← Chapters

အခန်း ၆၆

Vol. 5 Ch. 66

အခန်း ၆၆

Vol. 5 Ch. 66

အပိုင်း (၆၆) (Chapter-66)

သူ၏အပြုံးသည် ခဏမျှသာခံခဲ့သောကြောင့် သူ့မျက်နှာပေါ်တွင် သူပြုံးခဲ့သည့် အရိပ်အယောင်ကိုပင်ရှာမရတော့ပေ။

ကံကောင်းစွာဖြင့် ယွဲရှနှင့်System ၏ ပတ်ဝန်းကျင်ကို လေ့လာနိုင်စွမ်းမှာ ကောင်းမွန်လွန်းသောကြောင့် သူတိုနှစ်ယောက်သည် သူ၏အပြုံးကိုရိပ်မိခဲ့ကြလေသည်။

[ သူ ပြုံးရင်ပိုချောတယ်နော် ]

System မှာ သူမ ယုတ္တမရှိသည်ကို ပြောနေသည်ဟု ထင်မိသွား၏။ [ အကုန်လုံးအဲ့တိုင်းပဲလေ]

ယွဲရှ : [ရှီချင်းယင်မပါဘူး ]

System မှာ သူမစကားဖြင့် လွမ်းမိုးခံလိုက်ရသည်။

[ဟုတ်တယ် ]

ရှီချင်းယင်မှာ ဒေါသပေါက်ကွဲလုနီးနီးပင်ဖြစ်သွားသည်။ “ အကိုကြီး မင်း”

ရှီယွမ်ကျန်းမှာ သူ၏တည်ရှိမှုသည် အနည်းငယ် အဆင်ပြေမနေကြောင်းကို ခံစားမိပုံရသည်။ သူကလှည့်လိုက်သောအခါ ယွဲရှအကြည့်များကို မြင်ပြီး အနည်းငယ်ထူးဆန်းသွားသည်။ သူက ရပ်ပြီး တည့်တိုးမေးလာသည်။

“ နင်တစ်ယောက်တည်းလား”

“အင်း” သူက မည်သို လာခဲ့သနည်းကို မမေးသော်လည်း ယွဲရှက လိုလိုလားလား ရှင်းပြလာသည်။

“တိုက်ရိုက်ရောက်တဲ့ မြေအောက်ရထားနဲ့စီးလာတာလေ၊ တော်တော်မြန်တယ်”

သူမသည် သူမအတွက် နေ့စဉ်ပိုဆောင်ပေးမည့် ဒါရိုက်ဘာကို အလိုရှိသည့် ပုံမပေါ်ပေ။ သူမသည် သူမဘာသာသူမ သွားလာရသည်ကို ပိုနှစ်သက်သည့်ပုံပင်။

ရှီယွမ်ကျန်းက တန့်နေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ “အွမ်း”

ထိုစကားပြောပြီးနောက် သူသည် ပြန်လှည့်သွားပြီး ရှီချင်းယင်ကို ထပ်ကြည့်လိုက်ပြီး တစ်ဖက်လူမှာ လိမ္မော်သီးကိုခွာဖိုပင် အင်အားမရှိကြောင်းကို သေချာစွာ အတည်ပြုလိုက်သည်။ ထိုနောက် သူထွက်သွားပြီး သူ့နောက်ကျောကို အခန်းထောင့်တွင် နောက်ဆုံးအကြိမ်မြင်လိုက်ရပြီးနောက် တည်ငြိမ်သောခြေသံသည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။

ယခုတွင် အခန်းထဲ၌ လူနှစ်ယောက်သာကျန်ခဲ့သည်။

“စားလေ” ယွဲရှက ရှီချင်းယင်ကို‌မေးငေါ့ပြလိုက်သည်။

“ရိုးရိုးသားသားပြောလိုရတယ်နော် နင်ငါ့ကို ဘာပြောချင်လိုလဲ ငါနည်းနည်းစိတ်ဝင်စားလို”

