← Chapters

အခန်း ၇၄

Vol. 5 Ch. 74

အခန်း ၇၄

Vol. 5 Ch. 74

အခန်း (၇၄)

System က ကြင်နာစွာ သတိပေးလိုက်သည်။

[ နင်သိချင်မှာ မဟုတ်ဘူး ]

ယွဲ့ရှကလည်း အလွန်သဘောကောင်းနေသည်။

[ ရပါတယ် ပြောပြစမ်းပါ၊ ငါ သည်းမခံနိုင်တာ ဘာရှိလို့လဲ ]

System က သူမ ကို လင့်ခ်တစ်ခုပို့လာပြီး ယွဲ့ရှ ၀င်ကြည့်လိုက်သောအခါ System ပြောသည်မှာ မှန်ကြောင်းကို သိရှိလိုက်ရတော့သည်။

UP ၏ တရား၀င် weibo အကောင့်တွင် မနေ့က ပြိုင်ပွဲအကြောင်းကို တင်ခဲ့သည်။

ပထမဆုံး ပုံသည် ကျန်းရှုယောင် ဒီဇိုင်းပုံဖြစ်ပြီး အခြားသော ဒီဇိုင်းပုံများက နောက်မှလိုက်လာပြီး နောက် အဆုံးတွင် အီစတာကြက်ဥတစ်လုံး ထည့်ပေးလိုက်၏။

ယင်းမှာ တရား၀င် ဓာတ်ပုံဆရာ တစ်ယောက်မှရိုက်ထားသော အောင်ပွဲခံပုံ ဖြစ်သည်။ ကျန်းရှုယောင်သည် ခေါင်းငုံ့နေသော ယွဲ့ရှ ဘေးတွင် ရပ်နေပြီး သူမကို လေးလေးနက်နက်ကြည့် နေသည်။

အလယ်မှ ယွဲ့ရှကမူ သွားဆယ့်နှစ် ချောင်းလုံး ပေါ်သည်အထိ ရယ်နေသည်။ ထိုထိက အဆင်ပြေသေးသည်။ သို့သော် လူနှစ်သောင်းကျော် Share ထားသည်မှာ ထိုပုံအောက်က ပထမဆုံးကွန်မန့် ဖြစ်သည်။

[ အရေးမပါသောဖြတ်လျှောက် A ] : တကယ်မှန်တာပဲ မျိုးဆက်တိုင်းမှာ အရည်အချင်းရှိတဲ့သူတစ်ယောက် ရှိစမြဲဆိုတာ။ ဒီဇိုင်းက လုံး၀ကို ရှယ်ပဲ။ အဲ့ကလေးပျော်နေတာကို ကြည့်ပါဦး ငါသူ့လည်ချောင်းတောင်မြင်ရတော့မယ် ဟား ဟား ဟား ]

ထို့နောက် ကွန်မန့် တစ်ခုပြီးတစ်ခု တက်လာသည်။

[ ဒါပေမယ့် သူ့ဘေးနားက သူကမှ တကယ်နိုင်တဲ့သူ]

[ အလယ်က တစ်ယောက်ကို ရင်းနှီးနေသလိုပဲ @နွေဦးအလွန်လားလို့]

[ သူက ဘာလို့ တအားပျော်နေတာလဲ၊ အနိုင်ရသူက သူလို့တောင် ငါထင်မိတော့မလို့ ]

[ ဆုရတဲ့သူ အင်္ကျီက ဒီလောက်လှနေတာတောင် သူက ဘာလို့ မီးလုံးလေးလို့ ထင်းထွက်နေလဲဆိုတာ ငါနားလည်ပြီ]

[ တော်ပါတော့ @နွေဦးအလွန်ရယ် ရှက်ဖို့ကောင်းလိုက်တာ @နွေဦးအလွန် က အရေပါးလိုက်တာ တော်ပါတော့ ]

[@မီးလုံးအလွန်]

ယွဲ့ရှ: “……………………”

' ဒါက ဘာကြီးတုန်း'

' ဘာကြီးလဲလို့ !!!!!!!!!!!!'

သူမသည် သူမ အကောင့်ဆီသို့ ပြန်၀င်လိုက်သောအခါ ကျန်းရှုယောင် သူမ အတွက် ရိုက်ပေးခဲ့သော ပုံများပြန့်နေသည်ကို တွေ့လိုက်ရလေသည်။

System က သူမကို နှစ်သိမ့်လာသည်။ [ ဒါက ကောင်းပါတယ် ]

ယွဲ့ရှက စဉ်းစားလိုက်ပြီး သဘောတူလိုက်သည်။

ကျန်းရှုယောင် အိမ်တွင် ပိတ်လှောင်ခံရစဉ်က သူမ၏လူမှုအသိုင်းအဝန်းမှာ အလွန်သေးငယ်လှသောကြောင့် လှည့်ကြည့်လိုက်လျှင် သူမအား ကူညီပေးမည့်သူပင် မရှိပေ။ ယခုတွင် သူမ၏ အောင်မြင်မှုနှင့်ဂုဏ်သတင်းမှာ တက်လာပြီဖြစ်သောကြောင့် တစ်ဖက်လူမှာ သူလုပ်ဆောင်မည့် ခြေလှမ်းတိုင်းကို သေချာစောင့်ကြည့်ရ‌တော့မည်။ ယင်းမှာ ကောင်းသည့် အချက်ပင်ဖြစ်သည်။

