← Chapters

အခန်း ၂၈၉၅

Vol. 230 Ch. 2895

အခန်း ၂၈၉၅

Vol. 230 Ch. 2895

အခန်း(၂၈၉၅)

ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားသော်လည်း ချက်ချင်းပင် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ကျန်ပါသေးတယ် စီနီယာ"

ဤကာလအတွင်း သူသည် ကျင့်ကြံရန် အတွက် ဟန်ယွင်အင်မော်တယ်စမ်းရေ အမြောက်အမြားကို စုပ်ယူခဲ့သည်။

သို့သော်လည်း ကနဦး ကတည်းကပင် စမ်းရေတွင်း၏ တစ်ဝက်ကို ရရှိခဲ့ခြင်း ဖြစ်၍ သူ၏ လက်ထဲတွင် အမြောက်အမြား ကျန်ရှိနေသေး၏။

အရှင်နှင်းမှုန်က အပိုစကားများကို ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

"သုံးစက်လောက် ထုတ်ပြီး ငါ့ရဲ့တပည့်ကို ပေးလိုက်စမ်းပါ.. ဒါက မင်းအတွက် မများလွန်းဘူး မဟုတ်လား"

"မများပါဘူးဗျာ"

ကျန်းချန် ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည်။

ဤအဖိုးကြီးသည် သူ၏ တပည့်အသစ် အပေါ်တွင် အမှန်တကယ်ပင် ဂရုတစိုက် ရှိနေခဲ့၏။

သူ ဟန်ယွင်အင်မော်တယ် စမ်းရေကို ရရှိခဲ့သည့် အချိန်မှစ၍ အရှင်နှင်းမှုန်သည် စမ်းရေ ကိစ္စကို ဘယ်သောအခါမျှ ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ချေ။

ယခုတစ်ကြိမ်တွင်မှ သူ၏ တပည့်အသစ် အတွက် ကျန်းချန်ကို ကိုယ်တိုင်ကိုယ်ကျ စတင် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်။

"တပည့်လေး.. မင်းရဲ့ပါးစပ်ကို ဟထားလိုက်.. သူက မင်းကို ဟန်ယွင်အင်မော်တယ်စမ်းရေ သုံးစက် ပေးလိမ့်မယ်.. အဲဒါက မင်းအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေလိမ့်မယ်"

ကျန်းချန်က အရှင်နှင်းမှုန် တောင်းဆိုသည်ကို အလွယ်တကူပင် သဘောတူလိုက်သည်။

သူရရှိထားသော ဟန်ယွင်အင်မော်တယ် စမ်းရေ ပမာဏက ဆယ်သန်းထက်မက ရှိ၍ အရှင်နှင်းမှုန် တောင်းဆိုသည့် သုံးစက် ဟူသော ပမာဏသည် သူ့အတွက် ဘာမှမဟုတ်ချေ။

ကျန်းချန်က ဟန်ယွင်အင်မော်တယ် စမ်းရေ သုံးစက်ကို တိုက်ရိုက် ထုတ်ယူလိုက်ပြီးနောက် လက်ညှိုးဖြင့် ခပ်ဖွဖွတောက်လိုက်ရာ စမ်းရေစက် သုံးစက်သည် ယဲ့လင်း၏ ပါးစပ် အတွင်းသို့ ပျံသန်း ဝင်ရောက်သွားခဲ့သည်။

ယဲ့လင်းသည် ဟန်ယွင်အင်မော်တယ် စမ်းရေ သုံးစက်ကို မျိုချပြီးနောက်တွင် ကျန်းချန်နှင့် အခြားသူများကို အသင်္ချေဝိညာဉ်အင်မော်တယ် ခန္ဓာကိုယ်၏ စွမ်းအားနှင့် ပတ်သက်၍ မျက်ဝါးထင်ထင် ပြသခဲ့သည်။

