ပြိုင်ဘက်ရဲ့ အချိန်ကို အသေရပ်တန့်သွားစေလိမ့်မယ်၊ အဲဒီအချိန်ကျရင် သူက အရှုံးမရှိတဲ့ နယ်ပယ်ထဲမှာ ရပ်တည်နေနိုင်ပြီ ဖြစ်တယ် ”
“တိန့်ဆွေ့နတ်ဘုရားရောင်ခြည်……”
ချန်ဖေးဖေးက တိုးညှင်းစွာ ရေရွတ်လိုက်ရင်း။
“ဒါဆိုရင် အဲဒါက ပြိုင်ဘက်ကင်း ဖြစ်မနေဘူးလား၊ အချိန်ကိုတောင် ရပ်တန့်စေနိုင်တယ်ဆိုမှတော့၊ အဲဒါကို ဖြိုဖျက်နိုင်တဲ့ နည်းလမ်း လုံးဝ မရှိတော့ဘူးလားဟင် ”
“တိန့်ဆွေ့နတ်ဘုရားရောင်ခြည်ကို ဖြိုဖျက်ဖို့က အလွန်ရိုးရှင်းပါတယ်၊ အဆင့်တူ ကျင့်ကြံသူ နှစ်ယောက်က ပြိုင်တူ လှုပ်ရှားလိုက်တာနဲ့ အလွယ်တကူပဲ ဖြိုဖျက်နိုင်တယ်။
ဒီနတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်နေတဲ့ အချိန်မှာ၊ အခြားသော နတ်ဘုရားစွမ်းရည်တွေကို ထုတ်ဖော်နိုင်ခြင်း မရှိတော့သလို၊ အခြား အခြေအနေတွေကိုလည်း ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ ခဲယဉ်းသွားတတ်တယ်။
ဒါကြောင့် ဒီနတ်ဘုရားစွမ်းရည်က တစ်ဦးချင်း တိုက်ခိုက်တဲ့ နေရာမှာပဲ သင့်တော်တာ။
ကောင်းကင်ငါးပါး စစ်တလင်းထဲမှာ၊ ပရမ်းပတာ တိုက်ခိုက်တဲ့ နယ်မြေကို မသွားသရွေ့၊ ကျန်တဲ့ အပိုင်းတွေအားလုံးက တစ်ဦးချင်း တိုက်ခိုက်ရတာပဲ ၊ ဒါကြောင့် ကိုယ့်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် ဒီနတ်ဘုရားစွမ်းရည်ကို သုံးတာက တကယ့်ကို အစွမ်းထက်တဲ့ လက်နက်ကောင်းတစ်ခုပဲ ဟု ဆိုရမယ် ”
ရှူရှန့်က ပြောဆိုပြီးနောက်၊ ဖန့်ချန်အား လှမ်း၍ ပြုံးကြည့်လိုက်ရင်း။
“မင်းရဲ့ စွမ်းအားက ထိုက်ဟောက်ဝေထက် လုံးဝ နိမ့်ကျမနေပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ ဒီနတ်ဘုရားစွမ်းရည်က အခွင့်အရေး အလွန်အမင်း အသာစီးရလွန်းလှတယ်၊ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ငါတို့တွေ အခြေအနေကို အသာအယာ ရှောင်လွှဲပြီး လေစုန်ရပ်လိုက်ကြရအောင်၊ သူနဲ့ တစ်ဦးချင်း သွားပြီး မရင်ဆိုင်မိစေနဲ့ ”
“တပည့် နားလည်ပါပြီ ခင်ဗျာ ”
ဖန့်ချန်က လေးနက်တည်ကြည်သော အမူအရာဖြင့် လက်နှစ်ဖက်ကို ဆုပ်လျက် အရိုအသေပြုလိုက်သည်။
ထိုက်ဟောက်ဝေက တံခါးဝအထိ လာရောက်စိန်ခေါ်ရဲခြင်းမှာ မဆန်းတော့ပါချေ။
ကြည့်ရသည်မှာ တစ်ဦးချင်း တိုက်ခိုက်မှုတွင် အလွန်အမင်း အသာစီးရလွန်းလှသည့် နတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်ထားခဲ့၍ ဖြစ်ပေသည်။
