← Chapters

အခန်း ၅၉

Vol. 4 Ch. 59

အခန်း ၅၉

Vol. 4 Ch. 59

အပိုင်း(၅၉)

ကျန်းရှုယောင်မှာ ရှီယွမ်ကျန်း‌‌‌‌‌‌‌‌‌အပေါ် မည်သည့် အမြင်မှမရှိသည်ကို ထည့်သွင်းစဉ်းစားလျက် ယွဲ့ရှသည် သူမကို ရှေ့ခုံတွင်ထိုင်ခိုင်းပြီး သူမကိုယ်တိုင်ကမူ နောက်ခုံတွင် နေရာယူလိုက်သည်။

ကားသည်စတင် ရွေ့လျားလေပြီ။ အစတစ်ချက် ရှင်းပြ၍မရသော ခုန်သည်မှအပ တစ်လမ်းလုံး ချောချောမွေ့မွေ့ပင်။

ယွဲ့ရှမှာ ရှီယွမ်ကျန်းဘေးတွင် ထိုင်နေပုံမှာ သူတို့နှစ်ယောက်အကြား မြစ်တစ်စင်းခြားနေသည့် အတိုင်းပင် ဖြစ်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ရှီယွမ်ကျန်းသည် စာရင်းတစ်ခု ကြည့်နေပုံ ပေါ်သည်။ သူမ အကြည့်ကိုခံစားမိသောကြောင့် သူ၏မျက်တောင်ခတ်နှုန်းသည် မြန်လာသော်လည်းလှည့်တော့ကြည့်မလာခဲ့ပေ။

ယွဲ့ရှ:"..."

'ငါတစ်ချက်ထိလိုက်ရင် ငြိမ်ကျသွားတဲ့ ထိကရုန်းပန်းကျနေတာပဲ'

ဒါရိုက်ဘာမှာ သခင်ဖြစ်သူ၏ဆိတ်ဆိတ်နေတတ်သော အကျင့်နှင့်နေသားကျ နေသည့်အလား တစ်လမ်းလုံး ပါးစပ်ပိတ်နေခဲ့သည်။ ကားမှန်များကို အသံလုံမှန်ဖြင့်ပြုလုပ်ထားသောကြောင့် ကားတစ်ခုလုံးမှာ ပို၍ပင်တိတ်ဆိတ်သွားသည်။ ကား၏အပြင်အဆင်မှာ အနက်နှင့်အဖြူဖြစ်ပြီး လူတိုင်းသည်း မျက်နှာအမူအရာမဲ့စွာ မတ်မတ်ထိုင်နေကြသောကြောင့် အသုညယာဉ် အလားပင်။

'ကျစ် ငါ့ကိုယ်ငါ ကပ္ပလီကြီး လေးယောက် အသယ်ခံနေရတဲ့ အခေါင်းထဲရောက်နေသလားလို့ တောင်ခံစားလာရပြီ'

ကျန်းရှုယောင်သည် ရှီအိမ်တော်တွင် အတော်အတန်ကြာသည်အထိ နေခဲ့သော်လည်း ရှီချင်းယင်၏ သ၀န်တိုစိတ်ကြောင့် သူမနှင့် ရှီယွမ်ကျန်းစကားပြောသည်မှာ ခပ်ရှားရှားပင်။ ယခုတွင် သူတို့ကြားတွင် မည်သည့်ဆက်နွယ်မှုမျှ မရှိတော့သောကြောင့် သူမသည် စကားတစ်ခွန်းပင် မပြောရဲပေ။

သို့သော် ယွဲ့ရှကမူ ဤကဲ့သို့ လေထုမျိုးက သူမ ‌‌‌‌‌‌‌‌‌‌အပေါ် သက်ရောက်မှုမရှိပေ။ ဆယ်မိနစ်နှင့်အထက်စကားမပြောရလျှင် နေသာထိုင်သာမရှိသောကြောင့် သူမသည် ဟိုလှည့်ဒီလှည့်ပြီးမေးလာသည်။ "ငါ စကားပြောလို့ရလား"

