← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း(၇၀)

ရှင်းထောင်မြို့ မြို့တော်ဝန်၏ ဒုတိယသားက မက်မွန်နတ်ဘုရားမကို ညဘက်လည်ပတ်ရန် ဖိတ်ကြားသည့်အကြောင်းကို ရှင်းထောင်မြို့ရှိ အထက်တန်းလွှာများသာ ကြားထားကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် ချိန်းဆိုထားသည့်အချိန်သို့ ရောက်ရန် တစ်နာရီ၊ နှစ်နာရီခန့် လိုသေးသော်လည်း ကျင့်ကြံသူများမှာ ဤကိစ္စကို တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီ ဖြစ်သည်။

ကျင့်ကြံသူ A: "နတ်ဘုရားမက တကယ်ကြီး သဘောတူလိုက်တာပဲ။"

ကျင့်ကြံသူ B: "မယုံနိုင်စရာပဲ။ နတ်ဘုရားမက သူ့ရဲ့ဘယ်အချက်ကို သဘောကျသွားတာလဲ။"

ကျင့်ကြံသူ C: "မင်းတို့ ပြောတာကို ကြည့်ရတာ မင်းတို့ရဲ့ စကားတွေထဲမှာ ချဉ်တူးနေတဲ့အနံ့တွေက လျှံထွက်တော့မယ်နော်။ ဘာပဲဖြစ်ဖြစ် သူက မြို့တော်ဝန်ရဲ့သားလေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ယွမ်ယင်အဆင့် ကျင့်ကြံသူ ဖြစ်နေပြီဆိုတော့ မင်းတို့ထက်စာရင် သာတာပေါ့။"

ကျင့်ကြံသူ A: "ကုန်းချိန်ဆီ ရှုံးရတာကို ငါ လက်ခံပါတယ်၊ ဒီကလေးကို ရှုံးတာကိုတော့ ငါ လက်မခံနိုင်ဘူး။ ရှင်းထောင်မြို့တစ်မြို့လုံးကို ကြည့်ကြည့်လိုက်၊ သူ့ရဲ့ ကျင့်ကြံခြင်းက ဆေးလုံးတွေ၊ အရင်းအမြစ်တွေနဲ့ အတင်းတွန်းတင်ထားတယ်ဆိုတာ ဘယ်သူမသိဘဲနေမှာလဲ။"

ကျင့်ကြံသူ C: "သူ့မှာ အရင်းအမြစ်တွေ မပြတ်လပ်တာ ဘာတတ်နိုင်မှာလဲ။"

ကျင့်ကြံသူ B: "ငါလည်း လက်မခံနိုင်ဘူး၊ သူ့မိသားစု နောက်ခံက ငါ့ထက်သာတာက လွဲရင် တခြားကဏ္ဍတွေမှာ သူက ငါ့ထက်ပိုမကောင်းဘူးမလား။"

ကျင့်ကြံသူ C: "နတ်ဘုရားမက သဘောကျနေတာကို ဘာတတ်နိုင်မှာလဲ။ သဘောမကျရင် ညဘက် အတူတူလည်ပတ်ဖို့ သဘောတူမှာ မဟုတ်ဘူး။"

မရေမတွက်နိုင်သော ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြသည်။ မက်မွန်နတ်ဘုရားမမှာ ကျင့်ကြံသူများ၏ ရင်ထဲမှ လရောင်ဖြူလေးပင်ဖြစ်သည်။ မကြာမီ ဤလရောင်ဖြူလေးသည် တစ်ဦးတစ်ယောက်တည်းအတွက်သာ လင်းလက်ပေတော့မည်။

ကျင့်ကြံသူ Aက ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "မင်းက ဒီကောင်လေးကို နတ်ဘုရားမဆီ ချဉ်းကပ်ခွင့် ပေးလိုက်တာလား။"

ကျင့်ကြံသူ Bမှာ မျက်ရည်များ ကျလာကာ "လက်မခံနိုင်ဘူး၊ ငါ လက်မခံနိုင်ဘူးလို့။"

တစ်လျှောက်လုံး အတည်ငြိမ်ဆုံးဖြစ်သော ကျင့်ကြံသူ Cက ရုတ်တရက် နှာခေါင်းရှုံ့လိုက်သည်။

