← Chapters

အခန်း ၆၂

Vol. 5 Ch. 62

အခန်း ၆၂

Vol. 5 Ch. 62

အခန်း (၆၂)

နေထွက်လာသည်နှင့်တစ်ပြိုင်နက် နွေနှောင်းရာသီ၏လေအေးများက လိုက်ကာကို ဖြတ်ကာ၀င်ရောက်လာ၏။ ကျန်းရှုယောင်မှာ တစ်ညလုံးမအိပ်ရသေးပေ။ သူမ၏ပင်ပန်းနေသော မျက်၀န်းများသည် နာရီလက်တံက ခြောက်ကိုညွှန်ပြနေသည်ကို မြင်သောအခါ ပြူးကျယ်လာခဲ့သည်။

နေ့လည်တွင် ပြိုင်ပွဲစတင်လေပြီ။

ယွဲ့အိမ်မှ ပြိုင်ပွဲနေရာသို့သွားမည်ဆိုလျှင် အချိန်နှစ်နာရီခန့်ယူရသည်။

သူမသည် အခြားသူများကို မနိုးစေချင်သောကြောင့် ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရန်

ခြေ‌‌ဖျားထောက်သွားလိုက်သည်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျက်နှာသစ်သွားတိုက်ပြီးနောက် သူမသည် သူမ စားပွဲဆီသို့ ပြန်ရောက်လာပြီး နမူနာများကိုကြည့်လိုက်သည်။

နေရောင်မှိန်မှိန်အောက်တွင် ချိတ်ပိုးထည်ဖြင့် ချုပ်လုပ်ထားသော ချုံးစမ်( တရုတ်ဘေးကွဲဂါ၀န်) သည် လင်းလက်စွာ တောက်ပနေဆဲပင်။

သူမ၏စိတ်ထဲတွင် ပြားပြားချပ်ချပ် ချုံးစမ်းဂါ၀န်သည် ယွဲ့ရှခန္ဓာကိုယ်နှင့်တစ်သားတည်းဖြစ်သွားသည်။

တံခါးခေါက်သံနှစ်ချက်ကြားရသောကြောင့် ကျန်းရှုယောင် လှည့်ကြည့်လိုက်၏။ " ရှရှ ဘာဖြစ်လို့လဲ"

ယွဲ့ရှမှာ အိပ်ချင်မူးတူးဖြင့် နှေးကွေးစွာလျှောက်လာပြီး ပြောလာသည်။ " နင် လိုအပ်တဲ့ဖိုင်တွင်ယူထားပြီးပြီးလား ငါလာကြည့်တာ"

သူမ ရောက်လာရခြင်းမှာ ထိုအကြောင်းကြောင့်မဟုတ်မှန်း ကျန်းရှုယောင် သိသည်။

သူမ စိတ်လှုပ်ရှားနေမည်ကိုစိုးရိမ်သောကြောင့် လာအဖော်ပြုသည်ကို သူမလည်း သိသောကြောင့် သူမလည်း ပူးပေါင်း ပေးလိုက်သည်။ "ဒီမှာကြည့်"

သူတို့နှစ်ယောက်ခေါင်းချင်းစိုက်လိုက်ပြီး " မှတ်ပုံတင်ကဒ်၊ အလုပ်လျှောက်လွှာ၊ မိတ်ဆက်စာ အကုန်ပါပြီ"

အကုန်လုံးကိုတစ်ခုချင်းစီစစ်ပြီးနောက် ယွဲ့ရှက ပြောလာသည်။ " အကုန်အဆင်ပြေပြီ"

ကျန်းရှုယောင်က ပြုံးလိုက်ပြီး ပြောလာသည်။ "ပြန်အိပ်လိုက်ဦးလေ၊ ကြည့်ဦးမျက်လုံးတောင်မပွင့်ဘူး၊ နောက်မှငါ ငါ့ဘာသာ သွားလိုက်မယ်"

"ရပါတယ်" ယွဲ့ရှက လိုလိုလားလား ပြောလာသည်။ " စောစောထတာက ကျန်းမာ ရေးပိုကောင်းစေတယ်လေ"

သူတို့နှစ်ယောက်သည် အချင်းချင်း တော်တော်ကြာသည်အထိစိုက်ကြည့်နေကြပြီး၊ နူးညံ့စွာ ပြောလာသည်။ " ကျေးဇူးတင်ပါတယ်"

