အခန်း ၄၇
Vol. 4 Ch. 47
အပိုင်း ၄၇ - အဲ့ဆို ရှင်က ရှင့်သားမှာ မက်စရာ ပိုက်ဆံလွဲ ဘာမှမရှိဘူးလို့ လက်ခံထားတာပေါ့ (၃)
သူတို့သည် အပြန်လမ်းတစ်လျှောက်လုံး ရှီချင်းယင် အကြောင်းကို မပြောကြတော့ပေ။
ကျန်းရှုယောင်သည် အမြဲတစေ သူမ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသော ဆက်ဆံရေး တစ်ခုပျက်စီးသွားလျှင် မည်သို့ဖြစ်သွားမည်ကို တွေးမိလေ့ရှိသည်။ ယခုတွင် သူမ နှစ် ပေါင်းများစွာ စိုးရိမ်ခဲ့ရသော ကိစ္စမှာ ဖြစ်ပြီးသွားသော်လည်း ထူးဆန်းစွာ သူမ စပြီးစိတ်သက်သာရာရသလို ခံစားနေ ရ၏။
ရှီချင်းယင် သူမကို ဆက်တိုက်ဖုန်းဆက်ပြီး စာပို့နေသော်လည်း သူမသည် ပို့ သောစာကိုဖတ်ရုံသာဖတ်ပြီး ပြန်မပြောပေ။
သူမသည် စွပ်ပြုတ်ကိုပြန်ယူလာခဲ့ပြီး ယွဲ့ရှကို သူမ သောက်လို့ရကြောင်း ပြောလိုက်လေသည်။ ရှုယောင်၏ကြင်နာတတ်သော မျက်၀န်းများနှင့်ရင်ဆိုင်ရသောအခါ ယွဲ့ရှ မငြင်းနိုင်တော့ဘဲ စွပ်ပြုတ်ကိုယူပြီး ယွဲ့ချင်းကို ပေးလိုက်၏။
" ကြက်စွပ်ပြုတ်အပစ်ရော့၊ အရသာရှိတယ်" ယွဲ့ရှက ပြောလာသည်။
ယွဲ့ချင်းမှာ မသင်္ကာဖြစ်နေသည်။ "နင်ဘာကြံနေတာလဲ"
ယွဲ့ရှက အဖုံးကိုဖွင့်လိုက်ပြီး " ရှုယောင်ပေးတာ" ဟု ပြောလာသည်။
ယွဲ့ချင်း : " ဆေးစွပ်ပြုတ်လား"
ကျန်းရှုယောင် ပုံမှာ ဟင်းချက်တော်ပုံပေါက်သောကြောင့် ထူးဆန်းသော အနံ့နှင့် ဆေးစွပ်ပြုတ်ဟု သူထင်သွားသည်။ သူတစ်ဇွန်း သောက်လိုက်ပြီး သူ့ဝိညာဉ်ပင် ခန္ဓာကိုယ်ထဲမှ ထွက်သွားသလို ခံစားလိုက်ရသည်။ " ယွဲ့ရှ နင် ဒါတမင်လုပ်တာမလား"
စွပ်ပြုတ်အရသာမှာ မကောင်းသော်လည်း ချက်ပြုတ်ခဲ့သူမှာ သေချာချက်ပြုတ်ခဲ့ကြောင်းကိုတော့ ခံစားလို့ရသည်။ ယွဲ့မိသားစု၀င်လေးယောက်သည် စွပ်ပြုတ်ကိုခွဲဝေစား သောက်လိုက်ကြပြီး ကုန်စေဖို့ရန်အလို့ကွာ အတော်အတန် ကြိုးစားလိုက်ရ၏။
" အမေ " ယွဲ့ရှက လီမိန်ကျူ ကိုမေး ဖို့ရန် စကားစလာသည်။ " ရှုယောင်ကလေ အခု နေစရာ အတည်တကျမရှိဘူးဖြစ်နေတာ ဒီမှာ ကြာကြာနေမယ်ဆိုရင် အဆင်ပြေလားဟင်"
လီမိန်ကျူသည် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို သေချာမသိသော်လည်း သူမက သဘောတူလိုက်သည်။ " သူက ကောင်းတဲ့ကောင်မလေးပဲ လေ အမေတို့အိမ်မှာ ဧည့်သည်ခန်းလည်း များတာပဲဟာ သူနေချင်သလောက်နေလို့ရပါတယ်"
သူမသည် ထိုကောင်မလေးကို သဘောကျသည်။ ပြောရလျှင် ထိုကဲ့သို့ ပညာတတ်၊ ယဉ်ကျေးပြီး နူးညံ့ သော ကောင်မလေးကို မည်သူက မနှစ်သက်ဘဲ နေမည်နည်း။
မိန်းမဖြစ်သူက သဘောတူပါက ယွဲ့ချင်းလည်း မငြင်းတော့ပေ။
ကျန်းရှုယောင်သည် ပိတ်ရက်၌ သူမ အမေထံ သွားလည်ခဲ့သည်။
