← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း (၅၉)

အကြီးအကဲများမှာ ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။

နတ်ဆိုးနတ်ဘုရား၏ နတ်ဆိုးအမြုတေမှာ ကောင်းသည့်အရာ မဟုတ်ပေ။ နတ်ဆိုးအမြုတေကို စားသုံးမိသည့် ဝိညာဉ်သားရဲက တိုက်ရိုက်ပင် ပေါက်ကွဲသွားကာ သေဆုံးလိမ့်မည်။ မွေးရာပါဝိဉာဉ်သားရဲ ပေါက်ကွဲသွားပါက ၎င်း၏သခင်ကိုလည်း ပြင်းထန်စွာ ထိခိုက်စေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ဝက်ညီလေးမှာ ထူးကဲနေခဲ့ပြီး နတ်ဆိုးအမြုတေ၏ ကြမ်းတမ်းသော မိစ္ဆာစွမ်းအင်ကို တောင့်ခံနိုင်ခဲ့သော်လည်း နောက်ဆက်တွဲ အကျိုးဆက်များမှာတော့ မတွေးဝံ့စရာပင်ဖြစ်သည်။

တစ်ယောက်က အာပေါင်အာရင်းသန်သန်ဖြင့် အတင်းအဖျင်းပြောနေချိန်တွင် ဂိုဏ်းချုပ်က ဟန်ဆောင်ပန်ဆေင်ဖြင့် အမှာစကား ပြောကြားကာ တပည့်များကို သင့်တော်ရာ အကြောင်းပြချက်ပေးပြီး နောက်တွင်ချန်ထားခဲ့လေသည်။

တပည့်များမှာ အကြီးအကဲဝူ၏ ဖရဲသီးကို တစ်နေကုန်နီးပါး နားထောင်ခဲ့ကြရသည်။ သူတို့ ပိုပြီးနားထောင်လေလေ ဖရဲသီးစားခြင်းစနစ် ပြောသည်မှာ ပို၍ အဓိပ္ပာယ်ရှိလာသည်ဟု ခံစားလာလေသည်။

အကြီးအကဲဝူမှာ ချစ်ပေးမည့် ချမ်းသာသော အစ်မကြီးတစ်ယောက် အမှန်ပင် လိုအပ်နေခြင်းဖြစ်သည်။ သူကိုယ်တိုင်က လက်စားမချေနိုင်ပါက ချမ်းသာသော အစ်မကြီးကိုသာ သူ့အတွက် ကူညီပြီး လက်စားချေပေးပေလိမ့်မည်။ မဟုတ်လျှင် သူသည် ဖမ်းဆီးခံရပြီး နောက်တစ်ဖန် ကျွန် ပြန်ဖြစ်သွားပေလိမ့်မည်။

သူတို့နှစ်ဦး စကားပြော၍ ပြီးခါနီးသည်ကို မြင်သဖြင့် ဂိုဏ်းချုပ်က လက်ဝှေ့ယမ်းကာ "ပြန်ကြတော့" ဟု ဆိုလေသည်။

တပည့်များကလည်း တညီတညွတ်တည်း "ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!" ဟု ပြိုင်တူအော်ဟစ်လိုက်ကြသည်။

အပြန်လမ်းတွင် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့သည် ရှင်းထောင်မြို့သို့ မည်သို့သွားရမည်ကို ဆွေးနွေးနေကြ၏။

“ချီသန့်စင်ခြင်းအဆင့်က တပည့်တွေ လေ့ကျင့်ဖို့ တောင်အောက်ဆင်းလို့ရလား”

[ရတာပေါ့၊ ရတယ်။ ချီသန့်စင်ခြင်းအဆင့် မကျော်သေးတဲ့ တပည့်တွေ တောင်အောက်ဆင်းရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက ဦးဆောင်သွားရမှာ၊ ပြီးတော့ သွားရမယ့်နေရာကို အတိအကျ မသတ်မှတ်ထားဘူး။]

