← Chapters

အခန်း ၇၅

Vol. 5 Ch. 75

အခန်း ၇၅

Vol. 5 Ch. 75

အခန်း (၇၅)

ဝမ့်ရှစ်ယာက ခေါင်းထောင်လာသည်။ “ဘာပြောမလို့လဲ၊ သူ နင့်ကို ဂါဝန်ချုပ်ခိုင်းမလို့တော့ မဟုတ်ပါဘူးနော်”

“ဟင်၊ ငါ စေ့စပ်တုန်းက သူ့မှာ အခြားအစီအစဉ်ရှိခဲ့လို့နေမယ်၊ ပြီးတော့ သူက စာကြောင်းတစ်ခုမေးတယ်လေ ငါက မသိဘူးလို့ဖြေတော့ သူက ငါ့ကို လက်လေးချောင်းထောင်ပြတယ်”

ကျန်းရှုယောင်က စိတ်ညစ်ညစ်ဖြင့် ရေရွတ်လာသည်။

ယွဲ့ရှ : “လက်လေးချောင်း?”

“ငါက လေးထောင်လောက်ဆိုရတယ်ပြောပေမယ့် သူက ငါ့ကို မနောက်နဲ့တဲ့ သူအတည်ပြောနေတာပါတဲ့၊ လေးသိန်းတဲ့လေ အဲ့လောက်ကြီးကျ ငါဘယ်လိုလုပ်ယူရဲမှာလဲ”

ကျန်းရှုယောင်မှာ ထူးထူးခြားခြား စိတ်ဓာတ်ကျနေခဲ့သည်။

ဝမ့်ရှစ်ယာ “ဝါး”

ယွဲ့ရှ “ဝါး”

“ထားလိုက်ပါတော့” ကျန်းရှုယောင် စကားပြောရပ်လိုက်ပြီးနောက် ယွဲ့ရှတစ်ခါမှ မကြားဖူးသည့် အသံနက်ကြီးဖြင့် “အာ ငါမေးဖို့မေ့သွားတယ်”

ယွဲ့ရှ : “ ဘာမေးမလို့လဲ”

“လေးသိန်းက အခွန်မဆောင်ခင်ကလား ဆောင်ပြီးမှလား” ကျန်းရှုယောင်က တစ်ညလုံးစဉ်းစားနေပြီး အိပ်လို့မရတော့ပေ။ “ငါ အခွန်ရုံးကိုသွားပြီး ငါဘာသာသွားဆောင်လိုက်မယ်၊ ၄၅ % က များတော့တော်တော်များတယ်”

သူမသည် ထိုမျှထိများပြားသည့် ငွေကြေးပမာဏကို မမြင်ဖူးပေ။

အခန်းသည် ထပ်မံတိတ်ဆိတ်သွားပြန်သည်။ ထို့နောက် ယွဲ့ရှနှင့်ဝမ့်ရှစ်ယာက ကျယ်လောက်စွာရယ်လိုက်ကြတော့သည်။ သူတို့သည် ရယ်ရလွန်းသောကြောင့် ဘယ်ချိန် ပြန်အိပ်ပျော်သွားသည်ကိုပင် မသိတော့ပေ။

လမင်းကြီးသည် သစ်ကိုင်းအထက်တွင်ရှိပြီး ပိုးချည်မျှင်ကဲ့သို့ အလင်းရောင်က အိပ်ပျော်နေသောကောင်မလေးများ၏မျက်နှာပေါ်သို့ဖြာကျနေလေသည်။

ထိုချိန်သည် ယွဲ့ရှဘဝတွင် သက်တောင့်သက်သာအရှိဆုံးအချိန် ဖြစ်၏။

ပြဿနာရှာသည့် စိတ်ပျက်စရာလူများလဲမရှိသောကြောင့် သူငယ်ချင်းများနှင့်ဂိမ်းကစားပြီး လုပ်စရာမရှိလျှင် အကိုကို အနိုင်ကျင့်သည်။ စိတ်တိုင်းမကျသည့် ကိစ္စတစ်ခုမှာ System အစားတင်လိုက်သည့် လျှောက်လွှာထံမှ မည်သည့်တုန့်ပြန်မှုမှ မရလာခြင်းပေ။

