← Chapters

အခန်း ၂၈၉၁

Vol. 230 Ch. 2891

အခန်း ၂၈၉၁

Vol. 230 Ch. 2891

အခန်း(၂၈၉၁)

အင်မော်တယ်ဘုရင်အဆင့် အင်အားစု စိုးမိုးအုပ်ချုပ်သော မိုးကြိုးအင်မော်တယ်နယ်မြေသည် အလွန်တရာ ကျယ်ပြောပြီး ဝိရောဓိနယ်မြေထက်ပင် နှစ်ဆကျော်မျှ ပိုမို ကြီးမားသည်။

ကျန်းချန်တို့၏ အရှိန်အဟုန်ဖြင့်ပင် မိုးကြိုးအင်မော်တယ်နယ်မြေသို့ ရောက်ရှိပြီးနောက် ပိယွင်အင်မော်တယ် နန်းတော် တည်ရှိရာ နေရာသို့ ရောက်ရှိရန် လဝက်နီးပါး အချိန်ယူခဲ့ရ၏။

မိုးကြိုးအင်မော်တယ် နယ်မြေမှ ရှည်လျားသော သမိုင်းကြောင်း ရှိသည့် ဟန်ယွင်အဆင့် အင်အားစု တစ်စု အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်သည် မိုင်ပေါင်း သန်းချီ ကျယ်ဝန်းသော နယ်မြေကို လွှမ်းမိုးထားသည့် ထိပ်တန်း အင်အားစု တစ်စု ဖြစ်နေဆဲပင်။

ထိုက်ယီအဆင့် အင်အားစုများ ပင်လျှင် ပိယွင်အင်မော်တယ်နန်းတော်ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြရသည်။

ကျန်းချန်သည် ပိယွင်အင်မော်တယ် နန်းတော်၏ နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်တွင် လင်းရှီယောင်ကို ရှာဖွေရန်အတွက် ပိယွင်အင်မော်တယ် နန်းတော်သို့ တိုက်ရိုက် သွားရန် မရည်ရွယ်ခဲ့ပေ။

ပိယွင်အင်မော်တယ် နန်းတော်သည် ပိုထျန်းအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူ၏ လက်ရှိ ပိယွင်အင်မော်တယ် နန်းတော် အပေါ် နားလည်မှုသည် အတိတ်က အခြေအနေတွင်သာ ရှိနေခဲ့ပြီး နှစ်အနည်းငယ် အတွင်း ပိယွင်အင်မော်တယ် နန်းတော်က မည်မျှအထိ ပြောင်းလဲသွားသည်ကို မသိသေးချေ။

တိကျသော အခြေအနေကို မသိဘဲ ပိယွင်အင်မော်တယ်နန်းတော်သို့ မျက်ကန်း တစ္ဆေမကြောက် သွားရောက်ခြင်းသည် အလွန်ပင် အမြော်အမြင် မရှိရာ ရောက်ပေလိမ့်မည်။

ယင်းကြောင့် ကျန်းချန်က ပိယွင်အင်မော်တယ် နန်းတော်၏ အခြေအနေကို စုံစမ်းရန် နေရာတစ်ခုကို ရှာဖွေပြီးမှသာ နောက်ထပ် ဆုံးဖြတ်ချက်ချရန် စီစဉ်ခဲ့သည်။

မကြာမီမှာပင် ကျန်းချန် တို့၏ ရှေ့ရှိ မြင်ကွင်း တစ်ဆုံးတွင် အတိုင်းအဆ မရှိ ကြီးမားသော မြို့ကြီး တစ်မြို့ ပေါ်လာခဲ့သည်။

ဤမြို့ကို ကြီးမားသော အင်မော်တယ် တောင်တန်း တစ်ခု ပေါ်တွင် တည်ဆောက်ထားပြီး မြို့ရိုးမှာ အမြင့်ပေ ရာချီ ရှိကာ အလွန်အမင်း ထူးခြားဆန်းပြား၏။

ကျန်းချန်တို့က တုံ့ဆိုင်းမနေဘဲ မြင်ကွင်း၏ အဆုံးရှိ မြို့ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့ကြသည်။

ခဏအကြာတွင် မြို့နှင့် ပေတစ်ထောင် ဝေးသော နေရာသို့ ရောက်ရှိလာခဲ့ကြသည်။

သို့သော်လည်း သူတို့ ရောက်ရှိလာသည့် အချိန်က အချိန်ကောင်း မဟုတ်မှန်း ကျန်းချန် မကြာမီ ရှာဖွေတွေ့ရှိခဲ့သည်။

အကြောင်းရင်းမှာ မြို့ပြင်ရှိ ကောင်းကင်ယံတွင် အုပ်စု နှစ်စုသည် တစ်ဖက်နှင့် တစ်ဖက် ရင်ဆိုင်နေကြပြီး ပတ်ဝန်းကျင်တွင် လူသတ်ငွေများဖြင့် ပြည့်နှက်နေခဲ့သောကြောင့်ပင်။