နဉ်ရွှီ ခဏမျှ စဉ်းစားလိုက်ပြီး”[ဒါဆိုရင် နောက်ထပ် နည်းနည်းစောင့်လိုက်ဦးမယ်။” သူမ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် သိပ်မကြာတော့ပေ။ ဝမ့်ရှင်းဂိုဏ်း၏ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်များသည် လေ့ကျင့်ရမည့်နေရာကို ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်နိုင်သောကြောင့် သူမအနေဖြင့် အချိန်အများကြီး ရှိပါသေးသည်။

[ဟုတ်ပြီလေ။]

မူလက နဉ်ရွှီသည် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်မှ ရှင်းထောင်မြို့သို့ သွားရန် တွေးထားသော်လည်း အခွင့်အရေးမှာ သူမ ထင်ထားသည်ထက် ပို၍ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

နှစ်တစ်နှစ်၏ အဆုံးတွင် ဂိုဏ်းက တပည့်များကို ဆွေမျိုးသားချင်းများထံ သွားရောက်လည်ပတ်ရန် တစ်လခွင့်ပေးလေ့ရှိပြီး တပည့်များက ထိုခွင့်ကို သုံး၊ မသုံးကို ရွေးချယ်နိုင်သည်။

ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ပြီးနောက် ကျင့်ကြံသူအများစုမှာ လူ့လောကနှင့် အဆက်အသွယ် ဖြတ်တောက်ရန် ရွေးချယ်ကြသည်။

အဓိကအကြောင်းရင်းမှာ ကျင့်ကြံသူနှင့် သေမျိုးတို့ကြားတွင် ခြားနားချက်ရှိနေခြင်းကြောင့်ဖြစ်သည်။ ကျင့်ကြံသူများ၏ မျက်စိထဲတွင် ခဏတာမျှသော အချိန်သည် သေမျိုးများအတွက် တစ်သက်တာ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ဝမ့်ရှင်းဂိုဏ်းတွင် တပည့်ပေါင်း မရေမတွက်နိုင်အောင် ရှိသော်လည်း ဤခွင့်ရက်ကို အသုံးပြုသူမှာ များများစားစား မရှိပေ။ ဤခွင့်ရက်ကို အသုံးပြုရန် ရွေးချယ်သူ အများစုမှာ ကျင့်ကြံခြင်းလောကတွင် နှစ်အနည်းငယ်သာ ရှိနေသေးသော အငယ်တန်း တပည့်များသာ ဖြစ်သည်။

သူတို့သည်လည်း သေမျိုးကမ္ဘာမှ ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းအပေါင်းအဖော်များကို လွမ်းဆွတ်ကြသဖြင့် အခွင့်အရေးရပါက သွားရောက်တွေ့ဆုံကြမည်မှာ အသေအချာပင်ဖြစ်သည်။

ဝူလုချန်မှာ ထိုသူများထဲမှ တစ်ဦးဖြစ်သဖြင့် သူက ဆွေမျိုးသားချင်းများထံ သွားရောက်လည်ပတ်ရန် ရှင်းထောင်မြို့သို့ ပြန်လိုကြောင်း ပြောလာချိန်တွင် နဉ်ရွှီက အံ့အားသင့်သွားခဲ့သည်။

"ရှင့်က အဲ့ဒီနေရာကလား"

ဝူလုချန်က ခေါင်းကို ကိုင်လိုက်ကာ ပြန်ဖြေလေ၏။ "ဟုတ်ကဲ့။"

သူက ပါးစပ်ဖွင့်ကာ ဖိတ်ခေါ်လိုက်သည်။ "ခေါင်းဆောင်၊ ခင်ဗျား ကျွန်တော်တို့နဲ့ အတူတူ သွားချင်လား။ ကျွန်တော် စစ်ယန်နဲ့ တစ်ခြားလူတွေကိုလည်း ဖိတ်ပြီးသွားပြီ။ သူတို့ကတော့ ခေါင်းဆောင်ရဲ့ သဘောအတိုင်းပဲတဲ့။"

နဉ်ရွှီသည် အခွင့်အရေးက သူမ တံခါးဝအထိ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် တိုက်ရိုက်ပင် ပြောလိုက်သည်။ "ကောင်းပြီလေ၊ အတူတူ သွားကြတာပေါ့။"

