အခန်း ၆၈
Vol. 5 Ch. 68
အပိုင်း (၆၈) (Chapter-68)
မနက်စောစောဖြစ်သည်။ အောက်ခံသည် တောက်ပနေဆဲဖြစ်ပြီး ဒေါက်ဖိနပ်သံမှာ အဆက်မပြတ် ထွက်လာသည်။ လီကျွန်းသည် ရှုပ်ထွေးနေသော လူအုပ်ကြားထဲလျှောက်လာပြီး မည်သူမှ သူမကိုမကြည့်ကြပေ။ သူမက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးအချိန် သို့ရောက်ရှိလာလေပြီ။
သူမ အကြည့်သည် ကျန်းရှုယောင်ပေါ်ကျရောက်သွားသည်။ သူမသည် အပ်နှင့်ချည်ကိုကိုက်ထားပြီး တစ်စုံတစ်ခုကို အပြင်းအထန်စဉ်းစားနေသည်။ သူမဘေးနားမှလူသည် သူမ မော့မကြည့်လာခင်အထိ နှစ်ခါခန့်ပုတ်လိုက်ရသည်အထိကို သူမ အာရုံစိုက်နေခဲ့သည်။
သူမ နောက်မှ လက်ထောက်က အပြေးအလွှားလိုက်လာပြီး “လက်ထောက်ဒါရိုက်တာလီ၊ ရှီမိသားစုကနေစာပို့လာလို့ပါ”
လီကျွန်းက မျက်မှောင်ကြုတ်လိုက်ပြီး ရုံးခန်းသို့ပြန်သွားသည်။ “ရုံးခန်းထဲမှာလာပြော”
ရုံးခန်းငယ်ထဲမှ အလုပ်သမားများသည်မော့ကြည့်ဖို့ရန်ပင် မတတ်သာသည်အထိ အလုပ်များနေသောကြောင့် ပြီးစလွယ်သာနှုတ်ဆက်လိုက်သည်။ လီကျွန်းသည် သူမ ခုံနားတွင်ရပ်လိုက်ပြီး ဘောပင်ကိုထုပ်လိုက်ပြီးနောက် အကျင့်အတိုင်းပြောလာသည်။
“မစ်ရှီလား သူ့ကိုတောင်းပန်လိုက် ဒီပွဲရဲ့ ဧည့်သည်ခုံက နည်းနည်းရရခက်လို့ တစ်ခုံရရင် သူ့ကိုပေးလိုက်”
“မဟုတ်ဘူး” လက်ထောက်မှာ ပြောဖို့ရန် အနည်းငယ်တွန့်နေပုံပင် “သူက ရှီမိသားစုရဲ့ဒုတိယသားရှီချင်းယင်ပါ”
“သူလား?၊ သူက ဒီနေရာနဲ့ဘာဆိုင်လို့လဲ” လီကျွန်းသည် ထိုလူအပေါ်မည်သည့် အမြင်မှ မရှိသည့်အတွက် အနည်းငယ်ကြောင်သွားသည်။
လက်ထောက်မျက်နှာသည်ပို၍ပင်ပျက်လာခဲ့သည်။ “တစ်ဖက်လူ လိုချင်တာက သူက ရှုယောင်ရဲ့ပထမနေရာအတွက် ပြိုင်ပွဲမှာ ရင်းနှီးမြုပ်နှံမယ်လို့ပြောလာတယ်၊ ပြီးတော့ သူပြောတာက သူနဲ့သူသတို့သမီးကြား နည်းနည်းပြဿနာရှိနေလို့တဲ့၊ ပြီးတော့ သူက ဘယ်လောက်ပမာဏပဲဖြစ်ဖြစ်ပေးမှာမို့လို့ လိုက်လျောပေးပါတဲ့”
လီကျွန်း : “…………”
ကျန်သောသူများ : “…………”
တစ်ရုံးခန်းလုံး တိတ်ဆိတ်သွားတော့သည်။
‘ဒီလူ ဘယ်လိုတောင် ကျန်းရှုယောင်၊ လက်ထောက်ဒါရိုက်တာနဲ့ ပြိုင်ပွဲတစ်ခုလုံးကို စကားတစ်ခွန်းတည်းနဲ့ အပေါ်အထင်သေးလိုက်တာလဲ၊ ဒီလိုပြောနိုင်တဲ့လူက တော်တော်ရှားတယ်’
လက်ထောက် “ လက်ထောက်ဒါရိုက်တာလီ”
လီကျွန်း ဘောပင်မှာ လှုပ်သွားပြီး “ချီးစားလိုက်လို့ပြောလိုက်”
လက်ထောက်: “ပြီးတော့ မစ်ရှီကလည်း စာပို့လာတယ်ရှင့်”
လီကျွန်းမှာပင့်ကြည့်လိုက်ပြီး
“ ငါခုနကပြောထားသလိုသာလုပ်လိုက်”
