← Chapters

အခန်း ၅၁

Vol. 4 Ch. 51

အခန်း ၅၁

Vol. 4 Ch. 51

အပိုင်း (၅၁)-ဒါက တန်ဖိုးကြီးလွန်းတယ် (၁)

စနေ့နေ့ ညနေခင်း...

စီးပွားရေးဆိုင်ရာညစာစားပွဲမစခင် ယွဲ့ရှသည် နဂိုရွေးထားသော ဂါဝန်ထက် ရှုယောင် ချုပ်ပေးသော ဂါဝန်ကို ဝတ်ချင်နေသည်။

ကျန်းရှုယောင်က ရှက်ရှက်နှင့်ငြင်းလာသည်။ “အဲ့လိုပွဲမျိုးမှာ ဒီလိုဂါဝန်မျိုးဝတ်လို့မရဘူးလေ”

“ဘာလို့လဲ” ယွဲ့ရှက ဆိုဖာပေါ်ထိုင်ပြီး တုတ်ထိုးအိုးပေါက်ပြောလာသည်။ “ငါနင့်ရဲ့စေ့စပ်ပွဲတုန်းက ဝတ်ခဲ့တာကိုနင်မှတ်မိသေးလား”

ကျန်းရှုယောင်: "...."

' စာဖိုမှူး၀တ်စုံထင်တယ် အဲ့ဒါမှသာသူပွဲထဲကို လွယ်လွယ်နဲ့ခိုး၀င်လို့ရမှာလေ'

ယွဲ့ရှ: " ရှီချင်းယင် မွေးနေ့တုန်းကကော ငါဘာ၀တ်လာလဲ"

ကျန်းရှုယောင်: "...."

'ဒူးရှည်ဘွတ်ဖိနပ်နဲ့ ဂါ၀န်အကြပ်နဲ့လေ ဘွတ်ဖိနပ်ဒေါက်က လူတောင်သတ်လို့ရတယ်'

ယွဲ့ရှသည် ပါတီတစ်ခုသို့ အဖြူအနက်အားကစား၀တ်စုံဖြင့်သွားခဲ့သည်ကို မသိပေ။ လက်ရှိ သူမ သိရှိထားသော ယွဲ့ရှ၏၀တ်စားဆင်ယင်ပုံနှင့်ပင် သူမ အတွက် အံ့ဩဖွယ်ဖြစ်နေပြီဖြစ်သည်။

ယွဲ့ရှ စိတ်ဆုံးဖြတ်ချက် ချပြီးသား အရာတစ်ခုကို သူမတွင် ငြင်းပိုင်ခွင့်မရှိသောကြောင့် သူမသည် သဘောတူဖို့လွဲ အခြားရွေးချယ်စရာမရှိပေ။

သို့သော်လည်းပဲ သူမ ကျိတ်ပြီးပြောမိသည်။

ယွဲ့တဲ့လျန်နှင့်လီမိန်ကျူမှာ အဆင်သင့် ဖြစ်ပြီဖြစ်သည်။ သူတို့ အောက်ဆင်းပြီး ယွဲ့ရှကိုခေါ်ရန်ပြင်စဉ် ယွဲ့ရှမှာ အဆင်သင့်ဖြစ်နေပြီး ဆိုဖာပေါ်တွင် ငိုက်ပင်ငိုက်နေပြီဖြစ်သည်။

ကျန်းရှုယောင်က သူမ ဘေးတွင် ပြုံးလျက်ထိုင်နေပြီး ဂါ၀န်၏ခါးအနားသတ်ကိုညှိပေးနေ၏။

ဂါ၀န်၏လှစ်ဟနေသော လည်ပင်းနားတစ်ဝိုက်ကို လေအေးပေးစက်၏ လေတို့ကထိတွေ့ နေသောကြောင့် ယွဲ့ရှက ထိုနေရာမှရွှေ့လိုက်သည်။ ကျန်းရှုယောင်မှာ သူမကို အရိပ်တကြည့်ကြည့်ကြည့်နေသောကြောင့် သူမ အခန်းထဲမှဇာပါးလေးကို လေးနက်သော အမူအရာဖြင့် ယူလာသည်။ ထို့နောက် သူမက ဇာပါးလေးကို ယွဲ့ရှရင်ဘတ်ပေါ်တင်လိုက်ပြီး ဖြန့်လိုက်သည်။

