အခန်း ၅၄၈၇
Vol. 278 Ch. 5487
Chapter 5487
ထိုအရာသည် ရှေးဟောင်းနတ်ဆိုးတစ်ကောင် မဟုတ်ဘဲ လုယွီ၏ကျင့်ကြံခြင်းကို မြှင့်တင်ပေးသည့် အရာတစ်ခုပင်။
ရှေးဟောင်းနတ်ဆိုးများကို ဝါးမျိုလေလေ လုယွီ၏ကျင့်ကြံခြင်းသည် ပို၍လျှင်မြန်စွာ ကြီးထွားလာလေလေပင်။ ဤသည်မှာ သူ ရိုးရှင်းစွာ ကျင့်ကြံခြင်းထက် များစွာပို၍ လျှင်မြန်သည်။
ထို့ပြင် ရှေးဟောင်းနတ်ဆိုးမျိုးနွယ်စုသည် အလွန်အံ့အားသင့်ဖွယ် ကောင်းလှ၏။ သူတို့ကို ဝါးမျိုခြင်းကြောင့် ရရှိလာသော အကျိုးသက်ရောက်မှုများသည် သာမန်သက်ရှိများကို ဝါးမျိုခြင်းထက် များစွာပို၍သာလွန်သည်။
"လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်ဖို့ ပြင်ဆင်ထားတဲ့ အချိန်ကို ငါ နည်းနည်းရှေ့တိုးရမယ်..."
လုယွီ စဉ်းစားတွေးတောနေစဉ် သူ၏စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။
လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်ပြီးနောက် ရှေးဟောင်းခေတ်မှ ရန်ငြိုးများကို အမြစ်ပြတ်ချေမှုန်းရန်မှာ ရှေးဟောင်းခေတ် ချင်လူမျိုးများအပေါ် လုယွီ၏ကတိသစ္စာပင်။ မည်သည့်ကိစ္စများရှိစေကာမူ သူ ထိုအရာကို အောင်မြင်အောင် လုပ်ဆောင်ရပေမည်။
ထို့ပြင် လုယွီ၏ကျင့်ကြံခြင်းသည် မည်သည်ကြောင့် ဤမျှထိ လျှင်မြန်စွာ တိုးတက်နိုင်ကြောင်း ပြင်ပလူများမှ နားမလည်ကြသော်လည်း သူကိုယ်တိုင်ကမူ ထိုကိစ္စ၏ အကြောင်းအရင်းကို ကောင်းစွာသိရှိထားသည်။
အောက်ဘုံတွင် အတိတ်၌ လုယွီသည် မြေကမ္ဘာ နတ်ဆိုးဘိုးဘေး၏ အကြွင်းအကျန် စိတ်ဝိညာဉ်ကို ဝါးမျိုခဲ့ခြင်းကြောင့်သာ အောက်ဘုံ၏ ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်ပေ၏။
ထို့နောက် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိချိန်တွင် လုယွီသည် မမျှော်လင့်ထားသော အခွင့်အရေး အမြောက်အများကို ရရှိခဲ့သော်လည်း အရေးအကြီးဆုံးအရာမှာ ရှေးဟောင်းခေတ်တွင် ဖြစ်နေဆဲပင်။ ထိုနေရာတွင် လူသားဧကရာဇ်သည် နတ်ဆိုးဘိုးဘေးလေးပါးကို သွေးယဇ်ပူဇော်ကာ သူတို့အား သူ၏စွမ်းအားများအဖြစ်သို့ ပေါင်းစပ်ခဲ့ခြင်းကြောင့်သာ သူ သိုင်းအင်မော်တယ် နယ်ပယ်သို့ အဆင့်တက်ခဲ့ခြင်းပင်။
ဤသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှုတစ်ခုပင်။ ထိုအချိန်မှစ၍ ကောင်းကင်ဘုံနယ်မြေတွင် လုယွီသည် နတ်ဘုရားများနှင့် တွေ့ပါက သတ်ပစ်မည်ဖြစ်ပြီး ဗုဒ္ဓများနှင့် တွေ့ပါကလည်း သတ်ဖြတ်နိုင်ခဲ့သည်။ သူသည် သူ၏နာမည်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ဘဲ သူ၏ရှေ့ဆက်မည့် လမ်းကြောင်းတွင် အတားအဆီး မရှိတော့ချေ။
ထို့ပြင် ဤရှေးဟောင်းနတ်ဆိုး မျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်များပေါ်တွင် သူ လိုချင်သောအရာတစ်ခု ရှိနေသည်။
"ဒီနေရာက..."