[ System နှင်းဆီနီက ငါ့ကိုအထင်သေးလား ] ယွဲ့ရှ မှာနည်းနည်း မကျေနပ်သလို ခံစားနေရသည်။

[ သူက နင့်ကို အထင်သေးတာမဟုတ်ပါဘူး၊ မမြင်တာပဲနေမှာပါ ] Systemသည် အမြဲတစေ အမှန်အတိုင်းကို တည့်တည့်သာ ပြောလေ့ရှိ၏။

အဘယ်ကြောင့်ဆိုသော် သူမသည် သုံးရက်ငါးခြောက်လို နေလှန်းခံခဲ့ရပြီး နှစ်ရက် ငါးကွန်ရက်ဖြင့် အလုပ်ရှုပ်နေခဲ့သောကြောင့်ပင်။ လူများ သူမ live လွှင့်သည်ကို လာကြည့်ကြသည့်အခါတိုင်း ဆယ်ခါမှာ ကိုးခါသည် သူမ ကြည့်ရှုသူများနှင့် ရန်ဖြစ်နေခြင်းဖြစ်သည်။

သူမ၏ ကျောက်ဆူးမှာ မည်သို့ ပုံစံဖြစ်သနည်းကိုကော သူမ မည်သည့် အနာဂတ်လမ်းကြောင်းကိုဉီးတည်နေသနည်းကိုကော ပြောပြရန်မှာ ခက်ခဲလှသည်။

လောင်ကျစ်(နှင်းဆီနီ)အတွက် ထိုကဲ့သို့ လျှောက်လွှာမျိုးကိုကြည့်ဖို့ရန်ပင် မလိုပေ။ ထိုကဲ့သို့လျှောက်လွှာများကို အောက်ပိုင်းတွင်ပင် စစ်ထုပ်ပြီးသားဖြစ်သည်။

[ တကယ်ပဲ နှင်းဆီနီလို့မပြောရဘူး၊ ရဖို့ရာခက်လိုက်တာမှ တအားပဲ ]

ယွဲ့ရှသည် ပုံမှန်အတိုင်းကြီးပြင်းလာသောကြောင့် သူမသည် ယုတ္တိမတန်သည့် System အား သူများ ကုမ္ပဏီကို ဟက်ခ်ခိုင်းသည့် တောင်းဆိုချက်မျိုးမလုပ်ပေ။ ထိုအစား သူမက ပြင်းထန်စွာပြောလာသည်။

“အဲ့လိုဆိုတော့လဲ ငါလည်း သမားရိုးကျမဟုတ်တဲ့နည်းကို အသုံးပြုရုံပေါ့”

System သည် မသိစိတ်အရ မကောင်းခြင်းကိုခံစားနေရသည်။ [ နင်ဘာလုပ်ချင်တာလဲ ]

ယွဲ့ရှက အံ့ဩတကြီးပြောလာသည်။ [ ငါ ငါ့ခန္ဓာကိုယ်ကို ‌ရောင်းစားချင်တယ်]

System:【……】

‘နင်ဘယ်လိုတောင်ပြောရဲတာလဲ’

ထို့နောက် System သည် လောင်ကျစ်အား ဖမ်းနိုင်မည့်နေရာကို ပြောပြပြီး သူမ ကိုကူညီရန်အလို့ငှာ လောင်ကျစ်လက်ထောက်၏စနစ်ကို ဟက်ခ်ရန် တွန်းအားပေးခံလိုက်ရတော့သည်။