သူမ စကားပြောပြီးသည်နှင့် ဖရဲသီးစားခြင်းစနစ်က တောက်နှစ်ချက် ခေါက်လိုက်သည်။ [အရင်ကတော့ စွမ်းအင်တွေ ဖြုန်းတီးမိမယ်ထင်လို့ ဒီအူကြောင်ကြောင် လူထွားကြီးရဲ့ ဘဝအတွေ့အကြုံကို သေသေချာချာ မစစ်ဆေးမိလိုက်ဘူးကွာ။]

[အခု ရှာကြည့်လိုက်တော့မှ ထူးခြားတဲ့ အရာတစ်ခုကို ရှာတွေ့ဖို့ မမျှော်လင့်ထားဘူး။]

နဉ်ရွှီက အမှုမဲ့အမှတ်မဲ့ပင် ပြောလိုက်သည်။ [နင် ဘာကို ပြောနေတာလဲ]

ဖရဲသီးစားခြင်းစနစ်၏ လေသံမှာ အနည်းငယ်အံ့အားသင့်နေသလိုပင် [သူက သာမန်ပဲလို့ ထင်ရပေမဲ့ ရှင်းထောင်မြို့ရဲ့ အဓိကမိသားစုကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ ဝူမိသားစု ခေါင်းဆောင်ရဲ့ မြေးဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။]

နဉ်ရွှီက ဝူလုချန်ကို တစ်ချက်ကြည့်လိုက်ပြီး [သူက အရမ်းကို အနေသိုသပ်တာပဲ၊ တစ်ခါမှ ထုတ်မပြောဖူးဘူး။ သူ့ဆီမှာ အဖိုးတန်တာ ဘာတစ်ခုမှ မရှိသလို၊ သူ့ရဲ့ သိုလှောင်အိတ် (ဝိဉာဉ်သားရဲအိတ်)ထဲမှာလည်း ကောင်းတာ ဘာမှမရှိဘူး၊ ဆင်းရဲတဲ့ ကျင့်ကြံသူတစ်ယောက်လိုပဲ။]

ဝူလုချန်: ???

ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်ကာ [သူလည်း မသိဘူးလေ၊ သူက သူ့ကိုယ်သူ ဝူအိမ်တော်က အစောင့်ရဲ့ သားလို့ အမြဲ ထင်နေတာလေ။]

နဉ်ရွှီက တစ်ခုခုကို မြန်မြန်ဆန်ဆန် သဘောပေါက်သွားသည်။ [သခင်လေး အစစ်နဲ့ အတုလား]

[အမှန်ပဲ]

သူမက သက်ပြင်းချလိုက်ကာ “ကျင့်ကြံခြင်းလောကမှာတောင် ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ဖရဲသီးစားခြင်းစနစ်က တောက်နှစ်ချက် ထပ်ခေါက်လိုက်၏။ [ဒီလိုကိစ္စမျိုးက မဆန်းပါဘူး၊ နေရာတိုင်းမှာ ရှိနေတာပဲ။]

နဉ်ရွှီက အချက်တစ်ချက်ကိုသာ ဂရုစိုက်သည်။ [မတော်တဆလား ဒါမှမဟုတ် တစ်ယောက်ယောက်က လုပ်ခဲ့တာလား]

[မတော်တဆ ဖြစ်မယ်။] ထိုသို့ပြောပြီးနောက် စနစ်က ပြုံးလိုက်ကာ [နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ မိသားစုတစ်ခုအနေနဲ့ ဝူမိသားစုမှာ ကောင်းတဲ့အရာတွေ အများကြီး ရှိမှာပဲ။ အချိန်တန်ရင် မြို့စားမင်းဆီကို သူ့မြေးအရင်းကို ပြန်ပို့ပေးလိုက်ရင် သူက ငါတို့အတွက် ဆုလာဘ်တွေ ပေးမှာ မဟုတ်ဘူးလား]

နဉ်ရွှီ အသာအယာ ချောင်းဆိုးလိုက်၏။

[ကျင့်ကြံခြင်းလောကမှာ သွေးသားတော်စပ်မှုကို စစ်ဆေးနိုင်တဲ့နည်း ရှိလား]

