← Chapters

အခန်း ၅၄၉၁

Vol. 278 Ch. 5491

အခန်း ၅၄၉၁

Vol. 278 Ch. 5491

Chapter 5491

"မင်းက ငါ့ကို ပူးကပ်ဖို့ ကြံစည်နေတာ... ငါ့ရဲ့ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ် ပေါင်းစပ်သွားတာနဲ့ မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားနိုင်ပြီ..."

လုယွီ၏အကြည့် အေးစက်တင်းမာနေပြီး အမှန်တရားကို စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်လိုက်၏။

ယင်ဥပဒေဌာန၏ ဗလာဟင်းလင်းဖြစ်နေသော ခန်းမကြီးထဲတွင် အေးမြသောလေများ ရုတ်တရက် တိုက်ခတ်လာသည်။

အေးစက်သော လေပြင်းများ တိုက်ခတ်လာပြီး စိတ်ဝိညာဥ်သည် နောက်ဆုတ်သွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အနီရင့်ရောင် ပြောင်းသွားပြီး ဒေါသတကြီး နှာမှုတ်လိုက်သည်။

"ဟမ့်..."

တရားသူကြီးဆွေ့၏ စိတ်ဝိညာဉ်သည် အစပိုင်းတွင် အလွန်ထိုင်းမှိုင်းနေပြီး ကျမ်းစာ၏ အကြောင်းအရာကိုသာ ထပ်ခါတလဲလဲ ပြောဆိုနေခဲ့သည်။ ဤအချိန်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အရိပ်အယောင်တစ်ခုသည် သူ၏ မျက်လုံးများတွင် ရုတ်တရက် ဖြတ်ပြေးသွားပြီး သူသည် အသိဉာဏ် ရရှိလာပေ၏။

ရုတ်ချည်းဆိုသလိုပင် တရားသူကြီးဆွေ့၏ စိတ်ဝိညာဉ်သည် စူးရှသောအော်သံတစ်သံကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး မရေမတွက်နိုင်သော အနက်ရောင်ချီစွမ်းအားများက လုယွီကို ချက်ချင်းဖုံးလွှမ်းသွားသည်။

"မဟာမိုးကောင်းကင် ရွှေအင်မော်တယ် တစ်ပါးရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်လား ..."

လုယွီသည် သူ၏မျက်လုံးများကို မှေးစင်းကာ အနက်ရောင်ချီစွမ်းအားများကို သူ့အပေါ်သို့ လွှမ်းခြုံခွင့် ပြုလိုက်သည်။

"နှစ်ကာလတစ်သောင်း ကြာပြီးတဲ့နောက်မှာ... အင်မော်တယ်တွေ ရှိနေသေးတာလား..."

ဖျော့တော့တော့အသံတစ်က အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။

"အမွေအနှစ်ကို ပြင်ဆင်ထားတာက ဘာသဘောလဲ..."

လုယွီသည် ရှေးဟောင်းဘာသာစကားဖြင့် တုံ့ပြန်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပိုင် အင်မော်တယ်စွမ်းအားကို ထုတ်လွှတ်လိုက်၏။

ကောင်းကင်အရှင်သခင်၏ အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်သဖြင့် ဤနေရာပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ရုတ်တရက် တုန်ခါသွားကာ ပြင်းထန်စွာ သက်ရောက်မှု ခံလိုက်ရသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် ဖျော့တော့တော့အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပေ၏။

"ဒါက ငါ မတတ်သာလို့ လုပ်ရတာပါ..."

"မတတ်သာလို့ ပူးကပ်တာလား... မင်းရဲ့ အသက်က အသက်ဖြစ်ပြီးတော့ ငါ့ရဲ့အသက်ကကျတော့ အသက်မဟုတ်ဘူးလား..."

လုယွီသည် ခေါင်းခါယမ်းလိုက်ပြီး သူ၏အကြည့် အေးစက်တင်းမာနေသည်။

"အဲ့ဒီတုန်းက မဟာကပ်ဘေးကြီးကနေ မင်း ဘယ်လို အသက်ရှင်ကျန်ရစ်ခဲ့တာလဲ..."

လုယွီက မေးမြန်းသည်။

"မင်းက အဲ့ဒီကိစ္စကို သိနေတာလား...အခုခေတ်ကာလမှာ ငါ့အပြင် ဘယ်သူတွေက အသက်ရှင်ကျန်ရစ်သေးလို့လဲ..."