ရှီချင်းယင် အကြောင်းတွေးမိသောအခါ ယွဲ့ရှသည် မျက်မှောင်ကြုတ်လိုက်သည်။

တစ်ဖက်လူ၏တိတ်ဆိတ်နေပုံမှာ သူသည် မည့်သည့်အကြံမှမရှိသည့်အတိုင်းပင် ကျန်းရှုယောင်သည်လည်း တိတ်ဆိတ်နေပြီး တစ်ဖက်လူအကြောင်း စကားစလာခြင်းမရှိပေ။

သူမ အတွက် ယခုကဲ့သို့ ပျော်ရွှင်ဖွယ်ဖြစ်ရပ်မျိုးမှာ ရှားပါးသောကြောင့် ယွဲ့ရှသည်သူမ၏ စိတ်အခြေအနေကို မဖျက်စီးလိုသောကြောင့် မပြောပြခဲ့ပေ။ ဝမ့်ရှစ်ယာမှာ အူတူတူဖြစ်နေသော်လည်း စစ်စစ်တွင် သူမသည် အလွန်တွေးပေးတတ်သောသူ ဖြစ်သည်။

ထို့ကြောင့် သူမသည် မပြောလာပေ။ ဤသို့ဖြင့် ထိုကိစ္စသည် မည်သည့် ကြိုတင်ပြင်ဆင်ခြင်းမှမရှိဘဲ အလိုအလျောက် ပျောက်ကွယ်သွားတော့သည်။

သို့သော် စင်စစ်တွင် ကျန်းရှုယောင်သည် မလွတ်မြောက်သေးပေ။

သူမ ဆုကို သူမ အမေလက်ထဲ အပ်လိုက်ချိန် သူမသည် ချက်ချင်းတောက်ပလာသော အမေ၏ အမူအရာကိုကြည့်ပြီး ရှီချင်းယင်ကို လမ်းခွဲလို့သည့် ဆန္ဒကို ထုပ်ဖော်လာသည်။ သူမသည် ကျန်းရှုယောင် ဤမျှအထိ တည်ငြိမ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ရှီချင်းယင်နှင့်လမ်းခွဲခြင်းသည် မဖြစ်နိုင်ဟု သူမ ယုံကြည်ထားသောကြောင့်ပင်။ သူမသည် နူးညံ့သောပန်းလေးတစ်ပွင့်ဖြစ်သော်ငြား အမြစ်များနှင့်ထိန်းချုပ်ခံထားရသော မြေဩဇာလေးနှင့်တူသည်။ ရှီချင်းယင်နှင့်လမ်းခွဲခြင်းသည် သူမအတွက် မကောင်းသောကိစ္စများသာ ဖြစ်စေလိမ့်မည်ဟု သူမ ယုံကြည်ခဲ့ဖူးသည်။

သို့သော် သူမ နေသားကျအောင်ကြိုးစားဖို့ရန်သာ လိုအပ်သည့်ပုံပင်။

“သမီးသာ ကြိုးစားမယ်ဆို သမီးတို့နှစ်ယောက်လုံးကို သမီးထောက်ပံ့နိုင်မှာ”

ကျန်းရှုယောင် : “ဒီနှစ်အတွင်း အလုပ်လုပ်ရင်း သမီး ပိုက်ဆံအနည်းငယ်စုမိထားတယ် သမီးတို့ အိမ်လေးတစ်အိမ်ဝယ်ပြီး အမေနဲ့သမီးနဲ့အတူ ပြောင်းနေပြီး ခွေးလေးတစ်ကောင်လည်းမွေးမယ်လေ၊ Golden ခွေးလေးဆိုရင်ကော အရမ်းချစ်ဖို့ကောင်ပြီး တက်လည်းတက်ကြွတယ်၊ သမီးတို့နှစ်ယောက် အတူတူ လေ့ကျင့်ခန်းလည်း လုပ်လို့ရတယ်”

သူမ အမေသည် သူမကိုကြည့်ပြီး ပင်ပန်းမှုကြောင့်ပိန်ကျသွားသော သူမ မျက်နှာကိုကြည့်ပြီး “အမေ စောင့်နေမယ်နော်”

အိမ်ပြန်ရောက်လာပြီးနောက် ကျန်းရှုယောင်သည် သုံးရက်ဆက်တိုက် အိပ်ရေးပျက်ခဲ့ခြင်း၏အကျိုးရလဒ်ကို ခံစားရလေတော့၏။

