← Chapters

အခန်း ၆၇

Vol. 5 Ch. 67

အခန်း ၆၇

Vol. 5 Ch. 67

အပိုင်း (၆၇) (Chapter-67)

ယွဲ့ရှသည် ဓာတ်လှေကားပေါ်မှ ဆင်းလာသည်အထိ ကြက်သေသေနေခဲ့သည်။ “System ငါသူနဲ့စကားတွေ အများကြီးပြောလိုက်ရတော့ ငါ့ဉာဏ်ရည် ထက်ဝက်လောက် ကျသွားသလိုခံစားနေရတယ်”

System က သူမကိုနှစ်သိမ့်လာသည်။ [ အဆင်ပြေပါတယ် အဲ့လောက်ထိကြီးလည်း မကျသွားပါဘူး ]

ယွဲ့ရှ သည် သူမ အဆူခံနေရကြောင်းကို သတိမထားမိခင် ခြေလှမ်းဆယ်လှမ်းခန့် လျှောက်ပြီးပြီဖြစ်သည်။ “!!!!!! ?”

သူမ Systemအား ပြန်မဆူနိုင်ခင် ရင်းနှီးနေသော အနက်ရောင်ကားတစ်စီးကို ကားရပ်နားနေရာတွင် တွေ့လိုက်သည်။ သူမ မသိလိုက်ဘဲ ကြည့်လိုက်ချိန် ရှီယွမ်ကျန်းနှင့် အကြည့်ချင်းစုံသွားသည်။

သို့သော် ယခုတစ်ခါသည် မတော်တဆဖြစ်ပုံ မပေါ်ပေ။

ထိုဗိုင်းရက်စ်နှင့်ပတ်သတ်ပြီး ယွဲ့ရှအမြင်မှာ သိပ်မကောင်းသော်လည်း ဆိုးသည်လည်းမဟုတ်ပေ? “ဘာဖြစ်လို့လဲ”

ရှီယွမ်ကျန်းက တည်ငြိမ်စွာပြောလိုက်သည်။ “လိုက်ပို့ပေးရမလား”

ယွဲ့ရှသည် သူ၏ချောမောသောမျက်နှာကို ကြည့်ပြီး အနည်းငယ်ရှုပ်ထွေးသွားသည်။

“System သူက ထူးဆန်းလိုက်တာ သူဘာလိုချင်နေတာလဲ၊ သူက သူ့ညီအစားလက်စားချေချင်နေတာလား” ယွဲ့ရှက System ကိုမေးလိုက်သည်။

System က သူမ၏ ပထမမေးခွန်းကို ပါးနပ်စွာရှောင်လိုက်ပြီး “ရှီချင်းယင်နဲ့သူနဲ့ကြားက ဆက်ဆံရေးက နင်နဲ့သူနဲ့ကြားက ဆက်ဆံရေးလောက်တောင် မကောင်းဘူးလို့ ပြောဖူးသလားလို့”

‘ပြီးတော့ သူက ဘာကြောက်စရာလိုလို့လဲ System ကြီးတစ်ခုလုံးရှိနေတာပဲဟာ သူကသာ အခြားသူကို ပြဿနာရှာမှာကိုပဲ စိုးရိမ်ရမှာ’

ယွဲ့ရှက ကောင်းကျိုးနှင့်ဆိုးကျိးကိုတိုင်းတာပြီးနောက်ပြောလာသည်။ “ရတယ်လေ”

စင်စစ်တွင် အခြားသူသာဆိုလျှင် သူမ ဂရုစိုက်မိလိမ့်မည်မဟုတ်ပေ။ အဓိကအချက်မှာ ယခင်က သူမနှင့်ကျန်းရှုယောင်ကိုလည်း သူပို့ပေးဖူးသောကြောင့်အပြင် တစ်စုံတစ်ယောက်က လိုက်ပို့ရန်ကမ်းလှမ်းလာပါက ငြင်းဆိုရန်မှာ ခက်ခဲသောကြောင့်ပင်။

