← Chapters

အခန်း ၆၄

Vol. 5 Ch. 64

အခန်း ၆၄

Vol. 5 Ch. 64

အခန်း (၆၄)

ဆောင်းနှောင်းရာသီကုန်ဆုံးခါနီးလာပြီး နွေဦးဆို ခြေတစ်လှမ်းစလှမ်းလေသည်နှင့်အမျှ မနက်ခင်းအချိန်တွင် ချမ်းစိမ့်မှုမှာ ကျဆင်းလာသည်။ ယွဲ့ရှသည် ယခင်က ကျန်းရှုယောင်နှင့် ပြေးလေ့ရှိသော်လည်းယခုတွင် သူကိုယ်တိုင်ပျိုးထောင်ခဲ့သူမှာ ကိုယ့်ကိုကိုယ်ရပ်တည်လာနိုင်ပြီး ပြင်ပတွင် သူမဘာသာကြိုးစားနေသည်။ ယွဲ့ချင်းသည်လည်း လက်တလော အလုပ်များလာသည်။ မည်သူမှ သူမကို အနိုင်မကျင့်သော်လည်း သူမသည် ဆုံးခါနီး အသက်ကြီးလူကြီးတစ်ယောက်လို အထီးကျန်မှုကိုခံစားနေရသည်။

[ System ငါပျင်းလိုက်တာ ငါ့ကို ကာတွန်းပြပေး]

ပြတင်းပေါက်ဘောင်တွင် နေရောင်ခြည်ခံချက် လဲလျောင်းပြီး [ ငါတစ်ခုခုလုပ်ရင်ကောင်းမလား ]

System က အေးအေး‌‌ဆေးဆေး ပြောလာသည်။ [ နင့်ရဲ့ အကောင့်က အခုဆို ဖော်လိုဝါ ၂သိန်းတောင် ရှိနေပြီလေ ]

ကျွင်းရှောင်ဟန်နှင့်ကိစ္စသည် အစတွင် ပြဿနာများစွာဖြစ်ခဲ့သော်လည်း သူမသည် သူ့ကို လူတိုင်းကြည့်ပျော်သည့် သွေးထွက်သံယိုမဖြစ်ဆုံးနည်းလမ်းဖြင့် ပြန်ချနိုင်ခဲ့သည်။ သူတို့ အကောင့်ထဲသို့ ဝင်ကြည့်သောအခါ သေချာစွာရိုက်ယူထားသော ဓာတ်ပုံများကို တွေ့ရပြီးနောက် ဖန်တချို့မှာနေခဲ့ပြီး ဖော်လိုခဲ့ကြသည်။

ယွဲ့ရှ : [အော် ]

System :[ မပျော်ဘူးလား၊ နင့်အလုပ်က လုံးဝ အဆင်ပြေတော့မှာလေ ]

[ဟင့်အင်း ] ယွဲ့ရှသည် ပြတင်းပေါက်တံခါးကိုဖွင့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ [ ခုတလော ငါ့စိတ်အခြေအနေသိပ်မကောင်းဘူ၊ ဘာမှကိုလုပ်ချင်စိတ်ရှိမနေဘူး ]

System : [ ရှီချင်းယွမ်က ခု ဆီးတောင်မသွားနိုင်တော့လို့ ဆီးသွားအိတ်ကိုသုံးနေရတာလေ ]

ယွဲ့ရှသည် ရယ်ရလွန်းသောကြောင့် လှိမ့်ကျမလိုပင် ဖြစ်သွားသည်။ [ဟားဟားဟားဟားဟား]

သူမသည် System ကို ဗီဒီလိုပြခိုင်းလိုက်ပြီး အသက်ပင်ရှုရခက်ခဲနေသော ရှီချင်းယင်၏ ပုံစံကိုကြည့်လိုက်သည်။ သူ၏ ရှေ့သွားတစ်ဝက်ခန့်မှ ကျိုးနေသည်ကို သူမသိခဲ့ပြီး သူမသည် ရှီချင်းယင်၏နာကျင်မှုကြည့်ရခြင်းကို ကာတွန်းကားကြည့်ရသည်ထက် အစတစ်ရာပိုကြိုက်သည်။

[ စောစောစီးစီး အိုနာကျိုးကန်းဖြစ်နေတာ ကောင်းတာပေါ့ ]

