အခန်း ၅၄၉၅
Vol. 278 Ch. 5495
Chapter 5495
ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် တဖြည်းဖြည်း တည်ငြိမ်သွားပေ၏။
တရားသူကြီးဆွေ့၏ အကြွင်းအကျန် စိတ်ဝိညာဉ် သည် မလိုလားသော အော်ဟစ်သံတစ်သံကို ထုတ်လွှတ်လိုက်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။
ချွင်...
မင်ကဲ့သို့ မည်းနက်နေသော ကြေးဝါစည်းတံဆိပ်တစ်ခု ကျဆင်းလာသည်။
ထိုစည်းတံဆိပ်တွင် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံစံအမြောက်အများအပြင် 'မြေအောက်လောက လက်ထောက်ခရိုင်ဝန်' ဟု အဓိပ္ပါယ်ရသော ရှေးဟောင်းစာလုံးတချို့ကို ရေးထွင်းထားသည်။
ဤသည်မှာ တရားဝင် စည်းတံဆိပ်တစ်ခုဖြစ်ပြီး ရှေးဟောင်းကောင်းကင်ဘုံနန်းတော်မှ အင်မော်တယ် များအား ခန့်အပ်သော အသိအမှတ်ပြုစည်းတံဆိပ်ပင်။
လုယွီသည် ထိုတရားဝင်စည်းတံဆိပ်ကို ကောက်ယူပြီး ရုတ်တရက် လှောင်ပြောင်လိုက်သည်။
"သူ အခုအချိန်အထိ အသက်ရှင်နိုင်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."
ထိုတရားဝင်စည်းတံဆိပ်အတွင်း၌ အမွှေးနံ့သာစွမ်းအားများ၏အငွေ့အသက်များ ရှိနေပေ၏။
သူ့ဘဝ၏ နောက်ဆုံးအချိန်၌ တရားသူကြီးဆွေ့သည် နတ်ဘုရားလမ်းစဉ်သို့ ပြောင်းလဲသွားပြီး သူ၏ အကြွင်းအကျန် စိတ်ဝိညာဉ်ကို နတ်ဘုရား တစ်ပါးအဖြစ်စုစည်းရန် အလွန်လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းတချို့ကို အသုံးပြုခဲ့သည်။
ထို့နောက် သူသည် ယခင်က တရားသူကြီးဆွေ့ မဟုတ်တော့ချေ။
သူသည် မဟာမိုးကောင်းကင် ရွှေအင်မော်တယ် တစ်ပါး၏ တစ်စိတ်တစ်ပိုင်း မှတ်ဉာဏ်များ ရှိသော နတ်ဘုရားတစ်ပါးသာ ဖြစ်ပေ၏။
ဗလာဟင်းလင်းဖြစ်နေသော သီးခြားလေဟာနယ်အတွင်းရှိ မှောင်မိုက်ပြီး နေရောင်မရှိသောနေရာတွင် အကြွင်းအကျန် စိတ်ဝိညာဉ်သည် ကံကြမ္မာပါသူတစ်ဦးကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
အပြင်ဘက်တွင် တရားသူကြီးစုတ်တံက လုဝူကို ဖိနှိပ်ထားသည်။ ဤသည်မှာ စမ်းသပ်မှုအသေးစားတစ်ခုနှင့် ပို၍တူညီသည်။ တရားသူကြီးဆွေ့သည် တစ်ယောက်ယောက်က လုဝူကို သတ်ရန်အတွက် တရားသူကြီးစုတ်တံကို ကိုင်ဆောင်စေရန် မျှော်လင့်ခဲ့ပေ၏။ တစ်ချိန်တည်းမှာပင် သူသည် ထိုလူ၏ ခန္ဓာကိုယ်ကို လွှဲပြောင်းယူနိုင်ပေမည်။
အရာအားလုံးသည် မူလက အစီအစဉ်အတိုင်း ဖြစ်ပွားလာခဲ့သည်။
ကံမကောင်းစွာဖြင့် လူက အဆိုပြုသော်လည်း နတ်ဘုရားက စီမံသည်။ ဤနေရာကို ထိန်းချုပ်ထားသော ယန်မိသားစုတွင် လုဝူကို သတ်ရန်အတွက် တရားသူကြီးစုတ်တံကို ယူရန် မည်သူကမျှ မဝံ့ရဲခဲ့ကြချေ။
ရလဒ်အနေဖြင့် တရားသူကြီးဆွေ့၏ အကြွင်းအကျန် စိတ်ဝိညာဉ် စောင့်ဆိုင်းနေရင်း လုယွီနှင့် ဆုံတွေ့ခဲ့သည်။
"သူ့ကို ထာဝရ အသက်ပေးမယ်လို့ တစ်ယောက်ယောက်က ကတိပေးခဲ့တယ်လို့ သူ ပြောတယ်... ဘယ်သူက သူ့ကို ကတိပေးခဲ့တာလဲ..."