“မမြင်ရမချင်းမသိနိုင်၊ မြင်လျှင်သာသိနိုင်မည်” ဟုန်မေ‌ကွေ့သည် အမှန်တကယ်ပင် အလုပ်ကို သရဲစီးသလိုလုပ်သောသူ ဖြစ်သည်။ သူမ၏ အပတ်စဉ် အချိန်ဇယားသည် ဆေးကျောင်းသားတစ်ယောက်၏အချိန်ဇယားထက်ပင် လုပ်စရာများပြားလှပြီး သူမသည် အချိန်ရလျှင်ရသလို လုပ်ငန်းဆိုင်ရာပါတီများကိုလည်းတက်သေး၏။

သူမသည် ရည်မှန်းချက်ကြီးသောသူဖြစ်ကြောင့် ဤမြို့တွင် ခြေကုပ်ယူထားရန် အရေးတကြီး လိုအပ်နေသောကြောင့် သူမ၏အားအင်အကုန်လုံးကို စိုက်ထုတ်ရန် ဆန္ဒပြင်းပြသည်။

သို့သော်တစ်ချိန်တည်းမှာပင် ယင်းသည် ယွဲ့ရှအား သူမနှင့်ဝင်တိုးမိစေရန် အခွင့်အလမ်းကို နည်းပါးလာစေ၏။ သုံးခါဆက်တိုက် မအောင်မြင်ပြီးနောက် ယွဲ့ရှသည် ဝိုင်ခွက်ကိုကိုင်လျက် ခေတ်မှီဆန်းပြားသော လူအုပ်ကြားထဲတွင် လမ်းပျောက်နေခဲ့သည်။

[ နင်ပြောတော့ သူဒီမှာရှိမှာဆို ]

Systemu က အမှန်အတိုင်းပြောလာသည်။ [ သုံးမိနစ်မတိုင်ခင်ကတော့ဟုတ်တယ်]

ယွဲ့ရှ : “အဲ့ဆို ဘယ်မှာလဲလူက”

System : [ ကုမ္ပဏီမှာ အရေးပေါ်ကိစ္စပေါ်လာလို့ အချိန်ပိုပြန်ဆင်းသွားတယ်တဲ့]

နွေဦးအလွန် : [……]

ယင်းကဲ့သို့ အလုပ်လုပ်နိုင်စွမ်းသည် လွှမ်းမိုးခြယ်လှည်တတ်သော CEO လုပ်သင့်သည့်အရာဖြစ်သည်။ ရှီချင်းယင်ကဲ့သို့ အတုအယောင်များနှင့် မနှိုင်းယှဉ်သင့်ပေ။

ပစ်မှတ်ထားထားသောလူမှာ ထွက်သွားပြီဖြစ်သောကြောင့်ယွဲ့ရှလည်း ကြာကြာမနေချင်တော့ပေ။ ထို့ကြောင့် သူမ ခိုးထွက်သွားရန်ပြင်ချိန် ရင်းနှီးသော ပုံရိပ်ကိုတွေ့လိုက်ရသည်။

ရှီယွမ်ကျန်းသည် မနီးမဝေးနေရာတွင်ရပ်နေပြီး မျက်လုံးစဉ်းလျက် တစ်ခုခုကို စဉ်းစားနေပုံပင်။

သူ့တွင် နှာတံမြင့်မြင့်နှင့် မျက်တောင်ရှည်ရှည်ရှိသည်။ သူ လူများကိုကြည့်သောအခါ မျက်လုံးထောင့်မှသာကြည့်လေ့ရှိ၏။ ထိုစဉ်က သူသည် အထီးကျန်ဆန်ပြီး အေးစက်လွန်းလှသောကြောင့် သူစိမ်းများက သူနှင့်ဝေးဝေးနေရန်ပြောကြသည်။

[ဟဲ့ အဲ့ဒါဗိုင်းရက်စ်လေးမလား ] ယွဲ့ရှက System ကိုပြောလိုက်သည်။

System မှာလွှမ်းမိုးခံလိုက်ရသလိုဖြစ်သွားပြီး [ အဲ့အသံနဲ့ မပြောနဲ့ လူလိမ်လူညစ်နဲ့တူတယ်]

