← Chapters

အခန်း ၆၅

Vol. 5 Ch. 65

အခန်း ၆၅

Vol. 5 Ch. 65

အခန်း (၆၅)

တစ်ဖက်လူမှာ တော်‌တော်ကြာသည်အထိ ဆွံ့အနေပြီး ပြန်ပြောချင်သော်လည်း ယွဲ့ရှမှာ တည်ငြိမ်စွာ ဂိမ်းကို အသံပိတ်လိုက်သည်။

ပထမနေရာအနိုင်ရရှိပါသည်။

【မြက်】

【မှော်ကိုတိုက်ဖို့မှော်နဲ့ပြန်ချတာဟ】

[ရယ်ရတာသေတော့မှာပဲဟာ ဟား ဟား ဟား ဟား ဟား ဟား]

[မေးမလို့ သူက ဘယ်အပိုင်းက ဘလော့ကာလဲ]

[ဂိမ်းကိုစပါတော့ ကျေးဇူးပြုပြီး ငါကြည့်ချင်နေပြီ]

System အစည်းအဝေးမှပြန်လာသောအခါ ကြည့်ရှုနှုန်းမှာ အစထက် ငါးဆနီးပါးတက်လာသည်ကိုတွေ့လိုက်ရပြီးဆွံ့အသွားတော့သည်။“?”

‘ ဘာတွေဖြစ်ကုန်တာလဲ’

“သူဌေး တကယ်ပိတ်တော့မှာလား”

ရှေ့တွင် ပုံမှန်အတိုင်း ယာဉ်ကြောပိတ်ဆို့မှုရှိနေပြီး ကားထဲတွင် ဟာသစကားပြောသံမှာ ပဲ့တင်ထပ်နေသည်။ ဒါရိုက်ဘာမှာရယ်နေသော်လည်း အားပါးတရတော့မရယ်ဝံ့ပေ။ သူသည် သူကိုယ်သူ နောက်ကြည့်မှန်ကိုကြည့်ရန် တွန်းအား‌ပေးလိုက်ချိန် မျက်နှာအမူအရာကင်းမဲ့စွာ အပြင်ဘက်ဆို ကြည့်နေသာ ရှီယွမ်ကျန်းမှာ ရုတ်တရက်လန့်သွားသည်ကိုတွေ့လိုက်ရသည်။

‘ဘယ်လိုလို့ဖြစ်နိုင်မှာလဲ ဒီကမ္ဘာကြီးမှာ ဟာသပြောတာကို မရယ်တဲ့သူတကယ်ရှိတယ်လား’

သို့သော် ရှီယွမ်ကျန်းတွင် ကောင်းသည်တစ်ချက်ရှိသည်။ ယင်းမှာ သူကိုယ်တိုင် တော်တန်ရုံမရယ်သော်လည်း တစ်ပါးသူရယ်မောခြင်းကိုတော့မတားဆီးပေ။ “ရတယ် ဆက်ဖွင့်ထားလိုက်”

ဒါရိုက်ဘာမှာ သခင်၏အတွေးအမှန်ကို ခန့်မှန်းရန်ကြိုးစားနေသည်ကို သူ့မျက်နှာပေါ်တွင် အထင်းသားတွေ့ရှိနိုင်သည်။ သို့သော် သူသည် ဘာမှ ဆက်မပြောနိုင်တော့ပေ။ထို့ပြင် သူသည် ကြိုတင်ကာကွယ်သည့်သဘောဖြင့် ကား၏အသံပေးစနစ်ကိုပါ ပိတ်လိုက်သည်။

ကားမှာ ရုတ်တရက်တိတ်ဆိတ်သွားပြန်သည်။

အရင်တစ်ခေါက်သူကားထဲဝင်လာစဉ်က ကား၏ရေဒီယိုမှ ပွင့်နေခဲ့သောကြောင့် သူသည် လန့်ဖြန့်ပြီး သူ၏ဒေသိယသီချင်းရေဒီယိုသံစဉ်များကို သူဌေးကြားသွားသလားဟု တွေးမိသွားသည်။ သို့သော် ထိုစဉ်က ကားမောင်းနေစဉ် ရှီယွမ်ကျန်း အနောက်မှပြောလာသည်ကိုသူကြားလိုက်ရသည်။

“သီချင်းပြောင်းလိုက်”

ဒါရိုက်ဘာ : “?”

