အခန်း ၇၀
Vol. 5 Ch. 70
အခန်း (၇၀)(Chapter-70)
“ကျွန်မအရင်က နည်းနည်းစစ်ထားပါတယ်ရှင့်၊ ဒီပွဲက ရွှေဆုပြိုင်ပွဲမျိုးမဟုတ်ပါဘူးရှင့်၊ အဆင့်အတန်းတစ်ခုရှိတာကိုကျွန်မလည်းသိပါတယ်ရှင့်၊ အသစ်လေးတွေအတွက် အခွင့်အရေးတစ်ခါပဲရတာလေ၊ ဒါပေမယ့် ခြောက်လတစ်ခါကျင်းပတာမို့လို့ အဆင့်စီတာမှာ အနည်းငယ်ပြောင်းလဲမှုက ပြဿနာမရှိပါဘူးရှင့်”
မစ်စတာကျန်းသည် တစ်ဖက်လူ၏မျက်လုံးထဲမှ လူသတ်ရိပ်ကို သတိမထားမိဘဲ အေးဆေးပြောလာသည်။ “ဒီလိုဆိုရင်ကော မစ်ကျန်းက သိပ်မဆိုးဘူးမလား၊ အရေးကြီးဆုံးက ရှီဒုတိယသခင်လေးရဲ့သတို့သမီးဖြစ်နေတယ်ဆိုတာပဲ ငါပြောချင်တာကိုနားလည်တယ်မလား”
“နားလည်ပါတယ်” လီကျွန်းသည် သူမ၏နောက်ဆုံးလက်ကျန်သည်းခံနိုင်စွမ်းကို ဆွဲထုပ်လာပြီးတည်ငြိမ်စွာပြောလာသည်။ “ဒါပေမယ့် ကျန်းရှုယောင်က အကြိုပွဲကတည်းက ပထမဆုရထားပြီးသားပါ ကျွန်မ အမြင်မှာတော့ သူက ခုလို အခြားသူတွေရဲ့ အကူအညီလိုတယ်လို့တော့ မထင်ဘူးရှင့်”
ထို့ပြင် ဤတစ်ပတ်အတွင်း သူမ၏လေ့လာဆန်းစစ်မှုအရ ကျန်းရှုယောင်၏စိတ်ရှည်မှု၊ ဇွဲ၊ အာရုံစိုက်နိုင်စွမ်း၊ စိတ်ခွန်အား အားလုံးသည် ထိပ်တန်းဖြစ်သည်။ ‘သူက အကူအညီကော လိုသေးလို့လား’
ထို့ပြင် သူသည် ကျန်းရှုယောင်နှင့်ပတ်သတ်ပြီး မည်သည်ကိုမှ မသိသလို သူမ အပေါ်လေးစားခြင်းလည်းမရှိပေ။
“နင် နားမလည်ပါဘူး” မစ်စတာကျန်းက ရည်ရွယ်ချက်ရှိရှိပြုံးလိုက်ပြီး “ လင်မယားဆိုတာ ကုတင်ထိပ်မှာရန်ဖြစ်ရင် ကုတင်ခြေရင်းမှာပြန်တည့်ကြတာပဲ သူက ဘယ်သူ ပထမရတာ၊မရတာကို စိတ်မဝင်စားဘူး၊ သူက မစ်ကျန်းကိုသိစေချင်တာ သူ့မှာ သူ့ကိုဂရုစိုက်တဲ့သူရှိသေးတယ်ဆိုတာကိုပဲ၊ ဒါက ဒုတိယရှီသခင်လေးဖြစ်စေချင်တာပဲ”
လီကျွန်းသည် သူ့ကို သုံးစက္ကန့်ခန့်စိုက်ကြည့်ပြီးနောက် အသက်ပြင်းပြင်ရှူလိုက်ပြီး အမူအရာမဲ့စွာပြောလာသည်။ “မြန်မြန် ကျွန်မကို ထပ်ပြီးဖျောင်းဖျစမ်းပါ”
မစ်စတာကျန်း : “နင်ငါ့ကိုပြောနေတာလား”
လက်ထောက်လည်းထုံနေပြီဖြစ်သည်။ “ကျွန်မ မဖျောင်းဖျတော့ပါဘူး၊ သူက တကယ်ရက်စက်လွန်းတယ်”
မစ်စတာကျန်း: “?”