ကျင့်ကြံသူ Aက သူ့ကိုတစ်ချက်ကြည့်ကာ "မင်းဘာလုပ်နေတာလဲ။" ဟု မေးလိုက်သည်။

ကျင့်ကြံသူ Cက သူ၏လက်ထဲတွင် ဆက်သွယ်ရေးတံဆိပ်ပြားကို ကိုင်ထားကာ အံ့အားသင့်နေသောပုံစံဖြင့် "ငါ နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာမှာ ပို့စ်တစ်ခု တွေ့လိုက်တယ်။" ဟု ဆိုသည်။

ထိုစကားကို ကြားသည်နှင့် ကျင့်ကြံသူ Aနှင့် ကျင့်ကြံသူ Bတို့ စိတ်ဝင်တစားဖြစ်လာကြသည်။

ကျင့်ကြံသူ Aက နတ်ဘုရားမအကြောင်းကိုပင် ဘေးသို့ပို့လိုက်သည်။ "ဘာ၊ မင်းပြောတာ ဖရဲသီးရွှေ့ပြောင်းသူက ပို့စ်အသစ် တင်လိုက်တယ်ဟုတ်လား။"

ကျင့်ကြံသူ Bပင် ငိုမနေတော့ပေ။ သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "သူပေါ်မလာတာ အတော်ကြာပြီ၊ သူ ဟွာကျိုင်းဂိုဏ်းရဲ့ ပစ်မှတ်ထားတာ မခံရအောင် လတ်တလော မသိမသာငြိမ်နေတာလို့ လူတချို့က ခန့်မှန်းကြတယ်၊ တချို့ကျတော့လည်း သူက ဟွာကျိုင်းဂိုဏ်းကို ကြောက်လို့ လတ်တလော အသံတောင် မထွက်ရဲတော့တာလို့ ပြောနေကြတယ်။"

နတ်ဘုရားမအကြောင်း ပြောစဉ်က တစ်ချိန်လုံး တည်ငြိမ်နေသော ကျင့်ကြံသူ Cသည် ၎င်းကို ကြားချိန်တွင် ချက်ချင်းပင် အာရုံစိုက်လာသည်။

"ဟွာကျိုင်းဂိုဏ်းကို ကြောက်လို့ အသံမထွက်ရဲတာ ဆိုတာ မဖြစ်နိုင်ဘူး။ ဖရဲသီးရွှေ့ပြောင်းသူ ဒီနေ့ ပေါ်လာတာက ဒီကောလာဟလတွေကို ဖြိုခွင်းပစ်မို့မလား။"

"ဖရဲသီးရွှေ့ပြောင်းသူ အရင်က ပို့စ်မတင်တာက ဟွာကျိုင်းဂိုဏ်းရဲ့ ဖရဲသီးတွေက တော်တော်လေး ပေါက်ကွဲလုမတတ် ဖြစ်နေလို့များလား။"

“ဟွာကျိုင်းဂိုဏ်းက ဖရဲသီးရွှေ့ပြောင်းသူအတွက်တော့ အေးစက်နေတဲ့ ထမင်းတစ်နပ်လို ဖြစ်သွားပြီ၊ သူက အဲဒါကို ပြန်နွှေးဖို့တောင် စက်ဆုပ်ရွံရှာနေလောက်တယ်။”

ကျင့်ကြံသူ Aက ခေါင်းတိုးလာကာ "သူ ဒီနေ့ ဘာပြောထားတာလဲ" ဟု မေးသည်။

ကျင့်ကြံသူ Cက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ရှင်းထောင်မြို့ မြို့တော်ဝန်ရဲ့ ဒုတိယသားက လူယုတ်မာတစ်ယောက်မလို့ နတ်ဘုရားမအနေနဲ့ သူ့ကို အကြည့်တစ်ချက်မပေးလိုက်ဖို့ သူပြောထားတာ။"

ကျင့်ကြံသူ A နှင့် ကျင့်ကြံသူ B - "အာ???"

