← Chapters

အခန်း ၅၇

Vol. 4 Ch. 57

အခန်း ၅၇

Vol. 4 Ch. 57

အပိုင်း(၅၇)

သုံးနာရီကြာပြီးနောက် ကျန်းရှုယောင် အဓိကတံခါး၀မှ ထွက်လာခဲ့သည်။ အခုန်မြန်နေခဲ့သော သူမ၏နှလုံးသားသည်လည်း အဆုံးတွင်တည်ငြိမ်လာသည်။

'ဒီနေရာက ငါထင်ထားသလိုမဟုတ်ဘူးဘဲ'

သူမသည် သူစိမ်းများနှင့်သွားတွေ့ရမည်ဖြစ်သောကြောင့် သူမစိတ်ထဲတွင် အသင့်တော်ဆုံးနှင့် ထည်ထည်ဝါဝါအဖြစ်ဆုံး အ၀တ်အစားကို ရွေးချယ်ပြီး၀တ်ဆင်ခဲ့သည်။ သို့သော် သူမ ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် မြင်လိုက်ရသော လူတိုင်း၏ဖန်တီးနိုင်စွမ်းအပြည့်နှင့်အ၀တ်အစားများ‌ ကြောင့် သူမ အနည်းငယ်ထူးဆန်းသလိုဖြစ်သွားသည်။

သို့သော် မည်သူမှ သူမကိုမသိကြ ပေ။

လူတိုင်းတွင် သူတို့ဤပွဲသို့လာ ရောက်ရသည့် အကြောင်းပြချက်ကိုယ်စီရှိကြသောကြောင့် သူတို့သည် တွန့်ဆုတ်ခြင်းမရှိလုပ်စရာရှိသည်များကို လုပ်ကြသည်။

ထို့နောက် သူမသည် သူမထံဖိတ်စာပို့လိုက်သော ဒီဇိုင်းနာနှင့်ဆုံတွေ့ခဲ့သည်။

အဓိကဌာန၏လက်ထောက်ဒီဇိုင်းနာ အဆင့်ထိ ရောက်နေသူမှာ အသက်သုံးဆယ်စွန်းစွန်းသာရှိ သေး သော ငယ်ရွယ်နုပျိုဆဲ မိန်းမတစ်ယောက်ဖြစ်နေသောကြောင့် သူမ အံ့ဩခဲ့ရသေးသည်။ ကျန်းရှုယောင် ပထမဆုံးသတိထားမိသည်မှာ လက်ထောက်ဒီဇိုင်းနာ၏နားတွင် ဆင်ယင်ထားသော တောက်ပပြီး ချွန်ထက်သည့် နားကပ်အချွန်လေးများကိုပင်။

သူမသည် ဤကဲ့သို့ အဆောက်အဦးထဲမှ ရုံးခန်းကို ပထမဆုံး အကြိမ်ရောက်ဖူးခြင်းဖြစ်သည်။ တောက်ပ နေသော နေရောင်ခြည်အခန်းထဲသို့ မှန်ချပ်များမှတစ်ဆင့် ဖောက်၀င်နေပြီး အရိပ်များကို ဖြစ်ပေါ် စေသည်။ သူမသည် ခုံပေါ်တွင် ထိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ လက်သီးကိုဆုပ်မိ၏။

"အေးဆေးနေပါ ညီမကိုအမပဲဖိတ်ထားတာပဲလေ" လက်ထောက်ဒီဇိုင်းနာက ပြုံးပြလိုက်သည်။

စကားဝိုင်းသည်ချောချောမွေ့မွေ့ပင်။ တစ်ဖက်သူသည် ရာထူးရာခံကိုကြွားဝါခြင်းမရှိ တန်းတူသဘောထားကာ တည်ငြိမ်သော အသံဖြင့်ပြောနေလေသည်။ စကားဝိုင်ဆုံးခါနီးတွင် ကျန်းရှု ယောင်က သူမ၏ အလုပ်လျှောက်လွှာနှင့်ဘွဲ့ကို ပြသလာသည့်အခါမှသာ သူမ၏အသံမှာ လေးနက်လာပြီး မယုံကြည်နိုင်ဖြစ်နေလေသည်။ " နင်က အလယ်တန်း ကျောင်းဆရာမ လုပ်ဖို့ တရုတ်ကိုပြန်လာပြီး ပြီးတော့ စေ့စပ်လိုက်တာပေါ့"

"စေ့စပ်တာက..." ကျန်းရှုယောင်က တိုးတိုး လေး ပြောလာသည်။ " အခု ခဏ ဆိုင်းငံ့ထားပါတယ်"

လူတစ်ယောက်သည် သူ၏အတွေးအားလုံးကို တစ်စုံတစ်ယောက် အပေါ်တွင်သာ ထားထားပါက ထိုလူ၏ အတွေးများသည် အရေးမပါ ရှုပ်ထွေးသော အတွေးများဖြင့်သာ ပြည့်နှက်နေလိမ့်မည်။ ခဲတံတစ်ချောင်းကိုင်ဖို့ဆိုသည်မှာ ဝေလာဝေးပင်။

