← Chapters

အခန်း ၂၁၆၇

Vol. 217 Ch. 2167

အခန်း ၂၁၆၇

Vol. 217 Ch. 2167

အခန်း (၂၁၆၇) ငါမလာခင်ကတည်းက စုံစမ်းထားပြီးသားပဲ

​နေမင်းခုနစ်ပါးခန်းမ စစ်ဆေးမှု ပြီးဆုံးသွားခဲ့သည်မှာ လက်ဖက်ရည်တစ်ခွက်စာမျှ ကြာမြင့်သွားခဲ့ပြီ ဖြစ်ပြီး လူတိုင်းက ထိုပလက်ဖောင်းထက်ဆီသို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သည် ကောင်းကင်ယံထက်မှ ကန့်လန့်ကာကြီး ကျရောက်လာခဲ့ပြီး ၎င်းအပေါ်တွင် နောက်ဆက်တွဲ ကောင်းကင်ငါးပါးစစ်မြေပြင်ရှိ သူတော်စင်တိုင်း၏ တိုက်ပွဲသတင်းအချက်အလက်များကို ဖော်ပြထားပေသည်။

​သို့သော်လည်း ဘက်ပေါင်းစုံမှ သူတော်စင်များကမူ ခုနက တိုက်ပွဲအတွင်း၌သာ စိတ်အာရုံ နစ်မြောနေကြဆဲ ဖြစ်သဖြင့် ၎င်းကို သိပ်ပြီး ဂရုမစိုက်ကြဘဲ ပတ်ဝန်းကျင်ရှိ သူတော်စင်များနှင့်အတူ အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြရသည်

​“ငါပြောရဲတယ် အဲဒီဖန့်ချန်ရဲ့ ကိုယ်ပေါ်မှာ တိန့်ဆွေ့နတ်ဘုရားရောင်ခြည်ကို နှိမ်နင်းနိုင်တဲ့ နတ်ဘုရားစွမ်းရည် တစ်မျိုးမျိုး သေချာပေါက် ရှိနေလိမ့်မယ် မဟုတ်ရင် ထိုက်ဟောက်ဝေက ဒီလောက်အထိ လွယ်လွယ်ကူကူ သေသွားစရာ အကြောင်းမရှိဘူး ”

​“ငါလည်း မင်းလိုပဲ တွေးမိတယ် တိန့်ဆွေ့နတ်ဘုရားရောင်ခြည်က လွယ်လွယ်နဲ့ အာနိသင်မဲ့သွားမှာ မဟုတ်ဘူး တစ်ခုခုက မမြင်ကွယ်ရာကနေ နှိမ်နင်းထားတာမျိုး မဟုတ်ရင်ပေါ့ ”

​“ထိုက်ဟောက်ဝေက အခုတစ်ကြိမ် တကယ်ကို နှမြောစရာကောင်းလွန်းတယ် တကယ်လို့ သူ့ရဲ့ စစ်ဆေးရေးအရာရှိက ဖန့်ချန်သာ မဟုတ်ခဲ့ရင် နေမင်းခုနစ်ပါးခန်းမရဲ့ အဆင့်အတန်းထဲကို ဝင်ရောက်နိုင်မယ့် အခွင့်အရေး တကယ်ရှိခဲ့တာ ”

​လျဲ့ချန်ကျူးနှင့် ရှကျိတို့က ကြားသိလိုက်ရသဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လျက် ပြုံးလိုက်ကြမိသည် နောက်ဆုံးလူက ခပ်ဖွဖွ ရယ်မောရင်း ပြောဆိုလိုက်သည်

​“ဒါကတော့ ပြောရခက်လိမ့်မယ် ထိုက်ဟောက်ဝေအနေနဲ့ နေမင်းခုနစ်ပါးခန်းမ စစ်ဆေးမှုကို အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦး ဖြစ်လာချင်တယ်ဆိုရင် အဆင့်တစ်ရာမြောက်မှာ ရှိနေတဲ့ နေမင်းခုနစ်ပါး ကျောင်းသားကို အောက်ကို ဖိနှိပ်ပစ်ရမှာပဲ ”

