အခန်း ၂၁၇၀
Vol. 217 Ch. 2170
အခန်း (၂၁၇၀) ငါကတော့ ထိုက်ဟောက်ဝေကို ရိုက်သတ်ပစ်ဦးမှာပဲ
“ယန်ရွှမ်းကျိန်း ဟုတ်လား သူမက ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ နံပါတ်တစ် ကမ္ဘာတည်ဆောက်ခြင်းအဆင့် ကျောင်းသား မဟုတ်လား ”
လူသားမျိုးနွယ်စု သူတော်စင်များ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။
ဤအမျိုးသမီးက ရွှေဟွေးကျောင်းတော်ကြီးအတွင်း၌လည်း အလွန်အမင်း ကျော်ကြားလှသော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။
လူသားမျိုးနွယ်စုကျောင်းဆောင်ဘက်က ရွှေရှင်းတို့လို လူမျိုးများနှင့် မတူညီချေ၊ ရွှေရှင်းတို့က တကယ်တမ်းတော့ ရွှေဟွေးကျောင်းတော်ကြီးအတွင်း၌ အဆင့်သတ်မှတ်ချက်တစ်ခုမျှပင် မဝင်ကြချေ။
ဤ ယန်ရွှမ်းကျိန်း သည်လည်း နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦး ဖြစ်သလို ကမ္ဘာတည်ဆောက်ခြင်းအဆင့်ရှိသည့် နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။
သူမက နေမင်းခုနစ်ပါးခန်းမအတွင်း၌ အဆင့်သတ်မှတ်ချက် မမြင့်မားဘဲ အဆင့်ကိုးဆယ်ဝန်းကျင်မှာတင် လှည့်လည်နေခဲ့ရသည် ဆိုသော်လည်း။
ကြီးမားလှသော ရွှေဟွေးကျောင်းတော်ကြီးအတွင်း၌ နေမင်းခုနစ်ပါးခန်းမထဲသို့ ဝင်ရောက်နိုင်သည့် ကမ္ဘာတည်ဆောက်ခြင်းအဆင့် ကျောင်းသား စုစုပေါင်း ငါးဦးသာ တည်ရှိပေသည်။
အခြားသော လေးဦးထဲက တစ်ဦးကမူ လူသားမျိုးနွယ်စုထက်ပင် အခြေခံအောက်ခြေ ပိုမိုအားနည်းလှသော မျိုးနွယ်စုတစ်ခုမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသည့် သုံးဦး၏ နောက်ခံများကမူ ရှီးမျိုးနွယ်စုထက် မနည်းပါးကြဘဲ အားလုံးက ချင်မင်ကမ္ဘာဦးလောက၏ ထိပ်တန်းအင်အားစုများ ဖြစ်ကြသည်။
လူအုပ်ကြီးက ကျိုရွှမ်းနတ်တောင်သည် ထိုက်ဟောက်ဝေ သေဆုံးသွားခဲ့ရခြင်းကြောင့် ဖန့်ချန်အား ပြဿနာရှာရန် လူစေလွှတ်လိမ့်မည်ဟု တွေးတောထားခဲ့ကြပါသော်လည်း။
လာရောက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိသည့်လူကမူ ရှီးမျိုးနွယ်စုကျောင်းဆောင်၏ နံပါတ်တစ် ကမ္ဘာတည်ဆောက်ခြင်းအဆင့် ဖြစ်နေခဲ့ရသည်။
ထိုက်ဟောက်ယွီ က ယခုအချိန်တွင် ယန်ရွှမ်းကျိန်း ၏ နောက်ကွယ်၌ မတ်တပ်ရပ်နေရင်း မျက်ဝန်းအလင်းတန်းများက မည်းမှောင်လျက် ဖန့်ချန်အား စိုက်ကြည့်နေကာ စကားတစ်ခွန်းမျှ ထုတ်မပြောချေ။