‘နင်တို့ ကိုယ့်ဘာသာကိုယ်ပြောနေကြတာလား’
“ဟုတ်ပြီ” လီကျွန်းသည် ရှေ့သို့တစ်လှမ်းတိုးလာပြီး မျက်လုံးကိုတည့်တည့်ကြည့်လျက် အေးစက်စွာပြောလာသည်။ “ကျွန်မတို့ စပွန်ဆာမရှားပါဘူး၊ ရှင်ဘယ်သူ့ကိုလာစော်ကားနေတာလဲ”
သူမသည် မစ်စတာကျန်းနှင့်အရပ်တစ်တန်းတည်းဖြစ်သည်။ ယခုတွင်ပိုနီးသောကြောင့် မစ်စတာကျန်းသည် သူမ မျက်လုံးထောင့်နားရှိ အရေးကြောင်းနှင့် သူမ နားကပ်ပေါ်မှ အကွက်များကိုပင်မြင်နေရသည်။ သူသည် ရင်တစ်ချက်ခုန်သွားသော်လည်း အလေးအနက်မထားဘဲ မသိလိုက်ဘဲ လုပ်ငန်းခွင်စကားပြောပုံနှင့်ပြောလိုက်သည်။
“နင်ရဲ့တပည့်တွေ သီးသန့်နေတတ်တာကို ငါလည်းသိပါတယ်၊ ဒါပေမယ့်သီးသန့်နေတာကြာရင် သူတို့စိတ်ကျန်းမားရေး....”
“ရှင်က တော်တော်သိတာပဲ” လီကျွန်းကလှောင်လိုက်သည်။ “ဒါပေမယ့် ရှင်သိထားဖို့က စိတ်ကျန်းမာရေးမကောင်းတဲ့လူတစ်ယောက်က တစ်ယောက်ယောက်ကိုထိုးရင် တရားဉပဒေနဲ့မညှိစွန်းဘူးဆိုတာပဲ”
မစ်စတာကျန်းမှာ ကြောင်သွားသည်။ “နင်ဘာကိုဆိုလိုတာလဲ”
လီကျွန်း: “ထွက်ပြေးဖို့ သုံးဆယ်စက္ကန့်အချိန်ရမယ်”
မစ်စတာကျန်း : “…………”
သုံးဆယ်စက္ကန့်ကြာပြီးနောက် လီကျွန်း၏အေးစက်သောအသံသည် ရုံးခန်းထဲမှ ဟိန်းထွက်လာခဲ့သည်။ “ကျွန်မဒီတစ်ခါတော့ ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်မယ်”
လေးလံသောပစ္စည်းသည် ကြမ်းပြင်ပေါ်သို့ကျသွားပြီး ဧည့်သည်များလည်းဝင်ရောက်လာကြသည်။ နောက်ခံအလင်းကိုဖွင့်လိုက်ပြီး လူအုပ်စု၏ မျက်လုံးများအောက်တွင် လက်ထောက်ဒီဇိုင်းနာ၏ လက်ထောက်သည် ရှေ့သို့လျှောက်လာပြီး မိုက်ကိုတည်ငြိမ်စွာကိုင်လိုက်သည်။ “လာရောက်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်”
ပြိုင်ပွဲစတင်လေပြီ။