System သည် သူမ ခေါင်းပေါ်တွင် မကောင်းဆိုးဝါးဂျိုများ ပေါက်နေသလိုခံစားရပြီး စကားတစ်ခွန်းပင်ပြန်မပြောရဲပေ။ ရှီချင်းယင်ကို နောက်တစ်ခါကြည့်ပြီးနောက် သူ့ပုံစံသည် လွှမ်းမိုးနိုင်စွမ်းရှိသော CEO နှင့်မတူတော့ဘဲ အိမ်ယာပိုင်ရှင်၏ခပ်တုံးတုံးသား တစ်ယောက်နှင့်တူလာသည်။ ကျောက်ခဲကဲ့သို့မာကျောသောSystem၏နှလုံးသားမှာ သူ့ကိုအနည်းငယ်သနားမိသည်။

‘တစ်စက္ကန့်ခန့်ငြိမ်သက်ပေးပါ။

မင်းယွဲ့ရှကို တွေ့တာက တကယ်ကံဆိုးတာပဲ။

ဒါပေမယ့် အဲ့ဒါက ငါကောပဲထင်ပါတယ်’

System ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ယွဲ့ရှသည် ဆက်ပျင်းနေ၍မရဟု ခံစားရပြီးနောက် ကွန်ပျူတာကိုဖွင့်လိုက်ပြီး အကြာကြီး မကစားဖြစ်သောဂိမ်းကိုကစားနေလိုက်သည်။

သူမ ဂိမ်းထဲဝင်ပြီးမကြာခင် ဝမ့်ရှစ်ယာ၏စာရောက်လာသည်။

[ရှစ်ယာ]: အမ ကစားဖော်လိုလား၊ သုံးယောက်တစ်ယောက်ဆိုတော့ ညီမတို့နိုင်ရင် အမက အသန်မာဆုံးပဲ၊ ညီမတို့ရှုံးရင် ညီမအပြစ်ပဲ၊ အမက ချောလည်းချောတယ် အသံလည်းချိုနေတာပဲ ညီမကိုခေါ်သွားပေးပါ ]

ယွဲ့ရှ : “....”

[နွေဦးအလွန် ]: ဒါက ဘာမွန်စတားကြီးလဲ ကိုယ်ထင်ပြစမ်း

[ရှစ်ယာ]: အမက အမြဲ အစဆို အရမ်းဟန်ဆောင်တာပဲ >///<

သူမသည် ဝမ့်ရှစ်ယာကို အဖွဲ့ထဲ ဆွဲခေါ်လိုက်ပြီး တစ်ဖက်လူမှ သူဂိမ်းထဲဝင်လာသည်ကို မည်သို့သိသနည်းနှင့်ပတ်သတ်ပြီး ကြောင်တောင်တောင်ဖြစ်နေသည်။

[ရှစ်ယာ ]: အမကို အထူးဖော်လိုဝါအနေနဲ့ထည့်ခဲ့တဲ့သူတိုင်း နိုတီရတယ်လေ၊ ဒါပေမယ့် အမ အဲ့တာကိုပိတ်ထားဖို့လိုမယ် ဘာလို့ဆို သူစိမ်းတွေ အမ အကောင့်ကိုဝင်ကြည့်လို့ရတယ်၊

ယွဲ့ရှမှာ မပိတ်ထားမှန်း ခုမှ သိသည်။ သို့သော် သူမ နောက်ကျသွားပုံပင်။

နာမည်ကြီးများသည် စခရင်‌ရှော့ရိုက်ရာတွင်လွန်စွာမှမြန်ကြသည်။ သူမ၏ ၈၅% နိုင်နှုန်းနှင့် အဖွဲ့နာမည်များမှာ စခရင်‌ရှော့အရိုက်ခံလိုက်ရလေပြီ။ ထို့နောက် လူတိုင်းသည် မူလတန်းကျောင်းသူနှင့်တူသော အကောင့်‌နာမည် [ မင်းသမီးယောင်ယောင် ] ကိုမြင်ပြီး တွေးမိသွားတော့သည်။

‘အဲ့ဒါကျန်းရှုယောင် မဖြစ်နိုင်ဘူးမလား’

【System 】ယွဲ့ရှမှာ အတွေးလွန်နေသည်။ 【 ငါ ဂိမ်း live လွှင့်ရင် လူတွေကြည့်ကြမယ်လို့နင်ထင်လား】