ထိတ်လန့်သွားပြီးနောက် သူတို့နှစ်ဦးလုံး တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားလာကြသည်။

ဟွာကျိုင်းဂိုဏ်းပြီးတော့ ဖရဲသီးက ရှင်းထောင်မြို့ဆီ ရောက်လာတာမလား။

ဟုတ်တယ်မလား၊ ဟုတ်ကိုဟုတ်မှာ။

သူတို့ အထင်ကြီးလေးစားရသည့် ဖရဲသီးရွေ့ပြောင်းသူက ထင်ထားသည့်အတိုင်း ထိပ်တန်းပင်ဖြစ်သည်။

ထိုအချိန်တွင် နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ၌ ဖရဲသီးရွှေ့ပြောင်းသူ၏ ပို့စ်အသစ်ကြောင့် ဆူညံပွက်လောရိုက်နေသည်။

ထျန်းယာလျှို့ဝှက်နယ်မြေ ပိတ်သိမ်းသွားပြီးနောက် ဖရဲသီးရွှေ့ပြောင်းသူထံမှ ပို့စ်အသစ်များ မရှိခဲ့ပေ။ သူ၏ ပို့စ်များမရှိလျှင် ဖိုရမ်မှာ ပျော်စရာမကောင်းတော့ပေ။

ဖရဲသီးရွှေ့ပြောင်းသူကြောင့် ဟွာကျိုင်းဂိုဏ်းသည် လုံးဝအရှက်ရသွားသည့်အတွက် ကျင့်ကြံသူများက ဖရဲသီးရွှေ့ပြောင်းသူသည် နောက်တွင် ပို့စ်များထပ်တင်တော့မည်မဟုတ်ဟု ယူဆခဲ့ကြသည်။

ရလဒ်အနေနှင့် ဖရဲသီးရွှေ့ပြောင်းသူသည် အချိန်အနည်းငယ်မျှ ငြိမ်သက်နေခဲ့ပြီးနောက် ယနေ့တွင် သူသည် ရှင်းထောင်မြို့ မြို့တော်ဝန်၏သားကို ရှေ့တန်းသို့ တိုက်ရိုက်တွန်းပို့လိုက်ခြင်းဖြင့် ပွဲကြမ်းလိုက်သည်။

ယနေ့ သူတင်လိုက်သည့် ပို့စ်မှာ သူ၏ယခင်စတိုင်အတိုင်းပင် လိုရင်းတိုရှင်းနှင့် ထိမိလှသည်။

ယနေ့ ပို့စ်၏အမည်ကို ဤကဲ့သို့မြင်ရပေမည်။

“လူယုတ်မာတစ်ယောက်က မြင့်မြတ်တဲ့ နတ်ဘုရားမနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ။ ရှင်းထောင်မြို့ မြို့တော်ဝန်ရဲ့ ဒုတိယသား - လူယုတ်မာတွေထဲကမှ အယုတ်မာဆုံးလူ”

ပို့စ်အမည်ကို မြင်လိုက်သည်နှင့် လူတိုင်း အထဲကို ဝင်ကြည့်ဖို့ မစောင့်နိုင်တော့ပေ။ ကျင့်ကြံသူအချို့မှာ ရင်းနှီးနေသော ခေါင်းစဉ်ပုံစံကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်ပင် ကျခဲ့ကြသည်။

ဒါက ရှင်းထောင်မြို့က အထက်တန်းလွှာ ကျင့်ကြံသူမိသားစုနဲ့ ပတ်သက်တဲ့ ဖရဲသီးပဲ။ လုံးဝ လက်လွတ်ခံလို့ မရဘူး။

ဖရဲသီးရွှေ့ပြောင်းသူ တစ်ယောက်တည်းသာ သူတို့ကို ဒီလိုဖရဲသီးအကြီးစားတွေ မျှဝေပေးနိုင်တာ။ ဖရဲသီးရွှေ့ပြောင်းသူက သူတို့ရဲ့ တစ်ခုတည်းသောဖရဲသီးသတင်းအရင်းအမြစ်၊ သူတို့ရဲ့ အကြီးမားဆုံးအဆက်အသွယ်ပဲ။

ပို့စ်ထဲတွင် ဤသို့ ရေးထားသည်။

ရှင်းဟွမ်၊ မင်းက နတ်ဘုရားမကို ဒီလောက်လူသိရှင်ကြား လိုက်ပိုးပန်းနေတာကို မင်းအတွက် သားတစ်ယောက်၊ သမီးတစ်ယောက် မွေးပေးထားတဲ့ မင်းရဲ့ ဝမ်းကွဲညီမလေးက သဘောတူရဲ့လား။

