← Chapters

အခန်း ၂၁၆၆

Vol. 217 Ch. 2166

အခန်း ၂၁၆၆

Vol. 217 Ch. 2166

အခန်း (၂၁၆၆) မင်းလုပ်နိုင်တယ် ထိုက်ဟောက်ဝေ

​ယခုတစ်ကြိမ် နေမင်းခုနစ်ပါးခန်းမ စစ်ဆေးမှုက ဤနေရာသို့ ရောက်ရှိလာသည့်အချိန်၌ တကယ်တမ်းတွင်မူ အဆုံးသတ်က အတည်ဖြစ်သွားခဲ့ပြီ ဖြစ်သည်

​ဘက်ပေါင်းစုံမှ သူတော်စင်များအားလုံးသည် နောက်ဆက်တွဲ အခြေအနေ မည်သို့ ရွေ့လျားသွားမည်ကို ခန့်မှန်းမိနေကြပြီ ဖြစ်သည်

​နှလုံးသားထဲ၌ အနည်းနဲ့အများတော့ စိတ်ပျက်မိကြသည် မည်သို့ပင်ဖြစ်စေ အရင်တုန်းက စစ်ဆေးမှုနှင့် နှိုင်းယှဉ်လိုက်လျှင် ယခုတစ်ကြိမ် ဇာတ်လိုက်က အနည်းငယ် ညံ့ဖျင်းလွန်းနေသကဲ့သို့ ခံစားရ၍ ဖြစ်သည်

​ထိုက်ဟောက်ယွီ၏ မျက်ဝန်းအလင်းတန်းများက အလွန်အမင်း လေးနက်တည်ကြည်ခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထိုစဉ် အသံတစ်ခုက သူ၏ နားစည်ဘေးနားဆီသို့ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်

​“ယွီညီလေး…… ဝေညီလေးက ဖန့်ချန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး မင်း သူ့ကို အရှုံးပေးခိုင်းလိုက်တော့ ”

​ထိုက်ဟောက်ယွီ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်

​စကားပြောဆိုလိုက်သည့်လူက သူ၏ စီနီယာအစ်ကိုတစ်ဦး ဖြစ်ပြီး သူထက် များစွာ စောစီးစွာ ကော်ယန်လီ၏ တံခါးအောက်သို့ ဝင်ရောက်ခဲ့သူ ဖြစ်ကာ ယခုအချိန်၌ ကျင့်ကြံခြင်းအဆင့်က ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

​ထိုက်ဟောက်ယွီသည် ဤစီနီယာအစ်ကို၏ သတိပေးချက်က မှန်ကန်ကြောင်း သိရှိထားသည် အခြေအနေက ယခုလိုပုံစံ ဖြစ်နေမှတော့ ထိုက်ဟောက်ဝေအနေနှင့် ဆက်လက်၍ တိုက်ခိုက်နေလည်း ဘာအဓိပ္ပာယ်မှ ရှိတော့မည် မဟုတ်ချေ

​ဒါမှမဟုတ်ရင်လည်း ဖန့်ချန်၏ ကိုယ်ပေါ်တွင် တိန့်ဆွေ့နတ်ဘုရားရောင်ခြည် အာနိသင်မဲ့သွားခဲ့သည့် ထိုအချိန်ကတည်းက တိုက်ရိုက်ပင် အရှုံးပေး အညံ့ခံလိုက်သင့်သည်။

​“ညီလေး…… အရှုံးပေးလိုက်တော့ ”

​ထိုက်ဟောက်ယွီက စက္ကန့်အနည်းငယ်မျှ ဝေခွဲမရ ဖြစ်နေခဲ့ပြီးနောက် အသံလွှင့်၍ ပြောဆိုလိုက်တော့သည်

​“အရှုံးပေးရမယ် ”

​ထိုက်ဟောက်ဝေသည် ဒါဟာ ထိုက်ဟောက်ယွီ၏ အသံ ဖြစ်ကြောင်း ခွဲခြားသိမြင်လိုက်ရသဖြင့် စိတ်အမူအရာက အဆက်မပြတ် ဆန်းပြားသွားခဲ့ရပြီး နောက်ဆုံးတွင်မူ မျက်ဝန်းထဲ၌ ရူးသွပ်လှသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရသည်

​အရှုံးပေးရမယ်

​ကောင်းကင်ငါးပါး၏ ပါရမီရှင်အပေါင်းတို့ရဲ့ အရှေ့မှောက်မှာ ထိုကဲ့သို့ အရှုံးပေးလိုက်ရမယ်။