ယွဲ့ရှက ခေါင်းညိတ်လိုက်ပြီး နောက်ခုံတွင်ဝင်ထိုင်လိုက်သည်။

အရှေ့မှာ ဒါရိုက်ဘာသည် သူမကိုလှည့်ကြည့်လှည့်ကြည့်လုပ်နေပြီးနောက် ကားမှာ အနည်းငယ်တုန်ခါသွားပြီးနောက်စတင်ထွက်ခွာသွားတော့၏။

ယွဲ့ရှသည် ငါးမိနစ်ခန့် ထိုင်နေသည်။ ရှီယွမ်ကျန်းသည် ရှီချင်းယင်ကိုကန်ချရန် သူမနှင့်ပူးပေါင်းလိုသောကြောင့် စကားပြောချင်သည်ဟု သူမထင်နေခဲ့၏။ သို့သော် ရှီယွမ်ကျန်းသည် သူ့နေရာတွင် မျက်လုံးပိတ်လျက် ငြိမ်သက်စွာထိုင်နေခဲ့သည်။

သူ့ပုံစံမှာ ပုံမှန်အတိုင်းပင်ဖြစ်သည်။

ကားထဲတွင် တိတ်ဆိတ်နေသောကြောင့် ယွဲ့ရှ၏အခြားသောအာရုံများမှာ စူးရှလာခဲ့သည်။ သူမသည် နှစ်လိုဖွယ်ကောင်းသောအနံ့ကိုရှုရှိုက်မိသွားသည်။ သူမသည် ထိုအနံ့ကို ကားတွင်းရေမွှေးနံ့ဟု ထင်ခဲ့သော်လည်း တော်တော်ကြာသည်အထိ ရှူကြည့်မိပြီးနောက် ထိုအနံ့သည် သူမ ဘေးနားရှိ ရှီယွမ်ကျန်းထံမှ လာကြောင်းကိုသိလိုက်ရသည်။

[ Host က နင်က နှာဘူးဆန်တယ်နော်] System မှာသည်းမခံနိုင်တော့ပေ။

“အနံ့က တကယ်ကောင်းတာဟ၊ ဘာရေမွှေးလဲလို့မေးရင် သူဖြေမယ်ထင်လား”

သူမ သိသောသူ မည်သူမှ မရှိသောကြောင့် ယွဲ့ရှလိုက်လာခြင်းဖြစ်သည်။ တစ်လမ်းလုံး အာရုံလွင့်နေသလိုဖြစ်နေသော်လည်း စင်စစ်တွင်System နှင့်ငြင်းခုံနေခြင်းသာဖြစ်သည်။ လမ်းတစ်ဝက်လောက်ရောက်သောအခါ တိတ်ဆိတ်နေသော ဘေးနားမှ လူထံမှ အသံထွက်လာသည်။

“ယွဲ့ရှ” ယင်းသည် ရှီယွမ်ကျန်း သူမ နာမည်ကို ပထမဆုံးအကြိမ်ခေါ်ခြင်းဖြစ်သောကြောင့် သူမ ကြောင်သွားသည်။ သူသည် တန့်နေပြီးနောက် ရုတ်တရက်ပြောလာခဲ့သည်။ “နင်ဘာလို့ ဘာစကားမှ မပြောတာလဲ ပျင်းစရာကောင်းလို့လား”

ယွဲ့ရှ: “?”