[ live လွှင့်တာက ထင်သလောက်မရိုးရှင်းဘူး၊ နင့်ဟာကို လူတွေလာကြည့်လာနိုင်ပေမယ့် ကျော်ကြားလာမယ်လို့ ထင်လို့မရဘူး]

System သည် အကြံဉာဏ်ရှာပေးသည့်အခါတိုင်း လေးနက်သည်။ [ ပြီးတော့ နင် ဇာတ်ကောင်လည်းတည်ဆောက်ဖို့လိုတယ်၊ လူများများလာကြည့်စေချင်ရင် အခြားသူနဲ့ကွဲပြားနေမှရမယ် နင် ပထမဆုံးတစ်ခါတည်းနဲ့လုပ်နိုင်မယ်ထင်လား ]

ယွဲ့ရှသည် လက်ဆောင်ပေးသည့်စနစ်ကို ပိတ်လိုက်သည်။

System: [နင်ဘာလုပ်နေတာလဲ]

ယွဲ့ရှ : [ငါဘာလုပ်ရမှာလဲ လက်ဆောင်ပို့လို့မရအောင်လုပ်တာပေါ့]

System: [ပိုက်ဆံ တစ်ပြားနှစ်ပြားကလည်း ပိုက်ဆံပဲလေ]

ယွဲ့ရှက လည်ချောင်းရှင်းလိုက်ပြီး [ ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်]

System: [အဲ့ဆိုနင်ပိတ်ထားတာက]

ငါ လူကိုသာ အဲ့လိုကျေးဇူးတင်မယ်ဆို အခြေအနေတွေတင်းမာလာလောက်တယ်။

ဝမ့်ရှစ်ယာ အကြံကို ရပြီးနောက် ယွဲ့ရှသည် live လွှင့်ရန် အခန်းလုပ်လိုက်သည်။ ယင်းသည် ပြဿနာများဖြစ်ပြီးနောက် သူမ၏ပထမဆုံးအကြိမ် active ဖြစ်လာခြင်းဖြစ်သည်။ လူတော်‌တော်များများလာကြည့်ကြသော်လည်း ဂိမ်းစခရင်ကိုမြင်သောအခါ အကုန်ကြောင်သွားကြသည်။

‘သူက ဖက်ရှင်အကြောင်းပြောသူမဟုတ်ဘူးလား’

‘ဘာလို့ရုတ်တရက်ကြီးဂိမ်းထကစားတာလဲ’

ဝမ့်ရှစ်ယာသည် ၎င်းကိုနေ့တိုင်းမျှော်လင့်ခဲ့ရပြီး နောက်ဆုံးတွင် ယွဲ့ရှနှင့် ထပ်မံစကားပြောခွင့်ရခဲ့လေပြီ။ သူတို့နှစ်ယောက်သည် ချန်နယ်တစ်ခုတည်းဖြစ်သည်။ သူမသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ပါးစပ်ထဲမှ ပေါက်တက်ကရအကုန်ထွက်လာတော့သည်။ “ညီမက သေနတ်ပစ်မှာ ပထမတန်းပဲ၊ ပြေးတာနဲ့ နေရာယူတာမှာလဲကျွမ်းတယ်၊ စနိုက်ပါကိုလည်း သေချာပစ်နိုင်တယ်၊ တစ်ချက်မှမလွတ်စေရဘူး၊ အမ ကစားချင်တဲ့ဂိမ်းကစားလို့ရတယ်”

ယွဲ့ရှသည် ခဏတာခန့်စဉ်းစားနေပြီးနောက် “Fall Guys ကစားကြတာပေါ့”

ဝမ့်ရှစ်ယာ : …………………………ညီမ အခြားတစ်ခုသွားကစားလိုက်ဦးမယ်

သူမသည် နောင်တများဖြင့်ထွက်သွားရသည်။

ယွဲ့ရှသည် “?”၊ “ဘာဖြစ်နေတာလဲ”၊ “တစ်ယောက်ယောက်ဝင်လာတာလား”၊ “မျက်နှာဘာလို့မပြတာလဲ”၊ တရစပ်မေးခွန်းများကို လျစ်လျူရှုလိုက်ပြီး Fall guys ဂိမ်းထဲသို့ဝင်လိုက်သည်။