“စိတ်ဝင်စားလိုပေါ့လေ” ရှီချင်းယင်က ရွဲပြီး တုန့်ပြန်လာသည်။ “ငါပြောချင်တာကို နင်သိပြီးသားမဟုတ်ဘူးလား၊ နင်က ဘာတွေ စိတ်ဝင်စားပုံလာပြနေတာလဲ”

ယွဲရှ : “ ငါက ခွေးပါးစပ်ကနေ ဘယ်လိုစကားတွေများထွက်လာမလဲလို စဉ်းစားနေတာ”

ရှီချင်းယင် : “?”

[Host] System က တိုးတိုးတိတ်တိတ်ပြောလာသည်။

[ အဲ့လိုပြောတာ နည်းနည်းရိုင်းရာမကျဘူးလား]

[သူပြန်ချမရတုန်း လုပ်ထားရမှာပေါ့ ငါတော့ ငါ့ဒေါသကို ပြလိုရလို ပျော်တယ် ] ယွဲရှက တိုးတိုးလေး ပြောလာသည်။

ရှီချင်းယင်သည် သူ့ကိုအထင်သေးစွာကြည့်လာသော ယွဲရှကို သေချာကြည့်နေ၏။ တစ်ချိန်တစ်ခါ က သူ့အပေါ် ချိုသာခဲ့သောမျက်နှာသည် အလွန်တရာမှ စိမ်းသက်နေခဲ့သည်။ ကျန်းရှုယောင်ကိုပင် ထိုသိုခံစားလာရ၏။ သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်သည့် ဒေါသစိတ်သည် သူ့နှလုံးသားထဲမှ ကြွတက်လာခဲ့သည်။

ယနေ့တွင် သူသည် ယွဲရှ၏အပြုအမူများမှာ သူ့အအပေါ်လက်စားချေခြင်းဖြစ်နေသည်ဟု ထင်လာခဲ့သည်။

‘ငါမှမရရင် ငါအဲ့ဒါကိုဖျက်စီးပစ်မယ်’

“အဲ့ဆို ငါလည်း ပေါ်တင်ပဲပြောရတာပေါ့ ရှုယောင်ကိစ္စတွေမှာ ဝင်မနှောင့်ယှက်နဲ့တော့” ရှီချင်းယင်သည် သူမကို စိုက်ကြည့်ပြီး ပြောလာခဲ့သည်။

“ရှုယောင် ? သူက သူလုပ်ချင်တာကိုလုပ်နေတာလေ ငါက ဘာလိုနှောင့်ယှက်ရမှာလဲ” ယွဲရှက နားမလည်စွာပြောလာသည်။

“သူအဲ့လို ပြိုင်ပွဲမျိုးကိုစိတ်ဝင်စားလို တစ်ခါတစ်လေ ဝင်ပြိုင်တာမျိုးက ပြဿနာမရှိပေမယ့် သူ့အလုပ်ကို နှောင့်ယှက်လိုတော့မရဘူး၊ ပြိုင်ပွဲပြီးရင် ငါသူ့ကို ရှီမိသားစုဆီ ပြန်ခေါ်သွားမယ်၊ စေ့စပ်ပွဲကို ဒီလောက်ထိကြာအောင်ရွှေ့ဆိုင်းထားတာ ဆိုတော့ လက်ထပ်စာချုပ်လုပ်လိုရလောက်ပြီ အဲ့ဆို သူလည်း စိတ်အေးသွားလိမ့်မယ်” ရှီချင်းယင်က တည်ငြိမ်စွာပြောလာသည်။

ယွဲရှ : “ ကြိုးစားကြည့်ပေါ့ သူနင်နဲ့ပြန်များလိုက်ချင်ရဲ့လားလို”

ရှီချင်းယင် : “သူလိုက်ချင်တာ မလိုက်ချင်တာက အရေးမပါဘူး၊ ပြီးရင် သူလိုက်လာမှာပဲ”

