← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း (၆၆)

လမ်းခုလတ်တွင် နဉ်ရွှီက ရုတ်တရက် ရပ်လိုက်ပြီး "နင်တို့ခေါင်းဆောင်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ဆီ ကျွန်မ နောက်မှပဲ သွားတော့မယ်" ဟု ပြောလိုက်သည်။

ဝူလုချန်က သူ့ခေါင်းသူ ကုတ်လိုက်ပြီး အကြောင်းရင်းကို မမေးဘဲ "ကောင်းပါပြီ ခေါင်းဆောင်" ဟု ချက်ချင်း ပြန်ဖြေလိုက်၏။

နဉ်ရွှီက ဖရဲသီးစားရန် မစောင့်နိုင်တော့သဖြင့် "လုပ်စရာလေး ပေါ်လာလို့ အရင်သွားနှင့် လိုက်မယ်နော်"ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝူလုချန်က ထိုစကားကို ကြားသော် အလောတကြီးဖြင့် "ဘာကိစ္စရှိလို့လဲ ခေါင်းဆောင်။ ခေါင်းဆောင်က ဒီနေရာနဲ့ မရင်းနှီးသေးဘူးလေ။ ပြီးတော့ ဝူမိသားစုမှာက တားမြစ်ချက်တွေ အများကြီးရှိတယ်၊ ကိစ္စတစ်ခုခုဖြစ်လာရင် နားလည်မှုလွဲတာမျိုး မဖြစ်ရအောင် ကျွန်တော် ခေါင်းဆောင်နဲ့အတူ လိုက်ခဲ့ပါရစေ" ဟု ဆိုလေသည်။

စကားနည်းသော ဖြူစင်သောကျင့်ကြံသူကလည်း "အတူတူသွားမယ်" ဟု ဆိုလာသည်။

သူမ၏ အဖွဲ့သားများအားလုံးက ထိုသို့တောင်းဆိုနေကြသဖြင့် နဉ်ရွှီလည်း သဘာဝကျကျပင် သဘောတူလိုက်ရသည်။

သူမက ဖရဲသီးစားခြင်းစနစ်ကို [ဒီတစ်ခါတော့ ငါ့အဖွဲ့သားတွေကို ဖရဲသီးစားခိုင်းဖို့ အခင်းဖြစ်ပွားရာ နေရာဆီ ခေါ်သွားရတော့မယ်ထင်တယ်] ဟု ပြောလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က တခစ်ခစ် ရယ်မောပြီး [အဲ့ဒါက ပိုလို့တောင် စိတ်လှုပ်ရှားဖို့ ကောင်းတယ်] ဟု ဆိုသည်။

ရှင်းထောင်မြို့၏ အဓိကမိသားစုကြီး သုံးခုအနက် တစ်ခုဖြစ်သည့် ဝူမိသားစုသည် ထွင်းထုထားသော လက်ရန်းများ၊ ပန်းချီကားချပ်များနှင့်အတူ ခြေလှမ်းသုံးလှမ်းလှမ်းတိုင်း ရှုခင်းတစ်ခုရှိကာ နေရာတိုင်း တွင် ထူးခြားဆန်းပြားသောသော ပန်းပင်များနှင့် ပြာသာဒ်ဆောင်များ ရှိသည်ဟု ဆိုရပေမည်။

ဤသည်ကား ဝူမိသားစုတွင် နက်ရှိုင်းသော အမွေအနှစ်ရှိကြောင်း ပြသနေပေသည်။ ၎င်းသည် ရှုခင်းတစ်ခုပေလား။ မဟုတ်ပါ၊ ထိုအရာများအားလုံးသည် အဖြူရောင် ဝိညာဉ်ကျောက်တုံးများပင် ဖြစ်သည်။

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ် ညွှန်သည့် အရှေ့တောင်ဘက်အရပ်သို့ လျှောက်သွားရာ လမ်းတစ်လျှောက်တွင် ဖရဲသီးစားခြင်းစနစ်က သူမကို အနီးအနားရှိ ရှုခင်းများနှင့် မိတ်ဆက်ပေးနေသည်။

[ဒါက သိုင်းပညာလေ့ကျင့်ရေးစင်မြင့်ပဲ၊ ဝူမိသားစုရဲ့ မျိုးဆက်သစ်တွေက နေ့တိုင်း လေ့ကျင့်ဖို့အတွက် ဒီနေရာကို အချိန်မှန်လာရတယ်။]

[ဒါပေမဲ့ ဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် အပိုပါပဲ၊ ပါရမီရှင်သခင်လေးကလွဲရင် တိုက်ခိုက်တတ်တဲ့သူ တစ်ယောက်မှ မရှိဘူး။]

[ဘယ်ဘက်ကတော့ စာကြည့်တိုက်ပဲ။ ဒါပေမဲ့ အထဲမှာ စုဆောင်းထားတဲ့စာအုပ်တွေကတော့ ဒီလိုပါပဲ၊ သိပ်မကောင်းတော့ ကြည့်နေဖို့တောင် မလိုဘူး။]