ထို့နောက်တွင် သူမက အပ်ကိုယူပြီး ဂါ၀န်ခါးညှိခြင်းကို ခဏနားလိုက်သည်။

အပေါ်ထပ်မှကြည့်နေသော လီမိန်ကျူမှာ သူမကို အနှောင့်အယှက်မပေးရက်တော့ပေ။ ထိုမြင်ကွင်းမှာ အလွန်ချစ်စရာကောင်းသည်ဟု သူမ တွေးမိသည်။ ငြိမ်သက်စွာ ကြည့်နေပြီး ခဏအကြာ၌ သူမက သူမ ယောက်ျားဘက်လှည့်လာပြီး တိုးတိုးလေး ပြောလာသည်။ "အဲ့ကလေးက တကယ်တော်တာပဲ"

သူမ၏စကားများမှာ လေးနက်သည်။ သူမ၏ အဆင့်အတန်းကြောင့် သူမသည် နာမည်ကြီး တံဆိပ် ဖက်ရှင်ရှိုးများမှ ဖိတ်ကြားခြင်းကို ခံရလေ့ရှိသောကြောင့် သူမ၏စံသတ်မှတ်များမှာ အတော်အတန်မြင့်သည်။ သို့သော်လည်းပဲ ယနေ့မနက် ယွဲ့ရှကိုတွေ့လိုက်ရစဉ်က သူမ အလွန် အံ့ဩမှင်သက်မိသည်။

ဂါ၀န်က သူမကို အမြင်ကျယ်စေသလို သူမသည် ဂါ၀န်ကိုလည်း အထင်ကြီးမိသည်။ ယွဲ့ရှအကျင့်နှင့် ထိုဂါ၀န်သည် အလွန်လိုက်ဖက်လှသည်။ ကျန်းရှုယောင်မှာ အနုပညာ အမြင်ရှိသည်။ သို့သော် ကျန်းရှုယောင်၏အတွေ့အကြုံကို စဉ်းစားမိသောအခါ သူမ သက်ပြင်းချမိသည်။

ယွဲ့တဲ့လျန်ကမူ တည်ငြိမ်စွာ ခေါင်းခါလျက် ပြောလိုက်သည်။ "၀မ်းနည်းစရာပဲ"

ကျန်းရှုယောင်သည် သူမ အလုပ်အပေါ်လေးလေးနက်နက်အာရုံစိုက်ထားသောကြောင့် သူတို့၏အကြည့်များကို မသိပေ။

"မဟုတ်ဘူး" လီမိန်ကျူက သူမကိုဆက်ကြည့်ပြီး ရုတ်တရက်ပြောလိုက်သည်။ "၀မ်းနည်းစရာမဟုတ်ပါဘူး သူသာဖြစ်ချင်ရင် ပြောင်းလဲလိုစိတ်ရှိနေသရွေ့ နောက်မကျပါဘူး"

"မစ်ကျွင်း၊ ကျွန်တော်တို့ကြား ပူးပေါင်းမှုက ဖြစ်ဖို့များနေပြီထင်တယ်နော်" အလယ်အလတ်အရွယ် ယောက်ျားက ယဉ်ကျေးစွာ ပြုံးပြပြီး မျက်မှန်ကိုပင့်တင်လိုက်သည်။ " ကျွန်မတို့ကြို အောင်ပွဲခံကြမလား"

ကျွင်းရှောင်ဟန်က ပြန်ပြုံးပြလိုက်သည်။ သူမသည် သူမကိုယ်သူမ အလွန်အမင်း ဂုဏ်ယူနေကြောင်းကို သူမ၏မျက်လုံးနှင့်မျက်ခုံးကိုကြည့်ခြင်းဖြင့်ပင်သိသာသည်။ တခြားသူများ၏ ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်ဖြစ်စေလာကြည့်သော အကြည့်များသည် သူမကို ပို၍ပင်မြှောင့်တက်စေသည်။