ရှေ့ခန်းမှဒါရိုက်ဘာမှ တုန်ရီနေလေပြီ။

‘သူဌေး ဒါက လူတိုင်း တော်ရုံမေးတဲ့မေးခွန်းမျိုးမဟုတ်ပေမယ့် သူဌေးကတော့ မေးခဲ့တယ်’

“ငါစကားပြောရမှာလား၊ ဒါပေမယ့် ဘယ်သူကမှ ငါ့ကိုစကားလာမပြောတာ ငါဘယ်လိုပြောရမှာလဲ” ယွဲ့ရှမှာ အနည်းငယ်ရှုပ်ထွေးသွားသည်။

သူ မပြန်ပြောလိုက်သော်လည်း ရှီယွမ်ကျန်းသည် သူမကို ကြည့်နေသေးကြောင်းကို သူမ သိလိုက်ရသည်။ ရုတ်တရက် သူမသည် အကြံတစ်ခုရလိုက်သည်။

‘အော် ဒါက သူ့ရဲ့အကြံကို’

တစ်ဖက်သူသည် သူမနှင့်ငြိမ်းချမ်းရေးယူပြီး ကောင်းမွန်သောဆက်ဆံရေးကိုပြီးနောက် နှစ်ယောက်ပေါင်းပြီး ရှီချင်းယင်ကို ကန်ထုပ်ရန် ပြင်နေသည်။

ယွဲ့ရှသည် တစ်ဖက်လူအခြေအနေကို သေချာဆန်းစစ်ပြီးနောက် သူသည် အမှန်တကယ်ပင် အကူအညီတစ်ယောက်ဖြစ်နိုင်ကြောင်းကိုသိရှိလိုက်သောကြောင့် သူမက ပြောလိုက်သည်။ “အဲ့ဆို နင်ငါ့ကို ဘာပြောစေချင်တာလဲ”

ရှီယွမ်ကျန်းသည်လည်းတန့်သွားသည်။

သူတို့နှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ပြီးနောက် တစ်ဖက်လူမှာ အကြည့်လွဲလိုက်ပြီး ရှက်ရှက်ဖြင့်ပြောလာသည်။ “ဒီနေ့ရာသီဥတုသာယာတယ်နော်”

ယွဲ့ရှ : “…”

ယွဲ့ရှမှာ သေချာပြင်ဆင်ပြီးသားဖြစ်သည်။ [ ငါတို့တော့ ပြိုင်ဘက်ကောင်းတွေ့ပြီထင်တယ်]

System မှာ စကားပင်ပြန်မပြောချင်တော့ပေ။ [ အဲ့လိုဆိုတော့လဲ အဲ့လိုပေါ့]

ယွဲ့ရှ : “ အွမ်း တကယ်သာယာတယ်၊ နေရောင်တော်တော်ကောင်းတယ်”

ရှီယွမ်ကျန်း : “နင်ဗိုက်ဆာလား”

ယွဲ့ရှ : “ မဆာပါဘူး၊ ခုနလေးတင်မှာ သိုးခြေထောက် စားထားတာလေ၊ နင်ကော”

ရှီယွမ်ကျန်း : “ငါလည်းဗိုက်မဆာဘူး”

ယွဲ့ရှ : “နင်ဒီလောက်အထပ်အများကြီးဝတ်ထားတာ မပူဘူးလား”

ရှီယွမ်ကျန်း : “မပူပါဘူး၊ နင်ဝတ်ထားတာကော.....အင်း.....အဆင်ပြေပါတယ်”

ပြန်တိတ်ဆိတ်သွားခဲ့သည်။

အရှေ့မှာ ဒါရိုက်ဘာ၏ခြေချောင်းမှာ လီဗာကိုနင်းလုနီးပါးပင်ဖြစ်သွားသည်။

သူတို့နှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး ကို့ရိုးကားယား ဖြစ်နေသည်ကို မသိရှိကြပေ။ ယွဲ့ရှသည် ဖြည်းဖြည်းချင်းရဲလာသော တစ်ဖက်လူပါးကိုကြည့်ပြီး တိတ်ဆိတ်စွာ ခေါင်းလှည့်သွားသည်။

ယွဲ့ရှ :[ System ]

System : [နင် ဒီတစ်ခါတော့ မခေါ်လို့ရမလား ]