ဝူလုချန်: ...... မိသားစုခေါင်းဆောင်ကြီးသာ ဒီစကားတွေကို ကြားရင် ဒေါသထွက်သွားလိမ့်မယ်။

[ရှေ့ဆက်သွားရင် မျိုးဆက်သစ်လေးတွေ နေတဲ့ ခြံဝင်းရှိတယ်၊ ဘာမှအရေးလုပ်စရာ မရှိဘူး။]

[အဲ့ဒီ့နောက်ကို ဆက်သွားလိုက်ရင် မိသားစုခေါင်းဆောင် နေတဲ့နေရာပဲ။]

[အဲ့ဒီအဘိုးကြီးက တကယ့်ကို ဇိမ်ခံတတ်တာပဲ။]

[အဲ့ဒီမှာ အလှပဂေးလေးတွေအပြင် ပစ္စည်းကောင်းလေးတွေလည်း အများကြီး ရှိတယ်။]

[သူ့ပင်မအိမ်တော်ကြီးရဲ့ အနောက်မှာ အငွေ့ပျံနေတဲ့ အားကောင်းတဲ့ ဝိညာဉ်စွမ်းအင်တွေရှိတဲ့ ရေပူစမ်းကန်တစ်ခု ရှိတယ်။ အထဲမှာ ရေချိုးလိုက်ရင် ဝိညာဉ်စွမ်းအင်တွေက ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားမှာ မဟုတ်ဘူးလား။]

၎င်းရေပူစမ်းကန်နှင့် ယှဉ်လျှင် နဉ်ရွှီက အခြားအရာများကို ပိုပြီး စိတ်ဝင်စားနေသည်မှာ သိသာသည်။ သူမက "ကိုယ်လုပ်တော် ၃၄ ယောက်လုံး ဘယ်မှာနေကြတာလဲ" ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က [ကောင်းပြီ] ဟု ဆိုသည်။

နဉ်ရွှီက မမျှော်လင့်ထားဘဲ "ဒါဆို သူက လူ့လောကက ဧကရာဇ်ထက်တောင် အဆင့်မနိမ့်ဘူးပဲ" ဟု ပြောလိုက်သည်။ ဤကိုယ်လုပ်တော် အရေအတွက်မှာ တကယ့်ကို မနည်းလှပေ၊ အချို့သော ဧကရာဇ်များ၏ အနောက်ဆောင်တွင်ပင် ဤအရေအတွက်မျှသာရှိသည်။

ဖရဲသီးစားခြင်းစနစ်က [ဒါက အဆင့်နည်းနည်း နိမ့်နေသေးတာပေါ့။ ဧကရာဇ်ရဲ့ မိန်းမတွေက စစ်ဆေးမှုတွေ အများကြီး ဖြတ်ကျော်ရတယ်၊ သူ့ကိုယ်လုပ်တော်ကျတော့ အထောက်အထား ဘာမှမစစ်ဆေးဘဲနဲ့ တိုက်ရိုက်လက်ထပ်လိုက်တာလေ။ အထဲမှာ ယောက်ျားတစ်ယောက် ရောပါလာတာတောင် သူ မသိဘူး] ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

နဉ်ရွှီ: "......"

"အမှန်ပဲ။"

ထို့သို့ပြောပြီးနောက် သူမက "ဘယ်နှစ်ရက်တောင် ရှိသွားပြီလဲ၊ ဒါကို မိသားစုခေါင်းဆောင်က အခုထိ ရှာမတွေ့သေးဘူးလား" ဟု မေးလိုက်သည်။

ဝူလုချန်ကလည်း စပ်စုချင်သော ပုံဖြင့် သူ့နှာခေါင်းကို ထိလိုက်သည်။

ဟုတ်တယ်၊ အဖိုးက ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ။

ဖရဲသီးစားခြင်းစနစ်က နှာခေါင်းရှုံ့ကာ [ဒီ ၃၄ ယောက်မြောက် ကိုယ်လုပ်တော်ကို လွန်ခဲ့တဲ့ နှစ်ရက်က လက်ထပ်ခဲ့တာ၊ မင်္ဂလာဆောင်တဲ့နေ့မှာ ဝူမိသားစုရဲ့ ပါရမီရှင်က မတော်မတဖြစ်သွားခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ရက်လုံး မိသားစုခေါင်းဆောင်ကြီးက သူ့အင်အားအများစုကို ပါရမီရှင်ပေါ်မှာပဲ ပုံအောထားတော့ အဲ့ဒီ ၃၄ ယောက်မြောက် ကိုယ်လုပ်တော်နဲ့ မင်္ဂလာဦးညတောင် မဖြတ်သန်းရသေးဘူးလေ] ဟု ရှင်းပြသည်။

နဉ်ရွှီ: "မထူးဆန်းတော့ပါဘူး။"

သူမက ဝူမိသားစုခေါင်းဆောင်၏ ဘဝကို အနည်းငယ် စပ်စုချင်လာပြီး "ပုံမှန်ဆို သူက နေ့တိုင်း ကတ်ပြားလှန်လိုက်တာလား"

[မဟုတ်ဘူး။]

[ကျင့်ကြံသူတွေက သာမန်လူတွေနဲ့ မတူဘူး၊ ကျင့်ကြံသူတိုင်းမှာ ထူးကဲတဲ့ မှတ်ဉာဏ် ရှိတယ်။]

[သူက ရှင်းရှင်းလင်းလင်း စီစဉ်ဖို့ ညတိုင်း ကတ်ပြားလှန်နေစရာမလိုဘူး။]

နဉ်ရွှီ: "......"