ယခင်ကနှင့်ယှဉ်လျှင် သူမအမေ၏ကျန်းမာရေးသည် ပိုမိုကောင်းမွန်လာခဲ့သည်။ သူမ ရောက်လာချိန်၌ သူမ အမေသည် နေပူဆာလှုံနေခဲ့၏။ သူမက ရှုယောင်ကိုမြင်သောအခါ အရေးအကြောင်းများ ထင်းလာသည်။ “ယောင်ယောင် သမီး ဘယ်လိုလုပ်ဒီလောက်ထိပိန်သွားရတာလဲ”
ကျန်းရှုယောင်သည် သူမ၏ဝှီးချဲဘေးတွင်ထိုင်လိုက်ပြီး သူမ အမေ၏စိုးရိမ်နေသောမျက်နှာကို မြင်သောအခါ သူမသည် အကြောင်းအရင်းမရှိ ရုတ်တရက်ဝမ်းနည်းမိသည်။ သို့သော် ထိုခံစားချက်သည် လျင်မြန်စွာ ပျောက်ဆုံးသွားလေ၏။ သူမကပြုံးလိုက်ပြီး “သမီး ဝိတ်မကျပါဘူး၊ သမီးက တစ်ကီလိုတောင်တက်လာတာ ခုတလော သူငယ်ချင်းအိမ်မှာနေနေတော့ ကောင်းကောင်းစားရတယ်လေ”
သူငယ်ချင်းဆိုသည့် အသံကြားသောအခါ မေမေကျန်းသည် ပျော်သွားသည်။ “အခု သူငယ်ချင်းအိမ်မှာ နေနေတာပေါ့၊ သမီးသူငယ်ချင်းက မိန်းကလေးလား၊ ကောင်းတယ် ကောင်းတယ် ချင်းယင်ကော ဘာပြောလဲ”
ရှီချင်းယင်နာမည်ကို ကြားရသော အခါ ကျန်းရှုယောင် တန့်သွားသည်။
သူမ အမေ အစိုးရိမ်ကင်းစွာ ဖြင့် ပြန်လည်ထူစေရန်အလို့ငှာ သူမသည် သူမ၏ရည်းစားကိစ္စ ပြဿနာများကို ဘယ်သောအခါမှမပြောပြပေ။ သို့သော် ယခုအခါ သူမ အနည်း တွန့်ဆုတ်နေမိသည်။
" အမေ.."
နွေရာသီအပင်ရိပ် အောက်တွင် အမေနှင့်သမီး အတူတကွ ထိုင်နေကြသည်။
ကျန်းရှုယောင်က ပုံမှန်အတိုင်းလှဲလိုက်၏။
သူတို့နှစ်ယောက်မှာ နေ့လည်မှ ညနေစောင်းသည်အထိ စကားပြောနေစဉ် ပုစဉ်းရင်ကွဲတို့၏အသံက သူတို့ နောက်ဘက်တွင်ကျည်ကျည်ကျာကျာ မြည်နေလေသည်။ ကျန်းရှုယောင် အကုန် ပြောပြပြီးနောက် သူမ အမေကို ကြည့်လိုက်သည်။ သူမသည် အသေးစိတ် ပြန်ပြောပြရင်း အချိန်မည်သို့ ကုန်သွားသည်ကိုပင် မသိလိုက်ပေ။ သူမအမေသည်လည်း သူမ ပြောသမျှကိုဂရုတစိုက်နားထောင် နေသည်။ သူမသည် သူမကို နာကျင်နေသည့် ခံစားချက်တို့ပြည့်နေသည့် မျက်၀န်းဖြင့် ကြည့်လိုက်သည်။
"ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် အမေ ဒီဆေးကုသမှုကို လက်မခံဘူး အမေ မသိခဲ့မိလို့ တောင်းပန်ပါတယ်"
ကျန်းရှုယောင်က ခေါင်းခါလိုက်သည်။
ကျန်းရှုယောင် မပြန်ခင် သူမ အမေက သူမပါးလေးကို ပွတ်သပ်လိုက်၏။
သူမအမေ၏လက်မှ သူမငယ်ငယ်ကရနေကျ အစိုဓာတ်ထိန်းခရမ်၏အနံ့ရလိုက်လေသည်။
"သမီးက ငယ်ကတည်းက လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်တယ်လေ၊ ဒါပေမယ့် အခု တော့ အမေ အဲ့ဒါကို ချီးမွမ်းစရာတစ်ခုလို့မထင်တော့ဘူး" သူမ အမေက သူမကိုကြည့်လိုက်သည်။
" ယောင်ယောင် သမီးက အမေရဲ့ တစ်ဦးတည်းသော သမီး၊ အမေက သမီးကိုသူများထက် ကိုယ့်ကိုယ်ကိုယ် ပိုဦးစားပေးစေချင်တာ ကိုယ့်ကိုယ်ကိုယ်ချစ်စေချင်တာ၊ အမေ့ ဆန္ဒကိုပြည့်စေချင်ရင် သမီးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပဲ"