ယင်းမှာ သူမ အတွက် ရှားပါးသလို ယွဲ့ရှအတွက်လည်း ရှားပါးသည်။

ထိုညက သူမနှင့်ဝမ့်ရှစ်ယာသည် သရဲဂိမ်းကို တော်တော်ကြာသည်အထိ ကစားခဲ့ကြသည်။ သူတို့နှစ်ယောက်လုံး နောက်ကျသည်အထိ အသည်းအသန် ကစားခဲ့ကြပြီး အတူတူအိပ်ရန် ဆုံးဖြတ်လိုက်ကြ၏။ ထို့ကြောင့် မနက် သုံး-လေးနာရီအချိန် နှစ်ယောက်သား ကွေးနေချိန် အခန်းတံခါးမှာ ပွင့်လာခဲ့သည်။

ည၀တ်အင်္ကျီအရှည်ဖြင့် ဆံပင်ရှည်ကိုဖြာချလျက် ခြေဖျားထောက်ပြီး၀င်လာသော ကျန်းရှုယောင်ကို ယွဲ့ရှနှင့်၀မ့်ရှစ်ယာသည် မျက်လုံးအပြူးသားဖြင့် ကြောက်မက်စဖွယ်ကြည့်နေကြသည်။ သူမသည် တနင်္လာမှသောကြာအထိ၀တ်မည့် အင်္ကျီများကို သေချာစီပြီး ချိတ်ထားလိုက်သည်။

ထို့မှသာ ထိုနေ့များတွင် သူမ အဆင်သင့်ထုပ်၀တ်ရုံပင် ဖြစ်သည်။ အလုပ်ကြိုးစားပြီး အားကိုးရသော ခရုမလေးကဲ့သို့ သူမ၏ပုံကို မြင်သောအခါ သူတို့နှစ်ယောက်သည် ကြောက်ရွံ့ခြင်းမှ ရှုပ် ထွေးခြင်းသို့ပြောင်းလဲသွား၏။

ကျန်းရှုယောင်မှာ လန့်သွားပြီး "အား!" ဟု အော်လိုက်မိသည်။မီးဖွင့်လိုက်ပြီး ကောင်မလေး သုံးယောက်သည် ရှုပ်ပွနေသော ဆံပင်များဖြင့် အချင်းချင်းကြည့်လိုက်ကြသည်။ရုတ်တရက် ယွဲ့ရှက ပြောလိုက်သည်။

" အိပ်မပျော်လို့လား"

ကျန်းရှုယောင်က ဖြေးညှင်းစွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ယွဲ့ရှ၏ကြီးမားသော ကုတင်ကြီးပေါ်တွင် လူနောက်တစ်ယောက် တိုးသွားလေသည်။သူတို့သည် အိပ်မပျော်တော့သည့်အပြင် တစ်နာရီ၊ နှစ်နာရီ မိုးလည်းလင်းတော့မည်ဖြစ်သောကြောင့် တစ်ညလုံး စကားသာထိုင်ပြောလိုက်ကြတော့သည်။

ယွဲ့ရှသည် ကျန်းရှုယောင် ခြေထောက်ကိုပွတ်ရန်လုပ်လိုက်သော်လည်း ‌‌‌အေးစက်မှုကြောင့် စိတ်ပျက်စွာ ခြေထောက်ကိုပြန်သိမ်းလိုက်သည်။ " ဘယ်တော့အလုပ်ထွက်မှာလဲ"

" အရင်ရက်ကတော့ ဒါရိုက်တာဆီ သွားလိုက်သေးတယ်၊ သူက ဘာမှတော့မပြောပေမယ့် အလုပ်ထွက်တာကိုတော့ အားပေးတဲ့ပုံပဲ၊ လုပ်စရာတွေ ပြီးပြတ်သွားတာနဲ့ အလုပ်ထွက်လိုက်တော့မယ်"

၀မ့်ရှစ်ယာသည် စောင်အောက်တွင် ကွေးလျက် တိုးတိုးလေး ပြောလာလေသည်။ " ကောင်းတယ်"

ယွဲ့ရှ: “လီကျွန်းကော”

ကျန်းရှုယောင်က ခေါင်းညိတ်လိုက်သည်။ “အဲ့မှာလည်း လုပ်ရိုးလုပ်စဉ်အတိုင်းပဲသွားမှာ”

ဝမ့်ရှစ်ယာ : “ ကောင်းတယ်”

ခဏတာခန့် ငြိမ်သက်သွားပြီးနောက် ယွဲ့ရှမှာ အကုန်လုံး အိပ်ပျော်သွားပြီ ဟု ထင်လိုက်သည့်အချိန် ကျန်းရှုယောင်က အသံတိုးတိုးဖြင့်ပြောလာသည်။ “ဒီနေ့ လင်းမိသားစုက သမီးကြီး ငါ့ကိုခေါ်ပြီး ပြောတယ်၊ သူက ငါ့ကိုလူကိုယ်တိုင်တွေ့ပြီး စကားပြောချင်လို့ အချိန်ရှိလားတဲ့”

All Chapters