လုယွီသည် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
နတ်ဆိုးဘိုးဘေးကို ဖယ်ရှားပြီးနောက် သူသည် ဤနေရာရှိ အကြီးမားဆုံးကပ်ဘေးကို ဖယ်ရှားပြီးဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ရက်စက်ကြမ်းကြုတ်သားရဲများနှင့် ပတ်သက်၍မူ သူတို့သည် နတ်ဆိုးဘိုးဘေး နှင့်အတူ မွေးဖွားလာသော သက်ရှိများသာ ဖြစ်ကြသည်။
သူတို့၏ဉာဏ်ရည်မှာ နိမ့်ပါးပြီး သွေးဆာနေသော ဆန္ဒတစ်ခုကိုသာ ပိုင်ဆိုင်ထားသည်။ သူတို့ကို ထားရှိခြင်းက အသုံးမဝင်သဖြင့် လုယွီသည် သူတို့အားလုံးကို သုတ်သင်ရှင်းလင်းရန် ဟန်ပြင်လိုက်၏။
သို့သော် လုယွီ နောက်ပြန်လှည့်လိုက်ချိန်လေးတွင်ပင် ရှေးဟောင်းရေတွင်းအတွင်းမှနေ၍ စက်ယန္တရားများ လည်ပတ်နေသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
လုယွီ အနည်းငယ် ရပ်တန့်သွားပြီး ရှေးဟောင်း ရေတွင်း၏နံဘေးသို့ လျှောက်လှမ်းသွားလိုက်သည်။
ဤသည်မှာ အလွန်အတင့်ရဲသော လှုပ်ရှားမှုတစ်ခုပင်။
ယန်မိသားစုသည် ဤနေရာကို အချိန်အတော်ကြာ ထိန်းချုပ်ထားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ရှေးဟောင်းရေတွင်းအနီးသို့ ချဥ်းကပ်ဝံ့ခြင်းမရှိချေ။
ဤနေရာသို့ ရောက်လာသရွေ့ မည်သူမဆို ရှေးဟောင်း ရက်စက်ကြမ်းကြုတ်နတ်ဆိုးတစ်ကောင်ကို ဤရှေးဟောင်းရေတွင်းအတွင်း၌ ဖိနှိပ်ထားကြောင်း ခန့်မှန်းနိုင်ပေမည်။
သို့သော် မည်သူက ရှေ့သို့ ထွက်လာပြီး ကြည့်ရှုရန် သတ္တိရှိမည်နည်း။
ယခင်က ထိုအရာကို ဖိနှိပ်ထားသည့် မသေမျိုးအဆင့် မှော်လက်နက်တစ်ခု ရှိခဲ့သော်လည်း ထိုရက်စက်ကြမ်းကြုတ်နတ်ဆိုး ရုတ်တရက် ပွင့်အံ့ထွက်လာပါက မည်သို့ဖြစ်မည်နည်း။ ထိုနေရာသို့ သွားရောက်ကြည့်ရှုသူသည် နေရာမှာတင် သေဆုံးသွားပေလိမ့်မည်။
"ငါ အောက်ကိုဆင်းပြီး သွားကြည့်မယ်..."
