← Chapters

အခန်း ၅၅

Vol. 4 Ch. 55

အခန်း ၅၅

Vol. 4 Ch. 55

အပိုင်း - ၅၅ မင်းသမီးနှင့်သူမ၏သစ္စာရှိကိုယ်ရံတော်(၂)

ယွဲ့ရှသည် ပုံမှန်အားဖြင့် ဆယ်နာရီမထိုးမချင်းမထပေ။ သူမ ယနေ့ စောစာထလာရခြင်းမှာ သူတို့၏ဒီဇိုင်းကို တရား၀င်တင်ပြရန် ဓာတ်ပုံရိုက်စရာရှိသောကြောင့်ပင်။

ထူးဆန်းစွာဖြင့် ထိုကိစ္စကိုစပြောသူမှာ သူမ ဖြစ်သော်လည်း သေသေချာချာ အာရုံစိုက်ပြီး အလုပ်လုပ် နေသူမှာမူ ရှုယောင် ဖြစ်နေခဲ့သည်။ ယွဲ့ရှမှာ ရှုယောင်ကို မည်သည်ကြောင့်ဖြစ်စေ လုံး၀မငြင်းနိုင်ပေ။

ယနေ့မနက် ယွဲ့ရှ နှိုးလာချိန်တွင် သူမသည်အိပ်ချင်လွန်းသောကြောင့် ဝိညာဉ်လွင့်တော့မည်ဟုပင် ခံစား နေရသည်။ သူမသည် ရှုယောင်၏မိတ်ကပ်ပြင်ပေးမှုကို မျက်လုံးပိတ်လျက်ခံနေသည်။ မိတ်ကပ်ပြင်နေစဉ်အတွင်းလည်း သူမ ခဏခဏ အိပ်ငိုက်သွားလေ့ရှိသည်။

ကျန်းရှုယောင် သူများကိုမိတ်ကပ်ပြင်ပေးသည်မှာ ယခုတစ်ခါသည် ပထမဆုံး အကြိမ်ဖြစ်သည်။ ထို့ကြောင့် သူမသည် စိတ်လှုပ်ရှားနေပြီး မေးခွန်းလည်းခဏခဏမေးသည်။"ယားလားဟင်"၊ " အဆင်မပြေရင်ပြောနော်" ၊ " ဒါနဲ့ အလက်ဂျစ်ရှိလား"

အစတွင် သူမပြန်ဖြေသံကြားရသော်လည်း ကြာလာသည်နှင့်အမျှ မကြားရတော့ပေ။ သူမ ငုံ့ကြည့်လိုက် သောအခါ ယွဲ့ရှမှာ အိပ်ပျော်နေခဲ့သည်။

ယွဲ့ရှ၏အိပ်နိုင်စွမ်းသည် ကလေးတစ်ယောက်လိုပင်။

ကျန်းရှုယောင်: "..." ' အိပ်နိုင်တော့လည်း ကောင်းတာပေါ့'

မနက်ခင်းနှုတ်ဆက်ကြပြီးနောက် လီမိန်ကျူက ကျန်းရှုယောင်ကိုပြုံးလျက် မေးလိုက်သည်။ " ကျန်းလေး အန်တီကောပါလို့ရလား"

ကျန်းရှုယောင်မှာ အနည်းငယ်အဆင်မပြေဖြစ်သွား သော်လည်း သူမက ချက်ချင်းပြန်ဖြေလိုက်သည်။ "ရတာပေါ့ အန်တီရဲ့"

ထို့နောက် ဓာတ်ပုံရိုက်ခြင်းမှာ စတင်ခဲ့လေသည်။ လူသုံးယောက်ဖြစ်လာသောကြောင့် ကျန်းရှု ယောင်မှာ အဖွဲ့လိုက်လုပ်ဆောင်မှုလို ခံစားနေရသည်။

ယွဲ့တဲ့လျန်ကမူ တည်ငြိမ်သော အမူအရာဖြင့် ရပ်နေသည်။ သူ၏စူးရှအေးစက်သော အကြည့်ကြောင့် တစ်ဖက်လူမှာ ရာဇ၀တ်သားကို အစစ်ဆေးခံရ နေရသလိုခံစားနေရ၏။ ကျန်းရှုယောင် သူ့ကိုလှည့်ကြည့်လာသည်ကိုမြင်သောအခါ သူကတောင့်တင်းစွာ ပြုံးပြလိုက်လေသည်။

ယွဲ့ရှကမူ အလယ်တွင်ရပ်ခဲ့နေသည်။ မည်သူ့ကို ဂရုမစိုက်ဘဲ သူမက ဟိုဘက်လှည့်ဒီဘက်လှည့်လုပ်လိုက်သည်။ အဆင်ပြေလား"