လုယွီက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်၏။
အရာအားလုံး ပဟေဠိတစ်ခုကဲ့သို့ ဖြစ်နေသည်။
သို့သော် လုယွီသည် အဖြေကို အတင်းအကြပ် ရှာဖွေရန် မရည်ရွယ်ခဲ့ချေ။ ထိုအစား သူသည် ထို အကြွင်းအကျန် စိတ်ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးလိုက်သည်။
ဤသည်က တခြားအကြောင်းပြချက်မရှိဘဲ ဤအကြွင်းအကျန် စိတ်ဝိညာဉ်သည် ခေတ်ကာလများစွာ တည်ရှိနေခဲ့ပြီး မွန်းစတားအိုကြီးအဆင့်တွင်ရှိသော သက်ရှိတစ်ကောင်ဖြစ်နေသဖြင့် အရန် အစီအစဉ်များ သေချာပေါက် ရှိနေမည် ဖြစ်သောကြောင့်ပင်။
လုယွီသည် ယခုမှ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းသည့် အတွေ့အကြုံမရှိသော လူငယ်လေးတစ်ဦး မဟုတ်သဖြင့် တစ်ဖက်လူ၏ နည်းလမ်းများကို အထူးသတိထားရပေမည်။
"မင်းရဲ့အမွှေးနံ့သာစွမ်းအားတွေက ငါ့အပိုင်ပဲ..."
လုယွီသည် ယဉ်ကျေးမနေဘဲ စည်းတံဆိပ်မှ အမွှေးနံ့သာစွမ်းအားများကို သူ၏ ခန္ဓာကိုယ်ထဲသို့ ဝါးမျိုလိုက်သည်။
သို့သော် သူ မျှော်လင့်မထားခဲ့သောအရာမှာ ဤ တရားဝင်စည်းတံဆိပ်ပေါ်ရှိ အမွှေးနံ့သာစွမ်းအားများသည် အလွန်အမင်း ကြီးမားကျယ်ပြန့်နေခြင်းပင်။
တဝုန်းဝုန်း မြည်သံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်သွားပြီး တဟုန်ထိုး မြင့်တက်လာသော မြစ်ရေအလား တလိမ့်လိမ့်ထနေသော အမွှေးနံ့သာစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်လာပေ၏။
"အဲ့ဒီလောက်ထိ များပြားတာလား..."
လုယွီ အံ့အားသင့်သွားသည်။
အတိတ်က ဗုဒ္ဓဂိုဏ်းကို သူ ဖျက်ဆီးခဲ့စဉ်က သူ မြင်တွေ့ခဲ့ရသော ဗုဒ္ဓအစွမ်းထက်ကျင့်ကြံသူများတွင်ပင် ဤမျှထိ များပြားသော အမွှေးနံ့သာစွမ်းအားများ မရှိခဲ့ချေ။
"သူ့ကို ငါ ပြတ်ပြတ်သားသား သတ်လိုက်တာ ပိုကောင်းသွားတယ်... မဟုတ်ရင် သေမယ့်သူက ငါ ဖြစ်နေလိမ့်မယ်..."
လုယွီက ခေါင်းခါယမ်းလိုက်၏။
တရားသူကြီးဆွေ့သည် ထိုကဲ့သို့ သတ်ဖြတ်ရေး လက်နက်ကို ဖုံးကွယ်ထားဆဲပင်။ ဤအကြွင်းအကျန် စိတ်ဝိညာဉ်သည် သူ ထုတ်ဖော်ပြသခဲ့သည်ထက် များစွာပို၍ အစွမ်းထက်နေသည်။
ကြီးမားကျယ်ပြန့်သော အမွှေးနံ့သာစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲသို့ အဆုံးအစမရှိ တလိမ့်လိမ့်စီးဝင်လာပေ၏။
လုယွီ၏နတ်ဘုရားစွမ်းအားသည် ထိုအရာကြောင့် တဟုန်ထိုး မြင့်တက်လာသည်။
ထို့နောက် တောက်ပပြီး မျက်စိကျိန်းစရာ ကောင်းသော နတ်ဘုရားဘုရင်ပလ္လင်တစ်ခုက လုယွီ၏နောက်တွင် ထွက်ပေါ်လာသည်။
ယခင်က တော်ဝင်မြို့တော်၏တံခါးရှေ့တွင် လုယွီသည် ရှကွေ့ကျုံးနှင့် တိုက်ခိုက်ခဲ့ပြီး ဤနတ်ဘုရားဘုရင်ပလ္လင်ကို အချိန်တိုအတွင်း ယာယီစုစည်းခဲ့သည်။
သို့သော် ဤသည်မှာ ယာယီသာ ဖြစ်ပေ၏။ နတ်ဘုရားဘုရင်၏ သင်္ကေတတစ်ခုဖြစ်သော ထိုအရာကို စုစည်းရန်မှာ လုံးလုံးလျားလျား မလွယ်ကူချေ။
သို့သော် ယခုအချိန်၌ မရေမတွက်နိုင်သော အမွှေးနံ့သာစွမ်းအားများ၏ တွန်းအားပေးမှုအောက်တွင် နတ်ဘုရားဘုရင်ပလ္လင်သည် ချက်ချင်းစုစည်းသွားတော့သည်။
ဝုန်း..