'တစ်ခါတစ်လေ ငါစဉ်းစားမိတယ် သူဘာလို့များ အဲ့လောက်တောင် ကောင်း‌နေ

ရတာလဲ'

ယွဲ့ရှကလည်း နူးညံ့စွာ ပြောလာ၏။

" စိတ်အေးအေးထားဖို့လည်း မမေ့နဲ့နော်"

သူတို့နှစ်ယောက်သည်မနက်စာစားရန်အောက်ဆင်းသွားကြသည်။

ယွဲ့မိသားစုဝင်ထဲတွင် ယွဲ့တဲ့လျန် တစ်ယောက်တည်းသာလျှင် ‌စားချိန်အိပ်ချိန်မှန်သည်။ သူသည် မနက်ခင်းတွင် မနက်ခင်းသတင်းကိုကြည့်ရင်း ပဲနို့သောက်နေ၏။ ကျန်းရှုယောင်နှင့်ယွဲ့ရှဆင်းလာသည်ကိုမြင်သောအခါ သူက ခေါင်းညိတ်ပြီးနှုတ်ဆက်လိုက်သည်။ “ဘယ်‌တော့သွားကြမှာလဲ”

ယွဲ့ရှ :“နောက်နာရီဝက်လောက်ကျရင်”

စောစောသွားခြင်းသည်အကောင်းဆုံးဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုနှင့်ကြုံလျှင်တောင် အချိန်မှီ‌ရောက်နိုင်သည်။

ထို့နောက် ကျန်းရှုယောင်သည် စားပွဲပေါ်မှ ပန်းအိုးကိုတစ်ချက်ကြည့်မိပြီး “အာ၊ ပန်းတွေ” ဟု အားနာဟန်ဖြင့်ပြောလာသည်။

သူမသည် ပြိုင်ပွဲကိစ္စနှင့်ရှုပ်နေသောကြောင့် ပန်းများကိုလဲဖို့ရန်ပင် မေ့သွား၏။

ယွဲ့တဲ့လျန်: “ရပါတယ် ဦးလေးလဲလိုက်မယ်”

“အာ လဲတာလား၊ သမီးတို့ပန်းဥယျာဉ်ထဲတွင် ပန်းကိုဒီတိုင်းဆွဲယူပြီး ထိုးထည့်လိုက်တာကိုပြောတာလား” ဟု ယွဲ့ရှက တည်ငြိမ်စွာပြောလာသည်။

ယွဲ့တဲ့လျန်: “……?”

ယွဲ့ဖေဖေမှာ နာကျင်သွားရတော့သည်။

“ကားခေါ်ပြီးပြီ၊ သွားမယ့်အချိန်ကျရောက်လာလိမ့်မယ်” ယွဲ့တဲ့လျန်က အားကိုးထိုက်စွာပြောလာသည်။

ကျန်းရှုယောင်မှာ “ကျေးဇူးအရမ်းတင်ပါတယ်” ဟုသာ ပြောနိုင်တော့သည်။

အေးချမ်းသောလေထုတွင်သူမသည် မနက်စာကိုအေးအေးဆေးဆေးစားလိုက်ပြီး ပြင်ဆင်ထားသောပစ္စည်းများကိုယူပြီး တံခါးကြားမှချောင်းကြည့်နေသော ယွဲ့ရှကို နှုတ်ဆက်လိုက်သည်။

“အပြန်ကျ ကိတ်ဝယ်လာခဲ့မယ်” ကျန်းရှုယောင်က ပြောလိုက်သည်။

ယွဲ့ရှက ခုန်လိုက်ပြီး “ရေး” ဟု အော်လိုက်သည်။

ဒါရိုက်ဘာလင်က တံခါးဝတွင်ရပ်နေပြီး သူမအတွက်တံခါးဖွင့်ပေးလိုက်သည်။ ကျန်းရှုယောင်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး လျင်မြန်စွာလျှောက်သွားလိုက်သည်။

“ရှုယောင်” အိပ်မက်ထဲတွင်ပေါ်လာသည့်အလား ရင်းနှီးလှသောအသံသည် သိပ်မဝေးသောနေရာမှထွက်လာသည်။ “ဘယ်သွားမလို့လဲ”

