← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄)

ယခုကာလသည် ဟွာကျိုင်းဂိုဏ်းအတွက် အတော်ပင် ဂယတ်ထနေသော အချိန်ဖြစ်သည်။ ပထမဦးစွာ ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ တုန်လှုပ်ဖွယ်ရာ အရှုပ်တော်ပုံများ မရေမတွက်နိုင်အောင် တစ်ခုပြီးတစ်ခု ဖော်ထုတ်ခံရပြီးနောက် ယခုအခါ ဂိုဏ်း၏လူထုပုံရိပ်မှာလည်း အထိနာသွားပြီဖြစ်သည်။

ဖရဲသီးရွှေ့ပြောင်းသူ၏ နောက်ဆုံးပို့စ်ကို မြင်ပြီးနောက် ဂိုဏ်း၏ အငယ်တန်း ထပည့်များသည် ထိုကိစ္စကို ကွယ်ရာတွင် အတင်းပြောနေကြသည်။

“စစ်မှန်တဲ့ဘုရင်က တကယ်ပဲ...”

“ရှူး... ဒီအကြောင်းကို ပြောရအောင်၊ မင်းက သေလမ်းရှာနေတာလား”

“ငါတို့က သီးသန့်ပြောနေတာပဲဟာ၊ ဘာဖြစ်မှာမလို့လဲ”

“ငါတကယ် မထင်ထားဘူး၊ စစ်မှန်တဲ့ဘုရင်က... မက်မွန်နတ်ဘုရားမက သူ့ကို စိတ်ဝင်စားကြောင်း တိုက်ရိုက်ပြောခဲ့တာတောင် လက်မခံခဲ့တာကို မအံ့ဩတော့ပါဘူး”

“သူ့စိတ်ထဲမှာလည်း စိတ်ဒွိဟဖြစ်ပြီး နာကျင်နေမှာပဲ။ နောက်ဆုံးတော့ အဲ့ဒါက မက်မွန်နတ်ဘုရားမလေ။ ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ...”

တပည့်များ တီးတိုးပြောဆိုနေကြစဉ် ကုန်းချိန် နေထိုင်နေသည့် တောင်တန်းမှ ပြင်းထန်သော ဝိဉာဉ်စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပြင်းထန်စွာ လှုပ်ခတ်သွားသည်။

အဆိုပါစွမ်းအင်လှုပ်ခတ်မှုသည် အလွန်ပြင်းထန်သဖြင့် မျက်စိတစ်မှိတ်အတွင်း တောင်ထိပ်၏ တစ်ဝက်ကို ပြားကပ်သွားစေသည်။ နတ်သစ်ပင်များ၊ ထူးခြားသော ရှုခင်းများနှင့် ရှားပါးသော ပန်းများသည် ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။

ဟွာကျိုင်းဂိုဏ်း တစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားလေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် လေထုထဲတွင် စစ်မှန်သောဘုရင်၏ တိုက်ခိုက်မှုမှ အသက်ရှုကျပ်စေသည့် အရှိန်အဝါများ အချိန်အတော်ကြာ ကျန်ရစ်နေပြီး လူတိုင်း၏နှလုံးသားကို တုန်ရင်စေသည်။

တပည့်များမှာ ကြောက်လန့်တုန်ရီနေကြပြီး စစ်မှန်သောဘုရင်၏ အတွေးများကို ခန့်မှန်းခြင်းအား မရပ်နိုင်ကြပေ။

စစ်မှန်တဲ့ဘုရင်ရဲ့ အနာပေါ် တုတ်ကျသွားလို့များ ဒီလိုမျိုး ဒေါသတကြီး ပေါက်ကွဲသွားတာလား

—

အမှန်မှာ ကုန်းချိန်သည် မက်မွန်နတ်ဘုရားမထံမှ အသံလွှင့်ခြင်းကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

သူမ၏ လေသံမှာ ယခင်ကကဲ့သို့ပင် ဖြစ်သော်လည်း ပို၍ နူးညံ့နေပြီး သူမကိုယ်တိုင်ပင် သတိမထားမိသော သနားသည့်အရိပ်အယောင်များ ပါဝင်နေပါသည်။ “ကုန်းချိန်၊ ရှင် အရင်က ကျွန်မကို ငြင်းခဲ့တာကို ကျွန်မခွင့်လွှတ်ပါတယ်”

သူမသည် ကုန်းချိန်အပေါ် အချိန်အတော်ကြာ ရန်ငြိုးထားခဲ့သည်။ အကယ်၍ ဒီကိစ္စကိုသာ စောစောစီးစီး သိခဲ့ပါက သူမ၏ ခံစားချက်များကို ရှေးယခင်ကတည်းက စွန့်လွှတ်ခဲ့မည်ဖြစ်သည်။

