← Chapters

အခန်း ၆၉

Vol. 5 Ch. 69

အခန်း ၆၉

Vol. 5 Ch. 69

အခန်း (၆၉)(Chapter-69)

ပြိုင်ပွဲသည် တနင်္ဂနွေနေ့ဖြစ်သည်။ ထိုမတိုင်ခင် ယွဲ့မိသားစုမှာတော့ ဂယက်ထနေခဲ့၏။

“မား တကယ်မလုပ်ဘူးမလား” ယွဲ့ချင်းသည် ဆယ်ထည်မြောက် အင်္ကျီလဲနေသော လီမိန်ကျူကိုကြည့်ပြီးနောက် ပြောလိုက်သည်။ “နင် ဖက်ရှင်ရှိုးကောသွားဖူးရဲ့လား”

“ပြီးတော့ ကျွန်တော်တို့လဲနေတာက ဒီတိုင်း အင်္ကျီပဲလေ ပထမတစ်ခုက တကယ်လှတာကို”

လီမိန်ကျူသည် သူမ၏ဂါဝန်လှမလှကိုကြည့်နေခြင်းဖြင့် အလုပ်ရှုပ်နေသောကြောင့် သူပြောသောစကားများကို အာရုံမလာပေ။ “ယောက်ျားတွေက ဘာသိလို့လဲ ရှူး....ရှူး...”

ယွဲ့ချင်းသည် အကြောင်းပြချက်မရှိ ဘလိမ်းခံလိုက်ရပြီး သူသည် ချက်ချင်းပင် ဘလိမ်းခံရခြင်းကိုမျှဝေရန် တစ်စုံတစ်ယောက်ကိုရှာချင်သွားသည်။ “ယွဲ့ရှ ....ခဏ....နင်ကကော ဘာဝတ်ထားတာလဲ”

ယွဲ့ရှသည် ဖက်ရှင်အကြောင်းကိုသေချာနားမလည်သော်လည်း အနည်းဆုံးတော့ သူမသည် မျက်လုံးကိုဖမ်းစားခြင်းကိုတော့နားလည်သေးသည်။ သူမသည် တောက်ပလွန်းသောကြောင့်မျက်လုံးပင်ကန်းလိုက်သည်။ ထို့ပြင် သူမသည် ယင်းကိုလည်း ဂုဏ်ယူနေသည်။ “ဒီလိုသာဆို ရှုယောင် ငါ့ကိုမြင်မြင်ချင်းမှတ်မိမှာပဲ”

ယွဲ့ချင်း : “…”

လီမိန်ကျူ : “…”

“နင်က ပွဲသွားမလို့လား၊ နန်းတက်မလို့လား” ယွဲ့ချင်းက မှတ်ချက်ပေးလာသည်။

“ညီမလေးရဲ့ညာလက်ရုံးမဖြစ်ရလို့ အကိုကြီးအရမ်းဝမ်းနည်းနေတာပေါ့လေ မနာလိုဖြစ်မနေပါနဲ့တော့” ယွဲ့ရှသည် နာဖို့နေနေသာသာ ယွဲ့ချင်းကိုပင် ပြန်သနားလိုက်သေး၏။

ယွဲ့တဲ့လျန်သည် တိတ်ဆိတ်စွာ နောက်မှ သူမ၏ရှုပ်ပွနေသောဆံပင်ကို ပြင်ပေးလိုက်သည်။

အိမ်တွင် အလုပ်လုပ်ရန်တစ်ယောက်တည်းကျန်ခဲ့သော ယွဲ့ချင်း : “…”

‘ဘာလို့ ငါပဲ မသွားရတာလဲ’

မထွက်ခင် ယွဲ့ရှသည် ဝမ့်ရှစ်ယာ ကို ကြိုဖုန်းခေါ်လိုက်သည်။

သူမသည် တနင်္ဂနွေနေ့ညတိုင်း ဂိမ်းအတူကစားရန် မျှော်လင့်ထားသော်လည်း ဝမ်းနည်းစရာသတင်းကိုကြားသောအခါ

“ ညီမတစ်ယောက်တည်းသာဆိုတော်ပါသေးတယ် ဒါပေမယ့်ခုက ခုက အမရဲ့ live stream ထဲလူတွေလဲ ငိုယိုပြီး အကူအညီတောင်းနေကြတာ၊ အရှင်မက ရက်စက်လွန်းလှပါတယ်”

ယွဲ့ရှသည် ထိုစကားကို အမှန်တကယ်ယုံသွားပြီး သူမ၏နောက်ဆုံးပို့စ်မှာ ကွန်မန့်များကိုသွားဖတ်လိုက်သည်။

