အခန်း ၅၆
Vol. 4 Ch. 56
အပိုင်း - ၅၆ မင်းသမီးနှင့်သူမ၏သစ္စာရှိကိုယ်ရံတော်(၃)
UP မဂ္ဂဇင်း အယ်ဒီတာချုပ် မှ နာမည်အကြီးဆုံးပို့စ်များကို ပြန်လည်တင်သည်မှာ ပုံမှန်ပင်ဖြစ်သော်လည်း အံ့ဩဖို့ကောင်းသည်မှာ ပါဝင်နေကျမဟုတ်သောအကောင့်များပါ ပြန်လည်တင်လာခြင်းဖြစ်သည်။ အတွေ့အကြုံမရှိသော လူသစ်တစ်ယောက်မှပြုလုပ်သည့် ဒီဇိုင်းဖြစ်နေသည်မှာ ပို၍ပင်အံ့ဩဖို့ကောင်းစေသည်။ ထို့ပြင် နောက်ဆုံး ဆုံးဖြတ်ချက်မှာ UP ၏တရားဝင်မူရင်း အကောင့်မှလာမည်ဖြစ်သည်။
[ ကောင်းမွန်တဲ့အနာဂတ်နဲ့ အရမ်းတော်တဲ့ဒီဇိုင်းနာအသစ် [လက်မထောင်] ]
ထိုစကားလုံးအနည်းငယ်သည် အခြေအနေတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်သည်။
ထိုချိန်တွင် ရှီချင်းယင်မှာ လင်းဝမ်နှင့်စစ်အေးတိုက်ပွဲကျင်းပနေပြီး အလုပ်ရှုပ်နေခဲ့သည်။ ကျန်းရှုယောင်သည် သူမ ဘဝတစ်လျှောက်လုံးမရခဲ့ဖူးသော ချီးကျူးထောပနာပြုမှုများကြားတွင် နစ်မြုပ်နေသည်။ ထိုချီးကျုးမှုများကို သူမနှင့်ပင်မဆိုင်ဟု သူမတွေးမိသည်။
စင်စစ်တွင် ယင်းမှာ မမှန်ပေ။ အထက်တန်းပြီးပြီးနောက် သူမနိုင်ငံခြားတွင် ကျောင်းတက်နေစဉ်က သူမသည် နိုင်ငံခြားဘာသာစကားဖြင့် ချီးကျူးသံများကို မကြာခဏကြားရလေ့ရှိသည်။ သို့သော် ထိုအချိန်က သူမ၏ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုများသည် အကြိမ်ကြိမ်ရိုက်ချိုးခံနေရခြင်းဖြစ်သည်။ အခြားသူများ၏ချီးကျုးစကားများသည် ယဉ်ကျေးမှုကွာဟမှုကြောင့်ဟုသာ သူမထင်ခဲ့သည်။ သူမ၏လုပ်ဆောင်မှုများကို အံ့ဩစရာကောင်းသည်ဟု သူမ ဘယ်သောအခါမှ မခံစားရဖူးပေ။ ထို့နောက် ကိုယ့်နိုင်ငံသို့ပြန်ရောက်လာပြီး ချီးကျူးသံများမှာကျဲသွားခဲ့သည်။
ဆရာမဖြစ်လာပြီးနောက် သူမ၏ဘဝသည် အလုပ်လုပ်ခြင်းဖြင့်သာလည်ပတ်နေခဲ့သည်။ သူမသည် ရှီချင်းယင်ကြောင့်စိတ်ရောကိုယ်ပါပင်ပန်းခဲ့ရသည်။ သူမ အတွက် ခဲတံတစ်ချောင်းကိုကိုင်ပြီး တစ်စုံတစ်ခုကို မတီထွင်ခဲ့သည်မှာ မည်မျှပင် ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း သူမကိုယ်တိုင်ပင်မသိပေ။
သူမ မထင်ထားခဲ့ပေ။ တကယ် မထင်ထားခဲ့ပေ။