“ငါတို ဉပဒေလက်အောက်မှာနေနေတာနော်၊ နင်က ငါ့အိမ်ကလူကို အတင်းပြန်ပေးဆွဲဖိုလုပ်နေတာလား၊ ဒါ တရားဉပဒေကျူးလွန်တာဆိုတာ နင်မသိဘူးလား” ယွဲရှက ပြုံးလျက်ပြောလာသည်။

ရှီချင်းယင် : “ သူက ငါ့သတို့သမီး”

ယွဲရှ : “ သူက နင့်အဖေဖြစ်နေရင်တောင်မှ မရဘူး”

သူတိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ရန်လိုစွာကြည့်နေကြ၏။ သူတိုနှစ်ယောက်လုံး တစ်ဖက်က မည်သည်ကိုတွေးနေကြောင်းကို‌ သေချာသိလေသည်။ ရှီချင်းယင်သည်မျက်မှောင်ကြုတ်လိုက်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။

သူသည် နောက်ဆုံးကျန်ရှိသည် သည်းခံနိုင်စွမ်းကိုလွှတ်ချလိုက်လေပြီ။

“သူက နင့်အိမ်မှာ နှစ်လလောက်နေလို့ရပေမယ့်၊ နှစ်ဝက်၊ တစ်နှစ်၊ ငါးနှစ်၊ တစ်သက်လုံး နေနိုင်ပါ့မလား၊ ငါက သူနဲ့တစ်သက်လုံးနေနိုင်ပေမယ့်၊ နင်က သူနဲ့တစ်သက်လုံး သူငယ်ချင်းဖြစ်ပေးနိုင်လို့လား၊ ငါသူ့ကိုသိလာတာ ဆယ်နှစ်ကျော်ပြီ၊ နင်ကနင်ကိုယ်နင် သူ့ကိုငါ့ထက်ပိုသိတယ်ထင်နေတာလား၊ နင်က ဘယ်လိုလို့ သူကြိုက်တာမကြိုက်တာ၊ သူလိုချင်တာမလိုချင်တာ၊ သူရဲ့ပန်းတိုင်ကို သိနိုင်မှာလဲ၊ နင်က တခြားသူကိစ္စကို ဝင်ရှုပ်နေတာပဲ” ရှီချင်းယင်က ရွဲ့ပြီးပြောလာသည်။

ယွဲ့ရှ : “ အဲ့ဆို နင်က သိတယ်ပေါ့”

“ငါသိစရာမလိုဘူး၊ ငါက သူ့အတွက်အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ သိဖို့လိုတာ” ရှီချင်းယင်က ပြောလာသည်။

သူသည် ယော်ကျားတစ်ယောက်ဖြစ်သောကြောင့် ယောက်ျားတစ်ယောက်၏ အားနည်းချက်ကို အလိုအလျောက်သိသည်။ ကျန်းရှုယောင်လို နုပျို၊ လှပ၊ နောက်ခံမရှိသည့် သူတစ်ယောက်ကို ဤလူမှုအသိုင်းအဝန်းထဲရှိလူများ မည်မျှ အထိလိုချင်ကြောင်းကိုသူကောင်းကောင်းသိသည်။ သူက သူမကို ကာကွယ်နေရုံသာ။

ယွဲ့ရှ က သဘောတူကြောင်းခေါင်းညိတ်ပြလာပြီး “ပြောချင်တဲ့အကြောင်းအရာကိုဖယ်ထားရင် နင်ပြောတာက အဓိပ္ပါယ်တော့ရှိပါတယ်”

ရှီချင်းယင် ဒေါသထွက်ရမည့်အစားပြုံးလာခဲ့သည်။ “နင်လုပ်နိုင်တာ အပြောပဲရှိတယ်၊ နောက်ဆုံးရလဒ်ကတော့ နင်လိုချင်တာဖြစ်မှာ မဟုတ်ဘူး”