ရှီယွမ်ကျန်းက “အသံတစ်ခုခုဖွင့်ထားတာလဲကောင်းပါတယ်” ဟု ပြောလာသည်။

ဒါရိုက်ဘာ : “.....”

‘ကမ္ဘာကြီးကို ဥက္ကာခဲလာတိုက်သွားတာလား’

ထိုချိန်မှစ၍ သူသည် ညပိုင်းရေဒီယိုအစီအစဉ်၊ ဂန္တဝင်တေး၊ ရာသီဉတုကြေငြာချက်၊ စကားဝိုင်းများ အစသဖြင့် ချန်နယ်ပေါင်းမျိုးစုံကို စမ်းကြည့်ခဲ့သည်။ သို့သော် ရှီယွန်းကျန်း၏တုန့်ပြန်မှုမှာမထူးခြားပေ။

သူကြိုက်လား မကြိုက်လားကိုလည်း မသိရပေ။ အနည်းငယ်အဆင်ပြေသည့် တစ်ခုတည်းသောအစီအစဉ်မှာ နူးညံ့ပြီး နားထောင်ကောင်းသော မတိုးမကျယ်ဖွင့်ထားသော ဂန္တဝင်တေးဖြစ်သော်လည်း ၎င်းသည်လည်း သိပ်မထူးပေ။

ယင်းမှာ ဒါရိုက်ဘာ၏ အနိုင်ရချင်စိတ်ကို တိုးမြင့်စေသည်။

‘သူဌေးလို လူငယ်လေးတစ်ယောက်ကြိုက်တာကို ဦးလေး မခန့်မှန်းနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး’

ဖုန်းမှာ တုန်ခါလာသောကြောင့် ရှီယွမ်ကျန်းသည် အလုပ်မှစာပို့သည်အထင်ဖြင့် ငုံ့ကြည့်လိုက်သော်လည်း တွေ့လိုက်ရသည်မှ ဆိုရှယ်မီဒီယာမှ နိုတီဖြစ်နေသည်။

[ သင် ဖော်လိုထားသော “နွေဦးအလွန်” မှာ live လွင့်နေပါသည်။ live ကိုလာပြီး အားပေးလိုက်ပါ ]

ရှီယွမ်ကျန်း: "..."

‘ဒီနိုတီတက်တာ ဒီတလောတည်းတင်ကို သုံးခါတောင်ရှိပြီကော’ ဟု အမူအရာမဲ့မဲ့ဖြင့် သူတွေးလိုက်မိသည်။

သူသည် ထိုကဲ့သို့ အကောင့်မျိုးကို မသုံးဖူးပေ။ သူသည် အကောင့်ဖွင့်စဉ်က နာမည်အစစ်ကိုသာသုံးခဲ့သည်။ သူ ပထမနိုတီကို ဖိလိုက်သောအခါ လိုင်းပေါ်ရှိနေသူမှာ ၂၉၃ ယောက်သာရှိသေးကြောင်းကိုတွေ့လိုက်ရသည်။ ယွဲ့ရှမှာ သူကြည့်နေသည်ကိုမြင်ပြီး အထင်လွဲမည်ဆိုသောကြောင့် သူသည် ချက်ချင်း ထွက်လာခဲ့လာလိုက်သည်။

ညနေ ငါးနာရီဖြစ်သည်။

ရှီယွမ်ကျန်းသည် ပါးစပ်စေ့ပြီး မည်သည့်စကားမျှ မပြောလာသော ရှေ့ခုံမှ ဒါရိုက်ဘာကိုလှမ်းကြည့်လိုက်သည်။

‘ကြည့်စရာလည်းမရှိမယ့်တူတူ နောက်ခံအသံအနေနဲ့ ဖွင့်ထားလိုက်ပါမယ်လေ’

ထိုအကြောင်းပြချက်မှာ အောင်မြင်သွားသည်။ ရှီယွမ်ကျန်း ဝင်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အကောင့်မှာ များပြားသောအကောင့်များအကြားနစ်မြုပ်သွားသည်။ သူကြည့်လိုက်သောအခါ ကြည့်ရှုသူမှာ ၄၂၅၃ ယောက်ရှိနေပြီဖြစ်သည်။ “?”