“ရွှေရှင်း…… ငါ ပြောပြီးပြီ၊ ငါက မင်းတို့ကို လာရှာတာ မဟုတ်ဘူး ”
ယန်ရွှမ်းကျိန်း ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်လှပေသည်။
“ဒါဆို နင်က ဘယ်သူ့ကို လာရှာတာလဲ……”
“ဖန့်ချန် ”
ယန်ရွှမ်းကျိန်း က တည်ငြိမ်စွာ ပြောဆိုလိုက်ရင်း
“ငါက မင်းတို့ လူသားမျိုးနွယ်စုကျောင်းဆောင်က ဖန့်ချန်ကို လာရှာတာ၊ ဖယ်စမ်း ”
“နေမင်းခုနစ်ပါးခန်းမရဲ့ စစ်ဆေးအကဲဖြတ်ပွဲ ကိစ္စကြောင့်မလို့လား ”
ရွှေရှင်း က ပြုံးလျက် မေးမြန်းလိုက်ပါသော်လည်း ခန္ဓာကိုယ်ကိုမူ လုံးဝ ဖယ်ရှားပေးခြင်း မရှိချေ။
သူမနှင့် အခြားသော တောင်ကုန်းအသီးသီးက အကြီးအကဲများသည် ယန်ရွှမ်းကျိန်း လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို စောစောစီးစီးကတည်းက ရိပ်မိထားကြပြီးသား ဖြစ်ကြောင်း သိသာလှပေသည်။
“ဘာလဲ…… မင်းက ငါ သူ့ကို လက်ဦးမှုယူပြီး တိုက်ခိုက်မှာကို စိုးရိမ်နေတာလား။
စိတ်အေးအေးထားစမ်းပါ၊ ဒီနေရာက ကျောင်းတော်ကြီး ဖြစ်သလို ကျောင်းတော်ကြီးမှာလည်း ကျောင်းတော်ကြီးရဲ့ စည်းကမ်းတွေ ရှိတယ်လေ။
ငါ့ရဲ့ အဆင့်အတန်းမျိုးနဲ့တော့ ဒီနေရာမှာတင် သူ့ကို ဘယ်လိုလုပ် လက်ဦးမှုယူပြီး တိုက်ခိုက်ပါ့မလဲ ”
ယန်ရွှမ်းကျိန်း က အေးစက်စွာ လှောင်ပြုံးလိုက်ရင်း ခန္ဓာကိုယ်က တစ်ချက်မျှသာ လင်းလက်သွားခဲ့ရပြီး ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်လျက် အကြီးအကဲ အုပ်စုကို ဖြတ်ကျော်ကာ ၎င်းတို့၏ နောက်ကွယ်ဆီသို့ ရောက်ရှိသွားခဲ့ပြီး မျက်ဝန်းအလင်းတန်းများကို ဖန့်ချန်၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်စေလိုက်တော့သည်။
ရွှေရှင်း တို့ လူအုပ်ကြီးက ခဏမျှ ကြောင်အသွားခဲ့ရပြီးနောက် မျက်နှာအမူအရာများက ချက်ချင်းပင် ကြည့်ရဆိုးသွားခဲ့ရတော့သည်။
တစ်ဖက်လူက ဤကဲ့သို့သော အကွက်တစ်ကွက်တည်းဖြင့်တင် နှစ်ဖက်စလုံးအကြားက စွမ်းအားကွာဟချက်က အလွန်အမင်း ကြီးမားလွန်းလှကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။
သူတို့သည် ယန်ရွှမ်းကျိန်း အနေနှင့် ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ၏ စွမ်းအားများကို မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် အရိပ်အယောင်မျှ မခံစားလိုက်ရချေ။
“ဖန့်ချန်…… ငါ ဘာဖြစ်လို့ နင့်ကို လာရှာရတယ်ဆိုတာကို သိလား ”
