← Chapters

အခန်း ၅၃

Vol. 4 Ch. 53

အခန်း ၅၃

Vol. 4 Ch. 53

အပိုင်း ၅၃ - ဒါက တန်ဖိုးကြီးလွန်းတယ် (၃)

ယွဲ့ရှမှာ တစ်ပါးသူအပေါ် ရက်ရက်စက်စက် ဝေဖန်လေ့မရှိသောကြောင့် သူမ၏စိတ်အခြေအနေမှာ ကောင်းမွန်မနေပေ။ သူမက ရှီချင်းယင် အခြေအနေကို မေးလိုက်သည်။ [ System ရှီချင်းယင် ခု ဘာလုပ်နေတာလဲ]

System က တာ၀န်ကျေစွာ ဖြေလာသည်။ [ သူက သေးခွက်သုံးနေရတာမှာ ခက်ခဲနေပါတယ်]

ဇာတ်လိုက်၏ အခြေအနေသည် အမှန်တကယ်ပင် သူမကို ပျော်ရွှင်စေသည်။ ယွဲ့ရှမှာ မရယ်မိအောင် မနည်းထိန်းလိုက်ရသည်။

'RIP ပါကွာ ချင်းယင်ရေ လူတိုင်း နင့်ကိုစိုးရိမ်နေကြတာ နင်ကခုတော့ ဆေးရုံးကဆင်းလာတာတောင် အိမ်သာကောင်းကောင်းမတတ်နိုင်သေးဘူး'

မူလဇာတ်လမ်းတွင် သူသည် ယနေ့ ပါတီသို့ ရောက်လာမည်ဖြစ်သည်။ လက်ရှိအပိုင်းတွင် သူရောက်လာမှုသည် နောက်လာမည့်အပိုင်းကို ပါးနပ်စွာ ပြသနိုင်လိမ့်မည်ဟု စာရေးသူမှာ မှားယွင်းစွာထင်ခဲ့သည့် ပုံပင်။

[ "စင်္ကြံလမ်း၏ အလင်းကွယ်ရမှ ဖြတ်လျှောက်သည့် နှင်းဆီပွင့်နှယ်လှပသော မိန်းမတစ်ယောက်။ သို့သော် သူမတွင် ကွယ်ဝှက်ထားသော ဆူးတံတို့ရှိ၏" ကြာပန်းဖြူနှင့်နှင်းဆီနီမှ ထုတ်နုတ်ချက်]

တစ်နည်းပြောရလျှင် နှင်းဆီနီသည်လည်း ရောက်နေရမည်ဖြစ်သည်။

ယွဲ့ရှလှည့်ပတ် ကြည့်သော်လည်း အချည်းနှီး သာဖြစ်သည်။ သူမသည် နှင်းဆီနီ၏ ၀တ္ထုထဲမှ ကောက်နုတ်ချက်ပေါ်မူတည်ပြီး လှည့်ပတ်ရှာနေရခြင်းဖြစ်သည်။

System က ဗွင်းဗွင်းရှင်းရှင်း ပြောလာသည်။ [ ဇာတ်လိုက်မလာနိုင်တော့ ရှီယွမ်ကျန်းက သူ့အစားလာရတာလေ]

ယွဲ့ရှမှာ နှင်းဆီနီကို ပိုစိတ်၀င်စားသည်။ [ အော် ]

System: [ သူက နင့် ရှေ့မှာလေ ]

ယွဲ့ရှ : [?]

‌‌အပေါ်မှ ကျဆင်းထားသောအနက်ရောင်လိုက်ကာထူထူမှာ လေအေးကြောင့် လွင့်နေသည်။

ယွဲ့ရှသည် ရှီချင်းယင်၏နောက်‌ကျောကို တွေ့လိုက်ရသည်။ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့သည့်အတိုင်း သူသည် အနောက်တိုင်း၀တ်စုံကို၀တ်ဆင်ထားသည်။

သူသည် လိုက်ကာကိုကျော်၍ ဖြတ်လျှောက်လာရင်း အလိုလျောက် နောက်လှည့်မိချိန် သူနှင့်သုံးမီတာ အကွာတွင်ရပ်နေသော ယွဲ့ရှကိုတွေ့လိုက်ရသည်။

