← Chapters

အခန်း ၆၀

Vol. 4 Ch. 60

အခန်း ၆၀

Vol. 4 Ch. 60

အပိုင်း (၆၀)

ပြိုင်ပွဲနေ့နီးလာသည်နှင့်အမျှ၊ ကျန်းရှုယောင်သည် သူမ၏နောက်ဆုံးအဆင့် အစွမ်းကုန် ကြိုတင်ပြင်ဆင်ခြင်းကိုစတင်လေ၏။

သူမတွင် အတွေ့အကြုံရေရေရာရာ မရှိသောငြား သူမသည် ဆရာမတစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့် သူမတွင် ရှင်းလင်းပြတ်သားစွာပြောဆိုနိုင်စွမ်းနှင့် ကြည်လင်ပြတ်သေားသောအသံရှိသည်။ သူမသည် စိတ်ပိုင်းဆိုင်ရာ အတားအစီးကိုကျော်လွှားနိုင်ပါက presentation လုပ်ရာတွင် ပြဿနာမရှိတော့ပေ။ အားအင်စိုက်ထုပ်မှုအများဆုံးအပိုင်းမှာ နမူနာပုံစံများလုပ်ပေးရခြင်းပင် ဖြစ်သည်။ သူမတွင် အဆက်အသွယ်အမြောက်အများမရှိသောကြောင့် ကုန်ကြမ်းများရှာဖွေရာတွင် ခက်ခဲခဲ့၏။

နေမင်းသည် ထွန်းလင်းစွာတောက်ပနေချိန် ယွဲ့ရှသည် တစ်နေကုန်တစ်နေခမ်း မရပ်မနား တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ရှာဖွေနေသည်။ သူမတွင် အားအင်အပြည့်ရှိသော်လည်း သူမသည် ကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်သည်။ “ရှုယောင် ငါတို့ ခဏနားရအောင်လေ”

ကျန်းရှုယောင်ကလည်း အလောမကြီးပေ။ သူမသည် ထိုင်ချလိုက်ပြီး ခေါင်းပုတ်ပြီး စိုးရိမ်စွာပြောလာသည်။ “နင်ချွေးတွေ အများကြီးထွက်နေတာပဲ”

ယွဲ့ရှသည် လမ်းဘေးမှခုံပေါ်တွင် ထိုင်လိုက်ပြီး ငါးမိနစ်အတွင်း ကျန်းရှုယောင်ပြန်ရောက်လာခဲ့သည်။

သူမ၏လက်ထဲတွင် အအေးခံတာဝါတဘတ်၊ အပူထိန်းဆေးတို့ပါလာသည့် အိတ်ရှိသည်။ ထို့နောက် သူမသည် သူ့ကို လမ်း‌ဘေးမှ အဲကွန်းပါ‌သော ကော်ဖီဆိုင်သို့ခေါ်သွား၏။ ထို့နောက် ကိတ်နှင့်သောက်စရာများကိုမှာယူပြီး ပုတ်လိုက်သည်။ “ဒီနားမှာ ငါ့ကိုစောင့်နေနော်” ယွဲ့ရှက ခေါင်းညိတ်ပြလိုက်သည်။

ကျန်းရှုယောင်က ပြုံးပြလိုက်ပြီး စတိုးဆိုင်ထဲသို့ အလင်းနှုန်းဖြင့်ပြေးဝင်သွားလေသည်။

[Systsem ] ယွဲ့ရှက ပြေးထွက်သွားသော ခန္ဓာကိုယ်‌သေးသေးလေးကိုကြည့်ပြီး အံ့ဩနေမိသည်။

[ရှုယောင်က ခွန်အားကော သတ္တိကောနဲ့ပြည့်စုံတာပဲ သူ မလုပ်နိုင်တာကိုမရှိသေးဘူး]

System သည် အဘမ်းခံရပြီးထွက်ထွက်လာချင်း ရှိုးတိုးရှန်းတန်းဖြင့် ပြောလာသည်။

[ နင်ပဲရှာပြီးပေးလိုက်လို့မရဘူးလား] သူသည် အလွန်ပင် ရှင်သန်လိုစိတ်ပြင်းရှာ၏။

[ ငါလည်းလုပ်ချင်ပါတယ် ]