ယဲ့လင်း၏ ခန္ဓာကိုယ်က ဟန်ယွင် အင်မော်တယ် စမ်းရေ သုံးစက်၏ စွမ်းအင်ကို လျင်မြန်စွာ စုပ်ယူသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ယဲ့လင်းသည် ဉာဏ်အလင်းပွင့်မှုကို ပြီးမြောက်သွားသကဲ့သို့ ဖြစ်ပျက်သွားပြီး သူမ၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအင်မော်တယ် ပထမအဆင့်ကနေ ဒုတိယအဆင့်သို့ တိုက်ရိုက် ထိုးဖောက် တက်လှမ်းသွားခဲ့သည်။

အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ်သည်ပင် ကြီးထွားလာခဲ့ပြီး ယခင်ကထက် ပိုမို ကြံ့ခိုင် သန်မာလာသကဲ့သို့ ရှိနေခဲ့သည်။

"အင်မော်တယ်လောကမှာ ရှားပါးလှတဲ့ အသင်္ချေဝိညာဉ် အင်မော်တယ်ခန္ဓာကိုယ်က တကယ့်ကို အံ့ဩစရာကောင်းတာပဲ"

ကျန်းချန် မချီးကျူးဘဲ မနေနိုင်တော့ပေ။

အင်မော်တယ်လောကရှိ ဒဏ္ဍာရီလာ အင်မော်တယ် ခန္ဓာကိုယ်များသည် သူ၏ စနစ် ကဲ့သို့ပင် လုံးဝကို ကောင်းကင်ဘုံက မျက်နှာသာ ပေးထားခြင်းမျိုး ဖြစ်သည်။

ဤအချင်းအရာကို မြင်လျှင် အရှင်နှင်းမှုန်က ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ်က တကယ့်ကို သူ့ရဲ့ဂုဏ်သတင်းနဲ့ အညီ ထိုက်တန်ပါပေတယ်.. အခု မင်းရဲ့ အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ်က အသေးစား အောင်မြင်မှုအဆင့်ကို ရောက်ရှိသွားပြီ ဆိုတော့ မင်း ကျင့်ကြံတဲ့အခါ အားစိုက်ထုတ်မှု ထက်ဝက်နဲ့ ရလဒ် နှစ်ဆ ရရှိနိုင်လိမ့်မယ်"

ယဲ့လင်းသည် အလွန်ပင် ဝမ်းမြောက်သွားခဲ့ပြီး အရှင်နှင်းမှုန်ကို လျင်မြန်စွာ ဂါရဝပြုလိုက်သည်။

"ဆရာ့ကို တပည့် ကျေးဇူးတင်ပါတယ်"

အရှင်နှင်းမှုန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော ဒေါသတကြီး အော်ဟစ်သံသည် စန်းယဲ့မြို့၏ အထက် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။

"ယဲ့ချင်းမင်.. မြန်မြန်ထွက်လာပြီး အသေလာခံစမ်း"

ထိုရုတ်တရက် ထွက်ပေါ်လာသော ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရလျှင် ယဲ့ချင်းမင်နှင့် အခြားသော ယဲ့မိသားစုမှ အကြီးအကဲများ၏ မျက်နှာ အမူအရာများက ချက်ချင်းပင် ပျက်ယွင်းသွားကြသည်။

ယဲ့ချင်းမင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

"တလော့အင်မော်တယ် အရှိန်အဝါပဲ.. ပိယွင်အင်မော်တယ်နန်းတော်က တလော့ အင်မော်တယ်ပဲ ဖြစ်ရမယ်"

"တလော့ အင်မော်တယ်လောက်က ဘာကြောက်စရာ ရှိလို့လဲ.. ငါကိုယ်တိုင် သွားပြီးတော့ ရင်ဆိုင်လိုက်မယ်"

အရှင်နှင်းမှုန်က နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်ပြီးနောက် တစ်ခဏအတွင်းမှာပင် နေရာမှ ပျောက်ကွယ်သွားခဲ့ရာ ယဲ့ချင်းမင်နှင့် အခြားသူများကလည်း လျင်မြန်စွာ လိုက်ပါသွားခဲ့ကြသည်။