သူကြောင်သွားသည်။

‘ဒီသုံးရက်အတွင်း ဘာတွေဖြစ်ကုန်တာလဲ’

ဒါရိုက်ဘာကျန်းမှာမူ အခြားသော နားထောင်ကောင်းပြီး သဘာဝဆန်ဆန်နှင့်ငြိမ်းချမ်းသည့် အသံများထုတ်လွှင့်သည့် ရေဒီယို ချန်နယ်အကြောင်းစဉ်းစားနေစဉ် သူ၏သူဌေးဖုန်းထဲမှာ ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်။ “တောင်ပေါ်ညာဘက်မှာ သုံးယောက်၊ ငါဝှက်နေဦးမယ်”

ဒါရိုက်ဘာမှလန့်ဖြန့်သွားသည်။ “?’

‘အဲ့ဒါယွဲ့ရှအသံမဟုတ်ဘူးလား’

သူက အလန့်တကြားလှည့်ကြည့်လိုက်ချိန် ရှီယွမ်ကျန်းသည် ဖုန်းစခရင်ကို စိတ်ဝင်တစားကြည့်နေသည်ကိုတွေ့လိုက်ရသည်။

နောက်ထပ် ဒါရိုက်ဘာ ရင်းနှီးသော ချိုသာသောတု့န်ပြန်သံတစ်ခုပါထွက်လာသည်။ “ဟုတ်ပြီ”

‘ဘာလို့ သူ့အသံက ဝမ့်မိသားစုက မိန်းကလေးအသံနဲ့တူနေတာလဲ’

သူတို့နှစ်ယောက်သည် အသံချဲ့စက်သေးသေးလေးနှစ်ခုလို စကားကိုတတွတ်တွတ်ပြောနေကြ သောကြောင့် အသံဗလုံဆူနေပြီး ဒါရိုက်ဘာမှာနားအူလာတော့သည်။ သူဘေးဘက်ကို ကြည့်လိုက်သောအခါ သူဌေးမှာ တိတ်ဆိတ်နေဆဲကိုတွေ့လိုက်ရ၏။

ရှီယွမ်ကျန်းသည် ဖုန်းကို‌ဘေးနားတွင်ချထားပြီး လက်ပိုက်လျက် မျက်တောင်မှာ အနည်းငယ်တုန်ခါသွားပြီးနောက် မျက်လုံးကိုပိတ်လိုက်တော့သည်။

ဒါရိုက်ဘာမှ ခုံမှလျှောကျလုနီးနီးပင်ဖြစ်သွားသည်။ “...........”

‘အဲ့လိုအသံနဲ့ အိပ်နိုင်တယ်ပေါ့လေ!!!!!!!”

‘ပြီးတော့ အဲ့အသံကိုကြိုက်တာလား၊ ဦးလေးတော့ ဘာမှကိုမပြောချင်တော့ဘူး၊ သူဌေးက အရမ်းအန္တရာယ်များတာပဲ’

ပန်းနှစ်ပွင့် ပွင့်လာပြီး တစ်ပွင့်ချင်းစီက ၎င်း၏လှပမှုကိုယ်စီပြသနေကြသည်။

ယွဲ့ရှထင်သည်မှာ ကျန်းရှုယောင်သည် ပြိုင်ပွဲအတွက် သေချာပြင်ဆင်နေသည်ဟုပင်။ ထို့ပြင် ကျန်းရှုယောင်ကလည်း ယွဲ့ရှမှာ အိမ်တွင် ဘဲကို ပွတ်နေသည်ဟု ထင်နေသည်။ သူတို့နှစ်ယောက်လုံး ယင်းကဲ့သို့ အခြေအနေတွင်ရှိနေမည်ဟု မတွေးဖူးပင်။