မင်းမှာ သားသမီးတွေ အထင်အရှား ရှိနေပါရက်နဲ့ အပြင်မှာတော့ အမြဲတမ်း လူပျိုလူလွတ် တစ်ယောက်လို ရိုးသားဖြူစင်သလို လုပ်နေတယ်။

နတ်ဘုရားမက မင်းရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ချစ်ရသူပါလို့ ပြောတယ်။

လူတွေကို ရယ်ရလွန်းလို့ သွားတွေပါ ကျွတ်ထွက်သွားအောင် မလုပ်ပါနဲ့၊ ဟုတ်ပြီလား။ မင်း မင်းရဲ့ ဝမ်းကွဲညီမလေးကို ပြောခဲ့တဲ့ စကားချိုချိုလေးတွေ အားလုံးကို မေ့သွားပြီလား။ မင်းရဲ့ ဝမ်းကွဲညီမလေးကို အချစ်ဆုံးပါလို့ မင်း မပြောခဲ့ဘူးလား။

ဖြူစင်တဲ့အချစ်ဟုတ်လား။ မင်းက အဲဒါကို ပစ်မှတ်ထားပြီး ဖျက်ဆီးရအောင် ဖြူစင်တယ် ဆိုတဲ့ စကားလုံးက မင်းကို ဘာများရန်စခဲ့လို့လဲ။

နတ်ဘုရားမကို ညဘက်လည်ပတ်ဖို့ မဖိတ်ခင်လေးတင်မှာပဲ မင်းရဲ့ ကောင်းကင်ဝိဉာဉ်အမြစ်ပိုင်ရှင် သမီးလေးကို ညဘက်လာတွေ့မယ်လို့ မင်း ချော့ပြောခဲ့တယ်မလား။ ဘာလို့လဲ၊ မင်းပြောတဲ့ စကားတွေက လေလည်သလိုပဲ အလကား ဖြစ်သွားတာလား။

အားလုံးပဲ အသိအမှတ်ပြုလိုက်ကြပါ၊ ဒါက လူယုတ်မာတွေထဲက အယုတ်မာဆုံးပါပဲ။ နတ်ဘုရားမအနေနဲ့ သူ့ကို ထပ်ပြီးအကြည့်မပေးပါနဲ့တော့၊ သူက မထိုက်တန်ပါဘူး။

ဤပို့စ် တင်ပြီးသည့်နောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ပို့စ်အောက်တွင် မှတ်ချက်များ လာပေးကြသည်။

[ဖရဲသီးရွှေ့ပြောင်းသူရေ၊ ငါ့ရဲ့ ချစ်လှစွာသော ဖရဲသီးရွှေ့ပြောင်းသူ၊ မင်း နောက်ဆုံးတော့ ပြန်ပေါ်လာပြီပေါ့။]

[ဖရဲသီးရွှေ့ပြောင်းသူ၊ မင်းရဲ့ စကားတွေက အရင်ကအတိုင်း ထက်ရှနေတုန်းပဲဆိုတာ မြင်လိုက်ရတော့ မင်း အဆင်ပြေနေမှန်း သိလိုက်ရတယ်။ မင်းအဆင်ပြေနေတာ သိလိုက်ရလို့ ငါ စိတ်အေးသွားပါပြီ။]

[ဖရဲသီးရွှေ့ပြောင်းသူ၊ မင်းက ရှင်းထောင်မြို့ရဲ့ ကိစ္စတွေကိုပါ စိတ်ဝင်စားနေတာလား။]

[ဟားဟားဟားဟားဟား၊ ဟွာကျိုင်းဂိုဏ်းက အပယ်ခံလိုက်ရပြီလား။ ကြည့်ရတာ နောက်ခေါင်းဆောင်သစ်က ရှင်းထောင်မြို့ ဖြစ်ပုံရတယ်၊ ရှင်းထောင်မြို့က အကြီးအကဲတွေအတွက်တော့ ဝမ်းသာရမလား၊ ထိတ်လန့်ရမလားတောင် မသိတော့ဘူး။]