ကြမ်းတမ်းသော တဝုန်းဝုန်းမြည်သံများက ပတ်ဝန်းကျင်ရှိ လေဟာနယ်မှ ထွက်ပေါ်လာပေ၏။
လုယွီသည် နတ်ဘုရားဘုရင်ပလ္လင်ပေါ်တွင် ထိုင်နေကာ ခမ်းနားထည်ဝါပြီး တောက်ပသော ပိုးသားဝတ်ရုံတစ်ထည်က သူ၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ ထိုဝတ်ရုံပေါ်တွင် ရစ်ခွေနေသော နဂါးများ ချီလင်များ ဝက်ဝံများ ကျားများနှင့် တခြား ထူးဆန်းသော သားရဲများ၏ပုံစံများကို ပန်းထိုးထားသည်။ ဝတ်ရုံ၏နောက်တွင် နတ်ဘုရားစာသားများကို ရေးထွင်းထားပြီး ကြိုးမျှင်တစ်ချောင်းစီသည် ရွှေကြိုးမျှင်များကဲ့သို့ ခမ်းနားပြီးတောက်ပကာ သာမန်ထက်သာလွန်သော ကြွယ်ဝမှုနှင့်ဂုဏ်ကျက်သရေတို့ ရှိနေသည်။
ဤအချိန်၌ စုစည်းသွားသောအရာမှာ "နတ်ဘုရားဘုရင် ဝတ်ရုံ" ပင်။
နတ်ဘုရားဘုရင်ဝတ်စုံနှင့် နတ်ဘုရားဘုရင်သရဖူတို့ ပေါင်းစပ်လိုက်ချိန်၌ နတ်ဘုရားဘုရင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပေမည်။
ကြွင်းကျန်သော အမွှေးနံ့သာစွမ်းအားများသည် လုယွီ၏ခေါင်းအထက်တွင် စုစည်းသွားပေ၏။ ရွှေရောင် သရဖူတစ်ခုသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်လာသော်လည်း နောက်ဆုံးတွင် စုစည်းမသွားခဲ့ချေ။
တရားသူကြီးဆွေ့ ချန်ထားရစ်ခဲ့သော အမွှေးနံ့သာစွမ်းအားများ ဤနေရာတွင် အဆုံးသတ်သွားသည်။
ဤသည်မှာ အလွန်အမင်း များပြားသော ပမာဏ ဖြစ်နေလေပြီ။
အကယ်၍ သူသာ ခြေတစ်လှမ်းချင်း ကျင့်ကြံမည်ဆိုပါက လုယွီသည် နတ်ဘုရားဘုရင် တစ်ပါးဖြစ်လာရန် မည်သည့်အချိန်မှ ချိုးဖျက်ဝင်ရောက်နိုင်မည်ကို သိနိုင်မည် မဟုတ်ချေ။
အတိတ်တွင် တရားသူကြီးဆွေ့သည် အံ့အားသင့်ဖွယ်ကောင်းသော နည်းလမ်းများကို ချန်ထားရစ်ခဲ့ပြီး သူ၏အကြွင်းအကျန်စိတ်ဝိညာဉ်ကို နတ်ဘုရား တစ်ပါးအဖြစ် စုစည်းကာ ပူးကပ်ခြင်းမှတဆင့် ပြန်လည်ဝင်စားခြင်းသို့ ဝင်ရောက်ရန် ကြံရွယ်ခဲ့သည်။
သို့သော် မထင်မှတ်ဘဲ သူ၏အစီအစဉ်များအားလုံးသည် လုယွီကိုသာ အကျိုးကျေးဇူး ရရှိသွားစေသည်။
wunzinnosp