အခန်း ၄၈
Vol. 4 Ch. 48
အပိုင်း၄၈ - အဲ့ဆို ရှင်က ရှင့်သားမှာ မက်စရာ ပိုက်ဆံလွဲ ဘာမှမရှိဘူးလို့ လက်ခံထားတာပေါ့ (၄)
ယွဲ့ရှသည် ဒေါသထိန်းနိုင်သူမဟုတ်ကြောင်း System ကောင်းကောင်းသိသည်။
ယွဲ့ရှသည် ကျွင်းရှောင်ဟန် အကောင့်ထဲ၀င်တော့မည့်အချိန် သူမသည် ကွန်မန့်အောက်တွင် သူမ ဘက်မှကာကွယ်ပေးနေသော ကွန်မန့်ကို တွေ့လိုက်ရသည်။
[ အကြောင်းစုံမသိဘဲနဲ့ သူများကို မဆဲနဲ့၊ အဲ့ကိစ္စဖြစ်တုန်းက ငါ့သူငယ်ချင်းက အဲ့မှာရှိတယ် လုံး၀ အဲ့လိုမဟုတ်ဘူး]
[ ငါသူ့ကို အပြင်မှာ တွေ့ဖူးတယ် သူက ခုမှချမ်းသာလာတဲ့ ဆီးသည်မဗျိုင်းမဟုတ်ဘူး]
[ ငါတို့က ဒီတိုင်းစနေတာပါ၊ အတည်မယူပါနဲ့]
[ မဟုတ်တဲ့သတင်းလွှင့်တဲ့သူအကုန်တရားစွဲခံရမှာ ]
သူမကို ကာကွယ်ပေးနေသောသူတွင်လည်း ဖော်လိုဝါထောင်ချီရှိနေသည်ကို သိရသောအခါ ယွဲ့ရှက မျက်ခုံးပင့်လိုက်သည်။ သူမကို ကာကွယ်ပေးနေသော အကောင့်ထဲမှတစ်ခုကို ၀င်ကြည့်လိုက်သောအခါ ရင်းနှီးနေသောမျက်နှာကို တွေ့လိုက်ရ၏။ အကောင့်ပိုင်ရှင်သည် သေနတ်ပစ်ကွင်းတွင် တွေ့ဖူးသော ကောင်မလေးတွေထဲမှ တစ်ယောက်ဖြစ်လေသည်။
ကျွင်းရှောင်ဟန်နှင့်ပိုအဆင်ပြေသောကောင်မလေးများမူ သူမအရှက်မရစေရန် မဟုတ်မမှန်ကွန်မန့်မရေးခြင်းကိုသာ ရွေးချယ်လိုက်ကြသည်။ သူတို့သည် ကွန်မန့်ကို အောက်ဆုံးထိဆွဲချပြီး ကာကွယ်ပေးနေသော ကွန်မန့်များကိုလိုက်ခ်ပေးလိုက်ကြသည်။
ယွဲ့ရှသည် ၀မ်ရှစ်၏ လျို့ဝှက် အကောင့်ထဲ၀င်ရင် ကြံကြံဖန်ဖန် အကြံရလာသည်။ သူမသည်သူမ၏ နာမည်ကို " ဆဲခြင်းမှရပ်နား" ဟု ပြောင်းလဲထားသော်လည်း လက်ရှိတွင် ယွဲ့ရှအတွက် ကာကွယ်ပေးရင်းဆဲနေလေသည်။
[ ငါ တော့ တစ်စုံတစ်ယောက် ကြောင့် တော်တော်ဆွံ့အနေပြီ။ အခြားသူ တွေကို နယ်ရုပ်လို ဆက်ဆံပြီး သူကိုယ်သူ အတော်ဆုံးလူလို့ထင် နေတာကြီးက စားတယ်၊ စောက်ကျင့် မကောင်းပုံများ ကိုယ်နာမည်ကြီးဖို့ သူများကိုချနင်းရဲတယ်၊ ကွန်ဖြူးရှပ်စာသင်တိုက်ဆီ သွားသင့်တယ် *ချွေးထွက်နေသော ပဲစေ့အီမိုဂျီ ]
[ ထားလိုက်တော့ ငါဟိုရှောင်ဒီရှောင်မလုပ်တော့ဘူးတည့်ပဲပြောတော့မယ်၊ ကျွင်းရှောင်ဟန်ရေ ငါ ပြောနေတာ နင့်အကြောင်းပါနော်]