ယွဲ့ရှက ထက်မြက်စွာပြန်လည်ချေပလာသည်။ “ကြည့်ရတာတော့ အပြောပဲပြောနိုင်တာ ကုတင်ပေါ်မှာ လှဲနေရတဲ့ နင်ထင်တာပဲ”

ဆေးသွင်းပိုက်ကို ပြောင်းရန်လာသော သူနာပြုလေးမှာ ထိုမြင်ကွင်းကိုမြင်ပြီး ကြောင်တောင်တောင်ဖြင့်ရပ်နေမိသည်။

ယွဲ့ရှက သူနာပြုလေးကို နွေးထွေးစွာပြုံးပြလိုက်သော်လည်း သူမ နောက်လှည့်လိုက်ချိန်တွင် သူမ၏ မျက်နှာသည်ချက်ချင်းအေးစက်သွားသည်။

“စောက်ပိုတွေလာပြောနေတယ် နင်လိုကောင်က ကုတင်ပေါ်မှလှဲနေတာပဲ ကောင်းတယ်”

ယွဲ့ရှက သူ့ကိုပြန်ကြည့်လိုက်ပြီး ထေ့ငေါ့ပြောလာသည်။ “မောက်မာပြီး ငါသည်သာအမှန်ဆုံးဆိုတဲ့စိတ်နဲ့ သွေးကြီးနေတဲ့ နင်လို အမှိုက်က ပိုက်ဆံနဲ့ရုပ်ရည်ဖယ်လာရင် ဘာမှမရှိဘူး၊ နင်စွန့်ပစ်ခံရတာမဆန်းပါဘူး၊ နင်ကိုယ်နင်လည်းသိမှာပါ၊ နင်က အထဲမှာ အရမ်းသိမ်ငယ်နေတော့ တုန်လှုပ်နေရတာလေ၊ ကိုယ်ကိုယ်ကိုယ်ပြန်ကြည့်ပါဦး ဘယ်လောက်တောင်သနားစရာကောင်းနေလဲလို့”

ရှီချင်းယင်၏မျက်နှာအမူအရာသည်ရုတ်ချည်းပြောင်းလဲသွားသည်။ “မင်း...”

“ပြီးတော့ ငါလူတစ်ယောက်ကို မူလတန်းကျောင်းဆရာမလို အခြေခံအသိတွေ သင်တော့မသင်ပေးချင်ပေမယ့် လူတစ်ယောက်ကို သေချာသိမသိဆိုတာ အချိန်နဲ့မဆိုင်ဘူးနော်၊ စတွေ့တုန်းက ကျန်းရှုယောင်နဲ့ ခုကျန်းရှုယောင်က တူတူပဲလို့နင်ပြောရဲလား” ယွဲ့ရှသည် သူ၏ယုတ္တိမရှိသောစကားများကို နားမထောင်လိုတော့သောကြောင့် အဓိကအချက်ကိုပဲတည့်ပြောလိုက်သည်။

ကြာပန်းဖြူလေး၏မိသားစုမှာ မချမ်းသာသော်လည်း၊ အမေတစ်ယောက်တည်းသာ ရှိသော်လည်း သူမ အမေသည် သူမ၏ ပညာရေးကို ဘယ်သောအခါမှ လျစ်လျူမရှုခဲ့ပေ။ ဘဲလေးအက၊ တယော နှင့် သီချင်းဆိုခြင်းအစရှိသည့် သူမဝါသနာနှင့်သင့်တော်သော အပြင်သင်တန်းများကိုလည်း တက်စေခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းက သူမ၏အရည်အချင်းရှိမှုနှင့်နာမည်ကြီးခဲ့သည်။ ရှီချင်းယင်သည်ပင်လျှင် ဖွင့်ပွဲအခမ်းအနားမှ သူမ၏ဖျော်ဖြေခြင်းကိုကြည့်ပြီး မြင်မြင်ချင်း ချစ်ကျွမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

