← Chapters

အခန်း ၇၃

Vol. 5 Ch. 73

အခန်း ၇၃

Vol. 5 Ch. 73

အခန်း (၇၃)

[ ရှီချင်းယင် ဘာထပ်လုပ်ပြန်ပြီလဲ ပြဿနာထပ်ရှာပြန်ပြီလား ] သူမ System ကိုမေးလိုက်သည်။

System : [ သူကသူ့နည်လမ်းကိုပြောင်းလိုက်တာ ပိုက်ဆံသုံးပြီး ကြာပန်းဖြူကို ပထမဆုရအောင်လုပ်ပြီး ကြာပန်းဖြူရဲ့ဘဝမှာ သူ့ရဲ့အရေးပါမှုကိုသတ်သေပြချင်တာ၊ ကံဆိုးချင်တော့ ပွဲစီစဉ်တဲ့သူက သူ့အကြံကို လက်မခံဘူးလေ]

သူ မပြောခဲ့သော အကြောင်းအရာများကျန်ခဲ့သေးသည်။

ဇာတ်ကွက်သည် ကြာလေ ကြာလေ ထိန်းချုပ်ရခက်လေဖြစ်လာသည်။ ယင်းကဲ့သို့နည်းဗျူဟာမျိုးသည် ဇာတ်လိုက်က သူ၏မိန်းမကို မီးသဂြိုလ်စက်ရုံထိလိုက်ရသောအခါမှသာ သုံးသည်။ ရှီချင်းယင်သည် ယခုအသုံးပြုလေပြီ။ သူ၏ ရည်ရွယ်ချက်အစစ်အမှန်မှာ မမြင်သာဟု ပြောရန်မှာ ခက်ခဲလွန်းလှ၏။

[….] ယွဲ့ရှမှာ ပြောစရာစကားပင်ပျောက်ရှသွားရတော့သည်။ [ ဒါကို အရေးမပါဘူးထင်တာ ပွဲစီစဉ်တဲ့သူတင်မဟုတ်ဘူး၊ ရှုယောင်သာသိရင် သူ့ကိုနေရာမှာတင် ပါးချမှာ၊ သူက ဘယ်သူ့ကိုလာစော်ကားနေတာလဲ ]

အစီအစဉ်များသည် မည်မျှပင် အဓိပ္ပါယ်မရှိစေကာမူ ပြုလုပ်သူမှာ ရှီချင်းယင်ဖြစ်ပါက အလိုလို အဓိပ္ပါယ်ရှိစမြဲပင်။

System : [ သူသိပြီးသား ]

ယွဲ့ရှ: [! ]

‘သူသိတယ်’

သူမသည် ဘေးနားမှ ကျန်းရှုယောင်ကိုကြည့်လိုက်သော်လည်း သူမပုံစံမှာ သူမ ထင်ထားသလောက် တွေးနေပုံ မပေါ်ပေ‌။ ထိုအစားသည် သူမသည် ပြတင်းပေါက်ကိုမှီလျက်အိပ်ငိုက်နေသည်။

သူမ၏ရှည်လျားကော့ညွှတ်သောမျက်တောင်များ တုန်နေလေသည်။

သူမသည် လွန်ခဲ့သောတစ်ပတ်တွင် တစ်ရက်အိပ်ချိန် လေးနာရီသာရခဲ့၏။ ယခုတွင် သူမသည် ခုံပေါ်တွင်ပင် အိပ်ပျော်နိုင်သည်။

လီမိန်ကျူက ဖုန်းပြောနေစဉ် သူမ တစ်ချက်လှည့်ကြည့်ပြီး အသံတိုးလိုက်သည်။ ယွဲ့တဲ့လျန်သည်လည်း ကားထဲမှသီချင်းသံကို အနည်းငယ်ချဲ့လိုက်သည်။ ဝမ့်ရှစ်ယာသည်လည်း စကားပြောနေသည်ကို ရပ်လိုက်ပြီး ယွဲ့ရှသည် နူးညံ့သောခေါင်းအုံးကို သူမခေါင်းအောက်တွင်ထားပေးလိုက်သည်။

အေးဆေးသောသီချင်းသံလေးနှင့်အတူလမ်းတစ်လျှောက်လုံးတွင် မည်သူမှ စကားမပြောခဲ့ကြပေ။

နောက်တစ်ရက်တွင် ကျန်းရှုယောင်သည် သူမ ဘာသာထွက်သွားသည်။ ယင်းမှာ ရှားပါးဖြစ်စဉ်ပင်။ ယွဲ့ရှသည် ရှုယောင်မှာ သူမ အိတ်ထဲတွင် ဆုကို သေချာထည့်သွားသည်ကိုတွေ့လိုက်၏။ သူမသည် သည် ရှုယောင် မည်သည့်နေရာသို့သွားမည်ကို သိသွားသည်။