ဖရဲသီးစားခြင်းစနစ်က ပြတ်ပြတ်သားသားပင် ဖြေလိုက်သည်။ [ရှိတာပေါ့] အကယ်၍ မရှိရင်တောင် ယုံကြည်စိတ်ချရတဲ့ အထောက်အထားရအောင် လုပ်ပေးမှာပေါ့

ရှင်းထောင်မြို့သို့ သွားမည့်အကြောင်းကို ပြောပြီးနောက် ဝူလုချန်က တွေဝေမိန်းမောနေသော အမူအရာဖြင့် စစ်ယန်နောက်မှ ဝမ့်အန်းတောင်ထိပ်သို့ ပြန်လိုက်လာသည်။

သူသည် စက္ကန့်ပိုင်းအတွင်းမှာတင် မျက်မှောင်ကြုတ်လိုက်၊ ရယ်လိုက်နှင့် အရူးတစ်ယောက်နှင့် တူပေသည်။ နောက်ဆုံးတွင် သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်တော့သဖြင့် ဖြူစင်သော ကျင့်ကြံသူကို "စစ်ယန်၊ မင်း ကြားလိုက်လား" ဟု ပြောလာသည်။

စစ်ယန်က အသာအယာ ထူးလိုက်သည်။

"ငါ......" ဝူလုချန်က ရုတ်တရက် စကားစလိုက်သည်။ "တကယ်တော့ ငါ့မိဘတွေအကြောင်းကို ငါ သိပ်မမှတ်မိတော့ဘူး။ ငါ့အဖေ...... ငါ အရမ်းငယ်သေးတဲ့ အချိန်တုန်းက ငါ့အဖေက မိသားစုကို ကယ်တင်ရင်း သေဆုံးသွားခဲ့တာ၊ သိပ်မကြာဘူး ငါ့အမေက နောက်အိမ်ထောင်ပြုခဲ့တယ်။ ငါက ဝူမိသားစုမှာ အစေခံတစ်ယောက်လို ကြီးပြင်းလာခဲ့တာ။ ဒါပေမဲ့ ဝူမိသားစုကတော့ ငါ့အပေါ် ကောင်းတယ်။ ငါ အစားအသောက်ကျင့်ကြံသူ ဖြစ်ချင်တယ်လို့ ပြောတော့ သူတို့က ငါ့ကို ဝမ့်ရှင်းဂိုဏ်းကို အထူးတလည် ပို့ပေးခဲ့ကြတာလေ။"

သူက ခေါင်းကို ကုတ်လိုက်ရင်း "ငါ သူတို့နဲ့ သွေးသားတော်စပ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

စစ်ယန်က ဖရဲသီးစားခြင်းကို စိတ်မဝင်စားမှန်း ဝူလုချန် သိသည်။

လူတိုင်းက ဖရဲသီးစားရန် နစ်မွန်းပြီး ရုန်းမထွက်နိုင်အောင် ဖြစ်နေကြချိန်တွင် သူတစ်ယောက်တည်းသာ ထိုအရာများ၏ ပြင်ပတွင် ရှိနေခဲ့သည်။

ဝူလုချန်သည် သူ၏ ဂိုဏ်းတူစီနီယာအစ်ကိုမှာ အလွန်ပင် ထူးခြားသည်ဟု အကြိမ်ပေါင်းများစွာ ခံစားမိသည်။

သို့သော် မည်သို့ထူးခြားသည်ကိုမူ သူ အတိအကျ မပြောနိုင်ပေ။

ထို့ကြောင့် ယခုအကြိမ်တွင် သူသည် သူ့ကိုယ်သူ စကားပြောနေခြင်းသာ ဖြစ်သည်။ စစ်ယန်ထံမှ တုံ့ပြန်မှုကို သိပ်ပြီး မမျှော်လင့်ထားခဲ့ချေ။