"အွမ်း" ကျန်းရှုယောင်မှာ အနည်းငယ်တွန့်ဆုတ်နေသည်။ သူမက မျက်မှောင်နည်းနည်းကြုတ်လိုက်ပြီး " ငါတို့မှာ သုံးချောင်းထောက်ရှိရင်ပို ကောင်းမယ်ထင်တယ်"

ယွဲ့ရှ : " ရှိတယ်မဟုတ်ဘူးလား"

ကျန်းရှုယောင်: " ဘယ်မှာလဲ"

အကုန်လုံးက အဖွဲ့လိုက်လုပ်ဆောင်မှုတွင် ပါ၀င်ခြင်းမရှိသော ယွဲ့ချင်းကိုကြည့်လာကြသည်။

ယွဲ့ချင်း : "...."

ငါးမိနစ်ကြာပြီးနောက်ဓာတ်ပုံရိုက်ရန် ယွဲ့ချင်းက ရှုပ်မဲ့မဲ့ဖြင့် ကြမ်းပြင် ပေါ်လှဲလိုက်ပြီး ကျန်သုံးယောက်ရမူ အနီးအနားတွင် ငုတ်တုတ်ထိုင်လျက်ကြည့် နေကြသည်။

သူ၏ဓာတ်ပုံရိုက်နိုင်စွမ်းသည် ယွဲ့ရှနှင့်သူ မသာကိုယ်အသုဘပင်ဖြစ်သည်။ သူရိုက်လိုက်သော ပုံများ၏ ရှုထောင့်များမှာ အဆင်ပြေမနေပေ။

သူ့ဘေးနားတွင် ကျန်းရှုယောင်ကညွှန်ကြားနေသည်။" ဘေးကိုနည်းနည်း ရွှေ့ဟုတ်တယ် အဲ့လိုမျိုး ၊ ဒါက ရွှေရောင်အချိူးပဲ"

ယွဲ့ချင်းသိသည်မှာ ရွှေဝါရောင်သမ်းနေသော ကြက်ကင်သာဖြစ်သည်။

သူ့တွင်မျှော်လင့်ချက်မရှိ‌ပေ။ ယွဲ့ချင်း ကင်မရာကို မည်သို့ပင်ချိန် စေကာမူ ကျန်းရှုယောင်မှာ စိတ် မကျေနပ်ပေ။ သူမသည် ဆက်တိုက်ခေါင်းမနေပြီး သူမမျက်နှာကလည်းစိတ်ရှုပ်ပုံ ပေါ်နေသည်။

သူ့မိဘများ၏ မီးတောက်နေသောအကြည့်များကို ခံစားရသောအခါ ယွဲ့ချင်းအပြစ်ရှိစိတ်၀င်လာသည်။ " နင်ငါနဲ့ နေရာလဲလိုက်ရင်ကော"

ကျန်းရှုယောင် ထိုစကားကို စောင့်နေခြင်းဖြစ်သည်။ သူမက ကင်မရာကိုယူပြီး ပြောလိုက်သည်။ " ဟုတ် ညီမ လုပ်လိုက်မယ်"

ယွဲ့ချင်းမှာ မတူမတန် ဆက်ဆံခံရခြင်းကိုခံစားရပြီး အရှုံးကိုလက်ခံလိုက်သည်။

သာယာသော တနင်္ဂနွေနေ့ဖြစ်သောကြောင့် ကောင်းမွန်သော အလင်းရောင်ရှိပြီး ဥယျာဉ်၏လှပသော ရှုခင်းနှင့်တွဲဖက်လိုက်သောအခါ ပိုမိုလှပလာသည်။ ယခုတွင် ထိုလူငါးယောက်သည် သူတို့၏နဂိုရည်ရွယ်ချက်မှ သွေဖယ်သွားပြီး အဖွဲ့လိုက်ဓာတ်ပုံရိုက်ရန်ကိုပါ လုပ်ဆောင်လာကြသည်။

ကျန်းရှုယောင်က လီမိန်ကျူနှင့်လက်ဝါးချင်းရိုက်လိုက်ပြီးနောက် သူမ ရုတ်တရက် အသိ၀င်လာခဲ့ပြီး ပတ်ပတ်လည်ကို ဇဝေဇဝါဖြင့်ကြည့်လိုက်သည်။

အယ် ဘာတွေဖြစ်နေတာလဲ

နောက်ဆုံး အရေးကြီးဆုံး အဆင့်မှလွဲအကုန်အဆင်သင့်ဖြစ်ပြီဖြစ်သည်။ ယွဲ့ရှ၏ကျန်းရှုယောင်အပေါ်ထားရှိသော ယုံကြည်မှုမှာ ရှင်းပြ၍ပင်မနိုင်ပေ။ ကျန်းရှုယောင်သည်လည်း ထိုဓာတ်ပုံများမှ ယူဆောင်လာမည့် မုန်တိုင်းကို စိတ်မကူးဖူးပေ။