ထိုချိန်တွင် သူမ တစ်ကိုယ်လုံးရှိသွေးများအေးစက်သွားတော့သည်။

သူမ နားမလည်နိုင်သော အမူအရာဖြင့် ရှီချင်းယင်သည် သိပ်မဝေးသောနေရာတွင်ရပ်နေပြီး ထပ်ပြောလာသည်။ “နင်ဘယ်သွားချင်နေတာလဲ”

ကျန်းရှုယောင်မှာ တဖန်အေးစက်သွားပြန်သည်။

သူမ သိခဲ့သင့်သည်။

သူမသည် ရှီချင်းယင်နှင့်ပတ်သတ်သည့် အတွေးများကို ဆက်တိုက်လျစ်လျူရှုနေခဲ့ပြီး သူ၏စာများကို မပြန်ခဲ့ပေ။ ယင်းမှာ အသုံးမဝင်ပေ။ ထိုအိမ်သည် သူမ အိမ်မဟုတ်သောကြောင့် သူမ မည်သည့်ယုံကြည်ချက်ဖြင့် “အိမ်ပြန်မလို့” ဟု ပြောနိုင်မည်နည်း။

“နင်” အချိန်တော်‌တော်ကြာသည်အထိ ဝေးကွာခဲ့သော်လည်း သူမနှလုံးသားထဲတွင် နွေးထွေးမှုအစား ကြောက်ရွံ့မှုသာရှိနေခဲ့သည်။ သူမက တုန်ရီသောအသံဖြင့် မေးလာသည်။ “နင် ဘယ်လိုသိတာလဲ”

ရှီချင်းယင်မျက်လုံးများသည် သူမလည်ပင်းပေါ်ကျရောက်လာပြီးနောက် သူမ ပါးစပ်ထောင့်နားသို့ အကြည့်ရွှေ့သွားသည်။ “ငါမနေ့ကမှ ဒါကိုသတိရသွားတာ”

ကျန်းရှုယောင်မှာ အောက်ကိုငုံ့ကြည့်ပြီး သိလိုက်ချိန်တွင် သူမ အသက်ရှုပင် ခဏတာခန့်ရပ်သွားသည်။

သူမသည် လေးပွင့်ဆိုင်ကံကောင်းအပွင့်လေးနှင့်ဆွဲကြိုးကိုဝတ်ဆင်ထားသည်။ ထိုဆွဲကြိုးသည် စေ့စပ်ပွဲမတိုင်ခင်က ရှီချင်းယင်သူမကို ပေးခဲ့ခြင်းဖြစ်သည်။ ထိုဆွဲကြိုးမှာ စျေးမကြီးဘဲ သူမကို ကံကောင်းစေချင်လို့သာ ဝယ်လာခြင်းဖြစ်ကြောင်းဟု ရှီချင်းယင်က ပြောသောကြောင့် သူမ လက်ခံခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမ ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

အသံကြားသောအခါ ယွဲ့ရှလည်း အပြေးအလွှားထွက်လာသည်။ သူမက ရှီချင်းယင်ကို မြင်သောအခါ သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး System ကို အမြန်ခေါ်လိုက်သည်။ [ System သူက ဘာလို့ရှာတွေ့သွားတာလဲ၊ ဘာလို့သူက စောစောပြန်ပေါ်လာတာလဲ ]

[ ကျန်းရှုယောင်ရဲ့လည်ဆွဲထဲမှာ ခြေရာခံစက်ပါတယ် ]

System က လိုရင်းတိုရှင်းပြောလာပြီး မေးခွန်းကိုလည်း အံ့ဩပုံမပေါ်ပေ။ “သူရဲ့ခန္ဓာကိုယ်ကတော့ သိပ်အခြေအနေ မဆိုးတော့ပါဘူး၊ တကယ်တော့ အဲ့တုန်းက နင်သုံးခဲ့တဲ့အားနဲ့တောင် သူခေါင်းမကွဲမသွားတာတင်ကို တော်တော်အံ့ဩစရာကောင်းနေပြီ”