ယွဲ့ရှသည် သူနှင့် အကြိမ်ပေါင်းများစွာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့သောကြောင့် ယခုတစ်ခါလည်း ထိုသို့ တွေ့မည်ဟု ခံစားရပြီး တစ်လက်မပင်မ‌ရွှေ့ပေ။ သူမသည် မနီးမဝေးနေရာမှာ လေ့လာစူးစမ်းနေပြီး ဗန်းသယ်လာသည့် ချောမောသော ဝိတ်တာလေးသည် ရှီယွမ်ကျန်း နားသို့ တဖြည်းဖြည်း နီးနီးလာသည်။

သို့သော် သူ့ဘေးနားမှာ ဧည့်သည်ထံမှ အာရုံလွှဲခံလိုက်ရသည်။

ယွဲ့ရှ သူနှင့်ပထမဆုံးတွေ့ခဲ့သောအချိန်ကိုမှတ်မိသေးသည်။ သူမ သူ့အပေါ်သို့ နို့များဖိတ်စင်ကျသွားခြင်းဖြစ်သည်။ “သူတစ်ယောက်ယောက်နဲ့တွေ့တိုင်း နို့တွေ သူ့ပေါ်ဖိတ်စင်ကျလာအောင်လုပ်တာကလည်း သူ့ရဲ့အရှိန်အဝါပဲလား” သူမ စဉ်းစားနေမိသည်။

System : [ အဲ့လိုအရာမရှိဘူးဟ ]

System ထိုသို့ပြောသော်လည်း ဝိတ်တာမှာ ရှီယွမ်ကျန်းနားဖြတ်သွားသောအခါ အမည်မသိတွန်းအားတစ်ခုက လမ်းညွှန်းပေးလိုက်သည့်အတိုင်း တည့်တည့်သွားနေသာသူသည် ရုတ်တရက်လှည့်လိုက်ပြီး သူ့ဗန်းထဲမှ ကော့တေးသည်လည်း ရှီယွမ်ကျန်း အပေါ်သို့ ဖိတ်စင်လုနီးပါးဖြစ်သွားသည်။

ယွဲ့ရှသည် ဖိတ်စင်ခံလိုက်ရသောမြင်ကွင်းကိုကြည့်ရန် မျှော်လင့်စောင့်ဆိုင်းနေသော်လည်း သူမ မျက်လုံးမှာဝါးသွားပြီး ရှီယွမ်ကျန်းသည် အံ့ဩမှင်သက်စရာအမြန်နှုန်းဖြင့် ရှောင်လိုက်ပြီး တစ်ဖက်လူ၏ ဗန်းကိုပင်ထိန်းထားနိုင်သည်အထိ အားအင်ရှိ၏။

ကော့တေးသည် ကြမ်းပြင်ပေါ်သို့ကျသွားပြီး သူ၏ရှူးဖိနပ်ကိုထိလုနီးပါးပင်။

အလွန်ကိုပင် ပြောင်မြောင်သော လှုပ်ရှားမှုဟုသာ ပြောရ‌တော့မည်။

ပြောင်မြောက်လွန်းသောကြောင့် လူများကိုပင် စိတ်ဓာတ်ကျသွားစေသည်။

ဝိတ်တာသည် ဖြစ်ပျက်သွားသော ကိစ္စများကို သတိထားမိပြီး ချောမောသောမျက်နှာလေးမှာ ရဲသွားသည်။

“တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်တော်မရည်ရွယ်ပါဘူး ကျွန်တော်သုတ်ပေးပါ့မယ်”

“မလိုဘူး အလုပ်သွားလုပ်တော့” ရှီယွမ်ကျန်းက တည်ငြိမ်စွာပြောလိုက်သည်။

“အယ်?” ဝိတ်တာက စိုးရိမ်စွာမေးလာသည်။ “တကယ်အဆင်ပြေတာလား”

All Chapters