၎င်းကို ကြားပြီးနောက် ကုန်းချိန်သည် သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ညှင်သာစွာ ချေမွလိုက်ရာ ချက်ချင်းပင် အမှုန့်အဖြစ်သို့ ပြောင်းသွားသည်။

သူ၏ လေသံမှာ အေးစက်လှသည်။ “ဖရဲသီးရွှေ့ပြောင်းသူက ချီသန့်စင်ခြင်းအဆင့်မှာတဲ့လား၊ ဟက်”

“ဖရဲသီးရွှေ့ပြောင်းသူ”သည် ယခု သူမ၏ အဖွဲ့ဝင်များနှင့်အတူ လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုသို့ အလျင်စလို သွားနေလေသည်။

လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုမှ ပြင်းထန်သော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအလင်းတန်းမှာ ညကောင်းကင်တွင် သိသာထင်ရှားနေပြီး ပျောက်ကွယ်မသွားမီ မိနစ်အနည်းငယ်ကြာအောင် ရှိနေခဲ့သည်။

လျှို့ဝှက်နယ်မြေအတွင်းရှိ တပည့်အများစုမှာ ထိုအရပ်သို့ အလုအယက် သွားနေကြလေသည်။

နဉ်ရွှီနှင့် သူမ၏အဖွဲ့ ထွက်လာပြီး မကြာမီမှာပင် ညာဘက်မှ တိုက်ပွဲဖြစ်ပွားသံကို ကြားလိုက်ရသည်။

သူမသည် ဝင်ရောက်ပတ်သက်ရန် မရည်ရွယ်ထားသော်လည်း ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် ပြောလာသည်။ [Host သူrမကို ကူညီလိုက်]

နဉ်ရွှီက ပေါက်ကွဲစေတတ်သော အဆောင်များကို ထိုဘက်သို့ ပစ်ပေါက်ရင်း [ရုတ်တရက်ကြီး ဘာလို့ ဒီလောက် ကြင်နာသွားရတာလဲ] ဟု တိုးတိုးလေးရေရွှတ်လိုက်သည်။

ဖရဲသီးစားတဲ့စနစ်က ခပ်တိုးတိုး ရယ်မောလိုက်သည်။ [ဒါက တကယ့် ပွဲကြီးပွဲကောင်းပဲ]

နဉ်ရွှီ [???]

အမျိုးသမီး ကျင့်ကြံသူကို ဝိုင်းဝန်းတိုက်ခိုက်နေသော ကျင့်ကြံသူတော်တော်များများမှာ ပေါက်ကွဲစေသော အဆောင်များကြောင့် ဒဏ်ရာရရှိသွားကြသည်။ သူတို့သည် ကုသရေး ဆေးပြားများကို ချက်ချင်းသောက်လိုက်ကြပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဘယ်သူလုပ်တာလဲကွ”

သူတို့ရလိုက်သည့် အဖြေမှာ လွန်ခဲ့သော နာရီအနည်းငယ်က နဉ်ရွှီ လေ့ကျင့်ထားသော “ကြယ်တာရာ ပြောင်းပြန်စီးဆင်းခြင်း” နည်းစနစ်ပင် ဖြစ်သည်။

ကြယ်တာရာများ၏ စွမ်းအားသည် လျှပ်စီးလိုအရှိန်ဖြင့် သူတို့ကို ထိမှန်လာသည်။ ဓားချီများ သူတို့ကို ထိတော့မည့် အချိန်တွင် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ငွေရောင်ကြယ်အလင်းတန်းများသည် အသက်သေစေနိုင်သော လေဓားများအဖြစ် ပြောင်းလဲသွားကာ သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

မျက်ိစတမှိတ်အတွင်း တိုက်ခိုက်သူ သုံးဦးအနက် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားသည်။

အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူ နှစ်ဦးမှာ ရန်သူကို မယှဉ်နိုင်ကြောင်း သိရှိသွားပြီး နဉ်ရွှီကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်ကာ မတတ်သာဘဲ မကျေမနပ်ဖြင့် ဆုတ်ခွာသွားကြသည်။

သူတို့ ထွက်သွားပြီးနောက် ဒဏ်ရာများဖြင့် ပြည့်နှက်နေသော အမျိုးသမီး ကျင့်ကြံသူမှာ နှုတ်ဆက်ဂါရဝပြုကာ နဉ်ရွှီကို ပြောလိုက်သည်။ “ကျွန်မက ယွင်ရှန်ကျင်းဂိုဏ်းက ရှင်းခွေ့ပါ၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ”

ရှင်းခွေ့ ?

နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ [ဒါက ဘယ်သူလဲ။ သူမကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ]

ဖရဲသီးစားခြင်းစနစ်က ချက်ချင်းပင် ရှင်းပြလာသည်။ [သူမက ယွင်ရှန်ကျင်းဂိုဏ်းက ဆရာတူအစ်မပဲ၊ အင်မတန် ကံဆိုးလွန်းတဲ့ သူတစ်ယောက်ပေါ့]

[နင် သူ့ကို ရင်းနှီးနေရတဲ့ အကြောင်းက စောစောက ဂူထဲမှာရှိတဲ့ ရုပ်ထုမှာ သူမကို တွေ့ခဲ့လို့ပဲ]

နဉ်ရွှီ နားလည်သွားသည်။ သူမက ထျန်းယာနယ်မြေမှ ပါရမီရှင်အဖြစ် အသိအမှတ်ပြုခြင်း ခံရသော ကျင့်ကြံသူ ဖြစ်နေသည်။

သူမလည်း ဂါရဝပြန်ပြုရင်း ဆိုလိုက်သည်။ “ရှင်က ကြင်နာတတ်တာပဲ တာအိုမိတ်ဆွေ၊ ကျွန်မက ဝမ့်ရှင်းဂိုဏ်းက နဉ်ရွှီပါ၊ သူတို့က ကျွန်မရဲ့ အဖွဲ့ဝင်တွေပါ”

ထို့နောက် သူမက ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ [နင် ဘာလို့ သူမကို ကံဆိုးလွန်းတဲ့သူလို့ ပြောတာလဲ]

ဖရဲသီးစားခြင်းစနစ်က တောက်ခေါက်သလို အသံပြုပြီး ရှင်းပြလာသည်။ [သူမ ငယ်ငယ်တုန်းက အဆင့်ရှစ် ဝိဉာဉ်ဆေးပင်ကို မတော်တဆ စားမိခဲ့တယ်။ အဆင့်ရှစ် ဝိဉာဉ်ဆေးပင်တစ်ပင် မတော်တဆ ရှာတွေ့တာဆိုတော့ ကံကောင်းတယ်လို့ ဆိုရမယ်။ အဲ့ဒီတုန်းက သူမက အဲ့ဒါကို သာမန်ပေါင်းပင်တစ်ပင်လို့ ထင်လိုက်တာ]

[ဒေါသထွက်စရာပဲ၊ အဲ့ဒီ အဆင့်ရှစ် ဝိဉာဉ်ဆေးပင်က အခု ဒီကမ္ဘာငယ်လေးထဲမှာ ပျောက်ကွယ်သွားပြီ။ နောက်ဆုံးတစ်ခုကို သူမက ဖြုန်းတီးပစ်လိုက်တာပဲ]

နဉ်ရွှီ [...]

[ပြီးတော့ရော]

ဖရဲသီးစားခြင်းစနစ်က ဆက်ပြောသည်။ [Host နင်စိတ်လှုပ်ရှားနေတယ်ဆိုတာ ငါ သိပါတယ်၊ စိတ်မပူနဲ့၊ ငါပြောတာကို ဖြေးဖြေးနားထောင်ပါဦး]

နဉ်ရွှီ [အေးပါ]

ရှင်းခွေ့ က နဉ်ရွှီကို အံ့သြသင့်စွာ ကြည့်လိုက်ပြီးနောက် မြန်မြန်ပင် ဘာမှမဖြစ်သလို စကားဆိုလိုက်သည်။ “တာအိုမိတ်ဆွေ၊ လျှို့ဝှက်နယ်မြေက အန္တရာယ်များတယ်၊ ကျွန်မ ရှင်တို့နဲ့အတူ သွားလို့ရမလား”

အမှန်စင်စစ်တွင် သူမသည်မ လျှို့ဝှက်နယ်မြေ၏ အန္တရာယ်များကို ကြောက်နေခြင်း မဟုတ်ဘဲ ထိုလျှို့ဝှက်ဆန်းကြယ်သော အသံက ဘာတွေ ဆက်ပြောမလဲဆိုတာကို သိချင်နေ၍ ဖြစ်သည်။

အခြားသူများ၏ စိတ်ထဲမှ စကားများကို ကြားနေရခြင်းအပေါ် သူမက မြန်မြန်ဆန်ဆန် လက်ခံလိုက်သည်။