[ဘာ၊ ရှင်းဟွမ်က တကယ်ပဲ အဲ့ဒီလိုလူမျိုးလား။ နတ်ဘုရားမရေ၊ အလှည့်စားမခံပါနဲ့နော်။]

[နတ်ဘုရားမလည်း ဒီပို့စ်ကို မြင်လောက်သင့်ပြီမလား။]

[ကြည့်ရတာ ဒီည ညဘက်လည်ပတ်ဖို့ကတော့ ပျက်ပြယ်သွားပြီထင်တယ်။]

ဖိုရမ်တွင် ထိုပို့စ်အကြောင်း မရပ်မနား ပြောဆိုနေကြစဉ် ဖရဲသီးစားခြင်းစနစ်သည်လည်း နဉ်ရွှီအား တိုးတိုးတိတ်တိတ် ပြောနေသည်။

[ရယ်ရလွန်းလို့ သေတော့မယ်၊ ရှင်းဟွမ်ရဲ့ ပုံရိပ်ကို ဘယ်သူကများ တွေးပေးခဲ့တာလဲ။]

[ဖြူစင်တဲ့ လူပျိုလူလွတ် ပုံရိပ်မျိုးလုပ်ဖို့ သူကိုယ်တိုင်ပဲ အကြံရခဲ့တာလား။]

[ငါတို့ရဲ့ ဖြူစင်တဲ့ကျင့်ကြံသူကမှ အစစ်အမှန်လေးပါနော်။]

[သူ့လို လူယုတ်မာမျိုးက ယှဉ်ကို မယှဉ်သင့်တာ။]

နဉ်ရွှီ: "......"

ဖရဲသီးစားခြင်းစနစ်က ဆက်ပြောသည်။ [နင်မယုံရင် ဖြူစင်သောကျင့်ကြံသူရဲ့ လက်လေးကို ကိုင်ကြည့်လိုက်၊ သူ့မျက်နှာနီလာမလား ဆိုတာ ကြည့်ရအောင်။]

ဒုတိယဝူသခင်လေး: !!

နဉ်ရွှီက ဖြူစင်သောကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်ရာ နေဝင်ချိန်၏ မှိန်ပျပျ ဆည်းဆာအလင်းတန်းမှာ ဖြူစင်သောကျင့်ကြံသူ၏ ချောမောသော မျက်နှာတစ်ခြမ်းပေါ်သို့ ကျရောက်နေသဖြင့် သူ၏ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်မှာ ပို၍ပင် ဝေဝါးလာပေသည်။

နဉ်ရွှီက သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေပြီး "ငါ သူ့လက်ကိုတောင် မကိုင်ရသေးဘူး၊ သူ့မျက်နှာက နည်းနည်းနီနေတဲ့ပုံပဲ။" ဟု ပြောလိုက်သည်။

ဖရဲသီးစားခြင်းစနစ် : [ဟုတ်တယ်နော်။]

နဉ်ရွှီ: "သူက မျက်နှာနီမြန်းလွယ်လို့ ဖြစ်မှာပေါ့။"

ဒုတိယဝူသခင်လေး: ...... သူလည်း နင်တို့စကားတွေကို ကြားနေရလို့ မျက်နှာနီလာတာ မဖြစ်နိုင်ဘူးလား။

ရှင်းဟွမ်းရဲ့ ဖြူစင်မှုက အတုအယောင်ပဲ။

ဒီတစ်ယောက်ကတော့ တကယ်ကြီး ဖြူစင်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ထိုအချိန်တွင် ဒုတိယဝူသခင်လေးသည် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ စိတ်ထဲကအသံများကို ကြားနိုင်သူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း သေချာသွားသည်။ သူတို့ ပြောနေသည့် ဖြူစင်သောကျင့်ကြံသူသည်လည်း သေချာပေါက် ကြားနေရပေလိမ့်မည်။

ဖရဲသီးစားခြင်းစနစ် : [ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နင်သာ ကိုင်ကြည့်လိုက်ရင် သူ့မျက်နှာက ပိုပြီး နီရဲသွားမှာ သေချာတယ်။]