ယွဲ့ရှ က ဝမ်းနည်းသလိုဖြစ်သွားပြီး “ဒါပေမယ့် ဒါမျိုးက ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ဟာမှမဟုတ်တာ၊ ပြီးတော့ သူကလည်းပိုက်ဆံမလိုချင်ဘူးလေ”

လက်တလော System က သူမကို ကျန်းရှုယောင်၏ဉာဏ်ရည်မှာ ၂/၅ ထိဖြစ်လာသောကြောင့် လိမ်စားဖို့ရန်မှာ မလွယ်တော့ကြောင်း ပြောလာသည်။

ကျန်းရှုယောင်သည် သူမနှင့် သေချာအချိန်ပေးပြီးစကားပြောဖူးပြီး ထိုစဉ်က သူမ၏မျက်နှာသည် ရှားပါးစွာ လေးနက်နေခဲ့သည်။ “ယွဲ့ရှ၊ ငါနင့်အိမ်မှာနေပြီး နင့်ကိုဒုက္ခများစေခဲ့လို့ ဒါကိုတော့ ငါဘာသာကိုင်တွယ်ခွင့်ပေးပါနော်”

သူမသည် တင်နေသောအကြွေးကိုပင် မည်သို့ဆပ်ရမည်ကိုမသိသောကြောင့် သူမ မည်သည့်မျက်နှာဖြင့် ယွဲ့ရှထံမှ အကူအညီတောင်းနိုင်မည်နည်း။

ထို့ပြင် ရှီချင်းယင်ဘက်ကလည်း မလှုပ်ရှားသေးသည်မှာ ပုံမှန်မဟုတ်ပေ။

ယွဲ့မိဘများတစ်ခုခုလုပ်ထားသောကြောင့်ဖြစ်နိုင်သော်လည်း သူတို့ဘက်ကလည်း မည်သည်မှ မပြောလာပေ။ ကျန်းရှုယောင်မှာ အားအင်ကိုချွေတာနေရသောကြောင့် ရှီချင်းယင် နှင့်ထိုက်တန်ခြင်းမတန်ခြင်းကိုလည်း စဉ်းစားချိန်ရှိမနေပေ။ သူမစိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။

အစွမ်းကုန်ကြိုးစားရမည်ဆိုသည်ပင်။

ကျန်းရှုယောင်မှာ ပြန်မလာသေးပေ။ သူမ၏ခေါင်းမာမှုနှင့်ဆိုလျှင် သူမသည် သုံးနာရီကြာလျှင်တောင် မရပ်မည်ကို ယွဲ့ရှသိသောကြောင့် ကော်ဖီဆိုင်တွင်ထိုင်ပြီး အေးဆေးထိုင်စောင့်နေလိုက်သည်။

သူမ တစ်စုံတစ်ယောက်ကိုသာ မှီခိုပြီး အသက်ရှင်နေမည်ဟု သူမ မဆိုလိုပေ။ စင်စစ်တွင် ရှီချင်းယင်က ကျန်းရှုယောင်ကို နှောင့်နှေးအောင်လုပ်မည်ကိုသာ သူမ စိုးရိမ်နေခြင်းဖြစ်၏။

ယခင်က ရှီချင်းယင် ဆေးရုံမှ ဆင်းပါက လူငှားပြီး နံရိုးသုံးချောင်းချိုးခိုင်းရန် ယွဲ့ရှစဉ်းစားခဲ့သည်။ သူသာ နွေဦးရာသီပွဲတော်တွင်လည်း ဆေးရုံတွင် အချိန်ကုန်ဆုံးရပါက ပိုကောင်းသည်။ သို့သော် ထိုအကြံသည် System ထံမှ တားဆီးခြင်းခံလိုက်ရသည်။

နွေရာသီဖြစ်သောကြောင့် အပူဒဏ်မှရှောင်ရှားရန်အလို့ငှာ ကော်ဖီဆိုင်သို့ လူများစွာ ရောက်လာကြသည်။ နောက်ခံသီချင်းကလည်း ငြိမ်ငြိမ့်လေးဖြင့် အလယ်တွင် နံရံကပ် တီဗီလည်းရှိသည်။ ချန်နယ်ကိုပြောင်းနေသူမှာ မည်သူမှန်းသေချာမသိသော်လည်း လက်ရှိတွင် ပြည်တွင်းချန်နယ် ငွေကြေးအကြောင်းကိုပြသနေသည်။