မကြာမီမှာပင် သူတို့လူစုသည် စန်းယဲ့မြို့၏ အထက် ကောင်းကင်ယံ၌ ပေါ်လာခဲ့၏။

ယဲ့ချင်းမင်က ဆန့်ကျင်ဘက်ရှိ တာအိုဝတ်စုံဝတ် အဖိုးအိုကို မြင်လျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"အရှင်ပိကျန်းပါလား"

အရှင်ပိကျန်း ဆိုသည်မှာ ပိယွင်အင်မော်တယ် နန်းတော်မှ ရက်စက်ကြမ်းကြုတ်သော စိတ်ထားရှိပြီး သတ်ဖြတ်မှုများကြောင့် နာမည်ကျော်ကြားသည့် ဝါရင့် တလော့ အင်မော်တယ် တစ်ပါး ဖြစ်သည်။

ပိယွင်အင်မော်တယ် နန်းတော်က အရှင်ပိကျန်းကို စန်းယဲ့မြို့သို့ ဤမျှလောက် မြန်မြန်ဆန်ဆန် စေလွှတ်လိမ့်မည်ဟု ယဲ့ချင်းမင် ထင်မှတ်မထားခဲ့ပေ။

"ယဲ့ချင်းမင်...မင်းတို့ ယဲ့မိသားစုက ပိယွင်အင်မော်တယ်နန်းတော်ကို ရန်သူအဖြစ် သတ်မှတ်ရဲပြီး ငါ့ရဲ့ တပည့်တွေကိုတောင် သတ်ရဲတယ်.. မင်းတို့ သိပ်သတ္တိကောင်းနေပါလား"

အရှင်ပိကျန်းသည် ယဲ့ချင်းမင်တို့ လူစုကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ထိုခဏဝယ် သတ်ဖြတ်ခြင်း အရှိန်အဝါသည် ကောင်းကင်နှင့် မြေပြင် အနှံ့ ပဲ့တင်ထပ်သွားခဲ့သည်။

"ဟားဟား.. မင်းတို့ ပိယွင်အင်မော်တယ် နန်းတော်က ဟန်ယွင်အဆင့် အခြေခံ အုတ်မြစ် ရှိပေမဲ့ အဆုံးသတ်မှာတော့ တလော့ အင်အားစု တစ်စုပါပဲ.. မင်းတို့က မင်းတို့ရဲ့ စီရင်ပိုင်ခွင့် အာဏာအောက်မှာ ရှိတဲ့ အင်အားစုတွေထဲက ပါရမီရှင်တွေကို အတင်းအကျပ် ခေါ်ဆောင်ခဲ့ကြတယ်.. ငါ့အမြင်တော့ ပိယွင်အင်မော်တယ် နန်းတော်ရဲ့ တစ်ချိန်က ဂုဏ်ကျက်သရေတွေ အားလုံးက မြောင်းထဲ ရောက်သွားခဲ့ပြီ"

ယဲ့ချင်းမင် စကားမပြောမီမှာပင် အရှင်နှင်းမှုန်၏ အေးစက်စက် စကားသံက ထွက်ပေါ်လာခဲ့သည်။

အရှင်နှင်းမှုန်ကို မြင်လျှင် အရှင်ပိကျန်း၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

"မင်း ဘယ်သူလဲ.. ဘာဖြစ်လို့ ငါတို့ ပိယွင်အင်မော်တယ်နန်းတော်ရဲ့ ကိစ္စကို ဝင်ရောက် စွက်ဖက်နေတာလဲ"

သူက သူ့ရှေ့မှ ကျင့်ကြံသူ၏ အရှိန်အဝါကို ထိုးဖောက် မမြင်နိုင်ချေ။

အကယ်၍ သူ မျှော်လင့်ထားသည့်အတိုင်းသာ မှန်ကန်ခဲ့လျှင် ထိုလူသည် အနည်းဆုံး တလော့အင်မော်တယ် အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။