သူမသည် editထား သောပုံများကိုယွဲ့ရှကိုပေးလိုက်ပြီး မူရင်းပုံများပါဝင်သောဘူးကိုပြန်ကြည့်ရန်သာ မှာကြားလိုက်သည်။ ရလဒ်အနေဖြင့် ဆယ်မိနစ်အကြာတွင် ပုံ၏ ညာဘက်ထောင့်နားတွင် အကြည်ရောင်တစ်ဝက်နှင့်သူမနာမည်တံဆိပ်ကိုတွေ့လိုက်ရသည်။

ပုံတိုင်းတွင် သူမ၏နာမည်ကိုတံဆိပ်ထွန်းထားသည်။

ယွဲ့ရှသည် အခွင့်အရေးရလျှင်ရသလို သူမ၏ပုံများကိုကြော်ငြာရန်ကြိုးစားနေသော်လည်း သူမသည်ထိုနေရာတွင်ပင်မရပ်သွားပေ။ ပုံများမှစာများသည် အလွန်ထင်းလင်းလှသည်။

ယွဲ့ရှရေးထားသောစာမှာ - “ဒီဂါဝန်လှတယ်မလား ရှုယောင်ငါ့အတွက်ချုပ်ပေးထားတာလေ”

ယင်းစာသားသည် ယွဲ့ရှ၏အကျင့်နှင့်တကယ်ကိုက်ညီသည်။

ယွဲ့ရှနှင့်ပတ်သတ်သောလိုင်းပေါ်မှကိစ္စသည်လည်းအဆုံးသတ်ခါနီးလေပြီ။ လိုင်းပေါ်တွင်သူမ၏နာမည်ကြီးမှုမှာထိုးကျနေသည်။ သူမ၏ပြောင်မြောင်သောအကွက်ကြောင့်သာ အပ်ခ်ပေါ်လူများလာရောက်ဝင်ကြည့်ရှုမှုကို တိုးလာပြီးတစ်ပတ်အတွင်းလူကြိုက်အများဆုံး ဖြစ်သွား၏။

သို့သော် အတင်းကိုစိတ်ဝင်စားသောနိုင်ငံသားများသည် ပုံကိုတွေ့သောအခါ ကျန်းရှုယောင်နာမည်ကို သတိမထားမိကြပေ။

ကျန်းရှုယောင်သည် အနုပညာနှင့်ပတ်သတ်ပြီး သူမ၏ကိုယ်ပိုင်အမြင်၊ အကြံဉာဏ်ရှိသည်။ ဓာတ်ပုံကိုလုပ်နေဆဲအချိန်ကသူမသည် အဓိကပုံ၏ အလင်းရောင်ကို အနီရောင်ဘက်သို့ပြောင်းလိုက်သည်။ ယွဲ့ရှသည် ပန်းပွင့်ပင်လယ်ကြားတွင် မောက်မာမှုအပြည့်ဖြင့်ရပ်နေသည်။ ပန်းများမှာလှပသော်လည်း သူမ၏တည်ရှိမှုသည် ပို၍ဆွဲဆောင်အားပြင်းသည်။

ယင်းမှာတကယ်အောင်မြင်မှုအစစ်ဖြစ်သည်။ နိုင်ငံသားများသူမ၏ပုံများနှင့်ပတ်သတ်ပြီးအကြောင်းများကိုရှာသောအခါ သူတို့အံ့ဩကုန်ကြသည်။

[ ဒါက UP ရဲ့အခြေခံဂါဝန်ကိုလုပ်ထားတာလို့သာ ငါကြိုမသိရင် ဒါကို တက်သစ်စ နာမည်ကြီးမင်းသမီးကိုကြော်ငြာတဲ့ပုံလို့ပဲငါထင်မိမှာ ]

[ ဒါကြီးက လှလွန်းတယ်ကွာ]

[ ငါဘာမှကိုဝေဖန်စရာကိုမရှိတာ၊ ဒီပုံတွေကလုံးဝဆရာအဆင့်ဟေ၊ သူပထမရမှာသေချာတယ်]

[ အရေးကြီးတဲ့အပိုင်းကိုနင်တို့သတိမထားမိကြဘူးလား ပုံတင်တဲ့သူရဲ့အကောင့်နာမည်ကိုကြည့်ဦး နွေဦးအလွန်တဲ့ အဲ့ဒါ... ]

[ ဒီဇိုင်း၊ ဓာတ်ပုံ၊ထုပ်လုပ်ရေး လုပ်ဆောင်သူ ကျန်းရှုယောင် ဒီနာမည်ကိုငါအရမ်းရင်းနှီးနေသလိုပဲ၊ နောက်နေတာလား]