နဉ်ရွှီ: “ရပါတယ်၊ ရှင်လည်း လျှို့ဝှက်နယ်မြေ အလယ်ဗဟိုကို သွားချင်တာမလား၊ အတူတူ သွားကြတာပေါ့”

ထိုအချိန်တွင် ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလေသည်။ [အဲ့ဒီ ဆေးပင်ကို စားပြီးတဲ့နောက် သူမခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာခဲ့တယ်]

[သူမရဲ့ အသွေးအသားတွေက တစ်ခြားသူတွေကို ကုသပေးနိုင်တယ်၊ သေလုနီးပါး အခြေအေနကနေ ပြန်လည်သက်သာလာစေနိုင်တဲ့ အစွမ်းတွေ ရှိနေတယ်]

ရှင်းခွေ့: ???

နဉ်ရွှီနှင့် အခြားသူများ: !!!

ဒါက တကယ့် ကျင့်ကြံခြင်းကမ္ဘာပဲ__ ဘာမဆို ဖြစ်လာနိုင်တယ်

နဉ်ရွှီက အဓိကကျသော မေးခွန်းတစ်ခုကို မေးလိုက်သည်။ [သူမကော အဲ့ဒါကို သိလား]

[သူမ သိလောက်သေးမှာ မဟုတ်ဘူး]

[သူမက သူမရဲ့လက်ရှိအခြေအနေကို မသိရှာဘူး။ လုံးဝကို အူတူတူ၊ အတတလေးပဲ]

ပထမဆုံးအကြိမ် အူတူတူနိုင်သည်ဟု အပြောခံရသဖြင့် ယွင်ရှန်ကျင်းဂိုဏ်းမှ ဆရာတူအစ်မ: .....

သူမသည် ခေါင်းငုံ့ကာ မြေပြင်ကို ကြည့်ရင်း တစ်ခုခုကို စဉ်းစားနေပုံရသည်။

သူမ ငယ်စဉ်က ညှိုးနွမ်းခြောက်သွေ့နေသော မြက်ပင်အချို့ကို တကယ်ပင် စားဖူးသည်။ ထိုအချိန်က သူမသည် သုံးရက်တိုင်တိုင် ဗိုက်ဆာနေခဲ့ပြီး ဘာမဆို စားနိုင်သည့် အခြေအနေ ဖြစ်နေခဲ့သည်။

ထိုမြက်ခြောက်ကို စားပြီးနောက် ဆာလောင်မှုများ ပျောက်ကွယ်သွားသည်။ ထိုစဉ်က သူမ ဘာကိုမှ သိပ်မတွေးခဲ့သော်လည်း အခု ပြန်စဉ်းစားကြည့်လျှင် ထိုကိစ္စမှာ တကယ်ပင် ထူးဆန်းနေသည်။

နဉ်ရွှီ: [အဲ့ဒါက သူမ ကံဆိုးတာနဲ့ ဘာဆိုင်လို့လဲ]

ဖရဲသီးစားခြင်းစနစ်က အေးအေးလူလူ ပြောလေသည်။ [သူမက မသိလိုက်ဘဲနဲ့ ဂိုဏ်းရဲ့ သွေးဘဏ်ကြီးဖြစ်နေတာ ဆယ်စုနှစ်တစ်ခုကျော်ပြီလေ၊ အဲ့ဒါက ကံမဆိုးတာလား]

နဉ်ရွှီ: [!!!]

ဆယ်စုနှစ်တစ်ခုကျော် သွေးထုတ်ပေးရတဲ့ ဘဏ်တဲ့လား

သူမက ရှင်းခွေ့ကို စိုက်ကြည့်လိုက်သည်။

ထိုဆရာတူအစ်မမှာ လက်ရှိရရှိထားသော ဒဏ်ရာများကြောင့်သွေးမရှိသကဲ့သို့ ဖြူဖျော့နေလေသည်။

ဖရဲသီးစားခြင်းစနစ်က အတင်းအဖျင်းများကို ဆက်လက် ပြောလေသည်။ [ခုနက သူမကို တိုက်ခိုက်ခဲ့တဲ့ ကျင့်ကြံသူ သုံးယောက်က ပစ္စည်းလုဖို့ ကြိုးစားတဲ့ လမ်းသွားလမ်းလာတွေ မဟုတ်ဘူး၊ သူမရဲ့ ဂိုဏ်းက လွှတ်လိုက်တဲ့သူတွေပဲ]