အဆုံးသတ်တွင် သူ၏ တပည့်ဖြစ်သူ အဘယ်ကြောင့် ဤနေရာ၌ ကျဆုံးခဲ့ရသည်ကို သူ နားလည်သွားခဲ့သည်။

အရှင်နှင်းမှုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ့နာမည် နှင်းမှုန်.. ယဲ့ချင်းမင်ရဲ့ သမီး ယဲ့လင်းက ငါ့ရဲ့ တပည့်ပဲ.. ငါ မင်းတို့ကို သတိပေးလိုက်မယ်.. ယဲ့မိသားစုကို အနိုင်ကျင့်ဖို့ မစဥ်းစားနဲ့.. မဟုတ်ရင် အကျိုးဆက်တွေကို မင်းတို့ ကိုယ်တိုင် တာဝန်ယူရလိမ့်မယ်"

"ဟမ့်.. အတော် လေလုံးထွားလှချည်လား.. မင်းက တလော့အင်မော်တယ် ဖြစ်နေရင်တောင်မှ ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ရဲ့ နယ်မြေထဲမှာ မောက်မာဖို့ အရည်အချင်း မရှိဘူး"

စကားဆုံးသည်နှင့် အရှင်ပိကျန်း၏ မျက်ဝန်းအစုံတွင် စူးရှသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။

အရှင်ပိကျန်း၏ ဆံပင်ဖြူများသည် လေထဲတွင် ပျံလွင့်နေပြီး သူ၏ မျက်လုံးထဲမှ ဓားအလင်းတန်းများက ပိုမို ပြင်းထန်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်ကနေ အလွန်အမင်း လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ရာ မိုင်ပေါင်း ထောင်ချီ ဧရိယာ အတွင်းရှိ လေထုသည်ပင်လျှင် အေးခဲကာ စုစည်းသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ အင်မော်တယ် အဆီအနှစ် စွမ်းအားများသည် လုံးဝ မစီးဆင်းနိုင်တော့ချေ။

ဤအခိုက်အတန့်တွင် ယဲ့မိသားစုမှ ယဲ့ချင်းမင် အပါအဝင် ရွှေအင်မော်တယ်များသည် သူတို့၏ ခန္ဓာကိုယ် အတွင်းရှိ ရွှေအင်မော်တယ် စွမ်းအားများ ပိတ်လှောင်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှားရန်ပင် ခက်ခဲသွားခဲ့သည်။

သို့သော် အရှင်နှင်းမှုန်ကမူ လေညင်းလေး တစ်ခု တိုက်ခတ်လာသကဲ့သို့ပင် သဘောပိုက်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

"မင်းရဲ့ အရည်အချင်းက ဒီလောက်ပဲလား"

အရှင်နှင်းမှုန် အပေါ် မည်သည့် သက်ရောက်မှုမှ မရှိသည်ကို မြင်လျှင် အရှင်ပိကျန်း ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့သည်။

"အေးခဲစမ်း"

အရှင်ပိကျန်းက အပိုစကားများကို ပြောမနေတော့ဘဲ လက်ဟန်များကို ပြုလုပ်လိုက်သည်။

"ဝုန်း"

ပတ်ဝန်းကျင်ရှိ အင်မော်တယ် အဆီအနှစ် စွမ်းအားများသည် တစ်ခဏအတွင်း အေးခဲသွားခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါဖိအား တစ်ခုသည် ထိုက်စန်းတောင် ကဲ့သို့ ဟင်းလင်းပြင်ကနေ စန်းယဲ့မြို့ဆီ ဖိနှိပ်လာခဲ့သည်။

အကယ်၍ ဤစွမ်းအားကို ဖိနှိပ်ရန် ခွင့်ပြုလိုက်လျှင် စန်းယဲ့မြို့ တစ်ခုလုံးသည် တစ်ခဏအတွင်း ဘာမှမကျန်ရှိသော နေရာတစ်ခု အဖြစ် ပြောင်းလဲသွားလိမ့်မည်ကိုပင် စိုးရိမ်ရ၏။