System မှာသူမသည် စမ်းချင်ရုံသာဟု အမြဲတွေးခဲ့သည်။

လူသစ်အနေဖြင့် စတင်ခြင်းမှာ အမြဲမလွယ်ကူသော်လည်း ယွဲ့ရှ၏ပုံစံကြောင့်လား မသေချာသော်လည်း သူမသည် အ‌ရွေးချယ်ခံရသူနှင့်တူနေပုံပေါ်သည်။

ယခင်က ပျော်စရာကိုသာ တောင်းတသော အင်တာနက်အသုံးပြုသူများသည် စိတ်မရှည်ကြပေ။ သူတို့ထွက်သွားခါနီးတွင် ရုတ်တရက် ယောက်ျားတစ်ယောက်၏ဆွဲဆောင်မှုရှိသောအသံသည် အဖွဲ့မိုက်ခရိုဖုန်းမှ ထွက်လာခဲ့သည် ။ “ကလေးလေး”

နောက်မှလိုက်လာသည့်အသံမှာ မိန်းမတစ်ယောက်၏ချစ်စဖွယ်အသံဖြစ်သည်။ “မုန်းနေပြီလား လူတွေအများကြီးကျန်သေးတာကို”

ပွဲကြည့်သူများ: “?”

ယွဲ့ရှ : “?”

‘အဖွဲ့ထဲမှာ လူသုံးယောက်ပဲရှိတာလေ မဟုတ်မှ သူနာမည်က “လူတွေအများကြီးလား”’

သို့သော် သူမသည် ဂိမ်းကို အမြဲတမ်း အလေးအနက်ကစားခဲ့သည်။ ပန်းရောင်ကောင်သေးသေးလေးကို ကိုင်ပြီး ရှုပ်ယပ်ခပ်နေသောတိုက်ပွဲကိုတိုက်ခိုက်နေခဲ့သည်။ တစ်ချိန်လုံး ထိုစုံတွဲသည် မသတီစရာကောင်းအောင်ချွဲကြိနေခဲ့ကြ၏။

“ကလေးကို မတွေ့ရတာ နှစ်နာရီတောင်ရှိပြီ အရမ်းသတိရတာပဲ”

“ကိုကိုက အရမ်းကပ်တာပဲ”

“သေချာသန့်ရှင်းပြီး ကိုကို့ကိုညကျ အိမ်မှာစောင့်နေနော်”

“ရှက်စရာကြီး အခြားသူတွေရှိတာကို”

အခြားသူများ: “……”

ဂိမ်းကစားနေသောကြောင့် သူမ၏အလိုလိုတက်နေပြီးသား သွေးဖိအားမှာ ထိုစကားများကြောင့် ပေါက်ထွက်သွားတော့သည်။

[နင်တို့မှာ ကိုယ်ပိုင် အကောင့်မရှိဘူးလား!]

[ငါတော်‌တော်လက်သီးယားနေပြီနော်]

[Stream တဲ့သူ အသံပိတ်ပေးထားလို့ရမလား ဒါက ဂိမ်းကစားတာကို တော်တော်အနှောင့်အယှက်ပေးတယ် ]

သို့သော် ယင်းမှာ အရေးကြီးဆုံးအပိုင်းမဟုတ်ပေ။ နောက်ဆုံးအဆင့်သည့် အဖွဲ့ဝင်များ၏ ပူးပေါင်းမှုကိုလိုအပ်သည်။ ယွဲ့ရှသည် ပေါင်းစည်းထားသောအမြွှာကိုတံတားကူးဆောက်ပေးလိုက်ပြီး တံခါးဖွင့်ပေးလိုက်သည်။ သူမ အာရုံစိုက်နေစဉ် တစ်ဖက်မှ ကောင်မလေးသည် ရုတ်တရက် မိုက်ခရိုဖုန်းကိုဖွင့်လိုက်ပြီး ဒေါသတကြီးပြောလာသည်။ “ယွဲ့ရှ နင်ဘာဖြစ်ချင်နေတာလဲ”

ယွဲ့ရှမှာ နာမည် အခေါ်ခံလိုက်ရသောကြောင့် ကြောင်သွားသည်။ “ဟမ်”

မိုက်ခရိုဖုန်းသည် အသံကိုသေချာဖမ်းယူနိုင်သောကြောင့် သူမ၏အံ့ဩသံကိုသေချာကြားနေရသည်။

သူမ၏အသံသည် တောင်ကျရေကဲ့သို့ကြည်လင်လှပြီး ချိုလည်းမချိုသလို အေးလည်းမအေးစက်သောကြောင့် နားထောင်လို့ကောင်းသည်။