ဒါက ဘယ်လို ရန်ငြိုးမျိုး ရှိနေလို့လဲ

[ဘာလို့လဲ] နဉ်ရွှီ မနေနိုင်ဘဲ မေးလိုက်သည်။

ရှင်းခွေ့လည်း အကြောင်းရင်းကို သိချင်မိသည်။

ဖရဲသီးစားခြင်းစနစ်က ပုံမှန်အတိုင်းပင် ပြန်ဖြေသည်။ [ဘာလို့လဲဆိုတော့ အဲ့ဒီဘက်စုံ ကုသနိုင်တဲ့သွေးတွေက ကုန်တော့မှာမို့လို့ ပြန်ဖြည့်ဖို့ လိုနေတာလေ]

[ဒါပေမဲ့ ဂိုဏ်းထဲက လူတွေ တိုက်ရိုက်လုပ်ခိုင်းရင် သူမကို သတိပေးလိုက်သလို ဖြစ်မှာစိုးလို့ တခြားသူတွေကို လုပ်ဖို့ခိုင်းလိုက်တာ]

ဖရဲသီးစားခြင်းစနစ်က ထူးဆန်းစွာ ရယ်မောလာသည်။ [လျှို့ဝှက်နယ်မြေက ထွက်သွားပြီးရင် နင် သူမကို နောက်ထပ်မတွေ့ရတော့တာမျိုး ဖြစ်နိုင်တယ်]

နဉ်ရွှီက သူမ၏ အဖွဲ့ဝင်များသည် လျှို့ဝှက်နယ်မြေ အလယ်ဗဟိုသို့ သွားရင်း မေးလိုက်သည်။ [နင် ဘာကို ဆိုလိုတာလဲ]

[သူမ အသက်ကြီးလာတာနဲ့အမျှ ယွင်ရှန်ကျင်းဂိုဏ်းက သူမကို အပြည့်အဝ မထိန်းချုပ်နိုင်တော့မှာ စိုးရိမ်လာတယ်။ တစ်ချိန်တည်းမှာပဲ အမှန်တရားကို သူမ သိသွားမှာလည်း ကြောက်နေကြတယ်။ ဒါကြောင့် ဂိုယွင်ရှန်ကျင်းဂိုဏ်းထဲက အတွင်းလူတော်တော်များများက သူမကို အကျဉ်းချဖမ်းဆီးထားဖို့ ဆုံးဖြတ်ပြီးကြပြီ]

ရှင်းခွေ့၏ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားသည်။

နတ်ဘုရား ချင်ကျို့က ပြုံးကာ သူမကို ကြည့်ရင်း “တာအိုမိတ်ဆွေ၊ မင်းရဲ့ခြေလှမ်းကို သတိထားပါဦး” ဟု ပြောလိုက်သည်။

ရှင်းခွေ့က စိတ်ရှုပ်ထွေးစွာဖြင့် “ဟုတ်ကဲ့” ဟု ပြန်ဖြေလိုက်သည်။

[ဒီတော့...]

နဉ်ရွှီက စိတ်အား အနည်းငယ် ထက်သန်စွာဖြင့် [ဘာလဲ] ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က ယုံကြည်မှုရှိရှိ ပြန်ဖြေလာသည်။ [ဒါကြောင့် သူမ အဖမ်းမခံရသေးခင် Host အနေနဲ့ ဘက်စုံကုသနိုင်တဲ့ သွေးကို များများလေး ရအောင်ယူထားသင့်တယ်၊ ဘယ်အချိန် သုံးဖို့လိုလာမလဲဆိုတာ မသိနိုင်ဘူးလေ]

နဉ်ရွှီက သက်ပြင်းချလိုက်သည်။ [နင့်လေသံက တကယ့်ကို ဗီလိန်ကျနေတာပဲ]

ဖရဲသီးစားခြင်းစနစ်က မကျေမနပ်ဖြင့် ပြန်ပြောသည်။ [သူမက နှစ်ပေါင်းများစွာကြာအောင် သွေးအိတ်ဖြစ်နေခဲ့တာပဲကို၊ ငါတို့ကို နည်းနည်းလောက် ပေးလိုက်ရင် ဘာဖြစ်သွားမှာမလို့လဲ။

ယွင်ရှန်ကျင်းဂိုဏ်းက သူမကို အသုံးချနေတာပဲ ရှိတာ၊ ငါတို့က သူမအသက်ကို ကယ်ခဲ့တာလေ။ ငါတို့သာ မရှိရင် သူမ ဒဏ်ရာရရုံလောက်လေးနဲ့ ပြီးမသွားဘူး၊ သေသွားလောက်ပြီ။

သူမရဲ့ ဂိုဏ်းက သူမရဲ့ ခံနိုင်ရည်ရှိမှုကို အခွင့်ကောင်းယူပြီး သူမအပေါ်မှာ ရက်ရက်စက်စက် ပြုမူနေတာလေ။