အကွာအဝေးမှာ အနည်းငယ် ကသိကအောက်ဖြစ်ချင်စရာ ကောင်းသည်။ သူမ သူ့နားကို လာမည်‌လော မလာမည် လောကို မခန့်မှန်းနိုင်သည့်အထိ ရှီယွမ်ကျန်းသည် လိုက်ကာကိုတည်ငြိမ်စွာကိုင်ပြီး သူမ အလာကို မစောင့်မှီတော်တော်ကြာသည်အထိ တွန့်ဆုတ်နေခဲ့သည်။

ယွဲ့ရှမှာ ယွဲ့ချင်းကိုရှာမည်ဖြစ်သောကြောင့် လိုက်ကာကိုဖြတ်လျှောက်လာခဲ့သည်။

ဤနေရာတွင် လမ်းတစ်လမ်းသာရှိပြီး နှစ်ယောက်လုံးဓာတ်လှေကားကို စောင့်နေကြသည်။ ရှီယွမ်ကျန်းမှာ မည်သည့်ပြောစရာစကားမျှမရှိသောကြောင့် တစ်လမ်းလုံး ရေခဲရုပ်ထုပမာ တိတ်ဆိတ်နေခဲ့သည်။ ဓာတ်လှေကားထဲရောက်သည့် အခါမှသာ မျက်လုံးကိုစဉ်းချလျက် မေးခွန်းမေးလာသည်။

"ဘယ်အထပ်လဲ"

ယွဲ့ရှမှာ သေချာ မကြားလိုက်ပေ။

"ဟမ် နင် ဘာပြောလိုက်တာလဲ"

ရှီယွမ်ကျန်းမှာ စကားပြောချိန် တစ်ဖက်သားကို မကြည့်ပါက ရိုင်းရာကျသည်ဟု တွေးမိပြီး ခေါင်းလှည့်ပြီး မေးလာသည်။ "ဘယ်အထပ်ကိုသွားမှာလဲ"

ယွဲ့ရှမှာ လန့်သွားသည်။

သူ၏မေးခွန်းကြောင့် သူမနှင့်ဆယ်စင်တီမီတာသာကွာသောနေရာမှ ခံစားချက်ကင်းမဲ့စွာ ကြည့်နေသော မျက်၀န်းများကြောင့်ဖြစ်သည်။ သူ့ပုံစံမှာ ကျောက်တုံးကြီးလိုပင်။

သူမမှာ ခေါင်းငုံ့ပြီး အကြည့်လွဲရန် အောက်ကိုငုံ့ကြည့်လိုက်သည်။ ကျန်းရှုယောင်သည်ဂါ၀န်ကို ပုခုံးဖော်ပုံစံချုပ်လုပ်ထားခြင်းဖြစ်သည်။ ဤရှုထောင့် ဤ အကွာအဝေးဖြင့်ဆိုလျှင် ရှီယွမ်ကျန်း မရည်ရွယ်လျှင်တောင်မှ စကားပြောရန် သူမ မျက်နှာကိုကြည့်ရုံဖြင့်ပင် သူမမြင်သင့်သော အရာကို မြင်သွားနိုင်သည်။

ယွဲ့ရှ ဘာမှပြန်မပြောလိုက်သော်လည်း ရှီယွမ်ကျန်း ယွဲ့ရှသည် သူမ စစ်ဆေးရန် ခေါင်းငုံ့လိုက်သည်ကို သိသွားသည်။

ထို့ နောက် နောက် စက္ကန့် ၂၀ အတွင်း သူမသည် ရှီယွမ်ကျန်း၏မျက်နှာအမူအရာကို သုတေသနတစ်ခုလို စစ်ဆေးနေတော့သည်။ သူ၏မျက်ဆံမှာ တုန်ရင်နေပြီး မျက်တောင်များမှာမူ လှုပ်နေသည်။ သူသည် တရစပ်မျက်တောင်ခပ်နေပြီး အနီရောင်ဖျော့ဖျော့လေးသည် နားရွက်ဖျားမှ ပါးနားထိ ပြန့်လာသည်။

System : [....]