“ဒါပေမဲ့လည်း မင်းတို့အနေနဲ့ ဒီနတ်ဘုရားစွမ်းရည်က တကယ်ပဲ အစွမ်းထက်လွန်းလှတယ်လို့ မထင်မှတ်လိုက်ကြနဲ့ဦး၊ နောက်ပိုင်းမှာ တာအိုနဲ့ ပေါင်းစပ်သွားတဲ့ အချိန်ကျရင်တော့ တကယ့်ကို ထိပ်တန်း နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်လာနိုင်ပေမယ့်၊ လက်ရှိအချိန်အထိတော့ စွမ်းအင်စုစည်းခြင်း နဲ့ အသက်စွမ်းအင် အဆင့်တွေကိုပဲ နှိပ်စက်လို့ ရဦးမှာ။
ဘာလို့လည်းဆိုတော့ ဒီအချိန်ကာလအတွင်းမှာ၊ မင်းတို့ရဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေက ခိုင်မာတောင့်တင်းခြင်း မရှိသေးလို့ပဲ။
ကမ္ဘာတည်ဆောက်ခြင်း အဆင့်ကို ရောက်ရှိသွားတဲ့ အခါကျရင်တော့၊ တိန့်ဆွေ့နတ်ဘုရားရောင်ခြည်ရဲ့ အကျိုးသက်ရောက်မှုက အလွန်အမင်း သေးငယ်သွားလိမ့်မယ်၊ အလွန်ဆုံးရှိမှ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို အနည်းငယ် အနှောင့်အယှက် ပေးနိုင်ရုံပဲ ရှိတော့တယ် ”
ရှူရှန့်က ခပ်ဖွဖွ ပြုံးလျက်။
“ငါတို့ ရွှေဟွေးကျောင်းတော်ကြီးက ကျောင်းသားတွေကတော့၊ ဒီနတ်ဘုရားစွမ်းရည်ကို လေ့လာဆင်ခြင်ဖို့ ခဲယဉ်းစွာ ရွေးချယ်လေ့ ရှိကြတယ်၊ ပထမအချက်က အန္တရာယ် အလွန်အမင်း ကြီးမားလွန်းလို့ ဖြစ်ပြီး၊ ဒုတိယအချက်ကတော့ နောင်အနာဂတ်အတွက် အဓိပ္ပာယ် သိပ်မရှိလို့ပဲ။
ဘာပဲဖြစ်ဖြစ် ကျောင်းတော်ထဲမှာ စိတ်နှစ်ပြီး ကျင့်ကြံနေသရွေ့တော့၊ ကမ္ဘာတည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့က မခက်ခဲလှပါဘူး။
အကယ်၍ အားအင်တွေ အကုန်အသုံးချပြီး၊ သေလုမြောပါး အန္တရာယ်တွေကို စွန့်စားပြီး ရယူထားရတဲ့ နတ်ဘုရားစွမ်းရည်က၊ ကမ္ဘာတည်ဆောက်ခြင်း အဆင့်ရောက်ပြီးတဲ့နောက်မှာ သာမန်အဆင့်ပဲ ဖြစ်သွားမယ်ဆိုရင်၊ ဒါက အသေအချာ တန်ဖိုးမရှိတာ ထင်ရှားနေတာပဲ။
မင်းတို့လည်း စိတ်ထဲကနေ အဲဒါကို မမျှော်မှန်းကြနဲ့ဦး၊ အဲဒီကိုယ်ပိုင်အတွင်းကမ္ဘာရဲ့ တားမြစ်နယ်မြေကို တွေ့ရင်၊ ဝေးဝေးကနေပဲ ရှောင်ကွင်းသွားကြ။
တကယ်လို့ အတွင်းထဲကို ကျရောက်သွားခဲ့ရင်၊ အခြေခံအားဖြင့် ဘယ်သူမှ မင်းတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး ”
ရှူရှန့်ရဲ့ သတိပေးချက်ကို ရင်ဆိုင်ရင်း၊ လူအုပ်ကြီးက တစ်ယောက်ပြီးတစ်ယောက် သဘောပေါက်နားလည်ကြောင်း ဖော်ပြလိုက်ကြသည်။
သုံးရက်လွန်မြောက်ပြီးနောက်။
ကောင်းကင်ငါးပါးနန်းတော်ဆောင်ကြီးရဲ့ တံခါးဝရှေ့၌။
လူဟောင်းများ ထွက်ခွာသွားပြီး လူသစ်များ ဝင်ရောက်လာသည့် အကြောင်းရင်းကြောင့်၊ ယခုတစ်ကြိမ်တွင် ရင်းနှီးနေကျ မျက်နှာဟောင်း အတော်များများ ပျောက်ကွယ်နေခဲ့ပြီး၊ စိမ်းသက်လှသည့် မျက်နှာသစ် အတော်များများ တိုးပွားလာခဲ့သည်။
“ဖန့်စီနီယာ ”
“ဖန့်စီနီယာ မင်္ဂလာပါ ခင်ဗျာ ”
