← Chapters

အခန်း ၂၈၉၆

Vol. 230 Ch. 2896

အခန်း ၂၈၉၆

Vol. 230 Ch. 2896

အခန်း(၂၈၉၆)

အရှင်ပိကျန်း ထုတ်ဖော်လိုက်သော ထိုက်ယီအဆင့် အင်မော်တယ်ဓားကို မြင်သော်လည်း အရှင်နှင်းမှုန်၏ မျက်နှာအမူအရာက အလွန်ပင် တည်ငြိမ်နေခဲ့သည်။

ဟန်ယွင် အဆင့် အင်မော်တယ် တစ်ဦး အနေဖြင့် အရှင်နှင်းမှုန်သည် သူ၏ အထွတ်အထိပ် အချိန်တွင် ဟန်ယွင်အဆင့် အင်မော်တယ် လက်နက် တစ်ခုထက်မက ပိုင်ဆိုင်ခဲ့ဖူးရာ သာမန် ထိုက်ယီ အဆင့် အင်မော်တယ် လက်နက်လောက်ကို မည်ကဲ့သို့ ထိတ်လန့်ရပါမည်နည်း။

"ထိုက်ယီအဆင့် အင်မော်တယ်ဓားလောက်နဲ့ ဒီအရှင်ကို ခြောက်လှန့်ချင်နေတာလား"

အရှင်နှင်းမှုန်၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ရာ အရပ်လေးမျက်နှာမှ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များသည် အရှင်နှင်းမှုန်၏ လက်သီး ပေါ်သို့ စုစည်းလာကြပြီး သူ၏ တစ်ကိုယ်လုံးသည်ပင် အင်မော်တယ်စွမ်းအား နှင်းခဲများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ယင်းနောက် သူက ရှေသို့ လှမ်းတက်ပြီး အရှင်ပိကျန်းထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဟင်းလင်းပြင်က ပရမ်းပတာ ဖြစ်သွားခဲ့ပြီး လေထုသည်ပင် အတော်မသတ် တုန်ခါသွားခဲ့သည်။

ထိတ်လန့်ဖွယ်ကောင်းသော အအေးဓာတ်သည် ကောင်းကင်နှင့် မြေကြီး ကြားရှိ အပူချိန်ကို အရှိန်အဟုန်ဖြင့် ကျဆင်းသွားစေခဲ့သည်။

"မင်းက ဒီလောက်တောင် သေချင်နေမှတော့ ဒီအရှင်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"

အရှင်ပိကျန်းက သူ့ရှေ့ရှိ လေထုထဲမှ ပိရွှမ်း အင်မော်တယ်ဓားကို လှမ်းကိုင်၍ ဝှေ့ယမ်းလိုက်ရာ ပေတစ်ထောင်နီးပါး ရှိသော ဓားအလင်းတန်းသည် ဟင်းလင်းပြင်ကို ချက်ချင်း ဖြတ်ကျော်ကာ အရှင်နှင်းမှုန် ထံသို့ တိုက်ရိုက်ပင် ဦးတည်လာခဲ့သည်။

ပေတစ်ထောင်ရှိသော ဓားအလင်းတန်းသည် နဂါးတစ်ကောင်ကဲ့သို့ လျင်မြန် ဖြတ်လတ်စွာဖြင့် ကောင်းကင်ယံကို ကျော်ဖြတ်သွားခဲ့၏။

"ဝုန်း.. ဝုန်း.."

လက်သီးချက်နှင့် ဓားအလင်းသည် ဟင်းလင်းပြင်ထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေပြင် ကြားတွင် အချိန်အတော်ကြာ ပဲ့တင်ထပ်သွားခဲ့သည်။

ပြင်းထန်သော စွမ်းအင်လှိုင်းများသည် စန်းယဲ့မြို့ အထက်ရှိ ဟင်းလင်းပြင်ကို ရိုက်ခတ်သွားခဲ့၏။

အင်အား နှစ်ခုက ဟင်းလင်းပြင် ထဲတွင် တစ်ခဏမျှ ရောယှက်နေခဲ့ပြီးနောက်တွင် ပေတစ်ထောင် ရှည်လျားသော ဓားအလင်းတန်းသည် အရှင်နှင်းမှုန်၏ လက်သီးချက် အောက်တွင် တစ်လက်မချင်းစီ တိုက်ရိုက် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။

အဆုံးသတ်တွင် အရှင်ပိကျန်း၏ လက်ထဲရှိ ပိရွှမ်း အင်မော်တယ်ဓားသည်ပင် အဆက်မပြတ် တုန်ခါသွားခဲ့၏။

သူ၏ တိုက်ခိုက်မှုက တစ်ဖက်လူ၏ ဖိနှိပ်ခြင်း ခံလိုက်ရသည်ကို မြင်လျှင် အရှင်ပိကျန်း အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