ယွဲ့ရှထံမှ မည်သည့်တုန့်ပြန်မှုများမရသောကြောင့် သူမ အတင်းဗီဒီယို၏နာမည်ကျော်နှုန်းမှာ ကျဆင်းလာခဲ့သည်။ သို့သော် သူမသည် ဤနာမည်ကြီးတံဆိပ်မှကျင်းပမည့်ပွဲ အကြောင်းကို တွေ့သွားပြီးနောက် အာရုံပြောင်းသွားပြီး group ပေါင်းများစွာတွင် ယင်းအကြောင်းကိုshareခဲ့သည်။

ယင်းကဲ့သို့ အကြောင်းများသည် ကျော်ကြားလွယ်ပြီး သူမက ပိုပိုသာသာ ဒရမ်မာဆန်ဆန် ပြောလိုက် သောအခါ လူအများမှာ ကွန်မန့်မန့်ဖို့ရန် စိတ်အားထက်သန်လာကြပြီး သူမ share ထားသော လင့်ခ်ထဲသို့လူ အများအပြား၀င်လာကြသည်။ သူတို့သည် ယွဲ့ရှကိုပြောဆို‌‌နင်းချေနေ ‌‌‌‌‌‌‌‌‌ကြသော ကွန်မန့်များသည် သူမ၏ကျော်ကြားခြင်း အပေါ်အလွန်ပင်အထောက်အကူပြုသည်။

ယွဲ့ရှမှာ သူမ၏ ကံကြမ္မာကို လက်ခံထားသည့် အတိုင်းငြိမ်သက် နေဆဲပင်။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်သော အကြံမှာ ဖြစ်မြောက်သွားသောကြောင့် ကျွင်းရှောင်ဟန် ဂုဏ်မယူဘဲနေမည်လား။

သူမ ဘေးနားမှလူသည် နာမည်ကြီး မဂ္ဂဇင်းတစ်ခုမှ အယ်ဒီတာချုပ် ဖြစ်သည်။ သူမသည် ပထမဆုရပါက သူမ၏နာမည်မှာ ပို၍ပင် ကျော်ကြားလာမည်။ ကျွင်းရှောင်ဟန်သည် ယွဲ့ရှ၏ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာကို တွေးမိပြီး အော်ကြီးဟစ်ကျယ်ရယ်လုနီးနီးပင်။

"မစ်ကျွင်းရဲ့ မစ်ရှ အကြောင်းက တော်တော် ပေါက်သွားတာ" အယ်ဒီတာချုပ်သည်လည်း အတင်းသမားတစ်ယောက်ပင်ဖြစ်သည်။ "မစ်ယွဲ့ အကောင့်ကို ကျွန်တော်မွှေကြည့်တော့ မစ်၀မ်ရဲ့မစ်ရှ ဗီဒီယိုတွေက အန်တာတိန်းမန့် သက်သက် အတွက်ပဲလုပ်ထားတာ ဖြစ်တယ်လို့ ပြောထားတာ တွေ့တယ်၊ မှန်လားမှားလား မသိပေမယ့် သိပ်လည်း မသက်ရောက်ပါဘူးဗျာ"

"အန်တာတိန်းမန့်သက်သက်????"

ကျွင်းရှောင်ဟန်က လှောင်လိုက်သည်။

" အဲ့ဆိုရင်တော့ အယ်ဒီတာချုပ်ကြီး သူ့ကို အပြင်မှာ မမြင်ဖူးသေးလို့ပဲနေမှာယွဲ့ရှကလေ မျက်နှာဗလာ သေချာမ၀တ်စားဘဲတောင် အပြင်ထွက်ရဲတဲ့သူ၊ ဘယ်ကနေ အဲ့လောက်ထိ ကွန်ဖီးဒန့်ရလာတာလဲမသိ၊ သူ့ကိုယ်သူ နတ်သမီးများထင် နေလားမသိ"

သူတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး ရယ်မောလိုက်ကြပြီး ခွက်ချင်းတိုက်လိုက်ကြသည်။

သူတို့ဖန်ခွက်ကိုပြန်မချနိုင်ခင်မှာတင် အဝင်၀တွင် အနည်းငယ် အုတ်အော်သောင်းတင်း ဖြစ်နေသည်။

အယ်ဒီတာချုပ်သည် ဝိုင်ကိုမြိုမချရသေးသောကြောင့် အ၀င်၀မှ မြင်ကွင်းကိုမြင်သောအခါ ဝိုင်သီးသွား တော့သည်။

All Chapters