ယွဲ့ရှ သည် ယခင်က ဤကဲ့သို့ ခွေးခြေခုံမျိုးတွင်မထိုင်ဖူးပေ။ ထို့ကြောင့် သူမသည် မသက်မသာစွာဖြင့် ဟိုလှည့်ဒီလှည့်လုပ်နေခဲ့သည်။
“ရှရှကြည့်” ပန်းရောင်စကတ်ကိုဝတ်ထားသော ဝမ့်ရှစ်ယာသည် လူငယ်ငယ်ဆန်ဆန် တက်ကြွနေပြီး သူမမျက်လုံးများသည်လည်း အလွန်တောက်ပနေသည်။ “ကျွင်းရှောင်ဟန် ရောက်နေတယ်”
ယွဲ့ရှ လှည့်ကြည့်လိုက်သောအခါ တစ်ဖက်လူသည် သူမနှင့် မနီးမဝေးနေရာ၌ အမူအရာမဲ့စွာနှင့် ထိုင်နေ၏။သူမသည် မျက်တွင်းချောက်လွန်းသောကြောင့် မိတ်ကပ်ပင်ဖုံးမရပေ။
“တကယ်တော့ တောင်းပန်လိုက်တာကပိုမကောင်းဘူးလား”ဝမ့်ရှစ်ယာ အမှန်တကယ်ပင်နားမလည်နိုင်ပေ။ “သူက အကောင့်ကိုလည်းလော့ခ်ချထားပြီး သူဖန်တွေနဲ့လည်းရန်ဖြစ်ထားသေးတာ ကြည့်ရတာတောင်ရှက်ဖို့တော်တော်ကောင်းတယ်”
ယွဲ့ရှက နေရာတိုင်းကိုလှည့်ကြည့်နေသော သူမ လည်ပင်းကိုပုတ်လိုက်ပြီး ပြောလိုက်သည်။ “ကြည့်မနေနဲ့”
လီမိန်ကျူသည် စထိုင်လိုက်ကတည်းက လှုပ်ကိုမလှုပ်တော့ပေ။ သူမသည် ဟိုကြည့်ဒီကြည့်လုပ်ပြီးနောက်မေးလာသည်။ “လင်းဝမ်ကော”
သူသည် သူမ၏ “သခင်မ” အဆင့်အတန်းကို ဖော်ပြခွင့်ရှိသည့် ဤကဲ့သို့သောပွဲမျိုးကို တက်လေ့ရှိသည်။ လူအနည်းငယ်သာ သူမကို ယုံကြည်သော်လည်း သူမသည် ပွဲများကို တက်နေဆဲပင်။ ‘သူဒီနေ့ ဘာလို့မလာတာပါလိမ့်’
‘ထူးဆန်းလိုက်တာ’
ယနေ့တွင် လီမိန်ကျူသည် ယွဲ့ရှ၏live ဗီဒီယိုကို ပြန်ကြည့်ရန်ယူလာခဲ့သည်။ သူမသည် သူမ၏ယင်ယန် စကေးတိုးတက်လာပြီဟုထင်ထားသည်။ သို့သော် ယနေ့သူမ ရောက်လာပြီး ထိုလူကို မတွေ့ရသောအခါ အနည်းငယ်ပင်စိတ်ဓာတ်ကျမိသည်။
လှုပ်ရှားနေသော မိန်းမသုံးယောက်ဘေးတွင် ယွဲ့တဲ့လျန်သည် ပို၍ပင် ငြိမ်းချမ်းပြီးတည်ငြိမ်နေသည်။ သူသာမျက်တောင်မခတ်ပါက သူသည် လီမိန်ကျူ၏ကိုယ်ပိုင်အရုပ်နှင့်ပင် တူနေလိမ့်မည်။
