အခန်း ၅၄၉၄
Vol. 278 Ch. 5494
Chapter 5494
ဘုန်း...
မှောင်မိုက်သော လေဟာနယ်အတွင်း၌ အလွန်ကျယ်လောင်သော တုန်ခါသံကြီးတစ်သံက မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
လေဟာနယ်အတွင်းတွင် ပြင်းထန်သော တုန်ခါမှုများ အဆက်မပြတ် ထွက်ပေါ်နေပြီး နေရာများစွာရှိ ဟင်းလင်းပြင်သည် ပြိုကျပျက်စီးသွားပေ၏။ ပတ်ဝန်းကျင်တွင် အပျက်အစီးမြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။
တရားသူကြီးစုတ်တံနှင့် ထိုက်အမ်းဓားတို့သည် ပြင်းထန်စွာ တိုက်မိသွားကြပြီး ထိုအရာများ၏ မျက်နှာပြင်များပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ အမှန်တကယ် ထွက်ပေါ်လာကာ အက်ကွဲတော့မည့် လက္ခဏာများကို ပြသနေသည်။
ဤသည်မှာ မသေမျိုးအဆင့် မှော်လက်နက်များ အက်ကွဲခြင်းပင်။
အကယ်၍ ဤအခြေအနေကို အပြင်လူများ မြင်တွေ့ခဲ့ပါက သူတို့သည် နေရာမှာတင် အံ့အားသင့်သွားကြမည်မှာ သေချာသည်။
မသေမျိုးအဆင့် မှော်လက်နက်များသည် ဤလောကကြီးပေါ်တွင် အခိုင်မာဆုံးနှင့် အစွမ်းထက်ဆုံး ဥပဒေသရတနာများပင်။ မသေမျိုးအဆင့် မှော်လက်နက်တိုင်းတွင် နက်နဲသိမ်မွေ့သော မူရင်းဇစ်မြစ် ရှိနေသည်။
သို့သော် ယခုအချိန်၌ ဤမသေမျိုးအဆင့် မှော်လက်နက်သည် လုယွီ၏ အစွမ်းထက်သော စွမ်းအားအောက်တွင် အမှန်တကယ်ကို အက်ကွဲသွားပေ၏။
"မင်းရဲ့လက်ထဲက ဓား... အခု ငါ မှတ်မိပြီ... အဲ့ဒါက ကောင်းကင်ဘုံဧကရာဇ်ရဲ့ဓားပဲ... မင်းက ဘယ်သူလဲ..."
တရားသူကြီးဆွေ့သည် နောက်ဆုံးတွင် မှတ်မိသွားပြီး သူ၏မပြည့်စုံသော စိတ်ဝိညာဉ်အတွင်း၌ မှတ်ဉာဏ် အပိုင်းအစတစ်ခု ထွက်ပေါ်လာသည်။
သူသည် သူ့ရှေ့ရှိ ဓား၏ မူရင်းဇစ်မြစ်ကို နောက်ဆုံးတွင် မှတ်မိသွားပြီး အဆုံးအစမရှိသော ထိတ်လန့်မှုများက သူ၏စိတ်နှလုံးသားထဲတွင် ပေါက်ဖွားလာပေ၏။
ဤသည်မှာ မရေမတွက်နိုင်သော ခေတ်ကာလများက သူ၏အစစ်အမှန်ပုံစံသည် သူ့အတွက် တစ်ချိန်က ချန်ထားခဲ့သော မှတ်ဉာဏ်မြင်ကွင်းတစ်ခုပင်။
ပြိုင်ဘက်ကင်းပုံရိပ်တစ်ခုသည် ကောင်းကင်ဘုံနန်းတော်၏ အလွှာကိုးလွှာရှိသော နန်းတော်ထိပ်တွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။ ကောင်းကင်ဘုံဧကရာဇ်၏ ပုံရိပ်သည် နတ်ဘုရားတောင်တစ်လုံးအလား ကြီးကျယ်ခမ်းနားသည်။ သူသည် နေရာတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး မရေမတွက်နိုင်သော သက်ရှိများကို ငုံ့ကြည့်နေလေ၏။ ကောင်းကင်ဘုံဧကရာဇ်၏ရှေ့တွင် မရေမတွက်နိုင်သော အင်မော်တယ်များသည် ဝပ်တွားကာ ချီးမွမ်းဂုဏ်ပြုသည့် သီချင်းများကို သီဆိုနေကြ၏။
ကောင်းကင်ဘုံဧကရာဇ်၏ဓား...