ဝူချီချွမ်: "......"

ဖရဲသီးစားခြင်းစနစ်က [သူက တော်တော်လေး နှာပွေတာပဲ၊ အားလုံးကိုမျှမျှတတပဲ၊ ဘယ်သူ့ကိုမှ ချန်မထားဘူး] ဟု လှောင်ပြောင်လိုက်သည်။

နဉ်ရွှီက ခေါင်းညိတ်ကာ "ဧကရာဇ်ရဲ့ အနောက်ဆောင်မှာဆိုရင် သူ(ဧကရာဇ်) မကြိုက်တဲ့ ကိုယ်လုပ်တော်တွေ ရှိနိုင်တယ်ဆိုပေမဲ့ ဝူမိသားစုအနောက်အိမ်တော်ရဲ့ ကိုယ်လုပ်တော်တွေကို သူကိုယ်တိုင် ရွေးထားတာဆိုတော့ အကုန်လုံးကို သူ ကြိုက်မှာပဲ" ဟု ဆိုသည်။

[မှန်တယ်၊ သူက အကုန်လုံးကို ကြိုက်တယ်၊ ဘယ်သူ့ကိုမှ လျစ်လျူမရှုဘူး။]

ဝူလုချန်: ...... ၎င်းက သူ့အား နောင်အနာဂတ်တွင် ဝူမိသားစုခေါင်းဆောင်ကြီး၏ မျက်နှာကို တိုက်ရိုက်ကြည့်စေခဲ့သည်။ သူ သိထားတာ သိပ်များနေသည့်ပုံပင်။

မိသားစုခေါင်းဆောင်၏ ခြံဝင်းသို့ သွားရာလမ်းတွင် နဉ်ရွှီနှင့် တခြားသူများသည် ဝူမိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။

ဤမျက်နှာသစ်များကို မြင်ပြီးနောက် လူများက စစ်ဆေးမေးမြန်းရန် ရှေ့သို့ ထွက်လာကြသည်။

ကံကောင်းထောက်မစွာဖြင့် ဝူလုချန်တွင် မိသားစုခေါင်းဆောင် ပေးထားသည့် အထောက်အထား တံဆိပ်ပြား ရှိနေ၍ သူတို့အား မိသားစုခေါင်းဆောင်နေထိုင်ရာခြံဝင်းသို့ ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ခဲ့သည်။

မိသားစုခေါင်းဆောင် နေထိုင်သည့် အိမ်တော်ဝင်းတွင် သဘာဝအတိုင်းပင် ပြင်းထန်သော အစောင့်များနှင့် ကာကွယ်ရေး အစီအမံများ ရှိသဖြင့် သာမန်လူများ အလွယ်တကူ ဝင်ခွင့်မရှိပေ။

ဝူလုချန်က ခေါင်းကို ကုတ်လိုက်ပြီး "ခေါင်းဆောင်၊ ဒီမှာ ဘာလုပ်မလို့လဲ။ ဒါက မိသားစုခေါင်းဆောင်ကြီး နေတဲ့နေရာလေ" ဟု မေးသည်။

နဉ်ရွှီက အတည်ပေါက်ဖြင့် "ဒီနေရာမှာ ရတနာတစ်ခု ရှိနေတာကို ခံစားရလို့ မျက်စိပသာဒဖြစ်အောင် အစာ လာကျွေးဖို့ လာကြည့်တာလေ" ဟု လိမ်ပြောလိုက်သည်။

ဖရဲသီးစားခြင်းက မျက်စိအစာကျွေးခြင်းပင် မဟုတ်ဘူးလား။

ဝူလုချန်က ရိပ်မိသော်လည်း ထုတ်မပြောဘဲ "ဪ" ဟုသာ အသံပြုလိုက်သည်။

နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို "ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် အထဲဝင်ပြီး ဖရဲသီးစားလို့ရမှာလဲ။ အားလုံး အစောင့်တွေချည်းပဲ၊ လုံးဝ ဝင်လို့မရဘူး" ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က [သူတို့က အခု အစွန်ဆုံးက ခြံဝင်းထဲမှာ ရှိနေတာ၊ အထဲဝင်စရာမလိုဘဲ အဝေးကနေ မြင်နိုင်တယ်] ဟု ဆိုသည်။

"ကောင်းပြီ။" ဖရဲသီးစားခြင်းစနစ်တွင် နာမည်ကောင်းရှိသဖြင့် ၎င်းက သူပြောထားသည့်အတိုင်း မလုပ်ဘဲ နေမည်မဟုတ်ပေ။