ယွဲ့ရှ : [...]

ယွဲ့ရှက ညည်းညူလိုက်သည်။ : [ System ခုချိန် ပြောလို့ကောင်းတဲ့ စကားရှိလား]

System:[ သူကရှားပါးတဲ့ လူပျိုပဲ သွားမခြောက်နဲ့]

သူရဲကောင်းစိတ် အပြည့်ဖြင့် ယွဲ့ရှမှာပြန်လည် ချေပလာသည်။

[ ငါ့မျက်နှာကိုတည့်တည့်ကြည့်စမ်း စောက်ကောင်ရဲ့]

အနည်းငယ် ပျာယာခတ်နေသော ရှီယွမ်ကျန်းသည် ဓာတ်လှေကားခလုတ်ကို အလျင်အမြန် နှိပ်လိုက်သည်။

System: [တိတ်တိတ်နေစမ်းပါ]

ယွဲ့ရှ: [ အော်]

ရှီယွမ်ကျန်းတွန့်ဆုတ်နေစဉ် ယွဲ့ရှက ပြောလာသည်။ "တတိယအထပ်"

'တတိယအထပ်'

'ငါနဲ့တူတူပဲ'

ရှီယွမ်ကျန်းမှာ လက်ပြန်ချလိုက်ပြီး ထောင့်နားတွင်ငြိမ်သက်စွာရပ်နေသည်။ သူ့ပုံစံမှာ တည်ငြိမ်ပြီး ငြိမ်ချမ်းပုံပေါက်သော်လည်း ယွဲ့ရှကမူ သူ့ကို ခဏခဏ ဆေးမှုန်းဖြူးပေးရန် လိုအပ်သော အထီးကျန်မှိုကလေးနှင့်တူသည်။

ပျင်းလာသော ယွဲ့ရှသည် ရှီယွမ်ကျန်းကို စတင်လေ့လာလေတော့သည်။: [ ဒီ ဗိုင်းရက်စ်ကလေ ညစ်ပတ်မှာကို ကြောက်တဲ့ ရောဂါရှိ နေတာလား၊ နေ့တိုင်းအိမ်ပြန်ရောက်တာနဲ့ လက်ငါးကြိမ်လောက် ဆေးတဲ့သူမျိုးလား]

'အဲ့လိုဖြစ်ပုံလည်း မပေါ်ပါဘူး သူကငါနဲ့အတူ ငါးစာတူတူ ကျွေးခဲ့သေးတာပဲဟာ'

ထိုစဉ် ထူးဆန်းခဲ့သည်မှာ သူတို့ နှစ်ယောက်လုံး စကားမပြောဘဲ အကြာကြီးတိတ်ဆိတ်‌‌နေခြင်း ဖြစ်သည်။ သူတို့သည် ကန်၏တစ်ဖက်တစ်ချက်တွင် ထိုင်နေပြီး အချင်းချင်း အဝေးမှကြည့် နေခဲ့ကြသည်။ ကန်ထဲမှ ငါးများပင် သူတို့ကိုထူးဆန်းနေကြသည်။ ငါးများပင် ' ငါတို့က ဘယ်ကသွားစားရမှာလဲ' ဟု ဖြစ်ကုန်လောက်သည် အထိပင်။

စဉ်းစားကြည့်လေလေ သူသည်ပို၍ပင် တစ်ကိုယ်တည်းသမားဆန်လာလေလေပင်။

System: [ သူမှာ ညစ်ပတ်တာကြောက်တဲ့ရောဂါတော့ ငါ မတွေ့မိဘူး]

ယွဲ့ရှ မှာ ခေါင်းရှုပ်သွားသည်။ :[ မဟုတ်မှ သူ လူတွေနဲ့ပြောဆိုဆက်ဆံရမှာကို ကြောက်နေတာလား]