ယွဲ့ရှ : "...." ' ဝါး တော်လိုက်တာ'
ကျွင်းရှောင်ဟန် အကောင့်မှာမူ တမူထူးခြားစွာ တိတ်ဆိတ်နေခဲ့သည်။ သူမသည် နာမည်ကြီးပို့စ်ကို ရှယ်ပြီး ထိပ်ဆုံးမှာပင် တင်ထားသည်။
နာမည်ကြီးဘရန်းတစ်ခုက လူတိုင်းတက်ရောက်နိုင်သည့် ပွဲတစ်ခုကိုစီစဉ်နေသည်။ ပွဲ၏အဓိကခေါင်းစဉ်မှာ ရိုးရှင်းသောဂါ၀န်ရှည်ကိုအခြေခံ၍ ဒီဇိုင်းအသစ်ရေးဆွဲခြင်းဖြစ်သည်။ ဒီဇိုင်းများကို လူကြိုက်များမှုဖြင့် အဆင့်ခွဲပြီး ပထမရရှိသူသည် မကြေငြာရသေးသာ ရာသီအလိုက် ပစ္စည်းအသစ်ကိုရရှိမည် ဖြစ်သည်။ ဆုအပိုင်းသည် အရေးမကြီးပေ။ အရေးကြီးသည်မှာ ထိုနာမည်ကြီးဘရန်း ပေ့ခ်ျက ပထမဆုရရှိသည့် ဒီဇိုင်းနာကို သူတို့၏ official page တွင် ထောက်ခံ ပေးမည် ဖြစ်သည်။
ယေဘုယျအားဖြင့် အလွန်နာမည်ကြီး သော သူများသာ ထိုအခွင့်အရေးကို ရရှိကြသည်။ ထိုကြောင့် အလှအပနှင့်ဖက်ရှင် ပိုင်းဘက်က blogger များက ထိုပွဲတွင်ပါ၀င်ရန် အားကျိုးမာန်တက်ဖြစ် နေကြသည်။ ကျွင်းရှောင်ဟန် ဝင်ရောက်ပြိုင်ဆိုင်မှုနှင့်ပတ်သတ်သည့် မူရင်းပို့စ် အောက်တွင် သိန်းနှင့်ချီ သော ကွန်မန့်များ ရှိနေ ပြီဖြစ်သည်။
အခြားသူများနှင့်ယှဉ်လျှင် သူမသည်အမှန်တကယ်ပင် ထင်ပေါ်နေသည်။ သူမက အကြောက်အရွံ့မရှိပြတ်သားစွာ နဂိုပုံတုန်းသော ဂါ၀န်ရှည်ကို ပုခုံး ပေါ်ဂါ၀န်တိုသို့ ပြောင်းလိုက်ပြီး effect သုံး၍ အနည်းငယ်တောက်ပအောင်လုပ်ထားသေးသည်။
သူမ ၀င်ပြိုင်ထားသော ဒီဇိုင်းပို့စ်အောက်တွင် ချီးမွမ်းမှုများသာ ရှိသည်။
[ ထင်ထားတဲ့အတိုင်းပဲ တကယ်ကို လှပလွန်းပါတယ်ကွာ နောက်တစ်ဆင့်ပဲ နောက်တစ်ဆင့်ပဲ ]
[ ဒီတိုင်း၀င်ကြည့်ဖို့ပဲလာခဲ့ပေမယ့် သူက ဒီပွဲရဲ့အဓိကလူလား၊ လှလိုက်တာ သူနဲ့ယှဉ်မယ့် အခြားသူ တွေ အစား ငါရှက်မိတယ်]
[ ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းစရာတောင် မလိုတော့ဘူး]
ကျွင်းရှောင်ဟန်သည် သူမကိုယ်သူမ အိတ်ဒီဇိုင်းတွင်လည်းအနိုင်ရမည်ဟု ထင်နေလောက်သည်။ အခြားသော ပြိုင်ပွဲ၀င်များ မရှိသည့်အတိုင်း ကျွင်းရှောင်ဟန်သည် သူမ၏ပေ့ခ်ျတွင်
ဘရန်း၏တရား၀င်ပေ့ခ်ျနှင့်ပင် စတင်ပြီး အပြန်အလှန်ဆက်သွယ်နေပြီ ဖြစ်သည်။
ယွဲ့ရှ : "..."