ယွဲ့ရှ :[ ငါလေ ရုတ်တရက် ထူးဆန်းတဲ့ခံစားချက်ကြီးဖြစ်လာတာ နင်နားလည်ရဲ့လား]

System: [နားမလည်ဘူးလေ ]

ယွဲ့ရှသည် အနားတိုးလာပြီးမေးလိုက်သည်။ “နင်စကားနည်းတယ်နော်၊ နိုင်ငံခြားကနေပြန်ရောက်တာမကြာသေးလို့ စကားပြောရတာအဆင်မပြေလို့လား”

သူမ တိုးလာသည်နှင့်အမျှ ရှီချင်းယင်သည်လည်း ဘေးသို့တိုးလိုက်ပြီး အမူအရာမဲ့စွာခေါင်းခါလိုက်သည်။ “မဟုတ်ဘူး ငါက ဒီတိုင်း.....”

ယွဲ့ရှ : “ ဘာကိုဒီတိုင်းလဲ”

ရှီယွမ်ကျန်း မှာ တန့်သွားပြီး “ဘာမှမဟုတ်ပါဘူး”

ယွဲ့ရှက ရှေ့ထပ်တိုးလာပြီးမေးလာသည်။ “ဘာဒီတိုင်းလဲ”

ရှီယွမ်ကျန်းမျက်နှာသည် သိသိသာသာရဲလာပြီး “ဘာမှ မဟုတ်ပါဘူး အဟွတ် နည်းနည်းများနီးနေသလားလို့”

“နင့်အသံကတိုးတယ်လေ ငါ သေချာမကြားရဘူး”

ယွဲ့ရှက မေးလိုက်သည်။ “အဲ့တော့ ဘာလို့လဲလို့”

ရှီယွမ်ကျန်း : “………………”

သူ၏လည်စလုတ်မှာ အနည်းငယ်ခန့်တုန်ခါသွားပြီးနောက် သူ၏တည်ငြိမ်သော အမူအရာသည်လည်း ပြာယာခက်သလိုဖြစ်လာသည်။ ယွဲ့ရှကပ်လာသည်နှင့်အမျှ သူသည် တစ်စုံတစ်ခုကို ရိပ်မိပုံပေါက်ပြီး ချက်ချင်းပြောလိုက်သည်။ “ရောက်ပြီး နောက်မှတွေ့ကြတာပေါ့”

“ဘမ်း” ဆိုသည့် အသံနှင့် ကားတံခါးမှာ ပိတ်ကျသွားသည်။

တခဏတာအတွင်းလူလည်းပျောက်သွားသည်။

တစ်လောကလုံးပြန်လည်တိတ်ဆိတ်သွားသည်။

ယွဲ့ရှနှင့် သူ၏ဒါရိုက်ဘာမှ ကြောင်သွားသည်။ “????”

“မစ်ယွဲ့” ကြင်နာသောဒါရိုက်ဘာကျန်းက ပြောလာသည်။ “သူဆိုလိုတာက မစ်ယွဲ့ ရှက်နေတာကို သိသွားလို့နေမှာပါ”

“အော်”

ဒါရိုက်ဘာ : “ကျွန်တော်အိမ်လိုက်ပို့ပေးပါ့မယ်”

ယွဲ့ရှ : “သူဘယ်မှာလဲ”

ဒါရိုက်ဘာသည် စကားတစ်ခွန်းမပြောဘဲ ကားကိုစက်နှိုးပြီးမောင်းလိုက်တော့သည်။

‘သူဌေး စိတ်ငြိမ်ပါစေဦး သူထွက်သွားတုန်းက သူ့မျက်နှာ နီရဲလာတာများ ခရမ်းချဉ်သီးလိုပဲ’

>

နေ့ရက်များသည် ပုံမှန်အတိုင်း လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် လက်ရွှေးစင်နောက်ဆုံးပြိုင်ပွဲ၏အဆုံးသတ်လည်းရောက်ရှိလာတော့သည်။

All Chapters