အဲ့ဒါနဲ့ ယှဉ်လိုက်ရင် ငါတို့က ဘက်စုံကုသနိုင်တဲ့ သွေးနည်းနည်းလေးပဲ တောင်းတာကို၊ ငါတို့ကမှ ကြင်နာနေသေးတယ်]

တစ်ဖွဲ့လုံးတိတ်ဆိတ်သွားသည်။

စနစ်၊ မင်းကိုယ်မင်း နားလည်မှုလွဲနေတာများလား

ကြင်နာတယ်ဟုတ်လား

စနစ်သာလျှင် ဤနည်းဖြင့် မိမိကိုယ်ကို ဖော်ပြနိုင်ဖွယ်ရှိသည်။

နဉ်ရွှီသည် ၎င်းစိတ်ပိုင်းဆိုင်ရာ အတားအဆီးကို မကျော်လွှားနိုင်သဖြင့် ဖရဲသီးစားခြင်းစနစ်၏ အဆိုပြုချက်ကို လျစ်လျူရှုလိုက်သည်။

သူမ မေးလိုက်သည်။ [သူမအသက်က ဘယ်လောက်ရှိပြီမလို့လဲ။ ဒီနှစ်တွေအတွင်းမှာ သူမ ဘာထူးဆန်းတာကိုမှ သတိမထားမိဘူးလား]

ဖရဲသီးစားခြင်းစနစ်က ဖြည်းဖြည်းချင်း ပြန်ဖြေသည်။ [သူမက ဆယ့်ငါးနှစ် ရှိပြီ။ ဝိဉာဉ်ဆေးပင်ကို စားတုန်းက လေးနှစ်ပဲ ရှိသေးတာ၊ အဲ့ဒီနောက် မကြာခင်မှာပဲ ယွင်ရှန်ကျင်းဂိုဏ်းရဲ့ အသက်အငယ်ဆုံး အကြီးအကဲက သူမကို သီးသန့်တပည့်အဖြစ် လက်ခံခဲ့တာ။ အဲ့ဒီကတည်းကဆို ဆယ့်တစ်နှစ်လောက် ရှိပြီ]

နဉ်ရွှီက [ဆယ့်ငါးနှစ်ဟုတ်လား] ဟု အံ့ဩတကြီး ရေရွတ်လိုက်သည်။

သူမ အရင်နေခဲ့တဲ့ ကမ္ဘာမှာဆိုရင် ဒီဆရာတူအစ်မက အရွယ်မရောက်သေးတဲ့ ကလေးပဲ ဖြစ်ဦးမှာ၊ အခုတော့ သူမက ဆယ်နှစ်ကျော်အောင် သွေးထုတ် ဖြစ်နေခဲ့တာပဲ။

[သူမက ငယ်ငယ်လေးပဲ ရှိသေးတယ်၊ ဂိုဏ်းကလည်း လှည့်စားထားတော့ သူမ အမှန်ကို မသိလောက်သေးဘူး။ ဒါပေမဲ့ ယွင်ရှန်ကျင်းဂိုဏ်းရဲ့ သဲလွန်စတွေက အရမ်းကို သိသာနေတာကို၊ သူမသာ ပိုပြီးတွေးကြည့်မယ်ဆိုရင် တစ်ခုခု မှားနေတာကို သတိမပြုမိဘဲ မနေဘူး]

အဆုံးသတ်၌ သူမက သူမ ယုံကြည်ခဲ့သည့် လူများအပေါ် အဆိုးမမြင်ချင်တာကြောင့်သာ ဖြစ်ပေလိမ့်မည်။

ရှင်းခွေ့အတွက်မူ ဂိုဏ်းက သူမကို အိမ်တစ်လုံး ပေးခဲ့ခြင်းဖြစ်ပြီး သူမ၏ဆရာတူမောင်နှမများက သူမ၏ မိသားစုလိုပင်ဖြစ်သည်။

သူမ၏ကိုယ်ပိုင်မိသားစုက သူမ၏အသွေးအသားကို မက်မောနေလိမ့်မည်ဟု မည်သို့တွေးမိမည်နည်း။

သူတို့ စကားပြောနေရင်းနှင့် သူတို့အဖွဲ့သည် လျှို့ဝှက်နယ်မြေ အလယ်ဗဟိုနှင့် နီးကပ်လာလေသည်။

