အခန်း ၄၉
Vol. 4 Ch. 49
အပိုင်း ၄၉- ကျန်းရှုယောင်အကြည့်ကိုသတိထားမိပြီး သူပြုံးပြလိုက်သည်(၁)
ယွဲ့ရှသည် မည်သည့်တုန့်ပြန်မှုမှမရဘဲ ရပ်နေသည်ကိုမြင်ရသောအခါ ကျန်းရှုယောင်၏နှလုံးသားမှာ လေးလံလာတော့သည်။
ယွဲ့ရှသည် ချမ်းသာသောကြောင့် သူမအတွက် အ၀တ်အစားပိုင်းတွင် ဒီဇိုင်းရေးဆွဲချုပ်ပေးမည့်သူ နည်းမနေပေ။
ယွဲ့ရှသည် လိုင်းပေါ်မှသူမအား ဆဲရေးနေမှုများကိုမမူသော်လည်း သူမကမူ ထိုအဆဲကွန်မန့်များကို မြင်သောအခါ ဒေါသထွက်မိသည်။
'ယွဲ့ရှကိုဆဲရအောင် သူတို့ကိုယ်သူတို့ ဘာမှတ်နေတာလဲ စေ့စပ်ပွဲရဲ့အဓိကလူဖြစ်တဲ့ငါတောင် ယွဲ့ရှကို ဘာမှမပြောတာကြီးကို သူ့ကိုတွေ့တောင်မတွေ့ဖူးတဲ့လူတွေက သူ့ကိုဆဲရဲတယ်ပေါ့လေ'
ကျန်းရှုယောင်သည် တစ်ညလုံး ဒေါသထွက်နေခဲ့သည်။ နောက်တစ်နေ့တွင် သူမသည် ရှုပ်ပွနေသော ဆံပင်ဖြင့်ထလာပြီး ဒေါသထွက်နေဆဲပင်။
ပုံမှန်အားဖြင့် သူမ မည်မျှပင် ဒေါသထွက်စေကာမူ ထိုခံစားချက်သည် နောက်တစ်နေ့ မနက်ခင်းတွင် ပျောက်သွားစမြဲပင်။ သို့သော် ယခုတွင် သူမ ဒေါသထွက်နေဆဲပင် အထူးသဖြင့် ကျွင်းရှောင်ဟန်ပို့စ်မှာ ပို၍နာမည်ကြီးလာကြောင်းကိုတွေ့ရသောအခါ သူမ မျက်မှောင်ပိုကြုတ်မိသည်။
' ဘာကြီးလဲ'
မိုးထိုးအောင် ချီးမွမ်းခံနေရသောဂါ၀န်ကို သူမ ကြည့်လိုက်သည်။ ပထမဆုံး အကြိမ်အနေဖြင့် နောက်ကွယ်တွင် သူများကို သူမရှုံ့ချမိသည်။
" ဒါ ဒါပဲလား ဘာမှလည်းမထူးခြားပဲနဲ့ "
သူမပင် ပို၍လှပသော ဂါ၀န်ကိုဒီဇိုင်းဆွဲနိုင်သည်ဟုပင် သူမခံစားလိုက်ရ၏။
စိမ်းသက်သော ဒေါသစိတ်၏တွန်းအားကြောင့် ကျန်းရှုယောင်သည် အ၀တ်စတစ်ပုံနှင့်ပြောင်ရှင်း နေသော ဘဏ်အကောင့်ဖြင့် ပြန်ရောက်လာခဲ့သည်။ သူမ၏လုပ်ရပ်ကို သူမ ကိုယ်တိုင်ပင်နားမလည်နိုင်ခဲ့ပေ။