နဉ်ရွှီ၊ ဝူလုချန်နှင့် အခြားသူများသည် အစောင့်များကို ရှောင်ကွင်းပြီး အိမ်တော်ဝင်း၏ အပြင်ဘက် ပတ်ပတ်လည်အတိုင်း လျှောက်သွားကြသည်။

အထဲသို့ နီးကပ်လာလေလေ ဖရဲသီးစားခြင်းစနစ်က ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။

[သူတို့ အခု ခြံဝင်းထဲမှာ ရှိတယ်။]

[ဒီမှာ။]

နဉ်ရွှီသည် သူမရှေ့က လူသုံးရပ်စာခန့် မြင့်သော နံရံကို ကြည့်ကာ တိတ်တဆိတ် ရှေ့တိုးပြီး ၎င်းကို ထိလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူမသည် မမြင်ရသော ရေမျက်နှာပြင်ကို ထိမိသွားသကဲ့သို့ လှိုင်းလုံးများ အပြင်ဘက်သို့ ဂယက်ထလာလေသည်။

၎င်းမှာ ကာကွယ်ရေး အတားအဆီးတစ်ခု ဖြစ်သည်။

ဖရဲသီးစားခြင်းစနစ်က [ဒီကာကွယ်ရေးအတားအဆီးကို လျစ်လျူရှုဖို့ အဘိုးကြီး ဝူလုချန်ကို ပေးထားတဲ့ အထောက်အထား တံဆိပ်ပြားကို သုံးလိုက်။ နင့်ရဲ့ ဘယ်ဘက်ကနေ ၃ မီတာအကွာ မြေပြင်နဲ့ နီးတဲ့နေရာမှာ အပေါက်တစ်ခု ရှိတယ်] ဟု ပြောလိုက်သည်။

[အဲ့ဒီအပေါက်ကနေ နင်အထဲကို ကြည့်လို့ရတယ်။]

နဉ်ရွှီက နှစ်စက္ကန့်ခန့်မျှ တိတ်ဆိတ်သွားပြီး "ခွေးတိုးပေါက်လား" ဟု မေးလိုက်သည်။

[ဝိညာဉ်သားရဲ၊ ဝိညာဉ်သားရဲဟ။]

[အဲ့ဒါ ဝိညာဉ်သားရဲ ဂူပေါက်လေးတစ်ခုပဲ။]

နဉ်ရွှီ: "......"

ထားလိုက်ပါတော့၊ ဖရဲသီးစားဖို့အတွက် အနည်းငယ် ပေးဆပ်လိုက်ရတာ ဘာမှမဟုတ်ဘူး။

ဒါ့အပြင် သူမက အထဲဝင်သွားရမှာမဟုတ်ဘဲ ဝိညာဉ်သားရဲ ဂူပေါက်မှတစ်ဆင့် အထဲသို့ ကြည့်ရုံသာ ဖြစ်သည်။ ဤသို့တွေးလိုက်သော် နဉ်ရွှီ၏ စိတ်ထဲတွင် မသက်မသာမဖြစ်တော့ပေ။

သူမက ဝူလုချန်ထံမှ အထောက်အထား တံဆိပ်ပြားကို ယူပြီး ဖရဲသီးစားခြင်းစနစ်ပြောသည့် အပေါက်ကို ရှာတွေ့သွားသည်။

အပေါက်က သေးငယ်သော်လည်း ခြံဝင်းထဲက မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် လုံလောက်သည်။

သူမနှင့် မီတာအနည်းငယ်အကွာတွင် လှပလွန်းသော အဝတ်အစားများ ဝတ်ဆင်ထားပြီး အမျိုးသမီး ဆံထုံး ပုံဖော်သိမ်းပေးနေသော အမျိုးသမီး ကျင့်ကြံသူ နှစ်ဦး ရှိသည်။

ဘယ်ဘက်ရှိ အမျိုးသမီး ကျင့်ကြံသူမှာ အရပ်ရှည်ပြီး တောက်ပသော မိတ်ကပ်အပြင်အဆင်နှင့် သွယ်လျသော ကိုယ်ဟန်ရှိကာ သူမ၏ လှုပ်ရှားမှုတိုင်းက ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသည်။

သူမနှင့် ယှဉ်လျှင် ဘေးနားရှိ ကိုယ်လုပ်တော်မှာ ငှက်ကလေးတစ်ကောင်နှင့် ပိုတူသည်။

ထိုကိုယ်လုပ်တော်မှာ လှပပြီး နူးညံ့သိမ်မွေ့သော မျက်ခုံးရှိသဖြင့် နံဘေးက ကိုယ်လုပ်တော်နှင့် လုံးလုံး ကွဲပြားသည်။

နဉ်ရွှီ: "အဲ့ဒီအရပ်ရှည်ရှည်နဲ့လူက မိန်းမလို ဝတ်ထားတဲ့ ယောက်ျားမလား။"

