အခန်း ၇၁
Vol. 5 Ch. 71
အခန်း (၇၁)
ဗိုလ်လုပွဲတက်သူအရေအတွက်မှာ တစ်ခါကြေငြာပြီးဖြစ်သောကြောင့် ဒီဇိုင်းများကိုနှစ်ခါ ပြလျှင်တောင်မှတစ်ယောက်ကို ၃၀ မိနစ်ထက် ပိုမကြာပေ။
ယွဲ့ရှသည် ဒီဇိုင်းများကို အားပေးခြင်းအပေါ်လက်လျှော့လိုက်လေပြီ။ သူမက ခေါင်းစောင်းပြီး ရလဒ်ကိုသာ မျှော်လင့်တကြီး စောင့်ဆိုင်းနေတော့သည်။
“သမီးက အဲ့လိုမျက်နှာမျိုးလဲ လုပ်တတ်သေးတယ်ပေါ့” လီမိန်ကျူက သူမ မျက်နှာကို မပွတ်သပ်ဘဲ မနေနိုင်ပေ။ “ဘယ်ဟာက ရှောင်ကျန်းက လုပ်ထားတယ်ဆိုတာ သမီးမခွဲတတ်ဘူးမလား”
“ဘာလို့ မသိရမှာလဲ တစ်ချက်ကြည့်ရုံနဲ့တင်သိတယ်” ယွဲ့ရှက ပြန်လည်ချေပလာ၏။
ထိုချိန်တွင် အုတ်အော်သောင်းတင်အနည်းငယ်ဖြစ်နေပြီးနောက် ပြန်ငြိမ်ကျသွားသည်။
လီမိန်ကျူနှင့်ယွဲ့ရှ ကြိုသိနေသည့်အတိုင်း အနောက်သို့လှည့်ကြည့်လိုက်သောအခါ ပါးစပ်အဟောင်းသားပွင့်သွား၏။
ယခင်ပြခဲ့သော ဒီဇိုင်းများကို သေချာစွာချုပ်လုပ်ထားသော လက်မှုလက်ရာများဟု ဆိုရလျှင် ယခုဟာကို အရိုးရှင်းဆုံးစကားဖြင့် အကြမ်းဖျင်းအကဲဖြတ်ရမည်ဆိုပါက ယင်းဒီဇိုင်းသည် တစ်ချက်ကြည့်ရုံဖြင့်ပင် ပထမဆုရမည့်ဟာမှန်း သိသာလေသည်။
ထို့ပြင် ယွဲ့ရှသည် ထိုဒီဇိုင်းမှာ အကြိုပွဲတွင် ကျန်းရှုယောင်ဝတ်ခဲ့သော ချုန်ဆန်း(တရုတ် ရိုးရာ တခြမ်းကွဲဂါဝန်) နှင့်ဆင်သော်လည်း လုံးဝဥဿုံကွဲပြားနေသေးကြောင်းကိုလည်း သိခဲ့ရသည်။
သတိကြီးပြီး သနားစဖွယ်နှင့်ထိန်းချုပ်ထားသော အရေခွံကိုခွာချလိုက်သောအခါ ကျန်းရှုယောင်၏ထူးခြားသောပုံစံမှာ ချက်ချင်းပင် ပေါက်ထွက်လာတော့၏။
သူမ၏ပုံစံနှင့်လုံးဝကွဲပြားစွာ သူမ၏ဒီဇိုင်းသည် ပြောင်တင်းကာ ထင်းထွက်နေလေသည်။
သူမ၏မော်ဒယ်သည် ပုံမှန် ပိန်သွယ်သောမော်ဒယ်များ နှင့်ယှဉ်လျှင် အနည်းငယ် ပြည့်သော်လည်း သူမသည် သာမာန်လူများနှင့်ယှဉ်လျှင်တော့ ပိန်နေသးသည်။
အမဲရောင်ဆံပင်နက်နက်များ၏ဆံစများသည် ရွှေရောင်ခြယ်သထားသော လည်ပင်းပေါ်တွင် ဖြာကျနေပြီး သူမ၏လမ်းလျှောက်ပုံမှာလည်း ရဲတင်းလှသည်။ သတိထားနေရသော လူသစ်တစ်ယောက်အတွက် အားနည်းချက်ဖြစ်နိုင်သော်လည်း ဤနေရာတွင်မူ သူ့နေရာနှင့်သူလိုက်ဖက်နေခဲ့သည်။
ယင်းမှာ ပင်လယ်ပြင်မှ ထွန်လင်းတောက်ပစွာ ထိုးထွက်လာသော မည်သည့်အရာမှ မတားဆီးဝံ့သည့် မနက်ခင်းနေရောင်ခြည်နှင့်တူသည်။
အကဲဖြတ်ဒိုင်များသည် အချင်းချင်းကြည့်လိုက်ပြီးသူတို့တစ်ယောက်ချင်းစီ၏စိတ်ထဲတွင် အဖြေကိုသိရှိပြီးသားဖြစ်သည်။
ယွဲ့ရှနှင့်လီမိန်ကျူမှာ တမေ့တမောဖြစ်နေဆဲပင်။ “....”