[ System ရှုယောင် ခု ဘာလုပ်နေလဲ] ယွဲ့ရှသည် မေးချိန်ရသေးသည်။
System သည် ယွဲ့ရှ၏ လက်တိုလက်တောင်းသမားလို ဖြစ်လာသည်။ [ အနောက်မှာ ပြင်ဆင်နေတယ်၊ လုပ်ရဲရင်တော့သွားချောင်းကြည့်လေ]
နောက်ဆုံးရလဒ်များကိုကြေငြာပြီးမှသာ ဒီဇိုင်းနာသည် ထွက်လာသည်။ ပုံမှန်အားဖြင့် သူတို့သည်နောက်တွင်သာနေကြသည်။
ယွဲ့ရှက တောက်ပနေသော T ပုံစံ စင်ကိုကြည့်လိုက်ပြီး ရုတ်တရက် အကြံရလာသည်။ သူမ က ထပ်မေးလာသည်။ [ ဒါရိုက်ဘာငါ့ကိုလိုက်ပို့တဲ့နေ့ကလေ၊ ရှီယွမ်ကျန်း ဘယ်လိုပြန်သွားတာလဲ]
[ ဘတ်စ်ကားဂိတ်က အဲ့နားကနေဆို သိပ်မဝေးဘူး Host၊ သူဘတ်စ်ကားပေါ်တက်တော့ ကားသမားက သူ့ကိုအကူအညီလိုလား သုံးခါတောင်မေးခဲ့ရတာ] System က ပြောလာသည်။
ယွဲ့ရှစိတ်ထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်။
‘သူက သူရဲ့မျက်နှာပြောင်မှုကို ရှီချင်းယင်ကို အကုန်ပေးလိုက်လို့ ခုလို့မျက်နှာအရည်ပါးနေတာလား’
နောက်ခံသီချင်းသံသည် ရပ်တန့်သွားပြီး အချိန်ကျရောက်လာလေပြီ။ UP တွင် ၎င်း၏ဒီဇိုင်းနာများနှင့်ပတ်သတ်ပြီး ဆင်တူသည့် စတိုင်ရှိသည်။ ယင်းမှာ ယဉ်ကျေးသောစကားများကို ဖယ်ထားပြီး ပြတ်သားကြခြင်းပင် ဖြစ်၏။ ပထမဒီဇိုင်းနာသည် သူ၏ဖက်ရှင်ကို ပြသပြီးနောက် လမ်းလျှောက်ထွက်လာပြီး အမြန်ပြန်ထွက်သွားသည်။ ထို့နောက် နောက်ခံသီချင်းလည်း ပြောင်းသွားလေ၏။
ယွဲ့ရှမည်သည်ကိုမှ သေချာနားမလည်သော်လည်း သူမ သေချာကြည့်သည်။
ယင်း အရည်အချင်းစစ်ပြိုင်ပွဲအသစ်၏ခေါင်းစဉ်သည် [ မနက်ခင်း နေရောင်ခြည်] စာစုနှစ်စုသာရှိသော်လည်း အနည်းငယ်ကျယ်ပြန့်သည်။ ပြိုင်ပွဲဝင်ဒီဇိုင်းနာများသည်လည်း အလွန်အရည်အချင်းရှိကြသည်။ ယွဲ့ရှသည် တောက်ပသော ဒီဇိုင်းများကိုကြည့်ပြီး သူမ၏မျက်လုံးများသည် တလက်လက်တောက်ပနေသည်။ “.............”