[ဟုတ်တယ်]

နဉ်ရွှီ တစ်ခဏမျှ ကြောင်အမ်းသွားပြီး "မမြင်ရဘူး၊ လုံးဝကို မမြင်နိုင်ဘူး။"

ဤဖရဲသီးစားရသည့် ခရီးစဉ်မှာ မရှုံးပေ၊ တကယ့်ကို အရှုံးမရှိပေ။

သူမ၏ယခင်ဘဝတွင် သူမသည် သတင်းအချက်အလက် ပေါများသည့်ခေတ်တွင် နေထိုင်ခဲ့ရသည်။ ထိုခေတ်တွင် အမျိုးသမီးဝတ်စုံ ဝတ်ဆင်ရာတွင် ကျွမ်းကျင်သည့် ပညာရှင်များ မရှိပေ။ သူတို့၏မိတ်ကပ်မှာ မည်မျှပင် သဘာဝကျနေပါစေ, အမျိုးသမီးတစ်ယောက်လို ဝတ်ဆင်ထားသည့် ယောက်ျားဖြစ်ကြောင်း သဲလွန်စအနည်းငယ်ကို မြင်နေရသေးသည်။

သို့သော် သူမရှေ့ရှိ လူမှာမူ ဘာတစ်ခုမှ မှားယွင်းနေတာမျိုး မတွေ့ရပေ။

"သူမ" သည် အနက်ရောင်နှင့် ရွှေရောင် eyelinerကို ခြယ်သထားပြီး ဖီးနစ်လို မျက်လုံးများက ရှည်လျားပြီး ကျဉ်းမြောင်းကာ မျက်ခုံးများတွင် ပန်းအဆင်တန်ဆာများ ကပ်ထားပြီး မျက်ခုံးထောင့်နှင့် မျက်ဝန်းအစွန်းတို့တွင် အဆုံးမဲ့ ဆွဲဆောင်မှုများ ရှိနေသည်။

နဉ်ရွှီက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "သူက သူ့ငယ်ချစ်နဲ့ ပြန်ဆုံချင်လို့ဆိုတာ တကယ်ကောဟုတ်ရဲ့လား၊ သူကိုယ်တိုင်က ဒါမျိုးတွေ ကြိုက်နေလို့ မဖြစ်နိုင်ဘူးလား" ဟု မေးလိုက်သည်။

ဤမေးခွန်းက ဖရဲသီးစားခြင်းစနစ်ကိုလည်း တိတ်ဆိတ်သွားစေသည်။

၎င်းက မသေချာသဖြင့် [သူ့ငယ်ချစ်လေးနဲ့ ပြန်ဆုံချင်လို့ ဖြစ်မှာပါ] ဟု ဆိုသည်။

နဉ်ရွှီက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "သူက ဟိုမိန်းမစိုးကြီးနဲ့ ယှဉ်လိုက်ရင် ဘယ်လိုနေလဲ" ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က သက်ပြင်းချကာ [တစ်ယောက်ချင်းစီမှာ သူ့အားသာချက်နဲ့သူ ရှိကြတာပါပဲ၊ ဘယ်သူက ပိုသာလဲဆိုတာ ခွဲဖို့ ခက်တယ်] ဟု ဆိုသည်။

နဉ်ရွှီက "ကျင့်ကြံခြင်းလောကမှာ တကယ်ကို အရည်အချင်းရှိတဲ့သူတွေ မရှားဘူးပဲ" ဟု ပြောလိုက်သည်။ မည်သည့်နေရာတွင်မဆို အရည်အချင်းရှိသူများ ပြတ်လပ်ခြင်းမရှိပေ။

မိန်းမကဲ့သို့ ဝတ်ဆင်ထားသော ထိုယောက်ျား၏ ဆွဲဆောင်မှုအား နဉ်ရွှီက အံ့သြနေစဉ်တွ သူက သူ့၏ သိုလှောင်အိတ်ထဲမှ တစ်ခုခုကို ထုတ်ယူလိုက်သည်။

ထိုအရာကို မြင်ပြီးနောက် နဉ်ရွှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ အမူအရာမှာ ပျက်ယွင်းသွားကာ "အာ... ဒါ... ဒါက..."

ဖရဲသီးစားခြင်းစနစ်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး [ပေါက်ကွဲထွက်သွားပြီမလား။ မထင်ထားဘူးမလား။] ဟု ဆိုသည်။

နဉ်ရွှီက မိန်းမောသွားပြီး "သူက အဲ့ဒါကြီးနဲ့ ဘာလုပ်မလို့လဲ" ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က [သူ့ငယ်ချစ်ဦးကို ပေးမလို့လေ။] ဟု တိုက်ရိုက်ပြန်ဖြေလိုက်သည်။

နဉ်ရွှီက "ဟမ်" ဟု ဆိုလိုက်သည်။

[သူက အစောင့်တော်တော်များများကို ဝယ်ထားပြီးပြီ၊ အချိန်အခါသင့်တာနဲ့ သူက ယောက်ျားဝတ်စုံဝတ်ထားတဲ့ သူ့ငယ်ချစ်လေးနဲ့ ထွက်ပြေးတော့မှာ။]