ယန်ရွှမ်းကျိန်း က ဖန့်ချန်အား ကြည့်ရှုရင်း တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“ထိုက်ဟောက်ဝေ ကြောင့်မလို့လား ”
ဖန့်ချန်က ပြုံးလျက် လက်ဝါးချင်းယှက်၍ မေးမြန်းလိုက်သည်။
“မှန်တယ် ”
ယန်ရွှမ်းကျိန်း က ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်ရင်း
“ထိုက်ဟောက်ဝေ ကြောင့်မလို့ လာခဲ့တာပဲ၊ ငါ နင့်ကို မေးချင်တာက ဘာဖြစ်လို့ သူ့ကို သေချာပေါက် သတ်ပစ်ခဲ့ရတာလဲ ”
“သူက ငါ့ကို သတ်ချင်နေတာပဲ၊ ငါကကော သူ့ကို မသတ်ရဘူးလား ”
ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်။
“ဟုတ်တယ်…… ထိုက်ဟောက်ဝေ ကလည်း သိသိသာသာ ဖန့်ချန်အပေါ်ကို သေကွင်းသေကွက်တွေ သုံးခဲ့တာပဲ၊ ဘာဖြစ်လို့ ဖန့်ချန်က သူ့ကို မသတ်ရမှာလဲ ”
“စစ်ဆေးအကဲဖြတ်ပွဲ မတိုင်ခင်တုန်းကလည်း ထိုက်ဟောက်ဝေ က ဟောက်ထူတောင်က ဂျူးပင်းကို ရိုက်သတ်ပစ်ခဲ့သေးတာပဲ၊ ငါတို့လည်း ရှီးမျိုးနွယ်စုဆီ သွားပြီး မင်းတို့ကို ပြဿနာမရှာခဲ့ပါဘူး ဟုတ်လား ”
လူသားမျိုးနွယ်စု သူတော်စင် တော်တော်များများက တိုးညှင်းစွာ ရေရွတ်လိုက်ကြသည်။
ယန်ရွှမ်းကျိန်း ၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်စွာဖြင့်သာ ပြောဆိုလိုက်သည်။
“သူက စစ်ဆေးအကဲဖြတ်ပွဲကို ဖြတ်ကျော်ပြီး နေမင်းခုနစ်ပါး တံဆိပ် ကို ရရှိချင်ရုံတင် ဖြစ်သလို ဒီအရာကို အသုံးပြုပြီး ထိုက်ဟောက်ယွီ ရဲ့ ဒဏ်ရာတွေကို ကုသပေးချင်ရုံပဲ ရှိတာ၊ သူ့ရဲ့ ရည်ရွယ်ချက်က မှားယွင်းမှု မရှိသလို နင့်ကိုလည်း သတ်ဖို့ မရည်ရွယ်ခဲ့ဘူး။
နင်ကသာ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်ပြီး အတိတ်တုန်းက ကျိုရွှမ်းနတ်တောင်နဲ့ နင်တို့ လူသားမျိုးနွယ်စုကျောင်းဆောင်အကြားက နားလည်မှုလွဲမှားခြင်းတွေကြောင့် သူက နင့်အပေါ်ကို သေကွင်းသေကွက် သုံးလိမ့်မယ်လို့ ထင်မှတ်ခဲ့တာ ”
ဖန့်ချန်က ပြုံးလျက်
“ငါက သတ်တောင် သတ်ပစ်ခဲ့ပြီပဲ၊ အခုအချိန်မှာ မင်းတို့ကို ထိုက်ဟောက်ဝေ တစ်ယောက် ပြန်ပေးဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
စီနီယာ…… မင်းက ဒီနေ့ တကူးတကကြီး ရောက်လာတယ်ဆိုတာက ငါ့ကို စကားအနည်းငယ်လောက် ကြိမ်းမောင်းပြီး ငါ လုပ်တာ မှားယွင်းကြောင်း ပြောပြဖို့သက်သက်ပဲတော့ မဟုတ်လောက်ပါဘူး ထင်တယ် ”
“နင် လုပ်တာက တကယ်ကို မှားယွင်းခဲ့တာပဲ၊ ထိုက်ဟောက်ဝေ ကလည်း ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ရဲ့ ပါရမီရှင်တစ်ယောက်ပဲ။