နဉ်ရွှီသည် အကြောင်းပြချက်မရှိဘဲ ဖြူစင်သောကျင့်ကြံသူ၏ လက်ကို သဘာဝကျကျ မကိုင်နိုင်ပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်၌ ဝူမိသားစုခေါင်းဆောင်က သူတို့ကို ညစာစားပွဲအတွက် လာရောက်ဖိတ်ကြားသည်။

နဉ်ရွှီက ဤအကြောင်းအရာကို ကျော်သွားလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။

ဤသည်မှာ ဝူမိသားစုခေါင်းဆောင်က ဝူလုချန်အတွက် အထူးကျင်းပပေးသည့် မိသားစုစားပွဲတစ်ခု ဖြစ်သည်။ နောက်သုံးရက်တွင် ကျင်းပမည့်ပွဲမှာ အဓိကပွဲဖြစ်မည်ဆိုလျှင် ယနေ့ မိသားစုစားပွဲမှာ အကြိုလေ့ကျင့်မှု ဖြစ်သည်။

နဉ်ရွှီသည် ဝူမိသားစု အစေခံများ ယူဆောင်လာသော မုန့်အမျိုးမျိုးနှင့် အရသာရှိသော အစားအစာများကို စားရင်း ဝူမိသားစုခေါင်းဆောင်၏ စိတ်အားထက်သန်သော စကားများကို နားထောင်နေသည်။

အနည်းငယ် စားပြီးနောက် သူမက စိတ်လှုပ်ရှားစွာဖြင့် တူကိုချလိုက်ကာ ဖြူစင်သောကျင့်ကြံသူကို ပြောလိုက်သည်။ "ရှင်ချက်ထားတာလောက် အရသာမရှိဘူး။"

ဖြူစင်သောကျင့်ကြံသူသည်လည်း တူကိုချကာ "ဒီပွဲပြီးရင် မင်းစားဖို့ အမဲလွှာချဉ်စပ်ဟင်းရည် လုပ်ပေးပါမယ်"

"ကောင်းပြီ"

ဤမိသားစုစားပွဲသို့ နတ်ဘုရား ချင်ကျို့ နှင့် ချင်းရီလော့တို့လည်း တက်ရောက်ကြသည်။

သူတို့စကားကို ကြားသည်နှင့် နတ်ဘုရား ချင်ကျို့က အနားသို့ တိုးလာကာ "ဒီနေ့ မင်းတို့ ဝူမိသားစုခေါင်းဆောင်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို သွားပြီး ပစ္စည်းတွေ အများကြီး ရွေးခဲ့တယ်လို့ ကြားတယ်။ အဲ့ထဲမှာ အိုးတစ်လုံးလည်း ပါတယ်ဆို" ဟု ဆိုသည်။

"ကျွန်တော့်ကို ပြလို့ရမလား။"

ဖြူစင်သောကျင့်ကြံသူက အိုးမည်းလေးကို ထုတ်လိုက်သည်။ အိုးအမည်ကို နဉ်ရွှီ ပေးထားခြင်းဖြစ်ပြီး သူမ၏အဆိုအရ ဤအိုးသည် အလွန်ထူးခြားလွန်းသဖြင့် ၎င်းကိုဖိနှိပ်ရန် ရိုးရှင်းသော အမည်တစ်ခု လိုအပ်သည်ဟု ဆိုသည်။

နတ်ဘုရား ချင်ကျို့မှာ အသိအမြင် ကြွယ်ဝသူဖြစ်ကြောင်း သိသာလှသည်။ သူက ပစ္စည်းကို မသိလျှင်ပင် ဖရဲသီးစားခြင်းစနစ်က ရွေးခိုင်းသည့်အရာမှာ မည်သို့သော သာမန်အရာ ဖြစ်နိုင်ပါမည်နည်း။

သူက အိုးကို တင်းတင်းဆုပ်ကိုင်ထားပြီး ၎င်း၏ ကုန်ကြမ်းကို သေချာသတိပြုမိသွားသည်။

သူက အခိုင်အမာ ပြောလိုက်သည်။ "ဟင်းချက်တာထက်စာရင် ဒီအိုးက ဆေးဖော်ဖို့အတွက် ပိုပြီး သင့်တော်တာ သိသာတယ်"

နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့ ဘာမှ ပြန်ပြောချိန် မရလိုက်သေးခင် ဖရဲသီးစားခြင်းစနစ်က နဉ်ရွှီ့ထံ စောဒကလိုက်သည်။