“ရှရှ...... သူ့ရဲ့ မျက်ခုံးနှင့်မျက်လုံးပုံစံနဲ့ နင်နဲ့နည်းနည်းဆင်နေတာကို နင်သတိထားမိလား” ဝမ့်ရှစ်ယာသည်လည်း အံ့ဩနေသော်လည်း သူမသည် အဓိကအချက်ကိုမြင်နိုင်သေးသည်။
“ဝါး ဟုတ်ပ” လီမိန်ကျူမှာ ပို၍ပင် အံ့ဩသွားရတော့သည်။
“ဝမ်ဝမ်လို ချစ်သူလို့လည်း ခေါ်လို့ရတယ်” ဝမ့်ရှစ်ယာက တိုးတိုးလေးပြောလာသည်။
ယွဲ့ရှ: “?”
‘ဟမ်’
ဗိုလ်လုပွဲမှာ ပြီးဆုံးသွားလေပြီ။ မီးများလည်းပြန်လင်းလာပြီး အကဲဖြတ်ဒိုင်များက ရမှတ်များကို ပြန်လည်စီစစ်နေပြီး ရလဒ်များကို မှတ်တမ်းတင်နေကြ၏။
ထိုအချိန်သည် စိတ်တင်းထားရမည့်အချိန်ဖြစ်သော်လည်း ယွဲ့ရှနှင့်လီမိန်ကျူကမူ သက်တောင့်သက်သာ ဖြစ်နေလေသည်။
သူတို့နားတွင် အမူအရာမဲ့ အလှဆင်ရုပ်ထု ယွဲ့တဲ့လျန်အပြင် တိုးတိတိုးတိလုပ်နေသော လူအုပ်လည်းရှိသည်။
“နောက်ဆုံးတစ်ခုရဲ့ဒီဇိုင်းနာက ဘယ်သူလဲ”
“ကျန်းဆိုလားပဲ ချင်းဆိုတဲ့ တစ်ယောက်ယောက်ရဲ့သတို့သမီးပဲ ငါမေ့သွားလို့”
“ဟမ် ငယ်ငယ်လေးနဲ့ လက်ထပ်တော့မှာလား၊ နှမြောစရာပဲ”
“ငါလည်းသူ့ကိုခေါ်ချင်လိုက်တာ၊ ငါအခုမလုပ်ရင် နောက်ကျသွားတော့မှာ၊ ပြိုင်ပွဲပြီးရင် သူ့ရဲ့ဂါဝန် ဈေးဘယ်လောက်တက်သွားလဲ စောင့်ကြည့်ကြတာပေါ့”
“အတွေးလွန်နေပြန်ပြီ၊ နင်သူ့ကို ငှားနိုင်မှာမို့လို့လား၊ အဲ့လူတွေက အရမ်းမောက်မာတာ”
“.....”
