အခန်း ၅၄
Vol. 4 Ch. 54
အပိုင်း (၅၄) - မင်းသမီးနှင့်သူမ၏သစ္စာရှိကိုယ်ရံတော်(၁)
မကြာမှီ သူတို့ တတိယအထပ်သို့ ရောက်လာကြသည်။ ရှီယွမ်ကျန်းမှာ လစ်ပြေးလိုလာသော်လည်း သူသည် သူ၏သိက္ခာရှိသည့်ပုံစံကိုထိန်းလျက် စောင့်နေဆဲပင်။ ယွဲ့ရှ ဓာတ်လှေကားမှ ထွက်သွားပြီး နောက် သူသည် ထောင့်ချိုးနားသို့လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ယွဲ့ရှကမူ ဂရုမစိုက်ဘဲ ရှေ့သို့သာ မှန်မှန်ဆက်လျှောက်သွား၏။
သူမသည် အတွေးရေယာဉ်ထဲလွင့် မျောနေခဲ့သည်။ [ မိသားစုတစ်ခုတည်းဟာကို ဘာလို့သူတို့ အကျင့်က အဲ့လောက်တောင်ကွဲပြားနေရတာလဲ]
System: [ နင် ငါဟိုတစ်ခေါက်ရှင်းပြတုန်းကဟာကို သေချာနားမထောင်ဘူးမလား]
ယွဲ့ရှမှာ အတွေးရေယာဉ်ထဲမျောနေသောကြောင့် သူပြောနေသည်ကို မကြားလိုက်ပေ။ [ နင်ဘာပြောလိုက်တာလဲ]
System : [?] System သည် ခဏတာခန့်ငြိမ်သက်သွားသည်။ သူခမျာ သူ၏ မမ်မိုရီမှာ ပို၍အဆင့်မြင့်လာပြီး ကိစ္စတော်တော်များများကို သည်းခံနိုင်လာသည်ဟု ခံစားနေရသည်။
[ ဖေဖေရှီနဲ့သူအရင်မိန်းမက စီးပွားရေးအရပဲ လက်ထပ်ခဲ့တာ သူက သူ့ကို တကယ်မကြိုက်ဘူး၊ ဒါပေမယ့် သူက အရင်မိန်းမနဲ့ အတင်းအကြပ်ပေးစားခံခဲ့ရတာ၊ နောက်ကျ အရင်မိန်းမက စိတ်ကျရောဂါနဲ့သေသွားပြီး ရှီယွမ်ကျန်းကို တစ်ယောက်တည်းထားခဲ့တာ၊ အရင်မိန်းမသေပြီး နှစ်လကြာတော့ သူက ကိုယ်ဝန်ရနေပြီးသားဖြစ်တဲ့ လင်းဝမ်နဲ့လက်ထပ်ခဲ့တာ ရှီယွမ်ကျန်းက အဖေဆီက အနှစ်သက်မခံရဘူး ဖေဖေရှီက သူ့ကို အရှက်ရစရာတစ်ခုလိုမြင်တာ၊ သူနည်းနည်းကြီးတော့ ဖေဖေရှီက သူ့ကို နိုင်ငံခြားကိုပို့လိုက်တာ၊ သူပြန်လာတာ လပိုင်းပဲရှိသေးတယ် ]
ယွဲ့ရှ : [ တွန်းအားပေးခံရတယ်၊ အရင်မိန်းမနဲ့သာ လက်မထက်ရင်သူ့ကို မီးဖိုချောင်မှာ အစိတ်စိတ်အပိုင်းပိုင်းလုပ်မှာမို့လို့လား ]
System : [ အဲ့လိုမဟုတ်ဘူးလေ]
[ သူက အချစ်စစ်၊ ဂုဏ်၊ ပိုက်ဆံ နဲ့ ကောင်းမွန်တဲ့အလုပ်အကိုင်လိုချင် ပြီးတော့ သူ လိုချင်တာလည်း အကုန်ရတယ်လေ အဲ့ဒါကိုမသိရင် သူကပဲခံနေရသလိုလာလုပ်နေတယ် ]
ယွဲ့ရှ၏မျက်လုံးလှိမ့်လိုက်သည်။ [ သူက မိုးနဲ့မြေကို အပြစ်တင်တယ်၊ သူ့အရင်မိန်းမကိုလည်းအပြစ်တယ်၊ ဒါပေမယ့် သူ့ကိုယ်သူကျ ဘယ်တော့မှအပြစ်မတင်ဘူးနော်၊ ရှီချင်းယင်နဲ့သူနဲ့သာ ယှဉ်ရမယ်ဆို ဘယ်သူ့ကို ပထမထားရမလဲတောင်မသိတော့ဘူး ]
System သည် အသံပင်မထွက်ရဲပေ။
[ ထားလိုက်တော့ အဲ့လို ကျတ်သရေတုန်းတာတွေ ထက်မပြောတော့ဘူး] ယွဲ့ရှ တတိယအထပ်တွင် လျှောက်သွားလိုက်သောအခါ ယွဲ့ချင်းကို တွေ့သွားသည်။