ယခုအချိန်၌ လုယွီ ကိုင်ဆောင်ထားချိန်တွင် ထိုဓားသည် ပို၍ပင် ချောမွေ့ပြီး အစွမ်းထက်နေသည်။
"နေပါအုံး... ငါက အကြွင်းအကျန် စိတ်ဝိညာဉ် တစ်ခု ဖြစ်ပေမဲ့ ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က မှတ်ဉာဏ်တွေကို ငါ ထိန်းသိမ်းထားသေးတယ်... ရှေးဟောင်း လျှို့ဝှက်ချက်တွေ၊..လျှို့ဝှက် နည်းစနစ်တွေ... အဲ့ဒါတွေ အားလုံးကို ငါ မင်းဆီ လက်ဆင့်ကမ်းပေးနိုင်တယ်..."
တရားသူကြီးဆွေ့သည် ထိတ်လန့်သွားပေ၏။
သူသည် ထောင်ချောက်များနှင့် နည်းလမ်းများကို အသုံးပြု၍ မြှူဆွယ်ခဲ့သော လုယွီ၏ခန္ဓာကိုယ်ကို သူ သိမ်းပိုက်ရန် ပျက်ကွက်ရုံသာမက သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးကိုလည်း သူ့အပေါ် ကျရောက်စေလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။
ဤအချိန်၌ တရားသူကြီးဆွေ့သည် တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ဤသတ်ဖြတ်ခြင်းနတ်ဘုရားကို အလျင်အမြန် ပြန်လွှတ်ပေးရန်သာ ဆန္ဒရှိတော့သည်။
လုယွီ၏လက်ထဲရှိ ဓားသည် အချိန်တခဏကြာ အနည်းငယ် ရပ်တန့်သွားပေ၏။
သို့သော် ရုတ်ချည်းဆိုသလိုပင် ဓားချီများ လွှမ်းခြုံသွားပြီး အကြွင်းအကျန် စိတ်ဝိညာဉ်နှင့် တရားသူကြီးစုတ်တံ ကြားရှိ ဆက်သွယ်မှုကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
"ငါ ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား..."
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"အား..."
တရားသူကြီးစုတ်တံမှ ကင်းကွာသွားသဖြင့် တရားသူကြီးဆွေ့သည် ချက်ချင်းဆိုသလိုပင် စူးရှသောအော်သံတစ်သံကို ထုတ်လွှတ်လိုက်၏။
သူ အလွန်အမင်း ရူးသွပ်စပြုလာသည်။ သူ၏ တွန်းအားပေးမှုအောက်တွင် တရားသူကြီးစုတ်တံမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် စွမ်းအားများသည် နဂါးများနှင့်ဒီရေများအလား တဟုန်ထိုး မြင့်တက်လာကာ ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
သို့သော် လုယွီ၏မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိချေ။ သူ၏လက်ထဲရှိ ထိုက်အမ်းဓားသည် အဆက်မပြတ် တုန်ခါနေပြီး ဓားချီများသည် ဆီးနှင်းအလား အေးစက်နေပေ၏။
ဘုန်း...
တရားသူကြီးစုတ်တံသည် ပြင်းထန်စွာ လွင့်စင်သွားပြီး အကြွင်းအကျန်စိတ်ဝိညာဉ်နှင့် ဆက်သွယ်မှုကို လုံးလုံးလျားလျား ဖြတ်တောက်လိုက်သည်။
တရားသူကြီးဆွေ့၏ အကြွင်းအကျန် စိတ်ဝိညာဉ်တွင် ကြောက်ရွံ့သော မျက်နှာအမူအရာတစ်ရပ် ထင်ဟပ်လာသည်။ အကယ်၍ ထိုအရာသည် သာမန်ဓားချီ ဖြစ်ပါက သူ့ကို ဒဏ်ရာရစေရန် ခက်ခဲပေလိမ့်မည်။ သို့သော် လုယွီ၏လက်ထဲတွင် ကိုင်ထားသောအရာမှာကောင်းကင်ဘုံဧကရာဇ်၏ ဓားပင်။
ထိုက်အမ်းဓားသည် ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ် နှစ်ခုလုံးကို သတ်ဖြတ်နိုင်ပေ၏။
"အား... ကောင်းကင်အရှင်သခင်လေးပဲဖြစ်တဲ့ မင်းက ငါ့ကို စော်ကားဖို့ ဘယ်လိုရဲတင်းတာလဲ... မင်းက ကောင်းကင်ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်...မင်းရဲ့ အပြစ်က အကြိမ်တစ်သောင်း သေသင့်တယ်..."