​သူတော်စင်အပေါင်းတို့က ခဏမျှ ကြောင်အသွားခဲ့ရပြီးနောက် ချက်ချင်းပင် ရုတ်တရက် သဘောပေါက်သွားကြတော့သည်။

​အဆင့်တစ်ရာမြောက်မှာ ရှိနေတဲ့လူက ဖန့်ချန် မဟုတ်ပါလား။

​ထို့ကြောင့် ထိုက်ဟောက်ဝေသည် မည်သို့ပင်ဖြစ်စေ ဤလူအား ကျော်ဖြတ်နိုင်စရာ အကြောင်းမရှိချေ အဆုံးသတ်က ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်ပေသည်။

​……

​……

​“ဖန့်အစ်ကို…… ကောင်းမွန်တဲ့ နည်းလမ်းတွေပဲနော် ”

​“ကံကောင်းလို့ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဖန့်အစ်ကိုထက် အဝေးကြီး ညံ့ဖျင်းနေသေးလို့ပေါ့ မဟုတ်ရင် ဖန့်အစ်ကိုလို ပြိုင်ဘက်မျိုးနဲ့ တွေ့ရင် ငါတို့ရဲ့ ယုံကြည်ချက်တွေ အကြီးအကျယ် ထိခိုက်မိလိမ့်မယ် ”

​ဖန့်ချန်၏ အနီးအနားရှိ သူတော်စင်များသည် တစ်ဦးပြီးတစ်ဦး ရှေ့သို့ တိုးကပ်လာကာ ဝမ်းမြောက်စကား ပြောဆိုလိုက်ကြပြီး မျက်ဝန်းထဲ၌ အံ့ဩချီးကျူးမှုများနှင့် ပြည့်နှက်နေခဲ့သည်။

​ဝမ်းမြောက်စကား ပြောဆိုရင်းနှင့်ပင် မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်းများကိုလည်း တစ်ပါတည်း ပြုလုပ်လိုက်ကြသဖြင့် အားလုံးက အသိအကျွမ်းများ ဖြစ်သွားကြရသည်။

​နောင်တစ်ချိန် အပြင်လောက၌ တွေ့ဆုံခွင့် ရရှိခဲ့ပါကလည်း လူသိသူသိများ ဖြစ်ကြပေလိမ့်မည်။

​“ ဖန့်ချန်…… နင်က ဘာဖြစ်လို့ ဒီလောက်အထိ တည်ငြိမ်အေးဆေးနေရတာလဲလို့ ငါ စဉ်းစားနေတာ မူလက နင့်ဆီမှာ တိန့်ဆွေ့နတ်ဘုရားရောင်ခြည်ကို ရင်ဆိုင်နိုင်တဲ့ နတ်ဘုရားစွမ်းရည် ရှိနေတာကိုး ဒါက ချွိဆွေ့ နတ်ဘုရားရောင်ခြည် မဟုတ်လား မသိဘူး ”

​ကျောက်ယွီချင်က အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သလို အနည်းငယ်လည်း စုစမ်းချင်စိတ် ပြင်းပြနေခဲ့ရသည်

​“ငါကြားဖူးတာကတော့ ချွိဆွေ့နတ်ဘုရားရောင်ခြည်က တိန့်ဆွေ့နတ်ဘုရားရောင်ခြည်ကို အတိအကျ နှိမ်နင်းနိုင်ပြီး တစ်ဖက်လူရဲ့ ဆန်းကြယ်မှုကိုလည်း ချေဖျက်ပေးနိုင်တယ်တဲ့ ”

​“ငါ ချွိဆွေ့နတ်ဘုရားရောင်ခြည်ကို နားလည်သဘောပေါက်ထားခြင်း မရှိပါဘူး ထိုက်ဟောက်ဝေ နားလည်သဘောပေါက်ထားတဲ့ တိန့်ဆွေ့နတ်ဘုရားရောင်ခြည်က အဆင့်မမှီသေးလို့ မျှော်လင့်ထားသလောက် အာနိသင်မရှိတာ ဖြစ်လိမ့်မယ် ”

​ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်။

​အဆင့်မမှီသေးတာ ဟုတ်လား

​ကျောက်ယွီချင်က သေချာ တွေးတောမိလိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။

​“ဟုတ်သားပဲ ဒီလိုမျိုး ဖြစ်ရမယ် ထိုက်ဟောက်ဝေရဲ့ အောက်ခြေအခြေခံက နင်နဲ့ အဝေးကြီး ကွာခြားလွန်းတယ် အားလုံးက ကျင့်ကြံခြင်းအဆင့်တူတူချင်း ဖြစ်ပေမယ့် နင်နဲ့ သူကြားက ကွာဟချက်က စွမ်းအင်စုစည်းခြင်း အလယ်အလတ်အဆင့်နဲ့ အစောပိုင်းအဆင့်ကြားက ကွာဟချက်လို့ ပြောရင်တောင် လွန်မယ်မထင်ဘူး။

​တကယ်လို့ နတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်ထားတာ မကြာသေးဘဲ အဆင့်မမှီသေးဘူးဆိုရင် အာနိသင်မဲ့သွားဖို့က တကယ်ကို လွယ်ကူပါတယ် ”

​ဤနေရာသို့ ပြောဆိုမိလိုက်သည့်အခါ ကျောက်ယွီချင်၏ မျက်ဝန်းထဲ၌ စိတ်မကောင်းခြင်း အရိပ်အယောင်များ ပြည့်နှက်သွားခဲ့ရသည်။

​“သူကလည်း ကံမကောင်းရှာဘူးလို့ ပြောရမယ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကသာဆိုရင် တိန့်ဆွေ့နတ်ဘုရားရောင်ခြည်လို နတ်ဘုရားစွမ်းရည်မျိုး ပိုင်ဆိုင်ထားတာနဲ့တင် နေမင်းခုနစ်ပါးခန်းမထဲမှာ နေရာတစ်နေရာကို လုံးဝ အပိုင်ရနိုင်တာ ယခုတော့ သူက နင့်လက်ထဲမှာ သေဆုံးသွားခဲ့ပြီဆိုတော့ နေမင်းခုနစ်ပါးခန်းမထဲက တည်ရှိမှု တော်တော်များများလည်း ရင်ထဲက အလုံးကြီး ကျသွားကြလိမ့်မယ် ထင်တယ် ”

​ထိုစဉ် ကောင်းကင်ယံထက်မှ ရွှေရောင်အလင်းတန်းများ ကျရောက်လာခဲ့ပြီး အနီးအနားရှိ သူတော်စင်များသည် တစ်ဦးပြီးတစ်ဦး ရွှေရောင်အလင်းတန်းများ၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ကြရသည်။

​ကျောက်ယွီချင်နှင့် ဖန့်ချန်၏ ကိုယ်ပေါ်တွင်လည်း ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားခဲ့ရသည်။

​နောက်ဆုံးလူက ၎င်းကို မြင်တွေ့လိုက်ရသဖြင့် လက်ဝါးချင်းယှက်လျက် နှုတ်ဆက်လိုက်သည်။

​“ကျောင်းသား ဖန့်ချန်…… မင်းရဲ့ နောက်ဆက်တွဲ တိုက်ပွဲ ဆယ်ပွဲလုံးမှာ အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ”

​စကားပြောဆိုပြီးသည်နှင့် သူမသည် ရွှေရောင်အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားခဲ့တော့သည်။

​ဖန့်ချန်သည်လည်း ရွှေရောင်အလင်းတန်း၏ ခေါ်ဆောင်မှုနှင့်အတူ ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ရသည်။

​သူ၏ ပြိုင်ဘက်ကလည်း သူနှင့်အတူ တစ်ချိန်တည်းနီးပါး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