တကယ်လို့ သူသာ မသေဆုံးခဲ့ဘူးဆိုရင် နောင်တစ်ချိန်မှာ အနည်းဆုံးတော့ ကမ္ဘာကြီးအဆင့် သူတော်စင်တစ်ဦး ဖြစ်လာမှာဖြစ်သလို ကျောင်းတော်ကြီးထဲမှာလည်း ဆရာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရင်း နောက်လာမည့်လူတွေကို သွန်သင်ဆုံးမပေးနိုင်ဦးမှာ ”
ယန်ရွှမ်းကျိန်း က အေးစက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
“ဒီလောက်အထိ အနာဂတ် ရှိလှတဲ့ သူတော်စင်တစ်ယောက်က နင့်ရဲ့ ကိုယ်ပိုင်အတ္တတစ်ခုတည်းကြောင့်နဲ့ နင့်ရဲ့လက်ထဲမှာ အသက်ပျောက်သွားခဲ့ရတယ်၊ နင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်သင့်တယ်။ ”
သူမက ခဏမျှ ရပ်တန့်လိုက်ပြီးနောက်
“ငါက နေမင်းခုနစ်ပါးခန်းမထဲကို ဝင်ရောက်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သလို နင်နဲ့ ကျင့်ကြံခြင်းအဆင့်ချင်း အတူတူဖြစ်တဲ့ နေမင်းခုနစ်ပါး ကျောင်းသား တော်တော်များများကိုလည်း သိကျွမ်းနားလည်တယ်။
တကယ်လို့ ငါက ထိုက်ဟောက်ဝေ ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ကို စကားတစ်ခွန်းလောက် ကြိုတင်အသိပေးလိုက်မယ်ဆိုရင်တော့……
နင့်ရဲ့ နောင်လာမယ့် နေမင်းခုနစ်ပါးခန်းမရဲ့ လမ်းစဉ်က လျှောက်လှမ်းရ အလွန်အမင်း ခက်ခဲသွားလိမ့်မယ်ဆိုတာ သေချာတယ်။
တိုက်ပွဲတိုင်းက သေချာပေါက် သေတွင်းထဲက ရုန်းကန်ရမည့် တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်၊ နင်က ဒီလိုမြင်ကွင်းမျိုးကို မြင်တွေ့ချင်လို့လား ”
“ယန်ရွှမ်းကျိန်း…… နင်က ဒါ ငါတို့မျိုးနွယ်စုရဲ့ သူတော်စင်ကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်နေတာပဲ! ”
ရွှေရှင်း က နောက်တစ်ကြိမ် လူအုပ်ကို ဦးဆောင်လျက် ယန်ရွှမ်းကျိန်း နှင့် ဖန့်ချန်တို့အကြား၌ ကာဆီးပိတ်ဆို့လိုက်ပြန်သည်။
သူမ၏ မျက်ဝန်းအလင်းတန်းများက အေးစက်လှပေသည်။
“ငါတို့ လူသားမျိုးနွယ်စုကျောင်းဆောင်က နင်တို့ထက် အဆင့်တစ်ခုလောက် အားနည်းတယ်ဆိုပေမဲ့ ငါတို့က အသားမှုန့်တွေနဲ့ ပြုလုပ်ထားတာ မဟုတ်ဘူး၊ နင်က ဒီလိုမျိုး ခြိမ်းခြောက်နေတယ်ဆိုရင်တော့ သေချာပေါက် ပေးဆပ်ရမည့် တန်ဖိုး ရှိလိမ့်မယ် ”
“ပေးဆပ်ရမည့် တန်ဖိုး ဟုတ်လား။ ဘာတန်ဖိုးလဲ။ နင်တို့ လူသားမျိုးနွယ်စုကျောင်းဆောင်က လူဘယ်နှယောက်ပဲ နေမင်းခုနစ်ပါးခန်းမထဲမှာ ကျန်ရှိနေသေးလို့လဲ ”