စင်နောက်မှ ကျန်းရှုယောင်ကတော့ ထိုစကားများကို လုံးဝမသိပေ။ သူမသည် နှုတ်ခမ်းကိုဖိကိုက်ထားပြီး အသက်ပြင်းပြင်းရှူလိုက်သော် စိုးရိမ်ပူပန်နေကြောင်းကို အရိပ်အယောင်ပင်မပြပေ။
ကိစ္စများသည် အဆုံးသတ်သွားလေပြီ။
ယခုမှသာ သူမသည် တောင်ကြီးခဲ့သောအဖိခံထားရသောဖိအားကို စတင်ခံစားရလေပြီ။
သူမ မစိုးရိမ်ခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက် သူမသည် မကောင်းသော အတွေးများကို သူမ စိတ်ထဲမှာ အတင်းတွန်းအားပေးပြီး တွန်းထုတ်နေရသည်။
‘ရလဒ်ကဘာဖြစ်မှာလဲ၊ ရှီချင်းယင်က တကယ်ကောလက်ခံမှာလား၊ သူက ပြိုင်ပွဲကိုနှောင့်ယှက်မှာလး၊ မဟုတ်မှ သူလုပ်ပြီးသားတောင်ဖြစ်နေမလားမသိ၊ အဲ့ဆို သူဘာလုပ်ထားမှာလဲ’
သို့သော် သူမသည် ထို မကောင်းသည့် အတွေးများကို ဦးနှောက်၏ထောင့်နားတွင် ချောင်ထိုးထားလိုက်သည်။ ထိုအတွေးများကို မစဉ်းစား၊ မတွေးဘဲ သူမ လုပ်ဆောင်ရမည့်ကိစ္စထဲကိုသာ အာရုံနစ်နေလိုက်သည်။
ယင်းသည် ငှက်ကုလားအုပ်ကဲ့သို့စိတ်ဖြစ်သည်။ သူမကိုယ်သူမ သူမ အဆင်ပြေသည်ဟု သူမထင်သည်။
ဥပမာ အခုဆိုလျှင် သူမသည် မျက်လုံးပိတ်ပြီး ရှုပ်ထွေးသောအတွေးများကို လျှော့ချနေပြီး အဆုံးတွင် သူမ ခေါင်းထဲ၌ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။
‘ယွဲ့ရှ က အပြင်မှာ ငါ့ကိုစောင့်နေတယ် ငါ့သူငယ်ချင်း ငါရဲ့အကောင်းဆုံးသူငယ်ချင်းလို့ ခေါ်လို့ရတဲ့ တစ်ယောက်တည်းသောသူက ငါရဲ့ရလဒ်ကို စောင့်နေတယ်’
ထို့အကြောင်းကိုတွေးလိုက်သောအခါ သူမသည် စိတ်သည် တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။
“ပြိုင်ပွဲဝင်များထွက်လာခဲ့ပေးပါ”
လီကျွန်း၏အသံသည် ရှေ့ခုံမှ ထွက်လာသောအခါ ကျန်းရှုယောင်မှာ လန့်သွားသည်။ သူမသည် လက်သီးကိုဆုပ်ပြီး သူများနောက်သို့နှေးကွေးစွာလိုက်လာသည်။
စင်ပေါ်သို့ရောက်ရောက်ချင်း ပထမဆုံးလုပ်ရမည့်အရာမှာ တောက်ပနေသော မီးရောင်အောက်က လူအများကြားထဲ ယွဲ့ရှကို ရှာရန်ဖြစ်သည်။ ‘မဟုတ်ဘူး ငါယွဲ့ရှကို ရှာဖို့မလိုဘူး’