လက်ရှိ အခြေအနေအရ ကြိုမေးသည်မှာ ပိုကောင်းသည်ဟု သူမ တွေးမိသည်။

ကားသည် မသိမသာတုန်ခါ သွားပြန်သည်။

ရှီယွမ်ကျန်းမှာ တန့်သွားသော်လည်း သူမ မျက်လုံးကို ကြည့်လျက် စကားပြန်ပြောလာပြီး ခေါင်းညိတ်လိုက်သည်။ " အင်း ရတယ်"

ခွင့်ပြုချက်ရပြီးနောက် ယွဲ့ရှက ချက်ချင်း ရှေ့တိုးလာပြီး မေးလာသည်။ " ရှုယောင် ငါဘေယွင်ရှန်ကိတ် စားချင်သလိုလိုဖြစ်လာ...."

ကျန်းရှုယောင်သည်လည်း ခေါင်းကိုအနည်းငယ်လှည့်လိုက်ပြီးပြောလာသည်။ "ငါခဏနေကျရင် သွား၀ယ်ပေးမယ်"

"ငါ‌လေ မနေ့က အိပ်မပျော်ဘူး။ ဘေးအိမ်က ခွေးက ခြံကျော်လာပြီး ငါတို့ဘဲကိုလာကိုက်တာလေ နေရာတိုင်း အမွှေးတွေကြီးပဲ ငါငိုချင်လိုက်တာဆိုတာလေ"

"အာ နင်တို့ဘဲ ရှူံး သွားတာလား"

" အဲ့လိုမဟုတ်ဘူး ဘေးအိမ်က ခွေးလည်း အမွှေးတွေပြောင်အောင် အဆိတ်ခံထားရတယ်"

"......"

ရှီယွမ်ကျန်း မျက်လုံးများသည် အစက သူ့ရှေ့အနက်ရောင်စာလုံးများ အပေါ်ကိုသာ အာရုံစိုက်ထားသည်။ ယခင်က သူသည် ဘေးပတ်၀န်းကျင်မှ မည်သည့်အသံကိုမဆို လျစ်လျူရှုထားနိုင်သည်။ သို့သော် ယခုတွင် ပျားရည်ထံမှအဆွဲဆောင်ခံရနေသော ပုရွတ်ဆိတ်ကဲ့သို့ သူဘေးနားတွင် တတွတ်တွတ်ပြောနေသောလူထံ အာရုံခဏခဏ ရောက်နေသည်။

ယခင်က ယွဲ့ရှကိုမြင်ခဲ့သည့်အချိန်တိုင်းသည် ကို့ရိုးကားယား အခြေအနေများသာဖြစ်ခဲ့သည်။ တစ်ဖက်လူမှာ မကောင်းသည့်အရာလုပ်လျှင်လုပ်မလုပ်လျှင် ရိုင်းစိုင်းနေလေ့ရှိသည်။ ယခုကဲ့သို့ အခြေအနေမျိုး၌ တက်ကြွနေသည်မှာ သူ့အတွက်မူ အလွန်ရှားပါးလှသည်။ သူ၏လခြမ်းကဲ့သို့ ကွေး နေသော အော်လမွန်အစေ့ပုံစံ မျက်လုံးကိုကြည့်ခြင်းဖြင့်ပင် သူစိတ်ကောင်း၀င်နေမှန်းသိနိုင်သည်။

သူမသည် သူမသဘောကျသည့်သူနှင့်စကား ပြောရသည့်အခါတိုင်း တွယ်ကပ်ပြီးပြောလေ့ရှိသည်။ ထိုလူများမှာ သူမ၏သူငယ်ချင်းလည်းဖြစ်နိုင်သလို မိသားစုလည်း ဖြစ်နိုင်သည်။ ယခုတွင် သူမနှင့်ကျန်းရှုယောင် ကြားခုံကြားနေပြီး ရှေ့တိုးပြီး ပြောနေရသည်မှာ သက်တောင့်သက်သာ မဖြစ် သော်ငြား သူမသည် ရအောင်တိုးပြီး ကျန်းရှုယောင်ကိုလက်ဖြင့်ထိပြီး ပြောနေသည်။ တစ်ဖက်မှ ကျန်းရှု ယောင်ကမူ နူးညံ့သော အပြုံးကိုဆင်လျက် မတ်မတ်ထိုင်နေသည်။ တစ်ခါတစ်ရံ ပါးစပ်ကိုအုပ်ပြီး ရယ်လေ့ရှိသည်။