“စထရင်တဲ့သူကော သူ မလုပ်တော့ဘူးလား၊ ညစာစားရင် ငါဘာကိုကြည့်ရတော့မှာလဲ”

“သေချာပါတယ်ကွာ အဲ့နှစ်က ဇီးပန်းပွင့်တွေက ဝေအောင်ပွင့်နေတယ်ဆိုတာ အမှားထင်ပါတယ်”

“ငါတုန့်းဟွေ့နဲ့ ဘယ်တော့မှ ပြန်အဆက်အသွယ်ရမှာလဲ၊ ဗိုလ်ကေနဲ့ကောင်က အားနည်းလွန်းလို့ ငါသွေးတက်တော့မယ်”

“နင်ဘာလုပ်နေတာလဲ၊ နင် ငှက်ရွှေဝါလေးကိုအထင်သေးတာလား၊ ထွက်သွားစမ်း ရွံ့စရာကောင်တွေ”

“ကျေးဇူးပြုပြီး live လွှင့်ရင် ရုပ်မပြပါနဲ့ ဒီလောက်ဆိုရပါပြီ ငါ လက်ဖက်ဆီပြန် ဆက်ဆံရေးလေးကိုထိန်းချင်သေးလို့ပါ”

ယွဲ့ရှမှာ ကြောင်သွားသည်။ “ဘယ်သူက ငှက်ရွှေဝါလဲ”

ဝမ့်ရှစ်ယာက ရှက်ရှက်နှင့်ပြောလာသည်။ “ညီမလေ အကုန်လုံးက ညီမအသံကိုချိုတယ်ထင်ကြတာလေ”

ယွဲ့ရှ : “ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ”

သူတို့နှစ်ယောက်သည် အပြန်အလှန် စကားနှစ်ခွန်းသုံးခွန်းခန့်ပြောပြီးနောက် အဆုံးသတ်လိုက်တော့သည်။ ဝမ့်ရှစ်ယာက ချိုသာစွာပြောလိုက်သည်။ “တနင်္ဂနွေနေ့ညကျမှတွေ့ကြတာပေါ့”

ယွဲ့ရှ : “တနင်္ဂနွေနေ့ညလား?”

“တကယ်တော့ အမ အမရှုယောင်ပြိုင်ပွဲကို သွားမယ်ဆိုတာ ညီမ သိပြီးသားပါ”

ဝမ့်ရှစ်ယာက ဖုန်းတစ်ဖက်မှ ပျော်ရွှင်စွာပြောလာသည်။ “ထောင်လီက ညီမတို့ကို စောစောစီးစီး ကတည်းက စာရင်းသွင်းပေးထားတာလေ၊ ညီမတို့အားလုံး အမ ရှုယောင်ကို လာ support ပေးမှာ”

ယွဲ့ရှ၏မျက်လုံးထဲတွင် ချစ်စဖွယ်မျက်နှာဝိုင်းဝိုင်းလေး ရုတ်တရက်ပေါ်လာခဲ့သည်။

“ဒါပေါ့ ကျွင်းရှောင်ဟန်လည်းပါတယ်လေ” ဝမ့်ရှစ်ယာက နည်းလမ်းကိုပြောင်းလိုက်ပြီး မကောင်းဆိုးဝါးဆန်ဆန်ပြောလာသည်။ “ညီမဒီနေ့ညကတည်းက လေ့ကျင့်ပြီး ညီမ သူ့ကို ကြည့်ကိုမကြည့်ချင်ဘူး”

စင်စစ်တွင် ဝမ့်ရှစ်ယာ မပြောလျှင်တောင် ယွဲ့ရှက သူမ ကိုမေ့နေပြီးသားဖြစ်သည်။

နောက်ဆုံးတစ်ခါ သူမ အကောင့်ကို ပိတ်သွားကတည်းက သူမ ထံမှ မည့်သည့် သတင်းကိုမှ မကြားရပေ။ သူမ တော်တော်ထိသွားပုံပင် တော်‌တော်ကြာသည်အထိ အလုံပိတ်နေခဲ့၏။

သူမလိုလူမျိုးအတွက် အင်တာနက်‌ပေါ်မှလူများ၏တိုက်ခိုက်ခံရခြင်းသည် လုံးဝကို သည်းမခံနိုင်သည့် အရာဖြစ်သည်။ ယခုသည် သူမ၏ ပထမဆုံးအကြိမ် ရှိုးပွဲများကို ပြန်လည်တက်ရောက်ခြင်းဖြစ်သည်။

‘သူတစ်ခုခုထူးဆန်းတာတော့ မလုပ်လောက်ဘူးမလား’