​သူတို့နှစ်ဦး၏ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေများက ပူပြင်းလှသော နေမင်းကြီးများကဲ့သို့ ဤနေရာတစ်ခုလုံးကို လင်းထိန်သွားစေခဲ့ပြီး ထိုအလင်းတန်းက ဟင်းလင်းပြင်၏ အရပ်မျက်နှာအနှံ့ဆီသို့ အဆက်မပြတ် ပျံ့နှံ့သွားခဲ့ရသည်။

​“ဟူး…… ကျုပ်က ရွှေစက်ဝိုင်းကျောင်းတော်က ယူဝမ်ရှန်း ပါ”

​ပြိုင်ဘက်က စိတ်ရှုပ်ထွေးလှသော မျက်နှာအမူအရာဖြင့် ဖန့်ချန်အား လက်ဝါးချင်းယှက် နှုတ်ဆက်လိုက်ပြီး စကားပြောဆိုပုံက တော်တော်လေး ယဉ်ကျေးပျော့ပျောင်းလှသည်။

​ရွှေစက်ဝိုင်းကျောင်းတော် ဟုတ်လား ကောင်းကင်ယံ အဆင့်မြင့် မဟာမိတ်အဖွဲ့က တည်ရှိမှုပဲ……

​ဖန့်ချန်က ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်ရင်း လက်ဝါးချင်းယှက်လိုက်သည်။

​“ရွှေဟွေးကျောင်းတော်…… ဖန့်ချန် ”

​“ငါသိပါတယ် ခုနတင် မင်း ထိုက်ဟောက်ဝေကို စစ်ဆေးတဲ့ တိုက်ပွဲကို ကြည့်ပြီးသွားတာ ”

​ယူဝမ်ရှန်းက ခေါင်းညိတ်လိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းနှင့် ပြောဆိုလိုက်သည်။

​“မင်းနဲ့ ငါကြားက တိုက်ပွဲကိုတော့ အသေအလဲ တိုက်ခိုက်မနေကြတော့ဘူး မဟုတ်လား ”

​“မင်းက ရှီးမျိုးနွယ်စုက မဟုတ်ဘူးမလား ”

​ဖန့်ချန်က မေးမြန်းလိုက်သည်။

​“မဟုတ်ပါဘူး ”

​ယူဝမ်ရှန်းက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။

“မင်းတို့ရဲ့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့မှာပဲ ရှီးမျိုးနွယ်စု ရှိတာလေ ငါတို့ ကောင်းကင်ယံ အဆင့်မြင့် မဟာမိတ်အဖွဲ့မှာ ရှီးမျိုးနွယ်စု မရှိဘူး ”

​“ဒါဆိုရင်တော့ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေစရာ မလိုပါဘူး အနိုင်အရှုံး ခွဲခြားနိုင်ရင် ရပါပြီ ”

​လက်ဖက်ရည်တစ်ခွက်စာမျှ ကြာမြင့်သွားခဲ့ပြီးနောက်

​ယူဝမ်ရှန်းက ကြည်ညိုလေးစားလှသော မျက်နှာအမူအရာဖြင့် လက်ဝါးချင်းယှက်လိုက်သည်။

​“ဖန့်အစ်ကို့ရဲ့ အရည်အချင်းက ပိုပြီး မြင့်မားပါတယ် ငါ တကယ်ပဲ အရှုံးပေးပါတယ် နောက်တစ်ကြိမ် အခွင့်အရေးရရင် ပြန်တိုက်ကြတာပေါ့ ”

​“ရပါတယ်”

​ဖန့်ချန်က ပြုံးလျက် လက်ဝါးချင်းယှက် နှုတ်ဆက်လိုက်သည်။

​ခဏအကြာတွင်မူ ယူဝမ်ရှန်းသည် ၎င်းဟင်းလင်းပြင်အတွင်းမှ ပြန်လည်ပို့ဆောင်ခြင်းကို ခံလိုက်ရပြီး ပလက်ဖောင်းထက်သို့ ရောက်ရှိသွားခဲ့သည်။