အလယ်ဗဟိုတွင် အလင်းတံခါးများ ထွက်ပေါ်လာသည်။ ယင်းတံခါးများသည် ဖောက်ထွင်းမြင်နိုင်ပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ ၎င်းရွှေရောင်အလင်းတန်းများပေါ်တွင် ရှုပ်ထွေးဆန်းကြယ်သော ပုံစံဒီဇိုင်းများဖြင့် ခြယ်သထားသည်။ အဖွဲ့သားများအနေနှင့် ၎င်းတို့၏ နောက်ကွယ်၌ မည်သည့်အရာများ ရှိနေသည်ကို မမြင်ရပေ။

ဘေးပတ်ပတ်လည်တွင် တခြားသူများကို မမြင်ရသေးပေ။

နဉ်ရွှီက [အတွင်းထဲမှာ ဘာရှိလဲ] ဟုမေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် ဖြေလာသည်။ [တခြားသူတွေအတွက်ဆို သေဘေးတွေနဲ့ ပြည့်နေပေမဲ့ ငါတို့အတွက်ကတော့ အခွင့်အရေးပဲ]

နဉ်ရွှီက သူမ၏ အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ “ကျွန်မတို့ ဝင်ကြမလား”

အဖွဲ့သားများက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ ဒီအထိပင်ရောက်လာပြီဆိုမှတော့ အတွင်းထဲ ဘာရှိလဲဆိုသည်ကို ကြည့်ချင်ကြသည်မှာ သဘာဝပင်ဖြစ်သည်။

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ [သူတို့ ကံကောင်းပါစေကွာ]

နဉ်ရွှီသည် ထိုစကားထဲတွင် တစ်ခုခုမှားနေသည်ကို သတိထားမိလိုက်သည်။ စနစ်သည် အသက်ဝိဉာဉ်မရှိသော တည်ရှိမှုမျိုးဖြစ်ပြီး ဖရဲသီးစားခြင်းနှင့် သူကိုယ်တိုင် အကျိုးရှိမည့်အရာကိုသာ အခြေခံပြီး လုပ်ဆောင်တတ်သူ ဖြစ်သည်။

ဒီအဖွဲ့သားများအပေါ် ခံစားချက်မရှိဟု မဆိုနိုင်သော်လည်း ရှိခဲ့လျှင်ပင် ၎င်းခံစားချက်မှာ အလွန်အင်မတန် ရှားပါးပေလိမ့်မည်။

သူမက သူတို့ကိုသတိပေးလိုက်သည်။ “အထဲကို ရောက်ပြီဆိုတာနဲ့ အထူးသတိထားကြနော်”

“ဟုတ်ကဲ့”

နဉ်ရွှီ အလင်းတံခါးထဲသို့ ခြေချလိုက်သည်နှင့် အကြီးအကဲ ဝူချီချွမ် ပေးထားသော သစ်သားတိုကင်မှာ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားလေသည်။

အဆိုပါတိုကင်မှာ ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အားကုန်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။

သူမ ရင်ထိတ်သွား၏။

သူမ၏ အဖွဲ့ဝင်များ ယခု ဘယ်လိုရှိနေမလဲဆိုသည်အား သိချင်မိသည်။ ကံကောင်းသည်မှာ နတ်ဘုရား ချင်ကျို့မှလွဲ၍ ကျန်သည့်သူများအားလုံးတွင် သစ်သားတိုကင်များ ရှိနေခဲ့သည်။

သူမသည် မြေပြင်ပေါ်တွင် ပြန့်ကြဲနေသော အစအနများကို ကြည့်ကာ ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ [ခုနက ဘာဖြစ်တာလဲ]

ဖရဲသီးစားခြင်းစနစ်၏ လေသံမှာ ပို၍လေးနက်လာသည်။ [ဟင်းလင်းပြင်ထဲက သေစေနိုင်တဲ့ တိုက်ခိုက်မှုတစ်ခုပဲ]

နောက်ဆုံးတော့ စနစ်က ထုံးစံအတိုင်း သေချင်ယောင်ဆောင်မနေတော့ဘူးပေါ့

နဉ်ရွှီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူမ၏ အဖွဲ့ဝင်များမှာ နောက်တစ်ခါ ကွဲကွာသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

ထိုအချိန်တွင် သူမသည် အရိုးဖြူများ ဝန်းရံနေသော သွေးရောင်လွှမ်းသည့် နေရာလွတ်တစ်ခုတွင် ရှိနေမှန်း တွေ့လိုက်ရသည်။ လေထုထဲတွင် သွေးညှီနံ့များဖြင့် ပြည့်နှက်နေပါသည်။ ဖိအားများသော ပတ်ဝန်းကျင်နှင့် သွေးစွန်းနေသည့် အရိုးစုများက သူမကို မချိမဆံ့ စိတ်မသက်မသာဖြစ်စေသည်။