ရှီချင်းယင် ဖုန်းဝင်လာသောအခါ ကျန်းရှုယောင်မှာ ခေါက်ဆွဲစားနေခြင်းဖြစ်သည်။ အခြားပြိုင်ပွဲဝင်များမှာ လက်မှာကော်ဖီတစ်ခွက်ဖြင့် အလုပ်များနေကြသည်။ သူမသည် ဆံပင်ကိုကလစ်ဖြင့် ဖာသီဖာသာတွယ်ထားသောကြောင့် ဆံပင်များမှာ ဖရိုဖရဲဖြင့် ဟိုတစ်စဒီတစ်စကျနေသည်။ အမည်မသိ ဖုန်းခေါ်ဆိုမှုကိုမြင်သောအခါ ချက်ချင်းကိုင်လိုက်ပြီး ခေါင်းငုံ့ပြီးပြောလိုက်သည်။ “ကျွန်မချက်ချင်းရောက်လာပါ့မယ်၊ နောက်နှစ်မိနစ်ပဲစောင့်ပေးပါ၊ တောင်းပန်ပါတယ်”

“ရှုယောင်” အသံမှာ မိန်းမအသံမဟုတ်ဘဲ ရှီချင်းယင်၏ အသံဩဩဖြစ်နေသည်။ “ငါတို့သေချာစကားပြောသင့်တယ်လို့နင်မထင်ဘူးလား”

သူသည် ခွဲစိတ်ခန်းဝင်ပြီး အနားယူနေစဉ် ချက်ချင်းဖုန်းဆက်လိုက်ခြင်းဖြစ်သည်။ သူသည် ကျန်းရှုယောင်ထံမှ ရှင်းပြမှုကို အလွန်လိုအပ်နေ၏။

ကျန်းရှုယောင်မှာစဉ်းပင်မစဉ်းစားတော့ပေ။ “ကျစ်”

ရှီချင်းယင်: “?”

‘ဟမ်?’

‘ဒါကဘာလဲ သူအခု ကျစ် လုပ်လိုက်တာလား၊ ငါပဲနားကြားမှားသွားတာလား’

ကျန်းရှုယောင်မော့ကြည့်လိုက်သောအခါ သူမ အဖွဲ့ဝင်များနှင့်မျက်လုံးချင်းစုံသွားသည်။ သူတို့သည် ပန်ဒါမျက်လုံးများဖြင့် အချင်းချင်းစိုက်ကြည့်နေကြသည်။ တစ်ဖက်လူမှာလည်း သူမနှင့် မတူမခြားမနားပင်။ သူမ မျက်နှာကိုကြည့်ရုံဖြင့်ပင် ပင်ပန်းမှုတို့ကိုမြင်နိုင်သည်။ သို့သော် သူမသည် ရင်းနှီးစွာ ပြုံးပြလိုက်သည်။ “အစည်းအဝေးမစခင် ငါးမိနစ်ရှိသေးတယ်၊ ငါနင့်ကို အစည်းအဝေးအခန်း အေမှာ စောင့်နေမယ်‌နော်”

ကျန်းရှုယောင်က နူးညံ့စွာခေါင်းညိတ်ပြလိုက်သည်။ တစ်ဖက်လူမှာ ဒေါက်ဖိနပ်သံဖြင့် ပျောက်ကွယ်သွားသည်။

UP ၏ အဆောက်အဦးထဲတွင် ဖိအားမှာ ပို၍ပင်ပြင်းထန်သည်။ အရေးကြီးသော အခြေအနေများတွင် ဒီဇိုင်းနာများသည် ဝတ်စုံကိုပြီးအောင်ချုပ်ရသည့်အပြင် လျှောက်လမ်းအတွက်ကိုပါ ခုနှစ်ရက်အတွင်းပြင်ဆင်ရသည်ကို ကျန်းရှုယောင် လုံးဝစိတ်ကူးမယဉ်ထားခြင်းဖြစ်သည်။ အကြောင်းမှာ နှစ်ရက်အတွင်း မအိပ်ဘဲ ယွဲ့ရှအတွက်ပြင်ဆင်ခဲ့သော ဂါဝန်မှာ အခြေခံဒီဇိုင်းရှိသေးသည်။ သို့သော် ကျန်းရှုယောင်မှာနေသားကျနေသော အခြားပြိုင်ပွဲဝင်များကိုတွေ့သောအခါ ဘာမှမပြောတော့ပေ။