လုယွီက နောက်သို့ပြန်လှည့်ကာ ရှေးဟောင်း ရေတွင်းအဝမှနေ၍ အောက်သို့ခုန်ချလိုက်၏။
အောက်တွင် မည်သည့်အရာ ရှိနိုင်မည်ကို သူ မစိုးရိမ်ချေ။ ဤနေရာတွင် နေထိုင်သော နတ်ဆိုး ဘိုးဘေးပင်လျှင် အသတ်ခံလိုက်ရပြီ ဖြစ်သဖြင့် သူ့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ပေ။
ရှေးဟောင်းရေတွင်းအတွင်း၌ ထူးဆန်းသော ကျောက်တုံးများ စုပုံနေသည်။
ပြင်းထန်သော သွေးညှီနံ့များလည်း ဤနေရာမှ ထွက်ပေါ်နေသည်။
အဝေးတွင် ခြောက်ကပ်နေသောအရိုးများ စုပုံနေပြီး ကျောက်နံရံများပေါ်တွင် ထက်ရှသော လက်သည်းများမှ ချန်ထားခဲ့သည့် အရာများဖြင့် ဖုံးလွှမ်းနေပေ၏။
လုယွီ မမျှော်လင့်ထားခဲ့သောအရာမှာ ဤနေရာရှိ လေဟာနယ်မှာ ကျယ်ဝန်းပြီး လျှို့ဝှက်ဆန်းကြယ်ကာ လူသူကင်းမဲ့သော နေရာတစ်ခုသို့ ဦးတည်နေသည့် ဗလာဟင်းလင်းဖြစ်နေသော လမ်းကြောင်းများ ရှိနေခြင်းပင်။
လုယွီသည် လမ်းကြောင်းအတိုင်း လျှောက်သွားရာ လမ်းကြောင်း၏အဆုံးသို့ အလျှင်အမြန် ရောက်ရှိသွားသည်။
အဆုံးတွင် လှိုဏ်ဂူအိမ်တစ်ခုရှိပြီး အတွင်းတွင် လူအရပ်တစ်ဝက်ကျော်မြင့်သော ကျောက်စာတိုင်တစ်ခုသာ ရှိနေသည်။
ဖုန်မှုန့်များသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေပြီးအစောပိုင်းကမှ ကျဆင်းလာသည့်အလားပင်။ ဤနေရာတွင် ဝင်္ကပါကန့်သတ်ချက်များကို ကြာမြင့်စွာကတည်းက ထားသင့်ပြီး အခြေအနေတချို့နှင့် ကိုက်ညီမှသာ အသက်သွင်းနိုင်ပေမည်။
နတ်ဆိုးဘိုးဘေးလုဝူသည် ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော်လည်း ဤနေရာတွင် ထိုကဲ့သို့ ဝင်္ကပါကန့်သတ်ချက်တစ်ခု ရှိနေကြောင်း သူ မတွေ့ရှိခဲ့ချေ။
ထိုကျောက်စာတိုင်ပေါ်တွင် စာသားတစ်ကြောင်းကိုလည်း ရေးထွင်းထားပေ၏။
"နတ်ဆိုး ပျောက်ကွယ်သွားရင် အမွေအနှစ် ထွက်ပေါ်လာလိမ့်မယ်..."
ထိုစာလုံးများသည် အားမာန်ပါပြီး အစွမ်းထက်ကာ နက်နဲသိမ်မွေ့သော အရှိန်အဝါနှင့်အတူ ရှေးဟောင်းဆန်သော ခံစားချက်တစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။
"အဲ့ဒီတုန်းက လုဝူကို ဖိနှိပ်ခဲ့တဲ့သူက ဒီနေရာမှာ အမွေအနှစ်တစ်ခုကို ချန်ထားခဲ့တာပဲ..."
လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။
အကယ်၍ လုဝူ သေဆုံးသွားပါက ဤဖုံးကွယ်ထားသော အမွေအနှစ် ထွက်ပေါ်လာပေမည်။
နှစ်တစ်ထောင်ကြာ အတောအတွင်းတွင် ယန်မိသားစု၌ မိသားစုခေါင်းဆောင်များ အလှည့်ကျ ပြောင်းလဲခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ လုဝူကို ရန်စဝံ့ခြင်းမရှိခဲ့ကြဘဲ သူ့ကို ရှေးဟောင်းရေတွင်းအတွင်း၌ ဆက်လက်၍ ချိတ်ပိတ်ခံထားရရန်သာ ခွင့်ပြုခဲ့ကြသည်။
"စိတ်ဝင်စားစရာပဲ..."
လုယွီသည် ကျောက်စာတိုင်ပေါ်တွင် သူ၏လက်ကို တင်လိုက်ရာ ရုတ်တရက် ပတ်ဝန်းကျင်မှ ရှုခင်းများ စတင်၍ ပြောင်းလဲလာပေ၏။
wunzinnosp