← Chapters

အခန်း ၆၃

Vol. 5 Ch. 63

အခန်း ၆၃

Vol. 5 Ch. 63

အပိုင်း (၆၃) (Chapter-63)

ရှီချင်းယင် ယခုတစ်ခါတွင်‌တော့လုံး၀ပြန်မထနိုင်တော့ပေ။

သူစကားပြောချင်သော်လည်း ပါးစပ်ပင် မဖွင့်နိုင်ပေ။

သူ၏၀မ်းဗိုက်နှင့်ရင်ဘတ်နားတွင်လည်းပြင်းထန်သောဝေဒနာကိုခံစားနေရသည်။ ယင်းခံစားချက်ကို သူ ဇဝေဇဝါ ရင်းနှီးနေသည်။ ထိုခံစားချက်သည် ယခင်တစ်ခါက ဆေးရုံသို့ရောက်သည်အထိ ဖြစ်ခဲ့သည့် ခံစားချက်နှင့်တူနေသည်။

သူသည် အသိပြန်ဝင်လာပြီး ယောင်ယမ်းနေသော မျက်နှာဖြင့် နာကျင်မှုကိုသည်းခံပြီး ခေါင်းမော့ပြီး ခက်ထန်စွာပြောလိုက်သည်။ “ကျန်းရှုယောင်!!!!!!!!”

သူပင်စကားမဆုံးသေး ယွဲ့ရှသည် သူ့ကိုခလုတ်တိုက်လိုက်သောကြောင့် ကြယ်မြင်လမြင်ဖြစ်လုနီးနီးပင်ဖြစ်သွားသည်။ “?...

“သွားကြရအောင် အချိန်မမှီပဲနေမယ်” ယွဲ့ရှသည် အူကြောင်ကြောင်ဖြစ်နေသော ကျန်းရှုယောင်နှင့်အတူ သူ့ကိုဖြတ်လျှောက်သွားသည်။ သူမသည် သူ့လက်မောင်းပေါ် နှစ်ခါခန့်တက်နင်းလိုက်ပြီး မသိသလိုမေးလာ၏။ “မြေကြီးပေါ်မှာ ဘာကြီးလဲ”

ရှီချင်းယင်: “…”

‘နင်လူတစ်ယောက်လုံးကိုတောင်မမြင်ဘူးလားဟ!!!’

ပိုဆိုးသည်မှာ သူစိမ်းသည်ပင်လျှင် ဤကဲ့သို့လုပ်ရပ်မျိုးလုပ်ခဲ့ပါက စိုးရိမ်သည့်ပုံစံပြဦးမည်။ ကျန်းရှုယောင်ကမူ မမြင်ချင်ယောင်ဆောင်ပြီး ယွဲ့ရှနောက်သို့ တိတ်တဆိတ်လိုက်သွားသော်လည်း သူ့နားသို့ဖြတ်သွားချိန် အပြစ်ရှိစိတ်ဖြင့် အသံတိုးတိုးဖြင့်တောင်းပန်လာသည်။ “တောင်းပန်ပါတယ်”

သို့သော် ယင်းတောင်းပန်ခြင်းသည် သူ့အပေါ်မဟုတ်ဘဲ ယွဲ့ရှ အပေါ်ဖြစ်၏။

အခြား ယွဲ့မိသားစုဝင်များသည်လည်း ထိုအတိုင်းပင် ရပ်ပြီး ရယ်စရာတစ်ခုကိုကြည့်ရသည့်အတိုင်း ငုံ့ကြည့်လိုက်သည်။ ယွဲ့တဲ့လျန်တစ်ယောက်တွင်လူသားဆန်စိတ် အနည်းငယ်ရှိပုံရသည်။ သူက အ‌ရေးပေါ်ဖုန်းနံပါတ်သို့ခေါ်ပေးလိုက်၏။

ရှီချင်းယင်: “?”

ကားတံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် ကားဒရိုင်ဘာသည်လည်း ကျန်းရှုယောင်နှင့်အတူ မောင်းထွက်သွားသည်။ ကံကောင်းပန်းပွင့်ချက်လေးချပ် လည်ဆွဲမှာ မြေကြီးပေါ်သို့လွှတ်ပစ်ထားခံရပြီး ယွဲ့ရှကလည်း အကြင်နာမဲ့စွာ ထိုလည်ဆွဲကို ကန်ထုပ်လိုက်သည်။ ရှီချင်းယင်မှာ ဒေါသထွက်လွန်းသောကြောင့် အမြင်မှာ‌ မှောင်မိုက်သွားပြီး နေရာမှာတင် မေ့လဲလုနီးနီပင်ဖြစ်သွား၏။

အနောက်မှလိုက်လာသော ဒါရိုက်ဘာမှာ လူကြီးဖြစ်နေပြီဖြစ်သော သူတို့၏သခင်လေး မြေကြီးပေါ်တွင် မျက်နှာအပ်လျက် မှောက်လဲနေသည်ကို အနည်းငယ်ရယ်ရသည်ဟုထင်နေသည်။ သို့သော် တော်တော်ကြာသည်အထိ သူတို့သခင်လေး မလှုပ်ရှားသည်ကိုမြင်သောအခါ တစ်ခုခုမှားနေကြောင်းကိုသိသွားသည်။ “သခင်လေး၊ သခင်လေး အဆင်ပြေရဲ့လား”

‘တော်သေးတယ် မသေသေးလို့’

ရှီချင်းယင်အသံမှာ ဖျော့တော့နေသည်။ “ဆေးရုံ...”

“သခင်လေး ပိန်းဥလုံးစားချင်တာလား” ဒါရိုက်ဘာမှ ခေါင်းရှုပ်နေသည်။ “အဲ့ဒါက မစားသင့်ဘူးလားလို့ မတော်လို့ သခင်လေး ဆို့နင်သွားရင်ဘယ်လိုလုပ်မလဲ”

ရှီချင်းယင်မှာ မီးသေတော့မည့် ဖယောင်းတိုင်လိုဖြစ်နေသည်။ “မြန်မြန်ပို့ပေး....”

“ခွဆွန်းပေါင်မုန့်လား” ဒါရိုင်ဘာမှာ ပို၍ပင် ကြောင်တောင်တောင်ဖြစ်လာသည်။ “ကျွန်တော်ခုချက်ချင်းသွားဝယ်ပေးရမလား၊ ဒီနားမှာတော့ ဘာ ပေါင်မုန့်ဆိုင်မှ‌တော့မရှိဘူး၊ ၁၅ မိနစ်လောက်တော့ကြမယ်”

ရှီချင်းယင် : “…………”

ယွဲ့မိသားစု: “…………”

တစ်ရက် ရှီချင်းယင် သေသွားခဲ့လျှင် သူ့ဒါရိုက်ဘာလက်ချက်ကြောင့်သာဖြစ်လိမ့်မည်။

အချက်ပေးဥဩသံနှင့်တကွ အရေးပေါ်ကား ရောက်ရှိလာခဲ့သည်။ ရှီချင်းယင်မှာ ဒေါင်လိုက် ရောက်လိုက်ပြီး တစ်နေကုန်ပွင့်နေသော မျက်လုံးများမှာ ပိတ်ကျသွားပြီး လဲလျောင်းလျက် စံချိန်တင်အချိန်ဖြင့် ဆေးရုံသို့ အမြန်ပြန်ရောက်သွား၏။

အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် အရေးပေါ်ကားပေါ်သို့သယ်သွားခံရသော သူ့ကို ယွဲ့မိသားစု၀င်များမှာ တိတ်တဆိတ်သာကြည့် နေခဲ့သည်။

ခဏအကြာ၌…

လီမိန်ကျူက ပဟေဠိအမူအရာဖြင့် "ရှရှ ခုလေးတင်သူ့ကိုကန်လိုက်တာ သမီးလား"

ယွဲ့ရှက စဉ်းစားလိုက်ပြီး ကန်လိုက်သူမှာ System ဖြစ်သောကြောင့် သူမက လျင်မြန်စွာ ခေါင်းခါလိုက်သည်။ " မဟုတ်ပါဘူး"

လီမိန်ကျူ : " ရှောင်ချင်းကတော့ မဖြစ်နိုင်ဘူး"

" ဘာလို့ သား ဖြစ်နိုင်မှာလဲ၊ သားက သူ့ရှေ့မှာ ရှိနေတာလေ" ယွဲ့ချင်းက အလန့်တကြား ပြောလာသည်။

" သူက ငါ့ကိုရုတ်တရက်ကြီး ခုလိုလက်ဆောင်ကြီးကြီးလာပေးတော့ သူငါ့ကို အဖေဆိုတာသတ်မှတ်လိုက်ပြီထင်နေတာ"