အလုပ်စတင်ပြီး ဒုတိယနေ့ မနက်ခင်းတွင် သူမသည် ဖိအားဆိုသည်မှာ မည်သည့်အရာဆိုသည်ကို နားလည်သွားသည်။ သူမသည် စကားအမှားပြောမိမည်ကိုပင် မတွေးနိုင်တော့ပေ။

ဤနေရာမှ ကောင်မလေးများသည် စကားအနည်းငယ်ကို မြန်မြန်နှင့် တစ်ဖက်လူ နားလည်လွယ်အောင်သာ ပြောချင်ကြသည်။ သူတို့သည် စကားတစ်ခွန်းနှစ်ခွန်းသာ ပြောလိုကြသည်။

သူမ လုပ်ရမည့်တစ်ခုတည်းသောအရာမှာ အလုပ်များကျလာချိန် အဖွဲ့မမှားစေရန် နာမည်များကို မှတ်ရုံသာဖြစ်သည်။ သူသည် တစ်နေကုန် မျက်လုံးဖွင့်သည်မှပိတ်သည်အထိ တရစပ် အလုပ်များနေခဲ့သည်။ သူမ၏အိပ်မက်သည်ပင်လျှင် ဒီဇိုင်းပုံများဖြင့် ပြည့်နှက်နေသည်။ ရှီချင်းယင်မပြောနှင့် သူမသည် ယွဲ့ရှကိုပင် ဆက်သွယ်ချိန်မရှိခဲ့ပေ။ သူမ မအိပ်ခင် ယွဲ့ရှထံ ကြောင်အိပ်ပုံ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စတစ်ကာလေး ပို့ရုံသာလုပ်နိုင်သည်။

ကျန်းရှုယောင်သည် အချိန်ကို ကြည့်လိုက်သည်။ ရှီချင်းယင် ဖုန်း ခေါ်ချိန် လိုင်းမအားမည်ကို သူမ စိုးရိမ်သောကြောင့် မေးလိုက်သည်။ " ပြောစရာရှိလို့လား၊ ဘာ မေးစရာရှိလို့လဲ"

ရှီချင်းယင် : " နင်ဘယ်မှာလဲ ငါ့ကိုပြော၊ မဟုတ်ဘူး အဲ့ရက်က ဘာလို့ နင် ငါနဲ့ ပြန်မလိုက်တာလဲကို အရင်ရှင်းပြ"

" ရှီချင်းယင်" ကျန်းရှုယောင်က ခေါက်ဆွဲကို အလျင်စလိုစားရင် ဗလုံးဗထွေး ပြောလာသည်။ " ခုတ လော နင်ငါ့ကို ဖုန်း မခေါ်လို့ရမလား၊ ငါအလုပ်ကိစ္စတွေ နှောင့်နှေးတယ်"

အချိန်မရွေး ဖုန်းခေါ်လာနိုင်သောကြောင့် အစကတည်းက ကိစ္စများကိုရှင်းလင်း အောင်လုပ်ထားရမည်။

တစ်ဖက်မှာ တစွတ်စွတ်စားသံကို ရှီချင်းယင်ကြားပြီးနောက် ဒေါသ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထွက်လာပြီး နံရိုးပင် အောင့်ခါနီးပင်။ " ငါနင့်ကို စကားပြောနေတာလေ၊ နင်က စားနေတယ်ပေါ့လေ၊ ကျန်းရှုယောင် နင် ငါ့အပေါ် လေးစားမှု ကောရှိသေးရဲ့လား"