“အဲ့ဒါမဟုတ်ဘူး၊ သူကျ ကျန်းရှုယောင်ကိုနောက်ဆုံးရစေချင်တာ သုညဆိုရင်ပိုကောင်းတယ်တဲ့၊ ဘယ်လောက်တောင်းတောင်းပေးမယ်တဲ့”
လီကျွန်းမှာ စာဆက်ရေးနေပြီး “အမေနဲ့သားနဲ့ကို တစ်ခုတည်းထားပေးလိုက်”
လက်ထောက်က အမြန်လှည့်ထွက်သွားသည်။ “ဟုတ်ကဲ့”
…မနက်ခင်း တစ်နာရီတွင် ပရိုဂျက်သည် အဆုံးသတ်ခဲ့လေပြီ။ ကျန်းရှုယောင်က ခြေလက်သန့်စင်လိုက်ပြီး ကုတင်ပေါ်တွင်လှဲလိုက်သည်။ အလုပ်မှာ အဆုံးသတ်သွားသော်လည်း သူမ ပင်ပန်းသည်ဟု မခံစားရပေ။
သူသည် ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်လုပ်နေပြီး သူမ၏ မျက်နှာအမူအရာမှာ ကြည်လင်တောက်ပနေခဲ့သည်။ နောက်ဆုံးတွင် သူမသည် သက်ပြင်းချလိုက်ပြီး ဖုန်းကိုထုပ်လိုက်ပြီးဖွင့်လိုက်သည်။
ရှီချင်းယင်မှာ လက်တလော သူမကို ဖုန်းမခေါ်ထားပေ။
ကျန်းရှုယောင်သည် WeChat ကိုဖွင့်လိုက်ပြီး ယွဲ့ရှ အကောင့်ကိုနှိပ်လိုက်သည်။
အလွန်နောက်ကျနေပြီဖြစ်သောကြောင့်တစ်ဖက်လူမှာ အိပ်နေလောက်လေပြီ။
သို့သော် ကျန်းရှုယောင်သည် ယွဲ့ရှနှင့်စကားပြောချင်သည့် ဆန္ဒကို မထိန်းနိုင်တော့ပေ။ သူမသည် စာပို့ခြင်းသည် တစ်ဖက်လူကို အနှောင့်အယှက်ဖြစ်စေမည်ကိုစိုးရိမ်သောကြောင့် သူမသည် အသက်အောင့်လိုက်ပြီး golden retriever ခွေးစတစ်ကာလေးကို နှစ်ချက်ဖိပြီးပို့လိုက်သည်။
သင် သည် ရှရှကို ပုတ်လိုက်သည်။
သူမသည် စခရင်ကို ကြည့်ရင်း မျက်လုံးပင်ခြောက်လာခဲ့သော်လည်း သူမ၏စိတ်ကမူ မရေရာစွာ မျှော်လင့်နေမိသည်။
ရုတ်တရက် တစ်ဖက်လူ၏ နာမည်လေးသည် လှုပ်လာပြီး “စာရိုက်နေသည်......” ဟု ပြလာသည်။
“နင်မအိပ်သေးရဘူးလား ဘာလို့လဲ ”
သူတို့နှစ်ယောက် သေချာစကားပြောခဲ့သည်မှာ လွန်ခဲ့သာ သုံးရက်က ဖြစ်သည်။ သုံးရက်သာကြာသေးသော်လည်း ကျန်းရှုယောင်သည် သူမ သူငယ်ချင်းကို ပြောပြလိုသည့် စကားများစွာရှိသည်။ သို့သော် သူမ လက်သည် စာရိုက်လိုက်ပြန်ဖျက်လိုက်လုပ်နေသည်။ နောက်ဆုံးတွင် သူမသည် တိုတိုတုတ်တုတ်သာရေးလိုက်သည်။
“နင်လာမှာလား”
သူမသည် ခဏတာခန့်တွန့်ဆုတ်နေပြီးနောက် အဆုံးတွင် ပို့သည်ကို မနှိပ်လိုက်ပေ။
‘ထားလိုက်ပါတော့ အခြားဟာပဲပြောကြတာပေါ့’ ကျန်းရှုယောင်သည် ထိုစာလေးလုံးကိုဖျက်လိုက်ပြီး “စောစောအိပ်”ဆိုသည့် စာနှင့်အစားထိုးလိုက်သည်။ သူမ စာပို့တော့မည့်အချိန်လေးတင်___
【ရှရှ 】: ငါလာမှာ
【ရှရှ 】: ခွေးကလေးပြေးနေသော gif ပို့လိုက်သည်။
ကျန်းရှုယောင်: “...”
သူမသည် ပြုံးလိုက်ပြီး မျက်လုံးပိတ်လိုက်ပြီးနောက် မနက်ဖြန်ကို မျှော်လင့်နေမိသည်။
‘ဒီတစ်ခါကျ ငါတို့တူညီတဲ့အမှားမျိုးထပ်မလုပ်တော့ဘူး’