အရှင်နှင်းမှုန်က တည်ငြိမ်သော အမူအရာဖြင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

"ပျက်စီးစမ်း"

ဟင်းလင်းပြင်ထဲကနေ ဖိနှိပ်လာသော စွမ်းအားများသည် အရှင်နှင်းမှုန် လက်ချက်ဖြင့် တစ်ခဏအတွင်း ပျက်စီးသွားခဲ့သည်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ထိုစွမ်းအားများသည် စန်းယဲ့မြို့၏ အထက် ကောင်းကင်ယံတွင် တစ်ခဏအတွင်း လုံးဝ ပျောက်ကွယ်သွားခဲ့ခြင်းပင်။

"ကောင်းတယ် သိပ်ကောင်းတယ်.. မင်းမှာ တကယ်ကို အရည်အချင်း အချို့ ရှိနေတာပဲ.. မင်းက ငါတို့ ပိယွင်အင်မော်တယ်နန်းတော်ရဲ့ နယ်မြေထဲမှာ ရမ်းကားရဲတာ မဆန်းတော့ဘူး"

သူ၏ တိုက်ခိုက်မှု နှစ်ကြိမ်စလုံးကို အရှင်နှင်းမှုန်က အေးအေးလူလူပင် ချေဖျက်ခဲ့သဖြင့် အရှင်ပိကျန်း၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။

သူ၏ မျက်လုံးထဲတွင် ထက်ရှသော အလင်းတန်းများ လင်းလက်သွားခဲ့၏။

"မင်း ဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ကို ဆန့်ကျင်တာက ကိုယ့်သေလမ်း ကိုယ်ရှာတာပဲ"

ထိုစကားကို ပြောပြီးသည်နှင့် အရှင်ပိကျန်းက သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။

"ဝှစ်.."

သူ၏ အင်္ကျီလက်စထဲကနေ အစိမ်းရောင် ဓားတိုလေး တစ်လက် ပျံသန်း ထွက်ပေါ်လာသည်။

ယင်း ဓားတိုလေးသည် လေထုထဲသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် ကြောက်မက်ဖွယ် အင်မော်တယ် စွမ်းအားများ ကိန်းအောင်းနေသည့် ဓားအလင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဓားအလင်းက တုန်လှုပ် ခြောက်ခြားစရာကောင်းသည့် ထိတ်လန့်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

အရှင်ပိကျန်း၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အရှင်နှင်းမှုန်ကို ပုရွက်ဆိတ် တစ်ကောင် ကဲ့သို့ ကြည့်လိုက်သည်။

"စီနီယာ သတိထားပါ.. ဒါက ထိုက်ယီအဆင့် အင်မော်တယ် လက်နက် ဖြစ်တဲ့ ပိရွှမ်း အင်မော်တယ်ဓားပဲ"

ဤမြင်ကွင်းကို မြင်လျှင် ယဲ့ချင်းမင်၏ မျက်နှာအမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန် သတိပေးလိုက်သည်။

တစ်ချိန်က ဟန်ယွင်အဆင့် အင်အားစု တစ်စု ဖြစ်ခဲ့ဖူး၍ ပိယွင်အင်မော်တယ် နန်းတော်ကို သာမန် တလော့ အဆင့်အင်အားစုများနှင့် နှိုင်းယှဉ်၍ မရချေ။

ဆိုရလျှင် ပိယွင်အင်မော်တယ် နန်းတော်သည် ထိုက်ယီ အဆင့် အင်မော်တယ် လက်နက်များနှင့် ဟန်ယွင်အဆင့် အင်မော်တယ် လက်နက်များကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

အရှင်ပိကျန်း၏ လက်ထဲတွင်ရှိသော ပိရွှမ်း အင်မော်တယ်ဓားမှာ ကျော်ကြားသော ထိုက်ယီအဆင့် အင်မော်တယ် ဓားတစ်လက် ဖြစ်၏။

အခန်း(၂၈၉၅) ပြီး၏

All Chapters