လီမိန်ကျူက ယွဲ့တဲ့လျန်ကိုကြည့်လိုက်ပြီး ' ထားလိုက်တော့ မေးဖို့မလိုတော့ဘူး' ဟု တွေးပြီး ယွဲ့တဲ့လျန်ကိုဖယ်လိုက်ပြီးနောက် အဆုံးသတ်သို့ ရောက်လာသည်။

"အဲ့ဆို ရှီချင်းယင်က ဒီလို ခွေးဝဲစားအခြေအနေရောက်အောင် သူ့ဘာသာသူ လုပ်လိုက်တာပဲနေမှာ"

"သိပ်တော့မဖြစ်နိုင်ပေမယ့် ငါ အဲ့လိုပဲခံစားရတယ်"

"ဟုတ်တယ်" ယွဲ့တဲ့လျန်က အမူအရာမဲ့စွာ မှတ်ချက်ပေးလာသည်။ " ရယ်တော့ ရယ်ရသား"

လူတိုင်း ငြိမ်သက်သွားကြသည်: “…………”

သုံးစက္ကန့်အကြာ၌ ယွဲ့မိသားစု၏ ဥယျာဉ်သေးသေးလေးထဲမှာ ရယ်သံများကျယ်လောက်စွာ ထွက်လာ တော့သည်။ “ဟားဟားဟားဟား......”

ကျန်းရှုယောင်သည် လူတိုင်းမျှော်မှန်းသည့်အတိုင်းလုပ်နိုင်ခဲ့သည်။ သူမအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည့် ပဏာမပွဲကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့၏။

ရလဒ်များထွက်လာသည်နှင့်တစ်ပြိုင်နက် သူမသည် ယွဲ့ရှထံ ဗီဒီယိုကောလ် ခေါ်လိုက်ပြီး လက်များတုန်ရီလျက် “ ရှရှ၊ ငါလေ ငါလေ အစမ်းပွဲမှာ တကယ်ကြီး ပထမရသွားတယ်”

ထိုစကားများပြောနေစဉ် သူမ ကိုယ်တိုင်ပင်လျက် သူလုပ်နိုင်ခဲ့သည်ကိုမယုံနိုင်သေးပေ။

ယွဲ့ရှမှာ အံ့ဩပြီးမျက်လုံးပြူးလာချိန် ဘေးနားမှာ ခြေလှမ်းသံများထွက်လာပြီး လီမိန်ကျူ၏မျက်နှာတစ်ဝက်သည် သူမ နောက်မှပေါ်လာသည်။ “ရှောင်ကျန်းက တော်လိုက်တာ”

“အစမ်းပွဲမို့လို့ပါ၊ အဲ့လိုပြောဖို့က စောလွန်းသလိုပဲ” ကျန်းရှုယောင် က ရှက်ရှက်ဖြင့် ဖုန်းကိုမြှောက်လိုက်ပြီး နားရွက်များကိုဝှက်ထားပြီး မျက်နှာတစ်ဝက်ကိုသာပြလာသည်။ “ဒါပေမယ့် သမီး အန်တီတို့ကို ချက်ချင်းပြောပြချင်လို့”

ယွဲ့မိသားစုတွင် နေထိုင်ခဲ့သည့် တစ်လျှောက်လုံး သူတို့မိသားစုကြားရင်းနှီးမှုသည် အနည်းငယ်ထူးဆန်းကြောင်း သူမ သိခဲ့ရသည်။

လီမိန်ကျူနှင့်ယွဲ့တဲ့လျန်သည် သူတို့ကလေးများကို ချီးကျူးရန်ဝန်မလေးကြပေ။ ယွဲ့ရှ သူတို့၏အိမ်မွေးဘဲကို ရေချိုးပေးစဉ်ကလည်း ယွဲ့ရှ၏ဘဲလည်ပင်းကိုင်ပုံကိုင်နည်းကို လီမိန်ကျူ က ချီးကျူးနည်းမျိုးစုံဖြင့် ချီးကျူးခဲ့သည်။ ချီးကျူးစကားတစ်ခွန်းစီတိုင်းသည်လည်း သေသေချာချာ စဉ်းစားထားခြင်းဖြစ်သည်။ ထိုချီးကျူးစကားများကိုကြားပြီးနောက် ယွဲ့ရှမှာ မိုးပေါ်တက်လုနီးနီးဖြစ်သွားသေး၏။