' တော်တော်သင့်တော်တဲ့စကားပဲ ငါသာ ယွဲ့ရှနဲ့အတူ နှစ်နည်းနည်းကြာတဲ့အထိဆက်လုပ်နေရင် ငါလည်း လူတွေနဲ့ပြောဆိုဆက်ဆံရမှာကို ကြောက်တဲ့ရောဂါရလောက်တယ်'

ယွဲ့ရှမှာ အလွန်စိတ်၀င်စားနေသညိ။ [ ငါစမ်းကြည့်မယ်]

' ဟမ် စမ်းမယ် ဘာကိုစမ်းမှာလဲ'

ပွဲကျင်းပရာ ခန်းမသည် မကြီးသည့်အပြင် လူ၀င်လူထွက်လည်း နည်းလှသည်။ ရုံးများကဲ့သို့ဓာတ်လှေကားတွင်လူပြည့်သည့်ကိစ္စလည်းမရှိ သော ကြောင့် ဓာတ်လှေကားမှာ အနည်းငယ် သေးသည့်ဘက် စောင်းသည်။

ယွဲ့ရှသည် ဘေးတွင်ငြိမ်သက်စွာ ရပ် နေပြီး သူတို့ နှစ်ယောက်ကြားတွင် မီတာ၀က်ခန့်ခြားသည်။ သို့သော်ယခုတွင် သူမ လက်ပိုက်လျက် ဓာတ်လှေကား အလယ်သို့ သဘာသဘာ၀ကျကျ ရွေ့သွားသည်။

ရှီယွမ်ကျန်းက ဘေးသို့ ခြေတစ်လှမ်းထပ်တိုးသွား၏။

ယွဲ့ရှက ခြေထောက်နှစ်ဖက်ကိုကြက် ခြေခတ်လိုက်ပြီး ခြေတစ်ဖက်တည်း ဖြင့် ရပ်နေပြီး အလည်သို့ပို‌‌ရွှေ့သွားလိုက်သည်။

ရှီယွမ်ကျန်းကလည်း ဆက်လက်ပြီး ထောင့်နားသို့ ရွှေ့သွား၏။

ယွဲ့ရှစိတ်ရှည်မှုမှာ ကုန်ခမ်းလုနီးပါး ဖြစ်လာသည်။ သူမသည် သူ့ရှေ့ထိသွားပြီး မတ်မတ်ရပ်လိုက်သည်။

ရှီယွမ်ကျန်း : "....."

[ ရတော့မယ်]

System မှာ သူ့Host၏အနိုင်ကျင့် နေပုံကို သည်းမခံနိုင်တော့သည့် အဆုံး သူမကိုရပ်လိုက်ရန် ပြောလာသည်။ [ နင်ဆက်လုပ် နေမယ်ဆို သူနံရံနဲ့တစ်သားတည်း ဖြစ်တော့မယ်]

ယွဲ့ရှက သူ့ကိုမျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သောအခါ သူ့မျက်နှာအမူအရာမှာ ပြောင်းမလဲပေ။ သူသည်မျက်နှာအမူအရာမဲ့စက်ရုပ်နှင့်တူနေ‌‌‌‌‌‌‌‌‌‌‌သော်လည်း အတတ်နိုင်ဆုံးထောင့်သို့ကပ်နေရန် ကြိုးစား နေပုံမှာအားနည်းပြီး အကူအညီမဲ့နေသောဝောာက်တဲ့နှင့်တူသည်။

ယွဲ့ရှမှာ ရယ်ရလွန်းလို့ သေလုနီးပါးပင်။ [ ဟား ဟား ဟား ဟား ]

System သည် သူမရယ်သံထဲမှာ ပျော်ရွှင်မှုကိုခံစားရပြီး တိုးတိတ်စွာ ပြောလာသည်။ [ နင်အရမ်းဆိုးတယ်]

သူမ တမင်လုပ်နေခြင်းဖြစ်သည်။ စမ်းကြည့်မည်‌‌ဆိုသည်မှာ မုသားပြောခြင်းသာ ဖြစ်သည်။ သူမသည် စကတည်းက စင်စစ်ကောင်းသော အကြံရှိမနေပေ။

All Chapters