"နင်က အလုပ်လျှောက်လွှာရလာတာကို၊ နင်က ဘာလို့ ငါနင့်ကိုရိုက်ကန်မယ်လို့ ထင်ရတာလဲ"

" တစ်လအချိန်ရသေးတယ်ဆိုတော့ အဲ့ချိန်လောက်ဆို ငါကျိန်းသေပေါက်"

သူတို့ပြောနေသည့်စကား အားလုံးကိုကြားနေရသည်ဟု ရှီယွမ်ကျန်းသိလိုက်ချိန်တွင် သူသည် သူမည်သည်ကိုမှအာရုံမစိုက်နိုင်တော့ကြောင်းကိုလည်း သိလိုက်သည်။

နေရောင်အောက်တွင် ယွဲ့ရှ၏ဆံပင်မှာ အညိုရောင်သမ်းနေပြီ သူမ၏တက်ကြွသောအပြုအမူကြောင့် ခပ်မြင့်မြင့်စီးထားသော ဆံပင်မှာ ခါနေသည်။ သူမသည် ခေါင်းလျှော်ရည်ကိုမပြောင်းထားပုံပင်။ ခေါင်း လျှော်ရည် ရနံ့သည် ရှီအိမ်တော်တွင် တွေ့ခဲ့စဉ်ကရနံ့နှင့်တူတူပင် ဖြစ်သည်။ ရှီယွမ်းကျန်းသည် စာဖိုင်များကိုလည်းချလိုက်ပြီး ကားပြတင်းပေါက်ကိုသာ အေးစက်စွာ ကြည့်နေလိုက၏။ သို့သော် ယွဲ့ရှနှင့် ကျန်းရှုယောင်၏အချင်းချင်းစနောက်သံကိုကြားရသောအခါ သူနှုတ်ခမ်းသည် ကွေးတက်သွားသည်။

"ကျွီးးးးးးး"

ကား နောက်ဘက်မှ ဝီစီမှုတ်သံက ကျယ်လောင်စွာထွက်လာသည်။

ရှီယွမ်ကျန်း"..?.."

"သခင်လေး" အရှေ့ဘက်မှကားဒါရိုက်ဘာက တုန်ရီစွာ ပြောလာသည်။ " မစ်ယွဲ့နဲ့မစ်ကျန်းတို့ဆင်းသွားတာ သုံးမိနစ်ကြာပြီဆိုတော့ ကျွန်တော်တို့..."

ရှီယွမ်ကျန်း : " သွားကြတာပေါ့"

နောက်လ၀က်တွင် ကျန်းရှုယောင်သည် သူမ ပြောသည့်အတိုင်းပင် သူမ၏အားအင်အကုန်လုံးကို ပြိုင်ပွဲအတွက်ပြင်ဆင်ရာတွင် အစွမ်းကုန်သုံးခဲ့သည်။

သူမသည် တိုက်တိုက်ဆိုင်ဆိုင် ဒီဇိုင်းနာအသစ်ပြိုင်ပွဲနှင့်ကြုံသွားသည်။ အခွင့်အရေးအရ ကောင်း သော်လည်း ပြိုင်ပွဲလိုအပ်ချက်မှာများပြီး အချိန်ကလည်းကပ်လွန်းနေသောကြောင့် ယခုမှစသင်မည့်လူအတွက် အခက်အခဲတော်တော်များသည်။ ထိုချိန်အတွင်းတွင် ကျန်းရှုယောင်သည် အိမ်တွင် ကျောင်းထိုင်ဘုန်းကြီးလို နေခဲ့သည်။