ကျန်းရှုယောင် သူမ အခန်းထဲသို့ ပြန်ရောက်သောအခါ သူမသည် မျက်လုံးပေါက်ထွက်သည်အထိ ငို တော့လေသည်။ ငိုရလွန်းသောကြောင့် ခေါင်းအုံးပင်စိုရွဲသွား၏။ ညကောင်းကင်ထက်တွင် ကြယ်လေးများ မှိတ်တုတ်မှိတ်တုတ် လင်းလာချိန် သူမ ဆုံးဖြတ်ချက်တစ်ခုပြတ်သားစွာ ချလိုက်သည်။
သာယာ၊ အေးဆေး၊ ပျင်းရိ၊ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များသည် မုန်တိုင်း တံခါး၀သို့လာမ ခေါက်ခင် အချိန်ထိ ခဏတာ မျှသာခံခဲ့၏။
ယွဲ့ရှ သည် သူမ၏ဆိုရှယ်မီဒီယာ အကောင့် အောက်က ကွန်မန့်များကို ကြည့်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်မှ စ၍ သူမ အကောင့်သည် တောက်ဆစ်ကွန်မန့်များဖြင့်ပြည့်နေခဲ့သည်။ သူမက System ကို မေးလိုက်သည်။ [ မျှော်လင့်ထားတယ်ဆိုပေမယ့်လည်း အရင်ဇာတ်ကွက်ဟောင်းမှာ ကျွင်းရှောင်ဟန်က ငါနဲ့အငြိုးမရှိဘူးမလား]
System : [ ဒါပေါ့]
ယွဲ့ရှ : [ အဲ့ဆို ဘာလို့ သူက ပြဿနာ ဆက်တိုက်ရှာနေတာလဲ ငါဖြင့် သူ့ကိုတောင် အာရုံမလာဘူး ]
System : [ နင်က သူ့ကို အရှက်ရ အောင် လုပ်လိုက်တယ်လို့ သူခံစားရလို့ပါ ]
ယွဲ့ရှ : [....] ' ကျွင်းရှောင်ဟန် သူ့ဘာသာတစ်ဖက်သတ်ကြီး ရှက်နေတာ ဘာလို့ ငါ့အပြစ် ဖြစ်ရမှာလဲ'
ဖတ်၍ပင်မရသော ကွန်မန့်များသည် ပိုပို၍ပင်ဆိုးလာသည်။
[ ရှောင်ဟန်ရဲ့ ၇ ခုမြောက် ဗီဒီယိုက သူ့အကြောင်းမလား၊ တစ်ဖက်မိန်းမဖြစ်ရတာ စိတ်ပျက်စရာ ကောင်းလိုက်တာ၊ ရုပ်ဆိုးတဲ့လူတွေ ပိုအလှပြင်တယ်ဆိုတာ တကယ်ပဲကို]
[ သူ၀တ်ထားတာကြီးက ဆိုးဝါးလိုက်တာကွာ၊ သူက ဈေးကြီးအ၀တ်အစားတောင် လက်နှီးစုတ်ဖြစ် အောင် ၀တ်နိုင်တယ်]
[ လိုင်းပေါ်အနိုင်ကျင့်တာက တကယ်မကောင်းဘူး ဒါပေမယ့် ငါက ခုလိုင်းပေါ်အနိုင်ကျင့်သူဖြစ် နေတယ်]
[ နင်က ယွဲ့မိသားစု၀င်ဆိုတာ သေချာလို့လား၊ နင်လိုလူက ဘယ်လိုလုပ် အထက်တန်းစား မိသားစုက ဖြစ်နိုင်မှာလဲ၊ အတုလို့ပြောတောင် ယုံချင်စရာ ကောင်းဦးမယ်]
[ သူအရှက်မရှိတာကို သူ့မိဘနဲ့အကိုတွေ သိရဲ့လား]
ကျွင်းရှောင်ဟန်၏ အမာခံဖန်များသည် ဗီဒီယိုအဟောင်းမှ ဗီဒီယိုအသစ်သို့ရောက်လာကြသည်။ ကွန်မန့်တိုင်း သူတို့ခြေရာများ ချန်ထားခဲ့သည်။ သူတို့တိုက်ရိုက်ပို့လာသည့်စာများဆိုလျှင် ပို၍ပင်ဆိုးသည်။
ယွဲ့ရှသည် သူတို့၏ရိုင်းစိုင်းညစ်ပတ်မှုများကိုးမမှုပေ။ သို့သော် ယင်းမှာ သူမသည် အစော်ကားခံရခြင်းနှင့် အဆင်ပြေသည်ဟု မဆိုလိုပေ။ သူမ မျက်လုံးများသည် အေးစက်နေသည်။
သူမသည် အကြိမ်ကြိမ်တစ်ပါးသူကို အခွင့်အရေးပေးနေခဲ့သော်လည်း တစ်ပါးသူများက သူမသည် သူတို့နင်းခြေလို့ရသော လူတစ်ယောက်ဟု ထင်နေမိပုံပင်။