ဤတစ်သုတ်၏ ကျောင်းသားသစ်များသည် မိမိတို့အား လမ်းပြပေးခဲ့သည့် ပုဂ္ဂိုလ်အပေါ် အလွန်အမင်း ရိုသေလေးစားကြသဖြင့်၊ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးလာခဲ့ကြရင်း ဂါရဝပြုလိုက်ကြသည်။
ကျိုကျိတောင်တန်း က ထိုလူအနည်းငယ်ပင်လျှင် ခြွင်းချက်မရှိပါချေ။
ကျိလင်းက အဝေးတစ်နေရာတွင် ရပ်တန့်နေခဲ့ရင်း၊ ဤမြင်ကွင်းကို တိတ်တဆိတ် စိုက်ကြည့်နေမိရာ၊ မျက်ဝန်းထဲ၌ အတန်ငယ် မနာလိုဖြစ်ရိပ်များ ဖြတ်သန်းသွားခဲ့ရသည်။
ရှေးယခင်တုန်းက မိမိနှင့်အတူတူ ကျောင်းသားသစ် ဖြစ်ခဲ့ဖူးသည့် ဖန့်ချန်သည်၊ ယခုအချိန်၌မူ လူဟောင်းတစ်ယောက် ဖြစ်နေရုံမျှမက၊ ကျောင်းသားသစ်တစ်သုတ်ကိုပင် လမ်းပြခေါ်ဆောင်ပေးခဲ့ပြီးပြီ ဖြစ်သည်။
ကျောင်းသားသစ်များကို လမ်းပြခေါ်ဆောင်ခွင့် ရရှိခြင်းမှာ၊ အထက်က ဆရာများက မိမိတို့ တပည့်များအတွက် ကြိုးပမ်းပေးထားသည့် အကျိုးကျေးဇူးတစ်ခု ဖြစ်ကြောင်းကို သူ ယခုမှသာ သိရှိလိုက်ရတော့သည်။
၎င်းသည် တပည့်များအတွက် လူမှုကွန်ရက် အဆက်အသွယ်ကောင်းများ တည်ဆောက်စုဆောင်းပေးခြင်းလည်း ဖြစ်ပေသည်။
နောင်အနာဂတ်တွင် ဤကျောင်းသားသစ်များထဲမှ ထူးချွန်ထက်မြက်သူ အနည်းငယ် ထွက်ပေါ်လာခဲ့ပါက၊ ၎င်းတို့သည် မိမိတို့အား လမ်းပြပေးခဲ့သူနှင့် ကောင်းမွန်သော ဆက်ဆံရေးကို သဘာဝကျကျ ထိန်းသိမ်းထားကြမည် မဟုတ်ပါလော။
“ဒီတစ်ခေါက်တော့ လူတွေ တော်တော်လေး နည်းသွားတာပဲနော် ”
လုကျိုဝမ် နှင့် ချိုင်စစ်ရှို့တို့က ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေကို ထိန်းကျောင်းမောင်းနှင်လျက် ကောင်းကင်ငါးပါးနန်းတော်ဆောင်ကြီးရဲ့ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြပြီး၊ ဘေးပတ်ဝန်းကျင်၌ စိမ်းသက်လှသည့် မျက်နှာသစ်များစွာ တိုးပွားနေသည်ကို ကြည့်ရှုရင်း၊ နှလုံးသားထဲ၌ သက်ပြင်းချမိခြင်းများ မကင်း ဖြစ်နေခဲ့ကြရသည်။
သူတို့နှင့် တစ်သုတ်တည်း တက်ခဲ့သည့် ကျောင်းသားများသည်၊ နောက်ဆုံးတွင်တော့ နှစ်တစ်ထောင် ကျောင်းဦးကာလကို ကုန်ဆုံးသွားခဲ့ကြရပြီ ဖြစ်သည်။
ကျန်ရှိနေရစ်သူက ကျန်ရစ်ခဲ့ပြီး၊ မကျန်ရှိနိုင်သူများကမူ အရိပ်အယောင်ပင် မတွေ့ရတော့ချေ၊ တွေးကြည့်ရုံနှင့်ပင် ရွှေဟွေးကျောင်းတော်ကြီးကနေ စောစောစီးစီး ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း သိသာလှပေသည်။
၎င်းတို့နှစ်ဦး သက်ပြင်းချနေသည့် အချိန်၌ပင်၊ ချင်းဖုန်းနတ်ဘုရားတောင်တန်း က သူတော်စင်များလည်း တစ်ယောက်ပြီးတစ်ယောက် ကွင်းပြင်အတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုသူတော်စင်တိုင်းသည် မျက်နှာပေါ်၌ ထောင်လွှားပြီး ရူးသွပ်လှသည့် အပြုံးများကို ချိတ်ဆွဲထားကြသည်။