သူမ သူများကိစ္စတွင် ၀င်ရောက်စွပ်ဖက်မိနေသလားဟု တွေးမိပြီး မသက်မသာခံစားနေရချိန် သူမသည် ကျားဟိန်းသံနှင့်မျောက်အော်သံကဲ့သို့ အသံကို ရုတ်တရက်ကြားလိုက်ရပြီး လန့်သွားသည်။
သူမ လန့်လို့ မပြီးခင်မှာတင် ၁၀၀ မီတာနှုန်းဖြင့် အခန်းထဲရှိပစ္စည်းများကို ရှောင်လျက် ပြေး၀င်လာသော ယောင်ဝါးဝါး ယွဲ့ရှ ပုံရိပ်ကို တွေ့လိုက်ရသည်။
ယွဲ့ရှက ရှုယောင်ခေါင်းကို သူမရင်ဘတ်နားကိုအပ်လျက်ဖက်လိုက်ပြီး ပြောလာသည်။ " ရှုယောင် နင်အရမ်းတော်တာပဲ"
ကျန်းရှုယောင် မှာ သူမ၏ နဖူးသည် ယွဲ့ရှ၏နူးညံ့နွေးထွေးသော ခန္ဓာကိုယ်နှင့် ဖိခံထားရသလို ခံစား နေရသည်။
ယွဲ့ရှထံမှ ရေချိုးဆပ်ပြာနံ့သင်းသင်း လေးကိုလည်း သူမရသည်။ သူ့မှာ ရုတ်တရက် အဖက်ခံရလိုက်ရသောကြောင့် ဆိတ်တစ်ကောင်လို ကြောင်အနေလေ၏။
ယွဲ့ရှကတော့ System ကိုကြွား နေဆဲပင်ဖြစ်သည်။ [ နင်တွေ့လား!၊ နင်တွေ့လား! ရှုယောင်က ငါ့အတွက် ဂါ၀န်ချုပ်ပေးတာတဲ့၊ ရှီချင်းယင်မှာတောင် အဲ့လိုမရှိဘူး]
Systemက ထပ်ချို့ယွင်းသွားပြန်သည်။ [......] ' ရှီချင်းယင် အတွက် ဂါ၀န်ချုပ်ပေးနေတာကမှ ပိုထူးဆန်းနေမှာဟ'
System သည် မူရင်း၀တ္ထုကို ငါးစက္ကန့်လောက် မွှေနှောက်ကြည့်သော်လည်း ကြာပန်းဖြူ ဖက်ရှင်ပြိုင်ပွဲကိုပြိုင်ခြင်းနှင့်ပတ်သတ်ပြီး မည်သည့်အရာမှရှာမတွေ့ပေ။
စင်စစ်တွင် ယင်းမှာ ပိုအဓိပ္ပါယ်ရှိသည်။ မူရင်း၀တ္ထုထဲတွင် ကြာပန်းဖြူသည် ဇာတ်လိုက်ကို နံရိုးကျိုးသည်အထိ ပါးမချခဲ့ပေ။ ထိုသို့စဉ်းစားလိုက်သောအခါ သူစိတ်သက်သာရာရသွားသည်။
' ဒီလိုမျိုးသာဆက်သွားနေမယ်ဆိုရင် ငါက ဘာလုပ်နိုင်မှာမို့လို့လဲ'
ယင်းမှာ တစ်စုံတစ်ယောက်က သူမကိုပထမဆုံးအကြိမ် အားတက်သရော ချီးကျူးခြင်း ဖြစ်သည်။ ကျန်းရှု ယောင် လန့်နေရာမှ နှိုးထလာချိန် သူမ ရှက်သွားသည်။ " ငါက ဒီတိုင်း စမ်းကြည့်ရုံပဲ၊ နင် ကြိုက်ကောကြိုက်ရဲ့...."