ဤအုပ်စု နှစ်စုထဲမှ တစ်အုပ်စုတွင် လူဦးရေ ဆယ်ဂဏန်းခန့်ရှိပြီး မြို့ရိုးကို ကျောပေး၍ ရပ်နေကြကာ ခေါင်းဆောင်ဖြစ်သူ၏ ခွန်အားမှာ ရွှေအင်မော်တယ် နဝမအဆင့်တွင် ရှိသည်။

သို့သော် ထိုလူစုက အားမနည်းသော်လည်း ဆန့်ကျင်ဘက်ရှိ လူများနှင့် ယှဉ်လျှင် အားနည်းနေသည်မှာ ထင်ရှား၏။

သူတို့၏ ဆန့်ကျင်ဘက်တွင် လူနှစ်ယောက်သာ ရှိသည်။

သို့သော် ထိုနှစ်ယောက်၏ အရှိန်အဝါများသည် ရွှေအင်မော်တယ် နဝမအဆင့်ရှိ အပြာရောင် ဝတ်စုံဝတ်လူထက် အနည်းငယ်မျှ နိမ့်ကျမနေခဲ့ပေ။

သူတို့ထဲမှ တစ်ယောက် ဆိုလျှင် ရွှေအင်မော်တယ် နဝမအဆင့်ကို ကျော်လွန်ပြီး တလော့အဆင့်သို့ ခြေတစ်လှမ်း လှမ်းထားသည့် "ခြေလှမ်းတစ်ဝက် တလော့အဆင့်" သို့ပင် ရောက်ရှိနေခဲ့ချေပြီ။

"ယဲ့ချင်းမင်.. ငါ ဒီနေ့ မင်းရဲ့ သမီးကို ကျင့်ကြံဖို့ အတွက် ပိယွင်အင်မော်တယ် နန်းတော်ဆီ ခေါ်သွားဖို့ အမိန့်ရထားတယ်.. မင်း ဒါဘာသဘောလဲ"

ကျန်းချန်က အခြေအနေကို အကဲခတ် ကြည့်နေစဉ်မှာပင် ထိုနှစ်ယောက်ထဲမှ ခြေလှမ်းတစ်ဝက် တလော့အဆင့်ရှိ အဖိုးအို၏ အေးစက် ပြတ်သားသော အသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

သူတို့၏ ဆန့်ကျင်ဘက်ရှိ ယဲ့ချင်းမင်ဟု ခေါ်သော အပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ယဲ့မိသားစုက ပိယွင်အင်မော်တယ် နန်းတော်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ငါ့သမီးရဲ့ ပါရမီက သာမန်ပဲမို့ ပိယွင်အင်မော်တယ် နန်းတော်ကို အလုပ်မရှုပ်စေတော့ပါဘူး"

"ယဲ့ချင်းမင်.. ငါတို့ ပိယွင်အင်မော်တယ် နန်းတော်က မင်းရဲ့ သမီးကို သဘောကျလို့ ငါတို့ နန်းတော်ထဲ ဝင်ရောက် ကျင့်ကြံခွင့်ပေးတာ မင်းတို့ ယဲ့မိသားစု အတွက် ဂုဏ်ယူစရာပဲ"

အဖိုးအို၏ နံဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

ယဲ့ချင်းမင်၏ အမူအရာက အနည်းငယ် သုန်မှုန်သွားခဲ့သည်။

"မင်းတို့ ပိယွင်အင်မော်တယ်နန်းတော်က အရမ်း အနိုင်ကျင့်လွန်းရာ ကျမနေဘူးလား.. ငါ့သမီးက ပိယွင်အင်မော်တယ်နန်းတော်ကို မဝင်ချင်ဘူး ဆိုတာကို မင်းတို့က ဘာလို့ အတင်းအကျပ် တိုက်တွန်းချင်နေရတာလဲ"

ယခုနှစ်ပိုင်းအတွင်း ပိယွင်အင်မော်တယ် နန်းတော်၏ ဂုဏ်သတင်းသည် မိုးကြိုးအင်မော်တယ် နယ်မြေတွင် တစ်ဖြည်းဖြည်း ဆိုးရွားလာခဲ့သည်။

ယဲ့ချင်းမင်သည် စန်းယဲ့မြို့၏ အရှင်သခင် အနေဖြင့် ပိယွင်အင်မော်တယ် နန်းတော်နှင့် ပတ်သက်သည့် ကိစ္စ တချို့ကို အနည်းငယ် ကြားသိထားခဲ့သည်။