ယွဲ့ချင်းသည် လုပ်ငန်းကိစ္စများပြောနေသည့်အချိန်တွင် အလွန်မှတည်ငြိမ်လှသည်။ သူသည် ယဉ်ကျေးပြီး တည်ငြိမ်သော အပြုံးကိုဝတ်ဆင်ထားသည်။ အတန်ငယ်သာကွာဝေးသောနေရာတွင် ရပ်နေသော ယွဲ့ရှကို သူတွေ့ရသောအခါ သူကလှည့်လာပြီး နှုတ်အမူအရာဖြင့် “ခဏစောင့်” ဟုပြလိုက်ပြီး စကားဝိုင်းကိုလျင်မြန်စွာ အဆုံးသတ်လိုက်သည်။
“ငါဘာလုပ်ပေးရမှာလဲ” တစ်ဖက်လူထွက်သွားသောအခါ ယွဲ့ချင်းသည် သူ၏ စိတ်ဖိစီးနေသော အကိုကြီးပုံစံပြန်ပေါက်လာသည်။ သူက စိတ်ပျက်စွာပြောလာသည်။ “နင်က ရောက်လာပြီး လစ်ခနဲထွက်သွားတော့ အဖေနဲ့အမေက နင့်ကိုစိတ်ပူပြီးလိုက်ရှာနေတာ”
ယွဲ့ရှ၏ နာရီဝက်ခန့်ပျောက်သွားခြင်းကြောင့် သေမတတ်စိုးရိမ်နေသော သူ့မိဘများကို သူတွေ့သောအခါ သူ့မိဘများသည် သူနှစ်ရက်နှင့်နှစ်ညခန့် သူတို့နှင့်အဆက်အသွယ်ပြတ်သွားသည်ကို သတိပင်မရကြောင်းကို သူတွေးမိပြီး ငိုက်စိုက်ကျသွားသည်။
“ညီမက သုံးနှစ်သမီးမှ မဟုတ်တာ၊ ပြီးတော့ ညီမက အောက်ထပ်မှာ တစ်ယောက်ယောက်နဲ့ ရန်သွားဖြစ်နေတာလဲ မဟုတ်” ယွဲ့ရှက သူ့နားကပ်လာပြီး ပြောလာသည်။ “အဲ့လူကိုရင်းနှီးသလိုပဲ”
“အင်း” ယွဲ့ချင်းမျက်လုံးမှေးလိုက်ပြီး ယွဲ့ရှအတွက် သောက်စရာတစ်ခွက်ပေးလာသည်။ “သူက UP မဂ္ဂဇင်းရဲ့တရားဝင် အယ်ဒီတာလေ”
“ဟမ် UP ဘာကြီး”
“နင်ငတုံးလား” ယွဲ့ချင်းက သူ့နဖူးကိုတောက်လိုက်သည်။ သူသည် အမှန်တကယ်ပင် သူမ မှတ်ဉာဏ်ကိုသံသယဝင်မိသည်။ “နင်ပဲ UP ပွဲမှာ ပါချင်တာလေ”
သူထိုကိစ္စကို အစမဖော်ရခြင်းမှာ ယွဲ့ရှကို မသက်မသာ မဖြစ်စေချင်သောကြောင့်ပင်။ လိုင်းပေါ်တွင် ဖြစ်ခဲ့သော ကိစ္စများကို သူက မသိဘဲနေမည်လား။ ဖက်ရှင်အသိုင်းအဝိုင်းသည် သူတို့မိသားစုနှင့်လုံးလုံး သက်ဆိုင်မှုမရှိပေ။ ယွဲ့ရှ အတွက်သာ မဟုတ်ပါက သူသည် အဘယ်ကြောင့် ထိုလူနှင့် စကားပြောနေပါဦးမည်နည်း။
ယွဲ့ရှ အခုမှ သတိရခြင်းဖြစ်သည်။ အင်္ဂလိပ်နာမည်နှင့်ဖက်ရှင်တံဆိပ်များသည် သူမအတွက်ဆင်တူယိုးမှားဖြစ်လွယ်သောကြောင့် သူမ သူတို့ကိုမမှတ်မိပေ။
ယွဲ့ချင်းကပြောလာသည်။ “သူက ပူးပေါင်းမှုအပေါ် တော်တော်အကောင်းမြင်နေပုံပေါ်တယ်”
အကောင်းမြင်သည်ဟုပြောခြင်းမှာ နိမ့်ချထားခြင်းဖြစ်သည်။ ထိုလူသည် သိသိသာသာကို အရိပ်ပြနေခြင်းဖြစ်သည်။
ယွဲ့ရှမှာ တက်ကြွပုံမပေါ်ပေ။ “အော်”
“အော်...?” ယွဲ့ချင်းမှာ သူမ ပျော်မည်ဟုတွေးခဲ့သော်လည်း သူမ၏ တု့န်ပြန်ပုံမှာ အားနည်းလှသည်။ သူက မျက်ခုံးပင့်လျက် တအံ့တဩမေးလာသည်။ “နင်မကြိုက်ဘူးလား”
“အဲ့လက်ကိုင်အိတ်၊ အဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေ ညီမ ဘာမှမလိုအပ်တော့ဘူး” ယွဲ့ရှက သေချာပြင်ဆင်ထားသော သောက်စရာကို တစ်ငုံတည်းဖြင့်သောက်လိုက်ပြီး အရသာနှင့်ပတ်သတ်ပြီး ထူးခြားမှုကိုလည်းမသိပေ။ “ညီမက အဲ့အယ်ဒီတာကို ရှုယောင်နဲ့တွေ့စေချင်တာ”
ယွဲ့ချင်း : “....”