​“ဘယ်လိုမှ မဖြစ်နိုင်တာ ငါ ဘယ်လိုမှ အရှုံးမပေးနိုင်ဘူး ငါ ထိုက်ဟောက်ဝေက ရှီးမျိုးနွယ်စု ထိုက်ဟောက်မျိုးနွယ်စုရဲ့ ပါရမီရှင်ပဲ ”

​“ငါ့ရဲ့ ဆရာက ကော်ယန်လီ ဖြစ်ပြီး ရှီးမျိုးနွယ်စုထဲမှာလည်း အင်မတန် အရှိန်အဝါကြီးမားတဲ့ တည်ရှိမှုတစ်ခုပဲ ”

​“ငါ့ရဲ့ ပြိုင်ဘက်က လူသားမျိုးနွယ်စုရဲ့ သူတော်စင် သက်သက်ပဲဟာကို ဘာအကြောင်းပြချက်နဲ့ ငါ့ကို အရှုံးပေးခိုင်းနေတာလဲ ”

​“ငါ့ရဲ့ စစ်မှန်တဲ့ အစွမ်းက ဒါတင် မကသေးဘူး ”

​ထိုက်ဟောက်ဝေ၏ မျက်ဝန်းအစုံက ရဲရဲနီလာခဲ့ပြီး ခန္ဓာကိုယ်ပေါ်က ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ၏ အငွေ့အသက်များက အဆက်မပြတ် ဆူပွက်လာခဲ့တော့သည်

​၎င်းက ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေထဲ၌ မီးတောက်တစ်ခု အရှိန်အဟုန်ဖြင့် လောင်ကျွမ်းသွားခဲ့သကဲ့သို့ပင် ဖြစ်သည်

​“ဟုတ်တယ် ဒီလိုမျိုးပဲ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေရဲ့ အောက်ခြေအခြေခံကို လောင်ကျွမ်းပစ်လိုက် လုံးဝ လွယ်လွယ်နဲ့ အရှုံးမပေးနဲ့ မင်းလုပ်နိုင်တယ် ထိုက်ဟောက်ဝေ ”

​မေဒေါင်ကွမ်းက စိတ်လှုပ်ရှားလွန်းသဖြင့် အဆက်မပြတ် အော်ဟစ်လိုက်တော့သည်။

​ထိုက်ဟောက်ယွီ၏ မျက်နှာတစ်ခုလုံး သံချေးရောင်ကဲ့သို့ မည်းမှောင်သွားခဲ့ရပြီး ထိုနေရာတွင် မည်သူက အော်ဟစ်နေသလဲဆိုတာကို ရှာဖွေချင်နေမိပါသော်လည်း နှမြောစရာကောင်းသည်က ဤနေရာတွင် ရှိနေကြသည့် သူတော်စင်များက များပြားလွန်းလှသဖြင့် သူသည် အသံတစ်ခုတည်းနှင့်တင် ဤလူ၏ တည်နေရာကို မခွဲခြားနိုင်ခဲ့ချေ။

​ထိုက်ဟောက်ဝေသည် မိမိ၏ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ အောက်ခြေအခြေခံကို လောင်ကျွမ်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ထိုက်ဟောက်ယွီက ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်

​“ထိုက်ဟောက်ဝေ မင်း ဘာတွေလုပ်နေတာလဲ မြန်မြန် အရှုံးပေးပြီး ဒီတိုက်ပွဲကို အဆုံးသတ်လိုက်စမ် ”

​“ငါ မလုပ်ဘူး ငါ့ရဲ့ ပြိုင်ဘက်က လူသားမျိုးနွယ်စုဆိုတဲ့ ပုရွက်ဆိတ် သက်သက်ပဲ ဒီလိုမျိုး အမှိုက် မျိုးနွယ်စုက ဘာအဆင့်နဲ့ ငါ့ကို အနိုင်ယူနိုင်မှာလဲ ”

​ထိုက်ဟောက်ဝေက ဟိန်းဟောက်လိုက်ရင်း ဖန့်ချန်အား ထပ်မံ၍ တိုက်ခိုက်လိုက်ပြန်သည်။

​ယခုတစ်ကြိမ်တွင်မူ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ အောက်ခြေအခြေခံကို လောင်ကျွမ်းပစ်လိုက်သည့် အကြောင်းရင်းကြောင့် သူ၏ နည်းလမ်းများက အရင်တုန်းကထက် သုံးပုံတစ်ပုံမျှ ပိုမို၍ အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။