ရှေ့သို့ ဆက်လျှောက်ရင်း နဉ်ရွှီသည် တစ်ခုခု မူမှန်နေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

သူမ၏ ဂိုဏ်းဝတ်စုံထဲတွင် တစ်ခုခု အပိုပါလာပုံပင်။

သူမ ထုတ်ကြည့်လိုက်ရာ ကြွေပုလင်းလေးတစ်လုံးကို တွေ့လိုက်ရသည်။

[ဒါက ဘာလဲ]

[အလင်းတံခါးထဲ မဝင်ခင်တုန်းက ရှင်းခွေ့ နင့်ထဲ ထည့်ပေးလိုက်တာလေ]

နဉ်ရွှီသည် ကြွေပုလင်းကို တင်းတင်းဆုပ်ကိုင်ထားရင်း သူမ၏ သံသယများမှာ ပိုမိုကြီးထွားလာခဲ့သည်။

[ဘက်စုံကုသနိုင်တဲ့ သွေးလား]

[ဟုတ်တယ်]

နဉ်ရွှီ အံ့အားသင့်သွားပါသည်။ [သူမ ဘာလို့ ဒါကို ငါ့ကို ပေးရတာလဲ]

ဖရဲသီးစားခြင်းစနစ်က ဘာကိုမှ ဂရုမစိုက်သကဲ့သို့ အေးအေးဆေးဆေး ပြန်ဖြေလာသည်။ [လက်ဆောင်ပေးတာ ဖြစ်မှာပေါ့။ နောက်ဆုံးတော့ နင်က သူ့အသက်ကို ကယ်ခဲ့တာလေ။ သူမအနေနဲ့ ကျေးဇူးတရားကို မဖော်ပြမှသာ အဓိပ္ပာယ်မရှိဖြစ်နေမှာ။

သူမက တော်တော်လေး ရက်ရောတာပဲ၊ သူမကိုယ်တိုင်တောင် အားနည်းနေတာကို နင့်အတွက် အများကြီး ထုတ်ပေးခဲ့တာပဲ။ တခြားသူတွေ ဘယ်သူမှ မရဘူး၊ နင်တစ်ယောက်တည်း ရတာ။

ဒီဆရာတူအစ်မက တကယ့်ကို စိတ်ရင်းမှန်တာပဲ]

အဆုံးသတ်၌ ဖရဲသီးစားတဲ့စနစ်၏ လေသံထဲတွင် လေးစားအားကျသည့် အရိပ်အယောင် ပါဝင်နေသည်။ ၎င်းသည် ဤကဲ့သို့ ရိုးသားဖြောင့်မတ်သည့်သူမျိုးကို သဘောကျပြီး များများရှိလေ ကောင်းလေဟု ထင်နေသည်။

နဉ်ရွှီ သက်ပြင်းချလိုက်သည်။

ကံမကောင်းစွာနှင့် ဘက်စုံကုသနိုင်သော သွေးအကြောင်းကို “နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ” တွင် တင်ရန်ဖြစ်နိုင်ပေ။ မဟုတ်လျှင် ဤဆရာတူအစ်မမှာ မရေအတွက်နိုင်သော ကျင့်ကြံသူများ၏ မနာလိုမှုကို ဆွဲဆောင်မိပေလိမ့်မည်။ သူမကို ကူညီနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရပေလိမ့်မည်။

ဖရဲသီးစားခြင်းစနစ်က [သူမ အဖမ်းမခံရပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်] ဟု တိုးတိုးလေး ပြောလာသည်။

နဉ်ရွှီကလည်း [အမှန်ပဲ] ဟု ထောက်ခံလိုက်သည်။

သူမကဲ့သို့ ကြင်နာတတ်သော မိန်းကလေးမှာ လောကကြီး၏ ကောင်းမွန်စွာ ဆက်ဆံမှုကို ခံရသင့်သည်။

သူမ စကားပြောပြီးသည်နှင့် ဖရဲသီးစားခြင်းစနစ်က ထပ်ဖြည့်ပြောလိုက်သည်။ [အကယ်၍ သူမသာ အဖမ်းခံလိုက်ရရင် ငါတို့ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။

ဒီလို အသက်ကယ်နိုင်တဲ့ အရာမျိုးက သိပ်အများကြီးမရှိဘူးလေ]

နဉ်ရွှီ: [...] သူမ တကယ်ပဲ ဖရဲသီးစားခြင်းစနစ်ဆီကနေ ဘာမျှော်လင့်ချက်မှ မထားသင့်ခဲ့တာပါ

All Chapters