အကုန်လုံးသည် သူတို့ကြားဖူးသော အတင်းကိုပြန်တွေးမိကြပြီးပို၍ပင် မယုံသင်္ကာဖြစ်လာကြသည်။

‘သူများရည်းစားကိုလည်းစနိုက်သေးတယ်၊ ယောက်ျားတွေအတွက်ဆိုဘာမဆိုလုပ်မယ့်သူ၊ သတို့သမီး’

‘ယင်း ဂါဝန်သည် ဝတ်ကျေတန်းကျေလုပ်ထားခြင်းမျိုးမဟုတ်ပေ။

ယင်းဂါဝန်တွင်စိုက်ထုပ်ထားသောအချိန်နှင့်အင်အားမှာ သိသာသည်။ ကျွင်းရှောင်ဟန်ပြောသည်မှာ အမှန်ဖြစ်ပါက ကျန်းရှုယောင်ခေါင်းမြည်းဆီမှ အကန်ခံရလျှင်တောင်မှ ယင်းကဲ့သို့လုပ်မည် မဟုတ်ပေ။

ဂါဝန်တင်ပြသည့်ပို့စ်သည် နာမည်ကြီးလာပြီး ကျွင်းရှောင်ဟန်တင်ပြသည့်ပို့စ်ကို ကျော်ဖို့ရန်အချိန်ပင်သိပ်မယူလိုက်ပေ။ စင်စစ်တွင် ဤပြိုင်ပွဲမှာ ဆက်လုပ်စရာပင်မလိုတော့ပေ။ ရလဒ်မှာ မြင်သာနေပြီဖြစ်သည်။ မဲကိုအသုံးပြုပြီးအဘယ်ကြောင့် အနိုင်ရရှိသူကို ဆုံးဖြတ်နေဉီးမည်နည်း။

ထောင်ရှီ ယွဲ့ရှ ပို့စ်ကိုပြန်တင်လိုက်သောအခါ ကျွင်းရှောင်ဟန်ဖန်များမှာ ခုန်ဆွခုန်ဆွဖြစ်ကုန်ကြသည်။

[မက်မွန်သီးပေါင်မုန့်]: လှလိုက်တာ ^^

များမကြာမီ နာမည်ကြီးအကောင့်ဆယ်ကောင့်လောက်က ယွဲ့ရှပို့စ်ကို ပြန်တင်လာကြပြီး တူညီသောတုန့်ပြန်မှုပေးလာကြသည်။

[ဉာဏ်ရှိတဲ့လူတွေက ပိုပြီးသိက္ခာရှိတယ် ] ဆိုသည့် အကောင့်နာမည်နှင့်သူက “အား.........................” အတန်းလိုက်ပြီး ရိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။

ကျွင်းရှောင်ဟန်နှင့်ထို နာမည်ကြီးအကောင့်များသည် အချင်းချင်း follow ထားကြသောကြောင့် သူတို့သည် အမြဲတစေ ပြောဆိုလေ့ရှိကြသည်။ သူတို့သည် သူမနှင့် အပြင်တွင်လည်းသိသောသူများဖြစ်ကြသည်။ သို့သော် ယခု လူများသာဝင်ကြည့်ပါက ထိုအကောင့်များသည် ကျွင်းရှောင်ဟန်ကို unfollow သွားကြောင်းကို သိနိုင်သည်။

မည်သည့်စကားများမပြောထားသော်လည်း ပြောထားသည့်ပုံပေါ်စေသည်။

နှစ်ဆယ်မိနစ်အကြာ၌ ကျွင်းရှောင်ဟန်သည်သူမ၏ဗီဒီယိုကိုတိတ်တဆိတ်ကို ဖျက်လိုက်သောကြောင့် လူတိုင်းထင်ထားသည်မှာ မှန်ကြောင်းအတည်ပြုသလိုဖြစ်သွားသည်။

မည်သူမျှအသုံးချခံရခြင်းကိုမကြိုက်ပေ။ ကျွင်းရှောင်ဟန်၏ ယွဲ့ရှကိုပြောခဲ့သောစကားများသည် အလိမ်အညာများသာဖြစ်ပြီး ထိုစကားများက သူမကို ပြန်ခြောက်လှန့်လာကြသည်။ သူမသည် သူမ လုပ်ခဲ့သောကိစ္စကိုသေချာပြန်မသိမ်းနိုင်ခဲ့ပေ။ အဆက်မပြတ်အဆဲခံရပြီးနောက် သူမသည် အကောင့်ကိုပိတ်ချလိုက်ပြီး သူမတင်ထားသော ပုံများ၊ဗီဒီယိုများကိုလည်းဝှက်လိုက်သည်။

All Chapters