​‘ကြည့်ရတာ သူတို့က ထိုက်ဟောက်ဝေကို အရှုံးပေးဖို့ ဖျောင်းဖျနေကြပြီထင်တယ် သူ ငါ့လက်ထဲမှာ သေသွားမှာကို စိုးရိမ်နေကြတာကိုး ဒါဆိုရင်တော့ နောက်ဆက်တွဲ ငါ့အနေနဲ့ လက်ရှောင်လို့ မဖြစ်တော့ဘူး အခွင့်အရေးကို လက်လွတ်မခံရအောင် ’

​ဤသည်ကို တွေးတောမိလိုက်ပြီးနောက် ဖန့်ချန်သည် မိမိထံသို့ တရစပ် ချဉ်းကပ်လာနေသည့် ထိုက်ဟောက်ဝေအား စိုက်ကြည့်နေရင်း ချက်ချင်းပင် လက်သီးတစ်ချက် ထိုးနှက်လိုက်တော့သည်။

​မဟာကရုဏာလက်သီး

​ဒုန်း

​ထိုက်ဟောက်ဝေသည် လာခဲ့သည့် အရှိန်ထက် ပိုမိုမြန်ဆန်သော နှုန်းဖြင့် လွင့်ထွက်သွားခဲ့ရသည်။

​သူ့နောက်ကွယ်က ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေသည် ရင်ကွဲမတတ် ပြင်းထန်လှသော မြည်ဟီးသံများကို အဆက်မပြတ် ထုတ်ဖော်နေခဲ့ပြီး မျက်စိဖြင့် မြင်တွေ့နိုင်လောက်သော အက်ကွဲကြောင်းများကလည်း တံခါးဝတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့ရသည်

​ဖန့်ချန်က ဤမျှနှင့် ရပ်တန့်မသွားခဲ့ဘဲ ရှေ့သို့ တိုးကပ်သွားခဲ့သည်။

​မဟာကရုဏာလက်ဝါးလှိုင်း

​ဒုန်း

​ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ တံခါးဝက တိုက်ရိုက်ပင် ကျိုးပဲ့ပျက်စီးသွားခဲ့ရပြီး ရိုက်နှက်ခံရလွန်းသဖြင့် မူးဝေနောက်ကျိနေခဲ့ပြီ ဖြစ်သည့် ထိုက်ဟောက်ဝေသည် အပြင်သို့ လွင့်ထွက်လာခဲ့ရကာ ဖန့်ချန်၏ လက်ထဲသို့ ကျရောက်သွားခဲ့တော့သည်။

​“ဖန့်ချန် သက်ညှာပေးပါ ”

​ရေတွက်၍ မရနိုင်လောက်သော အသံများက ရှီးမျိုးနွယ်စုကျောင်းတော်အတွင်းမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့ကြရသည်။

​“ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ပြောပြီးသားပဲ နေမင်းခုနစ်ပါး စစ်ဆေးမှုမှာ သက်ညှာပေးရမယ်ဆိုတဲ့ စကားလုံး လုံးဝ မရှိဘူး ”

​ဖန့်ချန်က ပါးစပ်ကို ဖြဲလျက် ပြုံးလိုက်ရင်း လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွ ခြေမွလိုက်ရာ ထိုက်ဟောက်ဝေသည် ချက်ချင်းပင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး သူ၏ လက်ချောင်းကြားမှတစ်ဆင့် မြေပြင်ပေါ်သို့ ဆင်းသက်သွားခဲ့တော့သည်။

​သူ့၏ ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်သော ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေသည်လည်း သခင်ဖြစ်သူ သေဆုံးသွားခဲ့ရသည့်အတွက်ကြောင့် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့တော့သည်။

​၎င်းက နောင်လာမည့် နှစ်အနည်းငယ်အတွင်း ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေခဲ့ပြီးနောက် ကိုယ်ပိုင်အတွင်းကမ္ဘာ တားမြစ်နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေ ရှိပေသည်။

​“ထိုက်ဟောက်ဝေက…… ဒီလိုမျိုးပဲ သေသွားတာလား ”

​“နှစ်ကွက်တည်းတင် ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ တံခါးဝက ရိုက်ခွဲခြင်း ခံလိုက်ရတာ……”

​“ဒါက နေမင်းခုနစ်ပါး ကျောင်းသားတွေရဲ့ တကယ့် စစ်မှန်တဲ့ စွမ်းဆောင်ရည်လား ”