ရလဒ်အနေဖြင့် ယွဲ့မိသားစုအိမ်မှ လေထုသည် ထူးဆန်းလာတော့သည်။

ယွဲ့ချင်း အိမ်ပြန်ရောက်သည်နှင့် ဖိနပ်လဲသံမှာ အနည်းငယ်ကြမ်းတမ်းနေခဲ့သည်။ သူသည် သူ့မိသားစုနှင့်သူ၏ပင်ပန်းသော နေ့ရက်အကြောင်းကို ပြောတော့မည့်အချိန် သူမော့ကြည့်လိုက်စဉ် ပြစ်တင်လိုသည့် မျက်လုံးသုံးစုံနှင့်တွေ့လိုက်သည်။

ယွဲ့ချင်း: "...?..."

'ဘာဖြစ်နေကြတာလဲ'

'ဖိနပ်လဲတာ အသံကျယ်သွားလို့ ငါကိုမညှာမတာ သတ်ဖြတ်တော့မလို့လား'

"တိုးတိုးနေ" လီမိန်ကျူးက "ရှူးတိုးတိုး" ဟု လက်အမူအရာဖြင့် အလေးအနက်ပြလာသည်။ " အပေါ်မှာ ရှောင်ကျန်းအလုပ်လုပ်နေတယ်၊မနှောင့်ယှက်နဲ့"

ယွဲ့ရှ: "ဟုတ်တယ်"

ယွဲ့တဲ့လျန်: "ဟုတ်တယ်"

ယွဲ့ချင်း : "...."

' ကျန်းရှုယောင်က နေတာက သုံးထပ်မှာလေ'

'ဗီလာရဲ့အသံလုံစနစ်ကို အထင်သေးနေကြတာလား'

သူက ခေါင်းစောင်းလိုက်ပြီး ထမင်းစားပွဲကိုကြည့်လိုက်သည်။ စားပွဲပေါ်မှပန်းသည် လတ်ဆက်နေပြီး ထားနေကျပုံစံအတိုင်းပင်။ ကျန်းရှုယောင်သည် မည်မျှပင် အလုပ်များစေကာမူ နေ့တိုင်း ပန်းအိုးလဲသည်။

"ဟုတ်ပြီ၊ ဟုတ်ပြီ" သူသည် လက်လျှော့လိုက်ပြီး သူ့အိမ်တွင် လျှောက်သွားသည် သူစိမ်းအိမ်တွင်လျှောက်နေသည့်အလား အသံမမြည်စေဘဲ လျှောက်နေသည်။ သူက ခေါင်းခါပြီး ပြောလာသည်။ "ရှီမိသားစုက စစုံစမ်းနေပြီ၊ သား သူတို့ကိုတားချင်ပေမယ့် သူတို့က သားကိုတောင်မလိုဘူး ထူးဆန်းတယ်"

လီမိန်ကျူ: " အဲ့ဒါကိုလုပ်တဲ့သူက နင့်အမေဆိုတာကိုကော တွေးဖူးလား"

ယွဲ့ချင်း : "ဟမ်.."

'ဟမ် သူအလုပ်နားလိုက်တာ ကြာလှပြီလေ၊ သူကဘာလို့ အဲ့လိုလုပ် နေသေးတာလဲ'

"သူအလုပ်ကြိုးစားနေတာ မမြင်ဘူးလား" လီမိန်ကျူက လက်ခုတ်တီးလိုက်ပြီး ရင်ဘတ် ပေါ်လက်ထားလျက် ပြုံးလိုက်ပြီး " ငါ့သမီးလေး ပိုပြီးမြင့်တဲ့ နေရာကိုသွားနေတာကိုကြည့်ရတာ ရင်ထဲ အရမ်းကြည်နူးတာပဲ"