သူတို့ကို သိကျွမ်းသူများကမူ နှုတ်ဆက်စကား ဆိုကြသော်လည်း၊ ရင်းနှီးမှု မရှိသူများကမူ ဘေးတစ်ဖက်ကနေသာ အကဲခတ်ကြည့်ရှုနေကြသည်။
မေဒေါင်ကွမ်းသည် ထိုသူတော်စင်များထဲတွင် မျက်နှာပေါ်က အပြုံးက အရူးသွပ်ဆုံး ဖြစ်နေခဲ့ပြီး၊ သူက ယခုနှစ်တွင် ကျောင်းသားသစ်များစွာ တိုးပွားလာသည်ကို သတိပြုမိသဖြင့်၊ ထိုကျောင်းသားသစ်များဆီသို့ မျက်လုံးများ ဝေ့ယမ်းလျက် အကဲခတ်ကြည့်ရှုလိုက်သည်။
၎င်းက အခြေအနေမှန်ကို မသိရှိကြသည့် ကျောင်းသားသစ်များကို အတန်ငယ် စိတ်မသက်မသာ ဖြစ်သွားစေခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် မေဒေါင်ကွမ်းရဲ့ မျက်နှာပေါ်က အပြုံးက၊ အလွန်အမင်း ထူးဆန်းလွန်းနေသောကြောင့်ပင် ဖြစ်သည်။
နောက်ဆုံးတွင်တော့ မေဒေါင်ကွမ်းက ယခုနှစ်၏ ကျောင်းသားသစ်များကို အကဲခတ်ကြည့်ရှုပြီးသွားခဲ့ရာ၊ သူ့ရဲ့ မျက်ဝန်းက လေထုထဲ၌ ဖန့်ချန်နှင့် ကွက်တိပင် တိုးမိသွားခဲ့ရသည်။
သူ့မျက်နှာပေါ်က အပြုံးက ချက်ချင်းပင် အနည်းငယ် တောင့်တင်းသွားခဲ့ရသော်လည်း၊ မကြာမီမှာပင် မူလအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီး၊ အခြားတစ်နေရာသို့ အကြည့်လွှဲလိုက်ရင်း ကျိလင်ရဲ့ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
မေဒေါင်ကွမ်းရဲ့ ကိုယ်ထည်က ဝုန်းကနဲ လှုပ်ရှားသွားခဲ့ပြီး၊ ကျိလင်ရဲ့ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။
“ကျိညီလေး…… ဟီးဟီးဟီး ”
ကျိလင်ရဲ့ မျက်နှာပေါ်၌ အတင်းအကျပ် လုပ်ယူထားရသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ လက်နှစ်ဖက်ကို ဆုပ်လျက်။
“မေအစ်ကို ”
“မင်း သတင်းကြားပြီးပြီလား ”
မေဒေါင်ကွမ်းက အစအနမရှိဘဲ ရုတ်တရက် မေးမြန်းလိုက်ရာ၊ သူ့မျက်နှာပေါ်က အပြုံးက ပိုမိုထူးဆန်းသွားခဲ့ရသည်။
ဝူချုံးက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိပြီး၊ မျက်ဝန်းထဲ၌ သတိမပြုမိနိုင်လောက်အောင်ပင် ရွံရှာမုန်းတီးမိသည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရသည်။
“ကြားတယ် ဟုတ်လား။ ဘာသတင်းကို ကြားရမှာလဲ ”
ကျိလင် က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
“ဒီတစ်ခေါက် ရှီးမျိုးနွယ်စုရဲ့ ထိုက်ဟောက်ဝေက၊ နေမင်းခုနစ်ပါးခန်းမကို ချဉ်းနင်းဝင်ရောက်ဖို့ ကြံစည်နေတယ်လေ၊ စစ်ဆေးရေးအရာရှိကတော့ မတော်တဆမှု မရှိရင် ဖန့်ချန်ပဲ ဖြစ်လိမ့်မယ် ”