[အဘိုးကြီးရဲ့ ကိုယ်လုပ်တော်တွေထဲမှာ မကျင့်ကြံနိုင်တဲ့ သာမန်လူတွေ ပါနေတော့ အစေခံတွေက စားစရာတွေနဲ့ စားပြီး ထမင်းကျန်ဟင်းကျန်တွေ အဲ့လိုအလားတူအရာတွေကို နေ့တိုင်း လာပို့ပေးရတယ်။]

[အဲ့ဒီအချိန်မှာ သူနဲ့ သူ့ငယ်ချစ်က စားကြွင်းစားကျန် သယ်တဲ့ အစေခံလေးတွေအဖြစ် ဟန်ဆောင်ပြီး ထွက်ပြေးဖို့ အခွင့်အရေး ယူကြမှာ။]

[ပိုပြီးအစစ်နဲ့တူအောင်လို့ သူကိုယ်တိုင် အဲ့ဒါအရာကို လုပ်ထားတာ။ အချိန်ရောက်လာတာနဲ့ သူ့ရဲ့ငယ်ချစ်ကို ဝတ်ခိုင်းလိမ့်မယ်။]

[ဒါ့အပြင် လည်စိနဲ့ တခြားအရာတွေလည်း ရှိသေးတယ်။]

[ဘယ်လိုပဲဖြစ်ဖြစ် အမှားအယွင်းမရှိစေဖို့အတွက် သူက သုံးလို့ရမယ့်အရာမှန်သမျှကို ပြင်ဆင်ထားပြီးသား။]

နဉ်ရွှီ: "......"

ဒီကြောက်စရာကောင်းတဲ့လူကတော့ သူ့ကိုယ်သူ ရင့်ကျက်တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ မမကြီးပုံစံ ပြောင်းထားရုံတင်မကဘူး၊ ဒီလောက် အစစ်နဲ့တူတဲ့ ပစ္စည်းတွေကိုပါ လုပ်နိုင်သေးတယ်။

"သူက လက်နက်သန့်စင်တဲ့သူမလား။"

ဖရဲသီးစားခြင်းစနစ်က ငြင်းဆိုလိုက်သည်။ [မဟုတ်ဘူး၊ သူက ဓားကျင့်ကြံသူတစ်ယောက်ပဲ]

“ဟမ်၊ ဓားကျင့်ကြံသူတွေက ဒီလောက်တောင် စွယ်စုံရတာလား။"

ဖရဲသီးစားခြင်းစနစ်က ပြုံးလိုက်ပြီး [ဒါကတော့ ဘဝက မလွယ်ကူလို့ပေါ့။ သူ့ငယ်ချစ်လေးနဲ့ ပြန်ဆုံနိုင်ဖို့အတွက် နည်းနည်းတော့ ပိုပြီးသင်ယူထားရတယ်လေ။] ဟု ဆိုသည်။

ဒီလူက တခြားအရာတွေကို မသင်ယူဘဲ ထူးဆန်းသည့် အရာများကိုသာ သင်ယူထားသည်။

နဉ်ရွှီက သက်ပြင်းချကာ "သူက တော်တော်လေး သတိကြီးတာပဲ။" ဟု ပြောလိုက်သည်။

ပုံမှန်အားဖြင့် အညစ်အကြေးပုံးများ သယ်ယူခြင်းကို သန်းခေါင်ယံအချိန်တွင် လုပ်ဆောင်သည်။

ညအချိန်တွင် ညကင်းစောင့်နေသည့် အစောင့်များမှာ ငိုက်မြည်းနေတတ်ပြီး အလင်းရောင် လုံလုံလောက်လောက် မရှိသဖြင့် အသေးစိတ် ရှာကြမည်မဟုတ်ပေ။

သို့သော် သူက ကဏ္ဍအားလုံးကို ထည့်သွင်းစဉ်းစားထားသည်။

သူ၏ အထောက်အထားကို ပေါ်သွားစေနိုင်သည့် လျှို့ဝှက်အန္တရာယ်အချို့ကို သူကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းထားသည်။

ဖရဲသီးစားခြင်းစနစ်က [သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားကို ကြည့်လိုက်၊ ဘယ်လိုလဲ။] ဟု မေးလိုက်သည်။

နဉ်ရွှီက အမှန်အတိုင်းပင် "ဆွဲဆောင်မှု ရှိတယ်" ဟု ပြောလိုက်သည်။

၎င်းမှာ တကယ်ကို ဆွဲဆောင်မှု ရှိလှသည်။

ဤမမကြီးသည် ကောက်ကြောင်းပေါ်လွင်သည့် ခန္ဓာကိုယ်အချိုးအစား ရှိပြီး သူမ၏ လက်ချောင်းသွယ်သွယ်လေးများပေါ်တွင် ဆိုးခြယ်ထားသော အနီရောင် လက်သည်းရှည်လေးများမှာ အလွန်ပင် မျက်စိကျစရာ ကောင်းလှသည်။