“နင်က အစကတည်းက ငါ့ရည်းစားနားကို ကပ်တွယ်နေတာ၊ နင်ဟိုဘက်ကိုသွားလို့မရဘူးလား၊ နင်သူ့ကို မဖြစ်မနေကပ်တွယ်ဖို့လိုလို့လား ရွံ့စရာကောင်းလိုက်တာ”

ထိုမိန်းကလေးသည် ယခုစကားပြောချိန်တွင် အသံသည် ချိုသာမနေပေ။ “ဂိမ်းပဲကစားစမ်းပါ သူများရည်းစားကို စိုက်ကြည့်မနေနဲ့ နင့်ဟာမဟုတ်တဲ့ဟာကိုလိုချင်မနေနဲ့ဟဲ့ ကြားလား”

နောက်တစ်ယောက်က အလောတကြီးရှင်းပြလာသည်။ သူသည် ဗလုံးဗထွေးပြောနေခြင်းကိုပင် မထိန်းနိုင်တော့ပေ။ “ကလေးလေး စိတ်ဆိုးပါနဲ့ ကိုယ်လည်း သူ့ကို လျစ်လျူရှုထားတာ ကလေးလည်းတွေ့တာပဲလေ”

ယွဲ့ရှ: “………………”

Live လွှင့်သည်ကိုကြည့်နေကြသာ သူများသည် သုံးစက္ကန့်ခန့် ငြိမ်သက်နေကြပြီးနောက် ဝက်ဝက်ကွဲအောင်ရယ်ကြတော့သည်။

[သူတော်‌တော်သည်းခံနိုင်တာပဲ ဒီလိုဟာကိုတောင်သည်းခံနိုင်တယ်]

System မှာ ယွဲ့ရှသည်းခံနိုင်သည်ဆိုသည့် စာကိုမြင်သောအခါ နောက်ကမ္ဘာကို ရောက်သွားသလိုပင် ခံစားလိုက်ရ၏။

ယွဲ့ရှမှာ အရာအားလုံးကိုလက်ခံလိုက်သည့်အတိုင်း ဘာမှပြန်မပြောလာပေ။ ထိုမိန်းမသည် အနိုင်ရသွားသလိုခံစားရပြီး ဂိမ်းထဲကိုပြန်အာရုံစိုက်လိုက်သောအခါ သူမ အသက်ရှင်နေသေးကြောင်းကိုရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် သူမ ချစ်သူမှာ သူမ မသိခင်မှာပင် သေသွားပြီဖြစ်သည်။ သူမသည် မျက်နှာပြောင်ပြောင်ဖြင့် ယွဲ့ရှနားကိုကပ်ပြီး ဆက်ကစားနေခဲ့သည်။

သူမ ကစားလေ ကစားလေ ယွဲ့ရှ၏စကေးမှာ အလွန်ကောင်းကြောင်းသိလိုက်ရသည်။ ကစားပွဲပြီးခါနီးတွင် သူမ၏ စိတ်လှုပ်ရှားပြီး စခရင်ရှော့ရိုက်မည့်အချိန်၌ စခရင်တစ်ခုလုံးမဲသွားသည်။ ကစားပွဲပြီးခါနီးခြေနှစ်လှမ်းသာလိုချိန်တွင် ယွဲ့ရှသည် သူမကို ကန်ထုပ်လိုက်သည်။

“?!” သူမ အငိုက်မိသွားပြီး ထအော်တော့သည်။ “နင်ရူးနေတာလား”

“နင်ဘာဖြစ်နေတာလဲ၊ ငါလည်း နိုင်ချင်တယ်ကွ နားလည်ရဲ့လား”

ယွဲ့ရှသည် မိုက်ခရိုဖုန်းကိုဖွင့်လိုက်ပြီး သင်ခန်းစာပြလိုက်တော့သည်။ “ နင့်ရည်းစားသေပြီးတာတောင် နင်က နိုင်ချင်သေးတယ်ပေါ့လေ၊ နင်ကိုယ်နင် ရည်းစားကောင်းလို့ကော သတ်မှတ်လို့ရသေးရဲ့လား”

All Chapters