ယွဲ့ရှသည် ပျင်းပျင်းဖြင့် တီဗီကြည့်ရင်း နို့သောက်နေခဲ့၏။

ထိုချန်နယ်တွင် ပါဝင်ကျလူများမှာ အသက် ၅၀-၆၀ ကြား ယောက်ျားများဖြစ်ကြသည်။ ယွဲ့ရှမှာ ထိုချန်နယ်ကိုကြည့်ရင်းပျင်းလာတော့သည်။ ထို့နောက် သူမ မျက်လုံးလွှဲရန်လုပ်လိုက်ချိန် မျက်လုံးထောင့်မှ ထိုနေရာနှင့်လိုက်ဖက်မညီသောပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။

သူမသည် မျက်နှာတစ်ဝက်ဖုံးထားပြီး စခရင်ပေါ်တွင်သုံးစက္ကန့်ခန့်သာ ပေါ်လာသည့်သူဖြစ်သည်။ သူမသည် ရေတံခွန်ကဲ့သို့စင်းကျနေသော အနက်ရောင်ဆံပင်ကိုစီးထားပြီး၊ နှာတံနှင့်မျက်ခုံးမှာ ထင်းပြီး မျက်ဆံရောင်မှာ ဖျော့သည်။ ထို့အပြင် သူမပုံစံသည် အေးစက်ပြီး သီးသန့်ဆန်၏။

သူမသည် အခြားအင်တာဗျူးသမားနှင့် ဆင်တူသော ဝတ်စုံကိုဝတ်ဆင်ထားပြီး ခါးကိုမတ်မတ်ထားလျက် စူးရှသောမျက်ဝန်းများနှင့်သူမသည် မည်သည့်စကားကိုမျှ မပြောခဲ့‌သော်လည်း သူမတွင် ဟိတ်ဟန်ကြီးမည့်ပုံပင်။

ပထမတွင် ယွဲ့ရှမှာ စိုးရိမ်နေသော်လည်း ခဏ အကြာ၌ သက်တောင့်သက်သာဖြစ်လာခဲ့သည်။ သူမ အကြည့်များသည် မတည်မငြိမ်ဖြစ်နေပြီး ခဏအကြာ၌ ကင်မရာမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

သတင်း၏ထိပ်သီး ခေါင်းစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

[ မြို့တော်၏ထင်ပေါ်ကျော်ကြားလာသော လုပ်ငန်းရှင်များကို အင်တာဗျူးခြင်းနှင့် သူတို့၏ လူ့ဘောင်အဖွဲ့အစည်းတွင် အဓိက ထိုက်တိုင်ဖြစ်လိုသည့် ရည်ရွယ်ချက်]

System ၏အသံသည် ရုတ်တရက် စူးရှစွာထွက်လာသည်။ [ ရှီချင်းယင်လည်း အဲ့ဒီကိုသွားရမှာလေ ]

[ သူသွားလို့ရတာပဲလေ ] ယွဲ့ရှက ပြောလာသည်။ [ သူ အဆင့်နဲ့ဆို အဓိကနေရာကိုမပေးရင် ဘယ် အဓိပ္ပါယ်ရှိတော့မလဲ၊ ခေါင်းစီးပိုင်းလည်း အဆင်သင့်ပဲ]

System : [ဘာ ?]

ယွဲ့ရှက ပြတ်သားစွာ ပြောလာ၏။

[ အသက် ၆၀ ကျော်တောင် ခန္ဓာကိုယ်မကျန်းမာတော့ပေမယ့် စိတ်ကတော့ သန်မာတုန်းပဲလေ သူနဲ့သူရဲ့ဆီးထိန်းနိုင်တဲ့ ကျောက်ကပ်လိုပေါ့]

System:【…………】

' အဲ့ဆို ဆီးဟာသကလည်း အဆင်‌မပြေတော့ဘူးပေါ့'