သူနှင့် နှိုင်းယှဉ်လျှင် သူ၏ ငယ်ချစ်ကလေးမှာ ရုပ်ရည်ရော အဝတ်အစားပါ ရိုးရှင်းလွန်းသဖြင့် အရွယ်မရောက်သေးသည့် ကလေးတစ်ယောက်နှင့် တူနေသည်။

ဖရဲသီးစားခြင်းစနစ်က ရယ်လိုက်ပြီး [ခန္ဓာကိုယ် အချိုးအစားကတော့ အမှတ်ပြည့်ပဲမလား။]

နဉ်ရွှီက အွန်းဟု အသံပြုလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က [သူက ပေါက်စီတွေ ဘာတွေ မသုံးထားဘူးနော်။] ဟု မိတ်ဆက်ပေးလာသည်။

[သူသုံးထားတဲ့ ကိုယ်တိုင်လုပ်ပစ္စည်းတွေက အစစ်နဲ့တူတဲ့ အတိုင်းအတာမှာတော့ ၁၀၀ ရာခိုင်နှုန်းပဲ။]

[ဝူမိသားစုရဲ့ မိသားစုခေါင်းဆောင်ကြီးကလည်း အဲ့လောက်မအပါဘူး၊ လူတွေပြောကြသလို အသက်ကြီးလေ ပိုပါးနပ်လေဆိုတဲ့ အဘိုးကြီးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူကလည်း မြေခွေးအိုကြီးပဲဟာ။ သာမန်လူတွေက သူ့နှာခေါင်းအောက်မှာ ပြဿနာရှာဖို့ဆိုတာ တကယ်ကို မလွယ်ဘူး။]

[သူ ဒီကိစ္စကို မသိသေးတာက ဒီမမကြီးက သူ့ထက် တစ်လှမ်းပိုသာနေတာမလို့ပေါ့။]

မဟုတ်ဘူးလား......

နဉ်ရွှီ: "ဒါက ပါရမီတစ်ခုပဲ။"

ဝူလုချန်: !!

သူတို့ ဘာတွေ ပြောနေကြတာလဲ။

ခြံဝင်းထဲက မြင်ကွင်းကို မမြင်ရသဖြင့် သူတို့ပြောနေသည့် စကားဝိုင်းမှတစ်ဆင့် အထဲတွင် မည်သည့်အရာများ ဖြစ်နေသည်ကို ခန့်မှန်းရုံသာရှိသည်။

ဖရဲသီးစားခြင်းစနစ်က ဒါက ပေါက်ကွဲထွက်သွားပြီဟု တစ်ကြိမ်ထက်မက ပြောနေသည်။

ဒါဆို အဲ့ဒါက ဘယ်လောက်တောင် ပေါက်ကွဲစရာကောင်းနေလို့လဲ။ သူ တကယ်ပဲ အထဲကို ကြည့်ချင်မိသည်။

ထိုအချိန်တွင် နဉ်ရွှီ၏ အမူအရာသည် ဆက်ထိန်းထားနိုင်ခြင်း မရှိဘဲ "ဒါက... သူ ခုနကပဲ သိမ်းလိုက်တာ မဟုတ်ဘူးလား"

"ဘာလို့ အဲ့ဒီဟာကို ပြန်ထုတ်နေတာလဲ။"

ဖရဲသီးစားခြင်းစနစ်က [သူ့ငယ်ချစ်ဦးကို တစ်ချက်ကြည့်ခိုင်းမို့လေ။] ဟု ဆိုသည်။

[အဲ့ဒါကို သိမ်းပြီးတဲ့နောက် သူတို့က ထွက်ပြေးဖို့ အသေးစိတ်အချက်အလက်တွေကို ခဏလောက် ဆွေးနွေးကြတယ်။]

[အခု ပြန်ထုတ်လာတယ် ဆိုတာက သူမကို အဆင်ပြေ၊မပြေ စမ်းဝတ်ခိုင်းမလို့လေ၊ မပြေရင် ပြန်ပြင် ရအောင်လို့ပေါ့။]

နဉ်ရွှီ: "......"

"သူတို့ ဘာလို့ အိမ်ထဲမသွားကြတာလဲ။"

ဖရဲသီးစားခြင်းစနစ်က [ခြံဝင်းထဲက အလင်းရောင် ပိုကောင်းပြီး ရှင်းရှင်းလင်းလင်း ပိုမြင်ရလို့ မဟုတ်ဘူးလား။] ဟု ဆိုသည်။

နဉ်ရွှီ: ......