သမီးအစစ် ယွဲ့ရှမှာဘေးတွင်ထိုင်နေပြီး ယွဲ့တဲ့လျန်၏လိမ္မော်သီးခွာပေးနေသည်ကို ထိုင်စောင့်နေသည်။

ယွဲ့ချင်း ထိုစကားကိုကြားသောအခါ သူ့မျက်နှာသည် ခဏတာခန့်ထူးဆန်းသွားသည်။ သူမည်သည့်စကားမှ ပြန် မပြောနိုင်ခင် လီမိန်ကျူက လေးနက်စွာ ပြောလာသည်။ " ဟုတ်တာပေါ့၊ အဲ့တာ သားနဲ့ မဆိုင်ဘူးလေ၊ အများကြီး မစဉ်းစားနဲ့"

ယွဲ့ချင်း: "......."

'ငါ ပြောချင်တာလည်း အဲ့လိုမဟုတ်ပါဘူး'

လ၀က်သည် အကြာကြီးဟုပင် ခံစားရသော်လည်း တိုတောင်းလှသည်။ ပြိုင်ပွဲမစခင် ညနေခင်းတွင်၊ ယွဲ့ရှသည် ကျန်းရှုယောင် အခန်းတံခါးကို ဂရုတစိုက် ခေါက်လာပြီး ကြမ်းပြင်ပေါ်မှာ စာရွက်အကြမ်းများကို ကောက်ယူလိုက်သည်။

ကောင်းကင်သည် ညနေဆည်းဆာရောင်ဖြစ်နေပြီး ပင်ပန်းနေသော ကောင်မလေး၏မျက်နှာ ပေါ်ဖြာကျနေသည်။

ကျန်းရှုယောင်သည် ခုံပေါ်တွင် မှောက်နေပြီး အသက်ပင်သေချာ မရှူနိုင်သည်အထိ ပင်ပန်းခဲ့သော်လည်း ပျော်ရွှင်မှုကိုတော့ မဖုံးဖိနိုင်ပေ။

" ရှရှ....ငါထင်....တာ....ငါအောင်မြင်မယ်.....ထင်တယ်"

သူမသည် သူမ၏ဒီဇိုင်းကို ယွဲ့ရှကို‌ပြလာပြီး ယွဲ့ရှသည်လည်း သူမလက်ထဲမှ ဆံပင်လုံးကို ပြလာသည်။ နှစ်ယောက်သည် အချင်းချင်းလက်ထဲမှ အရာများကိုကြည့်လိုက်သည်။

ထို့နောက် ယွဲ့ရှက လက်မထောင်ပြလိုက်သည်။

"ရှုယောင်၊ နင်က ကတုံးဖြစ်လာပြီး ပိုလည်းသန်မာလာပြီး" ဟု ဂုဏ်ယူစွာ ပြောလာသည်။

ထိုအချိန်တွင် တစ်ဖက်မှအဆင့်မြင့်ဆေးရုံ၌ ညနေဆည်းဆာမှာ အထီးကျန်ဆန်နေသည်။ ရှီယွမ်ကျန်းက ကားစက်အရှိန်ကိုသတ်လိုက်ပြီး ကားထဲမှထွက်လာပြီး ဓာတ်လှေကားကို တစ်ယောက်တည်းစီးလိုက်သည်။

အပေါ်ထပ်မှကြည့်ပါက နေရာတိုင်းတွင်ထိန်လင်းနေပြီး သွက်လက်တက်ကြွသော ညစာစားချိန်ဖြစ်သည်။

သူသည် အကြည့်ကိုရုပ်သိမ်းလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွား၏။

သူသည် အမြဲတမ်း တစ်ကိုယ်တည်းသမားဖြစ်ခဲ့သောကြောင့် သူသည် တစ်ယောက်တည်းဖြစ် နေသည်ကို ရေကြီးခွင်ကျယ်လုပ်မနေပေ။ သို့သော် ယနေ့ သူ ဤနေရာသို့ ‌‌‌‌‌‌‌ကားဖြင့်ရောက်လာချိန်တွင် သူ့ဘေးနား၀န်းကျင်သည် အနည်းငယ် ရှင်းလင်းနေပြီး တိတ်ဆိတ်နေသလို ခံစားလိုက်ရသည်။