သူက တစ်ခုခုကို ပြောပြချင်ရုံသာ ဖြစ်သည်။

သူက သူ၏ သစ္စာရှိမှုကို ဖော်ပြလိုက်သည်။ "ခေါင်းဆောင်ကြောင့်သာမဟုတ်ရင် ကျွန်တော့ တစ်သက်လုံး ဒီကိစ္စကို သိမှာမဟုတ်ဘူး။ တစ်နေ့နေ့ ကျွန်တော့ မိသားစုရဲ့ အသိအမှတ်ပြုခြင်းကို ခံရရင် ခေါင်းဆောင်အတွက် အကျိုးခံစားခွင့်တွေ အများကြီးရအောင် သေချာပေါက် ကူညီပေးမှာ။"

အဆိုပါစကားကို ကြားသော် စစ်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "အင်း"

ဘာကြောင့်မှန်းမသိ ဝူလုချန်မှာ ထိုအကြည့်ထဲတွင် ရှင်းပြရခက်သော ထောက်ခံအားပေးမှုတစ်ချို့ကို မြင်လိုက်ရသည်။

အမှန်ပင်... ခေါင်းဆောင်၏ ကိစ္စများကသာ စစ်ယန်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပေသည်။

-

သွားမည့်နေရာကို သတ်မှတ်ပြီးနောက် နဉ်ရွှီနှင့် သူမ၏ အသင်းသားများက နောက်တစ်နေ့တွင် ရှင်းထောင်မြို့သို့ ခရီးစတင်ထွက်ခွာခဲ့ကြသည်။

ဖရဲသီးစားခြင်းစနစ်က နှမြောတသဖြစ်စွာဖြင့် [ဝူချီချွမ် ငါတို့နဲ့ အတူတူ မလိုက်လာတာ နှမြောစရာပဲ။]

နဉ်ရွှီ: “...... အဓိကက အဲ့ဒီအကြောင်းကို မပြောနိုင်တာပဲ။”

သူမက အကြီးအကဲဝူကို ဘယ်လိုမျက်နှာမျိုးနှင့် စပြီးဖိတ်ခေါ်ရမည်နည်း။

အကြီးအကဲဝူရေ... ရှင်းထောင်မြို့မှာ ရှင့်ဒေါသတွေကို ပေါက်ကွဲဖို့ ကူညီပေးနိုင်တဲ့ ချမ်းသာတဲ့ အစ်မကြီးတစ်ယောက် ရှိတယ်၊ ကျွန်မတို့နဲ့ ဘာလို့အတူမလိုက်တာလား လို့ ပြောရမှာလား

သူမက ဝူချီချွမ်း၏ အခြေအနေကို မည်သို့ သိသနည်းဆိုသည်မှာ မေးစရာပင် ဖြစ်သည်။

သူမ၏ သတင်းအရင်းအမြစ်မှာ လျှို့ဝှက်ချက်ဖြစ်ပြီး ထုတ်ဖော်၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် အကြီးအကဲဝူနှင့် ချမ်းသာသော အစ်မကြီးတို့၏ ကိစ္စကို ယာယီဘေးဖယ်ထားရပေမည်။

ဖရဲသီးစားခြင်းစနစ်က နောက်ကွယ်မှ အရာအားလုံးကို စီစဉ်ထားပြီးဖြစ်သည်။ [ဝူမိသားစုနဲ့ မက်မွန်နတ်ဘုရားက စကားပြောလို့ ရတာပဲ။ ဝူမိသားစုက သူတို့မြေးကို အသိအမှတ်ပြုတဲ့အချိန်ရောက်တာနဲ့ သူတို့က ဂုဏ်ပြုတဲ့အနေနဲ့ သေချာပေါက် တည်ခင်းဧည့်ခံပွဲ လုပ်မှာပဲမလား။ အဲ့ဒီအချိန်ကျရင် မက်မွန်နတ်ဘုရားမကို သေချာပေါက် ဖိတ်မှာပဲ။ ထောင်မိသားစုနဲ့ အဆက်အသွယ်ရတာနဲ့တင် ကိစ္စက တစ်ဝက်ပြီးသွားပြီ။ ကျန်တဲ့ တစ်ဝက်ကတော့ အကြီးအကဲဝူကို ဒီကို လာဖို့ လှည့်စားရမှာပဲ။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံပြီး ကြိုက်သွားမလားဆိုတာကတော့ သူတို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်။]