တရားသူကြီးဆွေ့၏အသံ အနည်းငယ် စူးရှလာသည်။

"ကောင်းကင်ဘုံနယ်မြေမှာ ငါက သရဲတစ္ဆေဧကရာဇ်နဲ့ ကျူးရုံတို့ကို တွေ့ခဲ့တယ်..."

လုယွီက ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။

"သူတို့လား... သူတို့က အသက်ရှင်သန်နေနိုင်မှာ သေချာပေါက်ပဲ... အဲ့ဒီ မဟာကပ်ဘေးကြီး မှာ ဘယ်လို အလိုက်သင့် နေရမလဲဆိုတာ သိတဲ့သူတွေပဲ အသက်ရှင်ကျန်ရစ်နိုင်တာ... သူတို့က တကယ့်ကို ဉာဏ်ကောင်းတဲ့ လူတွေပဲ..."

အမှောင်ထုထဲမှ အသံသည် အနည်းငယ် စိတ်လှုပ်ရှားသွားပုံ ပေါက်နေသည်။

လုယွီ၏မျက်လုံးများအတွင်းတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

"မင်း မှားနေပြီလို့ ငါထင်တယ်... သူတို့ကို ငါ သတ်လိုက်ပြီ..."

"ဘာ..."

"သူတို့ကလည်း မင်းလိုပဲ အကြွင်းအကျန် စိတ်ဝိညာဉ် အခြေအနေနဲ့ ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ကြတာ... သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို ငါ ဖျက်ဆီးလိုက်တာကြောင့် အမှုန်အမွှားနဲ့ပြာတွေ ဖြစ်သွားပြီ..."

လုယွီ၏အသံ ပို၍ပို၍အေးစက်တင်းမာလာသည်။

"သူတို့ရဲ့ခြေရာနောက်ကို မင်းက လိုက်ချင်နေတာလား..."

အမှန်အားဖြင့် လုယွီသည် မလှုပ်ရှားချင်ခဲ့ချေ။

မဟာမိုးကောင်းကင် ရွှေအင်မော်တယ် တစ်ပါး၏ အသက်ရှင်နေသော အကြွင်းအကျန် စိတ်ဝိညာဉ် တစ်ခုသည် မပြည့်စုံသော မှတ်ဉာဏ်များ ရှိလျှင်ပင် အတိတ်က အဖြစ်အပျက်တချို့ကို မှတ်မိနေပေမည်။

မထင်မှတ်ဘဲ သူ ထိုစကားကို ပြောဆိုပြီးနောက် တရားသူကြီးဆွေ့သည် ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

"မဟုတ်ဘူး... အဲ့ဒီတုန်းက သူတို့ကို ကူညီရင် သူတို့က ငါတို့ကို ထာဝရ အသက်ပေးမယ်လို့ ကတိပေးခဲ့ကြတယ်..."

တရားသူကြီးဆွေ့၏အသံသည် ရုတ်တရက် အလျင်စလို ဖြစ်လာတော့သည်။

"လိမ်လည်မှုတစ်ခု... ဒါတွေအားလုံးက လိမ်လည်မှုတစ်ခုပဲ..."

"ဘယ်သူက မင်းကို ထာဝရ အသက်ပေးမယ်လို့ ကတိပေးခဲ့တာလဲ..."

လုယွီ၏မျက်လုံးများ တောက်ပသွားပြီး အလျှင်အမြန် မေးမြန်းလိုက်သည်။

"သေချာတာပေါ့...အဲ့ဒါက... သေချာတာပေါ့ အဲ့ဒါက... ဟား ဟား ဟား... သေလိုက်စမ်း..."

အမှောင်ထုထဲတွင် ရက်စက်ကြမ်းကြုတ်ပြီး စူးရှသောအော်သံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် လုယွီ၏နောက်ကွယ်ရှိ အမှောင်ထုသည် ရုတ်တရက် ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး သူ့ကို ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် လုယွီ သိမ်းဆည်းထားသော တရားသူကြီးစုတ်တံသည် ယခင်က အားနည်းနေသော အခြေအနေကို ရုတ်တရက် ဖယ်ရှားလိုက်၏။ ထိုအရာမှနေ၍ လောကကြီးကို တုန်လှုပ်စေသော စွမ်းအားများ ပွင့်အံ့ထွက်လာကာ လုယွီကို ချက်ချင်းတိုက်ခိုက်လိုက်သည်။

wunzinnosp

All Chapters