မြောက်များစွာသော အားကျသည့်အကြည့်များအောက်တွင် တောက်ပနေခဲ့သော ထိုစဉ်က ကြာပန်းဖြူလေးသည် အချစ်ဟုခေါ်သော ဝင်္ကပါထဲတွင် လမ်းပျောက်သွားခဲ့ရှာသည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူမသည် သူစိမ်းများ၏မျက်လုံးများကိုပင် တည့်တည့်မကြည့်ရဲသည့်အထိ လူမှုဆက်ဆံရေးနှင့် ပတ်သတ်ပြီးစိတ်ဖိစီးမှုရနေသောလူနာတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားသည်။

ယွဲ့ရှ သူမကို ဘယ်သောအခါမှ ပြောင်းလဲလိုစိတ်မရှိခဲ့ပေ။ ယွဲ့ရှသည် သူမကို သူမ၏နဂိုပုံစံကို ပြန်ရောက်စေချင်ရုံသာ။

“နင်ပြောသလိုနင်လုပ်လို့ရတယ် ကြိုးစာကြည့်ပေါ့ ရလဒ်က ငါလိုချင်တဲ့ရလဒ် ဖြစ်မဖြစ်ကို ကြည့်ကြသေးတာပေါ့” ယွဲ့ရှသည် ကြက်သေသေနေသော ရှီချင်းယင်ကိုကြည့်ပြီး ဖြေးဖြေးလေးပြောလိုက်သည်။

သူမသည် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှီချင်းယင်းကို အကြည့်တစ်ချက်ပင် ‌ပေးချင်စိတ်မရှိတော့သောကြောင့် နောက်လှည့်ပြီးထွက်သွားတော့၏။

ရှီချင်းယင်သည် ယခင်က သူ မခံစားဖူးသည့် ဒေါသ နှင့် သက်တောင့်သက်သာမဖြစ်သည့် ခံစားချက်များရောထွေးနေသော ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ပျောက်ကွယ်သွားသောသူမ ပုံရိပ်ကို ကြည့်နေမိသည်။ သူနာပြုမလေးက ယွဲ့ရှထွက်သွားသော ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်ကိုမြင်သောအခါ သူသည်ပို၍ပင်ဒေါသထွက်လာတော့သည်။

“ဒါ နင်တို့ရဲ့ အလုပ်လုပ်ပုံပေါ့လေ ဟမ်!?”

‘ဘယ်လိုမကောင်းဆိုးဝါးမျိုးဝင်ပူးခံထားရတာလဲဟယ်!!!!’

သူနာပြုမလေးသည် ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လာသည်။ “.....”

‘လူငယ်လေး နင်တော့ရူးနေပြီထင်တယ်’

ရှီချင်းယင်: “ လာမလုပ်သေးဘူးလား ဟမ်”

သူနာပြုမလေးက ပြုံးလျက်ပြောလာသည်။ “ဟုတ် ဟုတ် ကျွန်မ လဲလိုက်ပါ့မယ်ရှင့်”

ရှီချင်းယင်ဒေါသမှာ လုံးဝ မပြေလျော့သေးပေ။ သူသည် တစ်ခုခုတွေးနေချိန် ရုတ်တရက် လက်နောက်ဘက်မှ ခပ်စူးစူးနာကျင်မှုကိုခံစားလိုက်ရသည်။ သူသည် ထခုန်လုနီးပါးပင်ဖြစ်သွားသည်။ “နင်ဘာလုပ်တာလဲ”

“သွေးကြောရှာရခက်နေလို့ပါရှင့်”

သူနာပြုမလေးက ပြုံးလိုက်ပြီး “မလှုပ်ရင်ကောင်းမယ်ရှင့် အယ် ကွေးသွားပြီ တောင်းပန်ပါတယ် ကျွန်မ ထပ်စမ်းရဉီးမယ်ရှင့် ဟမ် နည်းနည်းရောင်သွားသလိုပဲ ထပ်စမ်း.....”

>

All Chapters