“ရောက်ရင် စာပို့ဖို့မမေ့နဲ့နော်” ယွဲ့ရှက အပေါက်ဝတွင်ဖိနပ်စီးနေသော ကျန်းရှုယောင်ကို တာ့တာ့ ပြလိုက်သည်။ “ပြီးတော့ အန်တီကိုလည်း ငါ့အစားနှုတ်ဆက်ပေးပါဦး”

ကျန်းရှုယောင်ကပျော်ရွှင်စွာပြုံးလိုက်ပြီး “ငါဘယ်ကိုသွားမယ်ဆိုတာကို နင်ဘယ်လိုသိတာလဲ”

ယွဲ့ရှက ဂုဏ်ယူစွာပြောလာသည်။ “ငါ ဒီတိုင်းသိတာ”

ယွဲ့ချင်းသည် တစ်ပတ်လုံးအချိန်ပိုဆင်းနေခဲ့သည်။ ကျန်းရှုယောင်တံခါးပိတ်သံကို သူကြားသောအခါ သူသည် အခန်းထဲမှ အိပ်ချင်မူးတူးနှင့်ထွက်လာ၏။ လီမိန်ကျူနှင့်ယွဲ့တဲ့လျန်သည် ကျန်းရှုယောင် အိမ်၌ရှိချိန်ကို နေသားကျနေကြလေပြီ။

သူတို့သည် မျက်နှာမသစ်ဘဲပင် အိပ်ယာဝတ်နှင့် သူမ ရှေ့တွင် လျှောက်သွားနိုင်ကြလေပြီ။ သို့သော် ယွဲ့ချင်းသည် ရုပ်ချောချောကောင်လေးပုံစံကို ခေါင်းမာစွာဖြင့် ထိန်းထားလိုသောကြောင့် အပြင်မထွက်ခင်တော့ သေသေချာချာ ဝတ်ဆင်သွားလေ့ရှိသည်။

ယခုတွင် သူတို့ အပြင်ထွက်ကြမည်ဖြစ်သောကြောင့် သူသည်ပို၍ပင် ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။ သူသည် လက်ကိုခါးပေါ်တွင် တင်လိုက်ပြီး သူ့ဆံပင်သည်လည်းရှုပ်ပွနေပြီး ပါးစပ်ထဲတွင် သွားတိုက်တံဖြင့် ဗလုံးဗထွေးပြောလာသည်။ “မနေ့က မိန်းမရိုင်းတစ်ယောက်နဲ့ထွက်သွားရတော့ ပျော်ခဲ့တယ်ပေါ့လေ”

မကျေမချမ်းနိုင်မှုသည် ထင်ရှားနေသည်။ သို့သော် ယွဲ့ရှသည် သူ့ကိုချက်ချင်းချေပလာသည်။ သူမသည် ခဏတာခန့်ငြိမ်နေပြီးနောက် ပြောလာသည်။ “အကိုကြီး”

ယွဲ့ချင်း : “ဟမ်?”

ယွဲ့ရှ : “ ညီမ ဒီနေ့ ဘာလို့အစောကြီးထတယ်ထင်လဲ”

ယွဲ့ချင်း : “?”

သူသည် ခဏတာခန့် တုန့်ဆိုင်းနေပြီးနောက် ယွဲ့ရှ၏အဓိပ္ပါယ်ရှိသောအကြည့်ရှိရာသို့ ဖြေးဖြေးချင်းလိုက်ကြည့်လိုက်သည်။

လာလည်ရန် စောစောထလာသောဝမ့်ရှစ်ယာသည် ဆိုဖာထောင့်တွင် တောင့်တင်းစွာထိုင်နေသည်။ သူမက မသက်မသာဖြင့် ယဉ်ကျေးစွာပြုံးပြလိုက်သည်။ “မင်္ဂလာနံနက်ခင်းပါ”

ယွဲ့ချင်း : “………………”

သူသည် ရှုပ်ထွေးနေပြီးနောက် မသိလိုက်မိဘဲမေးလာသည်။ “ဘယ်သူလဲ”

ဝမ့်ရှစ်ယာကလည်း မသိလိုက်ဘဲဖြေလိုက်မိသည်။ “မိန်းမရိုင်းလေ”

သုံးစက္ကန့်ကြာပြီးနောက် ယွဲ့ချင်းသည် အခန်းထဲသို့ပြေးဝင်သွားပြီး တံခါးကိုဆောင့်ပိတ်လိုက်သည်။

တံခါးမပိတ်ခင် သူသည် ယွဲ့ရှကို ပေစောင်းစောင်းကြည့်ဖို့လည်းမမေ့ပေ။

ဝမ့်ရှစ်ယာ : “နင့်အကိုက ကောင်းကောင်းမွန်မွန်နေတတ်သားပဲ”

ယွဲ့ရှသည် လက်ဖက်ရည်ကို တည်ငြိမ်စွာသောက်လိုက်ပြီး “ရှက်ရွံ့စွာပြေးထွက်သွားပြီး တံခါးကိုမှီရင်းလှည့်ကြည့်လိုက်တယ်၊ ပြီးတော့ နှာညစ်လိုက်တယ်”

ဝမ့်ရှစ်ယာ : “?”