ဖရဲသီးစားခြင်းစနစ်က ရယ်လိုက်ကာ [သူတို့က အနားမှာ လူရှိနေမှန်း မသိကြဘူးလေ။] ဟု ဆိုသည်။

နဉ်ရွှီက ဒီအမျိုးသမီးတစ်ယောက်လို ဝတ်ဆင်ထားသည့် ယောက်ျားက မည်သို့သောပစ္စည်းမျိုးမျိုးသုံးပြီး လုပ်ထားသည်ကို အနီးကပ်ကြည့်ချင်နေချိန်တွင် သူက ရုတ်တရက် သူမ၏ မျက်လုံးများကို လက်ဖြင့် ကာလိုက်သည်။

ထိုအချိန်တွင် သူမသည် မြေပြင်ပေါ်တွင် လှဲနေပြီး အထဲသို့ ခိုးကြည့်နေခြင်း ဖြစ်သည်။

သူမ သတိမထားမိခင်မှာပင် သူမ၏ ရှေ့တွင် လက်တစ်စုံ ရောက်နေပြီဖြစ်သည်။ ထိုလက်များမှာ နွေးထွေးပြီး ခြောက်သွေ့နေကာ သူမ၏ နှာခေါင်းထဲသို့ အလွန်ပင် မွှေးပျံ့သော ရနံ့တစ်ခု တိုးဝင်လာသည်။

နဉ်ရွှီက မျက်တောင်များကို အသာအယာခတ်လိုက်သည်။

ဖြူစင်သောကျင့်ကြံသူသည် အစားအသောက် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း မထင်မှတ်ထားဘဲ သူ့ဆီတွင် ဟင်းခတ်အမွှေးအကြိုင်နံ့များ ရှိမနေဘဲ သင်းပျံ့သည့် ရနံ့တစ်ခုသာ ရှိသည်။

သူမက ကြောင်အမ်းသွားပြီး သူမ၏ အမြင်အာရုံကို ကာထားရသည့် အကြောင်းရင်းကို မေးတော့မည့်အချိန်တွင် ဖြူစင်သောကျင့်ကြံသူက "ခေါင်းဆောင်၊ ကင်းလှည့်အဖွဲ့ လာနေပြီ" ဟု ပြောလိုက်သည်။

နဉ်ရွှီက သက်ပြင်းချလိုက်သည်။

ဖြူစင်သောကျင့်ကြံသူက သူ၏လက်ကို ဖယ်လိုက်ပြီး "ခေါင်းဆောင်၊ ရတနာက ဘယ်လိုနေလဲ။" ဟု မေးလိုက်သည်။

သူ့အသံမှာ အရင်အတိုင်း ဖြစ်နေသော်လည်း ဘာကြောင့်မှန်းမသိ နဉ်ရွှီက သူ အခု စိတ်မကြည်မလင် ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

သူ့ကြည့်ရသည်မှာ သိပ်မပျော်သည့်ပုံပင်။

နဉ်ရွှီက သူမ၏ အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး "မှားသွားတာ၊ ဒီမှာ ဘာရတနာမှ မရှိဘူး။" ဟု ပြောလိုက်သည်။ ထိုအရာများမှာ ရတနာများ မဟုတ်ပေ။

သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားပြီး "အင်း၊ ဒါဆို ဘဏ္ဍာတိုက်ကို သွားကြမလား။"

နဉ်ရွှီက အနည်းငယ် ကြောင်အသွားသည်။

ဘာလို့ ဖြူစင်သောကျင့်ကြံသူရဲ့ စိတ်အခြေအနေက ပြန်ပြီးနွေးထွေးလာတယ်လို့ ခံစားနေရတာလဲ၊ ထိုစကားကို ကြားချိန်မှာ သူ့ဆီမှာ အပြုံးသေးသေးလေးတောင် ရှိသေးတယ်။

ခုနက စိတ်ဓာတ်ကျနေတယ်ဆိုတာက သူမ ထင်ယောင်ထင်မှား မြင်မိတာများလား။

သူမက သိပ်မတွေးတော့ဘဲ "ကောင်းပြီလေ။" ဟုသာ ပြောလိုက်သည်။

သူမ ထလိုက်ပြီး မကြာမီ ကင်းလှည့်အဖွဲ့က သူမတို့ထံသို့ ရည်ရွယ်ချက်ရှိရှိ လျှောက်လာလေသည်။

သူမက ခြေတစ်လှမ်း လှမ်းလိုက်သည်။

ဒီလူတွေက သူမနောက်ကို လိုက်လာတာတော့ မဟုတ်ဘူးမလား။

၎င်းမှာ မဖြစ်နိုင်ပေ။

သူမ မြင်ခဲ့သည့်အရာများကို သူတို့သိမည်မဟုတ်ပေ။

သူမက သူတို့၏ ရည်ရွယ်ချက်ကို ခန့်မှန်းနေစဉ် အဖွဲ့ခေါင်းဆောင်ဖြစ်သူမှ "အားချန်၊ လျှိူမိသားစုက တံခါးဝမှာ လာပြီး ပြဿနာရှာနေတယ်၊ သခင်ကြီးက မင်းကို တံခါးဝကို အမြန်သွားပြီး ဖြေရှင်းဖို့ အမိန့်ပေးလိုက်တယ်" ဟူ၍ ပြောလိုက်သည်ကိုသာ ကြားလိုက်သည်။

All Chapters