“ရှီချင်းယင်” ကျန်းရှုယောင်က စိတ်ပိုင်းဆိုင်ရာခုခံအားသည် ပြိုကွဲသွားလေပြီ။ သူမသည် ညတွင်းချင်း အဖော်ထုပ်ခံလိုက်ရသည့် ဘဲရုပ်ဆိုးလေးလိုဖြစ်နေသည်။ သူမက မယုံကြည်နိုင်စွာမေးမြန်းလာသည်။ “နင် ငါ့အပေါ် အဲ့လိုပစ္စည်းကိုသုံးတယ်ပေါ့လေ ငါက နင့်အိမ်မွေးတိရိစ္ဆာန်လား”

“ငါသာ အဲ့ဒါကို မသုံးရင် နင်ငါ့ကို အဆက်အသွယ်ဖြတ်သွားရင် ငါက နင့်ကိုဘယ်လိုပြန်ရှာရမှာလဲ” ရှီချင်းယင်က အေးစက်စွာ ပြောလာသည်။

ကျန်းရှုယောင် ပြောစရာစကားမကျန်တော့ပေ။

သူမ စကားပြောချင်စိတ်လည်းမရှိတော့ပေ။

‘အဲ့လိုလူကြောင့်.....အဲ့လိုလူမျိုးကြောင့်.....’

“လိမ်လိမ်မာမာနေ၊ ဒါက ငါတို့နှစ်ယောက်ကြားက ကိစ္စလေ နင်က ဘာကိစ္စ သူများအိမ်ကို ပြေးသွားတာလဲ” ရှီချင်းယင်က လက်ကာပြလိုက်ပြီး “အိမ်ရောက်မှ ဆက်ပြောကြတာပေါ့”

ကျန်းရှုယောင်ခေါင်းခါလိုက်သည်။

ယွဲ့ရှ : “ရှုယောင်ပြန်လာခဲ့၊ ငါတို့ နောက်မှ သွားကြတာပေါ့”

သူမ လှည့်ကြည့်လိုက်သောအခါ ယွဲ့ရှက သူမကို‌ လေးနက်သောအကြည့်ဖြင့် ကြည့်လာသည်။ သူမ နှာခေါင်းမှာစူးလာပြီး သူများကို ပြဿနာပေးရသောကြောင့် ဖြစ်လာရသောဝမ်းနည်းစိတ်ကို သူမ ထိန်းမထားနိုင်တော့ပေ။

ရှီချင်းယင်က သူ့ကိုလျစ်လျူရှုပြီး လှည့်ထွက်သွားသော ကျန်းရှုယောင်ကိုကြည့်ပြီး သူ၏စိတ်မရှည်မှုများသည် ပေါက်ထွက်လာခဲ့သည်။ “နင်ဘယ်သွားမလို့လဲ၊ ပြန်လာခဲ့ ဒီကို”

သူသည် ကျန်းရှုယောင်လက်ကိုကိုင်ရန်လှမ်းလိုက်သော်လည်း မထိလိုက်ခင်မှာတင် ခါးခါးသီးသီးအတားခံလိုက်ရသည်။

လီမိန်ကျူက ကြောက်ရွံ့ပြီးတုန့်ပြန်နိုင်စွမ်းမရှိသော ကျန်းရှုယောင်ကိ ဆွဲယူလိုက်ပြီး သူမနောက်သို့ပို့လိုက်ပြီးနောက် ကြင်နာစွာပြုံးလိုက်ကာ “ရှောင်ရှောင်၊ သားလေးက အန်တီတို့ဆီ အစောကြီးလာလည်တာ ဘာလုပ်ဖို့လဲ”

ရှီချင်းယင်မှာ ဆွံ့အသွားလေသည်။ “အမ် မဟုတ်...အန်တီလီ ကျွန်တော် လူရှာဖို့လာတာပါ”

‘ဘာတွေဖြစ်ကုန်တာလဲ’

‘သူ့ကို ဝှက်ပေးထားတာ ယွဲ့ရှမဟုတ်ဘူးလား၊ ဘာလို့ သူ့မိဘတွေပါ ပါလာတာလဲ’

“ဘယ်သူ့ကိုလာရှာတာလဲ”

ယွဲ့တဲ့လျန်ကလည်း အိမ်ရှေ့တွင်ရပ်နေပြီး တည်ငြိမ်စွာပြောလာသည်။ “ငါတို့အိမ်ကို ဧည့်သည်လာတာလား”