​ဘက်ပေါင်းစုံမှ သူတော်စင်များအားလုံးသည် ခဏမျှ အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ကြရပြီး ခုနက မြင်ကွင်းကို နှလုံးသားထဲ၌ အဆက်မပြတ် ပြန်လည်တွေးတောနေမိကြတော့သည်။

​စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရှိသည့် သူတော်စင်များ ဖြစ်စေ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်က ဤနှစ်ယောက်ထက် ပိုမိုမြင့်မားသည့် သူတော်စင်များ ဖြစ်စေ အားလုံးသည် ဖန့်ချန်၏ လျှပ်စီးအလား ပြတ်သားလှသော အရှိန်အဝါကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ကြရသည်။

​နှစ်ကွက်တည်းနှင့်တင် အဆင့်အတန်း မနိမ့်လှသော ကျင့်ကြံခြင်းအဆင့်တူတူချင်း ပြိုင်ဘက်တစ်ခုကို ဖုန်မှုန့်အဖြစ် ခြေမွပစ်ခဲ့သည် ဤကဲ့သို့သော နည်းလမ်းမျိုးက တကယ့်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလွန်းလှပေသည်။

​ထိုနေရာတွင် ရှိနေကြသည့် နေမင်းခုနစ်ပါး ကျောင်းသားများအားလုံးသည် တစ်ဦးပြီးတစ်ဦး တွေးတောမိခြင်း အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ကြရသည်။

​၎င်းအတွင်း၌ ကျင့်ကြံခြင်းအဆင့်က ဖန့်ချန်နှင့် တူညီလှသော စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်၌ ရှိနေကြသည့် နေမင်းခုနစ်ပါး ကျောင်းသားများသည် ခုနက နတ်ဘုရားစွမ်းရည် နှစ်ကွက်၏ စွမ်းပကားကို အဆက်မပြတ် ပြန်လည်တွေးတောနေမိကြရင်း မျက်ဝန်းထဲ၌ လေးနက်တည်ကြည်ခြင်းများ ပိုမို၍ ထွက်ပေါ်လာခဲ့ရတော့သည်။

​“မူလက နေမင်းခုနစ်ပါး ကျောင်းသားတွေရဲ့ နည်းလမ်းတွေက တကယ့်ကို ဒီလောက်အထိ နက်နဲဆန်းကြယ်တာကိုး ငါ အရင်တုန်းက အမြဲတမ်း ထင်ထားခဲ့တာက ကျင့်ကြံခြင်းအဆင့်တူတူချင်းမို့လို့ အစွမ်းထက်ရင်တောင်မှ အကန့်အသတ်တော့ ရှိလိမ့်မယ်လို့……”

​လူသားမျိုးနွယ်စုကျောင်းတော်မှ ကျောင်းသားသစ်တစ်ဦးက တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

​အရှေ့မှောက်က မြင်ကွင်းကမူ သူ၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်အပေါ် နားလည်ထားမှုကို တကယ့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

​ကျင့်ကြံခြင်းအဆင့်တူတူချင်း သူတော်စင်ချင်း အတူတူကို ဘာဖြစ်လို့ တစ်စုံတစ်ယောက်က နှစ်ကွက်တည်းနှင့်တင် အခြားကျင့်ကြံခြင်းအဆင့်တူတူချင်း တစ်ယောက်ကို သတ်ဖြတ်နိုင်ရတာလဲ။

​ဤအခိုက်အတန့်တွင် ဘက်ပေါင်းစုံမှ သူတော်စင်များသည် နေမင်းခုနစ်ပါး ကျောင်းသားများ၏ စံနှုန်းအပေါ် ပိုမို၍ နက်ရှိုင်းစွာ နားလည်သွားခဲ့ကြရပြန်သည်။

​“ဒီဖန့်ချန်နဲ့ ကျိုရွှမ်နတ်ဘုရားတောင်တန်းတို့အကြားက ရန်ငြိုးကတော့ လုံးဝကို ပြေလည်နိုင်စရာ အကြောင်းမရှိတော့ဘူးထင်တယ်……”

​နျူရှင်းဝူက လေးနက်စွာ သက်ပြင်းချလိုက်မိပြီး သူ၏ မျက်ဝန်းအလင်းတန်းများက ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် ထိုက်ဟောက်ယွီ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

​ဤဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်လာခဲ့သည့် အချိန်ကတည်းက သူသည် ထိုက်ဟောက်ယွီ၏ တည်နေရာကို ရှာဖွေတွေ့ရှိထားခဲ့ခြင်း ဖြစ်ပြီး ဤလူ၏ လှုပ်ရှားမှုများကို အမြဲတမ်း စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

​ထိုအချိန်တွင် ထိုက်ဟောက်ယွီ၏ မျက်နှာအမူအရာက ဘယ်လောက်အထိ ကြည့်ရဆိုးနေသလဲဆိုတာကို ပြောရန်ပင် ခက်ခဲလှသည် အံကို တင်းတင်းကြိတ်ထားပြီး လက်သီးများကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိခဲ့ကာ မကျေနပ်ချက်များနှင့် ပြည့်နှက်နေသည့် မျက်ဝန်းအလင်းတန်းများက နက်ရှိုင်းလှသော ချောက်နက်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့ပြီး မိမိ၏ မြင်ကွင်းထဲက ဖန့်ချန်အား လုံးဝ ဝါးမြိုပစ်ချင်နေခဲ့သည်။

​ထိုက်ဟောက်ယွီ တစ်ယောက်တည်းတင် မကသေးချေ ယနေ့ ဤနေရာတွင် ရှိနေကြသည့် သူတော်စင်များအကြား ရှီးမျိုးနွယ်စုကျောင်းတော်မှ လာကြသည့် သူတော်စင်များ ဖြစ်စေ သို့မဟုတ် ကျိုရွှမ်နတ်ဘုရားတောင်တန်းမှ လာကြသည့် သူတော်စင်များ ဖြစ်စေ အားလုံး၏ မျက်နှာအမူအရာက ဘယ်လိုမှ ကောင်းမွန်မနေခဲ့ကြချေ။

​ထိုက်ဟောက်ဝေက နေမင်းခုနစ်ပါးခန်းမထဲသို့ ဝင်ရောက်နိုင်မည့် မျှော်လင့်ချက် အပြည့်အဝ ရှိနေသည့် ပါရမီရှင်တစ်ဦး ဖြစ်သည် ယခုကဲ့သို့ နေမင်းခုနစ်ပါး စစ်ဆေးမှုအတွင်း၌ စစ်ဆေးရေးအရာရှိ၏ လက်ထဲတွင် ဖုန်မှုန့်အဖြစ် ခြေမွခြင်း ခံလိုက်ရသည် ၎င်းက ရှီးမျိုးနွယ်စုအတွက် အလွန်ကြီးမားလှသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်ပေသည်။

​“ဖန့်ချန်ရဲ့ စွမ်းဆောင်ရည်က ငါတို့ လုံးဝ နားမလည်နိုင်တဲ့ အဆင့်အထိ ရောက်ရှိသွားခဲ့ပြီပဲ……”

​ချိုင်စစ်ရှို တိုးညှင်းစွာ သက်ပြင်းချလိုက်မိသည်

​ယခုတစ်ကြိမ် ကောင်းကင်ငါးပါးစစ်မြေပြင်အတွင်းသို့ ဝင်ရောက်လာခဲ့သည့်အချိန်၌ သူသည် ရွှမ်ပုထံုနှင့် အကြမ်းဖျင်း တူညီလှသော တည်နေရာတွင် ရှိနေခဲ့ခြင်း ဖြစ်သည်

​ရွှမ်ပုထုံက ၎င်းကို ကြားသိလိုက်ရပြီးနောက် ဦးနှောက်ထဲ၌ အရင်တုန်းက အားလုံးအတူတူ ကျောင်းတော်သို့ ဝင်ရောက်ခဲ့စဉ်အချိန်တုန်းက မြင်ကွင်းကို ပြန်လည်တွေးတောမိသွားခဲ့ရသည် ထိုအချိန်တုန်းက ဖန့်ချန်က အစွမ်းထက်ပါသော်လည်း အကန့်အသတ်တော့ ရှိနေသေးသည်။

​သူ့နှလုံးသားထဲ၌ အမြဲတမ်း အားခဲထားခဲ့သည် ၎င်းက အောက်ခြေအခြေခံကို ပိုမိုခိုင်မာအောင် ပြုလုပ်ရင်း စွမ်းအင်စုစည်းခြင်း အဆင့်သို့ တက်လှမ်းပြီးနောက် ဖန့်ချန်နှင့် ရှိနေသည့် ကွာဟချက်ကို လျှော့ချပစ်ရန် သို့မဟုတ် ကျော်လွန်သွားရန် ဖြစ်သည်။