ယွဲ့ရှက အားတက်သရော စကားဖြတ် ပြောလာသည်။ " ငါကြိုက်တယ် ငါကြိုက်တယ် ငါကြိုက်တာ ပေါ့ဟ"
ယွဲ့ရှမှာ အလွန်ခံစားနေရသည်။
[ ဂါ၀န်အစား ဂုန်နီအိတ်ပေးရင်တောင် ငါက ပျော်ပျော်ကြီး၀တ်မှာ]
ယင်းမှာ ကျန်းရှုယောင်အတွက် ပထမဆုံးအကြိမ် တစ်စုံတစ်ခုကို ပြောင်းလဲခြင်းဖြစ်သည်။ ' တကယ်လှတာပေါ့လေ၊ အံ့ဩဖို့ ကောင်းလိုက်တာ'
System က ပြတ်သားစွာ မှတ်ချက်ပြုလာသည်။ [ နင်၀တ်နေကျဟာတွေက ဂုန်နီအိတ်ထက်သာတဲ့ဟာကြီးပဲကို]
ယွဲ့ရှ: [....] System သည် ညှာတာမှု ကင်းမဲ့စွာ ရိုက်ချလိုက်သည်။
ကျန်းရှုယောင် ဒီဇိုင်းမှာလှပကြောင်းကို လူပိန်းပင်ပြောနိုင်သည်။ သို့သော် ယွဲ့ရှ၏ ဖက်ရှင်ပိုင်းနှင့်ပတ်သတ်သော ဝေါဟာရညံ့ဖျင်းမှုကြောင့် သူမသည် ကောင်းမွန်စွာ မချီကျူးနိုင်ပေ။
သူမသည် ဂါ၀န်ကို လှည့်ပတ်ကြည့်ပြီး အလွန်အမင်းချီးကျူးနေသည်။
"ဒီ အရောင်ကိုကြည့်ပါဦးလှလိုက်တာ"
"ဒီပန်းပွင့်ပုံလေးကလည်းလှလိုက်တာ"
" ချုပ်ထားတာ သပ်ရပ်ပုံများ ဒီထက်ပိုမကောင်းနိုင်တော့ဘူး"
တစ်ခါချီးမွမ်းခံရတိုင်း ကျန်းရှုယောင်၏မျက်နှာမှာရဲတက်လာသည်။ အဆုံးတွင် သူမ မျက်နှာမှာ ခရမ်းချဉ်သီးလို နီရဲသွားသည်။ " အဲ့လောက်ထိလည်း မဟုတ်ပါဘူး တကယ်က သာမာန်ပါပဲ"
တစ်စုံတစ်ယောက်က သူမကို စိတ်ပါလက်ပါချီးကျူးခြင်းသည် ရှားပါးဖြစ်စဉ်ဖြစ်သည်။ သူမခမျာ လက်ကိုပင်မည်သည့်နေရာ၌ ထားရမည်ကိုပင် မသိတော့ပေ။
" တော် နင့်မှာ အဲ့လိုပြောပိုင်ခွင့်မရှိဘူး" ယွဲ့ရှက မာန်ပါပါလှည့်လာပြီး " နင်ငါချီးကျူးတာကို တားပိုင်ခွင့်မရှိ" ဟု ပြောလာသည်။
ကျန်းရှုယောင်မှာ နာခံစွာ ပါးစပ်ပိတ်လိုက်သော်လည်း မျက်၀န်းများမှာမူ တောက်ပနေခဲ့၏။
' ငါ့ဂါ၀န်က အဲ့လောက်တောင်လှတာလား၊ ယွဲ့ရှ တကယ်ကြိုက်တယ်ပေါ့'
နှစ်ပေါင်းများစွာ အချိန်မှန်မှန်အိပ်ခဲ့သော လူတစ်ယောက်အနေဖြင့် သူမ၏ပုံမှန်အိပ် ချိန်ကိုလွန်ဆန်ရသည်မှာ အလွန်ခက်ခဲခဲ့သည်။ ယခုတစ်ခါသည် သူမဘ၀တွင် ပထမဆုံးအကြိမ် တစ်ညလုံးမအိပ်ဘဲနေခြင်းဖြစ်သည်။ မနက် ၂-၃ နာရီခန့်တွင်သူမသည် အိပ်ချင်လွန်းသောကြောင့် ခုံနှင့်ပင် ဆောင့်မိသော်လည်း ခေါင်းမာမာဖြင့် မအိပ်ဘဲနေခဲ့သည်။
ယွဲ့ရှ သူမ အခန်းတံခါးကို ခေါက်ချိန်တွင် သူမ အလွန်အိပ်ချင်နေပြီဖြစ်သည်။ သို့သော် သူမတွင် သူမ ကိုယ်တိုင်ပင် မရှင်းပြနိုင်သော မျှော်လင့်ချက်လေး ရှိနေသည်။ သူမသည် သူမချုပ်ထားသော ဂါ၀န်ကို ယွဲ့ရှကိုပြချင်သည်။
"ရှုယောင်" ယွဲ့ရှက ဂါ၀န်ကိုချလိုက်ပြီး သူမကို မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လာသည်။ " နင်ဒါကိုဘယ်ကတည်းကချုပ်နေတာလဲ"
" သိပ်...သိပ်...မကြာပါဘူး"
ကျန်းရှုယောင်က နှုတ်ခမ်းစေ့လျက် မေးခွန်းကို ရှောင်လွှဲဖို့ရန်ကြိုးစား နေသည်။ "ဇာသားကိုချုပ်ရတာတော့ နည်းနည်းရှူပ်ပြီး အချိန်နည်းနည်းပိုယူ ပေမယ့်...."