ကျန်းရှု‌ယောင်သည် ခေါက်ဆွဲနောက်ဆုံးတစ်လုပ်ကိုစားပြီး နောက် မြန်ဆန်စွာ အမှိုက်ကိုသိမ်းလိုက်ပြီး အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။

အမှန်အတိုင်း ပြောရလျှင် သူမသည် သူမ၏ အာရုံကို အခြားအရာများအပေါ်တွင်သာ အလုံးစုံ အာရုံစိုက်ထားမိသည်။ ရှီချင်းယင်နှင့်ပတ်သတ်ပြီး ဒေါသပင်မထွက်တော့ပေ။ သူမအနား တွယ်ကပ်နေသော အရိပ်မဲကြီးသည် အနေဝေးလာသည်နှင့်အမျှ ပျောက်ကွယ်သွားသည့်အတိုင်းပင်။ ထိုလူ အပေါ် သူမ မည်သည့်ခံစားချက်မျှမရှိတော့ပေ။ အခုတောင် သူမသည် သူမ၏အားအင်ကို ဒေါသထွက်ဖို့ အတွက် မသုံးချင်တော့သောကြောင့် စိတ်ပျက်စွာ ပြောလိုက်သည်။" ငါအလုပ်လုပ် တော့မယ်"

" အလုပ် နင်က ဘာအလုပ်ရှိလို့လဲ" ရှီချင်းယင်က လှောင်လိုက်သည်။

'ဒီဇိုင်းပြိုင်ပွဲပဲဟာ ပိုက်ဆံနဲ့တောင်၀ယ်လို့ရတာကို ဘာတွေ အလေးအနက်ထား နေတာလဲ'

" နင်ဖုန်းချရဲရင်ချကြည့်"

ကျန်းရှုယောင်က ယဉ်ကျေးစွာ ပြောလိုက်သည်။ "တာ့တာ"

ရှီချင်းယင်က ဒေါသတကြီး ပြောလာသည်။ " ကျန်း ရှု ယောင် !!!!! ယွဲ့မိသားစုမှာနေပြီးတော့ နင်က ငါ့ကို အဲ့လိုတောင် ပြန်ပြောတတ်နေပြီပေါ့လေ"

ကျန်းရှုယောင်:“…”

ကျန်းရှုယောင်မှာ ခဏတာခန့် ကြောင်သွားသည်။ သူမ၏ အဖွဲ့၀င်များ အစည်းအဝေးခန်းသို့ အလောတကြီးသွားနေသည်ကို ကြည့်ပြီး အနည်းငယ်စိတ်ရှုပ်ပြီး စိတ်ဖိစီးလာသည်။ ရက်ပေါင်းများစွာ သူမ ခေါင်းသည် အလုပ်အလုပ် အလုပ်နှင့်သာ ပြည့်နေခဲ့ပြီးနောက် စကားပြောရခြင်းအပေါ် ငြီးငွေ့လာတော့သည်။ ယွဲ့ရှ သူမကိုသင်ပေးဖူးသည့် စကားပြောနည်းကို သူမသတိရပြီး နောက် လက်တွေ့ကျင့်သုံးရန် ဆုံးဖြတ်လိုက်သည်။

ထို့သို့ဖြင့် ကျန်းရှုယောင်က တောင့်,တောင့်ကြီး ပြောလာသည်။

" နင်မကြိုက်ဘူးဆိုရင်လည်း မီးဖိုချောင်ကဓားကိုယူပြီး ငါ့လာထိုးလိုက်လေ"

ရှီချင်းယင်: “?!”

ထို့နောက် ကျန်းရှုယောင်ကထပ်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ " bye bye "

ကလစ်ဆိုသည့်အသံနှင့် ဖုန်းလည်းကျသွားခဲ့သည်။

ရှီချင်းယင်: “……………………”

ထိုအချိန်၌ သူသည် ဘ၀တစ်သက်လုံး မဖြစ်ဖူးသည့် အကြီးမားဆုံး ထိတ်လန့်မှုထဲ ၀င်ရောက်သွား တော့သည်။

All Chapters