​သို့သော်လည်း ဖန့်ချန်က တစ်ခေါက်ပြီးတစ်ခေါက် လှုပ်ရှားမှုများကို ပြသလာခဲ့သည်နှင့်အမျှ သူသည် မိမိနှင့် တစ်ဖက်လူအကြားက အကွာအဝေးက ကျုံ့ဝင်မသွားသည့်အပြင် ပိုမို၍ ဝေးကွာသွားခဲ့ရသည်ဟု ခံစားလာရတော့သည်။

​ဝေးကွာလွန်းလှသဖြင့် ယခုအချိန်၌ သူသည် တစ်ဖက်လူ၏ ပုံရိပ်ကိုပင် ရှင်းလင်းစွာ မမြင်ရတော့သကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

​“အမှိုက်ကောင် ထိုက်ဟောက်ဝေက အမှိုက်ကောင် သက်သက်ပဲ မင်းတို့ ရှီးမျိုးနွယ်စုက အမှိုက်တွေချည်းပဲ ”

​မေဒေါင်ကွမ်းက ရူးသွပ်မတတ် ပြိုင်တူ ရယ်မောလိုက်တော့သည်။

​“မင်းကို ရှာတွေ့ပြီ ”

​ရုတ်တရက် ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေတစ်ခုက မေဒေါင်ကွမ်း၏ အရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

​ထိုက်ဟောက်ယွီက မေဒေါင်ကွမ်းအား သေလုမတတ် စိုက်ကြည့်နေခဲ့ပြီး မျက်ဝန်းထဲက သတ်ဖြတ်လိုခြင်း အရိပ်အယောင်များကိုလည်း ဖုံးကွယ်ထားခြင်း မရှိချေ။

​မေဒေါင်ကွမ်း၏ ရယ်မောသံက ချက်ချင်းပင် ရပ်တန့်သွားခဲ့ရပြီး အနည်းငယ် ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ဖက်လူကို စိုက်ကြည့်နေမိခဲ့သည် တစ်ဖက်လူက ဘာဖြစ်လို့ ဤမျှလောက်များပြားလှသော လူအုပ်ကြီးထဲကနေ သူ့ကို ရှာဖွေတွေ့ရှိသွားရတာလဲဆိုတာကို သူ တကယ်ပဲ နားမလည်နိုင် ဖြစ်နေခဲ့ရသည်။

​“မင်း ခုနက ထိုက်ဟောက်ဝေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုလိုက်လို့ သူက ဒေါသထွက်ပြီး သေရင်သေပါစေ အရှုံးမပေးခဲ့တာ ဒီအကြွေးကို ငါ ထိုက်ဟောက်ယွီ မှတ်သားထားလိုက်ပြီ ”

​ထိုက်ဟောက်ယွီက အေးစက်လှသော စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့ပြီးနောက် ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်လျက် လှည့်ထွက်သွားခဲ့တော့သည်။

​မေဒေါင်ကွမ်း၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရပြီး နဖူးပေါ်တွင်လည်း ချွေးစေးများ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့ရတော့သည်။

​တစ်ချိန်တည်းမှာပင်

​ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ အသံက ထပ်မံ၍ ပျံ့လွင့်ထွက်ပေါ်လာခဲ့ပြန်သည်။

​“စစ်ဆေးမှု ပြီးဆုံးပြီ ထိုက်ဟောက်ဝေ ရှုံးနိမ့်တယ် ”

​ရွှေဟွေးကျောင်းတော်

​ကရုဏာတောင်တန်းထံမှ ပြင်းထန်လှသော ရယ်မောသံကြီးတစ်ခု ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

​ကျိုရွှမ်နတ်ဘုရားတောင်တန်း

​ကော်ယန်လီက လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့ပြီး မျက်နှာတစ်ခုလုံး သံချေးရောင်ကဲ့သို့ မည်းမှောင်လျက် ဟင်းလင်းပြင်ကို စိုက်ကြည့်နေခဲ့သည် မရေမရာသော အခြေအနေအတွင်း၌ သူသည် ဤနေရာနှင့် အလွန်အမင်း ဝေးကွာလှသော နေရာဆီမှ ထိုပြင်းထန်လှသော ရယ်မောသံကြီးကို ကြားသိလိုက်ရသကဲ့သို့ ဖြစ်နေခဲ့ရသဖြင့် မနေနိုင်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း လှည့်ထွက်သွားခဲ့တော့သည်။

All Chapters