ယန်ရွှမ်းကျိန်း က ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်ရင်း
“တကယ်လို့ နင်တို့ထဲက တစ်စုံတစ်ယောက်က နေမင်းခုနစ်ပါးခန်းမထဲမှာ ရှိနေသေးတယ်ဆိုရင်တော့ ဒီစကားက အနည်းငယ် အဓိပ္ပာယ်ရှိဦးမယ်၊ အခုတော့ အဓိပ္ပာယ်မရှိတဲ့ စကား သက်သက်ပဲ ”
သူမက ခဏမျှ ရပ်တန့်လိုက်ပြီးနောက်
“ငါ ဒီနေ့ လာတာကလည်း နင်တို့နဲ့ စကားများဖို့ မဟုတ်သလို ရှီးမျိုးနွယ်စုကျောင်းဆောင်နဲ့ ကျောင်းသား ဖန့်ချန်တို့အကြားက ရန်ငြိုးတွေကလည်း အစဉ်အမြဲ ဆက်လက်တည်ရှိနေတာမျိုးကို မမြင်ချင်ဘူး။
အခု နှစ်ဦးနှစ်ဖက်အကြားက နားလည်မှုလွဲမှားခြင်းတွေကို ဖြေဖျောက်ပေးနိုင်မည့် နည်းလမ်းတစ်ခု ရှိနေတယ်၊ ကျောင်းသား ဖန့်ချန်အနေနဲ့ သဘောတူ၊ မတူ ဆိုတာကိုပဲ ကြည့်ရတော့မယ် ”
“ဘာနည်းလမ်းလဲ ”
ဖန့်ချန်က စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“မင်းရဲ့ နေမင်းခုနစ်ပါး တံဆိပ်ပဲ ”
ယန်ရွှမ်းကျိန်း က မျက်ဝန်းများကို အနည်းငယ် ပင့်လိုက်ရင်း
“အခုတစ်ကြိမ် နင်က အဆင့် ဆယ်ဆင့်လောက် ဆက်တိုက် တက်လှမ်းသွားခဲ့တာ ဖြစ်လို့ စင်ကြယ်သော ဗောဓိသီး နှစ်လုံးကို ဆုလာဘ်အဖြစ် ရရှိနိုင်တယ်။
ဒီအရာကို မင်းရဲ့ နေမင်းခုနစ်ပါးခန်းမ ခရီးစဉ်ရဲ့ အဆုံးသတ်အဖြစ် သတ်မှတ်လိုက်မယ်ဆိုရင်တော့ တကယ့်ကို ပြည့်စုံလှတယ်လို့ ပြောလို့ရတယ်။
အခြေအနေကောင်းတုန်း လက်ခုပ်တီးပြီး ရပ်တန့်လိုက်တာကလည်း အခြေအနေကို နားလည်တာပဲ မဟုတ်လား။
တကယ်လို့ နင်သာ ဆက်ပြီး တောင့်ခံနေမယ်ဆိုရင်တော့ ငါ ပြောနိုင်တာက နင် သေချာပေါက် သေရလိမ့်မယ် ”
“……”
လူအုပ်ကြီးက ရှီးမျိုးနွယ်စုဘက်က ယခုတစ်ကြိမ် ယန်ရွှမ်းကျိန်း ကို စေလွှတ်လိုက်ခြင်းကလည်း အဆုံးသတ်တွင်မူ ဖန့်ချန်၏ ကိုယ်ပေါ်က နေမင်းခုနစ်ပါး တံဆိပ်ကို တောင်းဆိုရန် ဖြစ်နေဆဲဖြစ်ကြောင်း မထင်မှတ်ထားခဲ့မိကြချေ။
“စီနီယာ…… အဓိပ္ပာယ်မရှိတဲ့ စကားတွေကိုတော့ ထပ်ပြီး မပြောပါနဲ့တော့၊ ငါ့ရဲ့ နေမင်းခုနစ်ပါး အမှတ်အသားကို ထုတ်ပေးပြီး ထိုက်ဟောင်ယွီ ရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ”
ဖန့်ချန်က ပြုံးလျက် လက်ကို ဝေ့ယမ်းလိုက်ရင်း
“မင်းက ငါ့ကို ပြန်လည်သုံးသပ်ခိုင်းလို့ ငါ ခုနကတင် သေသေချာချာ ပြန်လည်သုံးသပ်ပြီးသွားပြီ၊ တကယ်လို့ ငါ့ကို နောက်တစ်ကြိမ် ပြန်လည်ရွေးချယ်ခွင့် ပေးမယ်ဆိုရင်တောင် ငါကတော့ ထိုက်ဟောက်ဝေကို သတ်ပစ်ဦးမှာပဲ ”