ဤနှစ်ပိုင်းအတွင်း ပိယွင်အင်မော်တယ် နန်းတော်သည် ပို၍ပင် အနိုင်ကျင့် ဗိုလ်ကျလာကာ လူငယ်ပါရမီရှင် အချို့ကို နန်းတော် ထဲသို့ မကြာခဏ အတင်းအကျပ် ခေါ်ဆောင်သွားလေ့ ရှိသည်။

အကယ်၍ ထိုမျှသာ ဆိုလျှင် အကြောင်း မဟုတ်ပေ။

ဆိုရလျှင် ပိယွင်အင်မော်တယ်နန်းတော်သည် ဟန်ယွင် အဆင့် အခြေခံ အုတ်မြစ် ရှိသည့် တလော့အဆင့် အင်အားစု တစ်ခု ဖြစ်သည်။

ပိယွင် အင်မော်တယ်နန်းတော်သည် မိုးကြိုး အင်မော်တယ် နယ်မြေ တစ်ခုလုံးတွင်ပင် လူသိများ ထင်ရှားသော အင်အားစု တစ်စု ဖြစ်၍ ကျင့်ကြံဖို့ အတွက် ပိယွင်အင်မော်တယ် နန်းတော် ထဲသို့ ဝင်ရောက်နိုင်ခြင်းမှာ အမှန်တကယ်ပင် ကောင်းမွန်သော အရာတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ပိယွင် အင်မော်တယ် နန်းတော်သို့ အတင်းအကျပ် ဆွဲခေါ်ခံရသော ထိုပါရမီရှင် တပည့် အားလုံးနီးပါးသည် ထိုအချိန်မှစ၍ ပျောက်ကွယ်သွားခဲ့ကြပြီး သေသလား ရှင်သလား ဆိုသည်ကိုပင် လုံးဝ မသိကြတော့ပေ။

ယင်းကြောင့် ပိယွင်အင်မော်တယ် နန်းတော်ထဲသို့ ဝင်ရောက်သွားသော ထိုလူငယ်ပါရမီရှင်များသည် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်ဟု လူအများက တွေးထင်ခဲ့ကြသည်။

ထိုအကြောင်းကြောင့်ပင် ပိယွင်အင်မော်တယ် နန်းတော် အကြောင်းကို သိရှိကြသော အင်အားစုများသည် ပိယွင်အင်မော်တယ် နန်းတော်သို့ လူငယ် ပါရမီရှင်များကို မစေလွှတ်ချင်သလောက် ဖြစ်သွားခဲ့ကြသည်။

ယင်းသို့ဖြစ်နေသည့်တိုင် ပိယွင်အင်မော်တယ် နန်းတော်က ပို၍ပင် အနိုင်ကျင့် ဗိုလ်ကျလာခဲ့ပြီး နယ်မြေအတွင်းရှိ အင်အားစုများထဲမှ ထူးချွန်သော လူငယ်ပါရမီရှင် တစ်ဦးကို သဘောကျမိသည်နှင့် ဗြောင်ကျကျပင် လာရောက် တောင်းဆိုတော့သည်။

ပိယွင်အင်မော်တယ်နန်းတော်က အစွမ်းထက်ပြီး ထိုက်ယီအဆင့် အင်အားစုများ ပင်လျှင် ကြောက်ရွံ့ကြသဖြင့် အင်အားစု များစွာက ငြင်းဆိုရန် မဝံ့ရဲကြချေ။

ယဲ့ချင်းမင်တွင် ထူးခြားသော ပါရမီ ရှိသည့် သမီးတစ်ယောက် ရှိပြီး ယဲ့မိသားစုက သူမကို အလွန် ကောင်းမွန်စွာ ဝှက်ထားခဲ့သည်။

လူအနည်းငယ်သာ ထိုအကြောင်းကို သိကြသော်လည်း အဆုံးသတ်တွင် ပိယွင်အင်မော်တယ် နန်းတော်၏ မျက်စိအောက်ကနေ မဖုံးကွယ်နိုင်ခဲ့ပေ။

ယခုအခါတွင်မူ ပိယွင်အင်မော်တယ်နန်းတော်သည် ယဲ့မိသားစု ထံသို့ ဗြောင်ကျကျ လာရောက် လူတောင်းရန် အတွက် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူကိုပင် စေလွှတ်ခဲ့ချေပြီ။

ယဲ့ချင်းမင်က ငြင်းပယ်ဝံ့သည်ကို မြင်လျှင် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် ဖြစ်သည့် အဖိုးအိုက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

"ယဲ့ချင်းမင်.. ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ရဲ့ သဘောထားကို ငြင်းပယ်ရင် အကျိုးဆက်ကို မင်း နားလည်တယ်မလား"