System : [.......]
ယွဲ့ရှက တည်ငြိမ်စွာ ပြောလာသည်။ [ System ငါ့ အတွက်ပြောင်းပေးစမ်းပါ]
System : [ ဒါက ငါလုပ်နိုင်တဲ့အပိုင်းမဟုတ်ဘူး၊ Host က ဘယ်လိုလို့ ငါ့ကိုကိုယ်ကျိုးအတွက် အသုံးချလို့ရမှာလဲ၊ ငါက ဒီတိုင်း System အသေးစားလေးဟာကို]
ယွဲ့ရှမှာ သူမခံစားနေရသော နာကျည်းမှုကို မည်သို့ပြန်ပေးဆပ်အောင်လုပ်ရမည်ဖြစ်ကြောင်းကြံစည် နေစဉ် ရှုယောင်သည် ပန်းရေလောင်းဖို့ရန် မဆင်းလာသေးကြောင်း သူမ ရုတ်တရက် သတိထားမိသွားသည်။
' ထူးဆန်းလိုက်တာ'
နေ့စဉ် နေ့တိုင်း ရှုယောင်သည် နေပူပူ မိုးရွာရွာ ခုနှစ်နာရီတွင်ထသည်။ ' သူတစ်ခါတစ် လေ တောင် အအိပ်လွန်ဖူးလို့လား'
System ထံမှ အသံပြန်မကြားရပေ။
ယွဲ့ရှသည် နာရီ၀က်ခန့်စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်။ နေ့လည်ကျလျှင် ရှုယောင် နှင့် သူမ အပြင်သို့ ထွက်စားကြမည်ဖြစ်သည်။ သူမသည် စိုးရိမ်တကြီး ဖြင့် အပေါ်ထပ်သို့ တက်သွားပြီး ရှုယောင်၏အခန်းတံခါးကို ညင်သာစွာခေါက်လိုက်၏။
' ထူးဆန်းလိုက်တာ တစ်ခုခုများ ဖြစ်လို့လား'
တံခါးနှင့်ကြမ်းပြင်ကြားရှိ အဟလေးမှတစ်ဆင့် အခန်းမှာမီးဖွင့်ထားကြောင်း သူမ သိလိုက်ရသည်။ မိနစ်၀က်ခန့် အခန်း၀တွင် ရပ်နေခဲ့ပြီးနောက် သူမသည် အားနည်းနည်းထပ်သုံးပြီး တံခါး ခေါက်လိုက်သည်။
ထိုချိန်မှသာ ရှုယောင် အသံကိုသူမကြားရသည်။သူမ၏အသံမှ အခုမှ နှိုးလားသည့် အသံပုံပင်။ " ဟုတ် ၀င်လာလေ "
ယွဲ့ရှဗိုက်မှာ ဗိုက်ဆာလွန်းသောကြောင့် အသံပင် ထွက်နေပြီဖြစ်သည်။ " ရှုယောင် နင်"
သူမ စကားမဆုံး သေးခင်ပင် အံ့ဩပြီး တန့်သွားသည်။
အမြဲတစေသပ်ရပ်နေသော ရှုယောင်၏စားပွဲသည် အ၀တ်စတို့ဖြင့် ရှုပ်ပွနေသည်။ နေရာလွတ်ပင် မကျန်ပေ။ ရင်းနှီးနေသော ဂါ၀န်တစ်ခုကိုလည်း သူမရှေ့တွင်ဖြန့်ထားသည်။
သူမ ရင်းနှီးနေသည်ဟု ဆိုလိုရခြင်းမှာ ထိုဂါ၀န်နှင့်ဆင်တူသောဂါ၀န်ကို သူမမြင်မိသလို ခံစားနေ ရသော်လည်း မသေချာသေးပေ။ ယင်းဂါ၀န်မှာ ကျွင်းရှောင်ဟန်၏ပေ့ခ်ျတွင် တွေ့ခဲ့ သောဂါ၀န်နှင့်ပင် ယှဉ်မရအောင် လှပလွန်းလှသည်။