သို့ရာတွင် သူက အရှင်နှင်းမှုန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့်တိုင် အနည်းငယ်မျှပင် ထိတ်လန့် တုန်လှုပ်ခြင်း မရှိခဲ့ပေ။

သူက ပိရွှမ်းအင်မော်တယ်ဓားဖြင့် ဓားကွက် တစ်ကွက်ထုတ်ဖော်၍ အရှင်နှင်းမှုန်၏ ကျန်ရှိနေသော လက်သီး စွမ်းအားများကို ချေမှုန်းပစ်လိုက်သည်။

"နောက်ထပ် လက်သီးချက် တစ်ချက်လောက် မြည်းကြည့်လိုက်ဦး"

အရှင်နှင်းမှုန်က ဟင်းလင်းပြင်ကို ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး မည်သို့မျှ တုံ့ဆိုင်းမနေဘဲ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်သည်။

အရှင်ပိကျန်းကလည်း ပိရွှမ်း အင်မော်တယ်ဓားကို လှုံ့ဆော်ပြီး ဓားချက် သုံးချက်ကို ဆက်တိုက် ထုတ်ဖော်လိုက်၏။

သို့ရာတွင် ဓားအလင်းများက အရှင်နှင်းမှုန်၏ အနားသို့ သက်ရောက်သွားသော်လည်း အရှင်နှင်းမှုန်၏ အကာအကွယ် အလွှာကို လုံးဝ မထိုးဖောက်နိုင်ခဲ့ချေ။

ထိုခဏဝယ် အရှင်ပိကျန်းသည် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို အသုံးပြုပြီး သူ၏ စွမ်းအား အလုံးစုံကို ပိရွှမ်းအင်မော်တယ်ဓား ပေါ်တွင် စုစည်းကာ အရှင်နှင်းမှုန်ကို ဓားချက် တစ်ချက်တည်းဖြင့် အပြတ် ခုတ်ပိုင်းလိုက်သည်။

သို့သော်လည်း အရှင်နှင်းမှုန်၏ လက်ရှိခန္ဓာကိုယ်မှာ အင်မော်တယ်ဘုရင် ရုပ်အလောင်း ဖြစ်ပြီး ယင်းမှာ ထိုက်ယီအဆင့် အင်မော်တယ် လက်နက်ထက် မနိမ့်ကျသည့် ရုပ်ပိုင်းဆိုင်ရာ လက်နက် တစ်ခု ဖြစ်၏။

ယင်းကြောင့် အရှင်ပိကျန်းက သူ၏ ခွန်အား အလုံးအရင်းဖြင့် ထုတ်ဖော်လိုက်သော ဓားချက် ဖြစ်သည့်တိုင် အရှင်နှင်းမှုန်ကို ဘာမှမတတ်နိုင်ခဲ့ချေ။

"ဝုန်း.. ဝုန်း.."

တလော့အင်မော်တယ် အဆင့်ရှိ အင်အားကြီး ပုဂ္ဂိုလ်နှစ်ဦးက လေထုထဲတွင် အဆက်မပြတ် တိုက်ခိုက်နေကြသဖြင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်၏ မိုင်ပေါင်းထောင်ချီ ဧရိယာက ပရမ်းပတာ ဖြစ်သွားခဲ့သည်။

အရှင်ပိကျန်းက ထိုက်ယီ အဆင့် အင်မော်တယ်ဓား ဖြစ်သော ပိရွှမ်း အင်မော်တယ်ဓားကို အသုံးပြုခဲ့သော်လည်း အရှင်နှင်းမှုန်၏ လက်ထဲတွင် အနည်းငယ်မျှပင် အသာစီးမရခဲ့ဘဲ ထိုအစား အရှင်နှင်းမှုန်၏ သေလုမတတ် ဖိနှိပ်ခြင်းကိုသာ ခံခဲ့ရသည်။

အဆုံးသတ်တွင် အရှင်ပိကျန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အရှင်နှင်းမှုန်၏ ပြင်းထန်သော လက်သီးချက်ကြောင့် ပေရာချီ အဝေးထိ လွင့်စင်သွားခဲ့သည်။

“ဒီလူက ဘယ်သူလဲ.. ဘယ်လိုလုပ်ပြီး ဒီလိုခွန်အားမျိုး ရှိနေရတာလဲ”