“ကောင်းလိုက်တာ၊ ပြိုင်ပွဲကောကျန်သေးလား” ယွဲ့ရှလည်း တိုးဝင်လာပြီးမေးလိုက်သည်။

ကျန်းရှုယောင်က ခေါင်းညိတ်ပြလိုက်သည်။ “အွမ်း”

အစမ်းပွဲကိုအောင်ခဲ့သူတိုင်းသည် နောက်ဆုံးပွဲကိုပြိုင်ရန် ဌာနချုပ်တွင် တစ်ပတ်ထပ်နေရမည်ဖြစ်သည်။ သူမသည် ယခင်က သူစိမ်းအများကြီးနှင့် ဤကဲ့သို့နေရာတွင် မနေဖူးပေ။ လူတိုင်းတွင် အရှိန်အဝါအပြည့်ရှိသည်။ ကျန်းရှုယောင်မှာ အနည်းငယ်စိတ်လှုပ်ရှားနေပြီး အမှားတစ်ခုခုလုပ်မိမည်ကိုစိုးရိမ်နေမိသည်။

သူမက သူမ၏စိုးရိမ်မှုများကို ယွဲ့ရှကိုပြောပြလာသည်။

ယွဲ့ရှ : “ဘာမှမစိုးရိမ်နဲ့ ငါ့မှာ အဖြေရှိတယ်”

ဖုန်းချပြီးနောက် ကျန်းရှုယောက်သည် ယွဲ့ရှ ကိုယ်တိုင်ထောက်ခံပေးလားသည် WeChat အကောင့် ကိုရရှိလာသည်။

[ရှရှ]:[ ဉာဏ်ပညာနဲ့ အတွေ့အကြုံရှိတဲ့သူက အလိုလိုနေရင်းကိုဆွဲဆောင်မှုရှိတာ၊ သူက ဝမ့်ရှစ်ယာ လေ သူနင့်ကိုတွေ့ချင်နေတာကြာပြီ၊ အမှားလုပ်မိမှာစိုးရိမ်ရင် သူ့သူငယ်ချင်းအသိုင်းအဝိုင်းထဲသွားပြီး လေ့လာလို့ရတယ်၊ အရမ်းအသုံးဝင်တယ်၊ လက်မထောင် အီမိုဂျီနှစ်ခု!!!!!!]

“တကယ်လား”

ကျန်းရှုယောင် ဝမ့်ရှစ်ယာ၏ friends list ကို မျှော်လင့်တကြီး နှိပ်လိုက်သည်။

【ငါ့ကိုလက်ညိုးထိုးတဲ့ကောင်တွေကို ငါပြောပါဦးမယ် နင့်တို့က ဘယ်သူ့ကိုလာလက်ညိုးထိုးနေတာလဲ】

[ နင်က လူတိုင်းကို ထိန်းချုပ်ပြီး သင်ပြချင်နေပေမယ့် နင့်ကိုယ်နင်ကို ထည့်မတွက်ထားဘူးထင်တယ် ငါ နင်ဘာကြိုက်လဲ စိတ်မဝင်စားဘူး၊ နင့်ဆီ နာခံမယ့်အစား ငါ့ကို အိမ်ထိလာပြီးသာ တက်ခုတ်သွားလိုက် လျှာထုပ်ပြအီမိုဂျီ ]

[ တစ်ရက်သုံးကြိမ် ငါ့သူငယ်ချင်းတွေနဲ့ ရိုင်းရိုင်းစိုင်းစိုင်းမနေရရင် ငါနေရတာက တကယ်ကို မပြီးပြည့်စုံဘူး ဟီးဟီးဟီး ]

[ နတ်ပြည်ပဲ တက်သွားလိုက်ပါလား ရော့ရော့ ဒီမှ နင့်အတွက် ဖယောင်းတိုင်ထွန်း‌ပေးမယ်လေ ရော့ ရော့ ဒီမှာ ဖယောင်းတိုင် အီမိုဂျီသုံးခု ]

ကျန်ရှိသော ၁၂၃၁ ခုမှာ ဖုံးထားခံရပါသည်။

ကျန်းရှုယောင် မျက်လုံးများမှာ တုန်ခါသွားသည် : “….?!!!!!!”

ကျန်းရှုယောင်၏အမြင်မှာ ဆက်တိုက်ပြောင်းလဲခံနေရချိန် ယွဲ့ရှ မှာ အိမ်တွင် လှဲလျောင်းရင်း ပျင်းရိမှုကြောင့် သေမလိုပင်ဖြစ်လာသည်။

All Chapters