ယွဲ့ရှ: "ဘယ်လောက်ကြာတာလဲ"
ကျန်းရှုယောင် အကြည့်လွှဲလိုက်ပြီး" အမ် ၇-၆ နာရီ လောက် ပေါ့"
ယွဲ့ရှ : "....." ' ငါကြာပန်းဖြူဆီကနေ ပစားခံရတဲ့အထိ ဘာတွေများလုပ်ခဲ့မိလို့လဲ'
ယွဲ့ရှက သက်ပြင်းချ လိုက်ပြီး " နင် ဒါပြီးဖို့ အဲ့လောက်လောစရာမလိုပါဘူး" သူမက ပစ္စည်းအပုံများကို အိပ်ယာဘေးသို့တွန်းလိုက်ပြီး " အိပ်တော့နေ့လည်တောင်ရောက်နေပြီ"
ကျန်းရှုယောင်က ခေါင်းခါလိုက်သည်။" ငါမအိပ်ချင် သေးဘူး"
" နင်မအိပ်ချင်သေးဘူး?" ယွဲ့ရှက သူမ အလိမ်ကိုတန်းမိသွားသည်။ " နင့်မေးစေ့ကိုထိကြည့်ပါဦး တစ်ခုခုခံစားရလား"
ကျန်းရှုယောင်က အတည်ယူပြီး မေးစေ့ကိုကိုင်ကြည့်နေသည်။ သူမက ပြန်မေးလာသည်။ " ဘာမှမရှိပါဘူး လေလား"
ယွဲ့ရှ : "နင့်မျက်လုံးအောက်က မျက်ကွင်းညိုတွေက မေးစေ့ကိုကျော်ပြီး ပြုတ်ကျတော့မယ်လို့"
ကျန်းရှုယောင် : "..!.." သူမသည် ရှက်ရှက်နှင့် မှန်ကိုအပြေးကြည့်လိုက်ချိန် ယွဲ့ရှအပိုပြော နေခြင်းမဟုတ် ကြောင်းသိလိုက်ရသည်။ သူမသည် ကုတင်ကိုအိပ်ရန်ကုတင်ကိုစနစ်တကျ ပြင်ဆင်ပေးနေသော ယွဲ့ရှဘေးတွင် ရပ်နေသည်။
သူမက တိုးတိုး လေး ပြောလာသည်။
" နင်၀တ်တာ မြင်ချင်သေးတယ် အဲ့ကျရင်အိပ်မယ်လေ နော်"
ယွဲ့ရှမှာ ငြင်းပြီး အိပ်ဖို့ပြောရန် ခေါင်းငုံ့လိုက်ချိန် ပါပီမျက်လုံးဖြင့် ကြည့်နေသော ရှူယောင်ကို တွေ့လိုက်ရသည်။
ယွဲ့ရှ : "...."