သူမ ဆရာမ ရုံးခန်းထဲတွင် သင်ခန်းစာအတွက်ပြင်ဆင်နေခဲ့စဉ်က ဆန့်ကျင်ဘက်ခုံတွင်ထိုင်သော အသက်ငယ်ငယ်ဆရာမလေးက သူမကို ခဏခဏချောင်းကြည့်ပြီးနောက် နောက်ဆုံးတွင်မေးလာခဲ့သည်။ “အဲ့ဒါအမနဲ့နာမည်တူတဲ့သူမဟုတ်ဘူးမလား၊ အမက အရမ်းတော်တာပဲ”
ကျန်းရှုယောင် သည် ဘာပြန်ပြောရမည်ကိုမသိသောကြောင့် ပြုံးသာပြုံးပြလိုက်သည်။
ထိုအသက်ငယ်ငယ်ဆရာမလေးကအလုပ်စလုပ်သည်မှာ ရက်အနည်းငယ်သာရှိသေးသည်။ ထို့ကြောင့် သူမသည် ရှီချင်းယင်နှင့်သူမနှင့်ကြားက ဆက်ဆံရေးကို မသိသေးပေ။
သူတို့၏စကားဝိုင်းအဆုံးမသတ်သေးခင် တစ်ခြားလူက ရုတ်တရက်ပြောလာသည်။ “တကယ်တော့လေ ငါနင့်ကို အမြဲတမ်းမေးချင်နေတာတစ်ခုရှိတယ်၊ မေးရာမှာက အားလည်းနာတယ် မေးခွန်းက တအားရိုင်းရာများကျနေမလားမသိ”
ကျန်းရှုယောင်က မျက်တောင်ခတ်လိုက်သည်။ “ဟမ်”
“အဲ့လိုလက်ရာကြီးနဲ့ အမဘာလို့ဒီမှာ ဆရာမလာလုပ်နေတာလဲဟင်” အသက်ငယ်ငယ်ဆရာမလေးက မေးခွန်းအပြည့်အမူအရာဖြင့်မေးလာသည်။ “ညီမပြောချင်တာက ဆရာမလုပ်တာမကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ ညီမလည်း ဒီအလုပ်ကိုကြိုက်ပါတယ် ဒါပေမယ့် ညီမထင်တာက”
သူမသည် အတော်အတန်ကြာသည်အထိစဉ်းစားနေပြီးနောက် မည်သို့ပြောပြရမည်ကိုမသိတော့ပေ။ အတော်အတန်ကြာပြီးနောက် သူမ၏ သူပြောချင်သောစကားနှင့်မညီသောစကားကိုပြောလာသည်။ “အဲ့လိုမဖြစ်သင့်ဘူးလို့ ညီမကထင်တာ”
‘အဲ့လိုမဖြစ်သင့်ဘူးဆို ဘယ်လိုဖြစ်သင့်တာလဲ’
***
ထိုအချိန်အတွင်း သူမသည် တိမ်ပေါ်သို့ပင့်ခံထားရသလိုခံစားနေရသည်။ အချိန်သည်တိုလည်းတိုသလို ရှည်လည်းရှည်သည်။ UP တရားဝင်ဌာနချုပ်မှာ ဖိတ်ကြားစာရပြီး၊ ပွဲတက်ရန်ကားပေါ်သို့ရောက်သည့်အထိတိုင်အောင် သူမ ကြောင်တောင်တောင်ဖြစ်နေဆဲပင်။
သူမတို့ကို ကားမောင်းလိုက်ပို့ရန်ဆွဲခေါ်ခံလာရသော ယွဲ့ချင်းနှင့် ယွဲ့ရှစကားများနေစဉ်သူမသည် ပြတင်းပေါက်ကိုမှီလိုက်သည်။ သူမလက်ထဲမှ ဖိတ်ကြားစာကိုကိုင်လျက် သူမသည် ဖြတ်သန်းသွားသော မြင်ကွင်းတိုင်းကို ပြတင်းပေါက်မှတစ်ဆင့်ကြည့်နေမိသည်။
UP ဌာနချုပ်သည် မြို့အလယ်ခေါင်တွင်တည်ရှိသည်။ ထိုနေရာသည် လူအစည်ဆုံးနေရာဖြစ်ပြီး အမျိုးမျိုးသောလုပ်ငန်းတို့၏စုဝေးရာလည်းဖြစ်သည်။