မေဒေါင်ကွမ်းက ပါးစပ်ကို ဖြဲလျက် ပြုံး၍ ပြောဆိုလိုက်သည်။
“ပြီးတော့ကော ဘာဖြစ်လဲ ”
ကျိလင်ကလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဤသတင်းကို လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းကတည်းက သူ ကြားသိထားခဲ့ရပြီး ဖြစ်ပေသည်။ ဘာပဲဖြစ်ဖြစ် ထိုက်ဟောက်ဝေက လူသားမျိုးနွယ်စုရဲ့ နယ်မြေအထိ လာရောက်ပြီး ကြုံးဝါးသွားခဲ့စဉ်တုန်းက၊ လူများစွာက ကိုယ်တိုင်မြင်တွေ့ခဲ့ကြပြီး ကိုယ်တိုင်ကြားခဲ့ကြရသဖြင့်၊ သတင်းက စောစောစီးစီးပင် ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။
“မင်းကတော့ ထိုက်ဟောက်ဝေ လေ့လာဆင်ခြင်ထားတဲ့ နတ်ဘုရားစွမ်းရည်က ဘာလဲဆိုတာကို သိဦးမှာ မဟုတ်သေးဘူးမလား။ ငါ မင်းကို ပြောပြမယ်၊ သူ ဒီတစ်ခေါက် လေ့လာဆင်ခြင်လာတဲ့ နတ်ဘုရားစွမ်းရည်က၊ သာမန်အရာ မဟုတ်ဘူးနော်။
သူက နေမင်းခုနစ်ပါးခန်းမရဲ့ ရှေ့ဆုံး နေရာ ခုနစ်ဆယ်ထဲကို ဝင်ရောက်ဖို့အထိ မျှော်မှန်းထားတာ ”
မေဒေါင်ကွမ်းက သရော်ပြုံး ပြုံးလိုက်ရင်း။
“ဒါက ဘာကို ကိုယ်စားပြုလဲ သိလား။ သူ ဒီတစ်ခေါက် ရင်ဆိုင်ရမယ့် စစ်ဆေးရေးအရာရှိကတော့၊ ဒုက္ခလှလှကြီး တွေ့ရတော့မယ်ဆိုတာကို ကိုယ်စားပြုတာပဲ ”
ပြောဆိုပြီးနောက်၊ သူက ဖန့်ချန်အား သူတစ်ပါး ဘေးဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသည့် မျက်ဝန်းများဖြင့် လှမ်း၍ ကြည့်ရှုလိုက်သည်။
ရှေ့ဆုံး နေရာခုနစ်ဆယ်ထဲကို ဝင်ရောက်ဖို့အထိ မျှော်မှန်းထားတယ် ဟုတ်လား။
ကျိလင် တစ်ယောက်တည်း ကြောင်အသွားခဲ့ရရုံမျှမက၊ ဝူချုံးနှင့် အခြားသူများလည်း ဤသတင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။
သို့သော်လည်း သူတို့က အသေအချာပင် မေဒေါင်ကွမ်းရဲ့ ဤစကားကို မယုံကြည်ကြပါချေ၊ ၎င်းတို့၏ မျက်ဝန်းများက ပိုမိုထူးဆန်းသွားခဲ့ရပြီး၊ လူရူးတစ်ယောက်ကို ကြည့်ရှုနေသကဲ့သို့ပင် ဖြစ်နေခဲ့ကြရသည်။
တစ်ချိန်တည်းမှာပင်။
တုန်းဖန်းဟို့ ကလည်း မိမိရဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေကို ထိန်းကျောင်းမောင်းနှင်လျက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
သူ့ရဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေက ကြီးကျယ်လှသော နေမင်းကြီးတစ်စင်းကဲ့သို့ ဖြစ်နေခဲ့ရာ၊ လူအများအား အာရုံစိုက်မိစေရန် မတတ်နိုင်ဘဲ ရှိနေခဲ့ရသည်။
သူ ရောက်ရှိလာသည်နှင့် ချက်ချင်းပင် ဖန့်ချန်အား လှမ်း၍ ကြည့်ရှုလိုက်ရင်း။
“ဖန့်ချန်…… ဒီတစ်ခေါက် ကောင်းကင်ငါးပါး စစ်တလင်းထဲကို၊ မင်း မဝင်နဲ့တော့ ”