လီမိန်ကျူက ခေါင်းတညိတ်ညိတ်ဖြင့် တိတ်တဆိတ်အကဲဖြတ်နေသည်။ “အရောင်သုံးသွားတာတော့ တော်တောင်ပြောင်တင်းတယ်၊ ရှရှ သမီးဘယ်ဟာပိုကြိုက်လဲ”
ယွဲ့ရှ က စိတ်ရှုပ်ထွေးသွားပြီး “အကုန်ကြည့်ကောင်းတယ်၊ အကုန်ကြည့်ကောင်းတယ်”
လီမိန်ကျူ : “…”
‘ထားလိုက်ပါတော့ ငါ့သမီးလေးကို ခက်ခဲအောင် မလုပ်တော့ပါဘူးလေ၊ ဒါတွေက သူ့အတွက် ရှုပ်ထွေးလွန်းသေးတယ်’
နောက်ဆုံးပွဲ၏နံပါတ်အစဉ်လိုက်မှာ အကြိုပွဲနှင့်ပြောင်းပြန်ဖြစ်သည်။ အကဲဖြတ်ဒိုင်များက စာရေးပြီး အကဲဖြတ်ရန် အာရုံစိုက်နေကြသည်။ T ပုံစံစင်ပေါ်တွင် မော်ဒယ်များသည် အစဉ်လိုက် လှည့်နေကြသည်။ ရုတ်တရက် မော်ဒယ်များ၏လျှောက်နှုန်းသည် နှေးသွားခဲ့သည်။
အပြင်လူများအတွက် မသိသာသော ပြောင်းလဲမှုဖြစ်သော်လည်း သိသူများအတွက်မူ ယင်းသည် ဆိုလိုရင်းတစ်ခုသာရှိသည်။
ပြဿနာတက်လာခြင်းဖြစ်သည်။
“ငါဘယ်လိုလုပ်ရမလဲ၊ ငါတကယ်ရှာမတွေ့တော့ဘူး၊ တစ်နေရာရာမှာများကျမိသွားတလား” လျို့နွဲ့သည် ငိုလုနီးနီးပင်။ “ခုနက ဒီနားမှာ ရှိနေပါသေးတယ်၊ ငါသေချာမှတ်မိတယ်၊ ငါ ခါးပတ်ကို ခုလေးတင်ပြန်ပြင်ထားတာ၊ အဲ့ဒါ ငါဒီဇိုင်းရဲ့ အဓိကအပိုင်း၊ ငါ အဲ့ဒါကြီးကို ဘယ်လိုလို့လွှင့်ပစ်နိုင်မှာလဲ”
အနောက်မှ အခြားသော ပြိုင်ပွဲဝင်များသည်လည်း အချင်းချင်းကြည့်လိုက်ကြပြီးမျက်မှောင်ကြုတ်လျက် စုလိုက်ကြသည်။
“နင်ဘာပြောတာလဲ”
“ရင်ထိုးလား”
“ငါတွေ့လိုက်သလိုပဲ စားပွဲရှည်ပေါ်မှာလားမသိ”
“မဟုတ်ဘူး၊ ငါတွေ့လိုက်တယ်” ဖိအားမှာအလွန်ပြင်းထန်လှသောကြောင့် လျို့နွဲ့ စိတ်လွှတ်လုနီးနီးပင်။ သူမ၏အေးစက်သောလက်သည် တုန်ခါနေခဲ့သည်။ “ဘာလို့ဒီလိုအချိန်မှလဲ ဒီလိုအချိန်မှာပဲ ငါအမြဲရှုံးနေတာ၊ ငါတကယ်....”
မနေ့ညက သူမ မအိပ်ထားသောကြောင့် ယောင်တောင်တောင်လည်းဖြစ်နေသည်။ သူမ အဖွဲ့ဝင်များ၏ စကားပြောသံကိုလည်း သူမ မကြားတော့ပေ။ ရုတ်တရက် သူမသည် သူမနောက်ကျောကို ထိလာသော နူးညံ့သောအထိအတွေ့ကိုခံစားလိုက်ရပြီး နူးညံ့သောအသံကိုကြားလိုက်ရသည်။
