← Chapters

အခန်း ၅၄၈၉

Vol. 278 Ch. 5489

အခန်း ၅၄၈၉

Vol. 278 Ch. 5489

Chapter 5489

"ဂုဏ်ယူပါတယ် မျိုးဆက်သစ်ဂျူနီယာလေး... မင်းက ငါ့ရဲ့ အမွေအနှစ်ကို ရရှိလိမ့်မယ်... ငါက ငရဲနယ်မြေက ယင်ဥပဒေဌာနရဲ့ တရားသူကြီး ဆွေ့ပဲ..."

မိုးကြိုးကဲ့သို့ ကျယ်လောင်သောအသံတစ်သံက ကြီးမားကျယ်ပြန့်သော အမှောင်ထုထဲတွင် ပဲ့တင်ထပ်သွားပေ၏။

လုယွီ၏ခန္ဓာကိုယ်အတွင်းမှ လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ၏ စာမျက်နှာများ စတင်၍လှုပ်ခတ်သွားပြီး တရားသူကြီးဆွေ့အကြောင်း မှတ်တမ်းတစ်ခုက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ဤစိတ်ဝိညာဉ်၏မူရင်းဇစ်မြစ်မှာ ရှေးဟောင်းခေတ် ငရဲနယ်မြေမှ မဟာမိုးကောင်းကင် ရွှေအင်မော်တယ်တစ်ပါးပင်။ သူ၏ကျင့်ကြံဆင့်စွမ်းအားကို မှန်းဆ၍မရနိုင်ချေ။ သူသည် သရဲ ဧကရာဇ်၏ လက်အောက်ခံအရာရှိတစ်ဦးသာ ဖြစ်သော်လည်း သူ၏စွမ်းအားမှာ အလွန်ကြီးမားပြီး သူသည် ငရဲနယ်မြေ၏စည်းမျဥ်းဥပဒေများကို ကိုင်တွယ်အုပ်ချုပ်ခဲ့သည်။

ရှေးဟောင်းခေတ်၏ မဟာကပ်ဘေးကြီး အတွင်း၌ ငရဲနယ်မြေတွင် မည်သည့်ကိစ္စများ အတိအကျ ဖြစ်ပွားခဲ့သည်ကို မည်သူမျှ မသိကြချေ။ နောက်ပိုင်းတွင် ငရဲနယ်မြေသည် ပျောက်ကွယ်သွားပြီး ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်း ပြိုလဲကျသွားကာ အရာအားလုံးသည် စွန့်ပစ်နယ်မြေတစ်ခု ဖြစ်လာခဲ့ပေ၏။ အလယ်ခေတ်ကာလသို့ ရောက်မှသာ စွန့်ပစ်နယ်မြေသည် တဖြည်းဖြည်း လက်ရှိငရဲနယ်မြေအဖြစ်သို့ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

ငရဲနယ်မြေတွင် အမွေအနှစ်တချို့ မကြာခဏ ထွက်ပေါ်လာလေ့ရှိသည်။ အလယ်ခေတ်ကာလနှင့် လက်ရှိခေတ်မှ အစွမ်းထက်သူများ ချန်ထားရစ်ခဲ့သော အပျက်အစီးနယ်မြေများအပြင် ရှေးဟောင်းအပျက်အစီးနယ်မြေတချို့သည် တူးဖော်တွေ့ရှိသည်နှင့် တပြိုင်နက် အလွန်ကြီးကျယ်ခမ်းနားသော တည်ရှိမှုများပင်။ ထိုအရာများသည် ငရဲနယ်မြေတစ်ခုလုံးမှ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူသူများကို ဆွဲဆောင်ကာ ထိုအရာများအတွက် ယှဉ်ပြိုင်စေနိုင်သည်။

အတိတ်တွင် လုယွီသည် သရဲတစ္ဆေဧကရာဇ်၏ အမွေအနှစ်ကို အားကိုးခြင်းဖြင့် ရုတ်တရက် မြင့်တက်လာပြီး ငရဲနယ်မြေကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။

သေချာသည်မှာ ဤရှေးဟောင်းအပျက်အစီးနယ်မြေများက မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူ ကောင်းစွာသိရှိထားခြင်းပင်။

"အဲ့ဒီ လုဝူက ကောင်းကင်နဲ့မြေကြီးရဲ့ အထွတ်အထိပ်စွမ်းအားကနေ ဖြစ်တည်လာတာ... သာမန်မှော်စွမ်းအားတွေက သူ့ကို မထိခိုက်စေနိုင်ဘူး... အနီးကပ် တိုက်ခိုက်မှုကပဲ သူ့ကို အနိုင်ယူဖို့ အခွင့်အရေးရှိတယ်..."