​အနီးအနားတွင် ကံကောင်းထောက်မစွာဖြင့် နေမင်းခုနစ်ပါး ကျောင်းသားအချို့က စောင့်ဆိုင်းနေကြဆဲ ဖြစ်သဖြင့် ၎င်းမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ဦးပြီးတစ်ဦး ဝိုင်းအုံလာကြတော့သည်။

​“ယူဝမ်ရှန်း ဘယ်လိုလဲ ရှုံးလား နိုင်လား ”

​၎င်းအတွင်းမှ နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦးက စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

​ယူဝမ်ရှန်းက မျက်လုံးကို တစ်ချက်စောင်းလိုက်မိသည်။

​“တခြား ဘာဖြစ်နိုင်ဦးမှာလဲ သူက အနည်းဆုံးတော့ နေမင်းခုနစ်ပါးခန်းမရဲ့ ထိပ်တန်း အဆင့်ရှစ်ဆယ်အတွင်းကို ဝင်နိုင်တဲ့လူပဲ ငါက အဆင့်ကိုးဆယ့်ကိုး သက်သက်ပဲဟာကို သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား။ ​သဘာဝကျကျပဲ ရှုံးသွားတာပေါ့ ”

​“ကြည့်ရတာ ငါတို့ ခန့်မှန်းထားတာ မမှားဘူးပဲ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းပကားက ငါတို့ထက် အများကြီး သာလွန်လွန်းတယ်။

​တကယ်လို့ အဆင့်ရှစ်ဆယ်အတွင်း ဝင်နိုင်တယ်ဆိုရင် ကိုးဆယ့်ကိုးနဲ့ကြားက ကွာဟချက်က နည်းနည်း ကြီးမားသွားပြီ မင်းရှုံးတာလည်း ပုံမှန်ပါပဲ ”

​“ဟူး…… ငါတော့ အဆင့်တစ်ရာအထိ ကျဆင်းသွားခဲ့ပြီ တကယ်လို့ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ရှုံးမယ်ဆိုရင်…… ပြုတ်သွားနိုင်တဲ့ အန္တရာယ် ရှိနေပြီ ”

​ယူဝမ်ရှန်းက အနည်းငယ် စိုးရိမ်ပူပန်နေခဲ့ရသည်။

​နေမင်းခုနစ်ပါးခန်းမရဲ့ ပြိုင်ဆိုင်မှုက တကယ်ကို ပြင်းထန်လွန်းလှပေသည်။

​မိမိကိုယ်တိုင် အရင်တုန်းက နေမင်းခုနစ်ပါးခန်းမထဲသို့ ဝင်ရောက်နိုင်ခဲ့စဉ်က ခမ်းနားထည်ဝါခဲ့မှုများကို တွေးတောမိလိုက်တိုင်း တကယ်လို့များ မိမိသာ ပြုတ်သွားခဲ့ပါက နောက်ကွယ်တွင် မည်မျှလောက် ကောလာဟလ စကားများနှင့် ကဲ့ရဲ့ရှုတ်ချသံများကို ခံရမလဲဆိုတာ သူ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

​“ငါ့ရဲ့ အရည်အချင်းက သူများထက် မမှီတာပဲဟာကိုး ဒါဆိုရင်လည်း နောက်ထပ် ကြိုးစားရုံပေါ့ ”

​ယူဝမ်ရှန်း၏ မျက်ဝန်းအလင်းတန်းများက ဖြည်းဖြည်းချင်း တည်ကြည်ခိုင်မာလာခဲ့ရသည်။

​ယခုတစ်ကြိမ် ကောင်းကင်ငါးပါးစစ်မြေပြင်အတွင်း၌ လူတော်တော်များများက ဖန့်ချန်၏ လှုပ်ရှားမှုများကို အာရုံစိုက်နေကြဆဲ ဖြစ်သည်။

​နေမင်းခုနစ်ပါး ကျောင်းသားချင်းအကြား တိုက်ခိုက်မှုများက တိုက်ပွဲပြန်လည်ပြသခြင်းမျိုး ရှိလာမည် မဟုတ်သည့်အတွက်ကြောင့် သာမန်သူတော်စင်များအနေနှင့် အသေးစိတ်ကို လုံးဝ မမြင်တွေ့နိုင်ကြချေ။