"ကျွန်မ တည့်ပြောရာတော့ကျမယ်ရှင့်"

တစ်ဖက်လူသည် သူမ၏ ယခင်လက်ရာများကို အကြိမ်ကြိမ် သေသေချာချာ ကြည့်ပြီးနောက် သေချာမှုအပြည့်ဖြင့် နောင်တရစွာ ပြောလာသည်။

"ကျန်းမိန်းကလေး နင်က နင်ရဲ့အရည်အချင်းကိုဖြုန်းတီးနေတာပဲ"

ယခုအချိန်ထိ ကျန်းရှုယောင် စိတ်ထဲတွင် ထိုစကားသည် ပဲ့တင်ထပ်နေဆဲပင်။ သူမသည် အထဲတွင် လက်ထောင်ဒါရိုက်တာ ပေးလိုက်သည့် စာအရွက်အလွတ်အလုပ်လျှောက်လွှာ ပါ၀င်သည့် သူမ၏အိတ်ကို ကြက်သေသေဖြင့် ကိုင်လိုက်မိသည်။ သူမသည် လမ်းပေါ်တွင် ရပ်နေပြီး ရောက်တက်ရာရာသာ လျှောက်နေချင်မိသည်။

"ရှုယောင်!"

ရင်းနှီးနေသော အသံကို သိပ်မဝေးသော နေရာမှ ကြားလိုက်ရသည်။ ကျန်းရှုယောင်မှာ လန့်သွားပြီး လှည့်ကြည့်လိုက်ချိန် သူမထံ လက်ထဲမှာ ရေခဲမုန့်ကိုင်လျက် ပြေးလာသော ယွဲ့ရှကို တွေ့လိုက်ရသည်။ သူမက ပင့်သက်ရှိုက်ပြီး မျက်လုံးများ တောက်ပလျက် မေးလာသည်။ " အခြေအနေ ဘယ်လိုလဲ"

"ယွဲ့ရှ" ကျန်းရှုယောင် တုန်လှုပ်သွားပြီး သူမထံ အမြန် ပြေးသွားပြီး နောက် " နင်ဘယ်လိုလုပ်ဒီကို ရောက်နေတာလဲ နင်အထဲကို၀င်သွားတာမဟုတ်ဘူလား"

"ငါစကားအကြာကြီးမပြောဘူးလေ" ယွဲ့ရှက စားနေလက်စ ရေခဲမုန့်ကို ကုန်အောင်စားလိုက်ပြီး အရေးကြီး ကိစ္စတစ်ခုလို ပြောလာသည်။ " ငါက နင့်ကို ပြန်လာခေါ်ချင်လို့"

【ဘာ‌တွေဟန် ဆောင် နေတာလဲ】

System က ရုတ်တရက် ပြောလာသည်။ [ ဒီထပ်ကြာကြာသာထပ်စောင့်ရင် နင့်ဖင်ပုတ်ပြီ]

ယွဲ့ရှ : "..."

System သည် ကြာလေကြာလေ ပုန်ကန်တတ်လာသောကြောင့် ဆုံးမပေးဖို့ရန် လိုအပ်နေလေပြီ။

သူမက ဖုန်းကိုထုပ်လိုက်ပြီး မျက်နှာအမူအရာကို နည်းနည်းပင် မပြောင်းဘဲ " ဒုတိယနှစ်ကျောင်းသား ဟောင်းတွေ စုမယ်" ဟုစာရိုက်လိုက်ပြီး နောက် နူးညံ့စွာ ပြောလိုက်သည်။ "ဒါက ဘာလဲဆိုတာ တစ်ချက်ကြည့်ပါဦး"

System က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နှာမှုတ်လိုက်သည်။ [ငါက လွယ်လွယ်လေး လှည့်စားခံမယ်ထင် နေလား၊ အဲ့ဒါက ဒီတိုင်း ပုံစံကြီး အားးး.....]

System သည် ၁၂ နာရီခံ အသံတိတ်ခံလိုက်ရပြီး နောက် လေထုမှ ပိုမိုအေးချမ်းသွားသည်။ ယွဲ့ရှ ရောက်လာမှု ကြောင့် ကျန်းရှုယောင်၏ နဂိုစိတ်ညစ် နေမှုများသည်လည်း ပျောက်ကွယ်သွားသည်။ သူမက ပြုံးလျက် ပြောလိုက်သည်။ " ငါ့ကိုလာခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယွဲ့ရှက သူမကို ရေခဲမုန့် ပေးလိုက်ပြီး ချက်ချင်းပြန်ရမည့် အကြောင်းကိုမပြောဘဲ ထိုနေရာတွင် လမ်း လျှောက်နေလိုက်သည်။