ယန်ရွှမ်းကျိန်း ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ရပြီး တစ်ဖက်လူအား အကျိုးအမြတ်တွေကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြသခဲ့ပါသော်လည်း တစ်ဖက်လူက ဤမျှလောက်အထိ ဇွတ်တရိုး လုပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
“ဖန့်ချန်…… မင်က ဒီလောက်အထိ မောက်မာမနေနဲ့၊ အဲဒီတုန်းက နင် ရှီးမျိုးနွယ်စုဆီ လာတုန်းက ငါက မင်းအပေါ်ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့တာပဲ၊ မင်းကတော့ လှည့်ထွက်သွားတာနဲ့ ငါ့ညီ ထိုက်ဟောက်ဝေကို ရိုက်သတ်ပစ်ခဲ့တယ်၊ မင်းက တကယ်ကို ယုတ်မာလွန်းတယ် ”
ထိုက်ဟောက်ယွီ က နောက်ဆုံးတွင်မူ ရင်ထဲက ဒေါသများကို အောင့်အည်းမထားနိုင်တော့ဘဲ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
“ထိုက်ဟောက်ယွီ…… မင်းရဲ့ ယဉ်ကျေးပျူငှာမှုဆိုတာကလည်း ဟန်ဆောင်ထားတာ သက်သက်ပဲ၊ မင်းက ဘယ်လိုအကျင့်စရိုက်မျိုးလဲဆိုတာ မင်းကိုယ်တိုင် ရင်ထဲကနေ အသိဆုံးပဲ။
ဒဏ်ရာရနေပြီဆိုမှတော့ ကိုယ့်ဘာသာကိုယ် ဒဏ်ရာကုသနိုင်မည့် နည်းလမ်းကို သွားရှာချေ၊ နေ့တိုင်း သူများရဲ့ နေမင်းခုနစ်ပါး တံဆိပ် ကိုပဲ မျက်စိကျမနေနဲ့။
ထိုက်ဟောက်ဝေ သေဆုံးသွားရခြင်းရဲ့ အဓိကအချက်က မင်းကိုယ်တိုင်ပဲ ပြန်လည်သုံးသပ်ရမှာ ာ ”
ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်ရင်း
“တကယ်လို့ မင်းသာ မဟုတ်ဘူးဆိုရင် ထိုက်ဟောက်ဝေ အနေနဲ့လည်း စွန့်စားမှုတွေ ပြုလုပ်ရင်း နေမင်းခုနစ်ပါး ကျောင်းသားအဖြစ် တက်လှမ်းဖို့အတွက် သက်တမ်းကို အသုံးပြုမှာ မဟုတ်သလို မင်းကို နေမင်းခုနစ်ပါး တံဆိပ် ထုတ်ပေးပြီး ဒဏ်ရာကုသပေးဖို့လည်း တွေးတောမှာ မဟုတ်ဘူး ”
“နင်တို့ လူသားမျိုးနွယ်စုက အခုအချိန်မှာ တကယ်ပဲ စည်းကမ်းမရှိတော့တာပဲ၊ စကားပြောရင်လည်း ကလိမ်ကကျစ်တွေ ပြောတတ်သလို လှုပ်ရှားရင်လည်း သေကွင်းသေကွက်တွေပဲ သုံးတတ်ကြတယ် ”
ယန်ရွှမ်းကျိန်း က တည်ငြိမ်စွာ ပြောဆိုလိုက်ရင်း
“ဒီလိုမှတော့ ငါတို့ ရှီးမျိုးနွယ်စုအနေနဲ့လည်း နင်တို့ လူသားမျိုးနွယ်စုအပေါ်ကို မျက်နှာသာပေးနေဖို့ မလိုတော့သလို အခြေအနေတွေကိုလည်း ပြောနေဖို့ မလိုတော့ဘူး။