နဉ်ရွှီ: “ဟုတ်ပြီ”

ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလေသည်။ [သူတို့ချင်း သဘောမကျရင်တောင် ကိစ္စမရှိဘူး၊ ဘာပဲဖြစ်ဖြစ် ရှင်းထောင်မြို့က ဖုန်းယယ်မြို့ လို နေရာသေးသေးလေးနဲ့ နှိုင်းယှဉ်လို့မှ မရတာ။]

[ရှင်းထောင်မြို့မှာ ချမ်းသာတဲ့ အမျိုးသမီးတွေ အများကြီး ရှိတာပဲ။]

[အဲ့ဒီမှာ လော်ရယ်နန်းဆောင်ရဲ့ ဌာနခွဲ နှစ်ခု ရှိတယ်။]

[နင့်အိတ်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိတာ နှမြောစရာပဲ၊ မဟုတ်ရင် ငါတို့ လော်ရယ်နန်းဆောင်ကို သွားပြီး ပျော်ပါးလို့ ရဦးမှာ။]

[ပိုက်ဆံမရှိရင် ဟန်မလုပ်နိုင်ဘူးပဲ။ ဘယ်လိုပဲပြောပြော ဝိညာဉ်ကျောက်တုံးတွေ မရှိမှတော့ ဘယ်လိုလုပ်ပြီး ပိုက်ဆံတွေ အများကြီး သုံးနိုင်မှာလဲ၊ ဟုတ်တယ်မလား]

နဉ်ရွှီ: ......

“ငါ့အိတ်ထဲမှာ ပိုက်ဆံမရှိပေမဲ့ ဝူလုချန် ရှိတာပဲမလား”

“သူ့ဘိုးဘေးတွေကို အသိအမှတ်ပြုပြီးရင် ဝူမိသားစုခေါင်းဆောင်က သူ့ကို လျော်ကြေးအနေနဲ့ နည်းနည်းပါးပါးတော့ ပေးမှာပါဟ။”

“အဲ့ဒီလျော်ကြေးက နည်းမှာ မဟုတ်ဘူး။”

“ဝူမိသားစုက ရှင်းထောင်မြို့ရဲ့ အဓိကမိသားစုကြီး သုံးခုထဲက တစ်ခုဆိုတော့ သူတို့နယ်မြေထဲမှာ သူတို့ရဲ့ အရှိန်အဝါက သေချာပေါက် သေးမှာမဟုတ်ဘူး။”

“အဲ့ဒီအချိန်ကျမှ ဝူလုချန်ကို ငါတို့ကို ခေါ်သွားခိုင်းရုံပဲ။”

“သူ ဘယ်လိုပဲ ပြောပြော သူကဝူမိသားစုခေါင်းဆောင်ရဲ့ မြေးပဲဟာ၊ ဝိညာဉ်ကျောက်တုံးတစ်တုံးမှ မရှိရင်တောင် လော်ရယ်နန်းဆောင်ကို ဝင်လို့ရမှာပါ။”

ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် [ဒီအကြံ ကောင်းတယ်။ သူ့အပေါ်မှာပဲ မူတည်နေပြီ။] ဟု ဆိုလိုက်သည်။

ဝူလုချန်: ......

ဝူအိမ်တော်သို့ သူ ပြန်မရောက်သေးသော်လည်း စီစဉ်ထားခြင်း ခံရလေပြီ။

“ကျိုးပါဖီ" ကဲ့သို့ အမြတ်ထုတ်တတ်သော နဉ်ရွှီနှင့် စနစ်တို့မှာ အမှန်ပင် လိုက်ဖက်လှပသည်။

(ကျိုးပါဖီဆိုတာ တရုတ်စာပေလောကမှာ အလုပ်သမားတွေကို အတင်းအဓမ္မ ခေါင်းပုံဖြတ်တတ်တဲ့ နာမည်ကြီးလူယုတ်မာ အလုပ်ရှင်တစ်ယောက်ပါ)

All Chapters