[ဒီအဘိုးကြီးက အသက်ကြီးနေပြီကို ဖြူစင်တဲ့ကျင့်ကြံသူလေးနဲ့ လာပြီးပတ်သတ်ချင်နေသေးတယ်။]

[ဒီအိုးမည်းက ဆေးဖော်ဖို့အတွက် ပိုသင့်တော်တယ်ဆိုတာ ငါမသိဘဲ နေမလား။]

[ဒါပေမဲ့ သူက ဒီလောက်အသက်ကြီးတာတောင် သူ့အတွက် ပစ္စည်းကောင်းတစ်ခုမှ မကျန်ခဲ့တာ ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ။ အဲ့ဒါ သူအချစ်ရူးရူးနေလို့ မဟုတ်ဘူးလား။]

[ဒါပေါ့... ငါတို့ ရှာတွေ့တဲ့ ပစ္စည်းကောင်းတွေကို ငါတို့ပဲ အပိုင်ချုပ်ထားရမှာပေါ့။]

နတ်ဘုရား ချင်ကျို့: ......

ဒုတိယဝူသခင်လေး: ......

ဒါက ဖြူစင်သောကျင့်ကြံသူကို သိသိသာသာကြီး မျက်နှာလိုက်နေတာ မဟုတ်ဘူးလား။

နဉ်ရွှီက နတ်ဘုရား ချင်ကျို့ ကို တစ်ချက်ကြည့်လိုက်ပြီး " အရင်က စစ်ယန်မှာ အဆင်ပြေတဲ့အိုးတစ်လုံးမှ မရှိခဲ့ဘူးလေ၊ ဒါကြောင့် သူ့ကို ပေးလိုက်တာပါ။" ဟု ဆိုသည်။

"နောက်တစ်ခါ အိုးတစ်လုံးရလာရင် ရှင့်ကို အရင်ရွေးခိုင်းပါမယ်။ ဘာပဲဖြစ်ဖြစ် ဒီအိုးမည်းက စစ်ယန်အတွက် မဟာယနအဆင့်အထိ သုံးဖို့ လုံလောက်ပါတယ်"

အိုးမည်းကဲ့သို့ ပစ္စည်းကောင်းမျိုးကို ထပ်တွေ့ရန် ခက်ခဲသော်လည်း နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့ရှိလျှင် ရှာတွေ့နိုင်ခြေ ရှိပါသေးသည်။

၎င်းကို တွေးမိသည်နှင့် နတ်ဘုရား ချင်ကျို့ က လက်သီးဆုပ်လိုက်ပြီး ဆိုသည်။ "ဒါဆို ကြိုပြီး ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"

မိသားစုစားပွဲ၏ ပွဲစဉ်တစ်ဝက်ခန့်တွင် သတင်းတစ်ခုက လူတိုင်းထံ ပျံ့နှံ့သွားသည်။ နဉ်ရွှီတို့အဖွဲ့သည် လူအုပ်နှင့် ဝေးရာ အစွန်းတွင် ထိုင်နေကြသော်လည်း သတင်းများကို ကြားလိုက်ရသည်။

၎င်းမှာ - မက်မွန်နတ်ဘုရားမက ကြယ်စင်မြစ်တွင် ပေါ်မလာခြင်းပင် ဖြစ်သည်။

ကြယ်စင်မြစ်သည် ရှင်းထောင်မြို့၏ နာမည်ကြီး လည်ပတ်စရာနေရာတစ်ခုဖြစ်ပြီး ကျင့်ကြံသူစုံတွဲများစွာ လာရောက်လည်ပတ်လေ့ရှိတဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်ကာ မက်မွန်နတ်ဘုရားမနှင့် ရှင်းဟွမ်တို့ ချိန်းဆိုထားသည့် နေရာလည်း ဖြစ်သည်။

မက်မွန်နတ်ဘုရားမ မရှိဘူးဆိုတာက ဘာကို ဆိုလိုတာလဲ။

၎င်းမှာ ပိုးပန်းသူ ရှင်းဟွမ်တစ်ယောက် အခွင့်အရေးမရှိတော့သည်ကို ဆိုလိုခြင်းပင် ဖြစ်သည်။