“မစိုးရိမ်ပါနဲ့ အသက်တစ်ချက်ရှူလိုက်၊ နောက်ဆုံး နင်ကိုင်ခဲ့တဲ့အချိန်ကိုပြန်စဉ်းစားပြီး စိတ်ပူနေလဲ အကျုံးမဝင်ဘူး” တစ်စုံတစ်ယောက်သည် သူမ ဘေးနားထိုင်လိုက်ပြီး သူမအား ကျောင်းသူကဲ့သို့ သဘောထားပြီးလမ်းပြလာခဲ့သည်။ “နင် နေရာနည်းနည်းလေးပဲရှာရသေးတာ၊ စားစရာထားခန်း၊ နင့်အိပ်ခန်း နဲ့ပစ္စည်းထားခန်းတွေပဲရှိသေးတယ်၊ နင်နောက်ဆုံးတွေ့ခဲ့တာ ဘယ်နေရာလဲ စိတ်လျှော့ အဆင်ပြေသွားမှာပါ၊ နင့်အလှည့်မရောက်ခင် လူဆယ့်နှစ်ယောက်ရှိသေးတယ်”
လျို့နွဲ့မော့ကြည့်လိုက်သောအခါ တည်ငြိမ်သောမျက်နှာနှင့်ကျန်းရှုယောင်ကိုတွေ့လိုက်ရသည်။
ကျန်းရှုယောင်သည် အကြိုပွဲတွင် ပထမရခဲ့သူဖြစ်သောကြောင့် သူမလို လူကိုမသိလောက်ဟု ထင်ခဲ့သည်။
သူမ ကျန်းရှုယောင်ပြောသည့်အတိုင်းမျက်လုံးပိတ်ပြီး စဉ်းစားကြည့်သည်။ ရုတ်တရက် သူမ တစ်စုံတစ်ခုကိုမှတ်မိသွားသည့်အတိုင်း သူမက မသေချာစွာပြောလာသည်။
“ငါလက်ဖက်ရည်သောက်နေတုန်းက တစ်ယောက်ယောက် ငါအဲ့ဒါကို ပြုတ်ကျတော့မယ်ထင်ပြီး ကော်ဖီစားပွဲပေါ်တင်ပေးခဲ့သလိုပဲ”
သူမ စကားပြောလို့မပြီးခင်မှာပင် ရှုယောင်၏နောက်ကျောသည် လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။ သူမက ခြေလှမ်းများသည် တည်ငြိမ်နေသည်။ သူမ ပြန်ရောက်လာသောအခါ သူမလက်ထဲတွင် ရင်ထိုးကိုကိုင်ထားသည်။ “ဒါလား”
လျို့နွဲ့သည် ရုတ်တရက်ထခုန်လိုက်သည်။ “ဟုတ်တယ်၊ အဲ့ဒါ”
သူမမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် လက်များပင်တုန်ရီနေခဲ့သည်။
“ရပါတယ်” ကျန်းရှုယောင်သည် သူမကို ပြုံးပြလိုက်ပြီး ချက်ချင်းထွက်သွားသည်။ တစ်ဖက်မှ မော်ဒယ်မှာ ပြဿနာနည်းနည်းတက်နေသောကြောင့် သူမကိုခေါ်လိုက်သည်။ “ကျန်းလေး...”
ကျန်းရှုယောင်: “လာပါပြီရှင့်”
လျို့နွဲ့သည် သူမထွက်သွားသည်ကို ကြောင်တောင်တောင်ကြည့်နေမိသည်။ အချိန်မှီရောက်လာသောကြောင့် သူမ မော်ဒယ်အပေါ် မည်သည့် သက်ရောက်မှုမှမရှိပေ။ သူမသည် ရှေ့တိုးလာသည်။ လီကျွန်းသူမ ဘေးနားတွင် ရှုပ်ထွေးသောအကြည့်ဖြင့် ရပ်နေသည်ကို ရိပ်မိသည့်အချိန်ထိ သူမ၏ခုန်နေသောနှလုံးမှာ မတည်ငြိမ်သေးပေ။
သူမက ပုခုံးတွန့်လိုက်ပြီး နှုတ်ခမ်းစေ့လျက်ခေါင်းငုံ့လိုက်သော်လည်း သူမသည် တစ်ဖက်လူထံမှ အဆူမခံရပေ။ ထိုအစား လီကျွန်းသည် သူမ ပုခုံးကို ငြင်သာစွာပုတ်ပေးလိုက်သည်။
“အဆင်ပြေပါတယ်၊ နောက်ခါကျ သတိထား” လီကျွန်းက ပုံမှန်အတိုင်းပြောလိုက်၏။