လူအစည်ဆုံးနေရာဖြစ်သည့်အလျောက် ဖွင့်ရက်တွင်ပင် လူများဖြင့် စည်ကားလျက် ရှိသည်။ လူအများကြားတွင် ကျန်းရှုယောင်သည် ယွဲ့ရှ နောက်မှလိုက်လာသည်။ ထို့နောက် နေရာ အနှံ့မှလာသော ရယ်သံများကိုနားထောင်ရင်းသူမ မျက်ခုံးသည် ဖြေလျော့လာချိန် သူမအိတ်ထဲမှ ဖုန်းသည် တုန်ခါလာခဲ့သည်။

သူမသည် ဖုန်းကိုကိုင်လိုက်ပြီး စခရင်ကိုကြည့်လိုက်သည်။ စခရင် ပေါ်တွင် မရင်းနှီး သော နံပါတ်ရှိ နေသော်လည်း တစ်ဖက်လူမှာ မည်သူဆိုသည်ကို သူမသိသည်။

ယင်းသည် ယခုချိန်အတွင်းကို ချင်းယင်၏ ၃၆ ကြိမ်မြောက် ခေါ်ဆိုခြင်း ဖြစ်သည်။

ယခင်က သူသည် သူခေါ်ချင်သည့်အချိန်မှသာ ခေါ်သည်။ သူမက ဖုန်းမကိုင် စာမပြန်လျှင် တောင်မှ သူမ ရှိသည့်နေရာကို နာရီ၀က်အတွင်း သိပြီး လာရှာလေ့ရှိသည်။ သူ ရောက်လာသောအခါ သူက သူမကို အေးစက်သော စကားများဖြင့်ထိုးနှပ်လိမ့်မည်။

ယခုတစ်ကြိမ်တွင် သူလှုပ်ရှားပုံများမှာ တည်ငြိမ်‌နေပြီး သူသည် မည်သူ့ကိုမှသူမထံ မပို့လာခဲ့ပေ။ အလွန်ထူးဆန်းလှသည်။ အချိန်တရွေ့ရွေ့ကုန်လာသည်နှင့်အမျှ ကျန်းရှုယောင်မှာပို၍ တထင့်ထင့် ဖြစ်လာသော်လည်း ကြက်ကန်းဆန်အိုးတိုး၍ ကံကောင်းနေသည်ဟူသည့် အတွေးကိုသာ ဆုပ်ကိုင်ထားသည်။

ထိုအချိန်လေးသည် တစ်ခဏအတွင်း ပျောက်ဆုံးသွားမည်ကိုသူမ သိသော်လည်း သူမ ထို့ထက်နည်းနည်း ပို၍ ထိုအချိန်လေးကို ဆုပ်ကိုင်ထားချင်မိသည်။ဘေးနားမှ ယွဲ့ရှ ရုတ်တရက်ပေါ်လာချိန် သူမသည် အိတ်ကပ်ကို မွှေနေသည်။ "ရှုယောင် သူ နင့်ကိုတစ်ခုခု ပြောလိုက်လို့လား"

သူမ ထိုပွဲသို့သွားခြင်းမှာ ကျန်းရှုယောင် နှင့် လက်ထောက် ဒီဇိုင်းနာကို ဆုံပေးရန်ဖြစ်သော်လည်း လက်ထောက်ဒီဇိုင်းနာထံမှ ကိုယ်တိုင်ကိုယ်ကျ ဖိတ်စာလာပေးခြင်းမှာ လုံး၀ မထင်မှတ်ထားသည့်ကိစ္စ ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူမှာ ရှုယောင် ဘာပြောမည်ကိုလည်းသူမ မသိပေ။

" မိုနာကျောင်းရဲ့ လုပ်ရိုးလုပ်စဉ်တွေကိုပဲ ပြောကြရုံပါ"

ကျန်းရှုယောင် ထိုစကား ပြောပြီးသည်နှင့်တစ်ပြိုင်နက် ယွဲ့ရှထံမှ စိတ်ရှုပ်နေသော အကြည့်ကိုရလိုက်သည်။ သူမမှာ မတတ်နိုင်သည့်အဆုံး အကြောင်းစုံ ပြောပြလိုက်ရသည်။ "သူငါ့ကို ပြောတာက အလုပ်ပြောင်းချင်လားတဲ့"

ယွဲ့ရှမှာ လန့်သွားပြီး စိတ်ထဲမှ ကျိတ်ဆဲမိသည်။ 'ဟ ချီးပဲ'

' အော် ငါမေ့သွားတယ် ခု system က ပိတ်ခံထားရတာလေ '

ထိုမျှ အဆင့်ထိ ရောက်သွားလိမ့်မည်ဟု သူမ လုံး၀မထင်ထားမိခြင်းဖြစ်သည်။

All Chapters