"မင်းတို့ ပိယွင်အင်မော်တယ် နန်းတော်က အစွမ်းထက်ပေမဲ့ မတရားလုပ်ရင် မင်းတို့ကို ကောင်းကင်က ဒဏ်ခတ်လိမ့်မယ်.. မင်း ဘယ်လိုပဲပြောပြော ငါ့သမီးကတော့ ပိယွင်အင်မော်တယ် နန်းတော်ကို ဘယ်တော့မှ ဝင်မှာ မဟုတ်ဘူး"

ပိယွင်အင်မော်တယ် နန်းတော်က အစွမ်းထက်သော်လည်း ယဲ့ချင်းမင်သည် သူ့သမီး ပိယွင် အင်မော်တယ် နန်းတော်သို့ ဝင်ရောက်ပြီး သေဆုံးရမည့် အရေးကို မကြည့်ရက်နိုင်ခဲ့ပေ။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့်ရှိ အဖိုးအိုက ခပ်ထေ့ထေ့ ရယ်မောကာ ပြောလိုက်သည်။

"မင်းတို့ ယဲ့မိသားစုက ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့ ငါအဖိုးကြီးက ဒီနေ့ မင်းတို့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"

စကားဆုံးသည်နှင့် အဖိုးအို၏ ခန္ဓာကိုယ်ကနေ ခြေလှမ်းတစ်ဝက် တလော့အဆင့်၏ ပြင်းထန်သော အရှိန်အဝါလှိုင်းက လေထုထဲတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး ယဲ့မိသားစုမှ ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူများ၏ မျက်နှာများကို ချက်ချင်းပင် ဖြူဖျော့သွားစေခဲ့သည်။

"ငါ သူတို့ကို တားထားမယ်.. မင်းတို့ မြန်မြန် ထွက်ပြေးကြ"

ယဲ့ချင်းမင်၏ အကြည့်က လေးနက်သွားခဲ့ပြီး ရွှေအင်မော်တယ် နဝမအဆင့်၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ အဖိုးအို၏ အရှိန်အဝါကို ခုခံလိုက်သည်။

"ဘယ်ဆိုးလို့လဲ"

အဖိုးအိုက မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပင် လက်တစ်ဖက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် တလော့အင်မော်တယ်စွမ်းအားသည် ယဲ့ချင်းမင် ထံသို့ တိုက်ရိုက်ပင် ပျံ့လွင့်သွားခဲ့သည်။

ယဲ့ချင်းမင်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပင် ခုခံရန်အတွက် အစွမ်းကုန် ကြိုးစားလိုက်သည်။

သို့သော်လည်း ခြေလှမ်းတစ်ဝက် တလော့အဆင့် စွမ်းအားနှင့် ရင်ဆိုင်ရသောအခါတွင် ရွှေအင်မော်တယ် နဝမအဆင့် ဖြစ်သည့် ယဲ့ချင်းမင်သည် ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ချေ။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယဲ့ချင်းမင်၏ အကာအကွယ် စွမ်းအားက ဝုန်းခနဲ ပြိုလဲသွားခဲ့ပြီး လူတစ်ကိုယ်လုံးက ပေရာချီ အဝေးထိ လွင့်ထွက်သွားခဲ့ကာ ပါးစပ်ကနေလည်း သွေးများကို အန်ထုတ်လိုက်ရသည်။

"မိသားစုခေါင်းဆောင်"

ယဲ့မိသားစု၏ ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူများ ထံမှ ဝမ်းနည်းစွာ ရေရွတ်လိုက်သော အသံများ ထွက်ပေါ်လာခဲ့သည်။

ယဲ့ချင်းမင်က လက်ခုံဖြင့် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ခန္ဓာကိုယ်ထဲတွင် ကမောက်ကမ ဖြစ်နေသော စွမ်းအားလှိုင်းများကို ဖိနှိပ်လိုက်သည်။

သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ပိယွင်အင်မော်တယ် နန်းတော်၏ အနိုင်ကျင့် ဗိုလ်ကျလာသော အခြေအနေကြောင့် ယဲ့ချင်းမင်သည် ယဲ့မိသားစုကို ပိယွင်အင်မော်တယ် နန်းတော်၏ အာဏာစက်အောက်မှ ရွှေ့ပြောင်းရန် ရည်ရွယ်ချက် ရှိခဲ့သော်လည်း မိသားစု အတွင်းရှိ အကြီးအကဲတချို့က တွန့်ဆုတ်နေခဲ့ကြသည်။

ဤသို့ဖြစ်မည်ကို စောစောကတည်းကသာ သိခဲ့လျှင် သူ ပိုပြီး ပြတ်ပြတ်သားသား လုပ်ခဲ့မိမည်သာ။

ဆိုရလျှင် သူသာ ပြတ်သားခဲ့လျှင် ယဲ့မိသားစုသည် ယနေ့လို ကပ်ဘေး အန္တရာယ်မျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။

အခန်း(၂၈၉၁) ပြီး၏

All Chapters