ယွဲ့ရှသည် ထိုကိစ္စနှင့်ပတ်သတ်ပြီး ကြာကြာမစဉ်းစားပေ။ ဝမ့်ရှစ်ယာ၏ရယ်သံကို ကြားသောအခါ “ညီမက အမနဲ့ထိုင်မှာလေ၊ တနင်္ဂနွေနေ့ကျ တွေ့မယ်နော်” သူမက ပြုံးပြီးပြောလိုက်သည်။

ဖုန်းချပြီးနောက် ယွဲ့ရှသည် ဗီရိုရှိရာသို့ ခြေဗလာဖြင့်ပြေးသွားလိုက်၏။ သူမအတွက် လိုက်ဖက်သည့်အင်္ကျီရွေးဝတ်ခြင်းသည် ရှားပါးဖြစ်စဉ်ဖြစ်သည်။

‘သူဘာပဲလုပ်လုပ် ငါက တပ်ဖွဲ့ကို ငါကိုယ်တိုင်ဦးဆောင်မှာ’

…

အချိန်နီးလာသည်နှင့်အမျှ ပြိုင်ပွဲခန်းမထဲမှ အခြေအနေသည်လည်း အလျင်အမြန် ပြောင်းလဲလာတော့သည်။

ပြိုင်ပွဲဝင်များသည် သူတို့၏နောက်ဆုံးပြင်ဆင်ချက်ကိုလုပ်နေကြသည်။ မော်ဒယ်ကို ကိုပတ်လျက် အကြိမ်ကြိမ် သေချာအောင်ကြည့်နေကြပြီး သေးငယ်သော အမှားတစ်ခုကိုပင် လက်မလွှတ်ပေ။ သူတို့သည် ပြိုင်ပွဲတွင် အမှားတစ်ခုပင် မလုပ်လိုကြပေ။

သို့သော် ယခုချိန်တွင် လူတိုင်း၏စိတ်သည် နောက်ဆုံးတွင် လျှော့ချနိုင်ပြီးဖြစ်သောကြောင့် သူတို့သည် စကားပြောနိုင်ကြလေပြီ။

“ကျန်းလေးက အရမ်းတည်ငြိမ်တာပဲ” အနက်ရောင်ဆံပင်တိုနှင့် မိန်းကလေးက ကျန်းရှုယောင်ကိုကြည့်ပြီးပြောလာသည်။ “နင်စိတ်မလှုပ်ရှားဘူးလား”

ကျန်းရှုယောင်သည် သူမကို ဘေးတစောင်းပြန်ကြည့်လာပြီး ပြုံးလျက် “ဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲနေမလဲ”

သို့သော် အချိန်နီးကပ်လာသည်နှင့်အမျှ သူမသည် စိတ်လှုပ်ရှားရမည့်အစား ပို၍ပင် တည်ငြိမ်လာခဲ့သည်။

နောက်ဆုံးအချိန်ရောက်လာပြီဖြစ်သောကြောင့် အရာရာတိုင်းသည် လုံးဝချွတ်ချော်၍မရပေ။ သူမ ယခုလုပ်ရမည့် အရာမှာ သူတတ်နိုင်စွမ်းသမျှ အခြေအနေကိုထိန်းချုပ်ရန်ဖြစ်သည်။

“မနာလိုလိုက်တာ” ဆံပင်တိုနှင့်ကောင်မလေးက ပုခုံးတွန့်ပြီး မည်သည့် ရည်ရွယ်ချက်မျှ မပါဘဲ ထောင့်ကိုကြည့်လိုက်သည်။ “လျိုလေးက မနေ့ညက စိတ်လှုပ်ရှားလွန်းလို့ သေချာတောင်အိပ်မပျော်ဘူး ခု သူ့ပုံက အော့အန်တော့မယ့် အတိုင်းပဲ”

ကျန်းရှုယောင် သူမ ကြည့်ရာကိုလိုက်ကြည့်လိုက်သောအခါ ထောင့်နားက ရေသန့်စက်နားတွင် လူအုပ်ကိုနောက်ကျောပေးထားသော ပိန်ပိန်ပါးပါးကောင်မလေးကိုတွေ့လိုက်ရသည်။

သူမက စိုးရိမ်စွာ မျက်မှောင်ကြုတ်လိုက်သည်။

သူမ ခေါင်းအထက်မှ မော်ဒယ်၏အသံထွက်လာသည်။ “ကျန်းလေး၊ ဒီလောက်ဆိုရပြီလားဟင်”

“ရပါပြီ”ကျန်းရှုယောင်က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး တစ်ဖက်လူ၏အင်္ကျီများကို ဖြန့်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်သည်။

“လက်ကိုနည်းနည်းမြှောက်ပေးပါဦး”

တစ်ဖက်လူက “အိုကေ”ဖြင့် တုန့်ပြန်လိုက်သည်။ ကျန်းရှု‌ယောင် မော့ကြည့်လိုက်သောအခါ တစ်ဖက်လူသည် ယွဲ့ရှနှင့်ဆင်သော မက်မွန်စေ့သဏ္ဍာန်မျက်လုံးရှိလေသည်။

သူတို့နှစ်ယောက်ကြားတွင် မြောက်များစွာသောတံတိုင်းများရှိသော်လည်း သူမသည် အဝေးမှ ဧည့်သည်ခုံကို ချောင်းကြည့်လိုက်သည်။

“ရောက်နေပြီလား”

“....”