ရှီယွမ်ကျန်းသည် ပထမဆုံးအကြိမ်သီချင်းကိုဖွင့်လိုက်သည်။ ဒါရိုက်ဘာ၏ သီချင်းအကြိုက်မှာ အမှန်တကယ်ပင် မကောင်းမွန်ပေ။ ကားထဲမှ သီချင်းများသည် "လိပ်ပြာမူး" နှင့် " အဆိပ်ရေမွှေး" စသည့် သီချင်းတို့သာ ရှိသည်။ သူသည် မျက်မှောင်ကြုတ်ပြီးသီချင်းပြန်ပိတ်လိုက်သည်။

ရှီချင်းယင် လက်မှတ်လိုအပ်သည့် စာဖိုင်များကိုကိုင်လျက် သူသည် လူရှင်းလင်းသော ဆေးရုံ ကော်ရစ်တာ တစ်လျှောက် လျှောက်လာသည်။ ရှီယွမ်ကျန်းမှာ လက်တလော သူမည်သည်ကြောင့် ထိုရှင်းပြ၍မရသော အတွေးများရှိနေသည်ကို စဉ်းစားနေမိသည်။

'ယွဲ့ရှကြောင့် မဟုတ်ဘူး'

"အကိုကြီး နားထောင်နေတာလား"

ရှီချင်းယင် ဆေးရုံတက်နေသည်မှာ လ၀က်ခန့်ရှိပြီဖြစ်သည်။ နေ့စဉ် နေ့တိုင်း နာလိုက်၊ ပျင်းလိုက်၊ အမေနှင့်ရန်ဖြစ်လိုက်ဖြင့်သာ ကုန်ဆုံးနေသည်။ ယခုတွင် လူအရှင်တစ်ယောက်ရောက်လာပြီ ဖြစ်သော ကြောင့် သူ စကားပြောနေသည်ကိုမရပ်နိုင်ပေ။

"တရုတ်ကိုပြန်ရောက်ကတည်းက အမေနဲ့ဖုန်းမပြောရသေးဘူးမလား၊ ပုံမှန် ဖုန်းဆက်နေကြလဲမဟုတ် တော့ထားလိုက်ပါတော့"

ရှီယွမ်ကျန်းမှာ အတွေးရေယာဉ်ထဲနစ်မျောနေဆဲပင်။

'ယွဲ့ရှကြောင့်မဟုတ်ဘူး'

'မဟုတ်မှ ငါတကယ်ပဲ ငါ့ပတ်၀န်းကျင်မှာ တက်ကြွနေတာကိုကြိုက်တာလား'

" အကိုကြီး ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးပါလား၊ အခု တလော ကျွန်တော် တကယ်အဆင်မပြေဖြစ်နေတာ" ရှီချင်းယင်က မျက်မှောင်ကြုတ်ပြီး ပြောလာသည်။ " ရှုယောင်က ဖုန်းခေါ်တာလည်း မကိုင်ဘူး၊ စာလည်းမဖတ်ဘူး၊ သူဘယ်ရောက်နေတာကိုလဲ ကျွန်တော် မသိဘူး၊ ကျွန် တော် တကယ်စိုးရိမ်လို့ပါ၊ သူဘယ်မှာလဲဆိုတာ အကိုကြီး ရှာပေးလို့ရလား၊ သူ့ကိုခေါ်လာပေးရင်တော့ ပိုကောင်းတာပေါ့၊ တချို့ဟာကျ လူချင်းပြောတာပိုကောင်းတယ် လေ၊ အကိုကြီး ကြားလား အကိုကြီး..."

"ပါးစပ်ပိတ်ထားစမ်း" ရှီယွမ်ကျန်းက အေးစက်စွာ ကြည့်လာပြီး " မင်း အရမ်းဆူညံတာပဲ"

ရှီချင်းယင်: "?"

All Chapters