အလင်းရောင်များအကြားတွင် စိတ်သက်သာရာရသောအပြုံးဖြင့် မျက်လုံးကိုဆွဲဆောင်နိုင်သော မီးလုံးလေးကဲ့သို့ ပြုံးနေသည့် ယွဲ့ရှနှင့် ကျန်းရှုယောင် အကြည့်ချင်းစုံသွားသည်။ တစ်ဖက်လူသည် သူမကို ခြေဆုံးခေါင်းဆုံး စိတ်အားထက်သန်စွာကြည့်နေသည်။ ‘ဟမ် သူ့ဘေးက အန်တီလီလား’
လီမိန်ကျူနှင့်ယွဲ့တဲ့လျန်သည် သူမကို ဖျော့ဖျော့လေးပြုံးပြနေပြီး ဝမ့်ရှစ်ယာသည် သူတို့ဘေးနားတွင် သူမအား တက်ကြွစွာ လက်ဝှေ့ပြနေသည်။ သူတို့ဘေးနားတွင် သေနတ်ပစ်ကွင်းမှ ရင်းနှီးသောမျက်နှာများသည်လည်း ပါးစပ်အဟောင်းသားဖြင့် သူမ အတွက် ဖြူစင်သော ပျော်ရွှင်မှုဖြင့် ကြည့်နေကြသည်။
ကျန်းရှုယောင်မှာ အံ့ဩနေလေ၏။
ထို့နောက် သူမနှာခေါင်းသည် စူးစူးဖြစ်လာသည်။
‘ဘာလို့သူတို့ အကုန်ရောက်နေကြတာလဲ’
အချိန်မှာ တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ လီကျွန်း၏အသံသည်လည်း မြူနှင်းမှုန်ကြားက ပန်းပွင့်လေးကဲ့သို့ ဝေးဝါးလာခဲ့သည်။
အသံလေးတစ်ခုက သူမ နားထဲသို့ မဆင်းသက်လာခင်အချိန်ထိ သူမသည် တချို့သူများ၏ တိုးတိုးလေး အားပေးနေသောအသံ၊ စိတ်လှုပ်ရှားပြီးငိုနေသာ သူများ၏အသံများကို ကြားနေရသော်လည်း သူမ၏ ပြင်းထန်သော နှလုံးခုန်သံကြောင့်သည် ပထမဆုံးအကြိမ်အနေဖြင့် သူမသည် နှလုံးခုန်သံမှတစ်ပါး အခြားသောအသံများကိုမကြားရတော့ပေ။
“ပြိုင်ပွဲဝင် ကျန်းရှုယောင် သည် ပွဲစဉ်တစ်ခုလုံးတွင် အမြင့်မားဆုံးအမှတ်ကိုရရှိခဲ့ပါသည်၊ သမီးက ဒီအမှတ်နဲ့ အမှန်တကယ်ကိုထိုက်တန်ပါတယ်”
လီကျွန်းက ရိုးရှင်းစွာပြောလိုက်သည်။
ကျန်းရှုယောင်သည် သေးငယ်သောဆုလေးကို တွေဝေစွာကိုင်လိုက်ပြီး စင်အလယ်တွင် ရပ်နေသည်။ သူမ၏အနားတွင် အသံတိုးတိုးလေး အားပေးသံများသာရှိနေသည်။ သူမသည် အနည်းငယ် ခံစားသွားရသည်။
‘ငါ အခု ပထမဆုရတာပေါ့လေ’
ဤပြိုင်ပွဲတွင် အဆင့်မြင့်လူတန်းစားနှင့်လူချမ်းသာများသာ ပါဝင်ဆင်နွှဲခွင့်ရှိသောကြောင့် ပုံမှန်ဆိုလျှင် တက်ကြွသောတုန့်ပြန်မှုများရှိမနေပေ။ သို့သော် ယခုအချိန်တွင် မူမှန်သောအရာတစ်ခုမှ ဖြစ်ပွားခဲ့သည်။
အစတွင် လီမိန်ကျူသည် လက်ခုပ်သာတီးနေခဲ့သည်။ ထို့နောက် သူမက မတ်တပ်ရပ်လိုက်ပြီး လက်ခုပ်တီးလျက်ပင် သူမ မျက်နှာသည် လေးနက်လာပြီး စိတ်သက်သာရာရပုံပေါ်နေသည်။