နောင်တစ်ချိန် အပြင်လောကမှာ နင်တို့ လူသားမျိုးနွယ်စုရဲ့ သူတော်စင်တွေကို မြင်တွေ့တာနဲ့ တစ်ပြိုင်နက်တည်း အကုန်လုံးကို ဖိနှိပ်ပစ်မယ် ”
ရွှေရှင်း တို့ လူအုပ်ကြီးက ၎င်းစကားကို ကြားလိုက်ရသဖြင့် မျက်နှာအမူအရာများက ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်။
ကျောင်းတော်ကြီးအတွင်း၌မူ လူသားမျိုးနွယ်စုတွင် ကျောင်းတော်ကြီး၏ စည်းကမ်းချက်များက အကာအကွယ် ပေးထားသဖြင့် ရှီးမျိုးနွယ်စု၏ တည်ရှိမှုကို လျစ်လျူရှုထားနိုင်ပါသော်လည်း။
အပြင်လောက၌မူ လူသားမျိုးနွယ်စု၏ အခြေခံအောက်ခြေက အနည်းငယ် အားနည်းလှသဖြင့် တကယ်လို့များ ရှီးမျိုးနွယ်စုက ဤကိစ္စကြောင့် တကူးတက ပစ်မှတ်ထားခဲ့မည်ဆိုလျှင်တော့ လူသားမျိုးနွယ်စု သူတော်စင် တော်တော်များများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရဖို့ရာ သေချာလှပေသည်။
“ယန်ရွှမ်းကျိန်း…… နင်က ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်တစ်ယောက် သက်သက်ပဲ၊ ရှီးမျိုးနွယ်စုတစ်ခုလုံးကို ကိုယ်စားမပြုနိုင်ဘူး ”
ရွှေရှင်း က စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်လျက် ပြောဆိုလိုက်သည်။
“ဟုတ်လား။ ဒါဆိုရင်တော့ နင်တို့ စမ်းသပ်ကြည့်နိုင်ပါတယ် ”
ယန်ရွှမ်းကျိန်း က ပြုံးလျက် ပြောဆိုလိုက်သည်။
ဤနေရာရှိ ပတ်ဝန်းကျင်အခြေအနေက ရုတ်တရက် အလွန်အမင်း တင်းမာသွားခဲ့ရတော့သည်။
ထိုအချိန်၌ပင် ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ အချို့က တစ်ပြိုင်နက်တည်း ဆိုက်ရောက်လာခဲ့ကြသည်။
ထိုအထဲမှ တစ်စုံတစ်ယောက်က ဟားဟားတိုက် ရယ်မောလိုက်သည်။
“ညီမလေး ယန်…… ဒေါသလေးဘာလေး လျှော့ပါဦး၊ ငါ ဒီကောင်လေးကို နင့်ကို တောင်းပန်ခိုင်းလိုက်ပါ့မယ် ”
ဤလူအနည်းငယ်ကလည်း ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်များ ဖြစ်ကြပါသော်လည်း သူတို့၏ ကိုယ်ပေါ်က ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ အငွေ့အသက်များသည် သိသိသာသာပင် ရွှေရှင်းတို့ထက် အဆင့်တစ်ခုမက သန်မာလှပေသည်။
“ဒါ ကာကွယ်ရေးဆရာရဲ့ လက်အောက်က ကမ္ဘာတည်ဆောက်ခြင်းအဆင့် ကျောင်းသားတွေ ရှေ့ထွက်လာတာပဲ……”
လူသားမျိုးနွယ်စု သူတော်စင် အားလုံးက အနည်းငယ် ထိတ်လန့်သွားခဲ့ရပြီး လာရောက်သည့်လူများကို ကြည့်ရှုသည့် မျက်ဝန်းအလင်းတန်းများထဲ၌ တည်ကြည်လေးနက်ခြင်း အရိပ်အယောင်များ ပိုမိုပြည့်နှက်သွားခဲ့ရတော့သည်။