​ထို့ကြောင့် သူတို့သည် ကောင်းကင်ယံထက်က ကန့်လန့်ကာကြီးကို ကြည့်ရှုခြင်းဖြင့်သာ ဖန့်ချန်၏ နောက်ဆက်တွဲ အောင်ပွဲရလဒ်များကို မှတ်တမ်းတင်နိုင်ကြပေသည်။

​“ပြိုင်ဘက်တွေက ပိုပြီး သန်မာလာကြပြီပဲလား……”

​တုန်းဖန်းဟို့ ၏ ခန္ဓာကိုယ်က ဝုန်းခနဲ လှုပ်ရှားသွားခဲ့ပြီး ပလက်ဖောင်းထက်သို့ ရောက်ရှိလာခဲ့သည် ခန္ဓာကိုယ်ပေါ်က အငွေ့အသက်များက အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့ရပြီး ၎င်းက စွမ်းအင်များကို အလွန်အမင်း အသုံးပြုထားရသည့် လက္ခဏာ သေချာပေါက် ဖြစ်ပေသည်။

​သို့သော်လည်း ကံကောင်းသည်က ယခုတစ်ကြိမ် ပြိုင်ဘက်က ရင်ဆိုင်ရ ခက်ခဲပါသော်လည်း သူက အနိုင်ရရှိခဲ့ဆဲ ဖြစ်သည်။

​ထို့နောက် သူက ခေါင်းကို မော့လျက် ဖန့်ချန်၏ အမည်နာမကို ရှာဖွေလိုက်ရာ သူ၏ ပြိုင်ဘက်အမည်က ထပ်မံ၍ မှေးမှိန်သွားခဲ့ပြန်သည်ကို မြင်တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ တိုးညှင်းစွာ သက်ပြင်းချလိုက်မိတော့သည်။

​“ထပ်နိုင်ပြန်ပြီပဲ ဒီပွဲနဲ့ဆိုရင် သူက ငါးပွဲဆက်တိုက် နိုင်သွားခဲ့ပြီ အဆင့်ကလည်း တိုက်ရိုက်ပဲ ကိုးဆယ့်ငါးအထိ ရောက်သွားခဲ့ပြီ……”

​ကံကောင်းသည်က သူ၏ တိုက်ပွဲရလဒ်ကလည်း မညံ့ဖျင်းလှချေ ဖန့်ချန်၏ တည်ရှိမှုက သူ၏ နှလုံးသားထဲက ကြိုးစားလိုစိတ်ကို ပိုမို၍ တောက်လောင်စေခဲ့ရသည်။

​အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့ရသည်

​တိုက်ပွဲတစ်ခုပြီးတစ်ခု အဆုံးသတ်သွားခဲ့သည်နှင့်အမျှ မေဒေါင်ကွမ်း၊ ကျိလင်၊ ချိုင်စစ်ရှို အစရှိသည့် ဖန့်ချန်အား အမြဲတမ်း အာရုံစိုက်နေကြသည့် လူသားမျိုးနွယ်စု သူတော်စင်များသည် မသိလိုက်မသိဘာသာဖြင့် ဖန့်ချန်က ကိုးပွဲဆက်တိုက် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

​“သူ့ရဲ့ အဆင့်က ကိုးဆယ့်တစ်အထိ တက်လှမ်းသွားခဲ့ပြီ ”

​မေဒေါင်ကွမ်းက တစ်ချက် တွေးတောတွက်ချက်လိုက်မိပြီး မျက်ဝန်းအလင်းတန်းများက ပိုမို၍ မှေးမှောင်သွားခဲ့ရသည်။

​အဆင့်ကိုးဆယ့်တစ်ဆိုသည့် နေရာကို ထားလိုက်ပါဦး အဆင့်တစ်ရာဆိုသည့် နေရာကပင် သူ့အတွက်တော့ လှမ်းကိုင်ရန် ခက်ခဲလွန်းလှသည့် အရာတစ်ခု ဖြစ်ပေသည်။