နောက်ကျောကိုညှပ်ထားပြီး ပွင့်နေသော ပန်းပုံစံကို ဖော်ထားသည်။ ပန်းပွင့်သည် ထင်သာမြင်သာရှိပြီး တောင့်တောင့်ကြီး ဖြစ်မနေပေ။ အနားသတ်ကို တိုထားပြီး အပွင့်ပါသော ဖဲသားစဖြင့် တွဲချုပ်ထားသည်။ ပုခုံးမှာမူ ပုခုံးပေါ်ဒီဇိုင်းပင် ဖြစ်သည်။ ပါးလွှာသော အရောင်နုနုပိတ်ကျဲစဖြင့် အလှဆင်ထားသော ကြောင့် မီးရောင်အောက်တွင် လင်းနေသလိုလေးထင်ရစေသည်။
ကျွင်းရှောင်ဟန်ဂါ၀န်ကိုပွဲ၏ပထမဆုရှင်ဟု သတ်မှတ်၍ရလျှင် ယင်းဂါ၀န်သည် မော်ဒယ်ရှိုးအဆင့်ကို ရောက်နေပြီဖြစ်သည်။
ကျန်းရှုယောင်က ခေါင်းမော့လာပြီး ပန်ဒါမျက်လုံးဖြင့် သူမကိုကြည့်လာသည်။ သူမ၏ ပုံစံမှာ မူးမေ့လဲ တော့မည့်ပုံနှင့်ပင်တူနေသည်။
သူမသည် အခြေခံဂါ၀န်ရှည်ကို လူမသိအောင်၀ယ်လာခဲ့သည်။ သူမသည်စုငွေအားလုံးနီးနီးကို အသုံးပြုပြီး ဈေးကြီးသောပိတ်စများကို၀ယ်ယူခဲ့သည်။ ပန်းပွင့်ပုံကို ဖော်ရန်၊ ဇာပါးလွှာကို သေချာချုပ်ရန် ဖြေးဖြေးချင်း အပယ်တကုတ်ကြိုးစားခဲ့ရသည်။ သူမသည် ဒီဇိုင်းပုံကြမ်းကိုလည်း ထပ်ခါထပ်ခါ ဆွဲခဲ့သည်။ မနေ့မနက်ကတည်းက သူမ ကောင်းကောင်းမအိပ်ရသေးပေ။
သူမ စိတ်လိုက်မာန်ပါလုပ်နေမိသည်ကို သူမ သိသော်လည်း တစ်ခါတစ်ရံထိုကဲ့သို့ ပြုမူ နေထိုင်ခြင်းသည် အဆင်ပြေသည်ဟု သူမ တွေးမိသည်။
သူမသည် သူမပိုင်ဆိုင်ထားသည့် အရည်အချင်း အနည်းငယ်ဖြင့်ယွဲ့ရှ အတွက် တစ်စုံတစ်ခု လုပ် ပေးချင်မိသည်။ သူမ၏ အားထုတ်မှုမှာ ပြောစရာပင်မရှိသော်လည်း သူမ လုပ်ချင်နေမိသေးသည်။
" ငါဖက်ရှင်ပိုင်းကိုမလေ့လာဖူးတော့လေ " ကျန်းရှုယောင်က ရှက်ရှက်နဲ့ပါးကိုကုတ်လိုက်ပြီး " ရလဒ်က တော့ သိပ်မဆိုးဘူးထင်တာပဲ"
အနည်းဆုံး ယွဲ့ရှသာ ထိုဂါ၀န်ကို၀တ်လျှင်ကြည့်လို့လှမည်ဟု သူမ တွေးမိသည်။
ယွဲ့ရှသည် ပါးစပ်ကိုအုပ်လျက်နောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်သည်။
System မှာ မုန်တိုင်းလာ တော့မည်ဟုပင် ခံစားလိုက်ရသည်။
[ OMG အဲ့ဒါက မလှလွန်းဘူးလား၊ သူက အရည်အချင်းရှိလွန်းအားကြီးတယ်ကော၊ အံ့ဩဖို့ကောင်းလိုက်တာ] ယွဲ့ရှမှာ အလွန်ခံစားသွားရသည်။ ဂါ၀န်ကြောင့်တော့မဟုတ်ပေ ကျန်းရှု ယောင်ကြောင့်ဖြစ်သည်။ [ ယောင်ယောင် ငါ့အချစ်ဆုံးသမီးလေး]