‘ဘာလို့ဒါကြီးက တအားလိုက်ဖက်နေတာလဲ’

လီမိန်ကျူနှင့်ယွဲ့တဲ့လျန်သည် ယွဲ့ရှ အိမ်ကို သူငယ်ချင်း ခေါ်လာခြင်း အပေါ် အလွန်သဘောကျနေကြသည်။

စင်စစ်တွင် သူမသည် ယခင်က နာမည်ကြီးသောသူတစ်ယောက်ဖြစ်သည်။ သို့သော်အကြောင်းတချို့ကြောင့် သူမက အကျင့်သည် လွန်ခဲ့သော နှစ်နှစ်အတွင်း လုံးဝဥဿုံပြောင်းလဲသွားသည်။

သူမသည် ရှီချင်းယင်ကို ရူးသွပ်လာရုံတင်မက သူမ၏ ဆက်ဆံရေးများသည်လည်း လုံးဝကိုကွဲပြားသွားသည်။

ယွဲ့မိသားစုတွင် ဧည့်သည်ခန်း မြောက်များစွာရှိသောကြောင့် သူတို့သည် ဘောလုံးတစ်သင်းစာကိုပါ ခေါ်လာလို့ရသေး၏။ ဧည့်သည်များ အဆင်ပြေသလို ပျော်ရွှင်စွာအိပ်နိုင်ရန် အခန်းများရှိသည်။

ပြိုင်ပွဲပြီးနောက် လူတိုင်းသည် သာမာန်နေ့ရက်များသို့ ပြန်ရောက်ပြီဟု ထင်ခဲ့ကြသော်လည်း အမှန်တရားသည် ထင်ထားသည်နှင့်ဆန့်ကျင်ဘက်ပင် ဖြစ်သည်။

ထိုညက ယွဲ့ရှသည် တဲ့မင်းကန်၌ live လွှင့်ခြင်းကို နောက်ဆုံးတွင်မှတ်မိသွားသည်။ သူမ live မလွှင့်နိုင်ခင် သူမ၏ အနားယူရန်တောင်းဆိုခြင်းသည် မရှင်းပြနိုင်သော ကွန်မန့်များဖြင့် ပြည့်နေ၏။

[ နွေဦးလေး ] : ငါအရေးကြီးလုပ်စရာရှိလို့ ဒီည ဟာကို ‌ရွေ့လိုက်မယ်။

‘ဘာဖြစ်လို့လဲ အကျိုးအကြောင်းကိုပြောသွားဦးလေ’

[ ငါ ဒီအပတ် ပွဲကိုမျှော်နေတာ၊ ဒါပေမယ့် နင်က ကစားလည်းမကစားဘူး၊ ငါနောက်တစ်ပတ် တနင်္ဂနွေနေ့ရောက်မှ သတိရလာအောင် ငါ့ကိုယ်ငါ မေ့လဲတဲ့အထိ ထိုးချင်နေပြီ]

[ တနင်္လာနေ့တောင်ရှိနေပြီလို့ နင်သိလား]

[ငါသိတယ်]

[ငါသိတယ် ငါသိတယ်လို့ ]

[ ငါ ယောင်ယောင်လေးရဲ့ပွဲကိုကြည့်မှာ နင်တို့ အပြင်ကောင်တွေ ဘေးဖယ်ကြစမ်း]

ယွဲ့ရှ : “?”

ယွဲ့ရှ ကြောင်သွားတော့သည်။

လူသစ် ဒီဇိုင်းပြိုင်ပွဲသည် ဖက်ရှင်လောကထဲတွင် သူ၏တန်ဖိုးကြောင့် လူသိများသော်လည်း ယင်းသည် ပဒေသာရှိုးပွဲတစ်ခုမဟုတ်သလို နိုင်ငံတစ်ဝန်း လူသိများသည့် ပြိုင်ပွဲလည်း မဟုတ်ပေ။

မီဒီယာ တော်တော်များများသည်ပင် သတင်းလုပ်ကြမည် မဟုတ်ပေ။

ယခင်အပိုင်းသည်လည်း အင်တာနက်ပေါ်တွင် အကျယ်တ၀န့်မဆွေးနွေးကြသလို ပြိုင်ပွဲ၀င်တစ်ယောက်ကြောင့်သာ အနည်းငယ် ဂယက်ထခဲ့ခြင်းဖြစ်သည်။ ယင်း Live ကြည့်ရှုသူများက မည်သို့သိခဲ့ကြသနည်း။

သူမ အကောင့်ကို တစ်ချက်ကြည့်လိုက်သောအခါ သူမ၏ ဖန်အရေအတွက်မှာ ညတွင်းချင်း ၅ သောင်းခန့်တက်လာခဲ့၏။

"...." ယွဲ့ရှက ရှုပ် ထွေးစွာဖြင့် ပြောလိုက်သည်။" System ငါကိုပြောပြပါဦး ဘာတွေဖြစ်ကုန်တာလဲ"

All Chapters