အရှင်ပိကျန်းက တဖြည်းဖြည်း ပို၍ ထိတ်လန့် တုန်လှုပ်လာခဲ့သည်။

ပိယွင် အင်မော်တယ် နန်းတော်၏ ဝါရင့် တလော့အင်မော်တယ် တစ်ပါး ဖြစ်သည့် အရှင်ပိကျန်းသည် တလော့အင်မော်တယ် နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပိရွှမ်းအင်မော်တယ်ဓား၏ ပေါင်းစပ်မှုဖြင့် ဆိုလျှင် တလော့ အထွတ်အထိပ် အဆင့်ရှိ အင်မော်တယ်အရှင် တချို့ နှင့် ရင်ဆိုင်ရလျှင်ပင် အရှင်ပိကျန်းသည် ကောင်းစွာ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟု ယုံကြည်မှု ရှိသည်။

ယခုအခါတွင်မူ သူတစ်ခါမျှ မကြားဖူးသော အရှင်နှင်းမှုန် ဆိုသူ၏ လက်ထဲတွင် သူ့အနေဖြင့် ခုခံနိုင်စွမ်း သိပ်မရှိပေ။

အရှင်နှင်းမှုန်က အရှင်ပိကျန်းကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။

"အရှင်ပိကျန်း.. မင်းရဲ့ ခွန်အားက သိပ်တော့လည်း မဟန်ပါလား"

အရှင်ပိကျန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိူက်လိုက်ပြီး ပိရွှမ်း အင်မော်တယ်ဓားကို ချက်ချင်း လှုံ့ဆော်လိုက်သည်။

ထိုခဏဝယ် ပိရွှမ်း အင်မော်တယ်ဓား၏ စွမ်းအားက အစွမ်းကုန် စုစည်းကာ သိပ်သည်းသွားခဲ့ပြီး ပိုမို အန္တရာယ်ရှိသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့၏။

အရှင်ပိကျန်းက ချက်ချင်းပင် ဓားချက် တစ်ချက် ထုတ်ဖော်လိုက်သည်။

ဤဓားချက်က အရှင်ပိကျန်း ယခင် ထုတ်ဖော်ဖူးသမျှ မည်သည့် ဓားချက်ထက် မဆို ပိုမို ထိတ်လန့်စရာ ကောင်းနေခဲ့၏။

တလော့အင်မော်တယ် တစ်ပါးပင်လျှင် စိတ်နှလုံးအေးခဲသွားသလို တုန်လှုပ်သွားရလိမ့်မည် ဖြစ်သည်။

"ဒီဓားချက်က နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ.. ဒါပေမဲ့ ငါ့ကို ရင်ဆိုင်ချင်တယ် ဆိုရင်တော့ အဲဒီလောက်နဲ့ မလုံလောက်သေးဘူး"

အရှင်နှင်းမှုန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို လက်နှစ်ဖက်တွင် စုစည်းလိုက်သည်။

ထို့နောက်တွင် မယုံကြည်နိုင်လောက်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ယင်းမှာ အရှင်နှင်းမှုန်သည် သူ့ကို ခုတ်ပိုင်းလာသော ပိရွှမ်းအင်မော်တယ်ဓားကို သူ၏ လက်ဖဝါး ထဲ၌ ညှပ်ဖမ်းထားလိုက်ခြင်းပင်။

"လွှတ်စမ်း"

အရှင်ပိကျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ပိရွှမ်းအင်မော်တယ်ဓား ပေါ်ရှိ အင်မော်တယ်စွမ်းအား အလင်းသည် ပိုမို တောက်ပလာခဲ့ပြီး အစွယ်နှင့် လက်သည်းများရှိသော နှင်းနဂါး တစ်ကောင် ကဲ့သို့ ရုန်းကန်လှုပ်ရှားကာ ချုပ်နှောင်မှုကနေ လွတ်မြောက်ရန် ကြိုးစားနေခဲ့သည်။

မရေမတွက်နိုင်သည့် သေးငယ်သော ဓားအလင်းတန်းများသည် အရှင်နှင်းမှုန်၏ လက်ဖဝါးကနေ အရှင်နှင်းမှုန်ထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သို့ရာတွင် အရှင်နှင်းမှုန်က အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏ လက်ဖဝါးများဖြင့် ပိရွှမ်းအင်မော်တယ်ဓားကို ညှပ်ထားဆဲပင်။

သူက ပါးစပ်ကနေ အေးစက်စက် ရေရွတ်လိုက်သည်။

"ဖိနှိပ်စမ်း"

လူတိုင်းကို ထိတ်လန့် တုန်လှုပ်စေမည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

လှိုင်းလုံးကြီးများကဲ့သို့ တလော့အင်မော်တယ်စွမ်းအားများသည် အရှင်နှင်းမှုန်၏ ခန္ဓာကိုယ်ကနေ လက်နှစ်ဖက်စလုံး အတွင်းသို့ စီးဆင်း ဝင်ရောက်သွားခဲ့ပြီး သူ၏ လက်ဖဝါးထဲတွင် အင်မော်တယ်စွမ်းအား အလင်းများ ပိုမိုတောက်ပလာခဲ့သည်။

ယင်း အင်မော်တယ် စွမ်းအားအလင်းက ပိရွှမ်းအင်မော်တယ်ဓားပေါ်ရှိ ဓားအလင်းတန်းကို တိုက်ရိုက်ပင် နှိမ်နင်းပစ်လိုက်ပြီး အဆုံးသတ်တွင် အရှင်ပိကျန်းနှင့် ပိရွှမ်းအင်မော်တယ်ဓားတို့ ကြားရှိ ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်လိုက်ရာ အရှင်ပိကျန်းသည် ပိရွှမ်းအင်မော်တယ်ဓားကို လက်လွှတ်လိုက်ရသည်။

"ဝေါ့."