လေထုအလယ်တွင် မျောလွင့်နေသော စိတ်ဝိညာဉ် သည် လုယွီ၏ရိုင်းစိုင်းမှုကို လုံလုံးလျားလျား ဂရုမစိုက်ပုံရပြီး ဆက်လက်၍ ပြောဆိုနေလေ၏။

"မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံဖို့နဲ့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပိုပြီးအားကောင်းစေဖို့ ကူညီပေးနိုင်တဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်နည်းစနစ် ကျမ်းစာအုပ်တစ်အုပ် ငါ့ဆီမှာ ရှိတယ်..."

လုယွီက အေးစက်စက်မျက်လုံးများဖြင့် ကြည့်နေသည်။ သူ၏ရှေ့ရှိ စိတ်ဝိညာဉ် သည် အကြွင်းအကျန် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း သူ ကြာမြင့်စွာကတည်းက မြင်တွေ့ခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့သော ပုံရိပ်ယောင်မျိုးတွင် အသိဉာဏ် မရှိဘဲ ကြိုတင်ပြင်ဆင်ထားသော စကားလုံးတချို့ကိုသာ ထပ်ခါတလဲလဲ ပြောဆိုနိုင်သည်။

"မွေးရာပါနယ်ပယ် ချီသန့်စင်ခြင်း..အရှိန်အဝါတွေက တစ်ခုတည်းအဖြစ်ကို ပြန်သွားတယ်..."

ကြီးမားကျယ်ပြန့်ပြီး နက်နဲသိမ်မွေ့သော ကျမ်းစာရွတ်ဆိုသံက စိတ်ဝိညာဉ်၏ပါးစပ်မှ ထွက်ပေါ်လာပေ၏။

လုယွီသည် သေချာစွာ နားထောင်နေပြီး ထိုအရာအတွင်း၌ မသိမသာ နစ်မြုပ်သွားသည်။

ဤကျမ်းစာသည် မွေးရာပါနယ်ပယ်ဟူသော အကြောင်းအရာဖြင့် စတင်ကာ ချီသန့်စင်ခြင်း နှင့် ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်းကို ပေါင်းစပ်ထားပြီး နောက်ဆုံးတွင် 'ပြီးပြည့်စုံသော မွေးရာပါ သက်ရှိ' အခြေအနေသို့ ရောက်ရှိရန် ကိုယ်ပိုင် ခန္ဓာကိုယ်ကို အဆက်မပြတ် ပုံသွင်းနေပေ၏။

ဤသည်မှာ အမှန်တကယ်ကို ရှားပါးပြီး ပြိုင်ဘက်ကင်းသော ကျမ်းစာတစ်ခုပင်။

အမှန်အားဖြင့် ထိုအရာသည် လုယွီ အတိတ်တွင် ရရှိခဲ့သော ရှေးဦးမူလဘူတရုပ်ခန္ဓာကိုယ်နှင့် သူတော်စင်ဧကရာဇ် ရုပ်ခန္ဓာကိုယ်တို့နှင့် အဆင့်တူပင်။

သူ၏ရည်ရွယ်ချက်မရှိသော လုပ်ရပ်က ဤမျှ ကြီးမားသော အကျိုးကျေးဇူးဆီသို့ ဦးတည်သွားလိမ့်မည်ဟု လုယွီ မည်သို့မျှ မျှော်လင့်မထားခဲ့ချေ။

"ငါ့ရဲ့ ကံကြမ္မာကို လွှမ်းမိုးနေတာက ငါ့ရဲ့ မွေးရာပါ သူတော်စင် ရုပ်ခန္ဓာကိုယ်ပဲ..."

လုယွီသည် အကြောင်းအရာ၏သော့ချက်ကို အလျှင်အမြန် ရှာဖွေတွေ့ရှိသွားခဲ့သည်။

မွေးရာပါသူတော်စင်ဆိုသည်က မည်သည့်အရာ ဖြစ်သနည်း...

သာမန်လူများသည် မမျှော်လင့်သော ကံကြမ္မာကောင်းတချို့ကို ရရှိခြင်းအတွက် စိတ်ကျေနပ်နေနိုင်သော်လည်း မွေးရာပါ သူတော်စင်များကမူ ထိုအရာနှင့် အကျွမ်းတဝင် ရှိနေလေပြီ။

သူတို့သည် ကောင်းကင်နှင့် မြေပြင်၏ မျက်နှာသာပေးမှုကို ခံရကာ မွေးဖွားလာကြ၏။ လူတချို့သည် အပြင်ထွက်သည်နှင့်တစ်ပြိုင်နက် ရွှေများကို ကောက်ရနိုင်ကာ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီး တန်ဖိုးကြီး ဆေးဘက်ဝင်အပင်များနှင့် တွေ့ဆုံနိုင်သည်။ မိန်းမလှများသည် သူတို့ဆီသို့ တားဆီး၍မရနိုင်လောက်အောင် ဆွဲဆောင်ခံရပြီး ကျင့်ကြံဆင့်နယ်ပယ်များကို ချိုးဖျက်ချိန်တွင် သူတို့ ရင်ဆိုင်ရသော ကောင်းကင်ဘုံကပ်ဘေးများပင်လျှင် အလွန်နည်းပါးသည်။

wunzinnosp

All Chapters