မာထန်သောသူ့မျက်နှာသည် ယခုတွင် မှောင်မိုက်နေသောကာ ပို၍ပင် ကြောက်ဖို့ကောင်းနေသောကြောင့် ရှီချင်းယင်မှာလန့်သွားရတော့သည်။ သူက တွန့်ဆုတ်စွာရှင်းပြလာသည်။ “ကျွန်တော်က ကျွန်တော့်သတို့သမီးကိုလာရှာတာပါ”

ဘေးနားတွင် ရပ်ကြည့်နေသော ယွဲ့ရှမှာဒေါသထွက်လွန်းသောကြောင့် ခေါင်းပင်ထူပူလာတော့သည်။

System သည်လည်း အခြေအနေကိုရိပ်မိသည့်အလျောက် တိတ်ဆိတ်သွားတော့သည်။

ယွဲ့ရှ: [ System ]

System: [ငါ့ကိုမခေါ်နဲ့ ငါ့ကိုမခေါ်နဲ့ ငါ့ကိုမခေါ်နဲ့လို့]

[ ဒီတစ်ခါ နင်ငါ့ကိုကူညီရင် ငါနင်ကို ထပ်မဆူတော့ဘူးလို့ ကတိပေးတယ် ] ယွဲ့ရှက မုန်လာဥနီနှင့်တုတ်နည်းလမ်းကိုသုံးလာသည်။

[ ပြီးတော့ ငါနင့်ကို အမှောင်ခန်းထဲမှာ ပိတ်ခံရအောင်မလုပ်တော့ဘူး ]

System က တိတ်ဆိတ်စွာပြောလာသည်။ : [ တကယ်လား ]

[ တကယ် ] ယွဲ့ရှကပြောလာသည်။ [လိမ်ရင်ခွေးဖြစ်ပါစေ ]

System:【……】

သူသည် လွန်ခဲ့သော လအနည်းငယ်အတွင်း ယွဲ့ရှလုပ်ခဲ့သည့် စည်းကမ်းချိုးဖောက်မှုများကို တွေးပြီးနောက် တစ်ခုထပ်တိုးလည်း ကိစ္စမရှိဟုတွေးလိုက်ပြီး သဘောတူလိုက်၏။

ထို့အပြင် ရှီချင်းယင် စကားနောက်တစ်ခေါက်ပြန်ပြောတော့မည့်အချိန်၌ ဒူးခေါင်းကိုအကန်ခံလိုက်ရသလိုခံစားလိုက်ရပြီး လေပေါ်သို့ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ မျက်နှာဖြင့် ကျသွားသည်။ သူ့သွားများ ကြွေကျလာပြီး ပါးစပ်တစ်ခုလုံးလည်း သွေးများဖြင့်ပြည့်သွားသည်။ သူ့အမြင်အာရုံမှာ မှောင်မိုက်လာပြီး ထိုချိန်တွင် သူသည် သူ၏သက်သာလာသောနံရိုးများ၏ပြန်ကျိုးသွားသံကို ကြားလိုက်ရသည်။

သူသည် မတ်တပ်ပင်မရပ်နိုင်တော့ပေ။

ရှီချင်းယင်သည် သွေးတစ်ပွက်အန်ထုပ်လိုက်သော်လည်း တချို့တဝက်ကိုမြိုချလိုက်မိပြီး ထိုထဲတွင် သူ၏ရှေ့သွားများပါ ပါသွားသည်။

အသံများကြား၍ ပြေးလာသော ယွဲ့ချင်းတစ်ယောက် သူ့ရှေ့ရောက်လာခြင်းသည် လောင်နေသောမီးကိုဆီထပ်လောင်းပေးလိုက်သလိုဖြစ်သွားသည်။ သူက ဒေါသသံဖြင့် ထေ့ငေါ့ပြောလာသည်။

“ရို့....”

ယွဲ့ချင်းက အသံကိုပိုမြင့်လိုက်ပြီးနောက် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အပေါ်အောက်ကြည့်လျက် “တော်တော်ယဉ်ကျေးနေတယ်ပေါ့လေ ဟုတ်လား”

‘မင်း ပွဲတော်ကျင်းပသလိုပြေးလာတာ ဒါပြောဖို့ပေါ့လေ’

All Chapters