ညလေသည် လိုက်ကာကိုဖြတ်တိုက်လာသည်။ တော်တော်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် ယွဲ့ချင်းမေးလာသည်။ “နင်ဘာလုပ်ချင်လဲ”
အဖြေကိုသိသော်လည်း သူပဟေဠိဖြစ်နေဆဲပင်။
“ညီမဘာလုပ်ချင်တာလဲဆို အကိုကြီး မမြင်ဘူးလား” ယွဲ့ရှက တည့်ဖြေလာသည်။
ယွဲ့ချင်းသည် သူမကို တော်တော်ကြသည်အထိ လေးလေးနက်နက်ကြည့်နေပြီးနောက် သူ၏ကံဆိုးသောညီမဖြစ်သူမှာ အတည်ပြောနေကြောင်းသိလိုက်ရသည်။
“ထားလိုက်ပါတော့”
“ကောင်းပြီ” ယွဲ့ချင်းသည်လည်း လက်ထဲမှ ဝိုင်ကိုသောက်လိုက်ပြီး မပျော်မရွင်ပြောလာသည်။ “နင်လုပ်ချင်တာသာလုပ်ပါတော့”
သူသည် ရှီချင်းယင်နှင့်ပတ်သတ်ပြီး တော်တော်ကြာသည့်တိုင်အောင်စိတ်အနှောင့်အယှက်ဖြစ်နေသည်။ သူတို့သာ သူ့ကို တိုက်ခိုက်မည်ဆိုပါက အဆုံးထိသွားရုံကလွဲမရှိပေ။ မည်သူက မည်သူ့ကိုကြောက်ရမည်နည်း။
နောက်တစ်နေ့ မနက်စောစောတွင် ယွဲ့ချင်းသည် မနေ့ညက ညစာစားပွဲမှတရားဝင်ပုံများကိုကြည့်နေသည်။ သူသည် ယွဲ့ရှနှင့်သူ့ကိုရိုက်ထားသော ပုံကိုကြည့်နေသည်.
ပုံမှ မှုန်ဝါးမနေစဘဲ ရှုထောင့်ကောင်းကောင်းမှရိုက်ထားခြင်းဖြစ်သော်လည်း ယွဲ့ချင်းသည် ယွဲ့ရှဘေးနားတွင်ရပ်နေသော အနက်ရောက်ဝတ်စုံနှင့်သူ့ကိုယ်သူကိုမြင်သောအခါ ထိုပုံနှင့်ပတ်သတ်ပြီး ထူးဆန်းသလိုခံစားလာရသည်။
သူက ထိုပုံကိုသူ့အမေကိုပြလိုက်သည်။
လီမိန်ကျူမှာ ပုံကိုသဘောကျသည်။ “အယ်မလေး ဒီပုံလေးက လှလိုက်တာ သေချာရိုက်ထားတာပဲ ရှရှအရမ်းလှတာပဲ”
သူမကယောက်ျားဖြစ်သူကိုပြလိုက်ပြီး ယွဲ့တဲ့လျန်ကလည်း သဘောတူလာသည်။ “မင်းအမေပြောတာမှန်တယ်”
ယွဲ့ချင်း : “သားကကော”
“အာ?” လီမိန်ကျူက သူ့ကိုကြောင်တောင်တောင်နှင့်ကြည့်လာသည်။ “ဘယ်မှာပါလိမ့်”
ယွဲ့ချင်း : “….”
ယွဲ့ရှက သမ်းဝေလျက် အောက်သို့ဆင်းလာသည်။ ကျန်းရှုယောင်ကလည်း သူမနောက်မှလိုက်လာသည်။ ယွဲ့ရှက ရောက်လာပြီး ပုံကိုယူကြည့်လိုက်ပြီးနောက် ယွဲ့ချင်း၏စိတ်ရှုပ်ထွေးမှုကို တိကျစွာဖြေလာခဲ့သည်။ “သမီး ဒီပုံကို မင်းသမီးနဲ့သူရဲ့သစ္စာရှိကိုယ်ရံတော်လို့နာမည်ပေးမယ်”
ယခုတွင် ယွဲ့ရှ၏ ပေါက်ကရဟာသများဖြင့် ကျန်းရှုယောင်အပေါ်တွင်သက်ရောက်လာပြီဖြစ်သည်။ ကျန်းရှုယောင်မှာ ရီချင်စိတ်ကိုထိန်းမရဖြစ်နေသည်။
ယွဲ့ချင်း : “.?..”
‘ငါက ဒီကအိမ်သားကောဟုတ်သေးရဲ့လား’