ဖရဲသီးစားခြင်းစနစ် : [ကောင်းပြီ၊ ဂုဏ်ယူပါတယ်၊ ငါတို့ အကြီးအကဲဝူချီချွမ်ကို အချစ်ပြိုင်ဘက်တစ်ယောက် ကူပြီးနှိမ်နင်းပေးခဲ့ပြီ။]

နဉ်ရွှီ: "အချစ်ပြိုင်ဘက်တစ်ယောက်တော့ ကျသွားပြီ၊ နောက်ထပ် ဘယ်နှစ်ယောက် ကျန်သေးလဲ။"

ဖရဲသီးစားခြင်းစနစ်က ရေတွက်လိုက်သည်။ "တစ်၊ နှစ်၊ သုံး...... ရင်ဆိုင်ရမယ့်သူ ၂၅ ယောက်လောက် ကျန်သေးတယ်။"

နဉ်ရွှီ: "......"

"အကြီးအကဲကို ခေါ်လိုက်၊ သူ့ဘာသာသူ ဖြေရှင်းပါစေ။"

သူမက အတိအကျပင် လုပ်ဆောင်လိုက်သည်။

နဉ်ရွှီသည် ချက်ချင်းပင် တပည့်တံဆိပ်ပြားကို ထုတ်ကာ အကြီးအကဲဝူချီချွမ်ကို ဆက်သွယ်လိုက်သည်။ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်နေပုံပေါ်မည်စိုး၍ သူမသည် မြောက်ဘက်နှင့် တောင်ဘက် တောင်ထိပ်သခင်တို့ကိုပါ အထူးတလည် ဆက်သွယ်လိုက်သည်။

ထိုသူနှစ်ဦးလုံးမှာ သူမနှင့် ရင်းနှီးကြပြီး ဝမ့်ရှင်းဂိုဏ်း၏ အကြီးအကဲများလည်း ဖြစ်ကြသည်။

သူမက အများကြီး မပြောဘဲ ဝူလုချန်သည် ဝူမိသားစုခေါင်းဆောင်၏ မြေးဖြစ်ကြောင်း သိလိုက်ရ၍ ဝူမိသားစုခေါင်းဆောင်က နောက်သုံးရက်အကြာတွင် မိသားစုအသိအမှတ်ပြုပွဲတစ်ခု ပြုလုပ်ရန် ပြင်ဆင်နေကြောင်းသာ ပြောလိုက်သည်။

သူမက အကြီးအကဲနှစ်ယောက်ကို ရှင်းထောင်မြို့တွင် အပန်းဖြေရင်း မိသားစုအသိအမှတ်ပြုပွဲသို့ တက်ရောက်ချင်သလားဟု မေးလိုက်သည်။ ဤအကြီးအကဲနှစ်ယောက်ကို သူမ ဖိတ်ကြားခြင်းဖြစ်သဖြင့် ဝူအိမ်တော်သခင်ကလည်း သူမကို သေချာပေါက် မျက်နှာသာအနည်းငယ် ပေးပေလိမ့်မည်။

သတင်းပို့ပြီး မကြာမီ အကြီးအကဲနှစ်ဦးထံမှ အကြောင်းပြန်စာ ရရှိခဲ့သည်။ ထိုမိသားစုအသိအမှတ်ပြုပွဲသို့ သူတို့နှစ်ယောက်လုံး တက်ရောက်မည် ဖြစ်ကြောင်း ပြောခဲ့ကြသည်။

ဖရဲသီးစားခြင်းစနစ် : [နတ်ဘုရားမကို ရနိုင်မလားဆိုတာတော့ အကြီးအကဲဝူရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်တော့တယ်။]

[ငါတို့ကတော့ ကူညီပေးနိုင်တာ ဒီလောက်အထိပဲ။]

ထိုသို့ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က နှာခေါင်းရှုံ့လိုက်သည်။

[အကြီးအကဲဝူရဲ့ ဖရဲသီးကို စားနေမယ့်အစား ငါတို့ရဲ့ကိုယ်ပိုင်ဖရဲသီးကို အရင်စားတာက ပိုကောင်းလိမ့်မယ်။]

နဉ်ရွှီ: ???

သူမမှာလည်း ဖရဲသီး ရှိနေတာလား။

All Chapters