ယွဲ့ရှ မရောက်ခင် မဖိတ်ခေါ်ထားသောဧည့်သည်မှာ ပွဲခန်းမထဲသို့ရောက်လာခဲ့သည်။

“ရှောင်လီ သမီး ဦးလေးနဲ့လိုက်ပေးစရာမလိုပါဘူး၊ ဦးလေးကိုယ့်ဘာသာလိုက်ကြည့်လို့ရပါတယ်”

အသက်အလယ်အလတ်အရွယ် ဗိုက်ပူပူနှင့် ယောက်ျားတစ်ယောက်သည် လက်ကိုနောက်ပစ်ထားသည်။ သူ့မျက်လုံးသည် အလုပ်ထဲတွင်အာရုံစိုက်နေသော အမျိုးသမီးဝန်ထမ်းများကိုဝေ့ပတ်ကြည့်ပြီး အကဲဖြတ်လာသည်။ “ ဖက်ရှင်အပိုင်းလို့မပြောရဘူး၊ မိန်းမလှလေးတွေများသားပဲ”

လီကျွန်းသည် နောက်ဘက်မှာ မျက်ဖြူလှန်လိုက်သည်။ လက်ထောက်က ရှေ့သို့တိုးလာပြီး မီးကိုဓာတ်ဆီလောင်းပေးလိုက်သည်။ “စပွန်ဆာ၊စပွန်ဆာ...”

လီကျွန်း၏သည်းခံမှုမှာအဆင့်တစ်ခုတက်သွားပြီး သူမက စိတ်ရှည်ရှည်နှင့်ပြောလာသည်။ “သူဌေးကျန်း၊ ဒီနေရာက ကျွန်မတို့ရဲ့အလုပ်လုပ်တဲ့နေရာဖြစ်တာမို့လို့၊ ပြင်ပလူများ ဝင်လို့မရပါဘူးနော်၊ သူဌေးကျန်း စိတ်ဝင်စားရင် အပိုင်း ဘီက ပွဲကျင်းပမယ့်နေရာကိုသွားကြည့်လို့ရပါတယ်”

“အင်္ကျီတွေက ဘာစိတ်ဝင်စားစရာကောင်းလို့လဲ စိတ်ဝင်စားဖို့ကောင်းတာက ဝတ်တဲ့သူပဲ” မစ်စတာကျန်းသည် ခြောက်ကပ်စွာရယ်လိုက်ပြီး သူ့အတွက်ရယ်စရာကောင်းသည်ဟုထင်သော စကားကိုပြောလိုက်သည်။ “ဒါပေါ့ အထူးအတွင်းခံအပိုင်းရှိရင်တော့ ပိုကောင်းတာပေါ့ ဟား...ဟား...ဟား...”

လီကျွန်း : “ သေလိုက်ပါ.....”

လက်ထောက်: “ စပွန်ဆာကြီး...”

လီကျွန်း : “ ကျွန်မတို့ အပြင်မှာ ဆွေးနွေးစရာရှိသေးတယ်လေ၊ ဒီကို ဘယ်လိုဖြစ်လို့ ရုတ်တရက်ရောက်လာရတာလဲမသိ”

စောလာသည်ဖြစ်စေ၊ နောက်ကျလာသည်ဖြစ်စေ ပွဲကို အချိန်မှီရောက်ကိုရောက်ရမည်။

“အော် ရှောင်လီပြောမှပဲ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး”

မစ်စတာကျန်းသည် ဟိုလှည့်ဒီလှည့်လုပ်ပြီးနောက် သူ့နဖူးပေါ်မှ ချွေးအနည်းငယ်စီးကျလာသည်။ သူသည် အင်္ကျီလက်ကောက်ဝတ်ဖြင့်သုတ်လိုက်ပြီး ပြောလာသည်။ “ကျန်းရှုယောင်လို့ခေါ်တဲ့ပြိုင်ပွဲဝင်ဒီမှာရှိလား”

လီကျွန်း: “…………”

လက်ထောက်: “…………”

All Chapters