​“သူ့ကို ဂရုစိုက်နေစရာ မလိုပါဘူး သူက အနှေးနဲ့အမြန် ပိုပြီး သန်မာတဲ့ တည်ရှိမှုတွေနဲ့ တွေ့ရဦးမှာပဲ ဘာပဲဖြစ်ဖြစ် သေဆုံးသွားနိုင်မယ့် ဘေးအန္တရာယ်က ရှိနေတုန်းပဲ ဘယ်သူက နောက်ဆုံးအထိ အသက်ရှင်နိုင်မလဲဆိုတာပဲ အဓိကအနိုင်ရသူ ဖြစ်လိမ့်မယ် ”

​ဤသို့ တွေးတောမိလိုက်မှသာ မေဒေါင်ကွမ်း၏ စိတ်ခံစားချက်က အနည်းငယ် ပြန်လည်သက်သာရာ ရသွားခဲ့ရတော့သည်။

​“ဖန့်ချန်က တိုက်ရိုက်ပဲ ဆယ်ပွဲဆက်တိုက် နိုင်ဖို့ ရည်ရွယ်ထားတာလား ငါကြားဖူးတာကတော့ နေမင်းခုနစ်ပါးခန်းမရဲ့ အဆင့်က အဆင့်အနည်းငယ် တက်လှမ်းသွားတိုင်း ဆုလာဘ်တွေ ရှိတတ်တယ်ဆိုတာပဲ ”

​“အခုတစ်ကြိမ် ဖန့်ချန်က ဆုလာဘ် တော်တော်များများ ရနိုင်လိမ့်မယ်လို့ ခန့်မှန်းရတယ် သူ့နောက်ကွယ်က ကျောင်းတော်ကလည်း အကျိုးကျေးဇူးတွေ ရနိုင်မလား မသိဘူး ”

​ဘက်ပေါင်းစုံမှ သူတော်စင်များသည် နှလုံးသားထဲ၌ တိုးညှင်းစွာ သက်ပြင်းချနေမိကြသည်။

​နေမင်းခုနစ်ပါးခန်းမအတွင်း ဖန့်ချန်နှင့် ကျင့်ကြံခြင်းအဆင့်တူတူချင်း ရှိနေကြသည့် ကျောင်းသားများသည်လည်း မရေမရာသော အခြေအနေအတွင်း၌ ဖန့်ချန်၏ ရည်မှန်းချက်ကြီးမားမှုကို မြင်တွေ့နေကြရပြီ ဖြစ်သည်။

​……

​……

​“ရွှေဟွေးကျောင်းတော်…… ဖန့်ချန် ”

​ဖန့်ချန်က ပြုံးလျက် လက်ဝါးချင်းယှက် နှုတ်ဆက်လိုက်သည်

​တစ်ဖက်လူကတော့ ယခုတစ်ကြိမ် ကောင်းကင်ငါးပါးစစ်မြေပြင်အတွင်း သူ၏ နောက်ဆုံး ပြိုင်ဘက် ဖြစ်ပေသည်

​ဤလူအား အနိုင်ယူနိုင်ခဲ့လျှင် သူသည် သန့်စင်သော သွေးဗောဓိသီး နှစ်လုံးကို ရရှိနိုင်တော့မည် ဖြစ်သည်။

​“တန်လင်ကျောင်းတော်…… ကော်ဟုန် ”

​ပြိုင်ဘက်က မျက်နှာအမူအရာ မရှိဘဲ မျက်ဝန်းအလင်းတန်းများက အေးစက်လှသည်။

​ဖန့်ချန်က ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့ရသည်

​“မင်းက ကာကွယ်ရေးဆရာကော် ရဲ့ ဆွေမျိုးရင်းချာ မဟုတ်လား ”

​“ငါ မဟုတ်ဘူး ”

​ကော်ဟုန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီး ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

​“ငါမလာခင်ကတည်းက စုံစမ်းထားပြီးသားပဲ ”

​ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်တော့သည်။

All Chapters