ချင်းယင်းအကြောင်းပြောမှ ယွဲ့ရှသည်မှာ စိတ်လေးကြည်အောင် တစ်ဖက်လူကို စခရင်မှတစ်ဆင့်ကြည့်ရန် လုပ်လိုက်ချိန် သူမဘေးမှ လူနှစ်ယောက်သည် ရုတ်တရက် ဘေးနားတွင် မည်သူမှမရှိသည့်အတိုင်း ကျယ်လောက်စွာ ပြောလာကြ၏။

" ဟေ့ရောင်မင်းမြင်လိုက်လား"

"မင်းပြောတာ ဟိုမိန်းမလား၊ တွေ့တာပေါ့၊ တော်တော်လှတာဟေ ထက်လည်းထက်မြတ်သေးတယ်"

"ဟုတ်ပကွာ"

သူတို့နှစ်ယောက်သည် စကားကိုဆက်တိုက် ပြောနေကြပြီး တစ်ချိန်တည်းတွင် ရပ်လိုက်ပြီး အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နက်နဲစွာ ပြုံးလိုက်ပြီး "ငါသိတယ် ငါသိတယ်"

"အဲ့တုန်းက ငါတောင် ပြောခဲ့သေးတယ် မိန်းမ မဖြစ်တာ နာလိုက်တာဆိုပြီး၊ လုပ်ငန်းခွင်မှာ အဲ့လို အားသာချက်မရှိလို့လေ"

" အဲ့ဒါထက် မင်းရောက်ချင်တဲ့အဆင့်နဲ့လည်းဆိုင်တယ်၊ အဲ့အဆင့်မှာရှိနေတဲ့သူကလည်း သူတို့ရှိနေတာထက်ပိုမြင့်မြင့်တက်ချင်မှာပဲလေ "

" ဘယ်ကိုတက်မှာလဲ၊ ကုတင်လား...."

"ဟားဟားဟားဟား"

ယွဲ့ရှ :"?"

'ဒီကောင်တွေ စိတ်မမှန်တော့ဘူးလား'

System မှ မည်သည့်စကားမှကိုပင် မပြောရဲတော့ပေ။ : [စိတ်လျှော့၊ စိတ် လျှော့]

ရှေ့ကလူနှစ်ယောက်မှာ သူများအကြောင်းကို အားရပါးရအတင်းတုပ်ပြီးနောက် စိတ်သက်သာရာရသွားကြသည်။ သူတို့ဆက်ပြီး အတင်းတုပ်ရန်လုပ်စဉ် ဘေးနားမှစူးရှသော အကြည့်ကို ခံစားလိုက်ရ၏။

သူတို့နှစ်ယောက်လှည့်ကြည့်လိုက်သောအခါ သူတို့နှစ်‌ယောက်ကို စိုက်ကြည့်နေသော လှပသောမိန်းက လေးကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်မှာ သူမသည် သူတို့နှင့်အီစီကလီ လုပ်ချင်သည်ဟုထင်ပြီး လေပေါ်မြှောက်တော့မလိုပင် ဖြစ်သွားပြီး အမြန်ပြုံးပြလိုက်သည်။

သို့သော် တစ်ဖက်လူမှာ သူတို့ကို အေးစက်ပြီး မှောင်မိုက်သော အကြည့်ဖြင့်ကြည့်လာပြီး မျက်နှာ အမူအရာမဲ့နေပုံကြောင့် ပို၍ပင် ထူးဆန်းလာ၏။

တစ်မိနစ်၀က်ခန့် မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေပြီးနောက် သူတို့နှစ်ယောက်မှာ သည်းမခံနိုင် တော့သည့်အဆုံး စားပွဲပေါ်မှသောက်စရာကိုယူကာ ထသွားလိုက်ကြပြီးနောက် အသံတိုးတိုးဖြင့် ဆဲလိုက်သေးသည်။

"ရူးနေတာလားကွာ"

ယွဲ့ရှမှာ သူတို့ထွက်သွားသည်ကိုကြည့်နေပြီး ပြန်လှည့်လာသည်။သူတို့ထဲမှ တစ်ယောက်မှာ စက်ဘီးစီးထွက်သွားသည်ကို သူမက ပြင်သစ်စတိုင်ပြတင်းပေါက်မှ တစ်ဆင့်မြင်လိုက်ရ၏။ "System"

All Chapters