ပိရွှမ်း အင်မော်တယ်ဓားက အရှင်နှင်းမှုန်၏ အတင်းအကျပ် လုယူခြင်းကို ခံလိုက်ရသဖြင့် အရှင်ပိကျန်း၏ လည်ချောင်းထဲတွင် ချိုမြသော အရသာကို ခံစားလိုက်ရပြီး သွေးတစ်လုပ်ကို မအောင့်အီးနိုင်တော့ဘဲ အန်ထုတ်လိုက်ရသည်။

ကောင်းကင်ယံရှိ ကောင်းကင် ပြိုလဲမတတ် တိုက်ပွဲကို ကြည့်ရင်း ယဲ့မိသားစုမှ ယဲ့ချင်းမင်နှင့် အခြားသူများသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်မိလိုက်ကြသည်။

အရှင်နှင်းမှုန်သည် ဟန်ယွင် အင်မော်တယ် အဆင့်သို့ ရောက်ရှိခဲ့ဖူးသည့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဆိုသော ဂုဏ်ပုဒ်နှင့် ထိုက်တန်၏။

ပိယွင်အင်မော်တယ် နန်းတော်၏ ကျော်ကြားသော တလော့အင်မော်တယ် ဖြစ်သည့် အရှင်ပိကျန်း ပင်လျှင် အရှင်နှင်းမှုန်၏ ရှေ့မှောက်တွင် မည်သို့မျှ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိချေ။

“ဒီလူ့ရဲ့ ခွန်အားက ဘာဖြစ်လို့ ဒီလောက်တောင် သန်မာနေရတာလဲ”

အရှင်ပိကျန်းက သူ၏ ခန္ဓာကိုယ် အတွင်း မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

သူ၏ မျက်နှာအမူအရာက အလွန်ပင် သုန်မှုန်နေခဲ့၏။

သူ၏ ခွန်အား အလုံးအရင်းဖြင့် ပိရွှမ်း အင်မော်တယ်ဓားကို အသုံးပြုကာ ခုတ်ပိုင်းလိုက်သော ဓားချက်ကို ဆန့်ကျင်ဘက်ရှိ အရှင်နှင်းမှုန်သည် လက်ဗလာဖြင့် ဖမ်းညှပ်ထားလိုက်ရုံသာမက သူ၏ ပိရွှမ်း အင်မော်တယ်ဓားကိုပင် လုယူသွားလိမ့်မည်ဟု သူ တစ်ခါမှ ထင်မှတ်မထားခဲ့ချေ။

တစ်ဖက်လူသည် ဓားသွားကို လက်ဗလာဖြင့် ဖမ်းဆုပ်ကာ အင်မော်တယ် လက်နက်ကို အတင်းအကျပ် လုယူသွားခဲ့သည်။

ဤအရှင်နှင်းမှုန်သည် ထိုက်ယီ အဆင့် အင်မော်တယ် မဟုတ်လျှင်ပင် ထိုက်ယီ အဆင့်ကို ရောက်ရင် သိပ်မလိုလောက်တော့ချေ။

"အရှင်နှင်းမှုန်.. မင်း ငါ့ကို စောင့်နေလိုက်.. ငါတို့ ပိယွင်အင်မော်တယ် နန်းတော်က ဒီနေ့ကိစ္စ အတွက် မင်းကို ကြီးမားတဲ့ အဖိုးအခ သေချာပေါက် ပေးဆပ်စေမယ်"

အရှင်နှင်းမှုန်၏ ခွန်အားက အလွန်တရာ သန်မာသဖြင့် အရှင်ပိကျန်းသည် သူက အရှင်နှင်းမှုန်၏ ပြိုင်ဘက် မဟုတ်မှန်း ကောင်းစွာ နားလည်သွားခဲ့သည်။

သူက အရှင်နှင်းမှုန်၏ လုယူခြင်း ခံလိုက်ရသော ပိရွှမ်းအင်မော်တယ်ဓားကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရှင်နှင်းမှုန်ကို ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက်တွင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံ ဆီသို့ တိုးဝင်၍ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

အခန်း(၂၈၉၆) ပြီး၏

All Chapters