တရားသူကြီးဆွေ့သည် ရူးသွပ်လုနီးပါး ဖြစ်နေလေပြီ။
သူသည် သူ၏ သွေးရူးသွေးတန်း အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ဤအချိန်၌ တရားသူကြီးဆွေ့သည် အဓိပ္ပာယ်မရှိသော စကားများကို စတင်၍ပြောဆိုလာပြီး သူ၏ လက်ချောင်းများဖြင့် ရူးသွပ်စွာ ရေးခြစ်ကာ လေဟာနယ်တွင် အပြစ်များစွာကို ရေးသားနေပေ၏။
ဤအပြစ်များသည် တရားစီရင်မှုများနှင့် တူညီပြီး လုယွီကို ဝန်းရံနေသော သတ်ဖြတ်မှုကံကြမ္မာသည် ပို၍ပို၍လေးလံလာတော့သည်။
"အစစ်အမှန် တရားသူကြီးဆွေ့က စွဲချက်တွေကို လုပ်ကြံဖန်တီးပြီးတော့ တခြားသူကို မမှန်မကန် စွပ်စွဲမှာ မဟုတ်ဘူး..."
လုယွီ၏အကြည့် အေးစက်တင်းမာနေသည်။ သူသည် သတ်ဖြတ်မှု ကံကြမ္မာကို သူ့အား ရစ်ပတ်ခွင့်ပြုကာ ထိုက်အမ်းဓားကို ကိုင်ဆောင်ပြီး တစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်သည်။
ဘုန်း...
ထိုဓားစိတ်ဆန္ဒသည် ပြိုင်ဘက်ကင်းဖြစ်ပြီး တရားသူကြီးဆွေ့၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ ထိုးဖောက်သွားပေ၏။
ထိုစိတ်ဝိညာဉ်သည် မူလကတည်းက မှိန်ဖျော့ပြီး အရောင်အဝါ ကင်းမဲ့နေသည်။ ထိုကြောင့် ဤကဲ့သို့ အစွမ်းထက်သော ထိုးနှက်ချက်ကို ခံစားရပြီးနောက် သူသည် လုံးလုံးလျားလျား ဝေဝါးသွားခဲ့လေပြီ။
ဤသည်က ပါးလွှာသော စက္ကူတစ်ချပ်နှင့် တူညီပြီး ညင်သာစွာ ထိတွေ့မှုတစ်ခုကပင် သူကို အလျှင်အမြန် အက်ကွဲသွားစေလိမ့်မည်။
တရားသူကြီးဆွေ့သည် စူးရှသောအော်သံတစ်သံကို ထုတ်လွှတ်လိုက်ပြီး သူ၏စိတ်ဝိညာဉ်သည် ဓားချီ အောက်တွင် ချက်ချင်းပျောက်ကွယ်သွားပေ၏။
ဤအကြွင်းအကျန် စိတ်ဝိညာဉ်သည် နောက်ဆုံးတွင် စစ်မှန်သော မဟာမိုးကောင်းကင် ရွှေအင်မော်တယ် တစ်ပါး မဟုတ်ချေ။ သူ့ထံတွင် ထာဝရ အစွမ်းထက်သော စွမ်းအား မရှိသလို အတိတ်မှတ်ဉာဏ်များလည်း အပြည့်အစုံ မရှိပေ။ သူသည် စိတ်ဝိညာဉ်တစ်ခုသက်သက်သာဖြစ်သည်။
wunzinnosp