ယွဲ့ချင်းက ကားကိုအရှိန်လျှော့ပြီးနောက်ရပ်လိုက်ပြီးနောက် ပြောလိုက်သည်။ “ငါတို့ရောက်ပြီ”
ကျန်းရှုယောင် ကားပေါ်မှဆင်းလိုက်ပြီး သူမ ရှေ့ရှိခမ်းနားထည်ဝါသော ဖန်မျှော်စင်ကြီးကို မော့ကြည့်လိုက်သည်။ အဆောက်အဉီးသည် နေရောင်ခြည်ဟက်ခံထားရသော်လည်း အေးစက်ဟန်ပေါ်ပြီး လူအများကို အဝေးမှာ လှမ်းကြည့်စေချင်ပုံပေါ်သည်။
သူမသည် ယင်းကဲ့သို့ အဆောက်အဉီးနားတွင် မရှိသင့်သောတည်ရှိမှုတစ်ခုဟု သူမ ကိုယ့်ကိုယ်ကိုယ် ခံစားလိုက်ရသည်။
သူမ ရုတ်တရက်ပြန်လှည့်ချင်လာ၏။
‘ငါတကယ်ကော အဲ့ချီးမွမ်းတာတွေနဲ့ထိုက်တန်လို့လား၊ တိုက်ဆိုင်တာပဲနေမှာပါ၊ ငါကဒီတိုင်းကံကောင်းသွားရုံပဲ၊ လူတွေက ငါ့ကိုအထင်မှားပြီးအထင်ကြီးနေကြတာ၊ နောက်ကျ ငါအဖော်ခံရတော့မှာ၊ လူတွေကလည်း ငါ့ကိုစိတ်ပျက်သွားကြမှာ ငါက အဲ့လောက်မတော်ဘူး ငါဒီတိုင်းလက်လျှော့ပြီး မဝင်တော့တာပိုကောင်းမယ်ထင်တယ်’
ကျန်းရှုယောင် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။ သူမက “ရပါတယ် ဒီတိုင်းပဲပြန်ရအောင်” ဟု ပြောတော့မည့်အချိန် သူမ၏နောက်ကျောသည် ညင်သာစွာအထိခံလိုက်ရသည်။
ထိုနွေးထွေးသော အထိအတွေ့လေးသည် အကျိုးအရှိဆုံးအားပေးမှုတစ်ခုဟုပင် သူမကိုခံစားသွားရစေသည်။
သူမနောက်မှ ယွဲ့ရှ၏တက်ကြွသောအသံကထွက်လာသည်။ “ရှုယောင် ခေါင်းကိုမော့တာ၊ ရင်ကိုပင့်ထား ပြီးရင်ရှေ့ကိုတည့်တည့်ကြည့်”
သူမက ခဏတာခန့်တွန့်ဆုတ်နေပြီးနောက် ယွဲ့ရှပြောသည့်အတိုင်လုပ်လိုက်သည်။ သူမသည် မတ်မတ်ရပ်ပြီး အနောက်ကိုကြည့်လိုက်သည်။
ယွဲ့ရှသည် ကားမှန်ကိုပျင်းရိစွာမှီနေပြီး တွန့်ဆုတ်ခြင်းမရှိသူမကို လက်မထောင်ပြလိုက်သည်။ “နင်က အတော်ဆုံးပဲ”
ကျန်းရှုယောင်၏နှလုံးသားမှာ တုန်ရီနေပြီး လူမှာတောင့်တင်းနေလေသည်။
သူမသည် မျက်လုံးထောင့်မှ ကားရှေ့ခုံကိုကြည့်လိုက်သည်။ ယွဲ့ချင်းသည် သူမ ဆိုလိုသည်ကို အထင်လွဲသွားသည့်ပုံပင်။ ခဏတာခန့်တိတ်ဆိတ်နေပြီးနောက် သူက တောင့်တင်းစွာ လက်မထောင်ပြလာသည်။ “ဟုတ်တယ်”
ကျန်းရှုယောင် : "..."
အပိုပြောရာကျသော်လည်း ထိုအချိန်တွင် သူမသည် ရှေ့သို့ဆက်လျှောက်ဖို့ရန် ရဲဝံ့သွားခဲ့သည်။